Pineland Tour

Pineland Tour Private Tour special service(Kalaw)

01/05/2023
 #မိူင်းထုင်ႉပူင်းႁဝ်း ၶိင်ႇၶၢဝ်းပၢတ်ႇၶၢဝ်ႈ   #ပုန်းအင်း ခုချိန်ရာသီအင်းလေးနဲ့တူတဲ့ ပုံးအင်း        နာမည်ကျော် အင်းလေးကိ...
15/09/2020

#မိူင်းထုင်ႉပူင်းႁဝ်း ၶိင်ႇၶၢဝ်းပၢတ်ႇၶၢဝ်ႈ
#ပုန်းအင်း ခုချိန်ရာသီ

အင်းလေးနဲ့တူတဲ့ ပုံးအင်း

နာမည်ကျော် အင်းလေးကို အားလုံးသိကြပေမယ့်
အင်းလေးနဲ့ အရမ်းတူတဲ့ ပုန်းအင်း ဆိုတဲ့နေရာလေးကိုတော့ သိသူနည်းပါးပါလိမ့်မယ်။
တစ်နှစ်မှာ ၆ လလောက် ရေပတ်လည်ဝိုင်းနေတယ် …

… ခါးလောက်ရှိတဲ့ရေထဲမှာ စပါးတွေရိတ်သိမ်းကြတယ် …

… ရေထဲမှာ ဝါးတန်းတွေထိုးပြီး စပါးတွေလှမ်းကြတယ် …

… ပြီးတော့ ဒီနေရာလေးကို ဒုတိယအင်းလေး…လို့လည်း ခေါ်ကြတဲ့ “ပုံးအင်းဒေသ” ဖြစ်ပါတယ်။

ပုံးအင်းဆိုတဲ့ဒေသလေးကတော့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ဟိုပုံးမြို့နဲ့ ဆီဆိုင်မြို့အကြား ဆီဆိုင်မြို့နယ်ထဲမှာ တည်ရှိနေတာပါ။ ကမ္ဘာကျော်အင်းလေးကန်နဲ့ဆိုရင် တောင်တစ်တောင်သာ ခြားပါတယ်။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ကနေသွားရပြီး ဟိုပုံး ပြီးရင်နောင်မွန်ဆိုတဲ့မြို့ကိုရောက်ပါတယ် နောင်မွန်ကညောင်ရွေမြို့လို့ပဲစက်လှေဆိပ်မြို့လေးဖြစ်ပါတယ်။
နောင်မွန်ကနေစက်လှေစီးပြီး သိပ်မကြာခင်မှာ စပါးခင်းတွေနဲ့ ရေပေါ်မှာအိမ်တွေဆောက်တဲ့အင်းလေးနဲ့ထပ်တူပုန်းအင်းကိုရောက်ရှိမှာဖြစ်ပါတယ်

ဒီဒေသမှာ ဆန်စပါးစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပါတယ်။ လူတော်တော်များများသိကြတဲ့ နာမည်ကျော် နောင်မွန်ရှမ်းဆန်ဟာ ပုံးအင်းဒေသက ထွက်တာပါ။ ဒါပေမဲ့ လူတော်တော်များများ မသိသေးတာတစ်ခုကတော့ ပုံးအင်းဒေသဟာ ကုန်း ၆ လ ရေ ၆ လလို့ ပြောရတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုပါ။ ဇူလိုင်လကနေ ဒီဇင်ဘာလထိက ရေ ၆ လ… ဇန်နဝါရီလကနေ ဇူလိုင်လဆန်းလောက်ထိက ဆိုင်ကယ်တွေ ကားတွေတောင် မောင်းလို့ရတဲ့ ကုန်း ၆ လပါ..။

