Kalaw Car Rental & Photo Free ZinKo

Call Contact the business

Kalaw Car Rental & Photo Free ZinKo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kalaw Car Rental & Photo Free ZinKo, Tour guide, Kalaw.
(1)

🚐 Kalaw Car Rental Service 🏍️ Motorbike Rental 🥾 Trekking & Hiking Tours 🧭 Local Tour Guide Service 📸 Free Camera Photo Service with Car Rental 🏞️ Kalaw & Shan State Travel Experiences

📞 09408354224 📞 09762999290

✨ Explore Kalaw, Capture Memorie

17/09/2026
26.10.2026 ခုနှစ် သီတင်းကျွတ်လပြည့်ည တောင်ကြီးမြို့  ကံကြီးကြောငျး တွင် လွှတ်တင်ပူဇော်မည့် မီးပုံးပျံ စာရင်း... Update *...
17/09/2026

26.10.2026 ခုနှစ် သီတင်းကျွတ်လပြည့်ည တောင်ကြီးမြို့ ကံကြီးကြောငျး တွင် လွှတ်တင်ပူဇော်မည့် မီးပုံးပျံ စာရင်း... Update

* ပြထားတော့ မီးပုံးများသည် စိန်နားပန် မီးပုံးပျံအမျိုးစားဖြစ်သည်

လက်ရှိစားရင်း ညမီးကြီး 13 လုံး ၊ စိန်နားပန် 9 လုံး ၊ စုစုပေါင်း 22 လုံးဖြစ်သည် ။

၂၀၂၆တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်ထုတ်ပြန်ခြင်း၁၈.၁၁.၂၀၂၆ (ဖွင့်ပွဲဲ) မှ ၂၄.၁၁.၂၀၂၆အထိ မီးပုံးပျံလွှတ်တင်မည်.၂၅.၁၁.၂၀၂...
16/09/2026

၂၀၂၆တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်ထုတ်ပြန်ခြင်း
၁၈.၁၁.၂၀၂၆ (ဖွင့်ပွဲဲ) မှ ၂၄.၁၁.၂၀၂၆အထိ မီးပုံးပျံလွှတ်တင်မည်.

၂၅.၁၁.၂၀၂၆ ဆုပေးပွဲနှင့်ပိတ်ပွဲ ကျင်းပမည်

မီးပုံးပျံအရေအတွက်ပေါ်မူတည်ပြီး ရက်ထပ်တိုးနိုင်ပါသည်.

အင်းလေးရဲ့ ရေပြင်အေးအေးနဲ့တောင်ကြီးရဲ့ တိမ်တွေအောက်မှာ… 🏔️🌿လှပတဲ့ရှုခင်းတွေကို ကြည့်ရင်းခရီးသွားခြင်းရဲ့ အဓိပ္ပါယ်ကို ပိ...
16/09/2026

အင်းလေးရဲ့ ရေပြင်အေးအေးနဲ့
တောင်ကြီးရဲ့ တိမ်တွေအောက်မှာ… 🏔️🌿

လှပတဲ့ရှုခင်းတွေကို ကြည့်ရင်း
ခရီးသွားခြင်းရဲ့ အဓိပ္ပါယ်ကို ပိုနားလည်လာတယ်။

တချို့အမှတ်တရတွေက
စကားလုံးတွေနဲ့ မဖော်ပြနိုင်ဘဲ
📸 ဓာတ်ပုံတစ်ပုံထဲမှာပဲ သိမ်းထားချင်စရာကောင်းတယ်။

အင်းလေးကနေ တောင်ကြီးအထိ
အမှတ်တရလှလှလေးတွေကို
ကင်မရာနဲ့ အတူတူဖမ်းယူပေးခဲ့ပါတယ်။ ❤️

ခရီးစဉ်အတွက် ယုံကြည်ရွေးချယ်ပေးတဲ့အတွက်
ကျေးဇူးအထူးတင်ပါတယ်။ 🙏🏻

တစ်နေရာပြီးတစ်နေရာ လည်ပတ်ခဲ့ရုံမဟုတ်ဘဲရှမ်းပြည်ရဲ့ အလှတရားတွေကို အတူတူခံစားခဲ့ရတဲ့ ခရီးစဉ်လေးတစ်ခု 🏔️📸ကလောရဲ့ အေးမြတဲ့လေ...
15/09/2026

