Aung Thein Thamardi Flight Ticket Agency

Aung Thein Thamardi Flight Ticket Agency ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များကို တာဝန်ယူမှုအပြည့်ဖြင့် ၂၄နာရီဝင်ဆောင်မှုပေးနေပါသည်။

✈️How to check-in online?✈️Thai Smile Airline နှင့်အတူ ပျံသန်းကြမည့် ခရီးသွားဧည့်သည်များ လွယ်ကူသက်သာအဆင်ပြေစေဖို့ Online...
14/02/2023

✈️How to check-in online?✈️
Thai Smile Airline နှင့်အတူ ပျံသန်းကြမည့် ခရီးသွားဧည့်သည်များ လွယ်ကူသက်သာအဆင်ပြေစေဖို့ Online Check-In ပြုလုပ်နိုင်ပါတယ်ရှင် ခရီးသည်များအနေဖြင့် Online Check-In ပြုလုပ်မယ်ဆိုပါက လေယာဉ်ထွက်ခွာချိန်မတိုင်မှီ ( ၂၄ ) နာရီမှ ( ၂ ) နာရီအတွင်း ပြုလုပ်ရမှာဖြစ်ပါတယ်ရှင် 🤩✨
Online Check in သည် website မှ ၀ယ်ယူထားသောလက်မှတ်များအတွက်ပဲ မဟုတ်ဘဲ Thai Smile Myanmar ( သို့မဟုတ်) လက်မှတ်အရောင်းကိုယ်စားလှယ်ကြီးများထံမှ ဝယ်ယူထားသောလက်မှတ်များအတွက်လည်း ပြုလုပ်နိုင်ပါတယ်ရှင်😍✨
Online Check in ပြုလုပ်ရန်အတွက်
Thai Smile website www.thaismileair.com တွင် အောက်ပါအတိုင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်
✨Manage booking >> Online check-in >> fill in the record locator (PNR) and passenger last name
🔺Special Service Request ( wheel chair, child travelling alone and etc.) ရယူထားသော ခရီးသည်များအနေနှင့် online check in ပြုလုပ်၍ရနိုင်မည်မဟုတ်ကြောင်းဖော်ပြပေးလိုက်ပါတယ်ရှင်🔺

India သို့ သွားရောက်တဲ့အခါ PCR test စစ်ဆေးရန် မလိုအပ်တော့ပါ 🇮🇳✨🤩😍ဖေဖော်ဝါရီလ ( ၁၃ ) ရက်နေ့မှစပြီး မြန်မာနိုင်ငံမှ အိန္ဒိ...
14/02/2023

India သို့ သွားရောက်တဲ့အခါ PCR test စစ်ဆေးရန် မလိုအပ်တော့ပါ 🇮🇳✨
🤩😍ဖေဖော်ဝါရီလ ( ၁၃ ) ရက်နေ့မှစပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သွားရောက်ကြမည့် မည့်သည်နိုင်ငံသားမဆို PCR test စစ်ဆေးသွားရန် မလိုအပ်တော့ကြောင်း သတင်းကောင်းလေး ဝေမျှပေးလိုက်ပါတယ်ရှင်🤩😍
ရန်ကုန်မှ အိန္ဒိယသို့ သွားရောက်မည့် ခရီးသွားဧည့်သည်များအတွက် Thai Smile Airline ‌ပြေးဆွဲလျှက်ရှိသောမြို့များကို လေယာဉ်အချိန်များနှင့်အတူ ဖော်ပြပေးလိုက်ပါတယ်ရှင်✨✨✈️

Thai Smile Date Change ချင်သောအခါ... ✈️Thai Smile လက်မှတ်များကြိုတင်၀ယ်ယူထားပြီး အကြောင်းတစ်စုံတစ်ရာကြောင့် လေယာဥ်ခရီးစဥ...
27/01/2023

Thai Smile Date Change ချင်သောအခါ... ✈️
Thai Smile လက်မှတ်များကြိုတင်၀ယ်ယူထားပြီး အကြောင်းတစ်စုံတစ်ရာကြောင့် လေယာဥ်ခရီးစဥ်ပြောင်းလဲရန်လိုအပ်သော ခရီးသည်များသည် လက်မှတ်ဝယ်ယူထားသော လက်မှတ်အရောင်းကိုယ်စားလှယ်များ သို့ လေယာဥ်ထွက်ခွာချိန်မတိုင်မီ အနည်းဆုံး (4) နာရီ ကြိုတင်ဆက်သွယ်အကြောင်းကြားရပါမယ်ရှင်🤩✈️
🔸လက်မှတ်ဝယ်ယူစဥ်အတွင်း ရွေးချယ်ထားသည့်ဈေးနှူန်းသတ်မှတ်ချက်ပေါ်မူတည်၍ ထပ်ဆောင်းပေးဆောင်ရမည့် ကုန်ကျစာရိတ်များရှိနိုင်ပါသည်🔸
ခရီးစဉ်ပြောင်းလဲရန်အတွက် အနည်းဆုံး ( ၄ ) နာရီကြိုတင်အကြောင်းကြားခြင်းမရှိသောလက်မှတ်များသည် နောက်တကြိမ်ပြန်လည် စီးနင်းခွင့်လည်းရရှိမှာမဟုတ်တဲ့အတွက် ခရီးသည်များအနေဖြင့် ခရီးစဥ်ပြောင်းလဲလိုအပ်သောအခါ သတ်မှတ်ထားသောအချိန်အတွင်း ပြုလုပ်ရမှာကို သတိပြုစေလိုကြောင်း အသိပေးလိုက်ပါတယ်ရှင်✨🔸🔶
✈️ Thai Smile လက်မှတ်များကိုဝယ်ယူရန်နှင့် special request များပြုလုပ်လိုပါက
🔸 လက်မှတ်အရောင်းကိုယ်စားလှယ်များ သို့မဟုတ်
📱 Thai Smile Myanmar Call Center : 09-7777 649 77 ကို
⏱ ရုံးချိန် မနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအတွင်း ဆက်သွယ်ပြီး စုံစမ်းဝယ်ယူနိုင်ပါတယ်ရှင့်။

