ဘဏ်ချေးငွေ၀န်ဆောင်မှု့ for E9/ E7/ F2/F5/f6 Visa

  • Home
  • South Korea
  • Busan
  • ဘဏ်ချေးငွေ၀န်ဆောင်မှု့ for E9/ E7/ F2/F5/f6 Visa

ဘဏ်ချေးငွေ၀န်ဆောင်မှု့ for E9/ E7/ F2/F5/f6 Visa ကိုရီးယားရှိ မြန်မာလူမျိုးများအတွက် စိတ်ချရသော ဘဏ်ချေးငွေ ဝန်ဆောင်မှု့။ 010-8325-2606

ကိုရီးယားတွင် ငွေကြေးဝန်ဆောင်မှု့နဲ့ ပတ်သတ်ပြီး သိထားသင့်သောအချက်များ ကို ပြောပြပေးချင်ပါတယ်ရှင်။ E9/E7/F2/F5/F6 visa တွ...
22/02/2025

ကိုရီးယားတွင် ငွေကြေးဝန်ဆောင်မှု့နဲ့ ပတ်သတ်ပြီး သိထားသင့်သောအချက်များ ကို ပြောပြပေးချင်ပါတယ်ရှင်။

E9/E7/F2/F5/F6 visa တွေ အားလုံး ဘဏ်ငွေကြေးဝန်ဆောင်မှု့ လျှောက်ထားလို့ရပါတယ်…. အထူးသဖြင့် အတိုးနှုန်း သက်သာသော ဘဏ် ငွေကြေးဝန်ဆောင်မှု့ လျှောက်ထားလို့ရပါတယ် ရှင်…

ဘဏ်ငွေကြေးဝန်ဆောင်မှု့ နဲ့ အပြင် ကွာခြားချက်ကတော့

အတိုးနှုန်း ကွာပါတယ်ရှင်။

ငွေဝင်ချိန် ကွာပါတယ်။

ဘဏ်အတိုးနှုန်းသည် ချေးငွေ ပမာဏ နည်းသည်ဖြစ်စေ များသည် ဖြစ်စေ တစ်နှစ်လုံးစာနဲ့ တွက်ပြီး အတိုးယူတာမို့ တစ်လလျှင် 1% ကျော်ကျော်သာ အတိုးနှုန်းကျသင့်ပါတယ်။

အချို့ credit ကောင်းသော Customer များဆို လျှင် တစ်လ အတိုးနှုန်း 1% တောင် မကျသော သူများလဲ ရှိပါတယ်။

ဒါကတော့ ဘဏ်ဝန်ဆောင်မှု့ ရဲ့ အားသာချက်ပါ။

အားနည်းချက်ကတော့ ငွေချက်ခြင်း မရပါဘူး… မနက်လျှောက် ညနေ ငွေဝင်မရပါဘူးရှင်။
ဘဏ်ရဲ့ ဘဘော သဘာဝ အရ ၂ ရက်ကနေ ၃ ရက် ၅ ရက်လောက် ကြာတတ်ပါတယ်… ဒါကြောင့်မို့ ငွေ သုံးဖို့ လိုတဲ့ အချိန်နဲ့ တွက်ပြီး ကြိုလျှောက်ပေးရပါတယ်…

ငွေ ဝင်ပြီးရင်လဲ အော်တို ငွေဖြတ်စနစ်မို့ လတိုင်း ငွေဖြတ်ရက်မှာ ဘဏ်ထဲ ငွေရှိနေရင် ရပါပြီ… ချေးငွေ ဆပ်ဖို့ ဘဏ်အကောင့်တွေထဲ ပိုက်ဆံ လွှဲစရာမလိုပါဘူးရှင်။

နောက်တစ်ခုကတော့ ဘဏ်ဝန်ထမ်း မြန်မာတာဝန်ခံတွေက ဘဏ်ငွေကြေးဝန်ဆောင်မှု့ လျှောက်ထားချိန်မှ စပြီး အကျေဆပ်ပြီးသည်အထိ အခက်အခဲ တစ်ခုဖြစ်လာတိုင်း ဖြေရှင်းပေးဖို့ အမြဲ ရှိနေပေးတာပါ။

ဘဏ် ငွေကြေးဝန်ဆောင်မှု့ သည် အနည်းဆုံး ဝမ် ၄၀ ကနေ အများဆုံး ဝမ် သိန်း ၄၀၀ ထိ လျှောက်ထားနိုင်ပါတယ်။

အတိုးနှုန်းကလဲ တစ်နှစ်လုံးမှ 17.9 % ပဲ ကျသင့်တာပါ။

တစ်လချင်းဆီနဲ့ တွက်ရင် 1 % ကျော်ကျော်ပဲ ရှိပါတယ်။

မြင်သာအောင် တွက်ပြရရင် ဝမ် သိန်း ၁၀၀ ကို တစ်နှစ်လုံးမှ အတိုးနှုန်း ဝမ် ၉ သိန်း ကျော်ပဲ ကျတာပါ။

ဝမ် သိန်း ၁၀၀ လုံးရဲ့ အတိုးနှုန်းက တစ်လကို ဝမ် ၇ သောင်းကျော် လောက်ပဲ ကျတာပါ။

(Credit ကောင်းတဲ့ သူတွေဆို အခုတွက်ပြထားတဲ့ ပမာဏထက် အတိုးက ပို နည်းပါတယ်)

ငွေကြေးဝန်ဆောင်မှု့ ယူဖို့ လူကိုယ်တိုင် လာစရာ မလိုပါဘူးရှင်။

ID card ရှေ့နောက်
Passport အစရှိသဖြင့် လိုအပ်တဲ့ အချက်အလက်လေးတွေ ပို့ပေးရင် ရပါတယ်။

ဘဏ်ဖြစ်တာမို့ Customer တွေရဲ့ လုံခြုံရေးကို တန်ဖိုးထားပါတယ်…

ဒါကြောင့်မို့ ငွေကြေး ဝန်ဆောင်မှု့လိုချင်ပါက စိတ်ချရတဲ့ နေရာတွေကနေ လျှောက်ပြီး အတိုးနှုန်းတွေ သေချာ မေးပါနော်…

ဘဏ်ဝန်ထမ်းတွေ ဘဏ်တာဝန်ခံတွေလဲ အများကြီးရှိတာမို့ အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်…

မီတို့ JB Bank Jeonju Center မှာလဲ ငွေကြေးဝန်ဆောင်မှု့ လျှောက်ထားနိုင်တာမို့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်…

မီမီ
JB Bank Jeonju Center, Myanmar Desk 🇲🇲
010-8325-2606

နိုင်ငံခြားသား အလုပ်သမားများရဲ့ စက်ရုံ၊ အလုပ်ရုံ မတော်တဆမှုတွေ တိုးလာပြီး တရားမဝင်နေထိုင်သူ လျော့လာကိုရီးယားနိုင်ငံမှာ တ...
09/02/2025