တစ်နေရာပြီးတစ်နေရာ လည်ပတ်ခဲ့ရုံမဟုတ်ဘဲ
ရှမ်းပြည်ရဲ့ အလှတရားတွေကို အတူတူခံစားခဲ့ရတဲ့ ခရီးစဉ်လေးတစ်ခု 🏔️📸

ကလောရဲ့ အေးမြတဲ့လေ၊
ရွာငံနဲ့ ပင်းတယရဲ့ သဘာဝအလှ၊
အင်းလေးရဲ့ ရေပြင်အလှနဲ့ တောင်ကြီးရဲ့ ညနေခင်းတွေကြားမှာ
မမေ့နိုင်တဲ့ အမှတ်တရတွေကို ကင်မရာထဲမှာ သိမ်းဆည်းပေးခဲ့ပါတယ်။ ❤️

📸 လှပတဲ့ Moment လေးတွေကို ဓာတ်ပုံရိုက်ကူးပေးခြင်း
🍽️ အရသာကောင်းတဲ့ စားသောက်ဆိုင်လေးတွေကို Guide လုပ်ပေးခြင်း
🚗 ခရီးစဉ်တစ်လျှောက် အဆင်ပြေစွာ လည်ပတ်နိုင်အောင် ကူညီပေးခြင်း

ခရီးတစ်ခုကို ပိုပြီးပြည့်စုံစေဖို့ နေရာတွေထက် အမှတ်တရကောင်းတွေက ပိုအရေးကြီးပါတယ်။

ယုံကြည်ပြီး အတူတူခရီးထွက်ပေးခဲ့တဲ့အတွက်
အထူးပဲ ကျေးဇူးတင်ပါတယ်။ 🙏🏻❤️
📸
Zinko kalaw

တစ်နေ့နေ့မှာတော့…တောင်တန်းတွေနဲ့ ဝန်းရံထားတဲ့ မြို့လေးတစ်မြို့မှာဘဝကို အေးအေးချမ်းချမ်း အခြေချချင်တယ်။ 🏔️🤍ညနေခင်း နေဝင်ခ...
14/09/2026

တစ်နေ့နေ့မှာတော့…
တောင်တန်းတွေနဲ့ ဝန်းရံထားတဲ့ မြို့လေးတစ်မြို့မှာ
ဘဝကို အေးအေးချမ်းချမ်း အခြေချချင်တယ်။ 🏔️🤍
ညနေခင်း နေဝင်ချိန်လေးတွေမှာ
ကိုယ်ချစ်ရတဲ့သူနဲ့အတူ ကားလေးတစ်စီးနဲ့
လမ်းမကြီးတွေကို ဖြည်းဖြည်းလေး မောင်းရင်း
မရောက်ဖူးသေးတဲ့ လှပတဲ့နေရာလေးတွေကို ရှာဖွေမယ်။ 🚗🌅
နေဝင်ပြီး အေးလာတဲ့အချိန်မှာတော့
လမ်းဘေးဆိုင်လေးတစ်ဆိုင်မှာ ဝင်ထိုင်ပြီး
ရိုးရိုးရှင်းရှင်း ညစာလေးတစ်နပ်ကို
တစ်ယောက်နဲ့တစ်ယောက် ပြုံးရင်း စားကြမယ်။ 🍜✨
ဘဝဆိုတာ အမြဲတမ်း ကြီးမားတဲ့အရာတွေကို
လိုက်ရှာနေရတာ မဟုတ်ဘူးထင်တယ်…
ကျန်နေသေးတဲ့ ဘဝခရီးလမ်းမှာ
ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ
စိတ်အေးချမ်းမှု၊ အမှတ်တရကောင်းတွေနဲ့
ပျော်ပျော်လေး နေသွားနိုင်ရင်ပဲ လုံလောက်ပါပြီ။ 🤍
ပြီးတော့ ကျွန်တော်တို့ရဲ့ ခရီးတိုင်းမှာ
ယုံကြည်ပြီး အားပေးလိုက်ပါပေးကြတဲ့
မိတ်ဆွေများ၊ ခရီးသွားဖော်များအားလုံးကို
ရင်ထဲကနေ အထူးကျေးဇူးတင်ပါတယ်။ 🙏🏻
ခရီးတွေက အဆုံးသတ်သွားနိုင်ပေမယ့်
အတူတူဖန်တီးခဲ့တဲ့ အမှတ်တရတွေကတော့
ဘဝတစ်လျှောက် မပျောက်ကွယ်သွားပါဘူး။ 🌿✨

