Gulf Asia Global

Gulf Asia Global Gulf Asia Global specialize in providing Visa, Ticket, Tour packages & travel services.

🎆Book Your International Flight Tickets with Gulf Asia Global - GAG! 🎆နိုင်ငံတကာလေယာဉ်လက်မှတ်များကို ဝယ်ယူတော့မယ်ဆိုရင် ...
24/09/2025

🎆Book Your International Flight Tickets with Gulf Asia Global - GAG! 🎆

နိုင်ငံတကာလေယာဉ်လက်မှတ်များကို ဝယ်ယူတော့မယ်ဆိုရင် Gulf Asia Global (GAG) ကို သတိရလိုက်ပါ…🛫

ဒူဘိုင်းကနေ ဘန်ကောက်ပဲ သွားမလား 🇦🇪~🇹🇭
ဘန်ကောက်ကနေ ဒူဘိုင်းကိုပဲ သွားမလား 🇹🇭~🇦🇪
မြန်မာပြည်ကနေပဲ ဘန်ကောက်ပဲ သွားချင်တာလား 🇲🇲~🇹🇭
ဒါမှမဟုတ် ကိုယ့်ရဲ့ idol တွေရှိတဲ့ တောင်ကိုရီးယားကို သွားချင်တာလား 🇰🇷
ချယ်ရီတွေရှိတဲ့ ဆာမူရိုင်းတို့ရဲ့ မြေကိုပဲ သွားချင်တာလား 🇯🇵

ဘယ်ပဲသွားချင်ချင် ကြိုက်တဲ့ လေယာဉ်လက်မှတ်ကို ဝယ်လို့ရပါပြီ။

လေယာဉ်လက်မှတ်နဲ့အတူ Hotel Booking တွေလည်း Gulf Asia Global ကနေ လုပ်ပေးပါတယ်
အဲ့ဒါကြောင့် လေယာဉ်လက်မှတ် ဝယ်ဖို့လိုအပ်လာပြီဆိုရင် Gulf Asia Global ကို သတိရလိုက်ပါနော်


🗓အသေးစိတ်မေးမြန်းဖို့အတွက်ကတော့
💬Page Messenger > m.me/gulfasiaglobal
📲Whatsapp /Viber > +971 582011506
🌐Website> www.gulgasiaglobal.com
📬Address> Office No. 2008, Al Jaizira Building, Al Wahda St, Al Majaz, Sharjah
📌Location> https://maps.app.goo.gl/4TbDJ1dnhiuRNvAP8

Thailand Tourist Visa ဒီမှာလျှောက်ပါထိုင်းနိုင်ငံကို လာလည်ဖို့အတွက် Tourist Visa လျှောက်ဖို့ စိတ်ကူးနေပြီဆိုရင် Gulf Asi...
18/09/2025

Thailand Tourist Visa ဒီမှာလျှောက်ပါ

ထိုင်းနိုင်ငံကို လာလည်ဖို့အတွက် Tourist Visa လျှောက်ဖို့ စိတ်ကူးနေပြီဆိုရင် Gulf Asia Global ကို သတိရလိုက်ပါ။

ထိုင်းနိုင်ငံရဲ့ ဗီဇာဝန်ဆောင်မှုတွေဖြစ်တဲ့ Tourist Visa နဲ့ DTV Visa ကို Gulf Asia Global အထူးဝန်ဆောင်မှုပေးပါတယ်။

ကျွန်တော်တို့ ဝန်ဆောင်မှုပေးတဲ့ သက်တမ်းတစ်လျှောက် Thailand Visa ဘယ်အမျိုးအစားမဆို Reject တစ်ခါမှ မရှိသေးတဲ့အတွက် ယုံကြည်စွာ လျှောက်ထားနိုင်ပါတယ်။

