Aloha Camping - နွေးထွေးအိမ်

Aloha Camping - နွေးထွေးအိမ် Connecting Love & Nature

နွေးထွေးအိမ်ကနေ လက်ခံရရှိထားတဲ့ အလှူငွေစာရင်းလေးပါ တစ်စုံတစ်ဦး ကျန်ခဲ့တာများရှိရင် လာပြောပေးလို့ရပါတယ် သစ်လှ ရွာသူကြီးဆီ...
28/09/2024

နွေးထွေးအိမ်ကနေ လက်ခံရရှိထားတဲ့ အလှူငွေစာရင်းလေးပါ

တစ်စုံတစ်ဦး ကျန်ခဲ့တာများရှိရင် လာပြောပေးလို့ရပါတယ်
သစ်လှ ရွာသူကြီးဆီ ကို ငွေသားထုတ်ပြီး လွှဲပေးပ်မယ်

သောက်သုံးရေ ပြန်လည်ရရှိအတွက် အဓိက အသုံးပြုပါမယ်နော်

နွေးထွေးအိမ်ရှိရာ သစ်လှရွာလေးနဲ့ ဆင်တောင်နားက ရွာအနီးနားရွာတွေအတွက် အကူအညီလိုအပ်နေပါတယ်။ ရှမ်းတောင်သတင်းတွေကြားပြီးကတည်း...
22/09/2024

နွေးထွေးအိမ်ရှိရာ သစ်လှရွာလေးနဲ့ ဆင်တောင်နားက ရွာအနီးနားရွာတွေအတွက် အကူအညီလိုအပ်နေပါတယ်။ ရှမ်းတောင်သတင်းတွေကြားပြီးကတည်းက တောက်လျှောက်ဆက်သွယ်နေတာ ၊ ရှေ့ရက်ကမှပဲ ဖုန်းလိုင်းအဆက်အသွယ်ရပါတယ်။ နဂိုကတည်းက ဖုန်းလိုင်းမမိတဲ့ရွာဖြစ်တာမို့ ရွာလူကြီး တခြားရွာကိုရောက်နေတဲ့အချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင်ဖုန်းခေါ်မိမှ ရွာအခြေအနေကို သိရတာပါ။

ရွာက တောင်ပေါ်ရွာဖြစ်တဲ့အတွက် ရေကြီးတာ ရေမြုပ်တာမရှိပါဘူး။​ ဒါပေမယ့် ရွာရှိတဲ့ဘက်မှာ မြေပြိုတာ နဲ့ စိုက်ခင်းတွေရေနဲ့ပါသွားတဲ့အတွက် ရိက္ခာအခက်အခဲရှိပါတယ်။ ရွာက နဂိုကတည်းက တောင်ကျရေကိုပဲ စုခံပြီး သောက်ရေ ၊ သုံးရေအဖြစ်သုံးပါတယ် ၊ အခုလတ်တလောမှာတော့ ရေတွေညစ်ကုန်တဲ့အတွက် သောက်သုံးရေလည်းပြတ်တောက်နေပါတယ်။

ရွာကိုသွားဖို့အတွက် လမ်းတစ်လမ်းပဲရှိတာဖြစ်ပြီး အဲဒီလမ်းလည်းပျက်သွားတဲ့အတွက် အနီးဆုံး မြင်းဒိုက်ရွာထိကိုပဲသွားလို့ရပြီး အကူအညီပစ္စည်းတွေကို ရွာကလာသယ်ပေးမှပဲအဆင်ပြေမှာပါ။ အခု အဲဒီရွာလေးအတွက် နွေးထွေးအိမ်ကနေပြီး အလှုခံပါတယ် ၊ ရတဲ့အလှုငွေတွေကို လိုအပ်ပစ္စည်းတွေကိုဝယ်ပြီး ကူညီသွားမှာပါ။အလှုငွေပါဝင်လိုတဲ့သူတွေ Messenger ကို လာပေးလို့ရပါတယ်။

အထူးသဖြင့် နွေးထွေးအိမ်နဲ့ ဆင်တောင်ကို လာဖူးတဲ့လူတိုင်း အဲ့ရွာလေးတွေမှာ ထမင်းစားရင်း နားခိုဖူးကြပါတယ်
အဲ့ဘက်ရောက်ဖူးသူတိုင်းက ပိုပြီးပါဝင်ပေးပါနော်

တစ်နေ့နေ့ ဒီအိမ်ကလေးမှာ တို့တွေပြန်ဆုံကြရအောင် 😊Paint by Wai Phyo
05/07/2024

တစ်နေ့နေ့ ဒီအိမ်ကလေးမှာ တို့တွေပြန်ဆုံကြရအောင် 😊

Paint by Wai Phyo

နွေးထွေးအိမ်မှာ ပန်းတွေ ပွင့်နေပြီ 🌼 ပန်းပျိုးသူ ဂရုစိုက်သူ အိမ်ရှင်မရှိပေမဲ့ အားမသန်လှတဲ့ မြေလေးမှာ သေချာလေးပွင့်ပေးလာလ...
02/06/2024

နွေးထွေးအိမ်မှာ ပန်းတွေ ပွင့်နေပြီ 🌼

ပန်းပျိုးသူ ဂရုစိုက်သူ အိမ်ရှင်မရှိပေမဲ့ အားမသန်လှတဲ့ မြေလေးမှာ သေချာလေးပွင့်ပေးလာလို့ ကျေးဇူးတင်လှပါတယ်

တစ်နေ့ နွေးထွေးအိမ်တောင်ကုန်းလေးတစ်ခုလုံး ပန်းတွေပြည့်စေရပါမယ် 💛

26/05/2024

နွေးထွေးအိမ်လေးကို လွမ်းနေသူတစ်ဦးဆီမှ....
တစ်ခြားလူတွေရော နွေးထွေးအိမ်လေးကို သတိရကြသေးလား ?

