The Burmese Natural Life

The Burmese Natural Life contact for work-📞09-693036727/09-897442284
(269)

17/05/2026

ကျွန်တော်တို့ အိမ်ကလေးရဲ့ တစ်နေ့တာမှာ
ဧည့်သည်တွေကို ကျွေးမွေးချက်ပြုတ်တာက အစ
အိမ်သာသန့်ရှင်းရေးကိုပါ ကျွန်တော်ကိုယ်တိုင် စိတ်တိုင်းကျ
သန့်ပြန့်နေအောင် ဦးစီးထားပါတယ်။
Vlog ရိုက်ကူးတာနဲ့ service လုပ်ငန်းကို တကယ့်ကို စိတ်နစ်
ပြီး လုပ်ပါတယ်။
အနံအသက်ကင်းပြီး သန့်ရှင်းသပ်ရပ်မူ့က အရေးကြီးပါတယ်။
ကျွန်တော်ကိုယ်တိုင် ခရီးထွက်တဲ့အခါလည်းပဲ တကယ့်ကောင်း
တဲ့ hotel တွေမှာ တည်းခိုလေ့ရှိပါတယ်။
အပြင်အဆင် ဖွဲ့စည်းတည်ဆောက်ပုံ အခင်းအကျင်း ပြင်ဆင်
ထားပုံ အသုံးအဆောင်တွေကအစ လေ့လာရတာ ဝါသနာ အရမ်း
ပါလို့ပါ။
လေ့လာရင်း လုပ်ကိုင်ရင်း နဲ့ ရှေ့လျှောက် natural and luxury
Vibe အရသာ ပေါင်းစပ်ထားတဲ့ အပန်းဖြေစခန်းလေး တစ်ခု
ကိုလည်း မြေဧက 7 ဧကကျော်မှာ ပန်းတစ်ပင်ကအစ ကျွန်တော့
စိတ်တိုင်းကျ ဖြည်းဖြည်းလေး နိုင်သလောက် တည်ဆောက်နေ
ပါတယ်။
ကျွန်တော့ရဲ့ ပုံမှန်တစ်နေ့တာကလေးပါဗျ။
The Burmese Natural Life.

16/05/2026

Life in Panlaung.

နှလုံးသားဖြင့် ဖန်တီးထားသောကြောင့်မျက်လုံးဖြင့် ခံစား၍ မရနိုင်ပါသဖြင့် နှလုံးသားဖြင့် ခံစားမှ ထိုရသသည် ပီပီပြင်ပြင်ပေါ်လ...
15/05/2026

နှလုံးသားဖြင့် ဖန်တီးထားသောကြောင့်
မျက်လုံးဖြင့် ခံစား၍ မရနိုင်ပါသဖြင့်
နှလုံးသားဖြင့် ခံစားမှ ထိုရသသည် ပီပီပြင်ပြင်
ပေါ်လွင်၏တဲ့။
The Burmese Natural Life.

A peaceful day
15/05/2026

A peaceful day

Today ပန်းလောင်ဒေသရဲ့ ရာသီဥတုကတော့အင်မတန်ကို လှပနေပါတယ်ဗျ။ မိုးများလို့ ရေတံခွန်မှာ ရေတွေအများကြီးပြန်ကျဆင်းလာပါပြီ။ အရမ...
12/05/2026

Today ပန်းလောင်ဒေသရဲ့ ရာသီဥတုကတော့
အင်မတန်ကို လှပနေပါတယ်ဗျ။
မိုးများလို့ ရေတံခွန်မှာ ရေတွေအများကြီး
ပြန်ကျဆင်းလာပါပြီ။
အရမ်းလှနေပါပြီခင်ဗျ။
ရှေ့လျှောက် ပက်ပက်စက်စက်လှနေတော့မှာပါ။

11/05/2026

MRTV Radio အစီအစဉ် ကနေဆက်သွယ်လာပြီး Radio အစီအစဉ်ကလေးမှာ အင်တာဗျူး ပါဝင်ခဲ့တာလေးပါဗျ။

ဦးနှောက်ထက် နှလုံးသားကြီးသူက တောင်တန်းတွေကိုပိုချစ်တယ်တဲ့လေ။ အညာမြေမှာနေပြီး တောင်တန်းတွေ တိမ်တိုက်တွေကိုနီးနီးလေး မြင်တ...
10/05/2026

ဦးနှောက်ထက် နှလုံးသားကြီးသူက တောင်တန်းတွေကို
ပိုချစ်တယ်တဲ့လေ။
အညာမြေမှာနေပြီး တောင်တန်းတွေ တိမ်တိုက်တွေကို
နီးနီးလေး မြင်တွေ့ချင်သပဆိုရင် ပန်းလောင်ဒေသလေး
ကိုသာ လာလည်ကြပါဗျာ။
လတ်တလော မိုးစွေနေလို့ တိမ်တွေကို မမြင်ချင်မှအဆုံး။
ကောင်းကင်ကြီးကလဲ ကြည်လင်တောက်ပပြီး လေကောင်း
လေသန့်လဲရသလို အေးမြတဲ့ တောင်ပေါ်ဒေသရဲ့ အငွေ့အ
သက် အပေးနိုင်ဆုံးကာလလေးပါ။
ရှမ်းပြည်ရဲ့ ရာသီဥတုနဲ့ ကရင်ပြည်ရဲ့ မိုးရာသီပေါင်းစပ်ထား
တဲ့ ကျွန်တော်တို့ ပန်းလောင်ဒေသရဲ့ အလှတရားတွေပါဗျ။
နေ့ချင်းပြန်ခရီးအတွက်
09-897442284
09-693036727 သို့ ဖုန်းဆက်ပြီး စုံစမ်းနိုင်ပါတယ်ဗျ။

