Promax Travel

Promax Travel One stop travel services for domestic and international flights, hotels, transportation ,insurance

ထိုင်း ဘန်ကောက်လာမယ်ဆိုအပြင်ထွက်ရင် mask 😷 တပ်ပါလေထုညစ်ညမ်းမှုမြှင့်တက်နေပါတယ် ။စာရေးသူသမီးလေး ချောင်းဆိုးသွေးပါလာလို့ဤဆ...
07/12/2025

ထိုင်း ဘန်ကောက်လာမယ်ဆို
အပြင်ထွက်ရင် mask 😷 တပ်ပါ
လေထုညစ်ညမ်းမှုမြှင့်တက်နေပါတယ် ။
စာရေးသူသမီးလေး ချောင်းဆိုးသွေးပါလာလို့
ဤဆေးရုံမှာပြသပြီး
ကုသမှုခံရပါတယ်။
လေထုညစ်ညမ်းမှု၏ အကျိုးဆက်ပါ။
အားလုံးကျန်းမာကြပါစေ။
ဘန်ကောက်နဲ့ထိုင်းလာရင်
“Promax “ ကိုသတိရပေးပါ

25/10/2025

เสด็จ​สู่สวรรคาลัย
สถิตอยู่ในใจตราบนิรันดร์
น้อมสำนึกในพระมหากรุณาธิคุณ​อันหาที่สุดมิได้
ข้าพระพุทธเจ้า​คณาจารย์​ เจ้าหน้าที่​ นักศึกษา​ ศิษย์เก่า​ มหาวิทยาลัย​เกริก

30/04/2025

May လကစပြီး ထိုင်းstayရှောင်မဲ့
ကာကာတို့ဖတ်ကြဦးနော်
**TDAC Thailand Digital Arrival Card: နိုင်ငံခြားသားများ အွန်လိုင်းမှ အလွယ်တကူ ဖြည့်သွင်းနည်း**

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်မယ့် **နိုင်ငံခြားသားများ** အတွက် အရင်ကလို လေဆိပ်မှာ စာရွက်ဖြည့်စရာမလိုတော့ပါဘူး! အခုဆိုရင် **Thailand Digital Arrival Card (TDAC)** ကို **အွန်လိုင်းကနေ အလွယ်တကူ ဖြည့်သွင်းနိုင်ပြီ** ဖြစ်ပါတယ်။ ✈️📱

**TDAC ဆိုတာဘာလဲ?**
TDAC (Thailand Digital Arrival Card) ဆိုတာက **ထိုင်းနိုင်ငံဝင်ရောက်လာသူ ခရီးသည်တိုင်း ဖြည့်သွင်းရမယ့် ဒီဂျစ်တယ်ဝင်ခွင့်ကဒ်** ဖြစ်ပါတယ်။ အရင်က **TM6 စာရွက်ဖြည့်ရသလိုပဲ**၊ အခုတစ်ခါမှာတော့ **အွန်လိုင်းကနေ အချိန်မကုန်၊ လွယ်လွယ်ကူကူ ဖြည့်လို့ရသွားပါပြီ**။

**ဘာကြောင့် TDAC ဖြည့်ဖို့လိုတာလဲ?**
✅ ထိုင်းလေဆိပ်မှာ **အချိန်ကုန်သက်သာ**
✅ **စာရွက်စာတမ်းများ ဆုံးရှုံးမှု မရှိ**
✅ **QR Code** ဖြင့် အလွယ်တကူ **အတည်ပြုခံရ**
✅ **Immigration မှာ အမြန်ဖြတ်နိုင်**

**TDAC ဖြည့်သွင်းနည်း (အဆင့်ဆင့်)**
1️⃣ **ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ပါ**

https://tdac.immigration.go.th/arrival-card/ #/home

2️⃣ **ခရီးသွားအချက်အလက် ဖြည့်ပါ**
- ပတ်စပို့အချက်အလက်
- ခရီးစဉ်အချက်အလက် (ပျံသန်းမည့်လေယာဉ်၊ နေထိုင်မည့်နေရာ)
- ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ

3️⃣ **အတည်ပြုပြီး QR Code ရယူပါ**
- ဖောင်ဖြည့်ပြီးရင် **QR Code** ကို **ဖုန်း (သို့) ပရင့်ထုတ်** ထားပါ။
- ထိုင်းလေဆိပ်ရောက်ရင် **Immigration** မှာ ဒီ **QR Code** ကိုပြပါ။

