Go Laos Adventure Travel

Go Laos Adventure Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Go Laos Adventure Travel, Travel Company, Xaythana, Vientiane.

Affordable Adventure for Every Traveller
Explore the beauty of Laos with unforgettable experiences — hot air balloons, ziplines, blue lagoons, mountain hikes & more!

နိုင်ငံခြားသွားတဲ့အခါ eSIM ရှိထားဖို့ လိုအပ်သလား?တကယ်တော့ ကျွန်တော်တို့အားလုံး ခရီးသွားတယ်ဆိုတာ စိတ်အပန်းဖြေဖို့ အဓိကပါပ...
14/06/2026

နိုင်ငံခြားသွားတဲ့အခါ eSIM ရှိထားဖို့ လိုအပ်သလား?

တကယ်တော့ ကျွန်တော်တို့အားလုံး ခရီးသွားတယ်ဆိုတာ စိတ်အပန်းဖြေဖို့ အဓိကပါပဲ။ ဒါပေမဲ့ ခရီးစဉ်အစ လေဆိပ်လည်းရောက်ရော အင်တာနက်လည်းမရ၊ ဖုန်းလိုင်းလည်းမပွင့်ဘဲ စိတ်ရှုပ်ရပြီဆိုရင်တော့ ခရီးစဉ်အစမှာတင် Mood ပျက်သွားနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံရပ်ခြားကို ခရီးထွက်တဲ့အခါ အရင်လို Physical ဆင်းမ်ကတ်တွေ ဝယ်ရ၊ လဲရတဲ့ ဒုက္ခကနေ ကင်းဝေးစေဖို့အတွက် eSIM က အကောင်းဆုံး အဖြေတစ်ခုပါပဲ။

eSIM အသုံးပြုတဲ့အခါ ဘာအားသာချက်တွေ ရနိုင်မလဲဆိုရင် -

💯 ခရီးမထွက်ခင်ကတည်းက QR Code လေး Scan ဖတ်ပြီး Setup လုပ်ထားရုံနဲ့တင် ဟိုဘက်နိုင်ငံရောက်ရှိတာနဲ့ အင်တာနက် ချက်ချင်းတန်းသုံးနိုင်မှာ ဖြစ်ပါတယ်။

💯 မူလဆင်းမ်ကတ်ကို ဖုန်းထဲက ထုတ်စရာမလိုလို့ ပျောက်ရှမှာလည်း ပူစရာမလိုသလို၊ မြန်မာပြည်က အရေးကြီး SMS တွေ၊ Banking OTP တွေကိုလည်း Dual SIM စနစ်နဲ့ ဆက်လက်လက်ခံရရှိနိုင်မှာမို့ အတိုင်းထက်အလွန် အဆင်ပြေစေပါတယ်။

💯 လိုင်းချက်ချင်းရတဲ့အတွက် ဒေသတွင်း Transport App တွေ ခေါ်ရတာ၊ လမ်းညွှန် (Map) ကြည့်ရတာ အကုန်လုံး အဆင်သင့် ဖြစ်နေမှာပါ။

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ စိတ်လွတ်ကိုယ်လွတ် အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်နေပြီဆိုရင်တော့ Go Laos မှာ eSIM လေး ကြိုတင်ဝယ်ယူသွားပြီး သာသာယာယာ ခရီးထွက်ဖို့ မမေ့နဲ့ဦးနော်!

To contact us,
☎️ +856 20 91 332 730
☎️ +66 652534472
☎️ +959 7757 577 (Viber Number)
✉️ Email: [email protected]

အခုလို သိပ်ကိုနေလို့ကောင်းတဲ့ ရာသီဥတုမျိုးမှာ နိုင်ငံရပ်ခြား ခရီးသွားဖို့ Plan ထားကြပြီလား?ခရီးသွားတယ်ဆိုတာက ခရီးထွက်ဖို...
12/06/2026

အခုလို သိပ်ကိုနေလို့ကောင်းတဲ့ ရာသီဥတုမျိုးမှာ နိုင်ငံရပ်ခြား ခရီးသွားဖို့ Plan ထားကြပြီလား?

