Aye Chan Shwe Myay

Aye Chan Shwe Myay Aye Chan Shwe Myay Travels & Tours Co.,ltd
福地旅游公司 41 street, between 83*84 streets, No(68)
email: [email protected]

23/05/2026

🗻 ကမ္ဘာ့ကြီးရဲ့ ခေါင်မိုးလို့ တင်စားကြတဲ့ လျှို့ဝှက်ဆန်းကြယ် တိဘတ်ကုန်းမြေမြင့်ဆီကို အတူတူ ခရီးသွားကြမလား။

🌍 လှပလွန်းလို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ "ပိုတာလာနန်းတော်ကြီး"၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင် ရင်ငွေ့တော်လှုံခဲ့တဲ့ သက်တော် ၁၂ နှစ်အရွယ် ရွှေဆင်းတုတော်၊ သတ္တုဓာတ်တွေ ကြွယ်ဝပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ "ဆိတ်ရေတွင်း ရေပူစမ်း" နဲ့ တိဘတ်မြက်ခင်းပြင်ပေါ်က ကျောက်စိမ်းတုံးလေးလို လှပတဲ့ ကမ္ဘာ့အမြင့်ဆုံး "ဆားငန်အိုင်ကြီး"။

ဒါတင်မကသေးပါဘူး... တိဘတ်သမိုင်းရဲ့ ပထမဆုံးနန်းတော်ဖြစ်တဲ့ "သမင်နန်းတော်"၊ နာမည်ကျော် "ရန်ကျော်ရုံးအင်း" နဲ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးနေရာမှာရှိတဲ့ တိဘတ်ဘုရားကျောင်းအနီးက "ဧဝရက်တောင်ထိပ်" ရဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတွေကို ၁၂ ရက်တိုင်တိုင် အပြည့်အဝ ခံစားရဦးမှာပါ။

🛩️ ဒီခရီးစဉ်မှာ အသွားအပြန် လေယာဉ်လက်မှတ်၊ တရုတ်ဗီဇာ၊ ဟိုတယ်၊ အစားအသောက်၊ တိဘတ်ဝင်ခွင့်ကတ်နဲ့ အောက်စီဂျင်ဘူးတွေအပြင် ခရီးသွားအာမခံအထိ အားလုံး ပါဝင်ပြီးသားမို့ စိတ်အေးသက်သာစွာ ခရီးသွားနိုင်မှာပါနော်။

လူကြီးမင်းတို့ရဲ့ တိဘက်ခရီးစဉ်တစ်လျှောက်မှာ အဆင်ပြေချောမွေ့စေဖို့အတွက် စိတ်ချရတဲ့ "အေးချမ်းရွှေမြေ ခရီးသွားလုပ်ငန်း" ကနေ အစအဆုံး အကောင်းဆုံး တာဝန်ယူ စီစဉ်ပေးသွားမှာမို့လို့...

စိတ်ဝင်စားတယ်ဆိုရင် အေးချမ်းရွှေမြေရဲ့ အောက်ပါ ဖုန်းနံပါတ်၊ လိပ်စာတွေမှ တဆင့် အခုပဲ ဆက်သွယ်ထားလိုက်တော့နော်။

📌 အသေးစိတ် စုံစမ်း၊ ဆက်သွယ်ရန်

🏢 ရုံးလိပ်စာ - မဟာမုနိဘုရားကြီးအနီး၊
အမှတ် ၆၈၊ ၄၁ လမ်း၊ ၈၃-၈၄ လမ်းကြား မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

📞 ဖုန်းနံပါတ် - 09 44103 9216,0977665 8566

09 44467 6065,09 79610 4318

ခရီးသွား ဝန်ဆောင်မှုတွေအားလုံးကို တစ်နေရာတည်းမှာရနိုင်ဖို့ အေးချမ်းရွှေမြေနဲ့ ဆက်သွယ်လိုက်တော့နော်။ 🤙🤙

#အေးချမ်းရွှေမြေ &Tour
#ခရီးသွားလုပ်ငန်း #ကားလက်မှတ် #လေယာဉ်လက်မှတ်
#ခရီးစဉ်များ #ခရီးသွားခြင်း #ပြည်တွင်းပြည်ပခရီးစဉ်

