Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku)

Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku) - Kalaw-Inle Trekking
- Day Return Trekking (Kalaw)
- Overnight Trekking (Kalaw, Kalaw-Inle)
- Camping
- Mountaineering
- Trip Planning
- Free Information

In this page, you could find out the information and photos that introduce you with how minority ethnic groups earn their living in mountains in Southern Shan State, Myanmar. Besides, it could help you to find out detailed information about trekking, hiking, birdwatching and journey in Southern Shan State (Kalaw, Inle Lake, Pindaya Cave, Kakku) in Myanmar.

-ဒီလိုဆောင်းတွင်းမှာ နက္ခတ်တာရာကြယ်စင်တွေ စုစည်းကြတဲ့ ကြယ်တာရာအစုံဆုံးအချိန် ဆိုတာ သင်သိပါသလား?- ဒီလိုကြယ်တွေအစုံဆုံးအချ...
12/12/2024

-ဒီလိုဆောင်းတွင်းမှာ နက္ခတ်တာရာကြယ်စင်တွေ စုစည်းကြတဲ့ ကြယ်တာရာအစုံဆုံးအချိန် ဆိုတာ သင်သိပါသလား?

- ဒီလိုကြယ်တွေအစုံဆုံးအချိန်မှာ ကြယ်တွေကို ရေတွက်ဖို့အကောင်းဆုံးနေရာဒေသက တောင်ကုန်းတောင်တန်းတွေရဲ့ထိပ်ဖျားတစ်နေနေရာက အကောင်းဆုံးဆိုတာ သင်သိပါသလား?

- ကလောမှာ trekking လျှောက်တာက ကမ္ဘာကျော် trekking လမ်းကြောင်းတစ်ခုဖြစ်တယ်ဆိုတာ သင်သိပါသလား?

- ကလောရဲ့ဆောင်းတွင်းညဖက် အပူချိန်က အရိုးကွဲလောက်အောင် အေးတယ် ဆိုတာ သင်သိပါသလား?

- မီးပုံလေးဘေးမှာ ဝိုင်းဖွဲ့ပြီး ဝိုင်နဲ့ ရေနွေးကြမ်းသောက်၊ အကင်လေးကိုစားပီး ကြယ်တွေကိုကြည့်ရတဲ့အရသာက ဘာနဲ့မှ မလဲနိုင်ဘူး ဆိုတာ သင်သိပါသလား?

- 5 stars ဟိုတယ်ဆိုတာကို ဘေးချိတ်၊ millions stars အဆင့်ရှိ ဟိုတယ်မှာ တည်းဖူးချင်ပါသလား?

အပေါ်က မေးခွန်းတွေအားလုံးအတွက် အဖြေက No! ပါလို့ဖြေရမယ် ဆိုရင်တော့ သေချာပါတယ် ... သင် ကလောမှာ trekking သွားကြည့်ဖို့လိုနေပါပီ။
အဲ .. မေးခွန်းတွေအားလုံးအတွက် အဖြေက Yes! ပါ ဆိုရင်တော့ millions stars အဆင့်ရှိတဲ့ ဟိုတယ်မှာတည်းပြီး ဘဝအတွက် အမြဲထာဝရ အမှတ်ရနေမယ့် memories လေးတွေ ဘဝမှာ ချန်ထားခဲ့နိုင်ဖို့ သင် trekking & camping ကို လုပ်ကြည့်ဖို့ လိုနေပါပြီ။ 😁😁😁
ဒါဆိုရင်တော့ အကောင်းဆုံးအစားအသောက်နဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေအပြင်၊ trekking သွားရင်းနဲ့ အကောင်းဆုံးအမှတ်တရဖြစ်နေမယ့် ပုံတွေကို (snap တွေကော portrait အလှပုံတွေကိုပါ) professional camera နဲ့ အခမဲ့ဓာတ်ပုံရိုက်ပေးမယ့် ကျတော်တို့ Trekking Information Center (TiC) ကို ဆက်သွယ်ဖို့ လိုအပ်လာပီ ဆိုတာကော သိပါသလား? 😁
သိတယ်ဆိုရင် ဖုန်းဆက်တော့လေ ... ဘာကြည့်နာလဲ 😜😜😜

- Day Trek
- 2-day Trek
- 3-day trek
- Kalaw-Inle Trek
- Camping
- Kalaw-Ywar Ngan Trekking
-Camping at the highest Peak

#မှတ်ချက်။ ။လွတ်လပ်စွာရှဲနိုင်ပါသည်၊ သို့သော်ပုံနှင့်စာများကို ကူးယူသုံးစွဲခွင့်မရှိပါ။

Trekking Information Center Myanmar (TiC)
[email protected]
09422874559
09265760994

ဒီဖက်ခေတ်မှာ အများစုက ကလောမှာ trekking သွားဖူးကြမယ် လို့ ထင်ပါတယ်။ Trekking သွားရင်း ကြုံတွေ့ခဲ့ဖူးတဲ့ Expectation vs Re...
24/07/2024