ခရီးသွားတယ်ဆိုတာက ခရီးထွက်ဖို့အတွက်ပဲ ဘယ်တွေလျှောက်လည်မယ်၊ ဘာတွေဝတ်မယ်ပဲ၊ ဘာတွေလုပ်မယ် လောက်ပဲ Plan ရတာ ပျော်ဖို့ကောင်းတာပါ။

အထူးသဖြင့် နိုင်ငံရပ်ခြား ခရီးထွက်မယ်ဆို ကိုယ်တိုင် Flight Ticket တွေ ဝယ်ရတာက

✅ ရက်မှန်မမှန်အမြဲ ကြည့်ရတာ

✅ မလိုတဲ့ Kg ကို အပိုဝယ်မိပြီး

✅ လိုတဲ့ Kg ကို မဝယ်မိတာမျိုး စတဲ့ အချက်တွေကို Plan ရတာ ခေါင်းရှုပ်နေရရင်တော့ အခုပဲ Go Laos မှာ နိုင်ငံစုံ Flight Ticket ဝယ်ယူနိုင်ပါပြီနော်။

Flight နဲ့သွားလို့ရတဲ့ နိုင်ငံမှန်မျှကို Go Laos မှာ Flight Ticket ဝယ်လို့ရတဲ့အပြင်ကိုမှ အတန်ဆုံးနှုန်းထားတွေ၊ စိတ်အချရဆုံး ဝန်ဆောင်မှုတွေနဲ့ ဆောင်ရွက်ပေးမှာမို့ အခုပဲ နိုင်ငံစုံ Flight Ticket အတွက် Go Laos ကိုသာ ဆက်သွယ်လိုက်တော့နော်။

တခြားနိုင်ငံရောက်လို့ ဆက်သွယ်ရေးပိုင်းမှာ လမ်းမပျောက်အောင်လည်း Go Laos မှာ E-Sim ဝန်ဆောင်မှုရယူနိုင်ပါသေးတယ်။

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)
✉️ Email: [email protected]

လာအိုခရီးစဉ်အတွက်ဆို အပြည့်အဝ စိတ်ချရဖို့ Go LAOS ကို ဆက်သွယ်စို့  🇱🇦နိုင်ငံရပ်ခြားကို ခရီးထွက်ရတာ စိတ်လှုပ်ရှားဖို့ကောင...
02/06/2026

လာအိုခရီးစဉ်အတွက်ဆို အပြည့်အဝ စိတ်ချရဖို့ Go LAOS ကို ဆက်သွယ်စို့ 🇱🇦

နိုင်ငံရပ်ခြားကို ခရီးထွက်ရတာ စိတ်လှုပ်ရှားဖို့ကောင်းပေမဲ့ "အဆင်ပြေပါ့မလား၊ စိတ်ချရပါ့မလား" ဆိုတဲ့ အတွေးတွေက ခရီးသွားသူတိုင်းမှာ ရှိတတ်ကြပါတယ်။

အထူးသဖြင့် သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ လာအိုနိုင်ငံကို သွားဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ခရီးစဉ်အစကနေ အဆုံးအထိ စိတ်အေးရဖို့ Go LAOS ရှိပါတယ်နော်🤗

ခရီးသွားတွေက လာအိုခရီးစဉ်ဆိုတာနဲ့ Go LAOS ရဲ့ Service ကိုပဲ တညီတညွတ်တည်း ရွေးချယ်ကြတဲ့ အကြောင်းရင်းတွေကတော့. . .