ဒါကြောင့်မို့လည်း စပါးစိုက်ချိန်မှာ ရေရှားပြီး စပါးရိတ်ချိန်မှာ ရေတွေပြည့်လို့ နေပါတယ်။ ဒါပေမဲ့ မြန်မာလို ပုံးအင်း … ရှမ်းလို ထုင့်ပူင်းလို့ခေါ်တဲ့ ဒီဒေသဟာ တကယ့်ကိုလှပတဲ့ဒေသတစ်ခုဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဒီဒေသလေးရဲ့ ပတ်ပတ်လည်မှာဆိုရင် တောင်တန်းတွေဝိုင်းရံ..နေပြီး တောင်တန်းတွေရဲ့အလယ်မှာဆိုရင်တော့ ရှမ်းတောင်တန်းတွေဆီက စီးဆင်းလာတဲ့ ကွေ့ကွေ့ကောက်ကောက် ချောင်းလေးတစ်ခု ရှိနေပါတယ်။ ဒီချောင်းကတော့ ပုန်းအင်းဒေသရဲ့ အသက်သွေးကြောလည်း ဖြစ်တဲ့ တံဘက်ချောင်းပါ။

အင်းလေးကန်အရှေ့ဘက်မှာရှိတဲ့ တောင်တန်းနဲ့ နမ့်ပွန်ချောင်းအရှေ့ဘက်က လွယ်မော တောင်တန်းကြားမှာ လယ်ယာလုပ်ကိုင်လို့ကောင်းတဲ့ လျှိုကြီးတစ်ခု ရှိပါတယ်။ ဒီလျှိုကြီးကို ရှမ်းဘာသာနဲ့ ပုန်းလို့ ခေါ်ပါတယ်။ ဒီလျှိုကြီးတလျှောက်ကို သုံးပိုင်းခွဲလိုက်တဲ့အခါမှာတော့ လျှိုကြီးစတင်ရာဦးခေါင်းပိုင်းဟာ ဟိုပုန်း၊ အလယ်ပိုင်းဟာ ထုင်းပူင်း၊ အမြီးပိုင်းဟာ ဟန်ပုန်းဖြစ်လာပါတော့တယ်။

မွေတော်က္ကူရောက်လို့ အရှေ့ဖက်စောင်းတန်းကနေကြည့်လိုက်ရင် လွင်ပြင်ကြီးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အလယ်ပိုင်းမှာရှိတဲ့ ပုံးအင်းပါ။ ဒီလွင်ပြင်ကြီးတစ်ခုလုံးကိုခြုံပြီး ပုံးအင်းလို့ခေါ်ပါတယ်။

ပုန်းအင်းမှာတော့ ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပြီးတော့ ပုန်းအင်းကျေးရွာအုပ်စုထဲမှာဆိုရင် ကျေးရွာပေါင်း ၆၂ ရွာ ပါ၀င်တယ်လို့ ဆိုပါတယ်။

ရေ ၆ လဖြစ်နေတဲ့အချိန်မှာဆိုရင်လည်း လှေလေးတစ်စီးနဲ့ အိမ်အလည်သွားကြ …

ကုန်း ၆ လအချိန်မှာလည်း လမ်းလျှောက်ရင်း အိမ်အလည်သွားကြနဲ့ပါ …

ပုံးအင်းဒေသဟာ ရှမ်းလူမျိုးတို့ရဲ့ ရှမ်းရိုးရာစပါးရိတ်သိမ်းတဲ့ပုံစံကို တွေ့ရမယ့် တစ်ခုတည်းသောနေရာပါ..။