✈️🌍 ခရီးသွားရတာ ဝါသနာပါပေမယ့် လက်မှတ်ဖြတ်တာ၊ ဗီဇာလျှောက်တာနဲ့ တည်းခိုဖို့ကိစ္စတွေကြောင့် ခေါင်းခဲနေရပြီလား? အစစအရာရာ စိတ...
11/05/2026

✈️🌍 ခရီးသွားရတာ ဝါသနာပါပေမယ့် လက်မှတ်ဖြတ်တာ၊ ဗီဇာလျှောက်တာနဲ့ တည်းခိုဖို့ကိစ္စတွေကြောင့် ခေါင်းခဲနေရပြီလား?

အစစအရာရာ စိတ်အေးလက်အေးနဲ့ ခရီးစဉ်တစ်ခုကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အေးချမ်းရွှေမြေ - Travel & Tours က ဘာကြောင့် လူကြီးမင်းတို့အတွက် အသင့်တော်ဆုံး ဖြစ်ရသလဲဆိုတာ ဒီ post လေးထဲမှာ လေ့လာကြည့်ကြပါစို့နော်။

ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်းမှာ စိတ်အေးချမ်းမှုရဖို့ အေးချမ်းရွှေမြေက ဝန်ဆောင်မှုပေးဖို့ အသင့်ပဲမို့ ခရီးသွားဖို့ အစီအစဉ်ရှိတယ်ဆိုရင် အခုပဲ ဆက်သွယ်ထားလိုက်တော့နော်။ ✌️✨

📌 အသေးစိတ် စုံစမ်း၊ ဆက်သွယ်ရန်

🏢 ရုံးလိပ်စာ - မဟာမုနိဘုရားကြီးအနီး၊
အမှတ် ၆၈၊ ၄၁ လမ်း၊ ၈၃-၈၄ လမ်းကြား မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

📞 ဖုန်းနံပါတ် - 097766 58566, 09 44103 9216
0944467 6065, 0979610 4318

ခရီးသွား ဝန်ဆောင်မှုတွေအားလုံးကို တစ်နေရာတည်းမှာရနိုင်ဖို့ အေးချမ်းရွှေမြေနဲ့ ဆက်သွယ်လိုက်တော့နော်။ 🤙🤙

#အေးချမ်းရွှေမြေ &Tour
#ခရီးသွားလုပ်ငန်း #ကားလက်မှတ် #လေယာဉ်လက်မှတ်
#ခရီးစဉ်များ #ခရီးသွားခြင်း #ပြည်တွင်းပြည်ပခရီးစဉ်

ခရီးသွားဖို့ ပြင်ဆင်တဲ့အခါ ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝယ်တဲ့ အချိန်ကနေ စတင်ပြီး အစစအရာရာ ချောမွေ့ချင်ပါသလား ? ✅ ၂၀၀၃ ခုနှ...
04/05/2026

ခရီးသွားဖို့ ပြင်ဆင်တဲ့အခါ ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝယ်တဲ့ အချိန်ကနေ စတင်ပြီး အစစအရာရာ ချောမွေ့ချင်ပါသလား ?

✅ ၂၀၀၃ ခုနှစ်တည်းကနေ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့တဲ့ အေးချမ်းရွှေမြေ - Travel & Tours ဟာ အခုဆိုရင် (၂၃) နှစ်တိုင်တိုင် ခရီးသွားလုပ်ငန်းမှာ ခိုင်မာတဲ့ အတွေ့အကြုံတွေနဲ့ ရပ်တည်နေတာမို့ မိတ်ဆွေတို့ရဲ့ ခရီးစဉ်တိုင်းအတွက် စိတ်အေးရစေမှာပါ။

အေးချမ်းရွှေ‌မြေမှာ ဘယ်လိုဝန်ဆောင်မှုတွေ အစုံအလင်ရနိုင်သလဲဆိုရင် -

No.1 ဗီဇာဝန်ဆောင်မှု
---------------------
တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန် စတဲ့ နိုင်ငံတကာ ဗီဇာတွေကို လူကြီးမင်းတို့ကိုယ်စား အမြန်ဆုံး လျှောက်ထားပေးနေပါပြီ။