Visa လျှောက်ထားမယ်ဆိုရင် မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်သလို +66629198050 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဒူဘိုင်းမှာ စိတ်ချယုံကြည်ရတဲ့ ကားဆရာနဲ့ ကားငှားဖို့ ရှာနေပါသလား။ မြန်မာလူမျိုးကားဆရာနဲ့ အဆင်ပြေပြေ သွားချင်တယ်ဆိုရင်တော့...
12/09/2025

ဒူဘိုင်းမှာ စိတ်ချယုံကြည်ရတဲ့ ကားဆရာနဲ့ ကားငှားဖို့ ရှာနေပါသလား။ မြန်မာလူမျိုးကားဆရာနဲ့ အဆင်ပြေပြေ သွားချင်တယ်ဆိုရင်တော့ အခုပဲ ဆက်သွယ်လိုက်ပါ။

ဒူဘိုင်းကနေ အဘူဒါဘီကိုဖြစ်စေ၊ ဒူဘိုင်းမြို့တွင်းမှာဖြစ်စေ သွားဖို့အတွက် ဈေးနှုန်းချိုသာစွာနဲ့ အမြဲတမ်းအသင့်ရှိနေပါတယ်။

WhatsApp or Call: +971582011506

ဒူဘိုင်းခရီးအတွက် ကုန်ကျစရိတ် သိချင်ပါသလား။ လက်ရှိအချိန်မှာ နိုင်ငံခြားငွေ တန်ဖိုး မတည်ငြိမ်တာနဲ့ UAE ရဲ့ ပြောင်းလဲလာတဲ့...
12/09/2025

ဒူဘိုင်းခရီးအတွက် ကုန်ကျစရိတ် သိချင်ပါသလား။ လက်ရှိအချိန်မှာ နိုင်ငံခြားငွေ တန်ဖိုး မတည်ငြိမ်တာနဲ့ UAE ရဲ့ ပြောင်းလဲလာတဲ့ ဥပဒေတွေကြောင့် ဒူဘိုင်းသွားဖို့ စဉ်းစားနေသူတွေအတွက် ကုန်ကျစရိတ်က အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။

ဒူဘိုင်းကို အလည်အပတ်လာမယ်ဆိုရင် လိုအပ်တဲ့ အဓိက ကုန်ကျစရိတ်တွေကတော့-

လေယာဉ်လက်မှတ်: $545 ဝန်းကျင် (AED 2,000)

ဗီဇာ (၂ လ): $190 ဝန်းကျင် (AED 700)

Show Money: $820 ဝန်းကျင် (AED 3,000) နဲ့ ညီမျှတဲ့ ငွေသား ဒါမှမဟုတ် ခရက်ဒစ်ကတ်ထဲမှာ ရှိနေရပါမယ်။ ဒါဟာ ဒူဘိုင်းမှာ နေထိုင်နိုင်ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။

ဒါကြောင့် စုစုပေါင်း အနည်းဆုံး $1,655 (AED 6,000) လောက် ကုန်ကျနိုင်ပါတယ်။ အဲဒီအပြင် ဒူဘိုင်းရောက်တဲ့အခါ နေထိုင်စရိတ်၊ အစားအသောက်၊ အသွားအလာစရိတ်တွေ ထပ်မံကုန်ကျပါဦးမယ်။

GAG နဲ့ လက်တွဲလိုက်ပါ၊ ခရီးစဉ်ကို ပိုမိုအဆင်ပြေချောမွေ့အောင် ပြင်ဆင်လိုက်ပါ

GAG နဲ့ လက်တွဲမယ်ဆိုရင်တော့ ဗီဇာရရှိဖို့ကနေ ဒူဘိုင်းကို ဘေးကင်းလုံခြုံစွာ ရောက်ရှိတဲ့အထိ အဆင့်ဆင့် တိုင်ပင်ဆွေးနွေးအကြံပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်အတွက် အသင့်တော်ဆုံး Package ကိုရွေးချယ်နိုင်ဖို့ All-In-One Travel Package အပြင် Basic Package နဲ့ Special Package ဆိုပြီး နှစ်မျိုး ပြင်ဆင်ပေးထားပါတယ်။ ဒါကြောင့် စျေးနှုန်းအသက်သာဆုံးနဲ့ သင်နှစ်သက်ရာ Package ကိုရွေးပြီး ဒူဘိုင်းကို အခုပဲ လာလို့ရပါပြီ။

𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 > m.me/gulfasiaglobal
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽/ 𝗩𝗶𝗯𝗲𝗿 > +971582011506,+971 588769709, +971 547664199
𝗪𝗲𝗯𝘀𝗶𝘁𝗲 > www.gulfasiaglobal.com

#ဒူဘိုင်း

ဒူဘိုင်းလာဖို့စဉ်းစားလို့ရအောင်ပါ ပြီးခဲ့တဲ့ လပိုင်းက အမေရိကန်က မြန်မာနိုင်ငံသားတွေကို ဗီဇာတွေအားလုံး ပိတ်ပစ်လိုက်တဲ့ သတ...
09/09/2025

ဒူဘိုင်းလာဖို့စဉ်းစားလို့ရအောင်ပါ

ပြီးခဲ့တဲ့ လပိုင်းက အမေရိကန်က မြန်မာနိုင်ငံသားတွေကို ဗီဇာတွေအားလုံး ပိတ်ပစ်လိုက်တဲ့ သတင်းအားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။

ဒါအပြင် European Countries တွေတော်တော်များများလည်း မြန်မာနိုင်ငံသားတွေ အတွက် ဗီဇာပေးတာတွေ အတော်ကြပ်တည်းလာပါတယ်။ (ကျွန်တော်လည်း နောက်ထပ် နိုင်ငံတခုထပ်သွားဖို့ ပြင်ဆင်နေပါတယ်)

ဒီစာက အခုမြန်မာပြည်ကနေ ထွက်လာဖို့ ပြင်ဆင်နေကြသူတွေအတွက်ပါ။ ဒူဘိုင်းက ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း လာအို မလေးရှား စလုံး စတဲ့နိုင်ငံတွေထက်စာရင် ဗီဇာနဲ့ အလုပ်အကိုင်အခွင့်အလမ်းက ပိုပြီးတော့ ကောင်းနေပါသေးတယ်။

တဖက်မှာတော့ ဗီဇာစျေးကြီးတာ နေထိုင်စားသောက်စားရိတ်ကြီးတာကြောင့် အလုပ်အမြန်ရဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အခြေခံအားဖြင့် တွက်ချက်ကြည့်ရင် လုပ်ခလစာ ဒူဘိုင်းက နည်းပါတယ်။

အခက်အခဲ အကြပ်အတည်းတွေနဲ့ မြန်မာပြည်ကနေ ထွက်ဖို့ပြင်ဆင်နေတဲ့ သူတွေအနေနဲ့ ရှင်သန် ရပ်တည်​ရေး Survival Stage အတွက်ဆိုရင်တော့ ဗီဇာ အလုပ်အကိုင်အခွင့်အလမ်းတွေ တခြားနိုင်ငံတွေထက်စာရင် များနေပါသေးတယ်။ ဒါကတော့ အရမ်းကောင်းတဲ့ အချက်လို့ပြောရပါမယ်။

ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ အားလုံးအဆင်ပြေပြီး ပိုပြီးကောင်းတဲ့ ဘဝနေထိုင်မှုတွေကို ပိုင်ဆိုင်ကြပါစေ။

နောက်ဆိုရင်လည်း ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းတွေက ပိုပြီး အလားအလာကောင်းလဲ ဆိုတဲ့ အတွေ့အကြုံတွေကို ဝေမျှပေးချင်ပါသေးတယ်။

Zin Maung Tun

https://www.facebook.com/zin.maung.15490
Please follow this account for more Dubai's content.