**ဘယ်လိုလေယာဉ်ခရီးစဉ်တွေအတွက် လိုအပ်လဲ?**
✈️ **လေကြောင်းခရီး** – နိုင်ငံတကာလေဆိပ်များမှ ဝင်လာသူအားလုံး
🚢 **ရေကြောင်းခရီး** – ကမ်းခြေဆိပ်ကမ်းများမှ ဝင်လာသူများ

**အရေးကြီးသော သတိပြုရန်**
⚠️ **ခရီးမထွက်ခင် ၃ရက်အတွင်း ဖြည့်ပါ**
⚠️ **QR Code ကို Screenshot (သို့) ပရင့်ထုတ်ထားပါ**
⚠️ **အချက်အလက်မှန်ကန်အောင် ပြန်စစ်ပါ**

ဒီစနစ်သစ်ကြောင့် **ထိုင်းနိုင်ငံဝင်ရောက်ဖို့ ပိုမိုလွယ်ကူမြန်ဆန်လာပြီ**! ဒီတစ်ခါ ထိုင်းကိုသွားရင် **TDAC ကို အွန်လိုင်းကနေ အဆင်ပြေပြေ ဖြည့်သွင်းပြီး ခရီးစဉ်ကို အခက်အခဲမရှိ ဖြတ်သန်းလိုက်ကြရအောင်**! 😊




ထိုင်းနိုင်ငံသို့ ခရီးသွားရောက်မည့် ခရီးသွားမိဘပြည်သူများရှင့်…၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့ မှစ၍ ထိုင်းနိုင်ငံသို့ ခရီးသွား...
29/04/2025

ထိုင်းနိုင်ငံသို့ ခရီးသွားရောက်မည့် ခရီးသွားမိဘပြည်သူများရှင့်…

၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့ မှစ၍ ထိုင်းနိုင်ငံသို့ ခရီးသွားမည့်နိုင်ငံခြားသားအားလုံးအတွက် online မှတစ်ဆင့် Thailand Digital Arrival Card (TDAC) အား မဖြစ်မနေမှတ်ပုံတင်ရမည့် စနစ်အဖြစ် ကမ္ဘာတစ်ဝှမ်းတွင် စတင်အသုံးပြုမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ အဆင်ပြေလွယ်ကူစွာဝင်ရောက်နိုင်ရန်အတွက် ခရီးသည်များအားလုံးသည် ထိုင်းနိုင်ငံသို့မရောက်မီ ၃ ရက်ကြိုတင်၍ အောက်ပါလင့်ခ်မှတစ်ဆင့် TDAC အားမှတ်ပုံတင်ရန်လိုအပ်ပါသည်ရှင်။
🔗 https://tdac.immigration.go.th

[English Version Below]

𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞 𝐟𝐨𝐫 𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬 𝐭𝐨 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝

Dear Passengers, Attention Please!
Starting 01 May 2025, Thailand will globally launch the Thailand Digital Arrival Card (TDAC), a mandatory online pre-arrival registration platform for all foreign nationals.

To ensure a smooth arrival, all travelers must complete their TDAC registration within 𝟑 𝐝𝐚𝐲𝐬 𝐩𝐫𝐢𝐨𝐫 to entering Thailand via:
🔗 https://tdac.immigration.go.th

Fly with ease, travel smart & stay informed!


Fulfill my wishes 🙏🍀💰
16/02/2025

Fulfill my wishes 🙏🍀💰

My great customer and Operations team of E-Outfitting Pai Resort
03/11/2024

My great customer and Operations team of E-Outfitting Pai Resort




လက်ရှိကိုယ်ရောက်နေတဲ့ အသက်ရွယ်ကို ဘဝမှာ နောက်တစ်ကြိမ်ပြန်မရနိုင်တာကြောင့် သေချာတန်ဖိုးထားပြီး ရှင်သန်ဖို့လိုပါမယ်။လက်ရှိ...
12/09/2024

