FLY WAY Services

FLY WAY Services Let’s go with FLY WAY!
☎️Phone 010 5812 2249
📱Viber +8210 5812 2249

⛩️ဟုန်းဒယ်အိဂူဘူတာ (Hongik Univ. Station)⛩️အီဘောရော့ကွန်း ဟုန်းဒယ်အိဂူ ဟုန်းဒယ်အိဂူရော့ အီမနီဒါ...နယ်လီရှီမွန်းနွန်း အွန...
28/04/2025

⛩️ဟုန်းဒယ်အိဂူဘူတာ (Hongik Univ. Station)⛩️

အီဘောရော့ကွန်း ဟုန်းဒယ်အိဂူ ဟုန်းဒယ်အိဂူရော့ အီမနီဒါ...နယ်လီရှီမွန်းနွန်း အွန်းကြို့ အီမနီဒါ။
(이번역은 홈대입구,홍대입구역 입니다. 내리실문은 왼쪽입니다) ဆိုတဲ့အသံကြားလိုက်ရင်ဖြင့် လူငယ်၊ အနုပညာ နှင့် ဖျော်ဖြေရေးတို့ရဲ့ ဗဟိုချက်🇰🇷

⛩️ဆိုးလ်မြို့ရဲ့ အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဖြစ်တဲ့ Subway Line 2 (မြေအောက်ရထားလိုင်း ၂)၊ Airport Railroad Express (AREX - အဲယားပို့တ် ရထားလိုင်း)၊ Gyeongui-Jungang Line (ဂယောင်းအီ-ဂျူံအန်း လိုင်း) တို့ ဆုံစည်းရာ အချက်အချာကျတဲ့ ဘူတာကိုရောက်ရှိပါပီ။ ဒီဘူတာပတ်ဝန်းကျင်ဟာ လူငယ်တွေရဲ့ တီထွင်ဖန်တီးမှု၊ အနုပညာ၊ ဂီတ၊ ဖက်ရှင်၊ အစားအသောက် စတာတွေနဲ့ အမြဲတမ်း သက်ဝင်လှုပ်ရှားနေတဲ့ နေရာတစ်ခုအဖြစ် ကျော်ကြားပါတယ်။ ဘူတာမှာ ထွက်ပေါက်တွေ အများကြီးရှိပြီး ထွက်ပေါက်တစ်ခုချင်းစီက မတူညီတဲ့ ဟုန်းဒယ် (Hongdae) နဲ့ ယောန်နမ်ဒုံ (Yeonnam-dong) ရဲ့ အငွေ့အသက်တွေကို ခံစားစေနိုင်မှာပါ။

🟦ထွက်ပေါက်၉ (Exit 9): ဟုန်းဒယ်ရဲ့ အစည်ကားဆုံး နှလုံးသား
▪️ဒါကတော့ ဟုန်းဒယ်ရဲ့ အကျော်ကြားဆုံးနဲ့ အစည်ကားဆုံး ထွက်ပေါက်ပါ။ ဘူတာက ထွက်လိုက်တာနဲ့ လူငယ်တွေ၊ ခရီးသွားတွေနဲ့ ပြည့်နှက်နေတာကို တွေ့မြင်ကျရမှာပါ။ ညနေပိုင်းနဲ့ စနေ၊တနင်္ဂနွေတွေမှာတော့ ဒီနေရာတစ်ဝိုက်မှာ K-Pop အက၊ သီချင်းဆို၊ တူရိယာတီးခတ်မှု စတဲ့ လမ်းပေါ်ဖျော်ဖြေပွဲတွေ အများကြီးပေါ့။
▪️ဖက်ရှင်ဆိုင်တွေ၊ အလှကုန်ဆိုင်တွေ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကလပ်တွေ စီတန်းနေတဲ့ အဓိက လမ်းမကြီးဆီကို ဒီထွက်ပေါက်ကနေ အလွယ်တကူ သွားရောက်နိုင်ပါတယ်။
▪️လူရှုပ်တာကို မမှုဘူးဆိုရင်၊ ဟုန်းဒယ်ရဲ့ တကယ့် အစည်ကားဆုံး အငွေ့အသက်ကို ခံစားချင်ရင် ဒီထွက်ပေါက်ကနေ စတင် လည်ပတ်သင့်ပါတယ်။

🟦ထွက်ပေါက် ၈ နှင့် ၇ (Exit 8 & 7)ဖက်ရှင်၊ အစားအသောက် နှင့် "လမ်းလျှောက်ချင်စရာ လမ်း"
▪️Exit 9 နားမှာပဲ ရှိပေမယ့် ဒီဘက်ခြမ်းမှာတော့ ဖက်ရှင်ဆိုင်တွေ၊ အထူးသဖြင့် အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းဆိုင်တွေ ပိုများပါတယ်။ စားသောက်ဆိုင်ကောင်းကောင်းတွေနဲ့ ကဖေးလှလှလေးတွေလည်း အများကြီးရှိပါတယ်။
▪️ဒီထွက်ပေါက်တွေကနေ သွားရတဲ့ လမ်းတစ်လျှောက်မှာ စားသောက်ဆိုင်၊ အဝတ်အစားဆိုင်၊ ဘားတွေ စီတန်းနေပြီး ညဘက်မှာ ပိုပြီး စည်ကားပါတယ်။ ကိုရီးယားအစားအစာမျိုးစုံ (Korean BBQ, ကြက်ကြော် ဘီယာ - Chimaek) ကနေစလို့ နိုင်ငံတကာ အစားအစာတွေအထိ ရွေးချယ်စရာ ပေါများပါတယ်။
▪️အဓိက ဟုန်းဒယ်လမ်းမကြီးရဲ့ ဘေးဘက် လမ်းကြားလေးတွေထဲ လျှောက်ကြည့်ရင် စိတ်ဝင်စားစရာ ဆိုင်လေးတွေ၊ စားသောက်ဆိုင်လေးတွေ ထပ်တွေ့နိုင်ပါတယ်။

🟦ထွက်ပေါက် ၃ (Exit 3): ယောန်နမ်ဒုံ (Yeonnam-dong) နှင့် ဂယောင်းအီလိုင်း သစ်တောပန်းခြံ
▪️ဒီထွက်ပေါက်ကနေ ထွက်လိုက်ရင် ဟုန်းဒယ်ရဲ့ ဆူညံမှုနဲ့ နည်းနည်း ကင်းလွတ်ပြီး ပိုပြီး ငြိမ်သက်အေးချမ်းတဲ့ "ယောန်နမ်ဒုံ" (Yeonnam-dong) ရပ်ကွက်ကို ရောက်သွားပါပီ။ ရထားလမ်းဟောင်းကို ပန်းခြံအဖြစ် ပြောင်းလဲထားတာဖြစ်ပြီး "Yeontral Park"လို့လည်း လူသိများပါတယ်။ ▪️စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေ၊ လမ်းလျှောက်ဖို့၊ စက်ဘီးစီးဖို့၊ ခွေးလေးတွေနဲ့ လမ်းလျှောက်ထွက်ဖို့ နေရာကောင်းတစ်ခုပါ။ ပန်းခြံဘေးတစ်လျှောက်မှာ ထူးခြားတဲ့ ကဖေးတွေ၊ စားသောက်ဆိုင်တွေ၊ လက်မှုပစ္စည်းဆိုင်လေးတွေ အများကြီးရှိပါတယ်။
▪️ကိုယ်ပိုင် ဒီဇိုင်း၊ အတွေးအခေါ်တွေနဲ့ ဖွင့်ထားတဲ့ ကဖေး၊ စားသောက်ဆိုင်၊ ဘားလေးတွေကြောင့် နာမည်ကြီးပါတယ်။
▪️တရုတ်စားသောက်ဆိုင်တချို့ စုဝေးနေတဲ့ little china နေရာလေးတစ်ခုလည်း ရှိပါတယ်။ စည်ကားတဲ့ ဟုန်းဒယ်ကနေ ခဏလောက် အနားယူပြီး အေးအေးဆေးဆေး လမ်းလျှောက်ချင်တယ်၊ ကဖေးလှလှလေးမှာ ထိုင်ချင်တယ်ဆိုရင် Exit 3 ဘက်ကို လာခဲ့သင့်ပါတယ်။