📩 မေးမြန်းလိုတာရှိရင် ခုပဲ Message ပို့လိုက်ပါနော်။

သင့် Dubai အိပ်မက်ကို အတူတကွ အကောင်အထည်ဖော်ကြပါစို့။ 💪💪

01-09-2025 (ယနေ့ငွေလဲနှုန်း) AED to MMK 🇦🇪💵🇲🇲------------------88 AED = 1 သိန်းကျပ်( 1 AED = 1,136 Ks )MMK to AED 🇲🇲💵🇦🇪-...
01/09/2025

01-09-2025 (ယနေ့ငွေလဲနှုန်း)
AED to MMK 🇦🇪💵🇲🇲
------------------
88 AED = 1 သိန်းကျပ်
( 1 AED = 1,136 Ks )
MMK to AED 🇲🇲💵🇦🇪
------------------
1 သိန်းကျပ် = 85 AED
( 1,176 Ks = 1 AED )
ချက်ချင်းလွှဲ ချက်ချင်းရောက် ဝန်ဆောင်မှု ရနိုင်ပါပြီနော်

*** အချိန်နဲ့အမျှ စျေးနူန်း အပြောင်းအလဲ ရှိနိုင်ပါတယ်***

Cash/Kpay/Banking Transferတို့နဲ့ လက်ခံဆောင်ရွက်ပေးပါသည်

WhatsApp or Call: +971582011506

✈️ ယူအေအီးကို အလုပ်အတွက် သွားဖို ပြင်ဆင်နေပြီးလား? 👉 အရေးကြီးဆုံး Step တစ်ခုက Medical Fitness Test စစ်ဖို့လိုအပ်ပါတယ် 🩺 ...
17/08/2025

✈️ ယူအေအီးကို အလုပ်အတွက် သွားဖို ပြင်ဆင်နေပြီးလား?
👉 အရေးကြီးဆုံး Step တစ်ခုက Medical Fitness Test စစ်ဖို့လိုအပ်ပါတယ် 🩺

UAE ကို အလုပ်အတွက် သွားချိန်မှာ အလုပ်ရပြီးတာနဲ့ Work Visa (Emirates ID) လျှောက်ဖို့အတွက် 👉 UAE အစိုးရအတည်ပြု Medical Fitness Test ပြန်စစ်ဖို မဖြစ်မနေလိုအပ်ပါတယ်။

🧾 ဒီ test မှာ—
✅ Blood Test (သွေးစစ်ခြင်း) – ကူးစက်ရောဂါများ (HIV, Hepatitis B, Syphilis, Tuberculosis) စစ်ဆေးခြင်း 🧬
✅ Chest X-ray – TB ရှိ/မရှိ စစ်ဆေးခြင်း 🩻
✅ အချိုအလုပ်အတွက် အမျိုးသမီးများကို 👉 ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးခြင်း 👩‍⚕️

💡 အကြံပြုချက်: မြန်မာနိုင်ငံမှာ ကြိုပြီး စမ်းသပ်ထားတာက ပိုအဆင်ပြေမယ် 💯 ဘာရောဂါရှိ/မရှိ ကြိုတင်သိထားမယ်ဆိုရင် UAE ရောက်ပြီး အစိုးရ စမ်းသပ်မှုကို မကြောက်သလို ကိုယ့်ဘက်ကလည်း ပိုယုံကြည်မူရှိမယ် ✅✨

🔔 UAE ✈️ သွားဖိုအတွက် အသုံးဝင်မယ့် အရေးကြီးသော အချက်များ ကို မလွတ်စေချင်ရင် 👉 Page ကို Like & Follow လေးလုပ်ထားလိုက်ပါနော် 🌟

ဒူဘိုင်းမှာ အလုပ်လျှောက်ရင် သိထားရမယ့် အင်တာဗျူး အတုအယောင်များ မြန်မာပြည်ကနေ ဒူဘိုင်းကိုရောက်လာပြီး အလုပ်လျှောက်တဲ့အခါ I...
12/08/2025