No.2 လေယာဉ်နှင့် ကားလက်မှတ်များ
-----------------------------------
- ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်တွေကို ဈေးနှုန်းမှန်ကန်စွာနဲ့ ရောင်းချပေးနေပါတယ်။
- ပြည်တွင်း အဝေးပြေး ကားလက်မှတ်များကိုပါ တစ်ခါတည်းဝယ်ယူနိုင်ပါတယ်။

No.3 ပြည်ပ Tour Package များ
-----------------------------------
- တရုတ်နိုင်ငံခရီးစဉ်များ၊ တရုတ်တိဘက်ခရီးစဉ်များ စသဖြင့် စရိတ်ငြိမ်းအပြီးအစီးနဲ့ စနစ်တကျ စီစဉ်ပေးထားတဲ့ ပြည်ပခရီးစဉ် Package တွေနဲ့လည်း အလည်အပတ်ခရီးသွားနိုင်ပါတယ်။

No.4 ဟိုတယ် Booking နှင့် ကားငှားရမ်းခြင်း
-----------------------------------
ပြည်တွင်း၊ ပြည်ပ ဟိုတယ်တွေကို မိတ်ဆွေတို့ စိတ်တိုင်းကျ Booking တင်ပေးတဲ့အပြင်၊ ခရီးစဉ်အလိုက် ကားစင်းလုံးငှား ဝန်ဆောင်မှုတွေကိုလည်း စနစ်တကျ စီစဉ်ပေးပါတယ်။

ဘာကြောင့် "အေးချမ်းရွှေမြေ" ကို ရွေးချယ်သင့်တာလဲ?

🧭 ၂၀၀၃ ခုနှစ်ကတည်းက တည်‌ထောင်ခဲ့တာကြောင့် ခရီးသွားလုပ်ငန်းရဲ့ လုပ်ငန်းစဥ် အပြောင်းအလဲတွေကို ကောင်းကောင်းနားလည်ပြီး အကောင်းဆုံး အကြံပေးနိုင်ပါတယ်။

🧭 မန္တလေးမြို့ရဲ့ အချက်အခြာကျတဲ့ ၄၁ လမ်း (၈၃ နဲ့ ၈၄ လမ်းကြား)၊ ဘုရားကြီးအနီးမှာ ရှိတာကြောင့် မိတ်ဆွေတို့ကိုယ်တိုင် လာရောက်စုံစမ်းဖို့လည်း အရမ်းလွယ်ကူပါတယ်။

🧭 တရုတ်နိုင်ငံသားတွေနဲ့ တိုက်ရိုက်ဆက်ဆံနိုင်တာကြောင့် တရုတ်နိုင်ငံသို့ သွားမယ့်သူတွေအတွက် အဆင်မပြေမှာ လုံးဝပူစရာမလိုပါဘူး။

🧭 ဗီဇာလျှောက်မလား၊ ကားလက်မှတ်ဝယ်မလား၊ လေယာဉ်နဲ့ပဲ ခရီးသွားမလား... အေးချမ်းရွှေမြေနဲ့သာဆိုရင် အားလုံးကို တစ်နေရာတည်းမှာ One Stop Service ရယူနိုင်ပါတယ်။

ဒါကြောင့် ခရီးစဉ်တိုင်းမှာ စိတ်အေးချမ်းမှုရဖို့ အေးချမ်းရွှေမြေက မိတ်ဆွေတို့အနားမှာ အမြဲရှိနေမှာပါ။ စိတ်ချမ်းသာစရာ ခရီးစဉ်လေးအတွက် အခုပဲ ဆက်သွယ်ထားလိုက်တော့နော်။ ✌️✨

📌 အသေးစိတ် စုံစမ်း၊ ဆက်သွယ်ရန်

🏢 ရုံးလိပ်စာ - မဟာမုနိဘုရားကြီးအနီး၊
အမှတ် ၆၈၊ ၄၁ လမ်း၊ ၈၃-၈၄ လမ်းကြား မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

📞 ဖုန်းနံပါတ် - 09 44103 9216

ခရီးသွား ဝန်ဆောင်မှုတွေအားလုံးကို တစ်နေရာတည်းမှာရနိုင်ဖို့ အေးချမ်းရွှေမြေနဲ့ ဆက်သွယ်လိုက်တော့နော်။ 🤙🤙

