Shwe Zin Oo - SHWE

Shwe Zin Oo - SHWE 🇲🇲🇱🇷Don’t do bad things, do good things

Beautiful decoration of sweetcorn💛
20/04/2022

Beautiful decoration of sweetcorn💛

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞____________________လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်...
23/01/2022

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞
____________________

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်ဆစ်အုပ်စုဟာ လက်နက်ရှိရုံ၊ အားကြီးရုံနဲ့ ဒီတိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်လို့ရမယ်လို့ ထင်ခဲ့ပုံပေါ်တယ်။ သူတို့ မှန်းချက်နဲ့ နှမ်းထွက် အလွဲကြီး လွဲခဲ့လေပြီ။ တစ်နှစ်သာ ကြာသွားတယ်၊ ဖက်ဆစ်တွေ ကျနော်တို့ပြည်သူကို လုံးဝ အုပ်ချုပ်ခွင့် မရခဲ့ဘူး။

အခု (၂၀၂၂) ခုနှစ်ကတော့ ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကြီး ဖြစ်ရမယ့်နှစ်၊ မှတ်တိုင်သစ် စိုက်ထူမယ့်နှစ်လို့ အားလုံးက ယုံကြည်၊ အားခဲထားကြပါတယ်။ ဒဲ့ပြောရရင် ဒီနှစ်ဟာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်ရမယ့်နှစ်၊ ပြည်သူက အုပ်ချုပ်တော့မယ့်နှစ်ဆိုတဲ့ ယုံကြည်စိတ်၊ တိုက်ပွဲဝင်စိတ်၊ အောင်စိတ် ကျနော်တို့မှာ အပြည့်ရှိနေပါတယ်။

ဒီအာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက်ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ ဖြစ်တာမို့ ကမ္ဘာ့အသိုင်းအဝိုင်းက အဲ့နေ့မှာ ကျနော်တို့ ပြည်သူတွေ ဘာလုပ်ကြမလဲ၊ သွေးအေးနေကြပြီလား၊ စစ်အုပ်စုလက်အောက်မှာ အသားကျနေကြပြီလား စတာတွေကို ပိုလို့ စိတ်ဝင်စား၊ သိချင်ကြပါလိမ့်မယ်။

ဒါ့ကြောင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ (၁ ဖေဖော်ဝါရီ ၂၀၂၂) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အောက်ပါ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆင်နွှဲကြဖို့ အထူးတိုက်တွန်း နှိုးဆော်အပ်ပါတယ်ခင်ဗျား-

❐ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)

ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံးအသံဟာ တိတ်ဆိတ်ငြိမ်သက်ခြင်းအသံလို့ ဆိုရိုးရှိပါတယ်။ အဲ့စကားနဲ့အညီပဲ ကျနော်တို့ပြည်သူတွေက ဖက်ဆစ်အာဏာရူးတွေကို မောင်းထုတ်လိုက်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တကမ္ဘာလုံးကြားအောင် ဟစ်အော်၊ ဖော်ထုတ်ခဲ့ကြဖူးပါတယ်။ ကမ္ဘာမှာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် ဆင်နွှဲနိုင်တဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ တိတ်ဆိတ်ငြိမ်သက်တယ်၊ အသံတိတ်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ တနိုင်ငံလုံး တညီတညွတ်တည်း ပါဝင်ဆင်နွှဲတဲ့ "အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး" အဖြစ် ပုံဖော်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို မထွက်ကြဘဲ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြမယ်။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ကောင်းမှုကုသိုလ်ပြုကြမယ်၊ အမျှဝေ မေတ္တာပို့သကြမယ်ဗျာ။ နောက်ပြီး အိမ်ထဲမှာနေရင်း တော်လှန်ရေးအတွက်၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ။

❐ လက်ခုပ်တီးသပိတ် (အသံထွက်သပိတ်)

တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားတဲ့အချိန် (ညနေ ၄ နာရီ တိတိ) မှာ တနိုင်ငံလုံးက ကျနော်တို့ ပြည်သူအားလုံးရဲ့ တခဲနက် လက်ခုပ်သံကြီးဟာ ဟိန်းထွက်လာမှာ ဖြစ်ပါတယ်။ ဖက်ဆစ်ဝါဒီတွေ ထိတ်လန့်တုန်လှုပ်သွားမယ့် ပြည်သူ့လက်ခုပ်သံကြီး ဘဝဂ်ညံအောင် ထွက်လာပြီးနောက် တဆက်တည်းမှာလည်း ဟွန်းတီးသပိတ်၊ သံပုံးတီးသပိတ်စတာတွေကို ဆက်လက်ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

ဒီအသံထွက်သပိတ်ကတော့ အကြမ်းဖက် ဖက်ဆစ်တွေအတွက် မရဏမောင်းသံဖြစ်ပြီး ကျနော်တို့ ပြည်သူတွေအတွက် အောင်ပွဲအကြို သုတိသြဘာ မင်္ဂလာနမိတ်သံပဲ ဖြစ်ပါတယ်။

▬▬▬

အာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်မှာ ကျနော်တို့ ပြည်သူလူထုကို အထူးအလေးအနက် တိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့ဟာ (၂၀၂၂) ခုမှာ ကျနော်တို့ မျှော်ရည်တဲ့ အောင်ပွဲကို ရရှိဖို့အတွက် ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး။ ကျနော်တို့ "ပြည်တော်ဝင်ဖို့ ရုန်းကြရပါလိမ့်မယ်၊ ကြုံးကြရပါလိမ့်မယ်"။ ဘာမှ မရင်းဘဲ ဘာမှ မရနိုင်ပါ။ ပြိုင်တူတွန်းရင် အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ကျနော်တို့အားလုံး ဆင်နွှဲကြပါစို့။







#အသံတိတ်သပိတ်

#အသံထွက်သပိတ်

#ပြည်တော်ဝင်ဖို့_ရုန်းကြစို့

#အဆုံးသတ်တိုက်ပွဲ_ဒို့ဆင်နွှဲ

#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်

၂၃ ဇန်နဝါရီ ၂၀၂၂

   Sunset
11/10/2020


Sunset

  the date 11.10.20  acient city   heritage site
11/10/2020

the date 11.10.20
acient city

heritage site

  time no post on my page here  welcome to Bagan  heritage site  city   #
18/08/2020

time no post on my page here welcome to Bagan heritage site city #

 # # #ကျမရဲ့ ဆိုင်လေး ဖွင့်ထားပါတယ်နော် ပုဂံမြို့သစ်မှာပါ...😍😍😍 # # #💖ချစ်မိတ်ဆွေတို့ရေ....💖ပုဂံရွှေမြို့တော်သို့အလည်ရော...
05/07/2020

# # #ကျမရဲ့ ဆိုင်လေး ဖွင့်ထားပါတယ်နော်
ပုဂံမြို့သစ်မှာပါ...😍😍😍 # # #

💖ချစ်မိတ်ဆွေတို့ရေ....💖

ပုဂံရွှေမြို့တော်သို့အလည်ရောက်လာခဲ့ရင်
ဖြင့် နံနက်ခင်းစာ ဒါမှမဟုတ် ပုဂံလက်ရာအသုပ် မျိုးစုံများကို စားသုံးချင်တယ်ဆိုရင်တော့ Golden Ladle (ရွှေယောက်ချို)ဆိုင်သို့သာလှမ်းခဲ့ကြပါနော်.. .ဆိုင်လေးကပုဂံမြို့သစ်မှာပါနော်💖

  fine evening with beautiful view #  season   pictures  🇲🇲
11/06/2020

fine evening with beautiful view #
season

pictures

🇲🇲

 # # #  to Bagan # # #♥
06/06/2020

# # # to Bagan # # #♥

Address

Khanlatt Quarter, Gandamar Street, New Bagan
Bagan

Telephone

+959402787295

Website

Alerts

Be the first to know and let us send you an email when Shwe Zin Oo - SHWE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Zin Oo - SHWE:

Share

Category