🟦ထွက်ပေါက် ၁ နှင့် ၂ (Exit 1 & 2): ယောန်နမ်ဒုံ (Yeonnam-dong) ၏ အခြားတစ်ဖက်
▪️* Exit 3 လိုပဲ ဒီထွက်ပေါက်တွေကလည်း Yeonnam-dong ရပ်ကွက်ဘက်ကို ဦးတည်ပါတယ်။ ထူးခြားတဲ့ စားသောက်ဆိုင်တွေ၊ ကဖေးတွေ၊တည်းခိုခန်း(Guesthouses) တွေ ရှာတွေ့နိုင်ပါတယ်။
▪️Exit 3 ဘက်က ပန်းခြံလောက် လူသိမများပေမယ့် စိတ်ဝင်စားစရာ ဆိုင်လေးတွေ စူးစမ်းရှာဖွေနိုင်တဲ့ နေရာပါ။
▪️ဟုန်းဒယ်ဧရိယာဟာ အလွန်ကျယ်ပြန့်ပြီး လမ်းသွယ်လမ်းကြားတွေထဲမှာ စိတ်ဝင်စားစရာ ဆိုင်လေးတွေ၊ စားသောက်ဆိုင်တွေ၊ အနုပညာနေရာလေးတွေ ပုန်းနေတတ်ပါတယ်။ ဒါကြောင့် အချိန်ပေးပြီး လမ်းလျှောက်စူးစမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။

🟦နေ့ခင်းဘက်မှာ ဈေးဝယ်ထွက်၊ ကဖေးထိုင်လို့ ကောင်းသလို၊ ညဘက်မှာတော့ လမ်းပေါ်ဖျော်ဖြေပွဲတွေ၊ ဘားတွေ၊ ကလပ်တွေနဲ့ ပိုပြီး သက်ဝင်လှုပ်ရှားပါတယ်။
🟦ကိုယ့်စိတ်ကြိုက် အငွေ့အသက် (ဆူညံစည်ကားမှု ဒါမှမဟုတ် အေးချမ်းမှု) ပေါ်မူတည်ပြီး သက်ဆိုင်ရာ ထွက်ပေါက်ကနေ စတင်လည်ပတ်ကြည့်ကြပါ။

⛩️ဟုန်းဒယ်အိဂူ ဘူတာ နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်ဟာ ဆိုးလ်မြို့ကို လာရောက်လည်ပတ်သူတိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခုပါ။
⛩️နိုင်ငံအတွင်းနေထိုင်သူ မြန်မာနိုင်ငံသားများလဲ တစ်ကြိမ်တစ်ခါလောက်တော့ လည်ပတ်ကြည့်ကြပါလို့ တိုက်တွန်းပါတယ်။

Let's go with FLY WAY!
#서울 #홈대입구

28/04/2025

평택거리 문화축제 (ယဉ်ကျေးမှုပွဲတော်) #평택 #평택거리 #문화축제

‼️Emergency‼️Samsung역က စာကြည့်တိုက်ကြီး Coex mall မီးလောင်မှုဖြစ်ပွား🔥 ဆိုးလ်ရှိ COEX တွင် မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်ခ...
25/04/2025

‼️Emergency‼️
Samsung역က စာကြည့်တိုက်ကြီး Coex mall မီးလောင်မှုဖြစ်ပွား🔥

ဆိုးလ်ရှိ COEX တွင် မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်
ခရီးသည်များနှင့် ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပီးပီ လို့သိရပါတယ်။

"မီးသတ်ဌာနက 11:06 တွင်သတင်းထုတ်ပြန်ခဲ့ပါတယ်"
အတွင်းပိုင်းအသုံးပြုသူများနှင့် ဝန်ထမ်းများအား အရေးပေါ် ရွှေ့ပြောင်းပေးပီး အခုထိတော့ထိခိုက်သေဆုံးမှု မရှိသေးပါဘူး။

မီးသတ်ကား အစီး ၂၀ လောက်နဲ့ မီးငြှိမ်းသတ်နေကျပါတယ်။

Source from naver

⛩️ကိုရီယားမှာနေထိုင်သူတွေနဲ့ Traveller တွေအတွက် ဒီအပတ် ပိတ်ရက်မှာ သွားရောက်လည်ပတ်ကြည့်ရှုစရာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပွ...
23/04/2025

⛩️ကိုရီယားမှာနေထိုင်သူတွေနဲ့ Traveller တွေအတွက် ဒီအပတ် ပိတ်ရက်မှာ သွားရောက်လည်ပတ်ကြည့်ရှုစရာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပွဲတော်ကြီးတစ်ခု🏮

🪷(연등회) ယွန်းဒွန်းဟွာ ကိုရီးယားရဲ့ ထူးခြားတဲ့ကြာပန်းမီးပုံးပွဲတော်

⚜️ယွန်းဒွန်းဟွာဆိုတာ နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိတဲ့ ကိုရီးယားရဲ့ ရိုးရာမီးပုံးပွဲတော်တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာရဲ့ အလင်းရောင်နဲ့ ပညာဉာဏ်ကို ကိုယ်စားပြုပါတယ်။ "ကြာပန်းမီးပုံးပွဲတော်" လို့ လူသိများတဲ့ ဒီပွဲတော်ဟာ ကိုရီးယားလူမျိုးတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်အပြင် စည်းလုံးညီညွတ်မှုနဲ့ ပျော်ရွှင်မှုကို ဖော်ညွှန်းတဲ့ အခါသမယတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ယူနက်စကိုရဲ့ လူသားတို့၏ မမြင်နိုင်သော ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်စာရင်းဝင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရတဲ့ ကိုရီးယားရဲ့ အထင်ကရပွဲတော်တစ်ခုပါ။

⚜️ယွန်းဒွန်းဟွာပွဲတော်ကို များသောအားဖြင့် ဗုဒ္ဓဘာသာရဲ့ လပြက္ခဒိန်အရ ရှစ်လမြောက်ရဲ့ ရှစ်ရက်မြောက်နေ့မှာ ကျရောက်တဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေ့တစ်နေ့ဖြစ်တဲ့ ဘုရားရှင် ပွင့်တော်မူရာ နေ့ (Buddha's Birthday) မတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုမှာ ကျင်းပလေ့ရှိပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့်တော့ ဧပြီလနဲ့ မေလအတွင်းမှာ ကျရောက်လေ့ရှိပါတယ်။

⚜️ယွန်းဒွန်းဟွာပွဲတော်ရဲ့ အဓိက လှုပ်ရှားမှုတွေကို ဆိုးလ်မြို့ရဲ့ ဂျုံနို (Jongno) လမ်းမကြီး၊ ဂျိုဂီဆာ (Jogyesa) ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ အနီးတဝိုက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။

⚜️ယွန်းဒွန်းဟွာပွဲတော်ဟာ ရှေးဟောင်း ရှင်းလား (Silla) ခေတ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဂိုလျော (Goryeo) မင်းဆက်နဲ့ ဂျိုဆွန်း (Joseon) မင်းဆက်တွေအထိလက်ဆင့်ကမ်း ဆက်လက်ကျင်းပခဲ့ကျတဲ့ပွဲတော်တစ်ခုပါ။ အစပိုင်းမှာ ဗုဒ္ဓဘာသာဆိုင်ရာ အခမ်းအနားတစ်ခုအနေနဲ့ ကျင်းပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လူထုပွဲတော်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ခေတ်အဆက်ဆက်မှာ ပွဲတော်ရဲ့ အသွင်အပြင်နဲ့ ကျင်းပတဲ့ပုံစံတွေ အနည်းငယ်ပြောင်းလဲသွားပေမယ့် မူလရည်ရွယ်ချက်ဖြစ်တဲ့ လူအများရဲ့ စိတ်ဝိညာဉ်ကို မြှင့်တင်ပေးပြီး ပျော်ရွှင်မှုတွေ ယူဆောင်လာပေးနိုင်တဲ့ အနှစ်သာရကတော့ မပြောင်းလဲခဲ့တာအမှန်ပါ။

