Hmu’s Vlogs

Hmu’s Vlogs Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hmu’s Vlogs, City Palace, Udaipur.

အိန္ဒိယ ရဲ့ ဘုရင်စနစ် ရှိခဲ့တဲ့ ရာဂျစ်စတန် ရှိ နန်းတော်ထဲ မှ ဘုရင့်ခေတ် အသုံးအဆောင်များ..ကျမတို့ မြန်မာလူမျိုးတွေ က “ မဟ...
28/12/2024

အိန္ဒိယ ရဲ့ ဘုရင်စနစ် ရှိခဲ့တဲ့ ရာဂျစ်စတန် ရှိ

နန်းတော်ထဲ မှ ဘုရင့်ခေတ် အသုံးအဆောင်များ..

ကျမတို့ မြန်မာလူမျိုးတွေ က “ မဟာရာဂျာ” ဆိုတဲ့ လူပ္ပုဂ္ဂိုလ် တစ်ယောက်ရဲ့ နာမည်ကို အများစု ကြားဖူးကြ ပြီးသားဖြစ်မယ် ထင်ပါတယ် ။

ဒီနန်းတော်ကြီးကိုလဲ Maharaja Sawai Jai Singh II က လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ခန့် ၂၉ ရာစုနှစ် က
တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။

အရင်ခေတ်က နန်းတော် ကို ဒီဖက်ခေတ်မှာ ပြတိုက်
လုပ်ထားပြီး အရာအားလုံးကို သေချာလေူ ထိန်းသိမ်းထားတာ တွေ့ရပါတယ် ။

Local People တွေ Foreigners တွေ အများ စု လာရောက်လည်ပတ်ကြတဲ့ India ရဲ့ နေရာလေးပါ။

Tourists တွေဆီက ဝင်တဲ့ ဝင်ကြေးတွေကို ဘုရင့် မျိုးဆက် / မိသားစု က Manage လုပ်နေပြီး နန်းတော်ကြီး Maintenance/ ပြုပြင် ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်တွေ မှာ ပြန်လည်အသုံးပြုတယ်လို့ သိရပါတယ် ။

ဒီ ပိုစ့်လေးမှာတော့ ရှူခင်းတွေ လူတွေ မပါဘဲ

အရင်ခေတ် နန်းတွင်း သုံးခဲ့တဲ့ အသုံးဆောင်လေးတွေကိုပဲ ရိုက်ပြထားပါတယ် …..

အိန္ဒိယ နိုင်ငံကို သွားရောက် လည်ပတ် မယ်ဆိုရင်
အိန္ဒိယ အစိုးရက မြန်မာနိုင်ငံသားတွေ အတွက်
E Tourist Visa Free ပေးထားပါတယ် ။

အိန္ဒိယ နိုင်ငံရဲ့ မဟာတံတိုင်းလို့ လူသိများကြတဲ့ ရာဂျစ်စတန် ပြည်နယ် က “ Kumbhalgarh Fort “ ကွန်ဘားဂါ့ပ် ခံတပ် ….  🇮🇳✨🏯🪷၁...
28/12/2024

အိန္ဒိယ နိုင်ငံရဲ့ မဟာတံတိုင်းလို့ လူသိများကြတဲ့ ရာဂျစ်စတန် ပြည်နယ် က “ Kumbhalgarh Fort “ ကွန်ဘားဂါ့ပ် ခံတပ် …. 🇮🇳✨🏯

🪷၁၅ ရာစုနှစ် ကထဲ က ဒီခံတပ်ကြီးကို တည်ဆောက်ခဲ့တယ်လို့ သိရပါတယ် ။

🏰ဒီတံတိုင်းကြီးက ကမ္ဘာ့ အရှည်ဆုံး တံတိုင်းတွေထဲက တစ်ခု ဖြစ်ပြီး 38 ကီလိုမီတာရှည်လျားပါတယ် ။

အောက်ခြေကနေ အပေါ်ထိ ရောက်ဖို့ 15 /20 mins လောက်ပဲ ကြာမှာပါ .. အပေါ်ဆုံးရောက်သွားရင်