ဒီဖက်ခေတ်မှာ အများစုက ကလောမှာ trekking သွားဖူးကြမယ် လို့ ထင်ပါတယ်။ Trekking သွားရင်း ကြုံတွေ့ခဲ့ဖူးတဲ့ Expectation vs Reality လေးတွေကို ပြန်လည် မျှဝေပေးခဲ့ကြပါဦး။​
ပုံလေးတွေကို တစ်ပုံချင်းစီထောက်ကြည့်ရင်း ဖတ်ကြည့်သွားကြပါဦးနော် ...
🥹😎🥹😎🥹😎

TiC Myanmar
09960018027
09958106081

ဓာတ်ပုံရိုက်ပေးရင်း ကွီးဂိုက်မျက်စိထဲ ပိုးကောင်ဝင်သွားလို့ ငိုလိုက်ရသေးတယ် ... 🥹🥹🥹        TiC 0996001802709958106081
21/07/2024

ဓာတ်ပုံရိုက်ပေးရင်း ကွီးဂိုက်မျက်စိထဲ ပိုးကောင်ဝင်သွားလို့ ငိုလိုက်ရသေးတယ် ...
🥹🥹🥹



TiC
09960018027
09958106081

Trekking ဆိုတာ တောတောင်တွေထဲလမ်းလျှောက်၊ ရှုခင်းလှလှလေးတွေတွေ့ရင် ဓာတ်ပုံရိုက်ရုံသက်သက်မဟုတ်ပါဘူး။ တောင်ကုန်းတောင်တန်းတွ...
16/07/2024

Trekking ဆိုတာ တောတောင်တွေထဲလမ်းလျှောက်၊ ရှုခင်းလှလှလေးတွေတွေ့ရင် ဓာတ်ပုံရိုက်ရုံသက်သက်မဟုတ်ပါဘူး။
တောင်ကုန်းတောင်တန်းတွေကြားမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ယဥ်ကျေးမှု၊ အသက်မွေးဝမ်းကျောင်းနဲ့ နေထိုင်မှုပုံစံဓလေ့စရိုက်တွေကိုပါ လေ့လာခွင့်ရနိုင်မယ့် ခရီးစဥ်တစ်ခုပါရှင်။
Trekking ခရီးစဥ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းမေးမြန်းလိုပါက TiC ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

TiC Myanmar
09960018027
09958106081

𝑬𝒙𝒑𝒆𝒄𝒕𝒂𝒕𝒊𝒐𝒏𝒔: ကလောရောက်လို့ trekking သွားရင် ပုံလှလှလေးတွေရိုက်မယ်၊ ပဲများမယ် ... 😎😎😎𝑹𝒆𝒂𝒍𝒊𝒕𝒊𝒆𝒔: ဗွက်တောထဲလမ်းလျှောက်ရ၊ ဖ...
12/07/2024

𝑬𝒙𝒑𝒆𝒄𝒕𝒂𝒕𝒊𝒐𝒏𝒔: ကလောရောက်လို့ trekking သွားရင် ပုံလှလှလေးတွေရိုက်မယ်၊ ပဲများမယ် ... 😎😎😎

𝑹𝒆𝒂𝒍𝒊𝒕𝒊𝒆𝒔: ဗွက်တောထဲလမ်းလျှောက်ရ၊ ဖိနပ်မှာကပ်ပါလာတဲ့မြေကြီးတွေခွာရ၊ ချော်လဲ၊ ကျွတ်တွယ်ခံရ ... 🥹🥹🥹

ကလောမှာ trekking လျှောက်ရင်း မျှော်မှန်းထားတာနဲ့လွှဲခဲ့တာလေးတွေရှိရင်လည်း comment မှာ မျှဝေပေးခဲ့ကြပါဦး ... 😆😆😆

TiC Myanmar
09960018027
09958106081

မိုးရာသီ ကလောမှာ trekking သွားရင်း ကြုံတွေ့ခဲ့ရဖူးတဲ့ အမှတ်တရလေးတွေ ရှိဖူးလား??? ရှိရင် TiC နဲ့အတူ မျှဝေပေးခဲ့ကြပါဦးနော...
09/07/2024

မိုးရာသီ ကလောမှာ trekking သွားရင်း ကြုံတွေ့ခဲ့ရဖူးတဲ့ အမှတ်တရလေးတွေ ရှိဖူးလား???
ရှိရင် TiC နဲ့အတူ မျှဝေပေးခဲ့ကြပါဦးနော်။​

TiC Myanmar
09960018027
09958106081

Trekking ဆိုတာ တောတောင် လျှိုမြောင်တွေထဲ ခြေလျင်သွားလာရတဲ့ ခရီးကြမ်းဖြစ်တဲ့အတွက် မြို့ပေါ်က ကိုကိုမမတွေ မကြာခဏသွားလာလေ့ရ...
07/07/2024