ဒီနေရာမှာတော့ စပါးပင်တွေကို စက်နဲ့ရိတ်ဖို့ အဆင်မပြေပါဘူး။စပါးရိတ်ချိန်ဆိုရင် ရေထဲကို ကိုယ်တစ်၀က်လောက်စိမ်နေပြီးမှ ရိတ်ရပါတယ်။ ဒီလိုပုံစံနဲ့ နေ့တစ်၀က်လောက် ရိတ်သိမ်းကြ.. ထမင်းစားချိန်ရောက်ရင်တော့ လှေပေါ်မှာပဲ တက်စားကြ… ရှေးဘိုးဘွားတွေလက်ထက်ကတည်းက ဒီလိုနေထိုင်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေက ရေထဲစပါးဆင်းရိတ်နေချိန်မှာ အမျိုးသမီးတွေကတော့ လှေတစ်စီးနဲ့ စပါးတွေဆယ်ပြီး ဝါးတန်းတွေပေါ်မှာ လှန်းကြပါတယ်။ မောင်တစ်ထမ်း မယ်တစ်ရွက်လို့ပဲ ဆိုဆို ရှမ်းအမျိုးသားနဲ့ အမျိုးသမီးတွေဟာ လယ်ယာလုပ်ငန်းခွင်မှာ ကိုယ့်တာ၀န်ကိုယ်စီယူလို့ စုပေါင်းလုပ်ဆောင်ကြတဲ့ အလေ့အထလေးတစ်ခုပါပဲ။

စပါးနှံတွေ ရေမြှုပ်သွားရင် ဆုံးရှုံးမှုတွေရှိလာမှာ ဖြစ်တဲ့အတွက်ကြောင့် ရေပိုမတက်လာခင် အပြိုင်ရိတ်သိမ်းကြရတယ်လို့ ဆိုပါတယ်။ မိုးကြီးပြီး ရေတက်များတဲ့ ဖြစ်ရပ်တွေကို ၃-၄ နှစ်တစ်ခါဆိုသလို ကြုံရတတ်ကြောင်းသိရပါတယ်။

ပြီးတော့့ ရေပေါ်ပေါလောပေါ်နေတဲ့စပါးတွေကို ခြောက်သွားအောင်လို့ ၁၅ ရက်လောက် နေလှန်းကြရပါတယ်။ ဒီစပါးတွေ ခြောက်သွားရင်တော့ အိမ်ကို သယ်သွားကြပြီး စပါးခြွေကြရပြန်ပါတယ် …။ ဒီတော့ ရေရှားချိန်မှာ စပါးစိုက်ပျိုး … ရေများချိန်မှာ စပါးရိတ်သိမ်း … အခြောက်လှန်း … စပါးခြွေ … ဒါတွေကတော့ ပုံးအင်းဒေသရဲ့ နိစ္စဓူ၀လုပ်ငန်းခွင်ပုံရိပ်တွေပါ ..။

ဒီနေရာလေးကို ရောက်ဖူးတဲ့သူတွေနဲ့ အငြင်းပွားစရာလေးတစ်ခု ရှိနိုင်တယ်ဆိုတာတော့ ကြိုပြောထားပါရစေ။ ရေခန်းနေတဲ့အချိန်မှာ ရောက်လာတဲ့သူတွေအတွက် ဒီနေရာလေးဟာ ဖုန်တထောင်းထောင်းနဲ့ ခြောက်ကပ်ကပ်နေရာလို့ မြင်ကြမှာဖြစ်သလို ရေတက်နေချိန်မှာ ရောက်လာတဲ့သူတွေကတော့ ဒီနေရာလေးဟာ လှေကို မရှိမဖြစ်သုံးရတဲ့နေရာ .. ကြည့်လေရာ ရေပတ်လည်ဝိုင်းလို့ .. အင်းလေးကန်လိုပဲလို့ မြင်ကြမယ့်နေရာလေးတစ်ခု ဖြစ်နေမှာပါ။

အင်းလေးနဲ့ပုံစံတူရေပေါ်မှာအိမ်လေးတွေဆောက်ပီး
စိုက်ပျိုးရေးအဓိကလုပ်ကိုင်တဲ့ ပုန်းအင်းကို
အခွင့်အခါသင့်တဲ့တနေ့့သွားလည်သင့်တဲ့နေရာလေးတခုပါလို့့အသိပေးလိုက်ချင်ပါတယ်....

