Kha Yee Sin - ခရီးစဉ်

Kha Yee Sin - ခရီးစဉ် Travel Services

သတင်းကောင်းလေးတစ်ခုနဲ့အတူ ကျွန်တော်တို့ Nature's Nirvana Campsite ရဲ့ ခရီးစဉ်ကို အားလုံး စောစောစီးစီး လာ​ရောက်အပန်းဖြေနိ...
16/09/2026

သတင်းကောင်းလေးတစ်ခုနဲ့အတူ ကျွန်တော်တို့ Nature's Nirvana Campsite ရဲ့ ခရီးစဉ်ကို အားလုံး စောစောစီးစီး လာ​ရောက်အပန်းဖြေနိုင်အောင် အောက်တိုဘာလ ၁၀ ရက်နေ့အစား အောက်တိုဘာလ ၃ ရက်နေ့ကို ကြိုတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း ပထမဦးဆုံး သတင်းစကားပါးလိုက်ပါတယ်ခင်ဗျာ။ ⛺✨

အောက်တိုဘာလ ၃ ရက်နေ့ Campsite ဖွင့်ပွဲရက်မှာပဲ ပါဝင်မယ့် ပန်းချီအစီအစဉ်အတွက် ရုပ်ချောသဘောကောင်းတဲ့ Facilitator ဆရာမလေးတစ်ယောက်ပါ Join လာဖို့ ရှိပါတယ်နော်။ သူကတော့ အနုပညာ Workshops ​တွေနဲ့ စေတနာ့ဝန်ထမ်း သင်ကြား​ပေးမှုတွေကတစ်ဆင့် လူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု (Well-being) အတွက် ရည်ရွယ်ပြီး ကောင်းမွန်တဲ့ ဖန်တီးမှုနယ်ပယ်တွေကို ပုံဖော်ပေးနေသူပါ 🎨🌻

"Through art workshops, teaching, volunteering, and creative practice, I create meaningful spaces that encourage self-expression, reflection, and well-being." ဆိုတဲ့ သူ့ရဲ့ ခံယူချက်အတိုင်း...

အနုပညာကတစ်ဆင့် မိမိကိုယ်ကိုယ် လွတ်လပ်စွာ ဖော်ထုတ်ပြသဖို့နဲ့ စိတ်သက်သာရာရစေမယ့် အဓိပ္ပာယ်ရှိတဲ့ အချိန်လေးတစ်ခု (Meaningful Space) ​လေးကို အတူတူ ဖန်တီးပေးသွားမှာပါ🌼

ညဘက် ကြယ်တွေအပြည့်နဲ့ ကောင်းကင်ကြီးအောက်မှာ အစားအသောက်တွေ စားရင်း၊ အနုပညာနဲ့ စိတ်ကို အပန်းဖြေဖို့ အောက်တိုဘာလ ၃ ရက်နေ့ Campsite လေးမှာ အတူဆုံကြစို့နော်🌌✨

ဒီလိုရှုခင်းနဲ့လမ်းလေးတွေကတော့ အခု မိုးရာသီမကုန်မှီ ခုလထဲမှာပဲ စိမ်းစိမ်းစိုစိုလေးတွေအများကြီးတွေ့ရမှာနော်..🌿လိုက်ချင်တယ...
15/09/2026

ဒီလိုရှုခင်းနဲ့လမ်းလေးတွေကတော့ အခု မိုးရာသီမကုန်မှီ ခုလထဲမှာပဲ စိမ်းစိမ်းစိုစိုလေးတွေအများကြီးတွေ့ရမှာနော်..🌿

လိုက်ချင်တယ်ဆိုရင်တော့ အခုပဲ Page မှာ လာပြောလို့ရပါတယ်။ ထွက်မယ့်ရက်ကတော့ Sep 19 ရက်နေ့ပါ ✨