✨လေယာဉ်လက်မှတ်၊ ကားအကြိုအပို့၊ ဟိုတယ်တည်းခိုခန်းကအစ ဒေသတွင်း သွားလာရေးအဆုံး အားလုံးကို အတိအကျနဲ့ စနစ်တကျ ကြိုတင်စီစဉ်ပေးထားလို့ ခရီးစဉ်အတွင်း လွဲချော်တာမျိုးလုံးဝမရှိစေရပါဘူး။

✨လာအိုနိုင်ငံရဲ့ လမ်းကြောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ အလှဆုံး Spot တွေကို အပိုင်အနိုင်သိတဲ့ Guide တွေ ပါဝင်တာကြောင့် အချိန်ကုန်သက်သာပြီး ဘေးကင်းစိတ်ချစွာ လည်ပတ်နိုင်မှာပါ။

✨Hidden Charges (အပိုဆောင်းပေးရမည့်စရိတ်များ) လုံးဝမရှိဘဲ လူကြီးမင်းတို့ ပေးချေရတဲ့ နှုန်းထားနဲ့ ထိုက်တန်တဲ့ Service ကို အပြည့်အဝ ပြန်လည်ရရှိစေရပါမယ်။

✨ခရီးစဉ်အတွင်း လိုအပ်ချက် ဒါမှမဟုတ် အပြောင်းအလဲလေးတွေ ရှိလာရင်လည်း ကျွန်တော်တို့အဖွဲ့သားတွေက အမြဲတမ်း နွေးနွေးထွေးထွေးနဲ့ အကောင်းဆုံး အဆင်ပြေအောင် ဖြေရှင်းကူညီပေးပါတယ်။

ဒါ့ကြောင့် “စိတ်ရှုပ်စရာ ခရီးသွားပြဿနာတွေကို Go LAOS ဆီ ပုံအပ်ထားလိုက်ပြီး မိတ်ဆွေတို့အနေနဲ့ ပျော်ရွှင်စရာ အမှတ်တရတွေကိုပဲ လာအိုခရီးစဉ်အတွင်း သိမ်းပိုက်ဖို့ ပြင်ဆင်ထားလိုက်တော့ဗျာ။

📩 ခရီးစဉ်အသေးစိတ်နဲ့ ဈေးနှုန်းကို သိရှိလိုပါက Messenger မှာ အခုပဲ မေးမြန်းနိုင်ပါပြီ။

Go Laos နဲ့အတူ လာအိုနိုင်ငံရဲ့ အလှဆုံးမြို့တွေဆီ အတန်ဆုံးနှုန်းထားနဲ့ ၇ ရက်တာခရီးထွက်ကြမယ် ✨ဒီတစ်ခေါက်မှာတော့ လာအိုနိုင်...
01/06/2026

Go Laos နဲ့အတူ လာအိုနိုင်ငံရဲ့ အလှဆုံးမြို့တွေဆီ အတန်ဆုံးနှုန်းထားနဲ့ ၇ ရက်တာခရီးထွက်ကြမယ် ✨

ဒီတစ်ခေါက်မှာတော့ လာအိုနိုင်ငံရဲ့ အလှဆုံးနဲ့ အထင်ကရအရှိဆုံး မြို့ကြီး (၃) မြို့ကို တစ်ခါတည်းနဲ့ အစုံအလင် ရောက်စေရမဲ့ Go Laos ရဲ့ (၆ ညအိပ် ၇ ရက်) ခရီးစဉ်ကြီး လာပါပြီနော် ⛰️

သမိုင်းဝင် အမွေအနှစ်တွေ၊ ရင်ခုန်စရာ စွန့်စားခရီးသွားနေရာတွေနဲ့ ငြိမ်းချမ်းတဲ့ သဘာဝအလှတရားတွေကို တစ်ဝကြီး ခံစားနိုင်ဖို့ Go LAOS ကနေ ဘယ်လိုမျိုးလေးတွေ စီစဥ်ပေးထားလဲဆို-

