Silver Song Travels & Tours

Silver Song Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Silver Song Travels & Tours, Travel Agency, No. 18, 4B , U Tun Lin Chan Street Hledan, Kamayut.

🌲🌳🎄အိမ်ထဲမှာ နေရတာကြာလို့ မွန်းကျပ်နေပြီဖြစ်တဲ့ Silver Song ရဲ့ မိတ်ဟောင်း၊ မိတ်သစ် customer များအတွက် သဘာဝတရား၏ အေးချမ်...
30/01/2021

🌲🌳🎄အိမ်ထဲမှာ နေရတာကြာလို့ မွန်းကျပ်နေပြီဖြစ်တဲ့ Silver Song ရဲ့ မိတ်ဟောင်း၊ မိတ်သစ် customer များအတွက် သဘာဝတရား၏ အေးချမ်းမှု အရသာစစ်စစ်ကို ခံစားနိုင်ရန် Rubber Village သို့ ပို့ဆောင်ပေးပါရစေရှင့်
🌲🌳🎄Rubber Village မှာခရီးစဉ် ၂မျိုး ရွေးချယ်လို့ ရပါတယ်ရှင့်
⏰Day Return trip ( 8:00 AM – 5:00PM )
⏰1 Night stop trip (2:00 PM- 12 :00 Noon )
🥰ပါဝင်တဲ့ ဝင်ဆောင်မှု
နံနက်စာ၊ နေ့လည်စာ၊ ညစာ၊ Tea Time၊ ရေသန့်၊ ကျန်းမာရေး ကာကွယ်မှု ပစ္စည်း၊ မြှားပြစ် ကစားခြင်း၊ စက်ဘီးစီးခြင်း၊ Tour Leader
🚌လူဉီးရေပေါ်မူတည်၍ Hi- Ace Car , 29 seater , 45 Seater

🥇တစ်ဉီးလျှင်ဈေးနှုန်း - ks.40000 ( နေ့ချင်းပြန်)
Ks. 50000 ( တစ်ညအိပ်, B.B.Q Menu , Tent )
👨‍👩‍👧‍👧လူဉီးရေ အနည်းဆုံး ( 5 ယောက် 1 group ) မှ စတင် စီစဉ်ပေးပါတယ်ရှင့်
🎬နေဝင်ဆည်းဆာ အလှနဲ့ သဘာဝအလှတရားတွေ photo ရိုက်ဖို့အတွက် ဝတ်စုံတွေများများယူခဲ့ဖို့တော့ လိုမယ်နော့်
👉ညအိပ်သွားချင်သူများ ဆောင် ၊ခေါင်းအုံး ၊ အခင်း ယူဆောင်ရပါမည်။
👉ရာဘာတောတွင်း ဖြစ်ပေမဲ့ Toilet , Bathroom , သန့်ရှင်း မှု ရှိပါသည်ရှင့် ။
💯အစားအသောက် အရသာ၊ သန့်ရှင်းမှု ၊ ဝန်ဆောင်မှုမှာ အမှန်တကယ် Relax ရမည်ဖြစ်ကြောင်း အာမခံပါသည်ရှင့်
Company ၊ အဖွဲ့အစည်းများ ၊ မိသားစု များ အတွက် သီးသန့် စီစဉ်ပေးပါသည်ရှင့်
☎️01-2304255, 09-253423943

🌲🌲မိတ်ဟောင်း၊ မိတ်သစ် customer များ ခရီးမထွက်ရတာ ကြာလို့ မွန်းကြပ်နေကြ ပြီလားရှင့် ....👭မွန်းကြပ်မှုတွေဖြေဖျောက်ပြီး သဘာ...
16/01/2021