ဒူဘိုင်းမှာ အလုပ်လျှောက်ရင် သိထားရမယ့် အင်တာဗျူး အတုအယောင်များ

မြန်မာပြည်ကနေ ဒူဘိုင်းကိုရောက်လာပြီး အလုပ်လျှောက်တဲ့အခါ Indeed တို့ LinkedIn တို့ ကုမ္ပဏီတွေရဲ့ Website တွေနဲ့ ဒီမှာရှိတဲ့ Local Job Apps တွေမှာ ရှာကြရတာများပါတယ်။ Companies တွေ ဟိုတယ်တွေ စားသောက်ဆိုင်တွေရဲ့ Official Website တွေမှာ အလုပ်လျှောက်တဲ့အခါ သိပ်ပြသနာမရှိလှပါဘူး။

ကိုယ်လာခဲ့တဲ့ ၂ လဗီဇာနဲ့ အလုပ်ရအောင်ရှာရတာဖြစ်လို့ Position ၂ ခု ၃ ခုနဲ့ CV တွေပြင်ပြီး အီးမေလ်းတွေပို့ အလုပ်တွေလျှောက်ကြတာ တစ်နေ့ တစ်နေ့ အီးမေလ်း ၃၀ လောက်ဟာ အနည်းဆုံးပါပဲ၊ တစ်ချို့ဆို တနေ့ကို အီးမေလ်းအစောင် ၁၀၀ ကျော်လျှောက်တာတောာင်ရှိကြပါတယ်။

အလုပ်လျှောက်တာတွေများတဲ့အခါ Scammer တွေဆီ ကိုယ့်ရဲ့ Contact Number တွေ အီးမေလ်းတွေရောက်သွားတဲ့အခါ ကိုယ့်ဆီကို အီးမေလ်းအင်တာဗျူး အတုတွေ၊ ဖုန်းကနေ ဒါမှမဟုတ် WhatsApp ကနေ အင်တာဗျူးအတုအယောင်တွေကို အဆက်မပြတ်ပို့ကြပါတယ်။

အဲလို အတုအယောင်တွေ လက်ခံရရှိပြီဆိုရင် အကုန် Block ပါ။ ကိုယ်က Handel လုပ်နိုင်တယ် စောက်ကြောလည်း တင်းချင်တယ်ဆိုရင်တော့ အလိမ်တွေမှန်း သိပေမယ့် အပျင်းပြေ ပေါက်ကရတွေ လျှောက်မေး လျှောက်ပြောလို့ရပါတယ်။ ဆဲဆိုတာမျိုး ရိုင်းတဲ့စကားတွေ သုံးတာမျိုးတော့ မလုပ်ပါနဲ့။

ဆိုတော့ အောက်မှာ အင်တာဗျူး အတုအယောင်မှန်း သိသာစေတဲ့ အချက်တွေကို ရေးပြပေးပါ့မယ်။

(၁) Dear Candidates ဒါမှမဟုတ် Dear Applicant နဲ့ အစချီတဲ့ အီးမေလ်းတွေ

(၂) ကိုယ်လျှောက်ခဲ့တဲ့ Position နဲ့ မဟုတ်ဘဲ ဘာ Position မှမပါတဲ့ အင်တာဗျူးခေါ်စာတွေ

(၃) အင်တာဗျူးခေါ်တဲ့ အီးမေလ်တွေမှာ English Grammar အမှားတွေ/ စာလုံးပေါင်းအမှားတွေပါတာ ပြီးတော့ အီးမေလ်းကို Colors အရောင်တွေရေးသားထားတာတွေဟာ 99% အတုအယောင်တွေပါ။