Trekking ဆိုတာ တောတောင် လျှိုမြောင်တွေထဲ ခြေလျင်သွားလာရတဲ့ ခရီးကြမ်းဖြစ်တဲ့အတွက် မြို့ပေါ်က ကိုကိုမမတွေ မကြာခဏသွားလာလေ့ရှိတဲ့ luxurious trip မျိုးတော့မဟုတ်ပါဘူးခင်ဗျ ...
တစ်ရက်တစ်ရက်ကို ပျမ်းမျှ ၁၀ ဝန်းကျင်လျှောက်ရမယ် ...
မြင့်မားမတ်စောက်တဲ့ တောင်တွေတက်ရမယ် ...
လျှိုတွေဖြတ်ရမယ် ...
တောတွေထဲ ဖြတ်လျှောက်ရမယ် ...
မိုးတွင်းဆိုတော့ ဗွက်ထဲ လျှောက်ရမယ် ...
လက်လုပ်တံတား သေးသေးလေးတွေဖြတ်ရမယ် ...
လူတစ်ယောက်လမ်းလျှောက်ရရုံသာရှိတဲ့ (တစ်ဖက်မှာ တောင်နံရံ၊ တစ်ဖက်မှာ ချောက်) တောင်ခါးပန်းက လမ်းကျဥ်းကျဥ်းလေးမှာလည်းလျှောက်ရမယ် ...
စွန့်စားခန်းလေးတွေ နည်းနည်းဆန်မယ်ပေါ့။​
ဆိုတော့ကာာာာ "Trekking needs a good pair of shoes and a special soul" (Emma)
Trekking သွားဖို့အတွက် အဓိကလိုအပ်တာကတော့ ခိုင်မာတဲ့ဇွဲ၊ စိတ်ဓာတ်တစ်ခုရယ် ဖိနပ်ကောင်းကောင်းတစ်စုံရယ်ပါ ... တဲ့။​
ဖိနပ်ကောင်းကောင်းတစ်စုံ ဆိုတဲ့နေရာမှာ ကျတော်တို့ အရင်က ပြောခဲ့ဖူးသလိုပဲ ... မြို့ပေါ်မှာ စီးနေတဲ့ အကောင်းစား ကမ္ဘာကျော်ဘရန်းတွေ၊ fancy shoes တွေကတော့ trekking လမ်းခရီးမှာ သိပ်ပြီးမသင့်တော်ဘဲ တောကြမ်းစီးတဲ့ စစ်ဖိနပ်သာလျှင် trekking သွားဖိုအတွက် အသင့်တော်ဆုံးပါခင်ဗျ (ကလောရောက်မှ ဝယ်လို့ရပါတယ်) ...
ခြေသည်းအရှည်လှလှလေးထားထားတဲ့ မမ .. ညီမများ trekking လာမယ်ဆိုရင်တော့ အဲ့ဒီခြေသည်းလှလှလေးတွေကို ညှပ်ခဲ့ဖို့ အကြံပြုပါရစေခင်ဗျ ...
မိုးတွင်းဖြစ်တဲ့အတွက် မိုးကာကတော့ မပါမဖြစ်ပါ ... (ထီးဆောင်းပြီး trekking လျှောက်ရတာက အတော်လေးကို အဆင်မပြေဖြစ်လို့ပါ။)
တစ်ခါတစ်လေ နေပူပါတယ် .. (sun cream .. မျက်မှန် .. စတာတွေလိုပါမယ်)
အနွေးထည် လိုပါမယ် .. မိုးမကြာခဏရွာနေတတ်တာမို့ ပေါ့ပါးပြီး ပြန်ခြောက်လွယ်တဲ့ အဝတ်အစားမျိုးသာ ဆောင်ခဲ့တာ ပိုကောင်းပါလိမ့်မယ်ဗျ ...
အကိုက်အခဲပျောက်ဆေး၊ ဒဏ်ကြေလိမ်းဆေး စတာတွေပါ ဆောင်လာရင် ပိုကောင်းတာပေါ့ဗျာ ... 😂😂😂
(ကျတော်တို့ဆီမှာလည်း လမ်းခရီးမှာ လိုအပ်မယ့် ဆေးဝါးအစုံပါရှိပါကြောင်း)
အရေးအကြီးဆုံးတစ်ချက်က "ငါလမ်းတစ်ဝက်ကနေ ကား/ဆိုင်ကယ်စီးပြီး မပြန်ဘူးဟေ့" ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာနဲ့ ပြင်ဆင်ဆုံးဖြတ်လာဖို့ပါခင်ဗျ ... 😂😂😂
ကျတော်တို့ဖက်က pro camera နဲ့ ဓာတ်ပုံကို မေတ္တာလက်ဆောင်အနေနဲ့ ရိုက်ပေးတဲ့အတွက် ပုံကောင်းကောင်းရဖို့၊ ပုံအလန်းဇယားတွေကိုရဖို့ ကိုတော့ အာမခံပါကြောင်း ...
Trekking နဲ့ပတ်သက်ပီး အသေးစိတ်အချက်အလက်၊ ဈေးနှုန်း ကုန်ကျစရိတ်နဲ့ ခရီးစဉ်အသေးစိတ်ကိုသိရှိလိုပါက ချက်ဘောက်ကဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ် ခင်ဗျ ...
#ကလော