🌷နွေးထွေးအိမ်မှာ မိုးကြိုပန်းတွေအများကြီးစိုက်ထားခဲ့ပါတယ် ၊ မိုးအကျမှာ နွေးထွေးအိမ်သူ/သား တွေကို ပန်းတွေနဲ့ကြိုချင်ခဲ့တာ...
08/05/2024

🌷နွေးထွေးအိမ်မှာ မိုးကြိုပန်းတွေအများကြီးစိုက်ထားခဲ့ပါတယ် ၊ မိုးအကျမှာ နွေးထွေးအိမ်သူ/သား တွေကို ပန်းတွေနဲ့ကြိုချင်ခဲ့တာပါ

ပန်းတွေလည်းပွင့်ကောင်းပွင့်ပါလိမ့်မယ် ဒါပေမယ့် မြင်တွေ့ဖို့ကံမပါနိုင်သေးဘူးလို့ပဲဖြေသိမ့်ပါတယ် ၊ လူတွေမရှိတော့ပေမယ့်လည်း ပန်းတွေကတော့ သူ့တာဝန်အတိုင်းပွင့်လန်းနေမှာသေချာပါတယ်

အားလုံးအိမ်ပြန်လာတဲ့တစ်နေ့မှာ နွေးထွေးအိမ်တံခါးဖွင့်ပြီး ပန်းတွေနဲ့ကြိုပါစေ 🌼

08/05/2024

Good Morning ☀️

နောင်လာမယ့်နှစ်သစ်တွေမှာ “နွေးထွေးအိမ်တံခါးလေး ဖွင့်ပေးချင်ပါတယ်” 🍃အားလုံးနဲ့အတူတူ နွေးထွေးအိမ်ရဲ့ကွပ်ပျစ်လေးရှေ့မှာ ညလု...
17/04/2024

နောင်လာမယ့်နှစ်သစ်တွေမှာ “နွေးထွေးအိမ်တံခါးလေး ဖွင့်ပေးချင်ပါတယ်” 🍃

အားလုံးနဲ့အတူတူ နွေးထွေးအိမ်ရဲ့ကွပ်ပျစ်လေးရှေ့မှာ ညလုံးပေါက် ရင်ဘတ်ချင်းတိုက်ပြီး စကားလေးပြောပါမယ်

#နွေးထွေးအိမ်ပြန်လာမည်

ပန်းတွေပွင့်ဖို့ အချိန်အကြာကြီးစောင့်ခဲ့ပြီးမှ ☘️🌼အမှန်တကယ် ပန်းတွေပွင့်လာချိန်မှာ ဒီနေရာလေးကို နှုတ်ဆက်ခဲ့ရနွေးထွေးအိမ်...
28/03/2024

ပန်းတွေပွင့်ဖို့ အချိန်အကြာကြီးစောင့်ခဲ့ပြီးမှ ☘️🌼
အမှန်တကယ် ပန်းတွေပွင့်လာချိန်မှာ ဒီနေရာလေးကို နှုတ်ဆက်ခဲ့ရ

နွေးထွေးအိမ် ပြန်လာမည်

နွေးထွေးအိမ်ရှင် နှင့် သူမ​၏ ပန်းကလေးများ 🌸 🐶🐾 Sunset - The Mountain Woof 📸 Datpongraphy
21/03/2024

နွေးထွေးအိမ်ရှင် နှင့် သူမ​၏ ပန်းကလေးများ 🌸

🐶🐾 Sunset - The Mountain Woof
📸 Datpongraphy

နွေးထွေးအိမ်မှာ ပန်းကလေးတွေပွင့်နေပါပြီ 🌼ဒီပန်းလေးတွေပွင့်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီးကာမှ နှုတ်ဆက်ခြင်းက မမျှော်လင့်ပဲရ...
19/03/2024

နွေးထွေးအိမ်မှာ ပန်းကလေးတွေပွင့်နေပါပြီ 🌼

ဒီပန်းလေးတွေပွင့်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီးကာမှ နှုတ်ဆက်ခြင်းက မမျှော်လင့်ပဲရောက်လာတော့တယ်

နွေးထွေးအိမ်လေးကို ပိတ်သိမ်းပါတော့မယ် ၊ မပိတ်ခင် နောက်ဆုံး ခရီးလေးကိုတော့ ဒီလ ၂၃/၂၄ မှာပြုလုပ်သွားမှာမို့

ဒီခရီးစဉ်လေးကိုတော့ လာလို့ရပါဦးမယ်နော်

(PS ခုချိန်မှာပိတ်လိုက်ပေမယ့် နွေးထွေးအိမ်ကို တစ်ချိန်ကြရင် ပြန်ဖွင့်ဖြစ်အောင်ဖြစ်မှာပါ တစ်ချိန်ချိန်ပေါ့)

Address

Thit Hla Taung Village
Kalaw

Telephone

+959772777701

Website

Alerts

Be the first to know and let us send you an email when Aloha Camping - နွေးထွေးအိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share