အသက်ဝင်နေသော ပန်းချီကား တစ်ချပ်……..တိမ်ဆိုင်တွေ တောင်တန်းတွေ ကာရံထားတဲ့ ကျွန်တော့ရဲ့ ကမ္ဘာလေးဟာ မုန်တိုင်းတွေ လေပြင်းတွေ...
10/05/2026

အသက်ဝင်နေသော ပန်းချီကား တစ်ချပ်……..
တိမ်ဆိုင်တွေ တောင်တန်းတွေ ကာရံထားတဲ့ ကျွန်တော့
ရဲ့ ကမ္ဘာလေးဟာ မုန်တိုင်းတွေ လေပြင်းတွေကြားထဲ
အလဲလဲအပြိုပြို ရင်ဆိုင်ခဲ့ပြီးတဲ့နောက် ဒီနေ့တော့ ကြည်
နူးစရာကောင်းလောက်အောင် အလှကြီး လှနေလိုက်တာများ
အို….ဗျာ……….
လာကြည့်ကြစမ်းပါအုံး အရပ်ကတို့ရေ…………..

The Burmese Natural Life.

ပြာလဲ့ရီသော ကောင်းကင်အောက်မှာ……………Today update လေး လှလိုက်တာဆိုတာလေတောင်တန်းတွေနဲ့ တိမ်တိုက်တွေ ပြီးတော့ ကျွန်တော့ရဲ့ကို...
09/05/2026

ပြာလဲ့ရီသော ကောင်းကင်အောက်မှာ……………

Today update လေး လှလိုက်တာဆိုတာလေ

တောင်တန်းတွေနဲ့ တိမ်တိုက်တွေ ပြီးတော့ ကျွန်တော့ရဲ့
ကိုယ်ပိုင်ကမ္ဘာငယ်လေး။

09/05/2026

အသစ်အဆန်းကလေးဖြစ်သွားတယ်။

A Quiet morning အလည်အပတ်လာရောက်လိုကြတဲ့ဧည့်သည်တော်များခင်ဗျား။ နေ့လည်စာ ကြက်ကာလသားချက်ဆိတ်သားခြောက်၊မြစ်ငါးကြော်၊ဆူးပုပ်...
08/05/2026

A Quiet morning
အလည်အပတ်လာရောက်လိုကြတဲ့
ဧည့်သည်တော်များခင်ဗျား။
နေ့လည်စာ ကြက်ကာလသားချက်
ဆိတ်သားခြောက်၊မြစ်ငါးကြော်၊ဆူးပုပ်ရွက် ဟင်းရည်
ပူပူလေး၊ဂွေးတောက်ရွက် စပ်ချက်ကလေး၊ငြုပ်သီးထောင်း
ရေသန့်၊ကော်ဖီ၊အအေးနှင့်၊ဖရဲသီး ချိုချိုလေး၊စိန်တလုံး
သရက်သီး တို့ဖြင့် ဧည့်ခံကျွေးမွေးပါတယ်ဗျ။

အဝစားပြီး စိတ်ကြိုက်သုံးဆောင်မှ ရမှာပါနော်ဗျ။ 😍
လည်ပတ်စရာများ အနေဖြင့်
ကင်းတားလေးဆည်
ပိန္နဲပင်ကြိုးတံတား
ပန်းလောင်မြစ် ရေတံခွန်
သစ်လုံးအိမ်ကလေးနှင့် စမ်းချောင်းသို့ ဖြစ်ပါတယ်။
ပန်းလောင်မြစ်ထဲ စက်လှေအသွား-အပြန်ခ နှင့် အသက်ကယ်
အင်္ကျီ ပါဝင်ပါတယ်။
သစ်လုံးအိမ်ကလေးသို့ လှည်းကလေးဖြင့် ကြို-ပို့အပါအဝင်
အားလုံးအပြီး အစီး
လူကြီးတစ်ဦးအတွက်(၈၀၀၀၀)ကျပ်
၁၀နှစ်အောက်ခလေး(၅၀၀၀၀)ကျပ်
၅နှစ်အောက်ခလေး(အခမဲ့) ဖြင့် ဝန်ဆောင်မူ့ ပေးပါတယ်ဗျ။

စားသောက်ဆိုင်မှာ စားသောက်ရသလိုမျိုး မဟုတ်ပဲ
အိမ်မှာ မိသားစုသဖွယ် စားသောက်ရသလိုမျိုးဖြင့်
သစ်လုံးအိမ်ကလေးမှာ စီစဉ်ပေးပါတယ်ဗျ။
ဒါသည် နေ့ချင်းပြန်ခရီးစဉ် အတွက်ဖြစ်ပါတယ်ဗျ။
တောအရပ် တောဇာတ်ဖြစ်ပါသဖြင့် အစားအသောက်များ
မှာ တစ်ရက်ကြိုတင်ပြီး စီမံရပါတယ်ဗျ။ ထို့ကြောင့်
တစ်ရက်ကြိုတင်ပြီး booking လုပ်မှသာ အဆင်ပြေ
နိုင်ပါသည်ဗျ။

လတ်တလောအခြေအနေမှာ ညအိပ်ခရီးစဉ်များ အနေဖြင့်
မရနိုင်သေးပါခင်ဗျ။
ထပ်မံသိရှိလိုပါက အောက်ပါနံပါတ်များသို့ ဖုန်းဆက်၍သာ
စုံစမ်းနိုင်ပါသည်ခင်ဗျ။
(09-897442284/09-693036727)

Address

Cheonan
31000

Website

Alerts

Be the first to know and let us send you an email when The Burmese Natural Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category