🗓️ ခရီးစဉ် အသေးစိတ်

📍 Day 1 & 2: Vientiane (မြို့တော် ဗီယင်ကျန်း)

-လာအိုနိုင်ငံရဲ့ အထင်ကရစေတီ Pha That Luang ရွှေစေတီတော်ကြီးကို ဖူးမြော်ကြမယ်။
-လာအိုရဲ့ အောင်ပွဲခံမုခ်ဦး Patuxay ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်မယ်။
-ပြီးရင်တော့ မဲခေါင်မြစ်ဘေးက Night Market မှာ ဒေသထွက် အစားအစာတွေ မြည်းစမ်းရင်း အဆုံးသတ်မှာဖြစ်ပါတယ်။

📍 Day 3 & 4: Vang Vieng (တောင်တန်းမြို့တော် ဗန်ဗီယန်း)

-ကြည်လင်အေးမြတဲ့ Blue Lagoon မှာ ရေကူးအပန်းဖြေမယ်။
-ရင်ခုန်စိတ်လှုပ်ရှားစရာ Zip Line စီးပြီး တောင်တန်းအလှကို အပေါ်စီးက ကြည့်မယ်။
-Nam Song River မှာ ကယက်လှေ (Kayaking) စီးပြီး သဘာဝအလှကို ခံစားနိုင်ပါတယ်။

📍 Day 5, 6 & 7: Luang Prabang (ရှေးဟောင်းမြို့တော် လောင်ပရာဘန်း)

-UNESCO စာရင်းဝင် Wat Xieng Thong ဘုရားကျောင်းကို လေ့လာမယ်။
-မနက်အစောပိုင်းမှာ လာအိုရိုးရာ ဆွမ်းလောင်းလှူခြင်း (Alms Giving) ကို ကြည့်ရှုမယ်။
-နို့နှစ်ရောင် ရေတံခွန်လှလှလေး Kuang Si Waterfalls မှာ အပန်းဖြေမယ်။
-Phousi Hill ပေါ်တက်ပြီး မြို့ပြအလှကို အပေါ်စီးက ကြည့်ရင်း ခရီးစဉ်ကို အဆုံးသတ်မယ်။

✅ Go LAOS ကို ဘာကြောင့် ရွေးချယ်သင့်လဲ?

(1) ခရီးစဉ်တစ်လျှောက် အဆင်ပြေစေဖို့ အတွေ့အကြုံရှိ လမ်းပြများ ပါဝင်ခြင်း။
(2) သန့်ရှင်းသပ်ရပ်တဲ့ ဟိုတယ်နဲ့ သွားလာရေးအတွက် ကားကောင်းများ စီစဉ်ပေးခြင်း။
(3) သွားရေးလာရေး အားလုံး အဆင်ပြေချောမွေ့စေဖို့ကို တာဝန်ယူပေးခြင်း။

ဒီလိုအားသာချက်တွေနဲ့အတူ လာအိုနိုင်ငံရဲ့ သဘာဝအလှတရားစစ်စစ်တွေကို (၇) ရက်တာအတွင်း (၃) မြို့အထိ လည်ပတ်ခံစားချင်ပါတယ်ဆိုင်တော့ Go LAOS ကိုသာ အခုပဲ ဆက်သွယ်လိုက်တော့နော်!

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)
✉️ Email: [email protected]

ဒီက​နေ့မှာ ကျ​ရောက်တဲ့ "အီဒုလ်အသွဟာ (ကုရ်ဘာနီအီးဒ်)" နေ့မှ စတင်ကာ မိသားစုနဲ့အတူ နေ့ရက်တိုင်းကို  စိတ်ကျန်းမာ​၊ ကိုယ​်ချမ...
28/05/2026