နိုင်ငံခြားသား အလုပ်သမားများရဲ့ စက်ရုံ၊ အလုပ်ရုံ မတော်တဆမှုတွေ တိုးလာပြီး တရားမဝင်နေထိုင်သူ လျော့လာ

ကိုရီးယားနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားဦးရေဟာ ၂၀၂၃ခုနှစ် အောက်တိုဘာလက လူပေါင်း ၄၂၀,၀၀၀ ရှိရာကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှာ ၃၉၀,၀၀၀ အထိ လျော့ကျသွားတာကို တွေ့ရပါတယ်ရှင့်။ ၂၀၂၄ခုနှစ်မှာ တရားရေးဝန်ကြီးဌာနအနေနဲ့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးစစ်ဆေးရာကနေ တရားမဝင်အလုပ်ခန့်အပ်မှုနဲ့ ပွဲစားလုပ်ငန်းတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ရာဇဝတ်ကြောင်းအရ အရေးယူခဲ့တဲ့သူ စုစုပေါင်း ၃၁၈ ဦးရှိပါတယ်။ တရားမဝင် အလုပ်ရှင် ၉,၀၀၀ ကျော်ကိုလည်း ဒဏ်ကြေးငွေ ဝမ်သန်း ၅၀ ဘီလီယံ (ကိုရီးယားငွေ) ပေးဆောင်စေခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၄ခုနှစ်မှာ စက်ရုံ၊ အလုပ်ရုံ မတော်တဆမှုကြောင့် သေဆုံးသူ ၈ဦးမှာ ၁ဦးက နိုင်ငံခြားသားဖြစ်နေတာကို တွေ့ရပါတယ်။ ကိုရီးယားနိုင်ငံက အလုပ်လုပ်နေသူတွေထဲမှာ နိုင်ငံခြားသား ၃.၅% (လူဦးရေ ၁.၀၁သန်း) ပဲရှိပေမယ့် မတော်တဆမှုကြောင့် သေဆုံးတဲ့ နိုင်ငံခြားသားက ၁၃% အထိရှိနေတာ စိုးရိမ်ဖွယ်ပါရှင်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားသားတွေရဲ့ လုပ်ငန်းခွင်မတော်တဆမှု တောင်းဆိုချက်ဟာ တစ်သောင်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်ရှင်။

မီမီ
JB BANK Jeonju Center Myanmar Desk
020-8325-2606

မင်္ဂလာပါရှင့်။ မနေ့ကကိုရီးယားသတင်းကို တင်ပြပေးပါရစေ။[တနင်္ဂနွေနေ့ ကိုရီးယားသတင်း]ဖေဖော်ဝါရီလ ၃ရက်နေ့ဟာ ကိုရီးယားနိုင်ငံ...
02/02/2025

မင်္ဂလာပါရှင့်။ မနေ့ကကိုရီးယားသတင်းကို တင်ပြပေးပါရစေ။

[တနင်္ဂနွေနေ့ ကိုရီးယားသတင်း]

ဖေဖော်ဝါရီလ ၃ရက်နေ့ဟာ ကိုရီးယားနိုင်ငံရဲ့ နေရောင်ခြည်တည်နေရာအပေါ် မူတည်ပြီး တစ်နှစ်ကို ၂၄ပိုင်း ပိုင်းခြားထားတဲ့ ရာသီစနစ်ထဲက ပထမဆုံးနေ့ဖြစ်သလို နွေဦးရာသီ စတင်တာကို အမှတ်အသားပြုတဲ့ '입춘' လို့ခေါ်တဲ့နေ့ပါ။ ဒါပေမယ့်လည်း ဒီတစ်ပတ်မှာတော့ ရာသီဥတုက အရမ်းအေးနေဦးမှာပါရှင့်။ နွေဦးရာသီ စတင်တဲ့အချိန်မှာ လူကြီးမင်းတို့အားလုံး တစ်နှစ်ပတ်လုံး ကောင်းခြင်းတွေနဲ့ ပြည့်စုံကြပါစေရှင့်။

နောက်ထပ် သတင်းကောင်းတစ်ခုကတော့ JBဘဏ်က နိုင်ငံခြားသားများအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပလက်ဖောင်း (BRAVO KOREA) ကို ဒီတစ်ပတ်အတွင်း စတင်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။ ကိုရီးယားမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေအတွက် ချေးငွေဝန်ဆောင်မှုတွေ၊ နိုင်ငံရပ်ခြားငွေလွှဲဝန်ဆောင်မှုတွေ လုပ်လို့ရတဲ့ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှု ဖြစ်ပါတယ်ရှင့်။ အသေးစိတ်အချက်အလက်တွေကို JBဘဏ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ထပ်မံကြေညာပေးသွားမှာ ဖြစ်ပါတယ်။ စုံစမ်းမေးမြန်းလိုပါက 010-8325-2606 ကို ဆက်သွယ်နိုင်ပါတယ်ရှင့်

28/01/2025

🇲🇲 ကိုရီးယားရှိ မြန်မာလူမျိုးများအတွက် လုံခြုံစိတ်ချစွာ ချေးငွေ ဝန်ဆောင်မှုများ!

📌 E-9 / E-7 / F-2 / F-5 / F-6 ဗီဇာများအတွက် ဝမ် သိန်း ၄၀ မှ ၄၀၀ ထိ ချေးငွေရရှိနိုင်ပါသည်။

📌 တစ်နှစ်လုံး အတိုးနှုန်း 17.9%

📌 ငွေလွှဲ၊ ဘဏ်အကောင့်ဖွင့်ခြင်းနှင့် ငွေကြေးဝန်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။

📞 ဆက်သွယ်ရန်: 010-8325-2606

မြန်မာလူမျိုးများအတွက် အထူးချေးငွေဝန်ဆောင်မှု့တရားဝင် | လုံခြုံစိတ်ချ | E-9 / E-7 / F-2 / F-5 / F-6

28/01/2025

JB Bank မှ မြန်မာနိုင်ငံသား များအတွက် အထူးချေးငွေဝန်ဆောင်မှုများ

မင်္ဂလာပါရှင်,
JB Bank မှ မြန်မာလူမျိုးများအတွက် အထူးချေးငွေဝန်ဆောင်မှုများ ကို အသိပေးပါရစေ!

