05/04/2026
အိမ်လေးကို လာလည်ချင်သူတွေအတွက်
ဒီအိမ်လေးမှာ ဘယ်လို Facility လေးတွေပါဝင်လဲဆိုတာလေးကို
မျှဝေပေးလိုက်ပါတယ်ရှင့်။ ။ ။ ။
အိမ်လေးက နှစ်ထပ်အိမ်ဖြစ်ပြီး
အပေါ်ထပ်တစ်ထပ်လုံးကို ယူလို့ရပါတယ်။
Privacy ကို အပြည့်အဝရရှိအောင်
ကိုယ်ပိုင်အပြင်လှေကားနဲ့သီးသန့်လုပ်ထားပေးပါတယ်ရှင့်။
အပေါ်ထပ်မှာ (၂) ယောက်ခန်းသုံးခန်းပါဝင်သလို
Extra (၃) ယောက်ထိတိုးလို့ရသေးတာကြောင့်
သူငယ်ချင်းတွေစုပြီးတော့ဖြစ်စေ
မိသားစုလိုက်ဖြစ်စေလာရောက်အနားယူတည်းခိုဖို့သင့်လျှော်ပါတယ်။
အိမ်လေးက ကလောမြို့အဝင်
ပြည်ထောင်စုလမ်းမကြီးရဲ့ဘေးမှာ
ကိုယ်ပိုင်ခြံဝန်းနဲ့တည်ရှိပြီး
ကိုယ်ပိုင်မြက်ခင်းပြင်အပါအဝင်
ရာသီပေါ်ပန်းပင်လေးတွေနဲ့ အမြဲခြံရံလျက်ရှိပါတယ်ရှင်။
Wifi နဲ့ ရေပူရေအေးအပြင်
(၂၄) နာရီမီးရအောင်ပါ စီစဥ်ပေးထားတာမို့
ခဏတာ အလည်လာအနားယူဖို့ဖြစ်စေ
ရက်ရှည်နေလိုသူဖြစ်စေ အဆင်ပြေအောင်
စီစဥ်ပေးထားပါတယ်ရှင်။
မကြာခင်မှာ သင်္ကြန်ပိတ်ရက်ရှည်လည်းနီးလာပြီဖြစ်သလို
Dear Daddy မှာလည်း ခုကတည်းက
Booking ရက်အနည်းငယ်သာကျန်တော့တာမို့
ပိတ်ရက်ရှည်မှာ ကလောမြို့လေးကိုလာလည်ရင်း
ရှေးဟောင်းအငွေ့အသက်လေးတွေလွှမ်းတဲ့
Vacation Home လေးမှာအနားယူချင်ရင်
ခုကတည်းက
095109622 ကဖြစ်စေ ၊
messenger ကနေဖြစ်စေ
ကြိုတင် Booking လုပ်နိုင်ပါတယ်ရှင့်။