လေယာဉ်နဲ့ခရီးထွက်တဲ့အခါ လေဆိပ်စစ်ဆေးတဲ့နေရာမှာ အချိန်ကြန့်ကြာမှုမရှိအောင် လေဆိပ်လုံခြုံရေးစည်းကမ်းချက်တွေကို ခရီးမသွားခင...
25/01/2023

လေယာဉ်နဲ့ခရီးထွက်တဲ့အခါ လေဆိပ်စစ်ဆေးတဲ့နေရာမှာ အချိန်ကြန့်ကြာမှုမရှိအောင် လေဆိပ်လုံခြုံရေးစည်းကမ်းချက်တွေကို ခရီးမသွားခင်ကတည်းက ကြိုတင်ဖတ်ရှုပြီး ပြင်ဆင်သွားသင့်ပါတယ်။ ဒါမှသာ လေဆိပ်ကအရည်အဖြစ်သတ်မှတ်ထားတဲ့ပစ္စည်းတွေကိုလုံခြုံရေးကို အဆင်ပြေပြေနဲ့ကျော်ဖြတ်ပြီး လေယာဉ်ချိန်မီရောက်အောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုအဆင်ပြေစေဖို့ ဘာတွေပြင်ဆင်သွားရမလဲ၊ ဘယ်အရာတွေကိုတော့ လုံးဝသယ်ခွင့်မရဘူးလဲဆိုတာ ဒီပို့စ်လေးမှာ ဖော်ပြပေးလိုက်ပါတယ်နော်💁‍♀️
✅ အရည်အဖြစ်သတ်မှတ်ထားတဲ့ပစ္စည်းများ
အရည်တွေကို လေယာဉ် cargo room ထဲထည့်မယ့်ခရီးဆောင်အိတ်ထဲမှာ ပလတ်စတစ်အိတ်အကြည်နဲ့ လုံအောင်သေချာချည်ပတ်ပြီး ထည့်ရပါတယ်။ သောက်ရေအပါအဝင် ယို၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ လိုးရှင်း နှင့် တခြားအရည်ပါတဲ့ပစ္စည်းတွေကို ကိုယ်နဲ့တပါတည်းသယ်ခွင့်ပေးထားတဲ့အိတ်နဲ့ အများကြီးသယ်ခွင့်မရှိဘဲ နိုင်ငံတော်တော်များများမှာ အရည်အတွက် လက်တဆွဲ ၁၀၀ မီလီမီတာထက် ပိုသယ်လို့မရပါဘူး။
သယ်လာလို့မရပါဘူး။
✅ အန္တရာယ်ရှိတဲ့အရာဝတ္ထုများ/ ရှားပါးမျိုးစိတ်များ
ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း၊ သံလိုက်ဓာတ်ပါတဲ့ပစ္စည်း၊ ဖိအားကြောင့်ပေါက်ကွဲတတ်တဲ့ပစ္စည်း၊ ရေဒီယိုသတ္တုကြွပါတဲ့ပစ္စည်း၊ အဆိပ်၊ မူးယစ်ဆေးဝါးများ၊ ရှားပါးတိရစ္ဆာန်မျိုးစိတ်များ စတာတွေကို လေယာဉ်ပေါ်တင်ခွင့်ကန့်သတ်ထားတာကြောင့် ခရီးသွားများအနေနဲ့
✅ လက်ပ်တော့၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ငွေကြေးနဲ့ အရေးကြီးဆက်စပ်ပစ္စည်းများကို ကိုယ်နဲ့တပါတည်း သယ်ဆာင်ခွင့်ပေးထားပေမယ့် Power bank အတွက်တော့ ကန့်သတ်ချက်တွေရှိပါတယ်။ Power bank ကိုစောင့်ကြည့်ပေးသွားကြပါဦးနော် ကိုယ်တဲ့တပါတည်းသာ သယ်ဆောင်ခွင့်ရတာဖြစ်ပြီး တစ်ချို့လေကြောင်းလိုင်းတွေက 30000mAh မကျော်ရင် လေယာဉ်ပေါ်သယ်သွားခွင့်ပြုထားပါတယ်။
နောက်နေ့တွေမှာလည်း လေယာဉ်နဲ့ပတ်သတ်လို့ဗဟုသုတရဖွယ်အကြောင်းအရာတွေတင်ဆက်ပေးသွားမှာဖြစ်လို့ Page ကို Like & Share နဲ့အတူ ❤️
✨အားလုံးပဲ ပျော်ရွှင်စရာခရီးစဉ်လေးဖြစ်ပါစေရှင်✨

25/01/2023

မြန်မာအမျိုးသားလေကြောင်းလေယာဉ်လက်မှတ်များကို MNA website www.flymna.com တွင် MMK နှင့် USD တို့ဖြင့် ဝယ်ယူနိုင်ပြီး လက်မှတ်ဝယ်ယူပုံအဆင့်ဆင့်ကို အောက်ပါ Video မှတစ်ဆင့် ဖော်ပြပေးထားပါတယ်ရှင်။