#အေးချမ်းရွှေမြေ &Tour
#ခရီးသွားလုပ်ငန်း #ကားလက်မှတ် #လေယာဉ်လက်မှတ်
#ခရီးစဉ်များ #ခရီးသွားခြင်း #ပြည်တွင်းပြည်ပခရီးစဉ်

⛩️🏮တရုတ်နိုင်ငံရဲ့  အခမ်းနားဆုံး မြို့ပြရှုခင်းတွေကို ကိုယ်တိုင် ခံစားကြည့်ဖို့ .. အလှဆုံး ချုံချင့် (Chongqing) နဲ့ သမိ...
28/04/2026

⛩️🏮တရုတ်နိုင်ငံရဲ့ အခမ်းနားဆုံး မြို့ပြရှုခင်းတွေကို
ကိုယ်တိုင် ခံစားကြည့်ဖို့ ..

အလှဆုံး ချုံချင့် (Chongqing) နဲ့ သမိုင်းဝင် ပေကျင်း ( Beijing ) မြို့ကြီးတွေကို တစ်ခါတည်း လည်ပတ်နိုင်မယ့် အေးချမ်းရွှေမြေ ရဲ့ အထူးခရီးစဉ်သစ်ကြီး လာပါပြီ !! ✨

🇨🇳 ချုံချင့် + ပေကျင်း (၈ ရက် ၇ ည) Premium ခရီးစဉ်ကြီး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
တရုတ်နိုင်ငံရဲ့ တောင်ကြားမြို့တော် လို့ တင်စားရတဲ့ ချုံချင့်မြို့ရဲ့ ခေတ်မီဆန်းသစ်မှုတွေနဲ့ ပေကျင်းမြို့ရဲ့ ခန့်ညားထည်ဝါတဲ့ သမိုင်းဝင်နေရာတွေကို ဒီခရီးစဉ်ကြီးမှာ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အတူ လိုက်ပါကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

📅 ခရီးစဉ်ရက်စွဲ - ဇွန်လ ၁ ရက်နေ့ မှ ဇွန်လ ၈ ရက်နေ့အထိ

💰 ခရီးစဉ်ဈေးနှုန်း - တစ်ဦးလျှင် ၆၂ သိန်း ကျပ်တိတိ
( ဗီဇာ၊ လေယာဉ်လက်မှတ်၊ စားသောက်စရိတ်နှင့် ခရီးစဉ်အတွင်း အကုန်အပြီးအစီး ပါဝင်ပြီး )

ဈေးဆိုင်တွေဝင်ဖို့ အတင်းအကြပ်တိုက်တွန်းတာမျိုး မရှိဘဲ စိတ်ကြိုက် လည်ပတ်ရင်းနဲ့ အချိန်ကုန်ဆုံးနိုင်မှာဖြစ်သလို နောက်ထပ် ထပ်ဆောင်းပေးရမယ့် ဝန်ဆောင်ခတွေလည်း လုံးဝ မရှိတော့ပါဘူးနော်။

🌟 ဒီခရီးစဉ်မှာ ဘာတွေထူးခြားမလဲ

✈️ ရန်ကုန်မြို့မှ တိုက်ရိုက်လေယာဉ်ဖြင့် သက်သောင့်သက်သာ သွားရောက်နိုင်ခြင်း

🚍 Premium Service ၂၄ နာရီ ဝန်ဆောင်မှုပေးမယ့် Customer Service Butler စနစ် ကျွမ်းကျင်ယာဉ်မောင်းနဲ့ သန့်ရှင်းသပ်ရပ်တဲ့ ခရီးသွားဘတ်စ်ကားများစီစဉ်ထားခြင်း

🗣️ Pro Guide တရုတ်စကားပြော ကျွမ်းကျင်လမ်းညွှန်များမှ စိတ်ကြိုက်ရှင်းပြ လမ်းညွှန်ပေးခြင်း

📸 အဓိကလည်ပတ်မည့်နေရာများ
--------------------------------

🔸The Great Wall - ကမ္ဘာကျော် တရုတ်ပြည်မဟာတံတိုင်းကြီးပေါ် လမ်းလျှောက်ခြင်း

🔸Forbidden City - ပေကျင်းမြို့ရှိ ခန့်ညားလှတဲ့ နန်းတော်ဟောင်းကြီးဆီ လည်ပတ်ခြင်း

🔸Chongqing Cityscape - ချုံချင့်မြို့ရဲ့ ရင်သပ်ရှုမောဖွယ် မြို့ပြအလှနဲ့ တံတားကြီးများဆီ လည်ပတ်ခြင်း

🤝 ဘာကြောင့် အေးချမ်းရွှေမြေကို ယုံကြည်စိတ်ချသင့်တာလဲ ?