⚜️ပွဲတော်ရဲ့ အထင်ရှားဆုံးအရာတစ်ခုကတော့ အရောင်အသွေးစုံလင်တဲ့ မီးပုံးတွေနဲ့ လှည့်လည် ပြသကြခြင်းပဲဖြစ်ပါတယ်။ ကြာပန်းပုံစံအပြင် တိရစ္ဆာန်ပုံစံ၊ သမိုင်းဝင်ဇာတ်ကောင်ပုံစံနဲ့ တခြားအနုပညာလက်ရာမြောက်တဲ့ ပုံစံအမျိုးမျိုးကို ထွန်းညှိပြသထားတာဟာ တကယ်ကို ကြည့်ရှုရသူများအဖို့ ရင်သပ်ရှုမောစရာပါ။ အထူးသဖြင့် ညဘက်မှာ မီးရောင်တွေနဲ့ ထိန်လင်းနေတဲ့ မြင်ကွင်းဟာ အံ့မခန်းဖွယ်ရာပေါ့။

🏮ပွဲတော်ရဲ့ အထွတ်အထိပ်လို့ ဆိုနိုင်တဲ့ မီးပုံးစီတန်းလှည့်လည်ပွဲဟာ လူအများအပြားရဲ့ စိတ်ဝင်စားမှုကို အများဆုံးဖမ်းစားနိုင်တဲ့ လှုပ်ရှားမှုတစ်ခုပါ။ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူတွေဟာ သူတို့ကိုယ်တိုင် ပြုလုပ်ထားတဲ့ လှပတဲ့ မီးပုံးတွေကို ကိုင်ဆောင်ပြီး မြို့ရဲ့ အဓိကလမ်းမတွေပေါ်မှာ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကြပါတယ်။ တေးဂီတသံတွေ၊ ရိုးရာအကတွေနဲ့အတူ ပျော်ရွှင်မှုတွေ ဖြန့်ဝေတဲ့ ဒီစီတန်းလှည့်လည်ပွဲဟာ တကယ်ကို မမေ့နိုင်စရာ အတွေ့အကြုံသစ်တစ်ခုပါပဲ။

🏮ပွဲတော်ကာလအတွင်းမှာ ကိုရီးယားရဲ့ ရိုးရာအကတွေ၊ သီချင်းတွေ၊ တူရိယာတီးမှုတ်ပွဲတွေနဲ့ အခြားဖျော်ဖြေပွဲတွေကိုလည်း နေရာအတော်များများမှာ ကျင်းပပြုလုပ်ပါတယ်။ ဒီဖျော်ဖြေပွဲတွေကနေ ကိုရီးယားရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုကို ခံစားနိုင်မှာပါ။

🏮ယွန်းဒွန်းဟွာ ဗုဒ္ဓဘာသာပွဲတော်တစ်ခုဖြစ်တဲ့အားလျော်စွာ ဘုန်းတော်ကြီးကျောင်းတွေမှာ ဘာသာရေးဆိုင်ရာ ဆုတောင်းပွဲတွေ၊ တရားတော်နာယူပွဲတွေနဲ့ အခြားအခမ်းအနားတွေကိုလည်း ကျင်းပပြုလုပ်ကြပါသေးတယ်။

🏮ယွန်းဒွန်းဟွာပွဲတော်ဟာ ကိုရီးယားလူမျိုးတွေအတွက် သာမန်ပွဲတော်တစ်ခုထက် ပိုပါတယ်။ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ဒီပွဲတော်ဟာ ကိုရီးယားရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို ထင်ဟပ်စေတဲ့ အရေးပါတဲ့ ပြရုပ်တစ်ခုပါ။
မီးပုံးတွေရဲ့ အလင်းရောင်ဟာ အမှောင်ကို ဖယ်ရှားပြီး မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုကို ယူဆောင်လာပေးတယ်လို့ ယုံကြည်မှုနဲ့အတူနှစ်စဥ်မပျက်ကျင်းပနေကြတာပါ။ ယူနက်စကိုရဲ့ အသိအမှတ်ပြုမှုကြောင့် ယွန်းဒွန်းဟွာရဲ့ တန်ဖိုးနဲ့ အရေးပါမှုဟာ ကမ္ဘာအဝှမ်းမှာ ပိုမိုထင်ရှားလာခဲ့ပါတယ်။

🏮ယွန်းဒွန်းဟွာပွဲတော်ဟာ ကိုရီးယားရဲ့ လှပတဲ့ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်ကို ခံစားနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ အကယ်၍ဧပြီနဲ့ မေလအတွင်း ကိုရီးယားကို သွားရောက်လည်ပတ်ဖို့ အစီအစဉ်ရှိမယ်ဆိုရင် ဒီထူးခြားတဲ့ ကြာပန်းမီးပုံးပွဲတော်ကို သွားရောက်လေ့လာဖို့ မမေ့ပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

Let's go with FLY WAY!



#연등회
#부처님오신날
#ဗုဒ္ဓနေ့
#ကြာပန်းမီးပုံးပွဲတော်
Crd photo

🇯🇵နေမဝင်အင်ပါယာ နီပွန်မြေ🇯🇵 လွန်ခဲ့သော ရာစုများစွာက အာရှတိုက်ရဲ့ နေမဝင်အင်ပါယာလို့ ကြွေးကြော်ခဲ့တဲ့မြေ◾️ခွန်နီချီးဝါးလို...
21/04/2025

🇯🇵နေမဝင်အင်ပါယာ နီပွန်မြေ🇯🇵
လွန်ခဲ့သော ရာစုများစွာက အာရှတိုက်ရဲ့ နေမဝင်အင်ပါယာလို့ ကြွေးကြော်ခဲ့တဲ့မြေ

◾️ခွန်နီချီးဝါးလို့ နှုတ်ဆက်လိုက်တဲ့ အသံနဲ့အတူ ဂျပန်နိုင်ငံဟာ ၂၁ရာစုမှာတော့ ယဥ်ကျေးလှပစွာ အိပ်ပျော်နေသောတိုင်းပြည်တစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက လူတိုင်း သွားရောက်လည်ပတ်ချင်စရာကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်လို့နေပါတယ်။

◾️ရှေးဟောင်းယဉ်ကျေးမှုနဲ့ ခေတ်မီနည်းပညာတွေ ပေါင်းစပ်ထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်ပြည်ဟာ သဘာဝအလှတွေ၊ အရသာရှိတဲ့ အစားအစာတွေနဲ့ ယဥ်ကျေးဖော်ရွေလာတဲ့ လူတွေကြောင့် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်လာပါတော့တယ်။

⁉️ဘာကြောင့် ဂျပန်ကို သွားရောက်လည်ပတ်သင့်တာလဲ؟

🏯ရှေးဟောင်းဘုရားကျောင်းတွေ၊ ရဲတိုက်တွေ၊ ရိုးရာပွဲတော်တွေနဲ့ ဆာမူရိုင်းခေတ်ရဲ့ အငွေ့အသက်တွေကို ခံစားနိုင်မဲ့နေရာဖြစ်နေလို့ပါ။

🗾လှပတဲ့ တောင်တန်းတွေ၊ သာယာလှပတဲ့ ကမ်းရိုးတန်းတွေ၊ ရင်သပ်ရှုမောဖွယ် ရာသီအလိုက် ပန်းတွေကြည့်ရှုနိုင်တာလဲ ဂျပန်ပြည်ကပေးတဲ့ ဆုလာဘ်ပါပဲ။ဂျပန်တို့ရဲ့ ဆာကူရာပန်းဟာလဲ ချယ်ရီပန်းလားလို့ မေးစရာမလို့အောင် မြန်မာတွေသိနေကျမှာအမှန်ပါ။ ဆူရှီ၊ ရာမန်၊ တမ်ပူရာတို့လို ဂျပန်စာတွေဟာလဲ မြန်မာလူမျိုးတို့နဲ့ တရင်းတနှီး အစားစာတွေပါ။

