29/05/2026
🇹🇭 ၅ ရက် ၄ ည ချင်းမိုင် - ချင်းရိုင်း ဇွန်လဒုတိယပတ် အထူးခရီးစဉ်ကြီး လာပြီနော်! 🥳✈️
"ခရီးသွားရတာ ဝါသနာပါတယ်... ဒါပေမဲ့ ကိုယ့်စိတ်ကြိုက် ပေါ့ပေါ့ပါးပါးနဲ့ အေးဆေးအနားယူချင်တယ်" ဆိုတဲ့သူတွေအတွက် ဇွန်လ ဒုတိယပတ်မှာ အပန်းဖြေစရာ အကောင်းဆုံး ခရီးစဉ်လေး စီစဉ်ပေးထားပါတယ်ခင်ဗျာ။ ✨
Chiang Mai - Chiang Rai Tour (5 Days 4 Nights) မိသားစုဝင်တွေ၊ သူငယ်ချင်းအဖွဲ့တွေနဲ့အတူ ဇွန်လရဲ့ ဒုတိယပတ်မှာ ပျော်ပျော်ပါးပါး သွားရောက်လည်ပတ်နိုင်ဖို့ အဆင်အပြေဆုံး ကားအမျိုးအစားများနှင့် ဝန်ဆောင်မှုကောင်းများစွာဖြင့် အောက်ပါအတိုင်း စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ 🚐
✨ ခရီးစဉ်အကျဉ်းချုပ် ✨
🗓 Day 1: Welcome to Chiang Mai ✈️
• လေဆိပ်မှာ အဆင်သင့် စောင့်ကြိုပေးမယ့် Driver နဲ့အတူ ဟိုတယ်မှာ အနားယူမယ်။
• ညပိုင်းမှာတော့ ချင်းမိုင်ရဲ့ နာမည်ကြီး Night Bazaar မှာ ညစာစား၊ လမ်းလျှောက်ရင်း ပထမဆုံးညကို ဖြတ်သန်းမယ်။
🗓 Day 2: သဘာဝအလှတရားတွေနဲ့ Doi Inthanon 🏔
• ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ Doi Inthanon National Park သို့ သွားရောက်မယ်။
• Twin Royal Pagodas ဖူးမြော်မယ်၊ တော်ဝင်ပရောဂျက် စားသောက်ဆိုင်မှာ နေ့လယ်စာ သုံးဆောင်မယ်။
• ဝေါင်ချီရထန်ရေတံခွန် (Wachirathan Waterfall) အလှကို ခံစားပြီး၊ ကရင်တိုင်းရင်းသားကျေးရွာမှာ ဒေသခံ ကော်ဖီစစ်စစ်လေး မြည်းစမ်းကြမယ်။
🗓 Day 3: ချင်းမိုင် အထင်ကရဘုရားများ နဲ့ ချင်းရိုင်းသို့ ခရီးစဉ် ⛩
• မနက်စောစော Wat Phra That Doi Suthep ကို သွားရောက်ဖူးမြော်မယ်။
• နေ့လယ်စာနဲ့ Shopping ထွက်ဖို့ Central Mall ကို ပို့ဆောင်ပေးပြီးနောက် Wat Sri Don Moon ဗုဒ္ဓဘာသာကျောင်းတော်ကြီးကို ဖူးမြော်မယ်။
• ညနေပိုင်းမှာတော့ ချင်းရိုင်းမြို့သို့ ဆက်လက်ထွက်ခွာပြီး၊ ချင်းရိုင်း Night Bazaar မှာ စိတ်ကြိုက် လည်ပတ်
မယ်။
🗓 Day 4: ချင်းရိုင်း Highlights နဲ့ Akha Farmville သိုးခြံ 🐑🎨
• ကမ္ဘာကျော် အဖြူရောင်ကျောင်းတော် (White Temple - Wat Rong Khun)
• အပြာရောင်ကျောင်းတော် (Blue Temple - Wat Rong Suea Ten)