TiC Myanmar
email - [email protected]
Hotline - 09960018027, 09958106081

ဘော်ဒါတွေနဲ့ ခရီးသွားခြင်း ရင်ဘတ်ခြင်းနီးနဲ့ ဘော်ဒါသူငယ်ချင်းအပေါင်းအသင်းတွေ ရှိထားခြင်းက မင်္ဂလာတစ်ပါး ဆိုရင် အဲ့ဒီအပေါ...
04/07/2024

ဘော်ဒါတွေနဲ့ ခရီးသွားခြင်း

ရင်ဘတ်ခြင်းနီးနဲ့ ဘော်ဒါသူငယ်ချင်းအပေါင်းအသင်းတွေ ရှိထားခြင်းက မင်္ဂလာတစ်ပါး ဆိုရင် အဲ့ဒီအပေါင်းအသင်းတွေနဲ့ ခရီးအတူသွားရခြင်းက နိဗ္ဗာန်ကို ခဏတာလောက် အလည်အပတ်သွားရောက်ခွင့်ရခြင်း လို့ပဲ တင်စားရလေမလားပဲ။ ဒီတစ်ခါမှာတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ခရီးအတူသွားခြင်းကြောင့် ရရှိလာနိုင်တဲ့ (မကောင်းတဲ့အချက်တွေလည်း အများကြီးရှိနိုင်ပေမယ့်) အားသာချက်တွေကိုပဲ သီးသန့်စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ခရီးသွားရင်း အမှတ်တရရှိခဲ့ဖူးရင်လည်း ကိုယ့်ဘော်ဒါတွေကို မန်းရှင်းရင်း မျှဝေပေးသွားကြပါဦး။

ဆက်ဆံရေးပိုမိုခိုင်မာစေခြင်း
ခရီးတစ်ခုကို အတူသွားပြီဆိုမှတော့ အကောင်းအဆိုးတွေကို အတူမျှဝေခံစားရင်း တစ်ဦးအပူတစ်ဦးကူရတာဖြစ်လို့ ဘော်ဒါအပေါင်းအသင်းတွေကြား ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေပါသတဲ့ ... ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ခရီးတစ်ခါသွားရဖို့က ၁၀ စုနှစ်တစ်ခုစာလောက် ခက်ခက်ခဲခဲကြိုးစားပြီးမှ သွားရတာဖြစ်လို့ ဘဝတစ်သက်လုံးအတွက် အမှတ်တရအဖြစ် ကျန်ရှိနေစေမယ့် memories တွေကို အတူတစ်ကွ ဖန်တီးနိုင်မှာဖြစ်ပါတယ်။

တစ်ဦးကိုတစ်ဦးဖေးမကူညီနိုင်ခြင်း
ဘော်ဒါအပေါင်းအသင်းသူငယ်ချင်း ဆိုတာ တစ်ဦးအခက်အခဲကို တစ်ဦးက ကူညီဖို့ အမြဲအသင့်ရှိနေတတ်ကြပါတယ်။ များသောအားဖြင့် အခက်အခဲတစ်စုံတစ်ရာတွေ့ရင် ဘော်ဒါအရင်းခေါက်ခေါက်တွေဆီက အကူအညီမတိုင်ခင် အားရပါးရလှောင်ရီတာကတော့ အရင်လာတတ်လေ့ရှိပေမယ့် သူတို့ရဲ့အားပေးကူညီမှုဟာ ဘယ်လိုအခက်အခဲကိုမဆို အလွယ်တကူ ရင်ဆိုင်ကျော်လွှားနိုင်စေဖို့ အထောက်အပံ့တစ်ရပ်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဘော်ဒါသူငယ်ချင်းတွေနဲ့ ခရီးသွားရမယ်ဆိုရင် အထီးကျန်တာ၊ လွမ်းနာကျတာ၊ အိမ်လွမ်းတာတို့ကို ခံစားရမှာမဟုတ်ပါဘူး။ (ရည်းစားကို လွမ်းနာကျနေရင်တောင် ဒင်းတို့က အေးအေးဆေးဆေးလွတ်ထားမှာမှမဟုတ်တာ)

ကုန်ကျစရိတ်သက်သာခြင်း
လက်တွေ့အကျဆုံးတစ်ချက်လို့လည်း ပြောလို့ရသလို အသောက်အစားဘော်ဒါတစ်သိုက်ကို ပိုင်ဆိုင်ထားရရင်တော့ ဒီအချက်က လုံးဝ လွဲမှားနိုင်ပါတယ်။ သွားလာစရိတ်၊ နေထိုင်စားသောက်မှုစရိတ်နဲ့ ခရီးစဥ်တစ်လျှောက် ကုန်ကျစရိတ်တွေကို မျှဝေကျခံနိုင်တာကတော့ မြင်သာတဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။​ ဒါ့အပြင် အစုအဖွဲ့နဲ့လာရင် အထူး discount ရရှိခံစားနိုင်တာမျိုးလည်း ဖြစ်နိုင်လို့ ကုန်ကျစရိတ်ကို အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်မှာဖြစ်ပါတယ်။​