ကျွန်တော်တို့အရှေ့ရက်ကသွားခဲ့တဲ့ ခရီးစဉ်လေး
15/09/2026

ကျွန်တော်တို့အရှေ့ရက်ကသွားခဲ့တဲ့ ခရီးစဉ်လေး

ဒီလထဲမှာ ဘာခရီးစဉ်တွေရှိမလဲဆိုတော့Sep 19,20,21 မှာတော့ “Trek to Inle” ခရီးစဉ်ရှိမှာဖြစ်ပြီး 🌿Sep 26,27,28 မှာတော့ “မဲနယ်...
14/09/2026

ဒီလထဲမှာ ဘာခရီးစဉ်တွေရှိမလဲဆိုတော့

Sep 19,20,21 မှာတော့ “Trek to Inle” ခရီးစဉ်ရှိမှာဖြစ်ပြီး 🌿

Sep 26,27,28 မှာတော့ “မဲနယ်တောင်ခြေရွာ ခရီးစဉ်”လေးရှိပါအုံးမယ်ခင်ဗျာ 🍃

🍃
13/09/2026

🍃

ကမ္ဘာမြေဟာ Milky Way ထဲက ကြယ်တစ်လုံးဖြစ်တဲ့ နေကို လှည့်ပတ်နေတဲ့ ဂြိုဟ်ငယ်တစ်လုံးပါပဲ 🌍ကမ္ဘာမြေဟာ Milky Way ဂလက်ဆီရဲ့ အလယ...
12/09/2026

ကမ္ဘာမြေဟာ Milky Way ထဲက ကြယ်တစ်လုံးဖြစ်တဲ့ နေကို လှည့်ပတ်နေတဲ့ ဂြိုဟ်ငယ်တစ်လုံးပါပဲ 🌍

ကမ္ဘာမြေဟာ Milky Way ဂလက်ဆီရဲ့ အလယ်ဗဟိုကနေ အလင်းနှစ် ၂၆,၀၀၀ ခန့်အကွာ၊ Orion Spur (Local Arm) လို့ခေါ်တဲ့ ဂလက်ဆီလက်တံငယ်တစ်ခုမှာ တည်ရှိနေပါတယ် 🌌

Nostalgia ‘အိမ်လွမ်းနာ’ ဆိုတဲ့ စကားဟာ ဂရိ ရင်းမြစ်ကနေ ဆင်းသက်လာတာ ဖြစ်တယ်။ ‘nostos’ ဆိုတာ ‘to return home’ (အိမ်ပြန်တယ်)...
12/09/2026

Nostalgia ‘အိမ်လွမ်းနာ’ ဆိုတဲ့ စကားဟာ ဂရိ ရင်းမြစ်ကနေ ဆင်းသက်လာတာ ဖြစ်တယ်။ ‘nostos’ ဆိုတာ ‘to return home’ (အိမ်ပြန်တယ်) လို အဓိပ္ပာယ်ရပြီး ‘algos’ ကတော့ ‘pain’ (နာကျင်မှု) ကို ဆိုလိုတာ ဖြစ်တယ်။ အဲ့ဒီစကားလုံးကို ၁၆၈၈ မှာ အသက် ၁၉ နှစ်အရွယ် ဆွစ် ဆေးကျောင်းသားတစ်ဦးက သူ့ရဲ့ ဆေးပညာစာတမ်းတစ်ခုမှာ စတင် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

သူက တကယ့်ကို သေစေနိုင်လောက်အောင် ပြင်းထန်တဲ့ အိမ်လွမ်းနာအကြောင်း (အထူးသဖြင့် ဆွစ် ကြေးစားစစ်သားတွေဟာ သူတို့ရဲ့ တောင်ပေါ်နေအိမ်တွေနဲ့ အဝေးကြီးကို ရောက်တဲ့အခါ တွေ့ကြုံရလေ့ရှိတဲ့ ရောဂါတစ်မျိုး) ကို ဆေးပညာရှုထောင့်ကနေ တင်ပြခဲ့တာ ဖြစ်တယ်။