Ref: mizzima

By: Sai NawHseng

Crd.

ရှမ်း​​ပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှ ဝင်္ကပါတောင်  ဘုရားဖြစ်ပါတယ် ...လျှောက်လမ်းလေးကနေ တည့်တည့်သွားရင် လိုဏ်ဂူဝင်ပ...
06/08/2020

ရှမ်း​​ပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှ ဝင်္ကပါတောင် ဘုရားဖြစ်ပါတယ် ...
လျှောက်လမ်းလေးကနေ တည့်တည့်သွားရင် လိုဏ်ဂူဝင်ပေါက်ကိုတွေ့ရမှာဖြစ်ပြီး ဂူထဲမှာတော့ အနယ်နယ်အရပ်ရပ်ကအလှူရှင်တွေလှူဒါန်းထားတဲ့ ရုပ်ပွားတော်တွေကိုဖူးမြင်ရမှာဖြစ်ပါတယ်....

___________________
_________



ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှ ဝင်္ကပါတောင် ဘုရားဖြစ်ပါတယ် ...
လျှောက်လမ်းလေးကနေ တည့်တည့်သွားရင် လိုဏ်ဂူဝင်ပေါက်ကိုတွေ့ရမှာဖြစ်ပြီး ဂူထဲမှာတော့ အနယ်နယ်အရပ်ရပ်ကအလှူရှင်တွေလှူဒါန်းထားတဲ့ ရုပ်ပွားတော်တွေကိုဖူးမြင်ရမှာဖြစ်ပါတယ်....

Photos by KhayKhay

ခရီးသွားရင် ကားမူးတတ်ကြလား...🤮🤮-------------------------------------------------ခရီးသွားတဲ့အခါမှာ ကားမမူးအောင် ပြင်ဆင်ထာ...
29/06/2020

ခရီးသွားရင် ကားမူးတတ်ကြလား...🤮🤮
-------------------------------------------------
ခရီးသွားတဲ့အခါမှာ ကားမမူးအောင် ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းကောင်းလေးများ...

၁။ ဗိုက်ထဲမှာ အစာ လုံးဝ မရှိတဲ့အချိန် ခရီးမသွားပါနဲ့။
ရေနဲ့ပြုတ်ထားတဲ့ အစားစာတွေကို အဆာပြေစားသွားပါ။...

၂။ ရေ (သို့မဟုတ်) ဖျော်ရည်တစ်ခုခုကို သင့်တင့်ရုံသောက်သွားပါ။...

၃။ ခရီးမသွားခင် အိပ်ရေးဝဝ အိပ်ပါ။..

၄။ ခေါင်းမူးပျောက်ဆေးကို တစ်ခုခုကို သောက်ထားပါ။..

၅။ လမ်းခရီးတစ်ထောက် နားတဲ့အချိန် ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
အဆာပြေ သရေစာ တစ်ခုခုစားပါ။..

၆။ သကြားလုံး(သို့မဟုတ်) ပူရှိန်း၊ ချိုချဉ် တွေဟာ အန်ချင်စိတ်ကို ပျောက်စေပါတယ်။

၇။ မကြာခဏ အသက်ပြင်းပြင် ရှူပေးပါ။

၈။ ခရီးသွားတဲ့အခါ ဘေးကိုကြည့်ခြင်းထက် အရှေ့ကိုကြည့်ခြင်းက ပိုကောင်းပါတယ်။
မဟန်နိုင်အောင် ခေါင်းမူးလာလျှင် ခုံကို အသာမှီပြီး မျက်လုံး မှိတ်ထားလိုက်ပါ။..

၉။ အန်ချင်တဲ့အခါ အောင့်မထားပဲ အန်ချလိုက်တာက
ပိုပြီးသက်တောင့်သက်သာ ရှိစေပါတယ်။

၁၀။ ဆိုးဆိုးဝါးဝါး ကားမူးတတ်ရင်တော့ ခရီးမထွက်ခင်
ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ် ယူသင့်ပါတယ်။

သင့်အတွက် အသုံးဝင်ခဲ့ရင် သူငယ်ချင်းတွေအတွက်လည်း ပြန် Share ပေးပါဦးခင်ဗျာ...