ဒီက​နေ့မှာ ကျ​ရောက်တဲ့ "အီဒုလ်အသွဟာ (ကုရ်ဘာနီအီးဒ်)" နေ့မှ စတင်ကာ မိသားစုနဲ့အတူ နေ့ရက်တိုင်းကို စိတ်ကျန်းမာ​၊ ကိုယ​်ချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေကြောင်း Go Laos မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Go Laos Adventure နဲ့ ခရီးသွားတဲ့ အခါ ဘယ်လိုမျိုး လာအိုရဲ့ အမိုက်စား​နေရာ​တွေကို ​ရောက်နိုင်မလဲ သိချင်ကြတယ်မလား❓️အားလုံး...
15/05/2026

Go Laos Adventure နဲ့ ခရီးသွားတဲ့ အခါ ဘယ်လိုမျိုး လာအိုရဲ့ အမိုက်စား​နေရာ​တွေကို ​ရောက်နိုင်မလဲ သိချင်ကြတယ်မလား❓️

အားလုံးလည်း ​သေချာ​လေး သိသွား​စေဖို့ ဒီက​နေ့မှာ​တော့ Package ​လေး​တွေထဲမှာ ပါတဲ့ ​နေရာ​လေး​တွေအ​ကြောင်းကို ​ပြောပြ​ပေးသွားမယ်ဗျာ။

✅️ ပထမဆုံး​နေရာ​လေးက​တော့ လာအိုကို သွားပြီဆိုရင် မဖြစ်မ​နေ သွား​လေ့ရှိကြတဲ့ Blue Lagoon (1, 2, 3) ပါပဲ။ ​ရေပြာအိုင်ဆိုတဲ့အတိုင်း ကြည်စိမ့်​နေတဲ့ ​အိုင်အလှကို ခံစားရင်း Activities မျိုးစုံကို Try ကြည့်လို့ရတဲ့​နေရာ​လေးပဲဖြစ်ပါတယ်။ ခရီးသွား​တွေလည်း အမြဲလာ​ရောက်​လေ့ရှိတဲ့ ​နေရာ​လေးဖြစ်တာ​ကြောင့် ​သေချာ​ပေါက်ကို သွားသင့်တဲ့ ​နေရာ​လေး​တွေပါပဲ။

✅️ ​ဒုတိတစ်ခုက​တော့ ညဘက်ရောက်ရင် မြို့ရဲ့အသက်သွေးကြောအဖြစ် ​ပြောင်းလဲသွားတဲ့ Vang Vieng Night Market ညဈေးလေးပဲ ဖြစ်ပါတယ်။ လာအိုရိုးရာ အစားအစာတွေ၊ အမှတ်တရပစ္စည်းတွေနဲ့ ဒေသထွက် လက်မှုထည်တွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ရရှိနိုင်တဲ့နေရာ​​လေးပါ။ လာအိုစတိုင် BBQ နဲ့ Beer Lao ​တွေကို မြည်းစမ်းဖို့ အ​ကောင်းဆုံး ဖြစ်ပါတယ်ဗျာ။

✅️ တတိယတစ်ခုက​တော့ သမိုင်းဝင်လှိုဏ်ဂူတစ်ခုဖြစ်ပြီး အထဲမှာ အေးမြနေတဲ့အပြင် ထုံးကျောက်တိုင် လှလှလေးတွေကို မြင်တွေ့ရမယ့် Jang Cave ပါပဲ။ ဂူဝကနေ ကြည့်ရင် မြို့ရဲ့ ရှုခင်းကို တစ်ဝက်တစ်ပျက် မြင်တွေ့ရတဲ့အပြင်ကိုမှ ဓါတ်ဖမ်းလို့ကလည်း လှ​တော့ ခရီးသွား​တွေ သ​ဘော​တွေ့ကြတဲ့ ​နေရာ​လေးဖြစ်ပါတယ်။