🐇 ဒီ ယုန်နှစ်မှာ အဲအေးရှားလေကြောင်းလိုင်းရဲ့ အသက်သာဆုံး စျေးနှုန်းတွေနဲ့ ခရီးသွားကြမယ် 🤩✈️🫶  ကြိုတင်ဝယ်ယူရန်လင့်ခ် : htt...
21/01/2023

🐇 ဒီ ယုန်နှစ်မှာ အဲအေးရှားလေကြောင်းလိုင်းရဲ့ အသက်သာဆုံး စျေးနှုန်းတွေနဲ့ ခရီးသွားကြမယ် 🤩✈️🫶 ကြိုတင်ဝယ်ယူရန်လင့်ခ် : https://air.asia/WT7x7
ပရိုမိုးရှင်း ကာလ : ယနေ့မှ ဇန်နဝါရီလ (၂၉) ရက်နေ့ ၂၀၂၃ အထိ
ခရီးသွားကာလ : မတ်လ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့ ၂၀၂၃ အထိ
📌 ရန်ကုန် ✈️ ဘန်ကောက် (တိုက်ရိုက်)
(နေ့စဉ်)
📌 မန္တလေး ✈️ ဘန်ကောက် (တိုက်ရိုက်)
(အပတ်စဉ် အင်္ဂါ၊ ကြာသာပတေး နှင့် စနေနေ့တိုင်း)
📌 ရန်ကုန် ✈️ ကွာလာလမ်ပူ (တိုက်ရိုက်)
(အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး၊ သောကြာ တိုင်း)

#အဲအေးရှားစူပါအပလီကေးရှင်း
------------------------------
📲 အပလီကေးရှင်းရယူရန် - အထူးပရိုမိုးရှင်းများ မလွတ်တမ်းသိရှိစေရန်နှင့် အသက်သာဆုံးနှုန်းထားများနှင့် ရယူနိုင်ရန် အဲအေးရှား အာဆီယံအကောင်းဆုံး အပလီကေးရှင်းကို https://air.asia/QR7eB တွင် ရယူလိုက်ပါ
(*) အခြားသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် လိုအပ်ပါသည်။

ခရီးသည်များအနေဖြင့် မိမိ Booking ပြုလုပ်ထားသောလက်မှတ်များအား ငွေမပေးချေမှီ MNA website www.flymna.com (သို့) mobile appl...
21/01/2023

ခရီးသည်များအနေဖြင့် မိမိ Booking ပြုလုပ်ထားသောလက်မှတ်များအား ငွေမပေးချေမှီ MNA website www.flymna.com (သို့) mobile application ၏ "Find Booking" နေရာတွင် မိမိ "Last Name" နှင့် လက်မှတ်၏ အပေါ်ညာဖက်ထောင့် အက္ခရာ(၆)လုံးပါရှိသော "Booking Reference" (သို့) အမှတ်စဉ် 66 ဖြင့်စတင်သော "Ticket Number" ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်ပြီး MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့လည်းဆက်သွယ်စုံစမ်းစစ်ဆေးနိုင်ပါတယ်ရှင်။
[English]
Passengers are advised to enter their "Last Name" and "Booking Reference - 6 letters at the top right corner" or ticket number in the "Find Booking" section of the MNA website www.flymna.com/ mobile application or check your ticket via MNA Call Center

🤩✈️Thai Smile Go Show လက်မှတ်များဝယ်ယူနိုင်ပါပြီ 🤩✈️Thai Smile Airline ဖြင့် သွားရောက်ကြမယ့် ခရီးသည်များအနေဖြင့် လေဆိပ်ရ...
21/01/2023

🤩✈️Thai Smile Go Show လက်မှတ်များဝယ်ယူနိုင်ပါပြီ 🤩✈️
Thai Smile Airline ဖြင့် သွားရောက်ကြမယ့် ခရီးသည်များအနေဖြင့် လေဆိပ်ရောက်မှ လက်မှတ်ထပ်မံဝယ်ယူလိုတာဖြစ်ဖြစ် urgent လက်မှတ်များဝယ်ယူလိုတဲ့အခါ Go Show လက်မှတ်များကို လေဆိပ်ရှိ check in counter တွင်ဝယ်ယူနိုင်ပါတယ်ရှင်🤩✨
✈️✨Go- Show Ticket များ ၀ယ်ယူတဲ့အခါ Departure Time မတိုင်မှီ ( ၁ ) နာရီခွဲအတွင်း ၀ယ်ယူရမှာဖြစ်ပါတယ်
ရန်ကုန်-ဘန်ကောက်အတွက်လက်မှတ်များ၊ ဘန်ကောက်မှတဆင့် Thai Smile Airline ပြေးဆွဲနေသော ခရီးစဉ်များအတွက် Go-Show Ticket များ ဝယ်ယူလိုတဲ့အခါ ရန်ကုန်လေဆိပ်ရှိ Thai Smile Check in counter ( သို့မဟုတ် ) Thai Smile Myanmar Hotline 09 7777 649 77 သို့ ဆက်သွယ်၀ယ်ယူနိုင်ပါတယ်ရှင်⭐️✈️
✈️ Thai Smile လက်မှတ်များကိုဝယ်ယူလိုပါက
🔸 လက်မှတ်အရောင်းကိုယ်စားလှယ်များ သို့မဟုတ်
📱 Thai Smile Myanmar Call Center : 09-7777 649 77 ကို
⏱ ရုံးချိန် မနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအတွင်း ဆက်သွယ်ပြီး စုံစမ်းဝယ်ယူနိုင်ပါတယ်ရှင့်