(၄ ) အီးမေလ်းထဲမှာ အင်တာဗျူးခေါ်တဲ့ ကုမ္ပဏီ စားသောက်ဆိုင် ဟိုတယ်တွေကို Google မှာ ရှာကြည့်ရင် ရှာမရတာတွေဟာလည်း အတုတွေပါ။ တချို့ Pro Scammer တွေကျတော့ Website ကို လုပ်ထားတယ်။ Info တွေရေးထားတတ်တယ်။ ဒါလောက်ပဲရှိပြီး ယုံစားအောင် တည်ဆောက်ထားတတ်ကြပါတယ်။

(၅) နောက်ဆုံးတစ်ခုကတော့ ကိုယ့်နိုင်ငံသားအချင်းချင်း အလုပ်ရှာပေးမယ် အလုပ်ရမယ် စသဖြင့် အယုံသွင်းပြီး သူတပါးရဲ့ မရှိမဲ့ ရှိမဲ့ စုဆောင်းချေးငှားထားတဲ့ ငွေကို လိမ်လည်ကြသူတွေကိုလည်း အထူးသိထားပါ။

မှတ်ချက်။ ကိုယ်ရတဲ့ အင်တာဗျူး အီးမေလ်းတွေကို Google မှာ Check လုပ်ပါ။ ဥပမာ ကိုယ်က Watermelon Company မှာ အင်တာဗျူးရတယ်ဆိုရင် Google မှာ ဆိုရှာတာမျိုး/ WatermenlonJobInterview Scam ဆိုပြီး ကိုယ့်ကို အင်တာဗျူးမယ့်သူတွေရဲ့ နာမည်တွေ ရာထူးတွေကို LinkedIn မှာ Check up လုပ်တာမျိုး လုပ်ကြပါ။ ကိုယ်က နိုင်ငံခြားအထိရောက်လာခဲ့ပြီဆိုတော့ ကိုယ်တိုင်သာ အားကိုးရတော့မှာ ဖြစ်လို့ပါ။

နောက်ဆုံးအနေနဲ့ အင်တာဗျူး အတုအယောင်တွေခါ်လေ့ရှိတဲ့ လိပ်စာတွေကို စာတွေလိုက်ဖတ်ရင်း တွေ့လို့ သိမ်းထားတာလေးပါ ထည့်ပေးလိုက်ပါတယ်။ Scamm လို့ထင်ရင် တိုက်ကြည့်ပါ စစ်ကြည့်ပါ။ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။

အားလုံး အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်ပြေကြပါစေ..

Zin Maung

📩 မေးမြန်းလိုတာရှိရင် ခုပဲ Message ပို့လိုက်ပါနော်။
သင့် Dubai အိပ်မက်ကို အတူတကွ အကောင်အထည်ဖော်ကြပါစို့။ 💪💪

ဒူဘိုင်းကိုလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာချင်နေပြီးတော့ ဘယ်ကနေ ဘယ်လိုစရမလဲဆိုတာ မသိပဲဖြစ်နေပါသလား?စိတ်မပူပါနဲ့။ Gu...
09/08/2025

ဒူဘိုင်းကိုလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာချင်နေပြီးတော့ ဘယ်ကနေ ဘယ်လိုစရမလဲဆိုတာ မသိပဲဖြစ်နေပါသလား?

စိတ်မပူပါနဲ့။ Gulf Asia Global မှာ လူကြီးမင်းအတွက် One-Stop Dubai Support Service ရှိပါတယ်။ ✨

📌 ကျွန်တော်တို့ဝန်ဆောင်မှုများ

✅ Flight ticket booking from Yangon (Direct or Transit)
✅ Visa application support
✅ Airport pickup in Dubai
✅ Accommodation arrangement
✅ CV form & job application assistance
✅ Job consultation (tips on where & how to apply)
✅ Private transport services

နိင်ငံသစ်၊ နေရာသစ်မှာ အစကနေ စတင်ဖို့ Gulf Asia Global က သင့်ဘက်ကနေ အမြဲရှိနေပါတယ်။ 🫶