E-9 / E-7 / F-2 / F-5 / F-6 ဗီဇာနှင့် သက်ဆိုင်သူများအတွက် လွယ်ကူလျင်မြန်ပြီး လုံခြုံသော ချေးငွေဝန်ဆောင်မှုများ လက်ရှိရရှိနိုင်ပါပြီ။

🤝 ဘဏ်ချေးငွေ ဝန်ဆောင်မှု၏ အားသာချက်များ

✅ လွယ်ကူသော ချေးငွေလျှောက်ထားခြင်း
• ချေးငွေလျှောက်ထားရန် အိုင်ဒီကတ်နှင့် အခြေခံ အချက်အလက်များသာ လိုအပ်ပါသည်။

✅ လျှောက်ထားနိုင်သော ငွေ ပမာဏ
• အနည်းဆုံး ဝမ် သိန်း ၄၀ မှ
• အများဆုံး ဝမ် သိန်း ၄၀၀ ထိ ချေးငွေ ရရှိနိုင်ပါသည်။

✅ အတိုးနှုန်း နည်းသောနှုန်းထား
• တစ်နှစ်တာလုံး အတိုးနှုန်း 17.9%
• စိတ်ချယုံကြည်စွာ ငွေကြေးလိုအပ်ချက်များ ဖြေရှင်းနိုင်ပါသည်။

✅ ဝန်ဆောင်မှု လုံခြုံမှုအပြည့်အဝ
• JB Bank ၏ တရားဝင်ဘဏ်ဝန်ဆောင်မှုများ ဖြစ်သောကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါသည်။

📌 အခြားဝန်ဆောင်မှုများ

🔹 ဘဏ်အကောင့် ဖွင့်ခြင်း
🔹 မြန်မာနိုင်ငံသို့ ငွေလွှဲဝန်ဆောင်မှုများ
🔹 နိုင်ငံခြားငွေ လဲလှယ်ခြင်း
🔹 JB Bank ၏ အခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ

📞 ဆက်သွယ်ရန်

မြန်မာတာဝန်ခံ
📱 ဖုန်း - 010-8325-2606
📲 Messenger ဖြင့်လည်း မေးမြန်းနိုင်ပါသည်။

ဘဏ်ချေးငွေ အကြောင်း
• စီးပွားရေးလိုအပ်ချက်များဖြေရှင်းရန်
• အိမ်၊ခြံ၊မြေ၊ ကား ဝယ်ယူခြင်းအတွက် အသုံးပြုရန်
• လူကြီးမင်း၏ ဘဝအရင်းအမြစ်များကို ပိုမိုတိုးတက်စေရန်

ယခုဆက်သွယ်ပါက အချိန်တိုအတွင်း ချေးငွေ ရရှိနိုင် သလို, စိတ်ချလုံခြုံစွာ သင်၏ ရည်မှန်းချက်များ ပြည့်စုံ အောင် ကူညီပေးမှာ အမှန်ပါ!

ငွေကြေးလိုအပ်ချက်ရှိပါက ယခုဆက်သွယ်နိုင်ပါတယ်ရှင့်

JB Bank မှ မြန်မာနိုင်ငံသား များအတွက် အထူးချေးငွေဝန်ဆောင်မှုများမင်္ဂလာပါရှင်,JB Bank မှ မြန်မာလူမျိုးများအတွက် အထူးချေး...
28/01/2025

JB Bank မှ မြန်မာနိုင်ငံသား များအတွက် အထူးချေးငွေဝန်ဆောင်မှုများ

မင်္ဂလာပါရှင်,
JB Bank မှ မြန်မာလူမျိုးများအတွက် အထူးချေးငွေဝန်ဆောင်မှုများ ကို အသိပေးပါရစေ!

E-9 / E-7 / F-2 / F-5 / F-6 ဗီဇာနှင့် သက်ဆိုင်သူများအတွက် လွယ်ကူလျင်မြန်ပြီး လုံခြုံသော ချေးငွေဝန်ဆောင်မှုများ လက်ရှိရရှိနိုင်ပါပြီ။

🤝 ဘဏ်ချေးငွေ ဝန်ဆောင်မှု၏ အားသာချက်များ

✅ လွယ်ကူသော ချေးငွေလျှောက်ထားခြင်း
• ချေးငွေလျှောက်ထားရန် အိုင်ဒီကတ်နှင့် အခြေခံ အချက်အလက်များသာ လိုအပ်ပါသည်။

✅ လျှောက်ထားနိုင်သော ငွေ ပမာဏ
• အနည်းဆုံး ဝမ် သိန်း ၄၀ မှ
• အများဆုံး ဝမ် သိန်း ၄၀၀ ထိ ချေးငွေ ရရှိနိုင်ပါသည်။

✅ အတိုးနှုန်း နည်းသောနှုန်းထား
• တစ်နှစ်တာလုံး အတိုးနှုန်း 17.9%
• စိတ်ချယုံကြည်စွာ ငွေကြေးလိုအပ်ချက်များ ဖြေရှင်းနိုင်ပါသည်။

✅ ဝန်ဆောင်မှု လုံခြုံမှုအပြည့်အဝ
• JB Bank ၏ တရားဝင်ဘဏ်ဝန်ဆောင်မှုများ ဖြစ်သောကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါသည်။

📌 အခြားဝန်ဆောင်မှုများ

🔹 ဘဏ်အကောင့် ဖွင့်ခြင်း
🔹 မြန်မာနိုင်ငံသို့ ငွေလွှဲဝန်ဆောင်မှုများ
🔹 နိုင်ငံခြားငွေ လဲလှယ်ခြင်း
🔹 JB Bank ၏ အခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ

📞 ဆက်သွယ်ရန်

မြန်မာတာဝန်ခံ
📱 ဖုန်း - 010-8325-2606
📲 Messenger ဖြင့်လည်း မေးမြန်းနိုင်ပါသည်။

ဘဏ်ချေးငွေ အကြောင်း
• စီးပွားရေးလိုအပ်ချက်များဖြေရှင်းရန်
• အိမ်၊ခြံ၊မြေ၊ ကား ဝယ်ယူခြင်းအတွက် အသုံးပြုရန်
• လူကြီးမင်း၏ ဘဝအရင်းအမြစ်များကို ပိုမိုတိုးတက်စေရန်

ယခုဆက်သွယ်ပါက အချိန်တိုအတွင်း ချေးငွေ ရရှိနိုင် သလို, စိတ်ချလုံခြုံစွာ သင်၏ ရည်မှန်းချက်များ ပြည့်စုံ အောင် ကူညီပေးမှာ အမှန်ပါ!