လက်ရှိကိုယ်ရောက်နေတဲ့ အသက်ရွယ်ကို
ဘဝမှာ နောက်တစ်ကြိမ်ပြန်မရနိုင်တာကြောင့်
သေချာတန်ဖိုးထားပြီး ရှင်သန်ဖို့လိုပါမယ်။

လက်ရှိအခိုက်တန့်တိုင်းမှာ ပျော်အောင်နေပါ။
လက်ရှိအချိန်မှာ လုပ်သင့်တာလုပ်ပါ။
လက်ရှိအချိန်မှာ ပူပန်သောက နည်းအောင်နေပါ။

သဘာဝဘေးအန္တရယ်အပေါင်းမှ ကင်းဝေးကြပါစေ🙏




03/08/2024

🔥🔥🔥 Yangon Airport ✈️

Edit : ယနေ့ပြန်လွှတ်သူတော်တော်များသည်ဟုသိရ

ဒီနေ့ရန်ကုန်လေဆိပ်အထွက်မှာဖြစ်တာလေးတွေအားလုံးသိချင်ကြမယ်ထင်ပါတယ်
အရင်လို Immigration ဖြတ်တာအပြင်မှာ ဂိတ်တစ်ခုဖွင့်ပြီးစစ်ပါတယ် သူတို့စစ်လို့အဆင်မပြေရင် Immigration ကိုမရောက်ပါ တန်းပြန်လွှတ်ပါတယ်။လူကြီးကိုယ်တိုင်ကြီးကြပ်တယ် လို့ကြားပါတယ်။

လေယာဥ်နဲ့ထွက်လာမယ့်သူတွေက PV နဲ့ထွက်မယ်ဆိုရင်
✅ မှတ်ပုံတင်
✅ ပိုက်ဆံ ဘတ်ငွေ 20,000 သို့မဟုတ် ဒေါ်လာ500
✅ ဟိုတယ် ဘိုကင် (ငွေချေထားတာပါပြခိုင်းပါတယ်)
✅ လေယာဉ်လက်မှတ် (အသွား+အပြန်)
*ငွေရှင်းပြီးသားဖြစ်ရမည်

ပေါ့ပေါ့ပါးပါးပုံစံနဲ့ အချက်အလက်စုံအောင်ပြပြီး အေးဆေးဖြေပါ။ ထွက်လို့ရပါတယ်။

အကြံပေးချင်တာက PVနဲ့ ထွက်ထားပြီးဒီမှာအလုပ်Visaထုထားတဲ့သူတွေ မြန်မာပြည်ခဏပြန်သွားပြီးပြန်ထွက်ရင်လေဆိပ်မှာပြန်လွှတ်တာတွေရှိနေပါတယ်ဖြစ်နိုင်ရင်မပြန်စေချင်ပါ။

PJ နဲ့ထွက်မယ်ဆို
✅ OWIC card
✅ မှတ်ပုံတင် ပါရင်ရပါတယ်
(အသက် 23 မှ 31 ကြား PJ နဲ့ထွက် ❌ မရပါ)

တခြားနိုင်ငံအဝင်မှာတော့ PJ/PV ခွဲခြားမှုမရှိပါ။

ဒါတွေက ရန်ကုန်လေဆိပ်ရဲ့ ဒီနေ့ 3/08/2024 ထိအခြေအနေပါ။

အားလုံးအဆင်ပြေကြပါစေ

Visa appointment ကိုOnline မှရယူပါ
29/06/2024

Visa appointment ကို
Online မှရယူပါ

●ဗီဇာလာရောက်လျှောက်ထားခြင်းနှင့်သက်ဆိုင်သော အွန်လိုင်းဘိုကင်စနစ် စတင်အသုံးပြုခြင်း (တစ်ဦးချင်းစီအလိုက် လျှောက်ထားသူများအတွက်သာ၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ပါမည်)
●査証の来館申請に関するオンライン予約の導入(個人申請につき7月1日から開始)