မြို့တစ်ခုလုံးရဲ့ အလှကို အပေါ်စီးကနေ မြင်ရတဲ့ ရှုခင်းလေး က အရမ်းလှပါတယ် …

Google မှာ တွေ့ရတဲ့ အပေါ်စီးက ရိုက်ထားတဲ့ ပုံလေးတွေ့တာမို့ credit ယူပြီး ထည့်ပေးထားပါတယ် ။

Hotel Resort တွေက Fort အနီးတဝိုက်မှာရှိပြီး
တည်ဆောက်ထားပုံလေးတွေက Indian Culture အတိုင်း ပုံစံတူလေးတွေ ကို တွေ့ခဲ့ရတယ်။

Traveller တွေ အတွက် သွားကို သွားသင့်တဲ့ နေရာလေးပါ။ ပထမဆုံးအကြိမ် ဖြစ်မယ်ဆိုရင် တစ်ယောက်ထဲ သွားတာထက် သူငယ်ချင်း Group or Tour နှင့် သွားတာ ပိုအဆင်ပြေနိုင်ပါတယ် ။

🇮🇳🇮🇳🇮🇳 အိန္ဒိယ နိုင်ငံကို သွားလည်မယ်ဆိုရင်
အိန္ဒိယ အစိုးရက မြန်မာနိုင်ငံသားတွေ အတွက်
E Tourist Visa Free ပေးထားပါတယ် ။


အိန္ဒိယ က ရာဂျစ်စတန် ပြည်နယ် နာ့သ်ဒွါရာ မြို့လေး ….  🇮🇳🛕✨ဒီမြို့လေး မှာရှိတဲ့ Shrinathji (ရှရီနာသ့်ဂျီး)  Temple ကို ဟိန...
28/12/2024

အိန္ဒိယ က ရာဂျစ်စတန် ပြည်နယ် နာ့သ်ဒွါရာ မြို့လေး …. 🇮🇳🛕✨

ဒီမြို့လေး မှာရှိတဲ့ Shrinathji (ရှရီနာသ့်ဂျီး) Temple ကို ဟိန္ဒူ ဘာသာ ကိုးကွယ်တဲ့ အိန္ဒိယန် တွေ အထူးသဖြင့် ဂူဂျာရတီ လူမျိုးတွေ အများဆုံး လာရောက် ဖူးမြော်ကြပါတယ်တဲ့ ။

Temple အတွင်းကတော့ ဖုန်းယူလို့ မရပါဘူး ။

Temple က ဖွင့်ပေးတဲ့ အချိန်သတ်မှတ်ထားတော့ ဘုရား အမှီဖူး နိုင်ဖို့ မနက်စောစော ထသွားရပါတယ်။

ကျမက ဂူဂျာရတီ သူငယ်ချင်းတွေနှင့် သွားခဲ့တော့ သူတို့ နှင့် အတူတူ ဘုရားဖူးပြီး ဆုတောင်းခဲ့ရပါတယ်။

မြို့လေး က အေးချမ်းတယ် ၊ တစ်ခု စိတ်အနှောက်အယှက် ဖြစ်စရာလေးကတော့ .. ဘုရားဖူးတွေဆီက
မုန့်ဖိုး လိုက်တောင်းတဲ့ သူတွေ က foreigner မှန်းသိရင် နောက်ကနေ မပေးမချင်း လိုက်တောင်းပါတယ် ။

အစားအသောက်ကတော့ အိန္ဒိယ တောင်ပိုင်း အစားအစာ၊ အနောက်ပိုင်းအစားအစာ ၊ အိန္ဒိယန်တရုတ်စာ အကုန် ရပါတယ် ။ အများစုကတော့ သတ်သတ်လွတ်ဖြစ်နေပါလိမ့်မယ်။

ဒါလေးက ကျမ ဟိုး အရင် 2023 April လောက်က သွားခဲ့တဲ့ ပုံလေးတွေပါ ။

India နိုင်ငံ 🪷က မြန်မာနိုင်ငံသား 🇲🇲တွေအတွက်

E Tourist Visa ကို Free ကင်းလွတ်ခွင့်ပေးထားတဲ့ နိုင်ငံ ဖြစ်ပါတယ် ။

မြန်မာ အစားအသောက်ကို ခင်တွယ်တဲ့ စိတ်ကမြန်မာစာ တွေရဲ့ အဝေးဆုံးကို ရောက်မှ သိရတာပါ ။ငယ်ငယ်တုန်းက အိမ်မှာဆိုရင် ဒီလို ပဲမှု...
28/12/2024

မြန်မာ အစားအသောက်ကို ခင်တွယ်တဲ့ စိတ်က

မြန်မာစာ တွေရဲ့ အဝေးဆုံးကို ရောက်မှ သိရတာပါ ။

ငယ်ငယ်တုန်းက အိမ်မှာဆိုရင် ဒီလို ပဲမှုန့် ဆီချက်တွေနဲ့ သုတ်ထားတဲ့ မုန့်တီသုတ် ခေါက်ဆွဲသုတ် တွေဆိုတာ ရှမ်းခေါက်ဆွဲ လောက် မုန့်ဟင်းခါး လောကိ ဆီချက် / မြီးရှည် တွေလောက် ဦးစားပေးထဲမှာကို
မပါခဲ့တာ။

အခုတော့ ပဲကျတ် မှုန့်လေး ကိုယ့်ဘာသာ ကြိတ်ပြီး
ဒီခေါက်ဆွဲသုတ်ကို မနက်ရော ညရော မအီနိုင်အောင် ကို အမုန်းဆွဲနေပါပြီ …. 😌😌😌


𝐓𝐲𝐩𝐞𝐬 𝐨𝐟 𝐓𝐨𝐱𝐢𝐜 𝐩𝐞𝐨𝐩𝐥𝐞 𝐓𝐡𝐞 𝐍𝐚𝐫𝐜𝐢𝐬𝐬𝐢𝐬𝐭𝐢𝐜- မိမိကိုယ်ကို အလွန်ကြူးချစ်မြတ်နိုး လွန်းသူများ- they only care about themselves ...
07/04/2023

𝐓𝐲𝐩𝐞𝐬 𝐨𝐟 𝐓𝐨𝐱𝐢𝐜 𝐩𝐞𝐨𝐩𝐥𝐞

𝐓𝐡𝐞 𝐍𝐚𝐫𝐜𝐢𝐬𝐬𝐢𝐬𝐭𝐢𝐜- မိမိကိုယ်ကို အလွန်ကြူးချစ်မြတ်နိုး လွန်းသူများ

- they only care about themselves and lack of empathy
(ကိုယ်ချင်းစာစိတ်မရှိဘဲ သူတို့ကိုယ် သူတို့ပဲ ဂရုစိုက်တက်တဲ့ လူမျိုး )

𝐓𝐡𝐞 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐞𝐫 - အမြဲသူများ ကို ထိန်းချုပ် စိုးမိုး ခြယ်လှယ်သူတွေပေါ့

- those people always try to control everything around them and make you feel like you cannot do anything right !

ဒီလို လူတွေက ဆိုးပါတယ် ။ သူ့ဘေး မှာ ရှိတဲ့ အရာအားလုံးကို လွှမ်းမိုးချင်တယ်။ သင့်ကို သင် အသုံးမကျသူတယောက် လို့ ခံစားရအောင် တစေလုပ်နေမယ့် သူမျိုး။

𝐓𝐡𝐞 𝐃𝐫𝐚𝐦𝐚 𝐌𝐚𝐠𝐧𝐞𝐭 - ပတ်ဝန်းကျင်တိုင်းမှာ အမြဲရှိတဲ့ အမြဲကြုံရတဲ့ အတင်းတုတ်သူ ၊ ဒရာမာချိုးသူတွေပေါ့
- သူတို့ပါးစပ် ကနေ ပဲ stories , myth တွေ create လုပ်ပြီး လူအများရဲ့ အာရုံစိုက်မှုကို အတင်းပြောခြင်းကနေ ရှာတဲ့ attention seeker တွေပေါ့ .. gossip monsters တွေ ။
-ဆိုးတယ်နော် သူ့ type ကလည်း , အဲ့လို လူတွေ ပါးစပ်ထဲ ကိုယ်က ဇာတ်ကောင် ဖြစ်ရင် မလွယ်ဘူးသာမှတ် ၊ သွားပီ ကိုယ်တောင် ကိုယ်တိုင် မသိတဲ့ အကြောင်းတွေ သူတို့က သိနေတာမျိုး ။