🔸အေးချမ်းရွှေမြေ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို ၂၀၀၃ ခုနှစ်ကတည်းက စတင်တည်‌ထောင်ခဲ့တာကြောင့် ၂၃ နှစ်ကျော် အတွေ့အကြုံရှိပြီး နာမည်ပျက်လုံးဝမရှိဘဲ ခရီးသည်များစွာကို ပျော်ရွှင်မှုတွေ၊ အမှတ်တရတွေ အများကြီး ပေးနိုင်ခဲ့ပါတယ်။

🔸Founder တွေကိုယ်တိုင် မြန်မာနိုင်ငံဖွား တရုတ်လူမျိုး‌တွေဖြစ်လို့ ဘာသာစကား အခက်အခဲမရှိဘဲ တရုတ်နိုင်ငံသားတွေနဲ့ တိုက်ရိုက်ချိတ်ဆက် ဝန်ဆောင်မှုပေးတဲ့အပြင် ခရီးစဉ်အတွင်း တစုံတရာ အခက်အခဲရှိပါက မြန်ဆန်ထိ‌ရောက်စွာ ဝန်ဆောင်မှုပေးနိုင်ပါတယ်။

🔸ခရီးစဉ်တလျှောက်လုံးအတွက် ဗီဇာကိစ္စတွေကစလို့ ဟိုတယ်ဘိုကင်၊ ကားငှားရမ်းခြင်းအထိ ဘာမှစိတ်ပူစရာမလိုဘဲ ခရီးသည်က ပျော်ရွှင်စိတ်လှုပ်ရှားဖို့ကိုပဲ အာရုံစိုက်ထားနိုင်ပါတယ်။

🔸 အသေးစိတ် စုံစမ်းဆွေးနွေးဖို့ကိုလည်း မန္တလေးမြို့ရဲ့ အချက်အခြာကျတဲ့ မဟာမုနိဘုရားကြီးအနီး ၄၁ လမ်း ၈၃-၈၄ လမ်းကြား မှာ ရုံးခန်း ရှိနေလို့ ဆက်သွယ်ရတာလည်း လွယ်ကူစေမှာပါ။

ဒါဆို ယုံကြည်စိတ်ချရမှုအပြည့်နဲ့ တရုတ်ပြည်ခရီးစဥ်ကြီးကို လည်ပတ်ဖို့ အေးချမ်းရွှေမြေ နဲ့ အခုပဲ ဆက်သွယ်လိုက်ပါတော့နော်။

📌 အသေးစိတ် စုံစမ်း၊ ဆက်သွယ်ရန်

🏢 ရုံးလိပ်စာ - မဟာမုနိဘုရားကြီးအနီး၊
အမှတ် ၆၈၊ ၄၁ လမ်း၊ ၈၃-၈၄ လမ်းကြား မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

