Let's go Japan

Let's go Japan Let's go Japan, 旅行会社, Osakaの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့​၏ Royal Empire company ရဲ့လက်ခွဲလုပ်ငန်းဖြစ်တဲ့ ခရီးသွားလာသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအ...
29/11/2025

အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့​၏ Royal Empire company ရဲ့လက်ခွဲလုပ်ငန်းဖြစ်တဲ့ ခရီးသွားလာသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအား ယုံကြည်စွာနဲ့၉ရက်တာ ခရီးစဉ်အား အလုပ်အပ်နှံပေးခဲ့ကြသော Singapore မှခရီးသွားဧည့်သည်မိသားစုအားအထူးပင်ကျေးဇူးတင်ရှိပါသည် ☺️☺️☺️

*ကျွန်တော်တို့ရဲ့အိုဆာကာမြို့တွက်ရုံးဆိုက်သော Royal Empire company မှ အခြားသော မြန်မာ့စားသောက်ကုန်လုပ်ငန်း၊အိမ်ပြောင်းအိမ်ရွှေ့လုပ်ငန်းနဲ့ ဆက်စပ်လျက်ရှိသော ဈေးသက်သာသောခန်းဝင်ပစ္စည်းများဝန်ဆောင်မှု၊လေဆိပ်အကြိုအပို့ စသည် စသဖြင့်သော ဝန်ဆောင်မှုများစွာကိုလည်း customers များစိတ်ကြိုက်တာဝန်ယူလုပ်ဆောင်ပေးနေပါသဖြင့် အမြန်ဆုံးသာဆက်သွယ်လိုက်ပါရန် သတင်းကောင်းပါးအပ်ပါသည် ☎️☎️☎️💥💥💥

Hello everyone, we would like to express our gratitude to the Singaporean family who trusted our Royal Empire company's travel transportation service and entrusted their 9-day trip to us ☺️☺️☺️

*Our Osaka office, Royal Empire company, also provides other Myanmar food services, house moving services, affordable dowry services, airport transfers, etc., as well as many other services that are related to customers' preferences. Please contact us as soon as possible. ☎️☎️☎️💥💥💥



Let’s go Japan ရဲ့ ဆောင်းနှင်းဖွေးဖွေးကြားက UNESCO စာရင်းဝင် shirakawa-go နှင့် Takayama ရှေးမြို့ဟောင်းလေး သို့ခရီးစဉ်လ...
27/10/2025

Let’s go Japan ရဲ့ ဆောင်းနှင်းဖွေးဖွေးကြားက UNESCO စာရင်းဝင် shirakawa-go နှင့် Takayama ရှေးမြို့ဟောင်းလေး သို့ခရီးစဉ်လေး မကြာခင်မှာ ပြန်လည်စတင်သွားရောက်ပါတော့မည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးထားကြပါရန်အကြောင်းကြားအပ်ပါသည်
☎️☎️☎️

ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော ရေကန်နဲ့တောင်တန်းတွေကြားမှာတည်ဆောက်ထားတဲ့ အရမ်းလှတဲ့ ရထားလမ်းဘူတာ okuoikojo station shizuok...
08/10/2025

ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော ရေကန်နဲ့တောင်တန်းတွေကြားမှာတည်ဆောက်ထားတဲ့ အရမ်းလှတဲ့ ရထားလမ်းဘူတာ okuoikojo station
shizuoka ခရိုင်မှာတည်ရှိပြီးတော့ 70meter ရှည်လျားတဲ့ ရထားလမ်းတစ်လမ်းလည်းဖြစ်ပါတယ်
နွေဦးကာလအချိန်မှာတော့ သွားလည်ပတ်လို့အကောင်းဆုံးဖြစ်ပြီး ရထားသံလမ်းဘေးလျှောက်လမ်းကနေ တံတားအစနဲ့ အဆုံးကို ၁၅မိနစ်လောက်လမ်းလျှောက်ပြီး သဘာဝတရားကြီးရဲ့ အလှအပကိုခံစားကြည့်ရှုနိုင်ပါတယ် ☺️

တစ်မူထူးခြားတဲ့ ခရီးစဉ်များ အတွေ့အကြုံများကိုခံစားချင်ပါက let's go japan ကိုသာဆက်သွယ်လိုက်ပါ ☎️☎️☎️

Let's go japan ရဲ့ဒီတစ်ပတ်အတွင်း အိုဆာကာ ကျိုတို ကိုဘေး အိမ်ပြောင်းဝန်ဆောင်မှုအချို့ဖြစ်ပါတယ် let's go japan မှအိမ်ပြောင...
29/09/2025