🔁 ပထမအကြိမ် လာမယ့်သူဖြစ်စေ၊ ပြန်ကြိုးစားဖို့ စိတ်ကူးထားသူဖြစ်စေ —
GAG ကို သတိရလိုက်ပါ။

📩 မေးမြန်းလိုတာရှိရင် ခုပဲ Message ပို့လိုက်ပါနော်။
သင့် Dubai အိပ်မက်ကို အတူတကွ အကောင်အထည်ဖော်ကြပါစို့။ 💪💪

ဒူဘိုင်းမှာ မြန်မာလူမျိုးကားဆရာနဲ့ စိတ်ချယုံကြည်စွာ ကားငှားချင်တယ်ဆိုရင်တော့ အမြန် hi လိုက်ပါနော် ✨Dubai ကနေ Abu Dhabiကိ...
08/08/2025

ဒူဘိုင်းမှာ မြန်မာလူမျိုးကားဆရာနဲ့ စိတ်ချယုံကြည်စွာ ကားငှားချင်တယ်ဆိုရင်တော့ အမြန် hi လိုက်ပါနော် ✨

Dubai ကနေ Abu Dhabiကို သွားချင်တာဖြစ်ဖြစ်
Dubai ထဲပဲ သွားချင်တာဖြစ်ဖြစ်

အသက်သာဆုံးဈေးနှုန်းလေးတွေနဲ့ အသင့်အမြဲရှိနေပါတယ် ☺️

📲WhatsApp or Call: +971582011506

ဒူဘိုင်းမှာ အလုပ်ရှာရင် CV ကို ကိုယ်တိုင်ပြင်ပါ။ ဒူဘိုင်းရောက်လာကြတဲ့ လူငယ်တွေကို ဝေမျှချင်တာကတော့ CV ကို ကိုယ်တိုင်ပြင်...
01/08/2025

ဒူဘိုင်းမှာ အလုပ်ရှာရင် CV ကို ကိုယ်တိုင်ပြင်ပါ။

ဒူဘိုင်းရောက်လာကြတဲ့ လူငယ်တွေကို ဝေမျှချင်တာကတော့ CV ကို ကိုယ်တိုင်ပြင်ကြဖို့ အကြံပြုလိုပါတယ်။ CV မရေးတတ်လို့ CV မပြင်တတ်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ CV တစောင်ကို မြန်မာငွေ ၆ သောင်း ၇ သောင်းလောက် အကုန်ခံမယ့်အစား ကိုယ်တိုင် ၁ စောင်လောက် ကြိုးစားလုပ်ကြည့်လိုက်ပါလား။

ဒူဘိုင်းမှာ အားလုံးအသုံးများကြတဲ့ CV Format က Canva ပဲဖြစ်ပါတယ်။ Free Version တွေ Free Format တွေအများကြီးပါ။ သုံးရတာ သိပ်ကို လွယ်ကူပါတယ်။ အခုဆို ဖုန်းနဲ့ CV ရေးလို့ရတဲ့ App တွေတောင် ရှိနေပါပြီ။

အရမ်းလည်း လွယ်ပါတယ်။ ကိုယ်က မရေးတတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ Service အပ်လိုက်တဲ့ အခါ တချို့ Service သမားတွေက Canva က Free ရတဲ့ Version နဲ့ ဂျင်းထည့်ရေခပ်နေကြတာလည်းရှိတယ်။

တချို့ Service သမားတွေ စာလုံးပေါင်းမမှန် Sentence Structure တောင် မမှန်တဲ့ CV တွေလည်း မြင်ဖူးတယ်။ ဒီလိုပြောရတာ Service သမားတွေကို အမြင်စောင်းတာ မဟုတ်ပါဘူး။