ဒါပေမဲ့ ၁၉ ရာစု ရောက်တဲ့အခါမှာတော့ အဲ့ဒီဝေါဟာရဟာ ဘာသာစကား ရွေ့လျားမှုအရ ဆေးပညာဘာသာရပ်ထဲကနေ ယေဘုယျ အသုံးပြုတဲ့ ဘာသာစကားထဲကို ရောက်ရှိလာခဲ့ပါတယ်။
ရောဂါဗေဒအသိနဲ့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လွမ်းခြင်းဟာ သေစေနိုင်လောက်တယ်ဆိုတာကို ဘယ်သူမှလည်း လက်မခံကြတော့ဘူးလေ။

Nostalgia ဟာ ‘ကိုယ်ခန္ဓာ အခြေအနေတစ်ရပ်’ထက် စာရင် ‘စိတ်အခြေအနေတစ်ရပ်’သာ ဖြစ်ခဲ့ပါတယ် ။

ဆရာအောင်ခင်မြင့်၏ “မီးခိုးဗေဒ ကဗျာဆိုင်ရာ အရေးအသားများ” စာအုပ်မှ ကူးယူဖော်ပြပါသည်။

“The Journey Within – ကိုယ့်ရဲ့အတွင်းစိတ်လေးကို လှည့်ပြန်ငဲ့ကြည့်ခြင်း” ✨ကိုယ့်ဘဝတစ်လျှောက် ဖြတ်သန်းရတဲ့ အနိမ့်အမြင့် လေ...
11/09/2026

“The Journey Within – ကိုယ့်ရဲ့အတွင်းစိတ်လေးကို လှည့်ပြန်ငဲ့ကြည့်ခြင်း” ✨

ကိုယ့်ဘဝတစ်လျှောက် ဖြတ်သန်းရတဲ့ အနိမ့်အမြင့် လောကဓံတွေကြားမှာ... ဘာတွေကို လေးလေးပင်ပင် သယ်ဆောင်လာခဲ့မိလဲ? ဘာတွေကို ချန်ထားခဲ့ဖို့လိုပြီး၊ ဘယ်အရာတွေကို ဆက်လက်သယ်ဆောင်သွားမလဲ? 🤔

ဒီသီတင်းကျွတ်ပိတ်ရက်မှာတော့ စိတ်ပင်ပန်းမှုတွေကို ခဏဘေးဖယ်ပြီး ကလောရဲ့ သဘာဝတောတောင်တွေကြားမှာ အနားယူရင်း၊ ပန်းချီဆွဲရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားနိုင်ဖို့အတွက် Nature’s Nirvana Campsite နဲ့ Art of Healing တို့ ပူးပေါင်းပြီး "Mental Wellness Retreat" အစီအစဉ်လေးတစ်ခုကို အထူးထည့်သွင်း စီစဉ်ပေးထားပါတယ်ခင်ဗျာ။ ✨

"Mental Wellness Retreat " လို့ နာမည်ပေးထားတဲ့အတိုင်း Expressive Arts Program လေးဖြစ်တာကြောင့် သဘာဝတရားရဲ့ ကူညီဖေးမမှုနဲ့အတူ ကိုယ့်စိတ်ရဲ့ အတွင်းသဏ္ဍာန်တွေကို ပန်းချီအနုပညာကတစ်ဆင့် လွတ်လွတ်လပ်လပ် ခံစားဖော်ထုတ်ကြည့်ကြပါမယ် 🎨🌿

ဒီ Program လေးမှာ ဘာတွေလုပ်ကြမလဲ?