ဂျပန်သံရုံးကိုရောက်ရှိ၍ ဗီဇာလျှောက်ထားရာ၌ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လျှောက်ထားသူများအားလုံးထံမှ ပူးပေါင်းကူညီမှုကို ရရှိလျက်ရှိသော်လည်း လျှောက်ထားသူအ‌ရေအတွက် ဆက်လက်များပြားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လျှောက်ထားမှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ လက်ခံဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်လ (၁) ရက်နေ့မှစတင်ပြီး အွန်လိုင်းဘိုကင်စနစ်ကို အသုံးပြုသွားမည် ဖြစ်ပါသည်။ ဂျပန်သံရုံးကိုဗီဇာလာလျှောက်လိုပါက အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လျှောက်ထားရပါမည်။ အဖွဲ့အလိုက်မဟုတ်သည့် တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားမည့်သူများသည် ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ Facebook၊ Telegramနှင့် ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြပေးမည့် URL ကို အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အောက်ပါ Link တွင် ကြည့်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://mm-emb-jp.yamadataro.jp/booking/store
ခရီးသွားကုမ္ပဏီများ၊ အလုပ်သမားအေဂျင်စီများနှင့် ဂျပန်စာသင်တန်းကျောင်းများစသည့် အဖွဲ့လိုက်လျှောက်ထားခြင်းများနှင့် ပတ်သက်၍လည်း ဇူလိုင်လ အလယ်ပိုင်းတွင် အွန်လိုင်းဘိုကင်လက်ခံခြင်းအား စတင်မည့်ရက် အတည်ပြုပြီးပါက ထပ်မံအသိပေးကြေညာပါမည်။
ဆက်လက်၍ ပူးပေါင်းကူညီပေးနိုင်ပါရန် လျှောက်ထားသူများအားလုံးကို မေတ္တာရပ်ခံအပ်ပါသည်။

ကြိုတင်ဘိုကင်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
တယ်လီဖုန်း 95-1-549644~8
အီးမေးလ် [email protected]

日本大使館への円滑な査証申請に関し、皆様にご協力頂いているところですが、申請者数が多い状況が続いています。したがって、さらに円滑な申請受付を行うため、7月1日からオンライン予約システムを導入することになりました。査証を来館申請される方は、事前にオンライン予約を行った上で、大使館へお越しいただく必要があります。
個人申請の方(非団体申請)は、7月1日以降は、Facebook、Telegram、日本大使館ホームページに掲載されるURLよりご利用頂けますので、下記リンクをご確認くださいますようお願いします。
https://mm-emb-jp.yamadataro.jp/booking/store
なお、旅行代理店、送出機関、日本語学校などの団体申請については、7月中旬以降にオンライン予約受付を開始予定ですので、開始日が決まりましたら改めてご案内いたします。
引き続き皆様のご協力を頂きますよう宜しくお願いします。

ご予約に関するお問い合わせ先
在ミャンマー日本国大使館領事班
電話:95-1-549644~8
メール:[email protected]

Japan 🇯🇵 Visa
29/06/2024

Japan 🇯🇵 Visa

(Japanese version is below)
⚠️【ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်】⚠️
⚠️【査証申請に関するお願い】⚠️
ယခုတလောတွင် မိမိ၏ ကိုယ်‌‌ရေးအချက်အလက် (အမည်၊ မွေးနေ့သက္ကရာဇ် စသည်) တို့ကို အခြားသူတစ်ဦးအဖြစ် ပြုပြင်ပြောင်းလဲကာ မသမာသောနည်းလမ်းဖြင့် ရယူထားသော ကာလရှည်နေထိုင်ခွင့်ကတ်ပြား (Certificate of Eligibility)ကို ကိုင်ဆောင်၍ သံရုံးတွင် ဗီဇာလျှောက်ထားသည့် ဖြစ်ရပ်များကို မြင်တွေ့နေရပါသည်။ ပြုပြင်ပြောင်းလဲထားသည့် မှန်ကန်မှုမရှိသောကိုယ်ရေးအချက်အလက်အတုများဖြင့် လျှောက်ထားလာပါက ဗီဇာထုတ်ပေး၍ မရနိုင်ပါ။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကျောင်းတက်ရန်၊ အလုပ်လုပ်ရန်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသူများနှင့် ပတ်သက်သော ဗီဇာဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးအနက်ထားဆောင်ရွက်လျက်ရှိပါ သော်လည်း ဝမ်းနည်းဖွယ်ရာကောင်းသည်မှာ မသမာသောနည်းလမ်းများကို အသုံးပြုနေသည့် ကျင့်ဝတ်သိက္ခာမဲ့၍ ရိုးဖြောင့်မှုမရှိသော ဘာသာစကားသင်တန်းကျောင်းများနှင့် ပွဲစားများရှိနေသည်မှာလည်း အမှန်တကယ်ပင်ဖြစ်သည့်အတွက် အချက်အလက်အစစ်အမှန်ပါရှိသော စာရွက်စာတမ်းများကို ပြင်ဆင်၍ လျှောက်ထားနိုင်ခြင်းမရှိသူများအား ဗီဇာထုတ်ပေး နိုင်မည်မဟုတ်ပါ။