🎌တိုကျိုလို မြို့ကြီးတွေမှာ ခေတ်မီ ဗိသုကာလက်ရာတွေ၊ စျေးဝယ်စင်တာတွေနဲ့ လျှင်မြန်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေဟာ ခရီးသွားတွေအတွက် လွယ်ကူစွာသွားလာနိုင်ဖို့ ပံ့ပိုးပေးနေပါတယ်။

🎏တမူထူးခြားတဲ့ ဘေးမဲ့ဥယျာဉ်တွေ၊ ရိုးရာလက်ဖက်ရည်ပွဲတွေနဲ့ ရေပူစမ်းတွေမှာ စိတ်အေးချမ်းမှုကို ရှာဖွေနိုင်ပါတယ်။ဂျပန်နိုင်ငံရဲ့ အဓိက ခရီးသွားနေရာများဖြစ်တဲ့ တိုကျို Tokyo ကျိုတို (Kyoto) နဲ့ အိုဆာကာ (Osaka) တို့ဟာ မသွားမဖြစ် လည်ပတ်စရာမြို့ကြီးတွေပါ။

🍡အရသာရှိတဲ့ အစားအစာတွေနဲ့ နာမည်ကြီးပြီး ပျော်စရာကောင်းတဲ့ night lifeတွေကို ခံစားနိုင်ဖို့ ဒိုတွန်ဘိုရိ (Dotonbori)ဟာ မသွားမဖြစ် နေရာတစ်ခုပေါ့။

◾️ဟီရိုရှီးမား (Hiroshima) လို့ဆိုရင်လဲ သမိုင်းဝင်အောက်မေ့ဖွယ်နေရာတွေ (ငြိမ်းချမ်းရေးဥယျာဉ်နဲ့ အဏုမြူဗုံးပြတိုက်)ရှိပြီး ငြိမ်းချမ်းရေးနဲ့ အမှတ်တရတွေကို လေ့လာလည်ပတ်နိုင်ပါသေးတယ်။

◾️ဖူဂျီတောင် (Mount Fuji)လို့ပြောလိုက်ရင် ဂျပန်ရဲ့ အမြင့်ဆုံးတောင်...လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်မဲ့သုခဘုံ စသည်ဖြင့် အမှတ်ရလည်ပတ်စရာပေါ့။

ဟိုကိုင်းဒိုး (Hokkaido)ပြီးတော့ အိုကီနာဝါ (Okinawa) စသည်ဖြင့် လည်ပတ်ကြည့်ရှုစရာ နာမည်ကြီးမြို့တွေကို ပိုင်ဆိုင်ထားတဲ့ နီပွန်မြေဟာ ခရီးသွားဖို့ အကောင်းဆုံးအချိန် တွေဖြစ်တဲ့

▪️နွေဦး(မတ်လမှ မေလ) ချယ်ရီတို့ပွင့်ချိန် နဲ့
▪️ဆောင်းဦး (စက်တင်ဘာလမှ နိုဝင်ဘာလ)
အရွက်တွေ အရောင်ပြောင်းချိန်တို့မှာ Traveller တို့ဆုံစည်းရာ အရပ်တစ်ခုအဖြစ် တည်ရှိနေမှာပါ။

🔰ခရီးစဉ်အတွက် အကြံပြုချက်
ဂျပန်နိုင်ငံတစ်ဝှမ်းကို တောင်မြောက်သွားလာဖို့အတွက် ဂျပန်ရထားလမ်း (Japan Rail Pass)ဟာ ကွန်ရက်ကောင်းစွာဖြန့်ကျက်နိုင်တာကြောင့် transportation အတွက် ရထားစီးခြင်းဟာ အကောင်းဆုံးပါပဲ။

🍥ဂျပန်ယန်း (JPY) ကိုငွေသားအတိုင်း အများဆုံး အသုံးပြုကြတာကြောင့် အချို့နေရာတွေမှာ ခရက်ဒစ်ကတ် (Credit Card) ကို အသုံးပြုနိုင်ပေမယ့် ငွေသားအနည်းငယ်တော့ ဆောင်ထားသင့်ပါတယ်။

🍥ယဉ်ကျေးမှု အမူအကျင့်ကောင်းတွေဖြစ်တဲ့ (အားရိကာတို)ကျေးဇူးတင်ကြောင်းနဲ့ (ဆူမီမာစန်)တောင်းပန်ကြောင်း ပြောဖို့ လေ့ကျင့်ထားပါ။

🗾ဂျပန်နိုင်ငံဟာ သွားရောက်လည်ပတ်ဖို့ ထိုက်တန်တဲ့ အံ့သြဖွယ်ကောင်းတဲ့ နိုင်ငံတစ်ခုပါ။ ဒီလမ်းညွှန်လေးတွေက လူကြီးမင်းတို့ရဲ့ ဂျပန်ခရီးစဉ်ကို စီစဉ်ရာမှာ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

FLY WAY နဲ့အတူ သွားချင်ရင်လဲ Visa လျှောက်ထားပေးခြင်းမှစလို့ လည်ပတ် စားသောက် နေထိုင်ရေးအထိ ကူညီဆောင်ရွက်ပေးချင်ပါတယ်။ ပျော်ရွှင်စရာ ခရီးစဥ်လေးတွေကို FLY WAYမှ စီစဥ်ပေးပါရစေ!😍

Let's go with FLY WAY!







Crd photo

🇰🇷ကိုရီးယားနိုင်ငံကိုလာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါ...
14/04/2025

🇰🇷ကိုရီးယားနိုင်ငံကိုလာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ Daiso(ဒိုက်ဇို)ပါပဲ!

Daisoဟာ ဂျပန်နိုင်ငံမှာစတင်ခဲ့ပေမယ့် ကိုရီးယားမှာလည်း အလွန်ရေပန်းစားပြီး ဈေးနှုန်းသက်သာတဲ့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းအမျိုးမျိုးကို ရရှိနိုင်တဲ့ နေရာတစ်ခုပေါ့။

⁉️ဘာကြောင့် Daisoကို သွားသင့်တာလဲ?
Daiso မှာရှိတဲ့ ပစ္စည်းအများစုဟာ 1,000 ဝမ်ကနေ စတင်တာကြောင့် ဘတ်ဂျက်နည်းတဲ့ ခရီးသွားတွေအတွက် အဆင်ပြေပါတယ်။ အိမ်သုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ စာရေးကိရိယာ၊ အဝတ်အစား၊အစားအသောက်၊ အမှတ်တရပစ္စည်းတွေအထိ အမျိုးအစားစုံလင်စွာ ဝယ်ယူနိုင်ပါတယ်။ ကိုရီးယားရဲ့ ထူးခြားတဲ့ ပစ္စည်းလေးတွေကိုလည်း တွေ့နိုင်ပါတယ်။

🔺ဈေးနှုန်းသက်သာပေမယ့် Daiso ရဲ့ ပစ္စည်းတွေဟာ အရည်အသွေးကောင်းမွန်တာကြောင့် ဝယ်ယူရတာ တန်ပါတယ်။

🇰🇷ကိုရီးယားနိုင်ငံရဲ့ မြို့ကြီးတိုင်းမှာ Daiso ဆိုင်ခွဲတွေ အများအပြားရှိတာကြောင့် သွားလာရလွယ်ကူပါတယ်။အထူးသဖြင့် ဆိုးလ်မြို့မှာဆိုရင် နေရာအနှံ့မှာတွေ့နိုင်ပါတယ်။