ငွေကြေးလိုအပ်ချက်ရှိပါက ယခုဆက်သွယ်နိုင်ပါတယ်ရှင့်

Knowledge sharing ပါခင်ဗျာ  pin လေးထားရင်ပိုကောင်းမယ်ထင်ပါတယ်ဗျခုတော်တော်များများတွေ့ရလို့scholarship scholarship နဲ့ ကျ...
19/02/2024

Knowledge sharing ပါခင်ဗျာ pin လေးထားရင်ပိုကောင်းမယ်ထင်ပါတယ်ဗျ

ခုတော်တော်များများတွေ့ရလို့scholarship scholarship နဲ့ ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်
နိုင်ငံရွေးချင်တဲ့သူတွေအတွက်ပေါ့ Asia နိုင်ငံတွေအတွက်လည်းပါပါတယ်ကျွန်တော်လက်လှမ်းမီသလောက်ပါ ဒါက

ဆေးကိုအရင်ပြောချင်ပါတယ် ချမ်းသာတဲ့သူဌေးကလွဲလို့ UK USတို့ဘက်မှာ ဆေးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး တစ်နှစ်ကို $40000လောက်ကနေ $100000ကျော်လောက်ထိကျပါတယ်။ scholarလည်းမရနိုင်ပါဘူး ရတယ်ဆိုတာလည်း သူတိူ့ရင်းထားရတာ ဒေါ်လာတစ်သိန်းလောက်ရှိပါတယ် ပြန်ရတာ3 4 သောင်းလောက်ပါ။ ပြောရရင် ငွေကြေးမတက်နိုင်ရင် ဒီက MBBSက အသင့်တော်ဆုံးပါပဲ တက်ပါလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်ပြောချင်တာနားလည်ကြမယ်ထင်ပါတယ်။
Abroad ကိုဆေးအတွက်သဘောကျရင်တစ်နိုင်ငံရှိပါတယ် Czech Republic 🇨🇿 နိုင်ငံပါ နည်းနည်းစုံစမ်းကြည့်ပါ စျေးနည်းနည်းသက်သာပါတယ်။

Scholarships အကြောင်း

ခုမှ10တန်းအောင်လို့ပဲဖြစ်ဖြစ် စနစ်သစ်G12ပြီးရင်ပဲဖြစ်ဖြစ် scholarship လျှောက်ပြီး study abroad မဲ့ညီလေးညီမလေးတွေကော တခြားသိချင်တဲ့သူတွေကောပေါ့နော် undergraduate အတွက် scholarship ဆိုတာ တကယ်ကိုရှားပါတယ် နိုင်ငံကြီးတွေUS UK Canada ပိုဆိုးပါတယ် ရှိကိုမရှိသလောက်ပါပဲ ခု အေးဂျင့်တွေကြော်ငြာတွေမှာ scholarship ဘာညာဆိုတာ ကိုယ်က $15000 လောက်ရင်းမှ $2000လောက်scholarပေးတဲ့သဘောပါ
Scholarship ဆို masterက တော့ အဖြစ်နိုင်ဆုံးပါ။

1. USA 🇺🇸

လူတော်တော်များများက ကျောင်းတက်ဖို့ကို Community College 2 years + University 2 years
ပုံစံနဲ့ပဲသွားကြတာပါ University 4နှစ်တန်းတက်တာမရှိသလောက်ရှားပါတယ်။ University စျေးက တစ်နှစ်ကို $30000 to $80000 ထိရှိပါတယ်community college feesက semester တစ်ခုကို $5000ဝန်းကျင် တစ်နှစ်ကို $10000ဝန်းကျင်ပါ နေတဲ့ stateနဲ့ ကျောင်းပေါ်မူတည်ပါတယ်။ နေစရိတ်စားစရိတ် က part time အလုပ်ရရင်coverဖြစ်ပါတယ်။ကျောင်းစရိတ်ကတော့coverမဖြစ်ပါဘူး ပြီးတော့ college 2နှစ်ပြီးလို့ university ဆက်တက်တဲ့သူရှားပါတယ် စျေးကြီးလို့ပါ အလုပ်ပဲလုပ်ကြပါတယ်။ CC နှစ်နှစ်ပြီးရင် အလုပ်လုပ်လို့ရပါတယ် US က ဘာလို့လူသွားများလဲဆိုရင် သူတို့ law က အရမ်းကောင်းလို့ပါ အားမနာတမ်းပြောရရင် သူတိူ့နိုင်ငံထဲဝင်ပြီးရင် ပြန်ထွက်တာ မထွက်တာကိုယ့်သဘောဖြစ်သွားလို့ပါ နေချင်ရင်နေလို့ရပါတယ် အာ့ကြောင့် သွားပြီးရင် ပြန်မလာကြတာပါ။ 😂😂

2. UK 🇬🇧

UK ကတော့ undergraduate အတွက်ဆို scholarships မရှိပါဘူး။ ဒါက အမှန်ပါ လုံးဝကိုမရှိပါဘူး။ partialတော့ရှိပါတယ် master အတွက်ဆိုရင် chevening တို့လို fully funded scholarships တွေတော့ရှိပါတယ်။ အဲ့တော့ scholarshipဆို master ပဲchanceရှိပါတယ်။
University တက်မယ်ဆို ဆေးပညာလိုင်းကလွဲလို့တစ်နှစ်ကို £15000ဝန်းကျင်ကစပါတယ် မြန်မာတွေအသွားများတဲ့ကျောင်းတွေဆို UWE Bristol, Coventry, Sunderland တို့ပါ
UK ပညာရေးကနိုင်ငံတိုင်းထက်မြင့်တဲ့အတွက်ကြောင့် 3 နှစ်တက်တာနဲ့ bachelorရပါတယ်။ ပြီးရင် သူလည်းUSနဲ့တူတူပါပဲ နေစရိတ်စားစရိတ်ကို part time jobနဲ့ cover ဖြစ်ပေမယ့် ကျောင်းစရိတ်ကတော့မရပါဘူး။ လူတွေပြောကြတာတော့ရှိပါတယ် UKက အလုပ်ရဖို့မသေချာဘူးဘာညာဆိုပြီး ပြောကြပါတယ် business လိုအပိုင်းဆိုရင်တော့ပြိုင်ဆိုင်ရတာများတော့ ကြိုးစားဖို့တော့လိုပါတယ်။ UKမှာ bachelor ရပြီးရင် Graduate Route ဆိုပြီး 2 years work permitပေးပါတယ် အဲ့အတောအတွင်း အလုပ်ရှာဖို့ကကို့တာဝန်ပါ အလုပ်မရရင် ကိုယ့်လိုအပ်ချက်လို့ထင်ပါတယ်။ matser ဆက်တက်မယ်ဆို တစ်နှစ်ပဲတက်ရမှာပါ ဒါဆို GR က 3 years ရပါတယ်။ work visaရပြီးရင်တော့ PRလျှောက်ရပါတယ်။ ခုမြန်မာနိုင်ငံမှာ private universities တွေဖြစ်တဲ့ Chindwin, STI, Strategy First, Auston, Gusto, BCU, Crown Education အများကြီးပါပဲ အဲ့ဒါတွေတက်တဲ့ညီလေး ညီမလေးတွေကလည်း final year (top on) ကို UKမှာတက်ရပါတယ်။ ဒါမယိ့ bachelor ကိုဒီမှာယူပြီးmatserကျမှတက်ရင် ပိုကောင်းတယ်လို့ထင်မိပါတယ်။ စရိတ်လည်းပိုသက်သာတာပေါ့။ Visaကတော့အလွယ်ဆုံးနဲ့အမြန်ဆုံးပါ လက်ရှိအနေအထားတော့။