✅️ ​နောက်တစ်ခုက​တော့ Vang Vieng မြို့ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ Blue Bridge ပါပဲ။ တံတားရဲ့အရောင်နဲ့ နောက်ခံတောင်တန်းကြီးတွေ ပေါင်းစပ်လိုက်ရင် အရမ်းလှတဲ့ Cinematic ဆန်ဆန် ပုံရိပ်တွေကို ရရှိ​စေမှာ​ကြောင့် သွား​​ရောက်လည်ပတ်ဖို့ အ​ကောင်းဆုံး​နေရာဖြစ်ပါတယ်။

✅️ ​နောက်ဆုံးက​တော့ Vang Vieng ရဲ့ အလှဆုံး Landscape ကို အပေါ်စီးက မြင်ရမယ့်နေရာဖြစ်တဲ့ Nam Xay Mountain Viewpoint ​လေးပါပဲ။ တောင်ထိပ်ပေါ်မှာရှိတဲ့ ဆိုင်ကယ်လေးပေါ်မှာ ဓာတ်ပုံရိုက်ဖို့ တောင်တက်ရတာ နည်းနည်းမောပေမယ့် အပေါ်ရောက်လို့ မြင်ရတဲ့ တောင်တန်းကြီးတွေရဲ့ မြင်ကွင်းကတော့ တကယ်ကို တန်ဖိုးဖြတ်လို့မရပါဘူး။ အ​မော​ပြေပြီး သဘာဝတရားကို အပြည့်အဝခံစားလို့ ရ​စေမှာပါ။

ကဲ...အခုလိုမျိုး ခရီးသွား​တွေ သ​ဘောကျကျပြီး လာအိုရဲ့ အထင်ကရ​နေရာ​တွေဟာ Go Loas Adventure မှာ ပါဝင်တာဖြစ်လို့ ပိတ်ရက်တွေမှာ ခရီးသွားချင်ပါတယ်ဆိုရင် အ​သေးစိတ်ကို ဆက်သွယ်​မေးမြန်းနိုင်ပါပြီဗျာ...🎊🥳

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)
✉️ Email: [email protected]

အမြဲ အမှတ်ရနေစေမဲ့ လာအိုခရီးစဉ်များသို့ အသက်သာဆုံးနှုန်းထားများနဲ့ ခရီးထွက်ကြမယ် 🇱🇦ခရီးတော့ထွက်ချင်ပါရဲ့. . .  ငွေကုန်ကြ...
13/05/2026

အမြဲ အမှတ်ရနေစေမဲ့ လာအိုခရီးစဉ်များသို့ အသက်သာဆုံးနှုန်းထားများနဲ့ ခရီးထွက်ကြမယ် 🇱🇦

ခရီးတော့ထွက်ချင်ပါရဲ့. . . ငွေကုန်ကြေးကျ တအားများမှာ စိတ်ပူနေတဲ့ Traveller လေးတို့အတွက် အိမ်နီးချင်း လာအိုနိုင်ငံရဲ့အလှဆုံး မြို့ (၃) မြို့ဆီ Go Laos နဲ့အတူ သက်သက်သာသာ ခရီးထွက်ကြမယ်နော်။

အမှတ်တရတွေ အများကြီးရစေမယ့် Go Laos ရဲ့ အဓိက ခရီးတွေကတော့👇

📍 Vientiane (ဗီယင်ကျန်း)

လာအိုနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး သမိုင်းဝင် အမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့နေရာ။ ရွှေရောင်တဝင်းဝင်းနဲ့ Pha That Luang စေတီတော်ကြီးနဲ့ Patuxay မုခ်ဦးကြီးရှေ့မှာ အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ်။

📍 Vang Vieng (ဗန်ဗီယန်း)

သဘာဝတရားကို မြတ်နိုးတဲ့၊ စွန့်စားခရီးသွားရတာကြိုက်တဲ့သူတွေအတွက်တော့ Paradise ပါပဲ။ Blue Lagoon ရဲ့ ကြည်လင်တဲ့ ရေကန်ထဲမှာ ရေကူးမလား? တိမ်တွေကြားက View Point တွေပေါ်တက်မလား? စိတ်ကြိုက် အပန်းဖြေနိုင်မှာပါ။