Let's go japan ရဲ့ဒီတစ်ပတ်အတွင်း အိုဆာကာ ကျိုတို ကိုဘေး အိမ်ပြောင်းဝန်ဆောင်မှုအချို့ဖြစ်ပါတယ်

let's go japan မှအိမ်ပြောင်းဝန်ဆောင်မှုနှင့် ခရီးသွားဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့်အလုပ်အပ်နှံလို့ရပါသည် ☎️☎️☎️

Kensai ဒေသတစ်ဝိုက်က အေးဆေးအနားယူချင်သူများအတွက် သွားလည်လို့အကောင်းဆုံးနေရာအချို့ကို let's go japan မှတင်ပြလိုက်ရပါတယ် ☺️...
23/09/2025

Kensai ဒေသတစ်ဝိုက်က အေးဆေးအနားယူချင်သူများအတွက် သွားလည်လို့အကောင်းဆုံးနေရာအချို့ကို let's go japan မှတင်ပြလိုက်ရပါတယ် ☺️

Amanohashidate (kyoto)
-ဒီနေရာလေးကတော့ ကျိုတိုမြို့ရဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိပြီးတော့ ပင်လယ်ရေလက်ကြားအလယ်မှာ သဲသောင်ပြင်ကြီးက တံတားထိုးထားသလိုဖြစ်နေတဲ့နေရာဖြစ်ပါတယ်,တစ်ယောက်စီး cable လေးတွေစီးပြီးတော့ တောင်ထိပ်ကနေပင်လယ်ကြီးရဲ့အလှကိုရှုစားနိုင်သလို အဆိုပါသဲသောင်ပြင်ပေါ်မှာလည်းအေးဆေးသွားရောက်အပန်းဖြေအနားယူနိုင်ပါတယ် ။

Ine(kyoto)
-ဒီရေပေါ်ရွာလေးကတော့ ကျိုတိုမြို့ရဲ့မြောက်ဘက်မှာပဲတည်ရှိတာဖြစ်ပြီး အပေါ်က amanohashidate နဲ့ မနီးမဝေးနေရာမှာဖြစ်ပါတယ်
တံငါသည်ရွာလေးတစ်ရွာဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့အလှအပကို စက်လှေစီးပြီး လိုက်လှံကြည့်ရှုနိုင်မှာဖြစ်သလို ပင်လယ်စင်ရော်ငှက်တွေကိုလည်း လှေပေါ်ကနေအနီးကပ်အစားကျွေးနိုင်မှာဖြစ်ပါတယ် အရမ်းအေးချမ်းလို့ နွေရာသီသွားရောက်လည်ပတ်လို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

Arashiyama Bamboo forest(kyoto)
-ကျိုတိုရဲ့အနောက်မြောက်ဘက်မှာတည်ရှိတဲ့ ဝါးတောလေးတစ်ခုဖြစ်ပါတယ် ဝါးပင်ပေါင်းများစွာနဲ့အေးချမ်းစွာပတ်ရံထားပြီး ဇင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေကိုလည်းတွေ့ရှိနိုင်ပါတယ် နွေရာသီမှာတောင် ဝါးပင်ရဲ့အအေးဓာတ်ကြောင့် ပူလောင်မှုဒဏ်ကိုမခံစားရစေဘဲ ကီမိုနိုဝတ်ပြီးဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးလည်းဖြစ်ပါတယ်

Minoo waterfall(Osaka)
-အိုဆာကာမြို့ရဲ့အစွန်းဖက်မှာရှိတဲ့ တောအုပ်ထဲကအိုအေစစ်လေးတစ်ခုဖြစ်ပါတယ် hiking သမားတွေအကြိုက်တွေ့မယ့်နေရာတစ်ခုလည်းဖြစ်ပြီးတော့ အုပ်ဆိုင်းနေတဲ့မေပယ်သစ်ပင်ကြီးတွေနဲ့ ခရီးပန်းတိုင်အဆုံးကရေတံခွန်အလှက ရောက်ဖူးသူတိုင်းရဲ့ရင်ကိုအေးမြလန်းဆန်းစေပါတယ် ဆောင်းဦးကာလမှာမေပယ်ရွက်တွေအရောင်ပြောင်းတဲ့အချိန်မှာ သွားရောက်ပြီးဓာတ်ဖမ်းရင်တော့ အကောင်းဆုံးပေါ့ဗျာ

katsuoji(osaka)
-minoh ရေတံခွန်နဲ့အနားမှာ တည်ရှိတဲ့ဘုရားကျောင်းတစ်ကျောင်းဖြစ်ပါတယ် မြောက်များလှစွာသောdaruma အမည်ရှိပစ်တိုင်းထောင်အရုပ်များစွာကိုနေရာတိုင်းမှာတွေ့ရှိရပြီးတော့ ဘုရားကျောင်းမှာ အမွှေးနံ့သာ ဆီမီးထွန်းညှိပြီးဆုတောင်းရင် လိုအင်ပြည့်ဝတယ်ဟုနာမည်ကြီးသော နေရာတစ်ခုလည်းဖြစ်ပါတယ်