▫️Daisoမှာ ဈေးဝယ်ရတာဟာ ပျော်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုပါ။ အမျိုးမျိုးအဖုံဖုံသော ပစ္စည်းလေးတွေကို လျှောက်ကြည့်ရင်းနဲ့ မထင်မှတ်ထားတဲ့ အသုံးဝင်ပစ္စည်းလေးတွေကို တွေ့ရှိနိုင်ပါတယ်။ သေးငယ်ပြီး ချစ်စရာကောင်းတဲ့ ကိုရီးယားပုံစံ အမှတ်တရပစ္စည်းလေးတွေကို ဈေးသက်သာစွာ ဝယ်ယူနိုင်ပါတယ်။ (ဥပမာ - သော့ချိတ်၊ လက်ဆောင်ပစ္စည်းသေးသေးလေးတွေ ရိုးရာပုံစံပစ္စည်းလေးတွေ)

▫️ခရီးသွားနေစဉ်မှာ လိုအပ်တဲ့ ပစ္စည်းလေးတွေဖြစ်တဲ့ ခေါင်းအုံးသေးသေးလေး၊ မျက်လုံးစည်း၊ ခရီးဆောင်ဘူးလေးတွေ၊ ပလတ်စတစ်အိတ် စတာတွေကို ဈေးသက်သာစွာ ဝယ်ယူနိုင်ပါတယ်။

▫️ကိုရီးယားရဲ့ နာမည်ကြီး အလှကုန်ပစ္စည်းတံဆိပ်တချို့ရဲ့ ဈေးနှုန်းသက်သာတဲ့ ထုတ်ကုန်လေးတွေကိုလဲ တွေ့နိုင်ပါတယ်။

▫️ချစ်စရာကောင်းပြီး အရည်အသွေးကောင်းတဲ့ ကိုရီးယား စာရေးကိရိယာတွေကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသေးတယ်။

🔺ဆိုင်တော်တော်များများမှာ အင်္ဂလိပ်လို အညွှန်းစာတွေ မရှိတတ်ပါဘူး။ ဒါပေမယ့် ပစ္စည်းပုံတွေကို ကြည့်ပြီး ရွေးချယ်နိုင်ပါတယ်။

▪️လူအများကြီးနဲ့ စည်ကားတတ်ပါတယ်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေလို ရက်တွေမှာ လူပိုများပါတယ်။
▪️တချို့ဆိုင်တွေမှာ Tax Refund ရနိုင်ပါသေးတယ်။ ဒါကြောင့် ဝယ်ယူတဲ့အခါ မေးမြန်းကြည့်ပါ။
▪️ကိုရီးယား Daisoဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဈေးသက်သာစွာနဲ့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်တဲ့ အကောင်းဆုံးနေရာတစ်ခုပါ။ ကိုရီးယားရဲ့ ယဉ်ကျေးမှုနဲ့ ထုတ်ကုန်တွေကိုလည်း တစ်နေရာတည်းမှာ ကြည့်ရှုနိုင်တာကြောင့် သွားရောက်လည်ပတ်ဖို့ တကယ်ကို တန်ပါတယ်။ ကိုရီးယားခရီးစဉ်မှာ Daisoကို မမေ့ဘဲထည့်သွင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

ပျော်ရွှင်စရာ ဈေးဝယ်ခရီးစဉ်လေးတစ်ခုအဖြစ် FLY WAY က လမ်းညွှန်ပေးလိုက်ပါတယ်နော်!

Let's go with FLY WAY!




Photo crd

ကိုရီးယားရဲ့ ချယ်ရီပွင့်ချိန်🌸      #벚꽃
09/04/2025

ကိုရီးယားရဲ့ ချယ်ရီပွင့်ချိန်🌸 #벚꽃

ကိုရီးယားရဲ့ချယ်ရီပန်းပွင့်ချိန် = ၂၀၂၅ခုနှစ်🌸🇰🇷ကိုရီးယားနိုင်ငံရဲ့နွေဦးဟာ ချယ်ရီပန်းတွေရဲ့ လှပတဲ့အရောင်အသွေးတွေနဲ့ စတင်...
27/03/2025

ကိုရီးယားရဲ့ချယ်ရီပန်းပွင့်ချိန် = ၂၀၂၅ခုနှစ်🌸

🇰🇷ကိုရီးယားနိုင်ငံရဲ့နွေဦးဟာ ချယ်ရီပန်းတွေရဲ့ လှပတဲ့
အရောင်အသွေးတွေနဲ့ စတင်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တောင်တန်းတွေ၊ လမ်းမတွေနဲ့ ပန်းခြံတွေဟာ ပန်းရောင်အဖြူရောင် ချယ်ရီပန်းတွေနဲ့ ဖုံးလွှမ်းသွားတာဟာ တကယ့်ကို ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။ ကိုရီးယားကို ချယ်ရီပန်းတွေ ပွင့်ချိန်မှာ လာရောက်လည်ပတ်တာဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် အမှတ်တရအတွေ့အကြုံတစ်ခု ဖြစ်စေမှာသေချာပါတယ်။

🌸ချယ်ရီပန်းတွေ ဘယ်အချိန်မှာပွင့်လဲ?

ကိုရီးယားမှာ ချယ်ရီပန်းတွေ ပုံမှန်အားဖြင့် မတ်လနှောင်းပိုင်းကနေ ဧပြီလလယ် အထိ ပွင့်လေ့ရှိပါတယ်။ ဒါပေမဲ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ပွင့်ချိန် အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ တောင်ဘက်ပိုင်းဒေသတွေမှာ အရင်ဆုံးပွင့်ပြီး မြောက်ဘက်ပိုင်းကိုတဖြည်းဖြည်းချင်း ပွင့်သွားလေ့ရှိပါတယ်။

၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းချက်
(ခန့်မှန်းချက်ဖြစ်လို့ အပြောင်းအလဲရှိနိုင်ပါတယ်နော်)
~ ဂျေဂျူးကျွန်း (မတ်လလယ်ပိုင်း)
~ ဘူဆန် (မတ်လနှောင်းပိုင်း)
~ ဆိုးလ် (ဧပြီလဆန်း)
~ အင်ချွန်း (ဧပြီလလယ်)

ချယ်ရီပန်းတွေကြည့်ဖို့ အကောင်းဆုံးနေရာတွေကတော့
~ဆိုးလ်~
Yeouido Park(여의도공원)
Namsan Park(남산공원)
Seokchon Lake Park(석촌호수공원 )
Children's Grand Park(서울어린이대공원)

~ဂျေဂျူးကျွန်း~
Jeonnong-ro Cherry Blossom Street
Hallasan National Park(한라산국립공원)

~ဘူဆန်~
Dalmaji Hill
Haeundae Beach
Oncheoncheon Park

🌸ချယ်ရီပန်းလမ်းလျှောက်ပွဲတော်တွေကို သွားကြည့်ပါ (ဥပမာ- Jinhae Gunhangje Festival)
~ ပန်းခြံတွေမှာ ပျော်ပွဲစားထွက်ပါ။
~ ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးပါ။
~ ချယ်ရီပန်းနဲ့ပြုလုပ်ထားတဲ့ အစားအစာနဲ့ အချိုရည်တွေကို မြည်းစမ်းပါ။

🇰🇷ချယ်ရီပန်းပွင့်ချိန်ဟာ ကိုရီးယားမှာ ခရီးသွားရာသီစတင်ပီလို့ အသိပေးတဲ့ နရီ ဖြစ်တဲ့အတွက် ဟိုတယ်နဲ့ လေယာဉ်လက်မှတ်တွေကို ကြိုတင်ဘွတ်ကင်လုပ်ထားဖို့ အရေးကြီးပါတယ်။

💗ရာသီဥတုက နွေဦးပေါက်ဖြစ်ပေမဲ့ မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ အေးနိုင်တဲ့အတွက် အနွေးထည်ပါသွားဖို့ လိုအပ်ပါတယ်။

🌸ချယ်ရီပန်းပွင့်ချိန်ကို အပြည့်အဝခံစားနိုင်ဖို့အတွက် ရက်အနည်းငယ်ကြာအောင် အချိန်ပေးပြီး လည်ပတ်တာ အကောင်းဆုံးပါပဲ။

🇰🇷ကိုရီးယားရဲ့ချယ်ရီပန်းပွင့်ချိန်ဟာ တကယ့်ကို မမေ့နိုင်စရာ အတွေ့အကြုံတစ်ခုဖြစ်မှာ သေချာပါတယ်။ ၂၀၂၅ ခုနှစ်မှာ ကိုရီးယားကို လာရောက်ပြီး ချယ်ရီပန်းတွေရဲ့ အလှကို ခံစားဖို့ ဖိတ်ခေါ်ပါတယ်နော်🥰






Let’s go with FLY WAY!