𝐓𝐡𝐞 𝐄𝐧𝐞𝐫𝐠𝐲 𝐕𝐚𝐦𝐩𝐢𝐫𝐞- ဒီ type ကလည်း လွှမ်းမိုးသူပဲ .. သူက သင့်ရဲ့ လုပ်ဆောင်ချက်တိုင်းမှာ တစေ လွှမ်းမိုးနေမယ် သင့်ရဲ့ အရည်အချင်းတွေ ၊ လုပ်ဆောင် နိုင်စွမ်းတွေကို ပြသနာတွေ ၊ negativities တွေ ဖန်တီးပြီး ဝါးမျို ပစ်ပါလိမ့်မယ်။ နောက်ဆုံး သင်ဟာ လုံးလုံး အသုံး မကျတဲ့ သူဖြစ်သွားပါလိမ့်မယ်။(အရှောင်သင့်ဆုံး)

𝐓𝐡𝐞 𝐂𝐨𝐦𝐩𝐮𝐥𝐬𝐢𝐯𝐞 𝐥𝐢𝐚𝐫 - အဖြူရောင် မုသား ပြောသူတွေပေါ့ ။
အကြောင်းရာတော်တော်များများ၊ အသေးအမွှား ကိစ္စက အစ သိမ်းကျုံး လိမ်ညာတက်တာ မျိုး။
အမှန်တရား ကို တဖက်လူက သိသွားတဲ့ အခါ မျိုး တောင် အဖြူရောင်မုသားနဲ့ ဆက်လိမ်ရဲတာမျိုး ။
အဲ့လို လူတွေ က ကြောက်စရာကောင်းတဲ့ ထဲ မှာ ပါတာပဲ နော် ။ ကုရာနတ္ထိ ဆေးမရှိ

𝐓𝐡𝐞 𝐆𝐫𝐞𝐞𝐧𝐲 𝐞𝐲𝐞𝐝 - အမြဲ သူများကို စောင့်ကြည့်နေကြတဲ့ မျက်လုံးစိမ်း ပိုင်ရှင်တွေ ပေါ့။
စပ်စုစိန် ၊ ကဲ့ရဲ့ စိန်တွေ
They cannot be happy for other people's good life -
သူများကို အမြဲ စောင့်ကြည့်နေပြီး သူများဘဝ ကောင်းစား နေတာ၊ ကောင်းစား သွားမှာ ကို မနာလိုတဲ့ အမျိုးအစား ။
Minimizes other people to feel better about themselves .
သူများကို ချိုးချိုး နှိမ်နှိမ် ပြောလိုက်ရမှ ၊
ရှုံ့ချရမှ သူတို့ကိုယ် သူတို့ feeling better ဖြစ်တဲ့ သူမျိုးတွေဖြစ်ပါတယ် ။

အချုပ် - Toxic people တွေရဲ့ စရိုက်၊ လက္ခဏာတွေက အပြုမူတွေက ခြယ်လှယ်တက်တယ်၊သူများ ဘဝကို စီရင်ဆုံးဖြတ်ချင်ကြတယ်၊ သူတို့နဲ့ နေပါများရင် စိတ်ဓာတ်ကျတာမျိုးတွေ၊ တချိန်လုံး
စိုးရိမ်ကြောင့်ကြ ပူပန်နေရတာမျိုးတွေ ၊
တဖြည်းဖြည်း ကိုယ်ဟာ အသုံးမကျဘူး လို့ ခံစားလာရမယ် ။ အပြု သဘော ဆောင်တာမျိုး ဘယ်တော့ မှ မဖြစ်ပဲ အပျက်သဘောပဲ တွေးဖို့၊ပြုလုပ် ဖို့ ပဲ တစေ တွန်းပို့နေတဲ့ သူတွေပါ။