3. Canada 🇨🇦
သူကတော့တော်တော်လေးမိုက်တဲ့နိုင်ငံပါ။ PRရဖို့အလွယ်ဆုံးနိုင်ငံလို့ပြောလို့ရပါတယ်။
သူလည်း USလိုပဲ College 2 years + University 2 yearsနဲ့သွားကြတာများပါတယ်။ college fees ကတော့ CAD 15000ဝန်းကျင်ကစပါတယ်။ University ကတော့ CAD 30000ဝန်းကျင်လောက်ကနေစပါတယ်။ ခုနောက်ပိုင်းကြားမိတာပေါ့ college နှစ်နှစ်ပြီးတဲ့သူတွေကို university တန်းမတက်ခိုင်းသေးဘဲ internshipလိုသဘောမျိုးအလုပ်လုပ်ရတယ်ကြားပါတယ် ဟုတ်မဟုတ်တော့မသိပါဘူး ဟုတ်တယ်ဆိုရင်တော့တော်တော်မိုက်ပါတယ်။ work experience ပါတစ်ခါတည်းရသလိုပါပဲ Canada မှာကျောင်းပြီးလို့ အလုပ်2yearsလောက်လုပ်ပြီးရင် PR လျှောက်လို့ရပါပြီ လက်ရှိမြန်မာနိုင်ငံအတွက်တော့ဗီဇာက တော်တော်ကြပ်တယ်ကြားပါတယ်။

4. Australia 🇦🇺
သူလည်းစျေးကတော့မြောက်ပါတယ်။ University 4နှစ်တက်ရပါတယ်။ တစ်နှစ်ကို AUD 20000 to 45000 ဝန်းကျင်ပါ PRလျှောက်ဖို့လည်းလွယ်တယ်ပြောပါတယ်။ ဒါမယိ့လက်ရှိ ဩဇီက မြန်မာကိုဗီဇာပိတ်ထားပါတယ်။

5. Germany 🇩🇪, Belgium 🇧🇪. Spain 🇪🇸 (EU)

EU နိုင်ငံတွေကတော့ ကျောင်းလခအကုန် free ပါ။ English လိုသင်တဲ့program တွေလည်းအများကြီးပါ သူတိူ့ ဘာသာစကားကိုတက်ထားရင်တော့ပိုအဆင်ပြေပါတယ် part time job ရှာရတာမျိုးတို့ တချို့ကျောင်းတွေက undergraduate program ကို သူတို့ဘာသာစကားနဲ့သင်တာတွေရှိပါတယ်။ သူက တစ်ခုတော့ပြဿနာရှိပါတယ်။ ကျောင်းစရိတ်က freeဆိုပေမယ့် blocked account ဖွင့်ရပါတယ်။ blocked accဆိုတာ ဒီက bank statements နဲ့မတူပါဘူး။ ကိုယ်သွားမဲ့နိုင်ငံမှာဖွင့်ရတာပါ သုံးနှစ်တက်မယ်ဆို အဲ့သုံးနှစ်လုံး အဲ့ပိုက်ဆံကိုထုတ်မရပါဘူး။ €10000 ကျော်လောက်တော့ထည့်ထားရပါတယ်။ အာ့ကြောင့် အေဂျင်စီဘာညာကိုလည်းသေချာလေးစုံစမ်းပြီးလုပ်တာကောင်းပါတယ်။

For Asia :

1. Singapore 🇸🇬

Public University တွေနဲ့ Poly Technic ကလွဲရင် ကျန်တာက သိပ်မကောင်းပါဘူး။
Poly ကတော့ တော်တော်ကောင်းတယ်ပြောလို့ရပါတယ် ကျောင်းပြီးတာနဲ့အလုပ်လုပ်ရင် SGD 2000 လောက်ကစရပါတယ်။ စလုံး PRကတော့ခက်တယ်ပြောကြပါတယ်။ Poly fees ကတော့ SGD 12000လောက်ကျပါတယ် ဒါမယ့် student loan ဘာညာတွေများကြီးရှိတော့စေိးကအရမ်းသက်သာပါတယ်။ Polytechnic အကြောင်းကတော့ ရှာဖတ်လို့ရပါတယ်။

2. Thailand 🇹🇭

ပညာရေးလည်းမြင့်ပါတယ် မြန်မာတွေလည်းများကြီးဆိုတော့အဆင်ပြေပါတယ် တချို့ကျောင်းတွေဆို ငွေလည်း အကြိမ်အများကြီးခွဲသွင်းလို့ရတာတွေပါရှိပါတယ်။ သူက part timeလုပ်ခွင့်မပေးပါဘူး အဲ့တော့ နေစရိတ်စားစရိတ်ကိုအိမ်ကထောက်ပံ့ရမှာပါ။

3. Japan 🇯🇵

အရင်ဆုံး ဂျပန်စာတက်ရမှာပါ အလုပ်ကြမ်းသမားတောင်ခုနောက်ပိုင်းတချို့တွေဆို N4လက်မှတ် N3 levelထိတောင်းပါတယ်။
Language School သမားတွေကတော့ တစ်နှစ်ကိုသိန်း200 300ဝန်းကျင်လောက်တော့ကျပါတယ်။ LSပြီး university ဆက်တက်ကြပါတယ်။
ဂျပန်က scholarship တွေရှိပါတယ် MEXT scholarship တို့
新聞 (newspaper)scholarship တို့ရှိပါတယ်။ levelကတော့N3လက်မှတ်လောက်ထိလိုပါတယ်။

အလုပ်လုပ်ချင်တဲ့သူတွေအတွက်ကတော့ training visaရှိတယ် သူကတော့ပင်ပန်းတယ် ဒါမယ့် ဒေါင်းကျကျပြားကျကျခံနိုင်ရည်ရှိတယ်
လုပ်ချင်ရင်တော့ tryလို့ရပါတယ်။ သူက အရင်က N5နဲ့ရပါတယ် ခုနောက်ပိုင်းတော့N4လောက်တောင်းတယ် ဘာလို့ဆို ဟိုမှာ စကားလုံးဝမတတ်တော့ ပြဿနာတွေဖြစ်တတ်လို့ပါ
နောက်တစ်နည်းကတော့ 特定(Tokutei) ဆိုတာရှိတယ်။ မြန်မာအတွက်ကတော့လေးငါးမျိုးလောက်ရှိတယ်။ N3လောက်ထိလိုပါတယ်သူလည်း
ပြောရရင် ကျွန်တော်တို့ကြားဖူးနေကြ ဘိုးဘွားရိပ်သာမှာလုပ်တာ介護( Kaigo) တို့ စားသောက်ဆိုင်၊ စားသောက်ကုန်၊ ဟိုတယ်၊ စိုက်ပျိုးရေး အဲ့ဒါတွေပေါ့ ကျွန်တော်အရမ်း​တော့မသိပါဘူး အဲ့လိုင်းလုပ်နေတဲ့သူတွေဆီက မေးကြည့်ပေါ့။
နောက်တစ်ခုကတော့ work visa ဒါကတော့ professional လိုင်းပါ အများအားဖြင့် IT နဲ့ EP သမားတွေကိုခေါ်ပါတယ် ဂျပန်စာN2လောက်ထိလိုပါတယ် ပြီးတော့ work experience 2yearsလောက်ရှိသင့်ပါတယ်။ ဒါကတော့ ဘွဲ့ရပြီးတဲ့သူတွေ tryသင့်ပါတယ်။