#ကလော

#ရွာငံ

#ပင်းတယ

#အင်းလေး

#တောင်ကြီး

#ရှမ်းပြည်နယ်











🏔️ ရှမ်းပြည်ရဲ့ အလှတရားတွေနဲ့အတူ မမေ့နိုင်တဲ့ ခရီးစဉ်လေးတစ်ခု 📸ကလော — တစ်ရက်ရွာငံ & ပင်းတယ — တစ်ရက်အင်းလေး & တောင်ကြီး —...
14/09/2026

🏔️ ရှမ်းပြည်ရဲ့ အလှတရားတွေနဲ့အတူ မမေ့နိုင်တဲ့ ခရီးစဉ်လေးတစ်ခု 📸

ကလော — တစ်ရက်
ရွာငံ & ပင်းတယ — တစ်ရက်
အင်းလေး & တောင်ကြီး — တစ်ရက်

၃ ရက်တာ ခရီးစဉ်အတွင်း နေရာလှလှလေးတွေကို လိုက်လံပို့ဆောင်ပေးရုံသာမက 📸 ကင်မရာနဲ့ အမှတ်တရဓာတ်ပုံလေးတွေပါ ရိုက်ကူးပေးခဲ့ပါတယ်။

ထို့အပြင် ခရီးသွားရင်း စားကောင်းသောက်ကောင်းတဲ့ ဆိုင်လေးတွေကိုလည်း Guide လုပ်ပေးပြီး ခရီးစဉ်တစ်လျှောက် အဆင်ပြေစွာ လည်ပတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ❤️

ခရီးတစ်ခုရဲ့ အမှတ်တရဆိုတာ သွားခဲ့တဲ့နေရာတွေသာမက
တွေ့ကြုံခဲ့ရတဲ့ အချိန်လေးတွေနဲ့ ရရှိခဲ့တဲ့ အမှတ်တရတွေလည်း ဖြစ်ပါတယ်။

ယုံယုံကြည်ကြည်နဲ့ ခရီးစဉ်အတွက် ရွေးချယ်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ 🙏❤️

နောက်ထပ်ခရီးစဉ်တွေမှာလည်း ပိုကောင်းတဲ့ဝန်ဆောင်မှုတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ 🏔️📸

Thank you for travelling with us. ❤️

#ကလော

#ရွာငံ

#ပင်းတယ

#အင်းလေး

#တောင်ကြီး

#ရှမ်းပြည်နယ်











09/09/2026

ဗျိုက်တောင် အလှ

အရှေ့ဘက်တောင်တန်းကြီးအထက်က သမိုင်းဝင်ရွှေအင်းတိန်ဘုရား  🙏🙏🙏(အင်းလေးကန်၊ ရှမ်းပြည်နယ်တောင်ပိုင်း)ရွှေအင်းတိန် ဘုရား သည် က...
08/09/2026

အရှေ့ဘက်တောင်တန်းကြီးအထက်က သမိုင်းဝင်ရွှေအင်းတိန်ဘုရား 🙏🙏🙏(အင်းလေးကန်၊ ရှမ်းပြည်နယ်တောင်ပိုင်း)