🌲🌲မိတ်ဟောင်း၊ မိတ်သစ် customer များ ခရီးမထွက်ရတာ ကြာလို့ မွန်းကြပ်နေကြ ပြီလားရှင့် ....
👭မွန်းကြပ်မှုတွေဖြေဖျောက်ပြီး သဘာဝအလှတရားတွေခံစားရင်း၊ အပန်းဖြေဖို့ စိမ်းစို သဘာဝ camping လေးကို ပို့ဆောင်ပေးပါရစေရှင့်
🕠နေ့ချင်းပြန်ခရီးစဉ် ( 6:30 AM to 7:00 PM ) 31.1.2021
🍤🍗မနက်စာ ၊နေ့လည်စာ ( B.B.Q ကိုယ်တိုင်ကင် စားရမည် )
မိသားစု/သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်စတိုင်လေးနဲ့
🎬စိမ်းစို မှာ photo ကောင်းကောင်းလေးတွေရိုက်ကြမယ်
👩‍🎤အဆိုဝါသနာရှင်များ ဂစ်တာတီးဖို့ ဂစ်တာ‌လေးကအသင့်နော်
🚴‍♀️သဘာဝရှုခင်းတွေကို e-bike လေးစီးပြီး ကြည့်ကြမယ်
🙏အပြန် ၁၅မိုင်ဘုရား ၊ကံကော်တစ်ထောင်ဝင်ဖူးကြမယ်
👉ကဲအားလုံးပြည့်စုံနေပြီဆိုတော့ Hello လေးပဲအမြန်လုပ်လိုက် တော့နော်
🚌45 ယောက်စီး ( 20 ယောက်သာ 2ခုံ တစ်ယောက် )
ကျန်းမာရေးအကာအကွယ်ပစ္စည်းအပြည့်အစုံ
Tour Leader
ရေသန့်
💲တစ်ဦးလျှင် - ks.40000
☎️01-2304255, 09 253423943
www.facebook.com/Silver-Song-Travels-Tours

မိတ်ဟောင်း ၊ မိတ်သစ် customer များ နှစ်သစ်မှာ ကျန်းမာပျော်ရွှင် ရောဂါဘယဘေးမှ ကင်းဝေးကြပါစေလို့ Silver Song မိသားစုမှဆုမွ...
30/12/2020

မိတ်ဟောင်း ၊ မိတ်သစ် customer များ နှစ်သစ်မှာ ကျန်းမာပျော်ရွှင် ရောဂါဘယဘေးမှ ကင်းဝေးကြပါစေလို့ Silver Song မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်

Silver Song Team

🙏🙏🙏Silver Song  Travels & Tours  မှ မိတ်ဟောင်း ၊ မိတ်သစ် customer များအတွက် အကျိုးရှိစေမဲ့ Dai-ichi life insurance plan ...
11/12/2020

🙏🙏🙏Silver Song Travels & Tours မှ မိတ်ဟောင်း ၊ မိတ်သစ် customer များအတွက် အကျိုးရှိစေမဲ့ Dai-ichi life insurance plan ဖြင့် မိတ်ဆက်ပေးပါရစေရှင့်
🔼 Dai-ichi life pro ရဲ့ လုပ်ဆောင်ချက်ကတော့ အသက်အာမခံ ငွေစုဆောင်းခြင်း တစ်မျိုး ဖြစ်ပါသည်။ ထာဝစဉ် မသန်းစွမ်းဖြစ်ခဲ့ လျှင်ဖြစ်စေ၊ အသက်ဆုံးရှုံးခဲ့ သည်ဖြစ်စေ အာမခံထား ငွေကို အပြည့်အဝပြန်လည်ရရှိမည် ဖြစ်သည်။
🔼အာမခံအကျိုးခံစားခွင့် အနေဖြင့် ၃ နှစ်လျှင် တစ်ကြိမ် မိမိထား ရှိသည့် အသက်အာမခံ ငွေပမာဏ၏ ၃% အားထုတ်ယူ ရရှိမည်ဖြစ်သည်။
🔼 အာမခံဝယ်သူ၏ အသက်အပိုင်းအခြားမှာ ၁၈ နှစ်မှ ၅၉ နှစ်အထိ
အာမခံပေါ်လစီ သက်တမ်း မှာ ( ၆ , ၉,၁၂, ၁၅ ) နှစ်အထိ
🔼ပရီမီယံသက်တမ်း ( ၆, ၉,၁၂, ၁၅ ) နှစ်အထိ ပရီမီယံ 🔼ပေးသွင်းမှုပုံစံလစဉ်အရစ်ကျ ၊ ၃ လတစ်ကြိမ်၊ ၆လတစ်ကြိမ် ၊ တစ်နှစ် တစ်ကြိမ် ပေးသွင်းနိုင်
🔼အာမခံထားနိုင်သော ပမာဏ အနည်းဆုံး သိန်း ၅၀ မှစ၍ အများဆုံ USD 50000 နှင့် ညီမျှသော မြန်မာ ကျပ်ငွေ