4. Vietnam 🇻🇳
နှစ်တိုင်း TDTU scholarship တွေခေါ်ပါတယ် 100% 75% 50% တွေဆိုပြီး လျှောက်နေကြတဲ့လူတွေရှိပါတယ်။ university တွေလည်းစျေးသက်သာပါတယ် ကျွန်တော်အဲ့အပိုင်းတော့သိပ်မသိပါဘူး စုံစမ်းကြည့်လို့ရပါတယ်။

5. South Korea 🇰🇷

အလုပ်အတွက်ဆို ယောကျ်ားလေးတွေ ခေါ်ပါတယ် စက်ရုံတွေမှာ မိန်းကလေးတွေတော့မရပါဘူး
ပညာရေးကတော့ တော်တော်များများ Language Schoolနဲ့ပဲသွားကြပါတယ် LSက လည်းတစ်နှစ်ကို သိန်း 200 300ဝန်းကျင်ပါပဲ LSပြီးရင် သူလည်း university ကို scholarship တွေtryလို့ရပါတယ်။ Koreaကတော့ သဘောကျစရာနိုင်ငံထဲပါပါတယ် နိုင်ငံလှတာကော k pop ဘာညာနဲ့ကောဆိုတော့

တချို့စိတ်ကျေနပ်စရာအနေနဲ့ရွေးမယ်ဆို လူ့အခွင့်အရေးများတာသဘောကျရင်US, Europe vibeအပြည့်အဝလိုချင်ရင် UKနဲ့ EU နိုင်ငံတွေပေါ့ အစားအသောက်နဲ့ k pop fan ဆိုရင်တော့Korea, cultural နဲ့ countryဆိုရင်တော့ Japan ပေါ့ နီးနီးနားနားအိမ်နဲ့လည်းမဝေးချင်ရင်တော့ Singapore Thailand တို့ဘက်ပေါ့ 😂😂

ဒါတွေကကျွန်နော်သိလောက်ပါ အမှားပါတာတွေလည်းရှိမှာပါ အဲ့အတွက်လည်းစိတ်မရှိပါနဲ့
အဲ့တာ့ gpထဲတွေ့နေလို့ ညီလေးညီမလေးတွေအကိုအမတွေလည်းရှိတာပေါ့နော် GEDတို့ ICGSE တို့ အတွက် ငွေတောင် သုံးဖို့ခက်နေရရင် study abroadရင် သူ့ထက် ကုန်ပါတယ် scholar ရရင်တောင် ဘာကြေးညာကြေးနဲ့တော်တော်လေးကိုကုန်ပါသေးတယ် စနစ်သစ် 12 တန်းညီလေးညီမလေးတွကတော့တစ်ခုကောင်းပါတယ် ခု 12တန်းပြီးရင် ခုလို ICGSE တို့ မလိုတော့ပါဘူး abroad မှာ foundation လည်းတက်စရာမလိုတော့ပါဘူး တန်းပြီး first yearတန်းတက်လို့ရသွားပါပြီ စနစ်ဟောင်းသမားတွေကတော့ GED ICGSE လိုပါတယ်။ University second yearပြီးထားရင်တော့ university တန်းjoinလို့ရပါတယ်။ ဒိနိုင်ငံမှာလူဖြစ်တော့လည်း အတတ်နိုင်ဆုံးရအောင်ကြိုစားကြရမှာပဲ အားလုံးလည်းအဆင်ပြေကြပါစေဗျာ

Credit

ကိုရီးယားလာမဲ့ မောင်လေးတွေ ညီမလေးတွေ အတွက် 🌱 လေဆိပ်ကို ကားဖြင့် လာကြိုပေးခြင်း။🌱 ဝမ် လဲ ပေးခြင်း။ 🌱 အိမ်၊ အခန်း ကြိုရှာထ...
19/02/2024

ကိုရီးယားလာမဲ့ မောင်လေးတွေ ညီမလေးတွေ အတွက်

🌱 လေဆိပ်ကို ကားဖြင့် လာကြိုပေးခြင်း။
🌱 ဝမ် လဲ ပေးခြင်း။
🌱 အိမ်၊ အခန်း ကြိုရှာထားပေးခြင်း။
🌱 အလုပ်ရှာပေးခြင်း။

အစရှိသော ဝန်ဆောင်မှု့များ လုပ်ပေးနေပါပြီရှင်။

အားမနာပဲ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။

မြန်မာလိုရေးထားတဲ့ သတင်းတွေကို မယုံလို့ ကိုရီးယားအစိုးရဖက်က သက်ဆိုင်ရာဌါနတွေရဲ့ကိုရီးယားလို ရေးသားထားတဲ့ ထုတ်ပြန်ချက်ကို...
14/02/2024

မြန်မာလိုရေးထားတဲ့ သတင်းတွေကို မယုံလို့
ကိုရီးယားအစိုးရဖက်က သက်ဆိုင်ရာဌါနတွေရဲ့
ကိုရီးယားလို ရေးသားထားတဲ့ ထုတ်ပြန်ချက်ကို
ဖတ်ချင်ပါတယ်၊ ရှာပေးပါလို့ တောင်းဆိုလာလို့
သူတို့ကိုပြန်မေးရတယ် ဘာလို့ မယုံတာလဲလို့။

ဆိုတော့ တခါတုန်းက မြန်မာအလုပ်သမားဝန်ကြီး
ဌါနက တာဝန်ရှိသူ အရာရှိကြီး တဦးက ရုပ်သံဌါန
တခုနဲ့အင်တာဗျူးထားတာမှာ ရာသီချိန်စိုက်ပျိုးရေး
အလုပ်သမားတွေ ကိုရီးယားကိုလွှတ်ဖို့ အစိုးရချင်း
စီစဉ်နေပါပြီ မကြာခင်သွားရတော့မှာပါလို့ပြောပြီး
နစ်ပေါက်တော့မယ် ခုထိ မသွားရသေးကတည်းက
မယုံချင်တော့တာဆိုလို့ ကိုယ်လည်း ကိုရီးယားဖက်
ဌါနဆိုင်ရာ ထုတ်ပြန်ချက်တွေ လိုက်ရှာပြီး တွေ့တာ
တင်ပြပေးလိုက်ပါတယ်။