ရွှေအင်းတိန် ဘုရား သည် ကမ္ဗောဇပြည် (ခေါ်) ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်မြို့၊ ယခု အင်းတိန်ရပ် - အင်းလေးမှာ ဖြစ်သည်။
အင်းတိန်ဒေသသို့ ရွှေညောင်မှ တဆင့် အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦး၊ အလိုတော်ပေါက်အစရှိသော ဘုရားများကိုဖူးပြီးနောက် အင်းတိန်ချောင်းအတွင်းသို့ဝင်ကာ မိနစ် ၃ဝ နီးပါး စက်လှေဖြင့်သွား၍ရပါသည်။ ထို့ပြင် ညောင်ရွှေမှ မိုင်းသောက်သို့ သွားကာ၊ မိုင်းသောက်မှတစ်ဆင့် အင်းလေးကန်ကိုဖြတ်၍ စက်လှေဖြင့် သွားနိုင်သည်။ ယခုအခါ ရွှေအင်းတိန်မြတ်စွာဘုရား ကိန်းဝပ်ရာ အင်းတိန်ရွာသို့ ကားလမ်းပေါက်နေပြီဖြစ်၍ တောင်ကြီး-ညောင်ရွှေ-ခေါင်တိုင်-အင်းတိန်ကားလမ်းမှ လွယ်လင့်တကူသွားရောက်ဖူးမြော်နိုင်ပါပြီ။ ထို့အပြင် (၃.၃ဖာလုံ)ခန့် ရှည်လျားသည့် အင်းတိန်ချောင်း ဘုရားစောင်းတန်းမှ ဘုရားရင်ပြင်အထိ ကားလမ်းဖောက်ထား သောကြောင့် သက်ကြီးဘုရားဖူးများအတွက် များစွာအဆင်ပြေလှသည်။
ဘုရားများက ရှေးလက်ရာတွေ မပျက်စီးဘဲ တော်တော်လေး ကျန်နေသေးသည်။ အချို့စေတီများသည် သဘာဝဘေးဒဏ်ကြောင့် ယိုယွင်းပျက်စီးနေပြီဖြစ်ပါသည်။ ဘုရားစေတီပုံစံများသည် မွေတော်ကက္ကူမှ ဘုရားပုံစံများနှင့် ဆင်တူသည်။ ရွှေအင်းတိန်ဘုရားများသည် ထိန်းသိမ်းရန် များစွာလိုအပ်နေပါသေးပြီး အနီးအနားတွင် အင်းတိန်လှေဆိပ်၊ Art Galleryများ၊ Souvenir Shop များ၊ ရွှေအင်းတိန်ဈေး၊ အင်းတိန်မူလတန်းလွန်ကျောင်း စသည်များရှိသည်။
သမိုင်းဝင်ရွှေအင်းတိန် မြတ်စွာဘုရားကြီးကို တည်ထားခဲ့သော ဒါယကာသည် ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောက မင်းကြီးဖြစ်သည်။ သာသနာနှစ် (၂၀၀)ကျော်ကျော်လောက်တွင် ဘုရားရှင်၏ ဘရိယ (မွေတော်) ဓာတ်တော်ကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် ပြုပြင်တော်မူတဲ့ မင်းကတော့ အနော်ရထာမင်းဖြစ်သည်ဟုသိရပါတယ်..ထိုအချိန်တွင် ဘုရားကို ထပ်ဆင့်တည်၍ ဝတ်မိုးမြေ အရံစောင့် ကျွန်းသီတော်များ လှူခဲ့ပါသေးသည်။ အရံစောင့်ကျွန်သီးတော်တွေက (၅၀၀) ဖြစ်သည်။ ယခုကျွန်သီးတော်တွေကား လူဦးရေ (၅၀၀)၊ အိမ်ခြေ (၈၁)၊ ကျားကြီး (၅၀)၊ ကျားငယ် (၁၁၀)၊ မကြီး (၆၈)၊ မငယ် (၅၉) ယောက်ဖြစ်သည်ဟုသိရှိရပါတယ်...
ထို့နောက် နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင်ဘုရင် နှင့် ဆင်ဖြူရှင် မင်းတရားကြီးတို့မှ ခတ်အဆက်ဆက် ထပ်မံပြုပြင်ခဲ့ပါတယ်။ အရံစေတီတော်ပေါင်းက (၁၀၅၄)ဆူ ရှိပြီး၊ ဘုရားစောင်းတန်းကြီးမှာ ပါဝင်တည်ဆောက်ထားတဲ့ တိုင်းလုံး အရေအတွက် ကတော့ (၄၀၃)လုံးရှိပါတယ်.. စောင်းတန်း အရှည်မှာ (၃.၃ဖာလုံ) ရှိပါတယ်.. ဘုရားကြီးရဲ့ နယ်နိမိတ်သည် အရှေ့ဘက်တွင် ကျောက်ပွန်ရေထွက်၊ နောက်ကန် အင်းဆင်သေကုန်း၊ အရှေ့တောင်တွင် သရက်မောင်နှမ၊ တောင်ခြားတွင် - ချောင်းချောက်ကြီး ပျားစွဲတော်။ အနောက်ခြားတွင် - ဆင်ရုပ်ညောင်စည်။ အနောက်မြောက်မှာ စစ်တောင်းတောင်ခမောက်တောင် ရသေ့ကုန်း။ မြောက်ဘက်မှာ - နတ်သမီးတောင်၊ ရသေ့တောင်၊ ဝေလုကမ္ပတောင်။ အရှေ့မြောက်တွင် - အင်းရေပြင် ကျောက်ခြံ တို့ ဖြစ်ကြပါတယ်...
နှစ်စဉ် ဒေသစာရီ လှည့်လည်တော်မူသည့် အင်းလေးဖောင်တော်ဦးရုပ်ပွားတော်များ ပထမဆုံးရောက်ရှိပြီး ညကျိန်းစက်သည့် နေရာဖြစ်ခြင်းကြောင့်လည်း ရွှေအင်းတိန်သည် ပိုမိုစည်ကားလာသည်။ ရွှေအင်းတိန်ရှေးဟောင်းစေတီ များအနီးရှိ တောင်ပေါ်မှအင်းလေး ဖောင်တော်ဦးကို လှမ်းမျှော်ဖူးတွေ့နိုင်သည်။ ဒေသခံများသည်လည်း ရှေးရိုးရာမပျက် ဝတ်ဆင် နေထိုင် စားသောက်ကြသေးကြောင်း သိရပါတယ်။
ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန် စေတီတော် ကို (၂၇၃ - ၂၇၂ ) ဘီစီ တွင် သီရိဓမ္မာသောကမင်းကြီးကတည်ထားခဲ့ပြီး အနော်ရထာမင်းကြီးကထပ်ဆင့် တည်ထားကိုယ်ကွယ်ခဲ့ပါတယ်...
စေတီစုတွင် စေတီပေါင်း ( ၁၀၅၄ )ဆူရှိပြီး
ပုဂံ အင်းဝ ညောင်ရမ်း ကုန်းဘောင်ခေတ်များမှ
( အေဒီ ၁၁ ရာစု မှ ၁၈ ရာစုထိ ) ကွဲပြားခြားနားသည့် ရိုးရာဗိသုကာလက်ရာများ ရုပ်လုံးရုပ်ကြွများ အင်္ဂတေ ပန်းတော့ လက်ရာများကိုတွေ့ မြင်နိုင်ပါတယ်။
Original writer
Credit :