🔼Dai –ichi-life Pro ကို ဝယ်ယူ၍ ရရှိနိုင်မည့် အကျိုးကျေးဇူးများ
မိမိချစ်ခင်ရသူ မိသားစုများအတွက် ငွေကြေးအရ ထောက်ပံကာကွယ် မှု ရရှိနိုင်ခြင်း
🔼ငွေကြေးဆိုင်ရာ အာမခံချက်ရရှိခြင်း
🔼ပေးသွင်းထားသော ပရီမီယံ အားလုံးအတွက် တစ်ဦးချင်း ဝင်ငွေခွန် သက်သာခွင့် သက်သာခွင့် အကျိုးခံစားခွင့် ရရှိခြင်း
🔼ပေးသွင်းထားသော ပရီမီယံ သွင်းငွေ အပြင် အသက်ရှင်သန်ခွင့် ၃% ရရှိခံစားနိုင်ခြင်း
🔼မမျှော်လင့်သော ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့သော ထာဝစဉ် မသန်မစွမ်း ဖြစ်ခြင်း ၊ သေဆုံးခြင်းတို့တွင် မိသားစုအတွက် ငွေကြေးအထောက်အပံ့ရစေခြင်း

🔼အခြားအကျိုးခံစားခွင့် အနေဖြင့် ပေါ်လစီကို စရင်းပိတ်သိမ်းနိုင်ခြင်း ( Paid –up benefit ) ၊ အမ်းငွေထုတ် ယူနိုင်ခြင်း ( Surrender Value ) ၊ ဝင်ငွေခွန် သက်သာခွင့် ရရှိခြင်း ( Tax Relief ) တို့ ပြုလုပ်နိုင်မည်ဖြစ်သည်။
🔼အာမခံထားငွေ ၊ ပရီမီယံ သက်တမ်းတို့ ကို အမည် ၊မွေးသက္ကရာဇ် ၊ ဖုန်းနံပါတ် နှင့်အတူ Chat Box သို့ ပေးပို့ပြီး Quotation အတိအကျ တောင်းယူနိုင်ပါသည်ရှင့်

🔼မိမိသိလိုသည့် အချက် အသက်အာမခံ ဝန်ဆောင်မှု၊ ငွေကြေးဆိုင် ရာ ကိစ္စရပ်များအား တိုင်ပင်ဆွေးနွေးလိုပါက လူကိုယ်တိုင်လာ ရောက် ရှင်းပြခြင်း (သို့ ) chet box မှ မေးမြန်းစုံစမ်းနိုင်ပါသည်ရှင့်
Ph: 01-2304255 ,09253423943, 09699122599
Email: [email protected]
Address: No(5,B ) 5thfloor, U Thun Lin Chan street, Hledan, Kamayut Tsp

🌲🌲🌲Home Stay နေရတာ ကြာနေပြီဖြစ်တဲ့ Customer များအတွက် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လည်ပတ်လို့ ရပြီ ဖြစ်ကြောင်း ...
07/07/2020