လုံခြုံစိတ်ချမှုရှိခြင်း
အုပ်စုတောင့်လေလေ ပိုပြီး လုံခြုံစိတ်ချမှုရှိလေပါ။ အုပ်စုတောင့်ရင် ညဖက်ဖဲဝိုင်းလည်း လူပိုစည်ပါတယ်။​

Problem-Solving ပိုမိုကောင်းမွန်ခြင်း
အခက်အခဲတစ်စုံတစ်ရာကြုံတွေ့လာရင် ခေါင်းတစ်လုံးထဲက စဥ်းစားတာထက် ခေါင်းဆယ်လုံးဆိုရင် (ဟုတ်ဟုတ် မဟုတ်ဟုတ်) အိုင်ဒီယာ ၁၀ ခုထွက်နိုင်လို့ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို စုပေါင်းတိုင်ပင်ဖြေရှင်းနိုင်မှာပါ။​ ဘရုတ်သုတ်ခအိုင်ဒီယာတွေလည်း ထွက်လာနိုင်လို့ အပူထဲမှာ အပျော်တစ်ချို့ကိုလည်း ရှာဖွေတွေ့ရှိနိုင်ဦးမှာပါ။

Group Activities များ ပိုမိုဖန်တီးနိုင်ခြင်း
Group Activities ဆိုတာ ညဖက် ဖဲစုရိုက်တာ၊ အခန်းတစ်ခန်းထဲစုသောက်တာမျိုးတင်ကို ဆိုလိုတာမဟုတ်ဘဲ trekking အတူလျှောက်တာ, camping အတူသွားတာ၊ ဒေသန္တရဗဟုသုတတွေကို ရှာဖွေလေ့လာတာမျိုးတွေကိုပါ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ကြမှာလည်း ဖြစ်ပါတယ်။​

ဖိအားဒဏ်များနဲ့ ကင်းဝေးခြင်း
ဘော်ဒါတွေနဲ့ ခရီးသွားတဲ့အချိန်မှာ ဘရုတ်သုတ်ခအလွှဲတွေ အမျိုးမျိုးနဲ့ ကြုံတွေ့နေရမှာဖြစ်လို့ မိမိရဲ့ ကြုံတွေ့နေရတဲ့ အပူသောကမီးတွေကို ခေတ္တခဏတာတော့ ပြေပျောက်စေနိုင်မှာလည်း ဖြစ်သလို ကံမကောင်းရင် ခရီးတစ်လျှောက် ပါးစပ်ညောင်းတဲ့အထိ ရယ်နေရတဲ့အထိလည်း ကြုံတွေ့နိုင်ပါသတဲ့ ...

ဘော်ဒါတွေနဲ့ ခရီးသွားခြင်းဟာ ဒီထက်ပိုတဲ့ အတွေ့အကြုံ၊ ခံစားမှုရသ၊ ဒုက္ခမျိုးစုံကြုံတွေ့နိုင်တာမို့ မိမိအတွက် တစ်သက်တာအမှတ်တရတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။​ ကြုံတွေ့ခဲ့ရဖူးတဲ့ မမေ့နိုင်တဲ့ အမှတ််တရတွေကို အတူတကွ ဖန်တီးဖူးခဲ့တဲ့ ဘော်ဒါတွေရှိရင်လည်း မန်းရှင်းရင်း အမှတ်တရလေးတွေကို ပြန်လည်မျှဝေခဲ့ကြပါဦး လို့ တိုက်တွန်းရင်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အမှတ်တရခရီးစဥ်တွေ ဖန်တီးလိုပါက TiC Myanmar ကို ဆက်သွယ်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

TiC Myanmar
09960018027
09958106081

#ကလော

မိုးရာသီမှာ trekking သွားခြင်းဟာ ပုံမှန်ထက်ထူးခြားတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်သလို ပုံမှန်ထက် ခရီးသွားပိုနည်းတတ...
29/06/2024

မိုးရာသီမှာ trekking သွားခြင်းဟာ ပုံမှန်ထက်ထူးခြားတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်သလို ပုံမှန်ထက် ခရီးသွားပိုနည်းတတ်တာဖြစ်လို့ ပိုမိုလှပတဲ့ သဘာဝပတ်ဝန်းကျင်ကို အေးအေးလူလူ ခံစားနိုင်မှာဖြစ်ပါတယ်။​ ဒါ့အပြင် မိုးရာသီမှာ trekking သွားခြင်းဖြင့် အခြားဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်မလဲ ဆိုတာကို စုစည်းဖော်ပြပေးလိုက်ရပါတယ်ရှင်။​