Do You know SAMSUNG⁉️💢မသိတဲ့သူ ဘယ်ရှိလိမ့်မလဲ samsungလို့ပြောရင် မြန်မာပြည်မှာ ဟိုကတည်းက TV ရေခဲသေတ္တာ စသည်ဖြင့် နာမည်ကြ...
26/03/2025

Do You know SAMSUNG⁉️

💢မသိတဲ့သူ ဘယ်ရှိလိမ့်မလဲ samsungလို့ပြောရင် မြန်မာပြည်မှာ ဟိုကတည်းက TV ရေခဲသေတ္တာ စသည်ဖြင့် နာမည်ကြီးပီးသား electronic အမှတ်တံဆိပ်တစ်ခုမဟုတ်ပါလား? ကိုရီးယားမှာတော့ Samsung ဟာ electronic ကုန်အမှတ်တံဆိပ်တစ်ခုတည်းမဟုတ်ပဲ ကိုရီးယားနိုင်ငံရဲ့ အခန်းကဏ္ဍအသီးသီးမှာ နိုင်ငံရဲ့ အနာဂတ်ရထားမောင်းနှင်သူများ ထဲကတစ်ဦးအနေနဲ့ ပါဝင်နေပါတယ်။

🇰🇷ကိုရီးယားနိုင်ငံကို ကမ္ဘာကသိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အမှတ်တံဆိပ်တွေထဲမှာ Samsungဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ Samsung ဟာ ကိုရီးယားရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုက ယနေ့မျက်မှောက်ကာလအထိပါပဲ။

🗺️နိုင်ငံGDPရဲ့ အဓိက အစိတ်အပိုင်း Samsung ဟာ တောင်ကိုရီးယား Gross Domestic Product (GDP) ရဲ့ သိသာထင်ရှားတဲ့ အစိတ်အပိုင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ အင်ဂျင်တစ်ခု ဖြစ်ပါတယ်။

♻️Samsungဟာ ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း အများဆုံး ဖန်တီးပေးတဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ။ ဒါ့အပြင် ဆက်စပ်လုပ်ငန်းတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေပါတယ်။

🌍ကမ္ဘာ့အဆင့်မီ နည်းပညာတွေကို တီထွင်ထုတ်လုပ်ရာမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ စမတ်ဖုန်း၊ တီဗီ၊ ရေခဲသေတ္တာနဲ့ အခြားအီလက်ထရောနစ်ပစ္စည်းတွေအပြင် ဆီမီးကွန်ဒတ်တာနဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေရဲ့ အရေးပါတဲ့နေရာမှာ ရှိပါတယ်။

🗺️ကမ္ဘာ့ဈေးကွက်မှာ သူ့ရဲ့ထုတ်ကုန်တွေကို ရောင်းချခြင်းဖြင့် ကိုရီးယားနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ အများအပြား ရှာဖွေပေးပါတယ်။

🌎Samsungရဲ့ ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုတွေဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ဂုဏ်သတင်းကို ကမ္ဘာမှာ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုပဲ အချို့ကာလတွေမှာ Samsung ရဲ့ တိမ်းစောင်းမှုတွေကနေလဲ ကိုရီးယားနိုင်ငံတော်ဟာ GDP ကျဆင်းမှုတွေနဲ့ကြုံခဲ့ရဖူးပါတယ်။ "Made in Korea" ဆိုတဲ့ အမှတ်တံဆိပ်ကို ယုံကြည်စိတ်ချရတဲ့ အရည်အသွေးတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့တဲ့ Samsungဟာ ကိုရီးယား ယဉ်ကျေးမှုကို ကမ္ဘာပေါ် ဖြန့်ချိရာတွင် အထောက်အကူပြုပီး Samsung ရဲ့ နည်းပညာထုတ်ကုန်တွေဟာ K-Pop၊ ရုပ်ရှင်နဲ့ ဒရာမာတွေလိုမျိုး ကိုရီးယားယဉ်ကျေးမှုကို ကမ္ဘာကို ဖြန့်ချိရာမှာ အရေးပါ ပါတယ်။

📚ပညာရေးနဲ့ သုတေသနကို အားပေးတဲ့ Samsung ဟာ
ကိုရီးယားမှာ ပညာရေးနဲ့ သုတေသနလုပ်ငန်းတွေကို အများအပြား ပံ့ပိုးကူညီပါတယ်။ နည်းပညာဆိုင်ရာ တက္ကသိုလ်တွေ၊ သုတေသနအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပီး နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အမြဲထောက်ပံ့ပေးနေပါတယ်။

👥လူမှုရေးဆိုင်ရာ တာဝန်ယူမှု (CSR) လှုပ်ရှားမှုတွေကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်ပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ်တွေကို ပံ့ပိုးကူညီခြင်းဖြင့် ကိုရီးယားလူမှုအသိုင်းအဝိုင်းကို အကျိုးပြုနေပါတယ်။

⚙️Samsung ရဲ့ အောင်မြင်မှုဟာ ကိုရီးယားနိုင်ငံရဲ့ စွမ်းဆောင်ရည်နဲ့ တိုးတက်မှုကို ကမ္ဘာကို ပြသနေတဲ့ သက်သေတစ်ခုပါ။ ဒါကြောင့် Samsung ဟာ ကိုရီးယားနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာကောင်းတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်နေတာပါ။ ကိုရီးယားလူမျိုးတွေရဲ့ တစ်နေ့တာဖြတ်သန်းမှုမှာ Samsung ရဲ့ ထုတ်ကုန်တွေဟာမပါမဖြစ်ပါပဲ။

🏆WIN to WIN ဆိုတဲ့ နိုင်ငံရဲ့ ပြည်သူပြည်သားတွေနဲ့ လုပ်ငန်းရှင်တွေအကြား သမမျှတတဲ့ စီးပွားရေး စနစ် တစ်ခုကို ထူထောင်ထားနိုင်တဲ့ ကိုရီးယားနိုင်ငံဟာ ကောင်းမွန်တဲ့ ဒီမိုကရေစီ စံနှုန်းအောက်မှာ ဆက်လက်တိုးတက်နေအုန်းမှာအမှန်ပါပဲ။





Let's go with FLY WAY!

ကိုရီးယားနဲ့ ကော်ဖီယဉ်ကျေးမှု☕️ 🇰🇷ကိုရီးယားမှာ ကော်ဖီဟာ ရေပန်းစားတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပြီး လူမှုရေးနဲ့ ယဉ်ကျေးမှုမှ...
25/03/2025

ကိုရီးယားနဲ့ ကော်ဖီယဉ်ကျေးမှု☕️

🇰🇷ကိုရီးယားမှာ ကော်ဖီဟာ ရေပန်းစားတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပြီး လူမှုရေးနဲ့ ယဉ်ကျေးမှုမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာကတည်းက ကော်ဖီဆိုင်တွေဟာ မြို့ကြီးတွေမှာ အလွန်အမင်း များပြားလာပြီး လူငယ်တွေကြားမှာ တွေ့ဆုံဖို့၊ စကားပြောဖို့နဲ့ အလုပ်လုပ်ဖို့အတွက် အဓိကနေရာတစ်ခု ဖြစ်လာပါတယ်။

👑ကိုရီးယားမှာ ကော်ဖီကို ပထမဆုံး မိတ်ဆက်ခဲ့တာကတော့ ၁၉ရာစုနှောင်းပိုင်းအတွင်း ကိုရီးယားဘုရင် Gojong ဟာ ၁၈၉၆ ခုနှစ်မှာ ရုရှားသံရုံးကို သွားရောက်လည်ပတ်ခဲ့စဉ်က ကော်ဖီဆိုတာကို ပထမဆုံးသိခွင့်ရခဲ့ပီး အဲဒီနောက်ပိုင်းမှာ ကော်ဖီဟာ တဖြည်းဖြည်းနဲ့ လူသိများလာပါတော့တယ်။ အထူးသဖြင့် အထက်တန်းလွှာတွေကြားမှာ ရေပန်းစားလာခဲ့တာပေါ့။