ထို့ကြောင့် ဂျပန်နိုင်ငံသို့ သွားရောက်ရန်ဆန္ဒရှိသူများအနေဖြင့် ရိုးဖြောင့်မှုမရှိသော သင်တန်းကျောင်းများနှင့် ပွဲစားများကြောင့် နစ်နာဆုံးရှုံးမှုများ မကြုံတွေ့ရစေရန် အထူးသတိပြုကြပါရန် မေတ္တာရပ်ခံတိုက်တွန်းလိုပါသည်။ အထူးသဖြင့် အောက်ပါအချက်များကို သတိပြုကြစေလိုပါသည်။

☑️ အမှန်တကယ်ယုံကြည်ရနိုင်သော ဂျပန်စာသင်တန်းကျောင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများဟုတ်မဟုတ်ကို စေ့စပ်သေချာစွာ စုံစမ်းလေ့လာပြီးမှသာ ကျောင်းအပ်ခြင်းဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ကြပါရန်။

☑️ COE စသည်တို့၏ လျှောက်လွှာစာရွက်စာတမ်းများအား ကိုယ်စားလှယ်နှင့် ပွဲစားများကိုသာ အလုံးစုံ ယုံကြည်အပ်နှံမှု မပြုကြဘဲ မိမိတို့ကိုယ်တိုင်ပြင်ဆင်ပြီး မိမိတို့ကိုယ်တိုင် စစ်ဆေးအတည်ပြုကြပါရန်။

☑️ ထုတ်ယူရရှိထားသော COE သည် မိမိကိုယ်ပိုင်နာမည်ဖြင့် ဟုတ် မဟုတ်၊ အချက်အလက်မှန်ကန်မှု ရှိ မရှိကို COE မူရင်း (သို့မဟုတ်) မိတ္တူဖြင့် မပျက်မကွက် စစ်ဆေးအတည်ပြုကြပါရန်။

☑️ အကယ်၍ COE ငြင်းဆိုခံရခြင်း (COE reject ဖြစ်ခြင်း) ဖြစ်လျှင်လည်း နောက်တစ်ကြိမ် ပြန်လည်လျှောက်ထားသည့် အခါတွင် မိမိ၏ကိုယ်ရေးအချက်အလက်များကို ပြောင်းလဲပြင်ဆင်၍ လျှောက်ထားခြင်းမျိုး လုံးဝ မပြုလုပ်ကြပါရန်။

最近、個人情報(氏名、生年月日等)を改変し、別人になりすまして不正に取得した在留資格認定証明書(COE)をもって、大使館に査証申請する事例が見受けられます。改変された真正でない個人情報を元に申請が行われた場合、査証を発給することはできません。

当館としては、就学・就労のために日本への渡航を希望される方の手続きに引き続き丁寧に対応していく考えですが、残念ながら、不正な手段を用いる悪徳な語学学校やブローカー等の業者が存在するのも事実で、真正な書類をご用意いただけない方に査証を発給することはできません。

ついては、日本への渡航を希望される皆様におかれては、悪徳な業者による被害に遭わないように十分に注意願います。特に、以下の点をご確認下さい。

☑️ 信頼できる日本語学校・送出機関かを十分に下調べをした上で入学手続きをする。

☑️ COEなどの申請書類は代理人やブローカー任せにせず、自分で用意する、または自分で確認する。

☑️ 交付を受けたCOEが自分名義であるか、COE原本、または写しにて必ず確認する。

☑️ 仮にCOEが不交付になった場合でも、次回申請に際して個人情報の改変は絶対に行わない。

Address

Corner Of 87th And 42 L Street
Mandalay
0541

Telephone

+959789952155

Website

Alerts

Be the first to know and let us send you an email when Promax Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Promax Travel:

Share

Category