🌲🌲🌲Home Stay နေရတာ ကြာနေပြီဖြစ်တဲ့ Customer များအတွက် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လည်ပတ်လို့ ရပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့် 🌲🌲🌲
🏠 ပုဂံရှိ ဟိုတယ် ၊တည်းခိုခန်းတွေလည်း ကျန်းမာရေးဝန်ကြီးဌာန စည်းကမ်း ချက်နှင့် အညီ ပြန်ဖွင့်ပါပြီ ။
🍽 စားသောက်ဆိုင်တွေလည်း အစားကောင်းကြိုက်တဲ့ ဧည့်သည်တွေကို မျှော်နေကြပါပြီ။
🌳 လယ်ကွင်းကျယ်ကြီး ၊ မြက်ခင်းစိမ်းစိမ်းလေးဘေးက ထန်းတောကြီး ကလည်း အဆင်သင့်ဖြစ်နေပါပြီ။
🥜🥒🍆အညာဒေသထွက် လက်ဆောင်ဆိုင်တွေကလည်း သန့်ရှင်းစွာပြုလုပ်၍ ဝယ်သူကိုမျှော်နေကြပါပြီ။
📸 မိုးရာသီ လေနုအေးလေး၊ မြက်ခင်းစိမ်းစိမ်းနှင့် မြေရနံသင်းသင်းလေးက လည်း ဓာတ်ပုံဝါသနာ ပါသူများအတွက် လည်ပတ်ရန်အကောင်းဆုံး အချိန်ဖြစ်နေပါပြီ။
🙏 Social Distance နေနေရတဲ့ အချိန်အတွက် ကျယ်ဝန်းလှတဲ့ ပုဂံ ဘုရားဝန်းကျယ်ကြီးကလည်း ဖူးမျှော်ဖို့ အကောင်းဆုံးအချိန်ဖြစ်နေပါပြီနော် ။
☎️ ကဲ အထက်ပါအချက်လေးတွေနဲ့ ပြည့်စုံနေပြီဖြစ်တဲ့ အတွက် အေးအေး ဆေးဆေး ဘုရားဖူး အနားယူချင်ကြတဲ့ ဧည့်သည်တော်များ Silver Song အား Hello လုပ် ပြီး ဝန်ဆောင်မှုကို ရယူ နိုင်ပါပြီနော်။
🚚 လူအများကြီးနဲ့ မသွားချင်ကြတဲ့ ခရီးသွား မိတ်ဆွေများအတွက် ၁၀ ယောက် ကား၁စီး ဖြင့် မိသားစု ၊ သူငယ်ချင်းများအတွက် စတင် စီစဉ်ပေးနေပါပြီရှင့်
01- 2304255 , 09-253423943, 09-73257907
No.5B, 5th floor, U Tun Lin Chan Street , Hledan .

🌲🌲🌲ခရီးသွားလို့ ရပြီလား လို့ သိချင်ကြတဲ့ ခရီးသွားချစ်သူ customer များ အတွက် ကရင်ပြည်နယ် ဘားအံ ဒေသရှိ သွားရောက်လည်ပတ်ရာတွ...
27/06/2020

🌲🌲🌲ခရီးသွားလို့ ရပြီလား လို့ သိချင်ကြတဲ့ ခရီးသွားချစ်သူ customer များ အတွက် ကရင်ပြည်နယ် ဘားအံ ဒေသရှိ သွားရောက်လည်ပတ်ရာတွင် ဆောင်ရန် ရှောင်ရန် လေးအားဖော်ပြပေးလိုက်ပါတယ် ရှင့်🌲🌲🌲

👉 ဘားအံမှာ ဟိုတယ်တွေ ပြန်ဖွင့်ပြီ၍ ဟိုတယ် တည်းမယ် ဆို ထောက်ခံစာယူဖို့ မလိုတော့ပါ ။

👉 တောင်ဝိုင်းတောင်တက် ခရီးစဉ်လေးအား လည်း သွားရောက် လည်ပတ်နိုင်ပါပြီ ။ ရေဘူးနှင့် ခြေမချော်စေရန် တောင်တက်ဖိနပ် စီးဖို့တော့လိုမယ်နော့ ။ တောင်ဝိုင်းလှေကား များချော၍ လက်ရန်း ခိုင်ခံမှု အားနည်းသည်ကို သတိပြုရန် ။ အမှိုက်လုံး ဝမပြစ်ဖို့တော့ သတိထားရမယ် နော ။

👉 မိုးတွေရွာနေပြီဖြစ်လို့ ကျုံထော်ရေတံခွန် လည်းသွားရောက် လည်ပတ်နိုင်ပါပြီ။ ရေတံခွန်နား က ထမင်းဆိုင်လည်းပြန်ဖွင့်နေပါပြီ ။ မိုးအရမ်းများတဲ့နေ့ဆို ရေတံခွန် ရေနောက်ပြီး ရေလုံးကြီးတတ်ပါသဖြင့် ထင်သလောက်မလှတာရယ် ရေကူးလို့ အဆင်မပြေနိုင်တာ ၊ မိုးရာသီ အလည်ဆိုလျှင်တော့ ရေတခွန် ပိတ်သည် ကို တော့ သတိပြုရပါမယ် နော် ။