Credit -7887ကျန်းမာရေး call center

ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့သို့ Quarantine  ဝင်စရာမလိုပဲ  လာရောက်လည်ပတ်နိုင်ပြီ  journalရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရ...
04/06/2020

ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့သို့ Quarantine
ဝင်စရာမလိုပဲ လာရောက်လည်ပတ်နိုင်ပြီ

journal

ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့သို့ Quarantine ဝင်စရာမလိုပဲ လာရောက် လည်ပတ်နိုင်ခွင့် ရရှိပြီဖြစ်ကြောင်း ကလောဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မေလ ၃၀ ရက် မနက်ပိုင်းက ကလောမြို့နယ် ခန်းမ ၌ ပြုလုပ်ခဲ့သည့် မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ ညှိနှိုင်းအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည့် ရလာဒ်တစ်ခုဖြစ်ကြောင်း သိရသည်။

ခရီးသွားများအနေဖြင့် ဇွန်လ ၁ရက်မှ စတင်ပြီး ကလောမြို့သို့ လာရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Travelling သို့ ပြောသည်။

ယင်းဟိုတယ်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ သတိပေးလမ်းညွှန်ချက်များကို ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားကော်မတီ ၏ ကျန်းမာရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးမှု အသိအမှတ် ပြု လတ်မှတ်များကို လည်း ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

’’ပထမတစ်ကြိမ် စစ်ဆေးခဲ့တုန်းက ဟိုတယ်၂၁ လုံးစစ်တယ်၊နောက်ထပ် ဟိုတယ် ၇ လုံးထပ် စစ်ဆေးတယ်၊ ဟိုတယ်၃၀ လောက်တော့ စစ်ပြီးပြီ၊ လက်ဖက်ရည်ဆိုင်တွေကော၊စားသောက်ဆိုင်တွေကောပါ။ ဟိုတယ်တွေကတော့ ဟိုတယ်အခန်းအကုန်ကို ဖွင့်ခွင့်မပေးသေးပါဘူး။ဆိုပါတော့ ဟိုတယ်မှာ အခန်းပေါင်း၁၀၀ ရှိရင်
တစ်ဝတ်ပဲဖွင့်ခွင့်ပေးတာပါ။ တစ်ခန်းနဲ့တစ်ခန်း ခြားထားပြီးမှ ဖွင့်ခွင့်ပေးတာဖြစ်ပါတယ် "ဟု ကလောအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Travelling journal သို့ ပြောသည်။

ထို့ပြင် ခရီးသွားများအနေဖြင့် လည်းကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်များကိုလည်း လေးစားလိုက်နာပြီး သက်ဆိုင်ရာမြို့နယ်ရှိ ခရီးသွားထောက်ခံချက်များကို ယူလာခဲ့မည်ဆိုပါက ပို၍ ကောင်းမွန်လိမ့်မည် ဟုလည်း အကြံ​ပေးလိုကြောင်း အောင်ပန်းမြို့အခြေစိုက်ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကလည်း Travelling journal သို့ပြောသည်။

journal

ကလောမြို့ကိုဩဒိနိတ်: 20°38′N 96°34′Eကိုဩဒိနိတ်: 20°38′N 96°34′Eပြည်နယ် ရှမ်းပြည်နယ်ခရိုင် တောင်ကြီးခရိုင်ပင်လယ်ရေ မျက်နှ...
01/06/2020

ကလောမြို့

ကိုဩဒိနိတ်: 20°38′N 96°34′Eကိုဩဒိနိတ်: 20°38′N 96°34′E

ပြည်နယ် ရှမ်းပြည်နယ်
ခရိုင် တောင်ကြီးခရိုင်

ပင်လယ်ရေ မျက်နှာပြင်အမြင့် ၄၂၉၇ ပေ (၁၃၁၀ မီတာ)
လူဦးရေ (၂၀၁၄) ၉၃၀၃၂[၁]