📍 Luang Prabang (လောင်ပရာဘန်း)

UNESCO စာရင်းဝင် ငြိမ်းချမ်းလှတဲ့ မြို့ဟောင်းလေးပေါ့။ မနက်ခင်း ဆွမ်းလောင်းလှူတဲ့ မြင်ကွင်းနဲ့ အေးမြတဲ့ Kuang Si ရေတံခွန်ကြီးက သင့်ကို ထူးခြားတဲ့ ခံစားချက်တွေ ပေးစွမ်းမှာ အသေအချာပါပဲ။

✅ ဘာကြောင့် Go LAOS ကို ရွေးချယ်သင့်လဲ?

ဈေးနှုန်းအသက်သာဆုံးဖြစ်အောင် အစအဆုံး စီစဉ်ပေးပြီး လမ်းကြောင်းကျွမ်းကျင်သူတွေကြောင့် အချိန်ကုန်သက်သာမဲ့အပြင် ဟိုတယ်၊ ကား နဲ့ လက်မှတ်ကိစ္စတွေအတွက် ခေါင်းစားစရာမလိုတာမို့ အဆင်ပြေချောမွေ့ပြီး အတွေ့ကြုံအသစ်တွေရရှိမယ့် ခရီစဉ်တစ်ခုဖြစ်စေမှာ အသေအချာပါပဲ။

📩 ခရီးစဉ်အသေးစိတ်နဲ့ ဈေးနှုန်းကို သိရှိလိုပါက Messenger မှာအခုပဲ မေးမြန်းနိုင်ပါပြီ

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)
✉️ Email: [email protected]

ဘယ်နိုင်ငံသွားသွား အင်တာနက်မရမှာကို အခုထိ စိတ်ပူနေရတုန်းလား? ✈️International ခရီးစဉ်တွေ သွားတဲ့အခါ လေဆိပ်ရောက်တာနဲ့ Sim ...
11/05/2026

ဘယ်နိုင်ငံသွားသွား အင်တာနက်မရမှာကို အခုထိ စိတ်ပူနေရတုန်းလား? ✈️

International ခရီးစဉ်တွေ သွားတဲ့အခါ လေဆိပ်ရောက်တာနဲ့ Sim Card ဝယ်ဖို့ တန်းစီရတာ၊ ကိုယ့်ရဲ့ မူရင်း Sim Card လေး ပျောက်သွားမှာကို စိုးရိမ်ရတာတွေက တကယ့်ကို အလုပ်ရှုပ်စရာပါပဲ📱

အခုဆိုရင် Go LAOS မှာ နိုင်ငံတကာခရီးသွားရင် မရှိမဖြစ်လိုအပ်တဲ့ E-Sim ကို ဝယ်ယူရရှိနိုင်ပြီဖြစ်လို့ ဘယ်သွားသွား Internet အတွက် အဆင်ပြေပြေနဲ့ Connection ရနေတော့မှာပဲဖြစ်ပါတယ်။

✅ E-Sim ရဲ့ အားသာချက်များ

E-Sim ကိုအသုံးပြုမယ်ဆိုရင် ဖုန်းခေါ်ဆိုခတွေအတွက် အပိုကုန်မှာ စိတ်ပူစရာမလိုဘဲ အင်တာနက် (Data) အတွက် သီးသန့်သုံးနိုင်တော့ ပိုအဆင်ပြေပါတယ်။ ဒါ့အပြင် ခရီးသွားမယ့် နိုင်ငံနဲ့ ရက်အလိုက် မိမိနှစ်သက်ရာ Data Package တွေကို စိတ်ကြိုက်ရွေးချယ်ပြီး ခရီးမထွက်ခင်ကတည်းက ကြိုတင်ဝယ်ယူထားနိုင်လို့ လေဆိပ်ဆင်းတာနဲ့ Internet တန်းသုံးရုံပါပဲ။