၁။​ စိမ်းစိုလှပပြီး အရောင်အသွေးစုံလင်တဲ့ သဘာဝရှုခင်းများ
နွေရာသီတစ်လျှောက်လုံး ဖုန်အလိမ်းလိမ်းနဲ့ မှိုင်းညှို့နေခဲ့တဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးနဲ့ သစ်ပန်ပန်းမန်တွေဟာ ဝဿန်ကာလမိုးစက်မိုးပေါက်တွေကြောင့် တစ်ဖန်ပြန်လည်စိမ်းလန်းစိုပြေလာလို့ စိမ်းစိုလှပပြီး အရောင်အသွေးစုံလင်တဲ့ သဘာဝပတ်ဝန်းကျင်အလှကို အပြည့်အဝခံစားနိုင်မှာပါ။​

၂။​ ရေတံခွန်များနှင့် စမ်းချောင်းများ
မိုးရာသီမှာ အလှပဆုံးတွေ့မြင်နိုင်မယ့် သဘာဝအလှတရားနောက်တစ်ခုက ရေတံခွန်နဲ့ စိမ့်စမ်းချောင်းရေများပဲဖြစ်ပါတယ်။​ နွေရာသီမှာ ရေခမ်းခြောက်မှုကြောင့် အလှအပအချို့ ယိုယွင်းနေခဲ့ရတဲ့ ရေတံခွန်တွေဟာ မိုးရာသီမှာတော့ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းနဲ့ ရေပန်းအလှတွေကြောင့် ပိုမိုလှပတဲ့ သဘာဝအလှတရားကို ရှုမြင်ခံစားနိုင်မှာဖြစ်ပါတယ်။​

၃။ အေးမြတဲ့ ရာသီဥတု
မိုးစက်မိုးပေါက်တွေကြောင့် ဂိန်မာန်နွေကာလတစ်လျှောက်လုံး မြင့်မားတဲ့ အပူချိန်တွေဟာ သိသိသာသာလျော့ကျသွားရသလို အထူးသဖြင့် ကလောလို တောင်ပေါ်ဒေသမှာ မိုးရာသီနေ့ခင်းအပူချိန်ဟာ ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ် ဝန်းကျင်သာရှိလို့ အေးမြတဲ့ ရာသီဥတုကို တွေ့ကြုံခံစားနိုင်မှာပါ။ ဒါ့အပြင် မြှူနှင်းမှုန်တွေနဲ့အတူ ဝှေ့ခတ်လာတဲ့ လေနုအေးလေးက နှာနုဖျားကို ရိုက်ခတ်တဲ့အရသာကို ထိတွေ့ ခံစားခွင့်ရနိုင်ဦးမှာပါ။​

၄။ ခရီးသွားဧည့်သည်များ ထူထပ်မှုမရှိခြင်း
ပုံမှန်ခရီးသွားရာသီမှာ ခရီးသွားဧည့်သည်လည်ပတ်မှုများတဲ့ ကလော၊ ပုဂံ၊ အင်းလေး အစရှိတဲ့နေရာတွေကို သွားရောက်လည်ပတ်မယ်ဆိုရင် ထူထပ်လွန်းတဲ့ခရီးသွားဧည့်သည်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး သေချာပေါက်ကြုံတွေ့ဖူးကြမှာပါ။ ဒါပေမယ့် မိုးရာသီမှာ ခရီးသွားမယ်ဆိုရင်တော့ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာအခြေအနေကို သေချာပေါက် ရှောင်လွှဲနိုင်မှာဖြစ်လို့ ဒေသန္တရဗဟုသုတနဲ့ သဘာဝပတ်ဝန်းကျင်အလှကို အေးအေးလူလူခံစားနိုင်မှာဖြစ်ပါတယ်။​

၅။ ဓာတ်ပုံလှလှရိုက်ကူးနိုင်မယ့်အခွင့်အရေး
မြသားကဗ္ဗလာခင်းကျင်းထားတဲ့အလား စိမ်းစိုလှပနေတဲ့ တောတောင်လျှိုမြောင်ရှုခင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အလှကို အေးအေးလူလူခံစားရင်း ဓာတ်ပုံလှလှရိုက်ကူးနိုင်မှာဖြစ်သလို စက္ကန့်ပိုင်းအတွင်း ကျဆင်းလာတဲ့မြှူနှင်းမှုန်များကြောင့် ပိန်းပိတ်အောင် မှောင်သွားတဲ့အချိန် မိုးတိမ်တွေကြား လမ်းလျှောက်နေရသလို ခံစားရစေမယ့် အခိုက်အတန့်တွေက တောင်ပေါ်ဒေသရဲ့ မိုးရာသီကာလမှာသာ ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။