ဒါလေးတွေလည်းလိုအပ်ပါတယ်ပထမဦးဆုံး လေယာဉ်စီးမဲ့သူတွေ သိကိုသိထားသင့်တဲ့ လေယာဉ်ကွင်းမှာ တွေ့မြင် ကြုံတွေ့ကြရမဲ့ အခြေခံ အင်္ဂ...
13/01/2023

ဒါလေးတွေလည်းလိုအပ်ပါတယ်
ပထမဦးဆုံး လေယာဉ်စီးမဲ့သူတွေ သိကိုသိထားသင့်တဲ့ လေယာဉ်ကွင်းမှာ တွေ့မြင် ကြုံတွေ့ကြရမဲ့ အခြေခံ အင်္ဂလိပ် စကားလုံးလေးတွေကို မှတ်ထားကြရအောင်။
1. airline (noun)
airline ဆိုတာ လေကြောင်း၊ ကိုယ်စီးမဲ့လေယဉ်ကိုပိုင်တဲ့ လေကြောင်းကုမ္ပဏီ။ ဥပမာ။ Singapore Airlines; British Airways; Myanmar Airways စသည်ဖြင့်။ ကုမ္ပဏီ နာမည်၊ လေကြောင်းနာမည်ကို ပြောရင် airline နဲ့ airway မှာ "s" ထည့်ထားတာကို သတိပြုပါ။
2. departures (noun)= ထွက်ခွာ
depart (verb) ဟာ ထွက်ခွါသည်။ departure (noun) ဟာ ထွက်ခွါခြင်း။ ခရီးစထွက်မဲ့သူတွေသွားရမဲ့ အပေါက်၊ လမ်းကြောင်း၊ ခန်းမ စသည်တို့ကို လေယာဉ်ကွင်းတွေမှာ Departures ဆိုတဲ့ sign အမှတ်အသားပြထားတယ်။ Departure Lounge ကတော့ လေယာဉ်စီးမဲ့သူတွေ ထိုင်စောင့်တဲ့ ခန်းမ။ Departure Lounge မှာ "s" မပါပေမဲ့ " ထွက်ခွါ"Departures sign မှာ "s" ပါရတယ်။
3. arrivals (noun)= ဆိုက်ရောက်
ကိုယ်က သူများကို လေယာဉ်ကွင်းမှာ သွားကြိုတာဆိုရင်တော့ Arrivals ဆိုတဲ့ sign အတိုင်းသာသွားရမှာ။ သွားပို့တာဆိုရင်တော့ Departures ဘက်ကိုသွားပေါ့။
မင်းကို ငါ ဆိုက်ရောက်ရာခန်းမမှာ တွေ့မယ်/လာကြိုမယ်...ဒီဝါကျကို အင်္ဂလိပ်လိုပြောရင်...
I will meet you in the arrivals lounge.
Departure Lounge မှာ departure မှာ "s" မပါဘူး။
Arrivals Lounge မှာ arrival မှာ "s" ပါတယ်။ အဘိဓာန်ထဲမှာ အဲဒီအတိုင်းပြထားတယ်။
4. Gate (noun)= ဂိတ်ပေါက်
5. Check in (verb)
Check-in (noun)
လေယာဉ်မစီးခင် လေကြောင်းကောင်တာမှာ သက်ဆိုင်ရာဝန်ထမ်းကို ကိုယ့်ရဲ့ passport နဲ့ လေယဉ်လက်မှတ်ကိုပြ၊ ပြီးရင် ကိုယ်ယူသွားမဲ့ အထုပ်တွေကို အလေးချိန်ချိန်ရတယ် ။ အဲဒီလိုလုပ်ရတာကို check in လုပ်တယ် (verb) လို့ခေါ်ပြီး noun ကိုတော့ check-in ဆိုပြီး hyphen လေးထည့်ရေးရတယ်။ check-in လုပ်တဲ့နေရာကို check-in desk ၊ check-in လုပ်ရမဲ့အချိန်ကို check-in time စသည်ဖြင့်သုံးပါတယ်။
6. board (verb)= လေယာဉ်ပေါ်တက်သည်
to board a plane လို့ အတွဲလိုက်မှတ်ထားသင့်ပါတယ်။
7. boarding pass (noun)
check in လုပ်တဲ့အခါ ကိုယ့်ရဲ့ passport နဲ့ air-ticket ပေးလိုက်ပြီး luggage တွေ အိတ်တွေကို အလေးချိန်ချိန်ပြီးတဲ့အခါမှာ airline ဝန်ထမ်းက ကိုယ့်ကို လေယာဉ်ပေါ်တက်ရောက်ခွင့်လက်မှတ် boarding pass ပေးပါလိမ့်မယ်။ boarding pass ပေါ်မှာ လေယာဉ်ထွက်မဲ့ Gate ပေါက်နံပါတ်၊ boarding time လေယာဉ်ပေါ်စတက်ခွင့်ပေးမဲ့အချိန်နဲ့ seat number ကိုယ့်ရဲ့ ထိုင်ခုံနံပါတ်တို့ကို ဖော်ပြထားပါတယ်။
8. carry on (luggage) (noun)
ကိုယ်တွေကတော့ hand carry လို့ခေါ်ကြတယ်နော်။ အိတ်အကြီးတွေကိုတော့ check in လုပ်ရတယ်။ ရှစ်ကီလိုထက်မလေးတဲ့ လက်ကိုင်အိတ်တို့၊ backpack ကြောပိုးအိတ်တို့၊ laptop computer ထည့်ထားတဲ့ အိတ်တို့ကိုတော့ check in လုပ်စရာမလို၊ လူနဲ့တပါတည်းသယ်ဆောင်သွားလို့ရတာကို hand carry , hand luggage လို့သုံးကြပေမဲ့ တကယ်တမ်း native speaker တွေ အသုံးများတာက carry on တဲ့။ Carry on ဆိုတဲ့ တံဆိပ်နဲ့ ခရီးဆောင်အိတ်အသေးတွေပြုလုပ်ရောင်းချတဲ့ ကုမ္ပဏီလည်းရှိပါတယ်။
9. fragile (adjective)= ကွဲတတ်သော၊ နုသော
အိတ်တွေကို check in လုပ်ရင် အထဲမှာ ကွဲရှနိုင်တဲ့၊ နူးညံ့စွာကိုင်ရမဲ့ ပစ္စည်းပါရင် "fragile" sticker ကပ်ခိုင်းပါ။
10. oversized baggage = အရွယ်ကြီးလွန်းသောအိတ်
ဂေါက်ရိုက်တံတွေထည့်ထားတဲ့ အိတ်ကြီးတွေ စသည်ဖြင့် အလွန်ကြီးလွန်းတဲ့အိတ်တွေကို သီးခြား oversized baggage counter မှာ check in လုပ်ရပါတယ်။
11. overweight baggage= ခွင့်ပြုသည့်အလေးချိန်ထက် ပိုလေးနေသောအိတ်
များသောအားဖြင့် အိတ်တစ်လုံးကို ကီလို ၂၀ ထက်မကျော်စေရလို့ သတ်မှတ်ထားတတ်တယ်။
12. delayed (adjective)= လေယဉ်နောက်ကျသော
13. economy class= စျေးသက်သာသောလက်မှတ်
14. business class= စျေးပိုကြီးသော လက်မှတ်
15. first class= စျေးအကြီးဆုံး ပထမတန်းလက်မှတ်
လူအများစုကတော့ ပုံမှန် economy class လက်မှတ်ပဲဝယ်စီးကြတာပေါ့။ ချမ်းသာသူတွေ၊ အစိုးရအရာရှိကြီးတွေကတော့ business သို့မဟုတ် first class ကနေစီးကြမှာပေါ့။ business/first class တွေက စျေးကြီးတဲ့လက်မှတ်ဆိုတော့ကာ check in လုပ်ရင်လည်း သီးသန့်၊ လေယာဉ်ပေါ်ကိုလည်း အရင်ဆုံးတက်၊ အရင်ဆုံးဆင်း၊ လေယာဉ်ထဲမှာ ကျွေးမွေးဧည့်ခံပုံလည်းပိုသာပြီး leg room ခြေထောက်ချစရာနေရာပိုကျယ်ကာ ထိုင်ခုံတွေကလည်း ပိုကြီး ပိုကောင်း ပို comfortable ဖြစ်တာပေါ့လေ။
ဒါ့ကြောင့်လည်း သူငယ်ချင်းတစ်ချို့က
I always fly (in) business class. လို့ပြုံးပြုံးလေးပြောတတ်ကြတာပေါ့။
17. long-haul flight= ခရီးဝေး၊ တာဝေး၊ လေယာဉ်ခရီးရှည်
ရန်ကုန်မှ ဘန်ကောက်ကို တစ်နာရီကျော်လေး လေယာဉ်စီးရတာ short flight သို့မဟုတ် short-haul flight လေးပေါ့။ ဘန်ကောက်မှ လန်ဒန်သို့ တိုက်ရိုက် ဆယ်နာရီကျော်ကြာ မရပ်ဘဲပျံသန်းတာကိုတော့ long-haul flight လို့ခေါ်ပါတယ်။
18. stopover= layover
ကိုယ်တွေကတော့ transit လို့သုံးကြတာများတယ်။ လေယာဉ်ခရီးရှည်ကြီးမို့ မြို့ကြီးတစ်မြို့ရဲ့ လေယာဉ်ကွင်းမှာ ခရီးတစ်ထောက်နားတာကို stopover သို့မဟုတ် layover လို့အသုံးများတာမို့ သိအောင်မှတ်ထားသင့်ပါတယ်။
19. Customs (noun)= အကောက်ခွန်
20. Immigration (noun)= လူဝင်မှုကြီးကြပ်ရေး
21. conveyor belt/ carousel/ baggage claim
ကိုယ့်လေယာဉ် ခရီးဆုံးတော့ immigration ကိုဖြတ်ပြီးရင် ကိုယ့်ရဲ့ အိတ်တွေ luggage တွေကို ပြန်ရွေးရမယ်လေ။ အိတ်တွေဟာ moving conveyor belt ကြီးပေါ်မှာ လည်နေတာ။ ကိုယ့်အိတ်တွေကို ဘယ်မှာရွေးရမယ်ဆိုတာကို ကြေငြာတာကို နားလည်အောင် ဒီအပေါ်က စကားလုံးသုံးလုံးကို သိထားရမယ်။ တချို့လေယာဉ်ကွင်းတော့မှာတော့ Belt လို့ပဲ အတိုသုံးကြတယ်။ ဥပမာ...
Passengers may collect their baggage at Belt number 4. လို့ပြောလေ့ရှိတယ်။
ကဲ...ဒီလို မသိမဖြစ် အခြေခံစကားလုံးလေးတွေကို သိပြီးရင် Speaking အပိုင်းမှာလည်း လေယာဉ်ကွင်းမှာ ခရီးသွားတစ်ဦးအနေဖြင့် ကြားရလေ့ရှိတဲ့ဝါကျလေးတွေကို နားလည်နိုင်အောင်လေ့လာထားသင့်သလို ကိုယ်ကလည်း အသုံးဝင်တဲ့ ဝါကျလေးတွေကို မှန်ကန်စွာပြန်ပြောနိုင်အောင်လည်း လေ့လာ လေ့ကျင့်ထားသင့်တာပေါ့။ ကိုယ့်အားကိုယ်ကိုးပြီး အင်္ဂလိပ်လို လေယာဉ်ကွင်းမှာ စကားပြောနိုင်အောင်လို့ အနည်းဆုံး အောက်မှာပေးထားတဲ့ ဝါကျလေးတွေကိုတော့ သိထားသင့်ပါတယ်။ ဗမာလိုလည်း ဘာသာပြန်ပေးထားတယ်။
1. Excuse me, where is the MAI check-in desk?
တဆိတ်လောက်ကူညီပါ။ မြန်မာ့လေကြောင်း MAI ရဲ့ check-in ဘယ်နေရာမှာပါလဲ။
2. May I see your tickets and passport?
သင့်ရဲ့ လေယာဉ်လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ်ပြပါ။
3. Is anybody travelling with you today?
သင်တစ်ယောက်တည်းသွားမှာလား၊ ဘယ်သူပါသေးလဲ။
4. Where are you flying today?
ဘယ်ကိုသွားမှာပါလဲ။
ဒီမေးခွန်းကို နောက်ပုံစံတစ်မျိုးပြောင်းမေးနိုင်တာကို ကြည့်ပါ။
What is your final destination?
ဘယ်ကိုသွားမှာလဲ။ ဘယ်အထိသွားမှာလဲ။
5. How many pieces of luggage are you checking in?
သင် အိတ်ဘယ်နှလုံး check in လုပ်မှာလဲ။
ခရီးဆောင်အိတ်တွေကို check in လုပ်တာကို check လို့ တစ်လုံးတည်းပဲ in မထည့်ပဲလည်း သုံးတတ်ကြတယ်။
Are you checking this bag? လိုမျိုးပေါ့။
ဒီမေးခွန်းနံပါတ် ၅ မှာ pieces of luggage လို့သုံးထားတာ သတိပြုပါ။ luggage ဝန်စည်စလယ်၊ အထုပ်အပိုးဟာ အင်္ဂလိပ်သဒ္ဒါမှာ uncountable noun ဖြစ်တယ်။ two bags လို့ပြောလို့ရပေမဲ့ two luggages လို့သုံးလို့မရဘူး။ two pieces of luggage လို့သာ သုံးရပါတယ်။ baggage လည်း အလားတူပါပဲ။
6. Do you have a carry on?
လက်မှဆွဲသွားမဲ့ အိတ်ပါသေးလား။
carry on= hand luggage
7. How many carry on bags are you taking with you?
လက်မှဆွဲသွားမဲ့ အိတ် ဘယ်နှလုံးယူသွားမှာလဲ။
8. Can you place your bag up here?
သင့်ရဲ့ အိတ်ကို ဒီပေါ်မှာတင်လိုက်ပါ။
(အလေးချိန် ချိန်ရန် အိတ်ကို ချိန်ခွင်ခါးပတ်ပြားကြီးပေါ်သို့တင်ပေးရန်)
ဒီမေးခွန်းကိုပဲ နောက်တစ်မျိုးပြောနိုင်ပုံကိုထပ်ကြည့်ပါ။
Please place your bag on the scale.
သင့်ရဲ့ အိတ်ကို ချိန်ခွင်ပေါ်တင်ပေးပါ။
9. I am sorry, but your carry on is too heavy. You will have to check it.
သင့်ရဲ့ လက်ဆွဲအိတ်က အရမ်းလေးနေလို့ check in လုပ်မှရမယ်။
10. Please mark this bag as "fragile".
ဒီအိတ်ကို "ညင်သာစွာကိုင်ပါ" လို့ စာကပ်ပေးပါ။
11. What is inside this bag?
ဒီအိတ်ထဲမှာ ဘာထည့်ထားတာလဲ၊ အထဲမှာ ဘာပါလဲ။
12. I am sorry, Sir, but your bag is overweight.
သင့်ရဲ့ အိတ်ဟာ ခွင့်ပြုထားတာထက် ပိုလေးနေပါတယ်။
13. By how many kilos?
ဘယ်နှကီလို ပိုလေးနေလို့လဲ။
14. One minute, let me just take a few things out.
ခဏလေးနော်။ ကျွန်တော် (ဒီအိတ်ထဲမှ) ပစ္စည်းတချို့ ပြန်ထုတ်ပါရစေ။
15. How much is the overweight baggage fee?
ခွင့်ပြုတာထက် အလေးချိန်ပိုနေရင် ပိုက်ဆံဘယ်လောက်နှုန်းထပ်ပေးရပါသလဲ။
16. Do you prefer a window seat or an aisle seat?
ပြတင်းပေါက်နားကခုံကြိုက်လား၊ မင်းလမ်း ဘေးကခုံကိုကြိုက်လား။
(aisle ကို "အိုင်း" လို့ပဲ အသံထွက်တယ်။ S သံမပါဘူး။ silent "s" ပါ။)
ဒီမေးခွန်းကိုပဲ အတိုမေးတတ်တာ...
Do you prefer window or aisle? အတူတူပါပဲ။
17. I don't want a middle seat.
အလယ်ခုံ မလိုချင်ဘူး။
18. Here is your boarding pass.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ပါ။
19. This is your boarding pass. You will be boarding at Gate 2A at 9:30.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ် တက်ခွင့်ကတ်ပြား။ ဂိတ်နံပါတ် 2A မှာ ၉ နာရီခွဲမှာ လေယာဉ်ပေါ်တက်ရပါမယ်။