၁။ ၇ ကြိမ် စာမေးပွဲရှိတာက သတင်းအမှန်ဖြစ်ပါတယ်။
(ပုံနဲ့ စခွင်ရိုက်ပြီး တင်ပေးထားပါတယ်)
မြန်မာ အမျိုးသမီးများလည်း ပထမဆုံးအကြိမ်အဖြစ်
eps တော့ပစ် စာမေးပွဲဝင်ဖြေခွင့် ရတော့မယ်ဆိုတဲ့
သတင်းတော့ ကိုရီးယားလို ရေးထားတာ မတွေ့ပေမယ့်
ဒါက မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။ အခြားနိုင်ငံက
အမျိုးသမီးလုပ်သားတွေလည်း ကိုရီးယားကို လာရောက်
အလုပ်လုပ်ကိုင်ခွင့်ရှိနေတာမို့ မြန်မာအမျိုးသမီးလုပ်သား
တွေကိုမှ ထူးခြားပြီး မခေါ်ဘူးတို့၊ စာမေးပွဲမဖြေရဘူးတို့
ကိုရီးယားဖက်ကတော့ လုပ်မှာမဟုတ်ပါ။ စာမေးပွဲဖြေရင်
စာမေးပွဲဝင်ကြေးလည်း ဒေါ်လာနဲ့ရမှာမို့ အိုခေတာပါပဲ။
(ဘယ်သူဝင်ဖြေဖြေ များများဖြေလေ သူတို့ကြိုက်လေပါ)

၂။ ၂၀၂၄ ခုနှစ်အတွက် ဆားဗစ်လုပ်ငန်းသစ်ကို တိုးချဲ့ပြီး
လုပ်သားသစ် ခေါ်ယူမယ့်သတင်းကလည်း အမှန်ဖြစ်ပါတယ်။
(နှစ်စကတည်းက ထုတ်ပြန်ထားပြီး ပုံနဲ့တင်ပေးလိုက်ပါတယ်)
ဆိုးလ်၊ဘူဆန်၊ဂန်းဝန်၊ဂျေဂျုးကျွန်း စတဲ့နေရာက လုပ်ငန်းရှင်
တွေလျှောက်ထားခေါ်ယူနိုင်ပြီး မြန်မာအမျိုးသမီးလုပ်သားများ
ခေါ်ယူမယ်ဆိုတဲ့ အချက်ကိုတော့ ရေးသားထားတာ မရှိပါဘူး။
မရှိဘူးဆိုလို့ ဆရာကြီးကိုခန့်က မဟုတ်ဘူးလို့ ဆိုလိုတာလည်း
မဟုတ်ပါဘူး။ (ကွကိုယ် ဆရာကြီး ပြန်ခေါ်ဝ်ါသုံးနှုန်းရတာလည်း
ရှက်ပါတယ်) ဆားဗစ်လုပ်ငန်းသစ် တိုးချဲ့ခေါ်မှာဖြစ်တဲ့အတွက်
နှစ်ဖက်နိုင်ငံတွေ သဘောတူရင် အလုပ်ရှင်ကလည်း နှစ်ခြိုက်ရင်
မြန်မာကိုလည်း ခေါ်ယူလို့ရမှာဖြစ်ပါတယ်။ သတင်းတွေထဲမှာ
ပါနေတဲ့ မြန်မာအမျိုးသမီးလုပ်သားခေါ်မယ် ၊ လူအရေအတွက်
ဘယ်လောက်ခေါ်မယ်ဆိုတာ မတွေ့ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။
(ဆားဗစ်လုပ်ငန်းဆိုတာ ဟော်တယ်တို့ ကွန်ဒိုတို့မှာ သန့်ရှင်း
ရေးဝန်ထမ်းမျိုး၊ မီးဖိုချောင်မှာအကူတို့ စသဖြင့် အသေးစိတ်ကို
ပုံထဲမှာ ဖတ်ကြည့်နိုင်ပါတယ်)

၃။ လုပ်သားငှားရမ်းမှုစနစ် အီးနိူင်းနဲ့ နှစ်ဖက်နိုင်ငံ MOU ထိုးတဲ့
နိုင်ငံ ၁၆ နိုင်ငံရှိရာက ယခုအခါ တာဂျီကစ္စတန်နိုင်ငံပါ တိုးလာပြီး
စုစုပေါင်း ၁၇ နိုင်ငံဖြစ်သွားပါပြီ။ အဲဒီနိုင်ငံကတော့ ၂၀၂၅ ခုနှစ်မှာ
စတင်ပြီး ကိုရီးယားကို အလုပ်သမားစေလွှတ်မှာ ဖြစ်ပါတယ်။

အားလုံးကို အနှစ်ချုပ်ပြန်လည် သုံးသပ်ပေးရရင် ~
အချိန်အားနေတယ်၊ သင်တန်းကြေးလည်း တတ်နိုင်တယ်ဆိုရင်
ကိုရီးယားစာ+စကား သင်ယူထားပြီး စာမေးပွဲဖြေခွင့်ရရင်လည်း
ဝင်ဖြေထားတာ ကောင်းပါတယ်။ ခေါ်တာ မခေါ်တာ သွားရတာ
မသွားရတာက နောက်ပိုင်းကိစ္စပါ။ သင်ထားတော့ တတ်တာပေါ့။
တတ်ထားတော့ စာမေးပွဲအောင်တာပေါ့။ အခွင့်အရေး ပေါ်ရင်
ချက်ခြင်း ကိုယ့်မှာ အသင့်ဖြစ်တာပေါ့။


#မိမိအများနှစ်ဖြာအကျိုးသယ်ပိုးနိုင်ကြပါစေ

13/02/2024

POEA ကိုယ်စား ဘာသာပြန်ပေးချိန် ရောက်လာပါပြီ။

--- ၁၆ ကြိမ်မြောက် EPS စာမေးပွဲမှာ မိန်းကလေးတွေကိုပါ ဝင်ဖြေခွင့်ပေးလိုက်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းမှာပါ။ မီးဖိုချောင်အကူ (Cooking Assistant) နဲ့ အဆောက်အဦသန့်ရှင်းရေး (Building Cleaner) မှာ ဝင်လုပ်ရမှာပါ။ စားသောက်ဆိုင်၊ ဆေးရုံ၊ ဟိုတယ်၊ ကွန်ဒိုတွေ အကျုံးဝင်လာမှာပါ။

--- အခြေခံပညာအထက်တန်းအောင်ရမယ်ဆိုတာက ဆယ်တန်းအောင်ရမှာပါ။ ကိုးတန်းအောင်နဲ့မရပါဘူး။ နိုင်ငံရပ်ခြား သွားရမဲ့ မိန်းကလေးတွေက အနည်းဆုံးတော့ ထိုက်သင့်တဲ့ တွေးခေါ်စဉ်းစားနိုင်မဲ့ ပညာရည်ချိန် ရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

