01/06/2026
Explore the underwater garden with Kento... 🏝️🌊🪸(English Version Below)
ဒီနေ့တော့ မိုးရွာပြီး လွမ်းစရာကောင်းနေတာနဲ့ Kento နဲ့အတူတူ အရောင်တွေစုံပြီးလှပနေတဲ့ ရေအောက်က ဥယာဉ်ကြီးလို့တောင်ပြောလို့ရတဲ့ ရေအောက်ကမ္ဘာရဲ့ အလှအပတွေကို ပုံတွေထဲကနေကြည့်ရှုခံစားလိုက်ကြရအောင်ပါခင်ဗျာ...
မြိတ်ကျွန်းစုဟာ သဲဖြူဖြူ ကမ်းခြေတွေတင် လှတာမဟုတ်ဘဲ ရေအောက်ကမ္ဘာမှာလည်း အံ့မခန်း သဘာဝအလှတရားတွေ ရှိနေတာပဲဖြစ်ပါတယ်။ ရှားပါးရေနေသတ္တဝါလေးတွေ၊ ရောင်စုံသန္တာကျောက်တန်းတွေနဲ့ တွေ့ဆုံရမယ့် Snorkeling အတွေ့အကြုံက ကျွန်းခရီးစဉ်တွေရဲ့ အကောင်းဆုံး အစိတ်အပိုင်းတစ်ခုပဲဖြစ်တာမို့လို့ အခုလိုသဘာဝအလှတရားတွေကို ကြည့်ရှုခံစားနိုင်ဖို့ Kento ကလည်း သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ(Eco-friendly)ဖြစ်တဲ့ ခရီးစဉ်တွေကို အမြဲဦးစားပေး ဖန်တီးနေပြီး ရေအောက်ကမ္ဘာလေး အခုလိုလှပနေဖို့အတွက်လည်း -
- Ghost Net Cleaning(စွန့်ပစ်ငါးဖမ်းပိုက်ဟောင်းတွေကို လိုက်လံရှင်းလင်းခြင်း) နှင့်
- Coral Farming - သန္တာကျောက်တန်းများ ပြန်လည်ရှင်သန် ပြန့်ပွားလာအောင် ပျိုးထောင်ခြင်းတို့ကို အခါအားလျော်စွာပြုလုပ်လျက်ရှိနေပါတယ်။
ကျွန်းတွေဆီခရီးသွားဖို့ဆို Kento... 🏝️🌊🪸
(English Version)
Since it's a cozy, rainy day that brings back nostalgic memories, let's dive into these photos and explore the vibrant underwater world with Kento, a place so beautiful it truly feels like a colorful underwater garden! 🌧️🌊
The Mergui Archipelago isn't just about pristine white sandy beaches; it also holds breathtaking natural wonders beneath the surface. The snorkeling experience, where you encounter rare marine life and vibrant coral reefs, is undoubtedly one of the best parts of our island tours.
To ensure we can all continue to enjoy these natural wonders, Kento always prioritizes creating eco-friendly tours. To keep our underwater world beautifully pristine, we also actively engage in:
- Ghost Net Cleaning: Safely removing abandoned fishing nets to protect the marine ecosystem.
- Coral Farming: Cultivating and rehabilitating coral reefs to help them thrive and multiply.
Travel with Kento... 🏝️🌊🪸