လူတိုင်း က ပတ်ဝန်းကျင် နဲ့ ယှဉ်တွဲနေထိုင်ရတဲ့ အတွက် ကိုယ်ကိုတိုင်ရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ရောက Toxic ဖြစ်မှန်းမသိ ဖြစ်နေတာမျိုးတွေ
ရှိနေနိုင်ပါတယ် ။

လူတိုင်းဟာ ဒီအချက်တွေ အားလုံး မလွတ်ကင်းနိုင်တဲ့ သူဟာ ရှားမှာဖြစ်ပေမယ့် ဒီ အချက်တွေ အားလုံးနဲ့ ကိုက်ညီ နေတဲ့ သူ ကိုယ့် ဘေးနားမှာ ရှိနေခဲ့ရင်တော့ ရဲရဲ ကြီး သာ လွှတ်ချလိုက်ပါ။
မလွှတ်ချရင် ပုံထဲ ကလို ပန်းသီးလေး ပုပ်သွားသလို ပုတ်သွားပါမယ်။

နောက်တစ်ခုက ကိုယ်တိုင်က
toxic person ဖြစ်မနေဖို့လည်း အရေးကြီးတာပေါ့နော်
ကိုယ်တိုင်က ဒီအချက်တွေ အားလုံးနဲ့
ကိုက်ညီနေရင်တော့ ကိုယ့်ကိုကိုယ် သာ အရင်
လွှတ်ချလိုက်ပါ။ အဟင်း 😬

စာတွေ က ဂွတ်ဂဲလ် ကနေ ဘာသာ ပြန်ကိုးကားထားတာဖြစ်ပါတယ် ရှင် ။

စာကြွင်း

( ကိုယ်တိုင်က တော့ ကိုယ့်ကိုကိုယ်ပဲ focus ထားတော့ အလစ်တဲ လေး Narcissistic ဖြစ်ပေမယ့်
သူတစ်ပါးကို ကိုယ်ချင်းစာနာတဲ့ စိတ် Empathy တော့ အပြည့် ရှိသူပါ )

07/02/2023

မြန်မာ အခေါ် တိုရှည် or တိုဆယ်

ပြီးခဲ့တဲ့ အပတ်က Delhi ကနေ Gujarat ကို ပြန်ရောက် ရောက်ချင်း အိန္ဒိယ တောင်ပိုင်း အစားစာ တစ်ခု ဖြစ်တဲ့ အိန္ဒိယ အခေါ် Dosa လေး စားချင်တဲ့ အာသီသ လေး ဖြစ်နေတာနဲ့ try ကြည့်လိုက်တာ။
အရမ်း သဘောကျ အကြိုက်တွေ့သွားတာပါပဲ။

သဘောကျ တဲ့ နောက်တခုက
Vada လို့ခေါ်တဲ့ အကြော် ပါ။
ကျမတို့ ရဲ့ ဗယာကြော်နဲ့ အရသာတပုံစံထဲပါပဲ။

ဒီစာရေးနေရင်းနဲ့ ပဲ ကျမ စဉ်းစားမိတာတစ်ခုက
ကျမတို့ လူမျိုးတွေ ဟာ အရင်ခေတ်က
Vada(ဗာဒါ) ကြော် ကို ခေါ်ရင်း ဗယာကြော် ဖြစ်သွားတယ်နဲ့တူပါတယ်။

ကျမကတော့ မြန်မာအစားအစာ လွမ်းနေသူမို့
မြန်မာ ဗယာကြော်နဲ့ တူတဲ့ ( Vada ) ကိုပဲ နှစ်ပွဲစားခဲ့လိုက်တယ်ရှင် ။



Address

City Palace
Udaipur
313001

Website

Alerts

Be the first to know and let us send you an email when Hmu’s Vlogs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share