ကလောမြို့သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၂၉၇ ခန့်တွင် တည်ရှိသည်။ ပြည်ထောင်စုလမ်းမကြီးသည် ကလောမြို့မှ ဖြတ်သန်းသွားသည်။ ကလောမြို့၏ အရှေ့ဘက်တွင် အောင်ပန်းမြို့ ရှိပြီး အနောက်ဘက်သည် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်လျှက်ရှိသည်။ ရှမ်းပြည်တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဆင်းရာ တံခါးပေါက်ကဲ့သို့ ဖြစ်သည်။ မြို့အရှေ့ဘက်တွင် တောင်တန်းများမှရေများ စီးဆင်းရာ ကလောချောင်းရှိပြီး ၎င်းချောင်းသည် အင်းလေးကန်အတွင်းသို့ စီးဝင်သည်။ ကလောမြို့၏သမိုင်းကြောင်းကို ရှေးမြန်မာ ဘုရင်များလက်ထက်တွင် ရှမ်းပြည်နယ်သို့ လာရာလမ်း၏နားခိုရာနေရာတစ်ခုသာ ဖြစ်ခဲ့သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်လူမျိုးများ သဘောကျနှစ်ခြိုက်သဖြင့် မြို့အင်္ဂါရပ်နှင့်ညီအောင် ဖွဲ့စည်းတည်ဆောက် နေထိုင်ခဲ့ကြသည်။
မာတိကာ

၁ အမည်ရင်းမြစ်
၂ လူနေထိုင်မှုနှင့် စီးပွားရေး
၂.၁ နေထိုင်သည့်လူမျိုးများနှင့်အလုပ်အကိုင်
၃ ပညာရေး
၄ ဘာသာရေးနှင့်ယုံကြည်ကိုးကွယ်မှု
၅ ရိုးရာဓလေ့များ
၆ နာမည်ကျော်ကြားသည့်နေရာများ
၇ လမ်းပန်းဆက်သွယ်ရေး
၈ ကိုးကား
၉ ပြင်ပလင့်ခ်များ

အမည်ရင်းမြစ်

ကလောဟူသော အမည်သည် ဒေသခံလူမျိုးများဖြစ်သော ပလောင်လူမျိုးများ၏ကလောက် ဟူသော အသံထွက်မှ ဖြစ်ပေါ်လာသည်။ ပလောင်စကားအရ ကလောက်သည် ဒယ်အိုး(သို့)ဇလုံ ဟု အဓိပ္ပာယ်ရသည်။ ကလောမြို့အား အရပ်လေးမျက်နှာ တောင်တန်းများဝန်းရံနေပုံမှာ ဒယ်အိုးပုံစံနှင့် တူသောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြသည်။
လူနေထိုင်မှုနှင့် စီးပွားရေး

ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သော အဆောက်အဦးအချို့ကို အချို့နေရာများတွင် မြင်တွေ့နိုင်သေးသည်။ တပ်မတော်မှ ခြေမြန်တပ်မ(၅၅) အခြေစိုက်ရာ မြို့ဖြစ်ပြီး ခ.လ.ရ(၃)၊ ခ.လ.ရ(၇) နှင့် ခ.လ.ရ(၁၁၂) စသည့် တပ်ရင်း(၃)ရင်း ရှိသည်။ တပ်မတော် စစ်ဦးစီးတက္ကသိုလ်ကိုလည်း ဖွင့်လှစ်ထားသည်။ မြို့ရေပေးဝေရေးအတွက် မြို့အရှေ့ဘက်ရှိ အင်းပြင်ရေကန်နှင့် မြို့အနောင်တောင်ဘက်ရှိ ရေအေးကန်တို့မှ ဟိုးယခင်မှစတင်ကာ ဖြန့်ဝေပေးသည်။ မြို့အနောက်ဘက်ရှိ သဘာဝရေထွက်မှလည်း ရေပိုက်များဖြင့်သွယ်ယူကာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကြိုးစားလုပ်ဆောင် ဖြန့်ဝေပေးနေသည်။ ကလောမြို့အင်းပြင်ရွာတွင် လောပိတ ရေအားလျှပ်စစ်ထုတ်စက်ရုံမှလာသော လျှပ်စစ်ဓာတ်အားကို ခွဲရုံတည်ဆောက်၍ တောင်ကြီး၊ ပင်းတယမြို့ ၊ သာစည်မြို့နှင့် ကလောမြို့တွင်းသို့ ဖြန့်ဝေပေးသည်။ စီးပွားရေးအနေဖြင့် မက်မန်းသီး၊ မက်မွန်သီး၊ လိမ္မော်သီး၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ တို့ကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ယခင်က သယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်း၊ လက်တွန်းလှည်းများကို အားထားအသုံးပြုခဲ့ကြသော်လည်း ယခုအခါ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ကယ်ရီများဖြင့် အစားထိုး လုပ်ကိုင်နေကြပြီဖြစ်သည်။ အေးချမ်းသောမြို့ ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာဓလေ့များကြောင့် နိုင်ငံခြားခရီးသွားများအတွက် အကြိုက်တွေ့ရာမြို့ဖြစ်သည်။
နေထိုင်သည့်လူမျိုးများနှင့်အလုပ်အကိုင်

ယခင်က ကလောမြို့တွင်နေထိုင်သူအများစုမှာ ဓနုလူမျိုး၊ တောင်ရိုးလူမျိုးနှင့် ပလောင်လူမျိုး၊ ပအိုဝ်းလူမျိုးများ ဖြစ်ကြသည်။ ယခုအခါတွင် အစိုးရဌာနရုံးစိုက်ရာမြို့ ဖြစ်သာကြောင့် လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ တောင်ယာလုပ်ငန်း၊ သစ်ခုတ်ဝါးခုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ရွှေအနည်းငယ်ထွက်သောကြောင့် ရွှေတူးခြင်းလုပ်ငန်းကိုလည်း အနည်းငယ်လုပ်ကိုင်ကြသည်။
ပညာရေး

ကလောမြို့တွင် အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်းများ ရှိသည်။ ယခင်က အစိုးရစက်မှုလက်မှုကျောင်းရှိခဲ့သော်လည်း နောက်ပိုင်းတွင် အေးသာယာမြို့ သို့ ပြောင်းရွေ့သွားခဲ့သည်။ စာရင်းကိုင်သင်တန်း၊ ကွန်ပျူတာသင်တန်း နှင့် ဘာသာစကားသင်တန်းအချို့ ရှိသည်။
ဘာသာရေးနှင့်ယုံကြည်ကိုးကွယ်မှု

ကလောတွင် နေထိုင်သူအများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်ကြသည်။ အခြား အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ နှင့် နတ်ကိုးကွယ်သူများလည်း ရှိကြသည်။ သီတင်းကျွတ်လနှင့် တန်ခူးလ တို့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူတို့သည် ဘုန်းကြီးကျောင်းများသို့ ပုံမှန်သွားရောက် ကန်တော့လေ့ရှိကြသည်။
ရိုးရာဓလေ့များ