🇯🇵ဂျပန်ကိုလိုနီခေတ်မှာ ဂျပန်လူမျိုးတွေက ရေနွေးကြမ်း နဲ့ ကော်ဖီယဉ်ကျေးမှုကို ကိုရီးယားကို ယူဆောင်လာခဲ့ရာက ကော်ဖီဆိုင်ငယ်လေးတွေ စတင်ဖွင့်လှစ်ခဲ့ပြီး ကိုရီးယားလူမျိုးတွေလည်း ကော်ဖီနဲ့ ပိုမိုရင်းနှီးလာခဲ့ပါတော့တယ်။

🇰🇷ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃) ကြီးပီးတဲ့နောက်ပိုင်းမှာ အမေရိကန်စစ်သားတွေက ချက်ချင်းဖျော်နိုင်တဲ့ ready made ကော်ဖီမှုန့်ထုပ်တွေကို ယူဆောင်လာခဲ့ခြင်းကနေ ကိုရီးယားမှာ ကော်ဖီကို ပိုမိုကျယ်ပြန့်စွာ သောက်သုံးလာစေဖို့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်လာတယ်လို့ သိရပါတယ်။

🫘ကိုရီးယားကော်ဖီဆိုင်အများစုဟာ ခေတ်မီပြီး သက်တောင့်သက်သာရှိတဲ့ အပြင်အဆင်နဲ့ တည်ဆောက်ထားကြတယ်။ အေးအေးဆေးဆေး စကားပြောဖို့၊ အလုပ်လုပ်ဖို့ ဒါမှမဟုတ် စာဖတ်ဖို့အတွက် သင့်တော်တဲ့ နေရာတစ်ခုအဖြစ်ပေါ့။

☕️အမေရိကာနို၊ လာတေး၊ ကက်ပူချီနိုတို့လို ပုံမှန်ကော်ဖီတွေကိုအားလုံးသိကျမှာပါ။ ကိုရီးယားမှာသာ ရနိုင်တဲ့ ကော်ဖီအမျိုးအစားဆိုတာလဲရှိပါသေးတယ် ဥပမာ "ဒါလ်ဂိုနာကော်ဖီ" (dalgona coffee) လိုမျိုးပေါ့။ dalgona coffee ကို အချို့ကလဲ Macau🇲🇴ရဲ့ originalလို့ပြောကြပါတယ်။
Korea dolgona coffee ကတော့ coffeeနဲ့ Milkကိုဖျော်ပီး အပေါ်မှာ squid gameထဲက သကြားပြားမဖြစ်ခင် သကြားအနှစ် လေးထည့်ပီး သောက်ရတဲ့ ကိုရီးယားဟန်ပန် coffee တစ်ခုပါ။

🇰🇷ကိုရီးယားလူမျိုးတွေဟာ ကော်ဖီကို အချိန်မရွေး သောက်သုံးလေ့ရှိပါတယ်။ မနက်စာနဲ့အတူ၊ နေ့လည်စာစားပြီးချိန်မှာ၊ ညနေပိုင်းမှာ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန်တွေမှာ ကော်ဖီဟာ မပါမဖြစ်ပါပဲ။ ကိုရီးယားမှာ "ကော်ဖီတစ်ခွက်လောက် သွားသောက်ကြရအောင်" (ကော်ဖီဟန်းဂျန်းမော့ဂိုဂါဂျာ) ဆိုတဲ့ စကားဟာ လူမှုရေးအရ ဖိတ်ခေါ်တဲ့ စကားတစ်ခုလို သုံးနှုန်းလေ့ရှိပါတယ်။

🗺️ကိုရီးယားမှာ ကော်ဖီဆိုင်လုပ်ငန်းဟာ အလွန်အပြိုင်အဆိုင် များပြားပါတယ်။ နာမည်ကြီး ကော်ဖီဆိုင်ခွဲတွေအပြင် တစ်မူထူးခြားတဲ့ ကော်ဖီဆိုင်ငယ်လေးတွေကိုလည်း မြို့တိုင်းမှာ တွေ့နိုင်ပါတယ်။ ဒီဆိုင်လေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ အရသာရှိတဲ့ ကော်ဖီတွေကို ဖန်တီးကာ ဖောက်သည်တွေကို ဆွဲဆောင်လျက်ရှိပါတယ်။

⛩️ကိုရီးယားမှာ ကော်ဖီဟာ ရိုးရိုးရှင်းရှင်း အဖျော်ယမကာတစ်ခုထက် ပိုပါတယ်။ ဒါဟာ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ခေတ်မီဘဝရဲ့ အစိတ်အပိုင်းတစ်ခု လို့ပြောရင်လဲအမှားပါဘူး။ ကိုရီးယားကိုလာလည်ကြတဲ့အခါအရသာရှိတဲ့ ကော်ဖီဆိုင်လေးတွေကို လည်ပတ်သောက်သုံးနိုင်အောင် FLY WAY ကလမ်းညွှန်ကူညီပေးချင်ပါတယ်။ ကိုရီးယားရဲ့ ကော်ဖီယဉ်ကျေးမှုတွေကို ခံစားကြည့်နိုင်ဖို့ မမေ့ပါနဲ့နော်🥰







Let's go with FLY WAY!

🇸🇬Singapore အကြောင်းကိုဆက်ပြောရရင် Garden by the Bay က အရင်ဦးဆုံးဖြစ်ပါလိမ့်မယ်🌵🌿Garden by the Bay ကတော့ စင်္ကာပူရဲ့ အထ...
22/03/2025

🇸🇬Singapore အကြောင်းကိုဆက်ပြောရရင် Garden by the Bay က အရင်ဦးဆုံးဖြစ်ပါလိမ့်မယ်🌵

🌿Garden by the Bay ကတော့ စင်္ကာပူရဲ့ အထင်ကရ ဥယျာဉ်တစ်ခုဖြစ်ပြီး နိုင်ငံရဲ့ဥယျာဉ်မြို့တော်ဟူသော ခံယူချက်ကို အထင်အရှားပြသထားသော နေရာတစ်ခုဖြစ်တယ်။ ဧက ၂၅၀ ကျယ်ဝန်းရှိပြီး Marina Bay ကပ်လျက် မှာရှိပါတယ်။

🪴သဘာဝနဲ့ ခေတ်မီ ဗိသုကာလက်ရာတွေကို ပေါင်းစပ်ထားတဲ့ အံ့မခန်း မြင်ကွင်းတွေကြောင့် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ မဖြစ်မနေ လာလည်နေကြရတာပေါ့။ Garden by the Bay မှာလေ့လာစရာတွေများလွန်းလို့ အပိုင်းခွဲပီးလည်ပတ်ကြရပါတယ်။

🌳အထင်ရှားဆုံး အစိတ်အပိုင်းထဲကတစ်ခုကတော့ အမြင့်ပေ ၁၆၀ အထိရှိတဲ့ အနာဂတ်ဆန်ဆန် သစ်ပင်တုတွေဖြစ်ပါတယ်။ ဒေါင်လိုက်Gardenအဖြစ် ဒီဇိုင်းထုတ်ထားပြီး အပင်မျိုးစိတ်ပေါင်း ၁၆၂,၉၀၀ ကျော်ကို စိုက်ပျိုးထားပါတယ်။

⛲️ဒီBay ကြီးထဲက Cloud Forest ဟာလဲဖန်လုံအိမ်ကြီးတစ်ခုဖြစ်ပြီး အပူပိုင်းဒေသမှာရှိတဲ့ သစ်တောတွေကို အတုယူ ဖန်တီးထားတာပါ။ အထင်ရှားဆုံးကတော့ အမြင့်ပေ ၁၃၀ ရှိတဲ့ Cloud Mountain ဖြစ်ပြီး ရေတံခွန်တွေ ရှားပါးအပင်တွေနဲ့ လှပသောရှုခင်းတွေကို တွေ့မြင်ရမှာပါ။