ဘဝဆိုတာ ဓာတ်ပုံရိုက်ရသလိုပါပဲ တဲ့ ကိုယ်လိုချင်တဲ့ အရာကိုပဲ Focus ထားရတယ် ဘဝမှာလဲ မလိုအပ်တာတွေ ဖယ်ထုတ်တတ်ဖို့လိုတယ်  အလှဆ...
02/09/2026

ဘဝဆိုတာ ဓာတ်ပုံရိုက်ရသလိုပါပဲ တဲ့

ကိုယ်လိုချင်တဲ့ အရာကိုပဲ Focus ထားရတယ်
ဘဝမှာလဲ မလိုအပ်တာတွေ ဖယ်ထုတ်တတ်ဖို့လိုတယ်

အလှဆုံး အခိုက်တန့်တွေကို ဓာတ်ပုံရိုက်ပြီး
အမိအရ ဖမ်းယူထားတတ်သလို
ဘဝရဲ့ ပျော်စရာအချိန်တွေ ၊ အကောင်းဆုံးနေ့တွေကို ဖန်တီးရင်း ကောင်းကောင်းဖြတ်သန်းရမယ်

ကိုယ်လိုချင်တဲ့ အနေထားမဟုတ်ပဲ မှားယွင်းပြီး
ပုံရိုက်မိတဲ့အခါ ပြန်ဖျက်ပြီး အစကပြန်ရိုက်သလိုမျိုးဘဝမှာ အမှားတွေ ၊ နာကျင်စရာတွေ ကြုံလာရင်လဲ
တဖန်ပြန်ပြီး တည်ဆောက်ရတယ်

ဓာတ်ပုံလှလှလေးတွေ များများရိုက်ပီး
ကိုယ့်ဘဝကိုလည်း လှလှပပ နေထိုင်ပါတဲ့ 😌

📸
No edit phtos



#ကလောမြို့ခရီးသွားလမ်းညွှန်
#ရိုက်ဖြစ်ခဲ့တဲ့ပုံလေးများ
#အလည်အပတ်ကားငှားဓာတ်ပုံရိုက်09762999290
ယနေ့အားပေးခဲ့တဲ့ဧည့်သည်တော်များကိုကျေးဇူးအများကြီးတင်ပါတယ်..ကားငှား၊ဓာတ်ပုံရိုက်လိုအပ်ပါကဆက်သွယ်နိုင်ပါတယ်ခများ..

Address

Kalaw

Telephone

+959408354224

Website

Alerts

Be the first to know and let us send you an email when Kalaw Car Rental & Photo Free ZinKo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kalaw Car Rental & Photo Free ZinKo:

Shortcuts

Share

Category