(E-Sim အသုံးပြုနိုင်ဖို့တော့ ဖုန်းတိုင်းအသုံးပြုလို့ရမှာမဟုတ်ဘဲ မိမိအသုံးပြုတဲ့ ဖုန်းအနေနဲ့ E-Sim အသုံးပြုလို့ရတဲ့ Function ပါဝင်ဖို့တော့လိုအပ်မှာပဲဖြစ်ပါတယ်)

ဒါ့ကြောင့် နိုင်ငံတကာကို ခရီးထွက်တော့မယ်ဆိုရင် Internet မရမှာကို စိတ်မပူရအောင် Sim Card လဲစရာမလိုဘဲ ကမ္ဘာပတ်ဖို့ Go Laos မှာသာ E-Sim ရယူလိုက်တော့နော်💡

📩 လူကြီးမင်းတို့ သွားရောက်မယ့် နိုင်ငံနဲ့ Package ဈေးနှုန်းလေးတွေကို သိရှိလိုပါက Page Messenger မှာ အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ။

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber)
✉️ Email: [email protected]

Go Laos မှာ Package နဲ့မဟုတ်လည်း အတန်ဆုံး Air Ticket Service ဝန်ဆောင်မှုတွေ ပေးနေပြီတဲ့နော်❗Japan, Thai, US, Singapore စ...
08/05/2026

Go Laos မှာ Package နဲ့မဟုတ်လည်း အတန်ဆုံး Air Ticket Service ဝန်ဆောင်မှုတွေ ပေးနေပြီတဲ့နော်❗

Japan, Thai, US, Singapore စတဲ့ လူအတော်အများသွားများကြတဲ့ နိုင်ငံတွေကိုပဲသွားမလား? ဒါမှမဟုတ် ကိုယ်သွားဖို့ Plan ထားတဲ့ နိုင်ငံတွေကိုပဲ သွားမလား?

Flight နဲ့သွားလို့ရတဲ့ နိုင်ငံမှန်မျှကို Go Laos မှာ Package မဝယ်လည်း အတန်ဆုံးနှုန်းထားတွေနဲ့ စိတ်အချရဆုံး Air Ticket ဝယ်ပေးနေပြီဖြစ်လို့. . .

Air Ticket နဲ့ပတ်သက်လို့ ခေါင်းရှုပ်လည်းမခံချင်ဘူး၊ အမှားအယွင်းလည်း မခံနိုင်ဘူးဆိုရင်တော့ အခုပဲ Go Laos မှာ အတန်ဆုံးနှုန်းထား၊ စိတ်အချရဆုံး ဝန်ဆောင်မှုတွေနဲ့ အတန်ဆုံး Air Ticket ဝယ်ဖို့ ဆက်သွယ်နိုင်ပါပြီ။

တခြားနိုင်ငံအရောက် ဆက်သွယ်ရေးပိုင်းမှာ လမ်းမပျောက်အောင်လည်း Go Laos မှာ E-Sim ဝယ်ပေးပါတယ်နော်

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber)
✉️ Email: [email protected]

( ၂၀၂၆ ) ခုနှစ် ၊ မေလ (၁) ရက် နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့မှသည် လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ကာယ ...
01/05/2026

( ၂၀၂၆ ) ခုနှစ် ၊ မေလ (၁) ရက် နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့မှသည် လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ကာယ ၊ ဉာဏလုပ်သားများအားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် အလုပ်ဟူသမျှ အောင်မြင်စွာ လုပ်ကိုင်နိုင်ကြပါစေကြောင်း Go Laos Team မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#အလုပ်သမားနေ့

Address

Xaythana
Vientiane
10100

Alerts

Be the first to know and let us send you an email when Go Laos Adventure Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share