👉 ရသေ့ပြန်ဂူလည်း ပြန်ဖွင့် ပြီ ဖြစ်ပါသဖြင့် သွားရောက် လည်ပတ်ကြပြီး မျောက်လေးတွေ အစာကျွေးလှူတန်းဖို့ ယူသွားဖို့တော့ မမေ့နဲ့နော် ။

👉 တိမ်ပင်လည်ကတော့ အမြဲဖြစ်မနေပါ ။ မိုးရွာပြီး နောက်နေ့ မနက်ခင်းဆို တိမ်ပင်လယ် ရယ် ၊ မြူတွေဆိုင်းနေ တာကိုတွေ့ရပါမယ် နော် ။ တောင်ဝိုင်းပေါ်က ဓာတ်ပုံရိုက်လျှင် တောင်တန်းတွေနဲ့ ရှုခင်းနောက်ခံပုံတွေ ဟာဖြင့် မြူတွေရှင်းတုန်းရိုက်မှ ရပါတယ်နော ။

👉ဘားအံ မှာ မိနစ်( ၃၀ )လောက်ပဲတက်ရတဲ့ တောင်လေးတွေကတော့ ကြာအင်းတောင် ၊ ဖားပုတောင် ၊ ကော့က သောင်တောင် တို့ တက်နိုင်ပါသေးတယ်နော် ။ ကြာအင်းတောင်ကတော့ ကားနဲ့လည်းတက်လို့ ရပါတယ် နော် ။

😍😍😍ကဲအလိုဆိုရင်ဖြင့် ခရီးသွားချစ်သူများ ပြင်စဉ်ထားလို့ ရပါပြီနော် ......

Source : ကရင်ပြည်နယ် အကျိုးပြု ခရီးသွားလုပ်ငန်း

Stay Home ကာလမှာ ငြီးငွေ့နေကြပြီ ဖြစ်သော ခရီးသွားညီအကို မောင်နှမများအတွက် အရမ်းလည်းမဝေးတဲ့ သေမင်းတမန် ရထားလမ်းလေးအကြောင်...
26/06/2020

Stay Home ကာလမှာ ငြီးငွေ့နေကြပြီ ဖြစ်သော ခရီးသွားညီအကို မောင်နှမများအတွက် အရမ်းလည်းမဝေးတဲ့ သေမင်းတမန် ရထားလမ်းလေးအကြောင်းဖော်ပြပေးလိုက်ပါတယ် ရှင့်

👉 သေမင်းတမန် ရထားလမ်း ပြတိုက်

မွန်ပြည်နယ် ၊ သံဖြူဇရပ် ရှိ ရန်ကုန်-မြိတ် ကားလမ်းမကြီးဘေးရှိ မြန်မာ-ယိုးဒယား သေမင်းတမန် မီးရထား လမ်းပိုင်းဝန်းအတွင်း တည်ဆောက်ထားသည်။ ဂျပန်ခေတ် ကျောက်မီးသွေး စွမ်းအင်သုံး C-0522 မီးရထား စက်ခေါင်းအမည်းကြီး ပြသထားသည်။ ၁၉၄၂ ခုနှစ်က မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ သို့ ၁၇၅ မိုင် ဝေးသော မီးရထား လမ်းပိုင်းအား ဖက်စစ်ဂျပန်တို့၏ အာရှစစ်မျက်နှာ ဖွင့်ကာ ဖောက် လုပ်ခဲ့ရာ မဟာမိတ်နိုင်ငံ များနှင့် အာဆီယံ နိုင်ငံအသီးသီး မှ ချွေးတပ်အဖွဲ့ဝင် ၁၂၀၀၀၀ ကျော်တို့၏ မီးရထားလမ်းပိုင်း ဖောက်လုပ်ရန် အသက် ၊သွေး ၊ချွေးပေးဆပ်ဆောင်ရွက်ခဲ့သည် ပုံရိပ်များ မီးရထား ဇလီဖားတုံးအရေအတွက် မျှ လူ့အသက်ပေါင်း များစွာ ပေးဆပ်ခဲ့ရသော နိုင်ငံအသီးသီးတို့မှ စစ်သုံးပန်းပုံရိပ်များကို ပန်းချီ ၊ 3D ဒီဇိုင်းပုံစံ သမိုင်းဝင် မှတ်တမ်း ဓာတ်ပုံ ပေါင်းများစွာ တို့ဖြင့် ပြည်တွင်း၊ ပြည်ပြ ခရီးသွားများ လေ့လာရေးခရီး လာကြ သူများအတွက် အောက်မေ့ဖွယ် ရာ ပြသထားပါသည်။