--- ပတ်စ်ပို့ သက်တမ်းကန့်သတ်ချက်မရှိဆိုတာက သက်တမ်းကုန်နေလည်းရပါတယ်။ PJ PV PS ရပါတယ်။ အလုပ်ဖောင်တင်ချိန်ကျရင်သာ PJ ဖြစ်ဖို့လိုပြီး ဖြေတုန်းကတင်ခဲ့တဲ့ ပတ်စ်ပို့ပါ အမည်၊ မွေးနေ့တွေ တူနေဖို့လိုပါတယ်။

---- ဝန်ဆောင်မှုလုပ်ငန်းအတွက် ခွဲတမ်းများပါတယ်။ ဦးရေ သုံးထောင့်သုံးရာကျော် ခွဲတမ်းရပါတယ်။ အုပ်စု (၁) နဲ့ အုပ်စု (၂) က သန့်ရှင်းရေးနဲ့ စားသောက်ဆိုင် ကွဲသွားတဲ့ သဘောပါပဲ။ ဝန်ဆောင်မှုလုပ်ငန်းအတွက်က အောင်သွားရင်တောင် မွမ်းမံသင်တန်းကို HRD က ထပ်ပေးဦးမှာပါ။

--- လက်ရှိ စိုက်ပျိုးရေးနဲ့ အောင်ထားတဲ့ သူတွေ ဆောက်လုပ်ရေးနဲ့ အောင်ထားတဲ့သူတွေ ဝင်ဖြေလို့ရလားဆိုရင် ရပါတယ်။ ဒါပေမဲ့ အလုပ်လျှောက်လွှာတင်ချိန်ကျရင်တော့ ရချင်မှ ရပါတယ်။ စနစ်မှာ ကန့်သတ်လို့ ပြနေလို့ ဖြစ်ပါတယ်။ ဝင်ဖြေချင်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်ပါ။ POEA က ရတယ်တို့ ဆရာကိုပြည့်လင်းက ရေးထားလို့ ရတယ်လို့တော့ မလုပ်ကြပါနဲ့။

--- အနည်းဆုံးအမှတ်သတ်မှတ်ချက်တွေကတော့ ဖြေတဲ့သူ များတာနဲ့အမျှ မြင့်သွားမှာပါ။ ဥပမာ ဝန်ဆောင်မှုလုပ်ငန်းမှာ အမှတ် ၃၆ မှတ်က အောင်မှတ်ဆိုပေမဲ့ ဖြေတဲ့သူများလားရင် အောင်မှတ်သတ်မှတ်ချက်က အမှတ် ၇၀ လည်း ဖြစ်သွားနိုင်တယ်။ ၈၀ လည်း ဖြစ်သွားနိုင်တယ်။ အဲ့တော့ စာမေးပွဲအောင်မြင်ရုံနဲ့တင် မရပါဘူး။ အမှတ်ကောင်းဖို့လိုပါတယ်။

အောင်မြင်ကြပါစေ..
Credit-Pyae Linn

EPS စာမေးပွဲ ရက် ကြေငြာပါပြီရှင်။ Passport မရှိသေးသော သူများ ၁၀ လပိုင်း ၃ ရက်နေ့တွင် passport လက်ထဲ ရှိမှ တင်လို့ရပါမယ်။
13/02/2024

EPS စာမေးပွဲ ရက် ကြေငြာပါပြီရှင်။
Passport မရှိသေးသော သူများ ၁၀ လပိုင်း ၃ ရက်နေ့တွင် passport လက်ထဲ ရှိမှ တင်လို့ရပါမယ်။

ကိုရီးယား Immigration ကနေ 2024 ခုနှစ်မှာ Visa ပိတ်ထားလိုက်တဲ့ တက္ကသ်ိုလ် ၄၀ စာရင်း📣For Undergraduate/University Graduate...
11/02/2024

ကိုရီးယား Immigration ကနေ 2024 ခုနှစ်မှာ Visa ပိတ်ထားလိုက်တဲ့ တက္ကသ်ိုလ် ၄၀ စာရင်း📣

For Undergraduate/University Graduate (D-2)

1.Nambu University
2.Widuk University
3.Chung-Ang Sangha University
4.Hanshin University
5.Suwon University
6.Yewon University of Arts
7.Jeonju
8.Kosin University
9.Geumgang University
10.Halla University
11.Daegu Institute of Technology
12.Woosong Information University
13.Dongwon University of Science and Technology
14.Yeungnam Institute of Technology
15.Jeonju University of Electrical and Electronic Engineering
16.Jeju Halla University
17.Kangwon Tourism University
18.Korea Elevator University
19.International Law and Management Graduate School
20.Ezra Bible Graduate University

♦ဒီကျောင်း 20ကတော့ majorတက်မဲ့ Undergraduate နဲ့ graduate တွေအတွက်ပါ

For Language Program (D-4)

1.Soonchunhyang
2.Kumoh Institute of Technology
3.Kyungpook National University of Science
4.Dongeui University
5.Yongin University
6.Catholic Sangji University
7.Dongduk Women's University
8.Mokpo University
9.Sangji University
10.Yewon University of Arts
11.Yuwon University
12.Changwon University
13.Chodang University
14.Halla University
15.Chongshin University
16.Daegu Pubilc Health University
17.Dongwon University of Science and Technology
18.Keimyung University
19.Cheongam University
20.International Law and Management University

♦Language Program (D4) နဲ့ ကျောင်းသွားတက်တော့မယ်ဆိုရင် ကိုယ်သွားတက်မယ့်ကျောင်းက Agency တွေမှာ ရှိပေမယ့် အဲ့ကျောင်းကိုလျှောက်ရင် Visa ရမရ သိထားဖို့ကလည်း အရေးကြီးပါတယ် ~

2015 ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှ နိုင်ငံတွေ ဖြစ်တဲ့ Vietnam, Thai, Philippines စတဲ့နိုင်ငံက ကျောင်းသားတွေ ကို Korea ကို Language Program တက်ရောက်ရင်း Overstay လုပ်တဲ့ အရေအတွက်များလာတဲ့အလျှောက် Language Program ကနေ Overstay အလုပ်များတဲ့ကျောင်းတွေကို Korea Immigration ကနေ နှစ်စဉ် Visa ထုတ်ပေးခြင်းကို ကန့်သတ်တဲ့ တက္ကသိုလ် စာရင်းတွေကို ထုတ်ပြန်လေ့ရှိပါတယ်။

ဒီနှစ်မှာလည်း မိမိတို့ တက်ရောက်ချင်တဲ့ တက္ကသိုလ်ဟာ ကိုရီးယား Immigration ကနေ Visa ထုတ်မပေးတဲ့ list ထဲပါမပါ အရင် စစ်ဆေးကြည့်ဖို့လိုပါတယ်

Credit

Address

남구
Busan

Telephone

+821056499114

Website

Alerts

Be the first to know and let us send you an email when ဘဏ်ချေးငွေ၀န်ဆောင်မှု့ for E9/ E7/ F2/F5/f6 Visa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဘဏ်ချေးငွေ၀န်ဆောင်မှု့ for E9/ E7/ F2/F5/f6 Visa:

Share