ကဲ မိတ်ဆွေတို့ရေ ခန်ဆိုင်းဒေသဘက်ရောက်ခဲ့လို့ရှိရင်လည်း အဆိုပါနေရာတွေကိုလည်ပတ်ခဲ့ဖို့မမေ့ပါနဲ့လို့မှာကြားချင်ပါတယ်။ခန်ဆိုင်းဘက်လည်ပတ်ဖို့ဝန်ဆောင်မှုယူချင်တယ်ဆိုရင်လည်း let's go japan ကိုဆက်သွယ်မေးမြန်းလို့ရပါကြောင်း ☎️☎️☎️

let’s go Japan သယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ဝန်ဆောင်မှုတွေကတော့ customers တွေအရမ်းအကြိုက်တွေ့လို့ order တွေလက်မလည်အောင်ပါ...
04/09/2025

let’s go Japan သယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ဝန်ဆောင်မှုတွေကတော့ customers တွေအရမ်းအကြိုက်တွေ့လို့ order တွေလက်မလည်အောင်ပါပဲနော်
မိတ်ဆွေတို့လည်း ခန်ဆိုင်းဒေသမှ နယ်ဝေး ခရီးဝေးအိမ်ပြောင်း ခရီးသွားဝန်ဆောင်မှုတွေငှားရမ်းချင်တယ်ဆိုရင်တော့ let's go japan ကိုသာအမြန်ဆုံးဆက်သွယ်လိုက်ဖို့မမေ့ပါနဲ့နော် ☎️☎️☎️☺️☺️☺️

1945 of Hiroshima 2025 of Hiroshima
01/09/2025

1945 of Hiroshima
2025 of Hiroshima

Let's go japan ရဲ့ Kansai မှ Kanto ထိအိမ်ပြောင်းဝန်ဆောင်မှုလေးဖြစ်ပါတယ်
26/08/2025

Let's go japan ရဲ့ Kansai မှ Kanto ထိအိမ်ပြောင်းဝန်ဆောင်မှုလေးဖြစ်ပါတယ်

ပူပြင်းတဲ့နွေရာသီအောက်က let's go japan ရဲ့အိမ်ပြောင်းဝန်ဆောင်မှုလေးတွေဖြစ်ပါတယ် ☺️☺️-ခရီးသွားချင်တာပဲဖြစ်ဖြစ် ၊မြို့တွင်...
22/08/2025

ပူပြင်းတဲ့နွေရာသီအောက်က let's go japan ရဲ့အိမ်ပြောင်းဝန်ဆောင်မှုလေးတွေဖြစ်ပါတယ် ☺️☺️

-ခရီးသွားချင်တာပဲဖြစ်ဖြစ် ၊မြို့တွင်းနယ်ဝေးအိမ်ပြောင်းချင်တာပဲဖြစ်ဖြစ်ရှိရင် အိုဆာကာ kensai အခြေစိုက် let's go japan ကိုဆက်သွယ်လိုက်ပါနော် ☎️☎️☎️

ဂျပန်ပြည်တွင်း ခရီးသွားဖို့အတွက်ဆို မိတ်ဆွေဘယ်နေရာကိုရွေးချယ်ချငိလဲHokkaido? Okinawa?တစ်နည်းအားဖြင့် ဂျပန်ရဲ့ အအေးဆုံးနေ...
12/08/2025

ဂျပန်ပြည်တွင်း ခရီးသွားဖို့အတွက်ဆို မိတ်ဆွေဘယ်နေရာကိုရွေးချယ်ချငိလဲ
Hokkaido? Okinawa?
တစ်နည်းအားဖြင့် ဂျပန်ရဲ့ အအေးဆုံးနေရာလား အပူဆုံးနေရာလား?
မိတ်ဆွေရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ဟာ မိတ်ဆွေလက်ထဲမှာပဲရှိပါတယ် ☺️
-ဘယ်နေရာပဲဖြစ်ဖြစ် ခရီးသွားဖို့အတွက်ဆို let's go japan ကိုသတိရလိုက်ပါ 💪☎️☎️☎️

Nagano Kamikochi ခရီးစဉ်အတွက်စာရင်းများပေးထားလို့ရပါပြီ 😊😊
09/08/2025

Nagano Kamikochi ခရီးစဉ်အတွက်စာရင်းများပေးထားလို့ရပါပြီ 😊😊

住所

Osaka, Osaka

ウェブサイト

アラート

Let's go Japanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー