20/05/2026
လုင်ငန်းခွင်ဝင်မည့်သူများ၊ လုပ်ငန်းခွင်ထဲ လက်တွေ့လုပ်နေသူများအတွက် လုပ်ငန်းသုံးအင်္ဂလိပ်စာ သင်တန်း
ကလောမှာ English စာသင်တန်းအချို့ရှိပေမယ့် အများစုက ကလေးတွေ ဆယ်ကျော်သက်တွေအတွက် ဖြစ်နေပါတယ်။ လူရွယ် လူလတ် လူကြီးတွေအတွက် မတွေ့သလောက်ပါပဲ။
ပြီးတော့ grammar သဒ္ဒါပိုင်း ဒါမှမဟုတ် four skills အပြော အရေး အဖတ် အကြား စွမ်းရည်လေးမျိုးပိုင်းကို အဓိကပေးကြတာ များပါတယ်။
အခု မိတ်ဆက်ပေးချင်တဲ့အတန်းက ရိုးရိုးအင်္ဂလိပ်စာသင်တန်းမဟုတ်ပဲ
လူငယ် လူလတ်ပိုင်းတွေအတွက် လုပ်ငန်းသုံးအင်္ဂလိပ်စာ English for business သင်တန်းလေးပါ။ အင်္ဂလိပ်စာတင်မက လုပ်ငန်းသုံးဝေါဟာရတွေ သဘောတရားတွေပါ လေ့လာရမှာမို့ ကျွဲကူးရေပါ အကျိုးနှစ်ခု တပြိုင်တည်း ရမှာပါ။ ဥပမာ သင်ယူလေ့လာရမှာတွေက
English for meetings
English for email
English for sales and purchasing
English for marketing and advertising
English for human resource management
English for customer care
စသဖြင့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာတွေကို လက်တွေ့နားလည်သုံးစွဲနိုင်မှာပါ။
တပါတ် ၂ ရက်
တရက် ၁ နာရီခွဲ
(သင်တန်းရက်နှင့် အချိန်အတိအကျကို သင်တန်းတက်သူများနှင် ပုံမှန်ညှိနှိုင်းသတ်မှတ်သွားပါမည်)
၃ လတာ သင်တန်းလေးကို သင်တန်းကြေးအပြီးအစီး တသိန်းခွဲတည်းနဲ့ တက်ရောက်ရမယ်ဆို စိတ်ဝင်စားကြလားဗျ။
သင်တန်းဆရာသည် သင်ကြားရေးနဲ့ လက်တွေ့လုပ်ငန်းအတွေ့အကြုံ လုပ်သက် နှစ်၂၀ ရှိပြီး ဘွဲ့နဲ့ ဒီပလိုမာလေးခု၊ သင်တန်းဆင်းလက်မှတ်ပေါင်းများစွာနှင့် နိုင်ငံတကာသို့ သင်ယူလေ့လာရေးများစွာရှိထားသူဖြစ်ပါတယ်။
စိတ်ဝင်စားရင်
Message box က တဆင့်ဖြစ်စေ 09250290960 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Wisdom Bridge Academy သည် ၂၀၁၆ တွင် စတင်တည်ထောင်ခဲ့သော Discovery & Development Corner company limited ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါသည်။