20. Your flight leaves from Gate 2A and it will begin boarding at 10:30. Your seat number is 9B.
သင်စီးမဲ့ လေယာဉ်ဟာ ဂိတ်နံပါတ် 2A မှထွက်မှာဖြစ်ပြီး လေယာဉ်ပေါ်ကို ဆယ်နာရီခွဲမှာ တက်ရမယ်။ သင့်ရဲ့ ခုံနံပါတ်က 9B ပါ။
21. They will start boarding 20 minutes before the departure time.
လေယာဉ်မထွက်မီ မီနစ် ၂၀ မတိုင်မီမှာ ခရီးသည်တွေကို လေယာဉ်ပေါ်တက်ခိုင်းပါလိမ့်မယ်။
22. What is the gate number?
ဂိတ်နံပါတ် ဘယ်လောက်ပါလဲ။
23. MAI flight number 8M331 to Bangkok is now boarding.
ဘန်ကောက်မြို့သို့ထွက်ခွာမည့်
မြန်မာလေကြောင်း လေယာဉ်ခရီးစဉ်အမှတ် 8M331 ပေါ်သို့ ခရီးသည်များ စတင်တက်ရောက်ရန် ဖိတ်ခေါ်ပါတယ်။
24. Please have your boarding pass and passport ready for boarding.
လေယာဉ်ပေါ်သို့တက်ရန် သင်၏ boarding pass နှင့် passport ကို အဆင်သင့်ကိုင်ဆောင်ထားပါ။
25. We would like to invite our first- and business-class passengers to board.
ပထမတန်းနှင့် အထူးတန်း ခရီးသည်များ လေယာဉ်ပေါ်သို့တက်ရန် ဖိတ်ကြားအပ်ပါတယ်။
26. We are now inviting passengers with small children and any passengers requiring special assistance to begin boarding.
ကလေးသူငယ်များပါသည့်ခရီးသည်များနှင့် ကျန်းမာရေးအရအထူးဂရုပြုရမည့် ခရီးသည်များအား လေယာဉ်ပေါ်သို့ (ဦးစားပေး) တက်ရန် ဖိတ်ကြားပါတယ်။
27. We would now like to invite all passengers to board.
ခရီးသည်များအားလုံး လေယာဉ်ပေါ်သို့ တက်နိုင်ကြပါပြီ။
28. This is the final boarding call for MAI flight 8M331 bound for Yangon.
ရန်ကုန်သို့ထွက်ခွာမည့် MAI flight 8M331 ထွက်ခွာချိန်အလွန်နီးကပ်နေပြီဖြစ်၍ လေယာဉ်ပေါ်သို့ (မရောက်သေးသူ၊ နောက်ကျနေသူ) အမြန်ဆုံးတက်ပါရန် နောက်ဆုံးအကြိမ် တိုက်တွန်းအပ်ပါတယ်။
flight 8M331 bound for Yangon လို့သုံးမဲ့အစား flight 8M331 to Yangon လို့လည်း လွယ်လွယ်ပြောတတ်ကြတယ်။
29. All passengers arriving from Singapore can pick up their luggage from Belt number 4.
စင်္ကာပူမှ ရောက်ရှိလာသော ခရီးသည်များ မိမိတို့၏ အထုပ်များကို ခါးပတ်နံပါတ် ၄ တွင် ရွေးယူပါ။
30. Ladies and gentlemen, this is an announcement that flight number 8M331 has been delayed. Your new departure time is 10:30.
လူကြီးမင်းများရှင့်၊ လေယာဉ်ခရီးစဉ်အမှတ် 8M331 ဟာ ထွက်ခွာချိန်နောက်ကျမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ လေယာဉ်ထွက်ခွာချိန်ကို ဆယ်နာရီခွဲ သို့ပြောင်းရွှေ့လိုက်ပါတယ်။
နောက်ဆုံးဝါကျလေးကတော့ flight delay ကိုကြေငြာပုံလေး နမူနာပါသွားအောင်ရေးလိုက်တာပါ။ ကိုယ် MAI ကိုစီးလာတာ အနှစ် ၂၀ ကျော်ပြီ။ delay ဖြစ်တာရှားပါတယ်။
ကဲ...ဒီလို အခြေခံလေးတွေသိထားပြီ၊ ပြောတတ်ပြီဆိုရင် လေယာဉ်စီးဖို့ အဆင်သင့်ဖြစ်လောက်ပြီမို့လို့ ပြင်သစ်စကားလေးနဲ့ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။
Bon voyage. (ဘွန် ဗွယျာ့ခ်ျ) လို့အသံထွက်တယ်။
Bon voyage ဆိုတာ I hope you have a safe and enjoyable journey. လို့ ခရီးထွက်မဲ့သူကို ဆုတောင်းပေးတာပါ
Crd # #
June 19, 2018