၆။ မတူညီတဲ့သဘာဝအလှတရားများကို တစ်ပြိုင်နက်ခံစားခွင့်ရနိုင်ခြင်း
မနက်ပိုင်းမှာ ကြည်လင်တဲ့ မိုးကောင်းကင်နဲ့ သဘာဝအလှတရားကို တွေ့မြင်နေရနိုင်ပေမယ့် မွန်းလွဲပိုင်းမှာ ရုတ်တရက် ရွာသွန်းလာတဲ့မိုးစက်မိုးပေါက်များကြောင့် သဘာဝအလှကို မတူညီတဲ့ အမြင်တစ်ခုနဲ့ ခံစားရနိုင်သလို မိုးရွာပြီးနောက် ကျဆင်းလာတတ်တဲ့ မြူနှင်းမှုန်တွေကြောင့် ရှစ်ခွင်တိုင်းမှိုင်းညှို့ပြီး ပိန်းပိတ်အောင်မှောင်သွားတတ်တဲ့အခိုက်အတန့်မျိုးကိုလည်း တွေ့ကြုံခံစားနိုင်ဦးမှာပါ။

၇။ အတွေ့အကြုံခံစားချက်အသစ်များ ရရှိနိုင်ခြင်း
သစ်ရွက်ပေါ်ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်တွေရဲ့အသံတွေ၊ ထင်းရှူးရွက်အဖျားမှာ တွဲလွဲခိုနေတဲ့ မိုးရေစက်လေးတွေ၊​ မိုးကျပြီးစ မြေသင်းနံ့လေးတွေ၊ မြူနှင်းတွေကြား အချို့တစ်ဝက်ကိုသာ တွေ့မြင်နိုင်မယ့် ရှမ်းရိုးမတောင်တန်းကြီးတွေဟာ မိမိအတွက် တမူထူးခြားတဲ့ ခံစားချက်ရှုခင်းတွေဖြစ်သလို စေးကပ်နေတဲ့ မြေသားပေါ်မှာ trekking လျှောက်တဲ့အခါ ချော်လဲတာမျိုး၊ ရွံ့ပေကပ်နေတာမျိုးနဲ့ ကျွတ်တွယ်ခံရတာမျိုးတွေဟာ မိုးရာသီမှာ trekking လျှောက်ခြင်းဖြင့်သာ ရရှိနိုင်မယ့် အတွေ့အကြုံတွေဖြစ်ပါတယ်။​.

၈။​ စိတ်နှင့်ခန္ဓာကိုယ်အတွက် အားအင်သစ်များပေးစွမ်းနိုင်ခြင်း
ရွံ့နွံထူထပ်ပြီး ချောမွတ်တဲ့ လမ်းတွေမှာ trekking လျှောက်ရခြင်းဟာ မိမိကိုယ်ခန္ဓာအတွက် ကောင်းမွန်တဲ့ workout တစ်မျိုးဖြစ်စေနိုင်သလို လတ်ဆတ်အေးမြတဲ့လေနုအေးလေးတွေနဲ့ လှပတဲ့သဘာဝရှုခင်းတွေကို မိမိရဲ့ စိတ်နဲ့ကိုယ်ခန္ဓာကို ပြန်လည်လတ်ဆတ်ပြီး အားအင်သစ်တွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။​

၉။​ ပိုမိုသန့်ရှင်းစင်ကြယ်တဲ့ လေထု
မိုးစက်မိုးပေါက်တွေဟာ လေထုထဲမှာရှိတဲ့ ဖုန်နဲ့အခြားအညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးနိုင်တာဖြစ်လို့ ပိုမိုသန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ခွင့်ရမှာဖြစ်ပါတယ်။​

၁၀။​ နောက်ဆုံးအချက်အနေနဲ့ကတော့ မိုးရာသီမှာ trekking လျှောက်မယ်ဆိုရင် မိုးကာ (သို့) ထီးနဲ့ လမ်းလျှောက်တတ်ပါမယ်၊ အခန့်မသင့်ရင် ချော်လဲပါမယ်၊ ကျွတ်တွယ်ခံရပါမယ်၊ မိုးရွာထဲ လမ်းလျှောက်ရလို့ အဝတ်အစားအပိုခပ်များများထည့်ခဲ့ဖို့လိုပါမယ်၊​ ပေါ့ပါးပြီး ခြောက်သွေ့လွယ်တဲ့အဝတ်အစားနဲ့ ခြေအိတ်အပိုဆောင်ခဲ့ဖို့လိုပါမယ်။​ နောက်ဆုံးလမ်းဆက်မလျှောက်နိုင်တော့ရင် ဆိုင်ကယ်ကယ်ရီ (သို့) ကားငှားပြီး ပြန်ရနိုင်ပါတယ်။​
🤠🤠🤠

ကလောမှာ trekking လျှောက်ချင်လို့ပဲဖြစ်ဖြစ်၊​ ကားငှား/ဆိုင်ကယ်ငှား/ဟိုတယ်နဲ့ကားလက်မှတ်အတွက် ဆက်သွယ်စုံစမ်းလိုပါက TiC Myanmar ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။​