🌺Flower Dome ကလဲ ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ်များထဲမှ တစ်ခုဖြစ်ပါတယ်။ Garden by the Bay ရဲ့ မင်းသမီးတစ်ပါးပါပဲ။ မြေထဲပင်လယ်ဒေသမှ အပင်တွေနှင့် ပန်းများကို စုစည်းပြသထားပါတယ်။ ရာသီအလိုက် ပန်းပွဲတော်များကိုလည်း ကျင်းပပေလေ့ရှိပါတယ်။

🌐Gardens by the Bay ရဲ့ အရှေ့ဘက်ခြမ်းကအေးချမ်းပြီး တည်ငြိမ်တဲ့နေရာတစ်ခုပါ။ ပန်းခြံတွေ ရေပြင်တွေနဲ့ ညနေဆည်းဆာကြည့်ရင်း လမ်းလျှောက်ရတဲ့ အင်ယားကန်စောင်း feelingလေးဖြစ်နေမှာပါ။ စင်္ကာပူမြို့၏ ရှုခင်းကိုလည်း ကြည့်ရှုနိုင်တယ်လေ။

🛖အံ့မခန်း ဗိသုကာ ဒီဇိုင်းတွေနဲ့ supertreeဖန်လုံအိမ်တွေဟာ ခေတ်မီဗိသုကာလက်ရာရဲ့ အံ့ဖွယ်ဥပမာတွေပါ။
နောက်ပီး ကမ္ဘာတစ်ဝှမ်းကပန်းတွေနဲ့ အပင်မျိုးစိတ်ပေါင်းများစွာကို တစ်နေရာတည်းလေ့လာနိုင်အောင် ဖန်တီးထားမှုက စင်္ကာပူရဲ့ ချေမိုးမှုပေါ့ဗျာ😁။

👥မိသားစုတွေနဲ့ တွေ့ဆုံဖို့ အတူလည်ပတ်ဖို့ saftဖြစ်တဲ့နိုင်ငံတစ်ခုဆိုရင်လဲ မမှားပေဘူး။

🎍Garden by the Bayဟာ စင်္ကာပူကို သွားရောက်လည်ပတ်မည့်သူတိုင်း မmissကြတဲ့ထူးထူးခြားခြား အတွေ့အကြုံတွေပေးစွမ်းနိုင်သော နေရာတစ်ခုပါ။ သွားလည်ချင်သူတိုင်း Garden by the Bay activity ticket ရှိရမှာဖြစ်ပီး တစ်ခုလုံးလည်ပတ်ချင်တာလား? အစိတ်အပိုင်းတစ်ခုစီလောက်ပဲ လေ့လာချင်တာလား ဆိုတာတော့ Traveller တွေရဲ့ right ဖြစ်ပါတယ်။

ဘယ်လိုပုံစံမျိုးမဆို FLY WAY က ဝန်ဆောင်မှုပေးဖို့ အသင့်စောင့်စားနေပါတယ်နော်😍










Let's go with FLY WAY!

အာရှရဲ့ကျားသစ်(Singapore)🇸🇬🇸🇬စင်္ကာပူနိုင်ငံဆိုတာ အရှေ့တောင်အာရှရဲ့ ဖွံ့ဖြိုးပြီး ကျွန်းနိုင်ငံလေး။ သေးငယ်သော်လည်း စီးပွ...
22/03/2025

အာရှရဲ့ကျားသစ်(Singapore)🇸🇬

🇸🇬စင်္ကာပူနိုင်ငံဆိုတာ အရှေ့တောင်အာရှရဲ့ ဖွံ့ဖြိုးပြီး ကျွန်းနိုင်ငံလေး။ သေးငယ်သော်လည်း စီးပွားရေး၊ နည်းပညာနဲ့ ခရီးသွားလုပ်ငန်းတွေမှာ အလွန်တိုးတက်သော နိုင်ငံဖြစ်ပါတယ်။

🌐ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးအချက်အချာနေရာတစ်ခုဖြစ်ပြီး အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အောင်မြင်မှုများစွာ ရရှိထားတဲ့နိုင်ငံတစ်ခု။

🌿စိမ်းလန်းစိုပြေသော မြို့ပြ "ဥယျာဉ်မြို့တော်" လို့လည်း လူသိများသော စင်ကာပူ...သဘာဝနှင့် ခေတ်မီမြို့ပြကို လှပစွာ ပေါင်းစပ်ထားနိုင်ခြင်းက အာရှမှာရာစုနှစ်များစွာ ရပ်တည်နိုင်လာတဲ့ လျှို့ဝှက်ချက်ပဲ။

🌵Gardens by the Bay လို့ပြောရင် Travellerတွေကြားထဲ အစိမ်းရောင်နယ်မြေကြီးအဖြစ်အသိအမှတ်ပြုထားကြမှာအမှန်ပါပဲ။

🌍ယဉ်ကျေးမှုပေါင်စုံရှိတဲ့စင်္ကာပူမှာ တရုတ်၊ မလေး၊ အိန္ဒိယနှင့် အနောက်တိုင်းယဉ်ကျေးမှုများ ရောနှောတွေ့ရှိရမှာဖြစ်ပီး အစားအစာ၊ ဘာသာစကားနဲ့ အနုပညာ ယဉ်ကျေးမှုအမျိုးမျိုးတို့စုံစည်းရာ အာရှရဲ့ ဗဟိုချက်အဖြစ် တွေ့မြင်ရမှာပါ။

🍽️စင်္ကာပူဟာ ခေတ်မီဗိသုကာလက်ရာတွေ စျေးဝယ်စင်တာကြီးတွေ၊ အရသာရှိသော အစားအစာများနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းသော အပန်းဖြေနေရာများစွာရှိတာကြောင့် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများကိုယနေ့တိုင် ဆွဲဆောင်ထားနိုင်ပေတယ်။

🏝️Marina Bay Sands၊ Sentosa ကျွန်းနှင့် Orchard လမ်း တို့ကလဲ လူသိများပီးလည်ပတ်လို့ကောင်းတဲ့နေရာတွေပါပဲ။

🇸🇬စည်းကမ်းရှိသောနိုင်ငံ သန့်ရှင်းသပ်ရပ်သောနိုင်ငံ ဟူ၍လည်းနာမည်ကျော်နေဆဲ။ လွန်ခဲ့သော ၁၀စုနှစ်များစွာထဲက စင်္ကာပူကို ပညာရေးပွဲစားနိုင်ငံတစ်ခုအဖြစ်လဲ လူသိများခဲ့ကြတယ်။

🗺️ခန့်မှန်းခြေလူဦးရေ ၆ သန်းကျော်နေထိုင်နေတဲ့ စင်္ကာပူဟာ သေးငယ်သော်လည်း အင်အားကြီးမားသော နိုင်ငံတစ်ခုဖြစ်ပြီး အာရှတိုက်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာပါ။ ခေတ်မီတိုးတက်မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပေါင်းစပ်ထားသော စင်္ကာပူကို သွားရောက်လည်ပတ်ရန် စိတ်ဝင်စားဖွယ်ကောင်းသော နေရာတစ်ခုအဖြစ် FLY WAY Servicesက မိတ်ဆက်ပေးချင်ပါတယ်။

🎢အားလပ်ရက်အချိန်အများကြီးပေးစရာမလိုပဲ အာရှရဲ့ တိုးတက်သောအလှတစ်ခုကို လေ့လာလည်ပတ်ရန် သင့်တော်သည့် ငွေကြေးတစ်ခုဖြင့် traveling အိမ်မက်တစ်ခုကို အခုပဲအကောင်ထည်ဖော်လိုက်ပါ။









Let's go with FLY WAY!

Address

Seoul

Telephone

+821058122249

Website

Alerts

Be the first to know and let us send you an email when FLY WAY Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FLY WAY Services:

Share

Category