တချို့ လူငယ်တွေကို ကိုယ်ကိုယ်တိုင် ကြိုးစားကြည့်စေချင်လို့ပါ။ နိုင်ငံခြားရောက်လာပြီ အလုပ်တွေရှာကြတယ်။ ပိုကောင်းတဲ့ အခွင့်အလမ်းတွေကို နောက်ထပ်ရှာဖို့ အတွက် နောက်ထပ် ပိုကောင်းတဲ့ နိုင်ငံတွေရောက်အောင် သွားဖို့ အခွင့်အလမ်းတွေရှိတဲ့ အခါ On Paper တွေကို ကိုယ်တိုင်လုပ်တတ်တဲ့ အလေ့အကျင့်က အကျင့်ကောင်းတခုအဖြစ် အသုံးဝင်နေမယ်ဆို ကျိန်းသေပြောရဲပါတယ်။

ဒါကြောင့် ကိုယ့်အားကို ကိုးပါ။ ကိုယ်က ဘယ်လိုမှ အဆင်မပြေသေးဘူးဆိုရင်လည်း ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေဆီက သင်ယူပါ။ နေရာတကာ ပိုက်ဆံပေးပြီး လုပ်မယ်ဆိုရင်လည်း ကိုယ်တိုင်က ပြည့်စုံနေရင်တော့ ကောင်းတာပေါ့လေ။ အဲလိုမဟုတ်ဘဲ ငါမလုပ်တတ်ဘူးဆိုပြီး Excuses တွေ မပေးမိပါစေနဲ့။

ကိုယ်လျောက်မယ့် အလုပ်ရဲ့ ဥပမာ ပုံစံတွေကို Google တို့ Free CV Website တွေမှာ ဘာမှ မလိုအောင် အများကြီးရှိနေပါတယ်။ ကိုယ်နာမည် အချက်အလက် အတွေ့အကြုံတွေကို အစားထိုးလိုက်ရင်တောင် ကိုယ်လိုချင်တဲ့ CV ပုံစံမျိုးစုံကို အလွယ်တကူဖန်တီးလို့ရနေပါပြီ။

နိုင်ငံခြားတောင် ရောက်လာခဲ့ပြီးပြီ။ ရှေ့မှာ အများကြီးကျော်ဖြတ်ရအုံးမှာမို့ ကိုယ့်အားကို ကိုးရတဲ့ အလေ့အကျင့်ကို လုပ်ပြီးရင် ရလဒ်က သိပ်တန်ဖိုးရှိပါတယ်။

အဲတော့ တခုခုဆို ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်အရင်ကြိုးစားကြည့်ပါ။ တချို့အရာတွေက ခက်တယ်ထင်နေတာ တကယ်လုပ်ကြည့်တဲ့ အခါ လွယ်ကူသွားပါတယ်။

အားလုံး အလုပ်အကိုင် အခွင့်အလမ်းတွေ အဆင်ပြေပြီး တိုးတက်ကောင်းမွန်တဲ့ ဘဝနေထိုင်မှုတွေကို ရကြပါစေ

Zin Maung

လေယာဉ်လက်မှတ်နဲ့အတူ Hotel Booking တွေလည်း Gulf Asia Global ကနေ လုပ်ပေးပါတယ်
အဲ့ဒါကြောင့် လေယာဉ်လက်မှတ် ဝယ်ဖို့လိုအပ်လာပြီဆိုရင် Gulf Asia Global ကို သတိရလိုက်ပါနော်

🗓အသေးစိတ်မေးမြန်းဖို့အတွက်ကတော့
💬Page Messenger > m.me/gulfasiaglobal
📲Whatsapp /Viber > +971 582011506
🌐Website> www.gulgasiaglobal.com
📬Address> Office No. 2008, Al Jaizira Building, Al Wahda St, Al Majaz, Sharjah
📌Location> https://maps.app.goo.gl/4TbDJ1dnhiuRNvAP8

Address

Royal Plaza Building, No. 69 Second Floor, Office No. 202
Dubai
00000

Alerts

Be the first to know and let us send you an email when Gulf Asia Global posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gulf Asia Global:

Share

Category