TiC Myanmar
09960018027
09958106081

27/06/2024

နိုင်ငံခြားက မြို့လေးတစ်မြို့မဟုတ်ပါဘူး ...
ရှမ်းပြည်တောင်ပိုင်းက တောင်ပေါ်မြို့လေး "ကလော" ပါနော်။​
ကလောကိုရောက်လို့ trekking သွားချင်တာပဲဖြစ်ဖြစ်၊​ hotel, car rental, bus ticket, city tour အစရှိတဲ့ ဝန်ဆောင်မှုတွေအတွက် ဘာပဲလိုလို TiC ကိုသာ သတိရလိုက်ပါနော်။

TiC Myanmar
Trekking Information Center Myanmar
09960018027
09958106081
#ကလော

မိုးရာသီမှာ ကလော trekking က ရှုခင်းတွေ ဘယ်လောက်လှလဲ? ဘယ်လောက်လှသလဲ၊ ဘယ်လိုလှသလဲ ဆိုတာကို အတိအကျ ရည်ညွှန်းမဖွဲ့ဆိုတတ်ပေမယ...
25/06/2024

မိုးရာသီမှာ ကလော trekking က ရှုခင်းတွေ ဘယ်လောက်လှလဲ?
ဘယ်လောက်လှသလဲ၊ ဘယ်လိုလှသလဲ ဆိုတာကို အတိအကျ ရည်ညွှန်းမဖွဲ့ဆိုတတ်ပေမယ့် ရှုမြင်လေရာပတ်ဝန်းကျင်တိုင်းက အသက်ရှူမှားလောက်အောင်ကို လှပါတယ်။ မြသားကဗ္ဗလာခင်းထားသလို မြင်လေရာစိမ်းစိုနေပြီး မိုးမရွာခင်နဲ့ မိုးရွာပြီးတိုင်း တောင်တန်းလျိုမြှောင်တွေကြားမှာမြင်တွေ့ရမယ့် မြူခိုးတိမ်သားတိမ်စိုင်တွေရယ်၊ သစ်ကိုင်းသစ်ခက်တွေမှာ တွဲလွဲခိုနေတဲ့ မိုးရေစက်လေးတွေ၊ စိမ်းစိုနေတဲ့စပါးခင်းနဲ့ စိုက်ခင်းတွေ၊ တစ်ချက်တစ်ချက် ပတ်ဝန်းကျင်တစ်ခွင် ပိန်းပိတ်အောင် မှောင်ကျလာမယ့် မြူမှုန်မြူခိုးတွေကြား လမ်းလျှောက်ရင်း နှာသီးထိပ်ဖျားလေးတွေမှာ လာရောက်ရိုက်ခတ်မယ့် မြူမှုန်မြူခိုးလေးတွေက ဘာနဲ့မှမတူတဲ့ အတွေ့အကြုံတစ်ခုပါ။ 😍😍😍
မိုးရာသီ trekking ရဲ့ dark side အနေနဲ့ကတော့ ဗွက်ထတာ၊ တစ်ခါတစ်ရံကျွတ်တွေ့ရတတ်တာ၊ တစ်ခါတစ်ရံ ချော်လဲတာ၊ မိုးရွာထဲမှာ မိုးကာနဲ့ လမ်းလျှောက်ရတာဖြစ်လို့ ခရီးသိပ်မတွင်တာတွေပဲ ရှိပါတယ်။ 😁😁😁
ဒါတွေအားလုံးကလည်း မြို့ပြလူနေမှုဘဝမှာ ရရှိနိုင်တဲ့အတွေ့အကြုံတွေမဟုတ်တော့ ရင်ခုန်စရာခံစားချက်လေးရရှိစေမှာ အသေအချာပါပဲ။ 😁😁😁
ကလောရောက်လို့ trekking လျှောက်ချင်တာပဲဖြစ်စေ၊ ဟိုတယ် မိုတယ်အကြောင်း အသေးစိတ်သိချင်တာပဲဖြစ်စေ၊ ကလောမြို့တွင်းက အထင်ကရနေရာမှာ ကင်မရာနဲ့ အမှတ်တရဓာတ်ပုံများရိုက်ကူးချင်ရင်ပဲဖြစ်စေ၊ တစ်နေရာတည်းမှာ ဝန်ဆောင်မှုအကုန်ရနိုင်တဲ့ TiC ကို သတိရလိုက်ပါခင်ဗျ။ ☺☺

TiC
Trekking Information Center
09960018027
09958106081

ที่อยู่

234, 4 Sukhumvit Road, Thepharak, Mueang Samut Prakan District, Samut Prakan
Changwat Samut Prakan
10270

เบอร์โทรศัพท์

+959265760994

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku)ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku):

แชร์

Our Story

With more than 10+ years experience in hiking, trekking and adventurous industry, we are the leader in Southern Shan State; Kalaw, Inle, Pindaya and Kakku. Our guides are experienced, resourceful and proficient in their respective sectors. TiC, the best travel partner for you. For more details, please message us or call us at +959960018027.