တန်ခူးလတွင် အတာတက်ပွဲခေါ် ပအိုဝ်းရိုးရာ မီးလုံးလွှတ်ပွဲ (ဗမာအခေါ် ဒုံးလွှတ်ခြင်း)များ ကျင်းပလေ့ရှိကြသည်။ အနီးအနားရှိ မြို့များနှင့် ကျေးရွာများမှ လာရောက်ယှဉ်ပြိုင်ကြသည်။ တန်ဆောင်မုန်းလတွင် မဟာဘုံကထိန်ပွဲတော်ကို ကျင်းပကြသည်။ ကလောမြို့၏ အထင်ကရကျောင်းတိုက်များ ဖြစ်သည့် မြို့မပရိယတ္တိစာသင်တိုက်နှင့် သိမ်တောင်ပရိယတ္တိစာသင်တိုက် တို့၌ကျင်းပကြသည်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့တွင် မြို့မပရိယတ္တိစာသင်တိုက်အတွက် ပဒေသာပင်များ လှည့်လည်ပူဇော်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် သိမ်တောင်ပရိယတ္တိစာသင်တိုက် အတွက်လှည့်လည်ပူဇော်ကြသည်။ အဆိုပါနေ့ရက်များ၏ ညချမ်းအချိန်အခါ၌ မီးတိုင်များဖြင့် ဘုရားမီးပူဇော်ပွဲ (ဒေသအခေါ် မီးရှော်တိုင်ပွဲ)များကို စည်ကားသိုက်မြိုက်စွာ ထိုကျောင်းတိုက်များ၌ ကျင်းပကြသည်။ မီးရှော်တိုင်ပွဲသည် ပြိုင်ပွဲတစ်ခုအနေဖြင့် ကျင်းပပေးပြီး မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
နာမည်ကျော်ကြားသည့်နေရာများ

နှစ်ရာချီရှိပြီဖြစ်သော နှီးဖြင့်ရက်လုပ်ပူဇော်ထားသည့် ဗုဒ္ဓရုပ်ပွားတော်မှာ ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော နေရာဖြစ်သည်။ သဘာဝရွှေဥမင် လှိုဏ်ဂူဘုရားမှာလည်း ထင်ရှားသည်။

ရွှေဥမင်ဘုရား ၊ သိမ်တောင်ဘုန်းကြီးကျောင်း ၊ ကလောမဟာစည်သာသနာ့ရိပ်သာ
လမ်းပန်းဆက်သွယ်ရေး
ကလောဘူတာ

အခြားမြို့များသို့ မီးရထားလမ်း၊ ကားလမ်းတို့ဖြင့် ဆက်သွယ်ထားသည်။ အနီးဆုံးလေဆိပ်မှာ ဟဲဟိုးမြို့ရှိ ဟဲဟိုးလေဆိပ် ဖြစ်သည်။
ကိုးကား

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ, အတွဲ(၂), ပြည်သူ့အင်အားဦးစီးဌာန, May 2015, p. ၆၂
မြန်မာ့စွယ်စုံကျမ်း(၁-က)

" ပင်းတယဂူ " ပင်းတယမြို့၊  ရှမ်းပြည်နယ်ပင်းတယရွှေဥမင် (ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရား)သည် ရှမ်းပြည်နယ် ၊ ပင်းတယမြို့တွင်...
01/06/2020

" ပင်းတယဂူ " ပင်းတယမြို့၊ ရှမ်းပြည်နယ်
ပင်းတယရွှေဥမင် (ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရား)သည် ရှမ်းပြည်နယ် ၊ ပင်းတယမြို့တွင် တည်ရှိသည်။ ပင်းတယ(စွယ်တော်ပန်းအဖြူပင်ပေါသည့် မြေပြန့်လွင်ပြင်ကျယ်ကျယ်ရှိရာ အရပ်) ဂူသုံးလုံးရှိကာ အရှေ့ဘက်အပေါက်မှ ဝင်ရောက်ရသောဂူများ ဖြစ်သည်။ တောင်ဘက်အကျဆုံးဂူသည် ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၇၀ မြင့်သည်။

Address

Quarters (6), Pyidaungsu Road, Kalaw
Kalaw
205605

Telephone

+95 9 795 795705

Website

Alerts

Be the first to know and let us send you an email when Pineland Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pineland Tour:

Shortcuts

Share

Category