01/05/2024
📣📣2025 POSCO Asia Fellowship- Graduate School Scholarship for STEM Fields📣📣
안녕 여러분 ~~
ဒီနေ့ မင်မင် မြန်မာက လူတွေနဲ့ နည်းနည်းစိမ်းတဲ့ ကိုရီးယားမှာ ဘွဲ့လွန်တက်ခွင့်ရမဲ့ POSCO company ကပေးတဲ့ full scholarship အကြောင်း sharing လုပ်ပေးပါမယ်။
မင်မင်က PhD တက်ဖို့အတွက် 2024 POSCO Asia Fellowship အတွက်ရွေးချယ်ခံခဲ့ရပါတယ်။
ဒီ Scholarship က ကိုရီးယားမှာ ဘွဲ့လွန် Master&PhD တက်ရောက်ဖို့ STEM fields ကအာရှနိုင်ငံသား တစ်နှစ်ကို ကျောင်းသား အယောက် ၅၀ ကိုပေးတာပါ။ 2024 အတွက် မြန်မာနိုင်ငံက 3 ယောက်ရွေးချယ်ခံခဲ့ရပါတယ်။
ဒီ Scholarship ရဲ့ ထူးခြားချက်က Scholar သပ်သပ် ကျောင်းဝင်ခွင့် သပ်သပ် လျှောက်ရတာပါ။ လျှောက်ခွင့်ရှိတဲ့ ကျောင်း ၉ ကျောင်း သတ်မှတ်ပေးထားပါတယ်။ ပြီးတော့ Scholar ရပြီးသွားရင် ရတဲ့နှစ်ရဲ့ semester 2 ခုလုံးကို try ခွင့်ရှိပါတယ်။ ဥပမာ 2025 အတွက်ဆိုရင် scholarship ရပြီး 2025 spring semester မှာကျောင်းဝင်ခွင့်မရလိုက်ဘူးဆိုရင် 2025 fall semester ကိုထပ်လျှောက်လို့ရပါတယ်။ မင်မင့်တုန်းက Scholar result ထွက်တဲ့ချိန်မှာ ရွေးထားတဲ့ ၃ ကျောင်းမှာ ၂ ကျောင်းက admission ပိတ်သွားလို့ မလျှောက်လိုက်ရပါဘူး။ ကျန်သေးတဲ့ တစ်ကျောင်းက professor နဲ့ အဆင်မပြေဖြစ်သွားလို့ 2024 spring semester intake ကိုမတက်ဖြစ်လိုက်ဘူးပေါ့နော်။ ခု fall အတွက်လျှောက်ထားပြီးကျောင်းဝင်ခွင့်အတွက်စောင့်နေတာပါ။ ထီတော့ပေါက်ထားပြီ လက်မှတ်က ရှာနေတုန်းဆိုသလိုပေါ့။ 😅
1- Eligibility & Requirements
- [ ] Bachelor or Master degree ပြီးထားပြီး အာရှနိုင်ငံသားဖြစ်ရပါမယ်။
- [ ] သူသတ်မှတ်ပေးထားတဲ့ ကျောင်း ၉ ကျောင်း မှာ 2025 spring or fall semester တက်ရောက်ချင်သူဖြစ်ရပါမယ်။
- [ ] မနှစ်က English Proficiency မတောင်းပေမဲ့ ဒီနှစ် Announcement မှာပါလာပါတယ်။ အောက်က table မှာကြည့်ပါ လိုအပ်တဲ့ scores ကို
- [ ] Minimum GPA: 2.7 out of 4.0 (=2.87 out of 4.3, 3.0 out of 4.5, 82.9 out of 100)
2- Benefits
Full tuition fee & living expenses ထောက်ပံ့ပေးပါတယ်။ Details အောက်က link နဲ့ table မှာကြည့်ပါ။
3- How to apply?
https://postf.recruiter.co.kr
ဒီ website မှာ application submit လုပ်ပေးရမှာပါ။
4- Application Timeline (Korean Time)
• Application Submission: May 1st ~ 31st (UTC+9) 23:59, 2024
• 1st Result Announcement* (interview candidates to be notified): End of July
• Interview*: 1Week August
• Final Result Announcement*: End of August
* Tentative ONLY
※ Note
- Applicants need to apply separately to their desired universities.
- Applicants can select up to three universities below, which is in alphabetical order and does not denote any ranking or preference.
1) Ewha Womans University(이화여자대학교
2) Hanyang University, Seoul(한양대학교 서울캠퍼스)
3) KAIST(한국과학기술원)
4) Korea University, Seoul(고려대학교 서울캠퍼스)
5) Kyung Hee University(경희대학교)
6) POSTECH(포항공과대학교)
7) Seoul National University(서울대학교)
8)Sungkyunkwan University(성균관대학교
9) Yonsei University, Seoul(연세대학교 신촌캠퍼스)
- If the Certificate of Admission (COA) is not submitted before the semester starts, the fellowship may be canceled.
လျှောက်ခွင့်ရှိတဲ့ ကျောင်း ၉ ကျောင်းက ကိုရီးယားရဲ့ top ကျောင်းတွေပါ။ competitive တော့အတော်ဖြစ်ပါတယ်။ semester ၂ ခုလုံး ဝင်ခွင့်မရခဲ့ရင် scholarship cancel ဖြစ်မှာပါ။
May လအကုန်ထိ လျှောက်ပြီးရင် July လအကုန်လောက်မှာ interview လေ့ရှိပါတယ်။ အဲ့အချိန်ကျရင် interview အတွေ့အကြုံထပ် sharing လုပ်ပေးပါမယ်။
( https://www.postf.org/en )
( https://postf.recruiter.co.kr/app/jobnotice/view?systemKindCode=MRS2&jobnoticeSn=176210 ) ဒီ link တွေမှာ အသေးစိတ်ဝင်ကြည့်ပြီး သေချာပြင်ဆင်ကြပါ။ Top Ranking ကျောင်းတွေမှာ full scholarship နဲ့ တက်ရောက်ခွင့်ရမှာမို့ အားလုံးပဲ သေချာပြင်ဆင်ပြီး အိပ်မက်တွေဆီ အရောက်လှမ်းနိုင်ကြပါစေနော်။ Good luck 🍀