• Trekking & Nature Quiet Time:

ကလောရဲ့ လှပတဲ့ တောင်တက်လမ်းတွေကို ဖြည်းဖြည်းချင်း လျှောက်လှမ်းရင်း၊ သစ်ပင်တွေ၊ တိုး​​ဝှေ့ဖြတ်တိုက်လာတဲ့ သဘာဝလေတိုးသံတွေနဲ့အတူ ကိုယ့်ရဲ့အသက်ရှူသံကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်နားထောင်မယ်။

• Expressive Arts Session:

ပန်းချီလှလှဆွဲတတ်ဖို့ မလိုပါဘူး။ ကာလာတွေ၊ လိုင်းတွေကတစ်ဆင့် ကိုယ့်ရဲ့အတွင်းစိတ် ခံစားချက်တွေကို လွတ်လပ်စွာ ပုံဖော်ရင်း၊ လွှတ်ချချင်တဲ့ စိတ်ဖိစီးမှုတွေကို တောင်ပေါ်မြေမှာ ထားရစ်ခဲ့ကြမယ်။

သဘာဝတရားရဲ့ ရင်ခွင်ထဲမှာ ကိုယ့်ရဲ့အတွင်းစိတ်လေးကို အနုပညာနဲ့ ကုစားဖို့ Campsite မှာ ဆုံကြစို့နော် 🏕️🎨

✨ အသေးစိတ်အချက်အလက်များ -

⏳ Duration: 2 Days / 1 Night
📍 Location: Nature’s Nirvana Campsite, Kalaw
📅 Date: 26 October 2026 (သီတင်းကျွတ်ပိတ်ရက်)
👥 Limited Participants: (လူဦးရေ အကန့်အသတ်ရှိပါတယ်ခင်ဗျာ)

📩 စုံစမ်းမေးမြန်းပြီး စာရင်းပေးလိုပါက ကျွန်တော်တို့ Page Messenger သို့မဟုတ် ဖုန်း 09-250789486 ကိုတိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

အောက်တိုဘာလ မှာ “Nature’s Nirvana Campsite ခရီးစဉ်”လေးစတင်ဖို့အတွက် အခုဆိုရင် ပန်းပင်တွေစစိုက်နေပါပြီ 🌻🌼💐ပုံလေးတွေကတော့ ...
11/09/2026

အောက်တိုဘာလ မှာ “Nature’s Nirvana Campsite ခရီးစဉ်”လေးစတင်ဖို့အတွက် အခုဆိုရင် ပန်းပင်တွေစစိုက်နေပါပြီ 🌻🌼💐
ပုံလေးတွေကတော့ Campsite ကိုသွားမယ့် Trekking လမ်းတစ်လျှောက်က ရှူခင်းလေးတွေဖြစ်ပါတယ် 🍃🏕️

ဘဝမှာ ပစ္စုပ္ပန် တွေကပိုအရေးပါတယ် ။အဲ့ဒီ ပစ္စုပ္ပန်တွေမှာ ကိုယ့်ရဲ့ဖြစ်နေတဲ့ခံစားချက်ကို လစ်လျူရှုထားတာများရင်အနာဂတ်တွေမ...
09/09/2026

ဘဝမှာ ပစ္စုပ္ပန် တွေက
ပိုအရေးပါတယ် ။
အဲ့ဒီ ပစ္စုပ္ပန်တွေမှာ ကိုယ့်ရဲ့ဖြစ်နေတဲ့
ခံစားချက်ကို လစ်လျူရှုထားတာများရင်
အနာဂတ်တွေမှာ ပိုနွမ်းနယ် သွားတတ်တယ် ။

ဂရုစိုက် ..
ခဏနားသင့်ရင်နား
ပြီးမှ ဆက်သွားပေါ့ ။

📷~Kaung Htet Hlaing

Address

Kalaw

Opening Hours

Monday 08:00 - 20:30
Tuesday 08:00 - 20:30
Wednesday 08:00 - 20:30
Thursday 08:00 - 20:30
Friday 08:00 - 20:30
Saturday 08:00 - 00:00
Sunday 08:00 - 00:00

Telephone

+959250789486

Alerts

Be the first to know and let us send you an email when Kha Yee Sin - ခရီးစဉ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kha Yee Sin - ခရီးစဉ်:

Shortcuts

Share

Category