Credit - သုတေသီဦးစိုးမြင့် (ဧည့်လမ်းညွှန် )

🌲🌲🌲မိတ်ဟောင်း ၊ မိတ်သစ် customer များရှင့် Silver Song Travels & Tours ဝန်ဆောင်မှုများ အား (10.6.2020 ) မှစတင်၍ ပုံမှန်ရ...
10/06/2020

🌲🌲🌲မိတ်ဟောင်း ၊ မိတ်သစ် customer များရှင့် Silver Song Travels & Tours ဝန်ဆောင်မှုများ အား (10.6.2020 ) မှစတင်၍ ပုံမှန်ရုံးချိန် အတိုင်း ပြန်လည်ဖွင့်လှစ် ပြီးဖြစ် ကြောင်း သတင်းကောင်း ပါးအပ်ပါသည်ရှင့် 🌲🌲🌲

🙏🙏🙏လေးစားရပါ သော မိတ်ဟောင်း ၊ မိတ်သစ် Customer များရှင့်ကျန်းမာ ချမ်းသာ ၍ ကပ်ရောဂါ ဘေးမှ ကင်းဝေးကြ ပါစေလို့ Silver Song ...
11/05/2020

🙏🙏🙏လေးစားရပါ သော မိတ်ဟောင်း ၊ မိတ်သစ် Customer များရှင့်ကျန်းမာ ချမ်းသာ ၍ ကပ်ရောဂါ ဘေးမှ ကင်းဝေးကြ ပါစေလို့ Silver Song TravelS & Tours မိသား စုမှ မေတာပို့သအပ်ပါ သည်ရှင့်🙏🙏🙏

👉လုပ်ငန်းခွင် အသီးသီး သို့ ပြန်လည် ဝင်ရောက်ကြမည် ညီအကို ၊ မောင်နှမများ နှင့် ခရီးသွား မိဘများအား

🚌✈️Silver Song Travel & Tours မှ အဝေးပြေးကားလက်မှတ်် များနင့် လေယာဉ်လက်မှတ်များ အား အပြင်ထွက်စရာ မလို ဖုန်းဆက်ရုံ ဖြင့် ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်ရှင့်

👉ကားလက်မှတ် ၊ လေယာဉ်လက်မှတ် များ၏ ကျသင့် ငွေအား wave Money , Mobil Banking ဖြင့် ပေးချေရုံ ဖြင့် Customer ၏ ဖုန်းထဲသို့ ticket အား ပြန်လည်ပေးပို့ ပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့်

☎️ 09253423943, 0973257907

နမ့်မွန်ကြီးရေတံခွန်တွင်ပျော်ရွှင်စွာရေကစားစဉ်
16/03/2020

နမ့်မွန်ကြီးရေတံခွန်တွင်ပျော်ရွှင်စွာရေကစားစဉ်

လိန်းလီကြိုးတံတားရောက် White Guy Star 😃😄😁😁
16/03/2020

လိန်းလီကြိုးတံတားရောက် White Guy Star 😃😄😁😁

နမ့်မွန်ကြီးရေတံခွန် ( 15.3.2020) ယုံကြည်စွာ အပ်နှံခဲ့သော မဆွေဆွေနှင့်သူငယ်ချင်းများအား အထူးကျေးဇူးတင်လျှက်
16/03/2020

နမ့်မွန်ကြီးရေတံခွန် ( 15.3.2020) ယုံကြည်စွာ အပ်နှံခဲ့သော မဆွေဆွေနှင့်သူငယ်ချင်းများအား အထူးကျေးဇူးတင်လျှက်

Address

No. 18, 4B , U Tun Lin Chan Street Hledan
Kamayut

Alerts

Be the first to know and let us send you an email when Silver Song Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category