13/01/2023

ကျွန်တော်တို့အများစုမှာ ချစ်ရသူတွေနဲ့ ဝေးကွာနေရတဲ့ အချိန်တွေရှိပါတယ်။ သူတို့နဲ့ ပြန်လည်တွေ့ဆုံဖို့ တမ်းတပြီး တောင့်တရတဲ့ နေ့ရက်အချိန်တွေပါပဲ။
ခွဲခွာမှုတွေပေါင်းစည်းနိုင်စေဖို့အတွက် MAI နဲ့ uab bank တို့ ပူးပေါင်းပြီး ခရီးသွားဖို့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ့် အရာတစ်ခုယူဆောင်ခဲ့ပါပြီ။
MAI-uab Visa Card နဲ့ သင့်စိတ်ဆောင်ရာကို ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို အရောက်သွားလိုက်ပါ။
MAI-uab Visa Card တွေကို ရန်ကုန်၊ မန္တလေးနှင့် ဟဲဟိုးရှိ MAI ticketing counter တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။ အသေးစိတ်သိရှိလိုပါက ဖော်ပြပါ link https://maixtra.com.mm/ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။ မေးမြန်းလိုသည်များကို 019670125 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
MAI-uab Visa Card ကို sign up လုပ်တာနဲ့ စတင်ရရှိမယ့် အကျိုးကျေးဇူးများကိုတော့ https://www.facebook.com/.../a.38442278.../2591332924341884/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
(English Content)
Many of us are distanced from our loved ones. There are times we long to be back with them.
MAI and uab bank have come together with products and solutions that help travelling needs - A Magical Bridge for Every Mile Apart!
Go to the place where your heart desires whenever or wherever you are with MAI-uab Visa Card.
Customers can sign up the card at MAI ticketing counters in Yangon, Mandalay & Heho. For the detailed information about the card, please visit https://maixtra.com.mm/ or contact us at 019670125.
For sign up benefit: https://www.facebook.com/.../a.38442278.../2591332924341884/.

✨Have a mystical journey✨ 2023 ရဲ့ January Schedule လေးတင်ပေးလိုက်ပါပြီရှင်နှစ်သစ်ရဲ့ လအစလေးမှာ စိတ်သစ်လူသစ်နဲ့ နယ်မြေသစ...
12/01/2023

✨Have a mystical journey✨
2023 ရဲ့ January Schedule လေးတင်ပေးလိုက်ပါပြီရှင်
နှစ်သစ်ရဲ့ လအစလေးမှာ စိတ်သစ်လူသစ်နဲ့ နယ်မြေသစ်ဆီ အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေကြသူများအတွက် မန်းရတနာပုံလေကြောင်းလိုင်းမှ ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါတယ်ရှင်
ခရီးသွားမိဘပြည်သူများကို ပြန်လည်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မန်းရတနာပုံလေကြောင်းလိုင်းမှ ခရီးသွားရင်း Points တွေရရှိမယ့် Reward Program လေးလည်း ရှိနေတာကြောင့် ခရီးတွေများများသွား Points တွေများများစုပြီး နောက်ခရီးစဉ်မှာ အခမဲ့စီးနင်းခွင့် Points အဖြစ် ပြန်အသုံးပြုလိုက်ကြစို့နော်🎉🎉
MYP reward Program အသေးစိတ်ကိုအောက်ပါ link တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်
https://airmyp.com/index.php/plan-my-trip/myp-reward-program
ခရီးသွားများအနေဖြင့် လေယာဉ်လက်မှတ်များကို နီးစပ်ရာလက်မှတ်အရောင်းကိုယ်စားလှယ်(Travel & Tour) များထံမှ ဝယ်ယူနိုင်ပါတယ်
ထို့အပြင်
www.airmyp.com မှတဆင့် 💳 Visa Card, Master Card ,MPU , K pay , CB pay,AYA pay, Wave money , AYA Mobile Banking, KBZ Mobile Banking, CB Mobile Banking နှင့် အခြားသော Payment method ပေါင်း ၂၀ ကျော်ဖြင့် အလွယ်တကူငွေပေးချေ၍ဝယ်ယူနိုင်သလို
Call Center ☎️ 09404460006-7 သို့
ရုံးချိန် မနက် ၉နာရီ မှ ညနေ ၅ နာရီခွဲ အတွင်း ခရီးစဉ်အသေးစိတ်အချက်အလက်များပေး၍ ဝယ်ယူနိုင်ပါတယ်ရှင်

𝐃𝐎𝐌𝐄𝐒𝐓𝐈𝐂 𝐅𝐋𝐈𝐆𝐇𝐓 𝐂𝐇𝐄𝐂𝐊-𝐈𝐍 𝐓𝐈𝐌𝐄 ✈မြန်မာအမျိုးသားလေကြောင်း ပြည်တွင်းခရီးစဉ်များ၏ Check-In Counter ကို လေယာဉ်ထွက်ခွာချိန်မတိ...
12/01/2023

𝐃𝐎𝐌𝐄𝐒𝐓𝐈𝐂 𝐅𝐋𝐈𝐆𝐇𝐓 𝐂𝐇𝐄𝐂𝐊-𝐈𝐍 𝐓𝐈𝐌𝐄 ✈
မြန်မာအမျိုးသားလေကြောင်း ပြည်တွင်းခရီးစဉ်များ၏ Check-In Counter ကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီအလိုတွင် ဖွင့်ပြီး မိနစ် ၃၀ အလိုတွင် Counter ပိတ်ပါတယ်။
𝑆𝑡𝑎𝑟𝑡 𝑦𝑜𝑢𝑟 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝑜𝑓 𝑎 𝐿𝑖𝑓𝑒𝑡𝑖𝑚𝑒 ✈

Address

294, 5th Fl, San Pya Street, Kyi Su Ward
Dawbon
11241

Telephone

+959442631512

Website

Alerts

Be the first to know and let us send you an email when Aung Thein Thamardi Flight Ticket Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Thein Thamardi Flight Ticket Agency:

Share

Category