• Guan Yin Statue (Wat Huay Pla Kang) ကွမ်
ရင်မယ်တော်ကြီးတို့ကို စုံစုံလင်လင် ဖူးမြော်မယ်။
• ပုံပြင်ထဲကလို လှပတဲ့ Lalitta Cafe မှာ စားသောက်ပြီး၊ Doi Chang ပေါ်က နာမည်ကြီး Akha Farmville မှာ ချစ်စရာသိုးလေးတွေနဲ့အတူ ညနေခင်း ရှုခင်းအလှကို ခံစားရင်း ဓာတ်ပုံလန်းလန်းတွေ ရိုက်မယ်။
• ညပိုင်း ချင်းမိုင်ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမယ်။
🗓 Day 5: အမှတ်တရလက်ဆောင်ဝယ်ယူခြင်းနဲ့ နှုတ်ဆက်ခြင်း 🛍🛫
• မပြန်ခင် အမှတ်တရပစ္စည်းတွေ စိတ်ကြိုက်ဝယ်ယူပြီး နေ့လယ်စာ သုံးဆောင်မယ်။
• ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘေးကင်းစိတ်ချစွာ ပြန်လည်ပို့ဆောင်ပေးရင်း အစီအစဉ်လေး ပြီးဆုံးမှာ ဖြစ်ပါတယ်။
💡 ခရီးစဉ်မှာ ဘာတွေ ပါဝင်မလဲ?
• 🏨 Chiang Mai & Chiang Rai အဆင့်မြင့် ဟိုတယ်
တည်းခိုခွင့်
• 🚗 ခရီးစဉ်တစ်ခုလုံး သက်တောင့်သက်သာရှိမယ့် ကားစရိတ် (Car Rental)
• 🙋♂️ စိတ်ချရပြီး ကျွမ်းကျင်
သည့် ဧည့်လမ်းညွှန် (Tour Guide)
• 🛫 လေဆိပ် အကြို/အပို့ အခမဲ့
❌ (ခရီးစဉ်အတွင်း စားသောက်စရိတ်ကိုတော့ မိမိစိတ်ကြိုက် သုံးဆောင်နိုင်ရန် သီးသန့်ဖြစ်ပါတယ်)
💰 ခရီးစဉ် ကုန်ကျစရိတ် (တစ်ဦးလျှင်)
• လေယာဉ်လက်မှတ်အပါအဝင် တစ်ဦးလျှင် ပျမ်းမျှ ၂၄,၇၀၀ ဘတ် (24,700 THB) သို့မဟုတ် USD 760 သာ ကျသင့်မှာ ဖြစ်ပါတယ်။
(လည်ပတ်မည့်နေရာစုံရဲ့ ဝင်ကြေး (Entry Fees) တွေပါ တစ်ခါတည်း ပေါင်းပေးထားတာမို့လို့ ခရီးစဉ်အတွင်း စရိတ်စက ထပ်ကုန်မှာ စိတ်ပူစရာ မလိုတော့ဘဲ ခရီးစဉ်တစ်ခုလုံးကို စိတ်အေးချမ်းသာစွာ အပန်းဖြေလိုက်ပါရုံပါပဲခင်ဗျာ) ခရီးစဉ်တစ်ခေါက် အပြီးအစီး စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ 🥰
📅 ခရီးစဉ်ရက်စွဲ - June Second Week (ဇွန်လ ဒုတိယပတ်)
အသေးစိတ်ကို သိရှိလိုပါက Chat Box မှာ စုံစမ်းနိုင်သလို
ရုံးတွင်လဲစုံစမ်းမေးမြန်းနိုင်ပါပြီ။
Man Giri Travels & Tours.
အကွက် (၂၆၇)၊ (၃၁-၈၇) ဒေါင့် ပြည်ကျော်ဈေးအနောက် လမ်းသွယ်(၂)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Myanmar ရုံးဖုန်း
☎️ 09 2002806
☎️ 09 402654251
Thailand ရုံးဖုန်း
☎️ 0827840538