📞 ဖုန်းနံပါတ် -
09 7766 58566, 09 4446 76065
09 4410 39216, 09 7961 04318

ခရီးစဉ်အကြောင်း အသေးစိတ် ထပ်စုံစမ်းဖို့ အခုပဲ ဖုန်းဆက်လိုက်တော့နော်။ 🤙🤙

#အေးချမ်းရွှေမြေ

30/03/2026

📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲
မြန်မာအမျိုးသားလေကြောင်း(MNA) အနေဖြင့် ခရီးသွားပြည်သူများအားလုံး ဘေးကင်းစိတ်ချစွာဖြင့် ခရီးစဉ်များ ပျံသန်းပို့ဆောင်ပေးနိုင်ရန် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိတွင် ကြုံတွေ့နေရသော လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကြောင့် ပြည်တွင်း/ ပြည်ပ ခရီးစဉ်များ အချိန်မှန်ပျံသန်းပြေးဆွဲနိုင်ရေးနှင့် ခရီးစဉ်ဖျက်သိမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ခရီးဆောင်အိတ် အလေးချိန် ကန့်သတ်ချက်များကို (၁-ဧပြီ-၂၀၂၆) ရက်နေ့မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပါသည်-
🧳𝐂𝐡𝐞𝐜𝐤𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
ပြည်ပခရီးစဉ်များ (International Flights)
• Business Class: 40 Kg (2 Pieces)
• Economy Class(Flexi, Discount ,Saver): 30 Kg (2 Pieces)
• Economy Class (Super Saver & Promo): 20 Kg (2 Pieces)
ပြည်တွင်းခရီးစဉ်များ (Domestic Flights)
• Business Class: 30 Kg (2 Pieces)
• Economy Class: 20 Kg (2 Pieces)

💼 𝐇𝐚𝐧𝐝 𝐂𝐚𝐫𝐫𝐲 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
(ပြည်တွင်း / ပြည်ပ ခရီးစဉ်များအားလုံး)
• Business Class: Total 14Kg (2 Pieces)
• Economy Class: Total 7 Kg (1 Piece)

မှတ်ချက်
• ခရီးဆောင်အိတ်တစ်ခုစီကို 23kg အထိ အလေးချိန်ကန့်သတ်ထားပါသည်။
• Hand Carry Baggage Allowance အတွင်းတွင် Duty Free မှ ဝယ်ယူသည့်ပစ္စည်းများ၏အလေးချိန်ပါဝင်ပြီးဖြစ်ပါသည်။
• သတ်မှတ်ထားသော kgထက်ကျော်လွန်သည့် Kg များအား Extra Fee ကောက်ခံသွားမည်ဖြစ်ပါသည်။

ယခုကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အဆင်မပြေမှုများအတွက် နားလည်ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထို့အပြင် MNA အပေါ်ယုံကြည်စွာဖြင့် အစဉ်တစိုက်အားပေးလျက်ရှိသည့်အတွက် ခရီးသွားပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

[English]
📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲
Myanmar National Airlines (MNA) remains committed to ensuring safe and reliable travel for all passengers.
Due to current operational challenges related to aviation fuel, and to maintain flight schedules while minimizing cancellations, the baggage allowance policy will be revised effective 1 April 2026 as follows:
🧳𝐂𝐡𝐞𝐜𝐤𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
International Flights
• Business Class: 40 kg (2 pieces)
• Economy Class(Flexi, Discount, Saver): 30 kg (2 pieces)
• Economy Class(Super Saver & Promo): 20 kg (2 pieces)

Domestic Flights
• Business Class: 30 kg (2 pieces)
• Economy Class: 20 kg (2 pieces)

💼 𝐇𝐚𝐧𝐝 𝐂𝐚𝐫𝐫𝐲 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 (All Flights)
• Business Class: 14 kg total (2 pieces)
• Economy Class: 7 kg (1 piece)

𝐍𝐨𝐭𝐞𝐬:
• Each piece of baggage is limited to a weight of up to 23 kg.
• Duty-free items are included within the hand carry allowance.
• Excess baggage beyond the stated limits will be subject to additional charges.

We sincerely appreciate your understanding for any inconvenience caused and thank you for your continued support.

Update
25/03/2026

Update

📢 ခရီးသွားပြည်သူများသို့ MAI Airlines မှ အရေးကြီးအသိပေးကြေညာချက်၂၀၂၆ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့မှစ၍ လေယာဉ်ဆီ (Jet A1) ရရှိ...
21/03/2026

📢 ခရီးသွားပြည်သူများသို့ MAI Airlines မှ အရေးကြီးအသိပေးကြေညာချက်

၂၀၂၆ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့မှစ၍ လေယာဉ်ဆီ (Jet A1) ရရှိမှု အကန့်အသတ်များကြောင့် ခရီး စဉ်များ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အိတ် (Baggage Policy) မူဝါဒကို အောက်ပါအတိုင်း ယာယီပြင်ဆင်သတ်မှတ်လိုက်ပါသည်။

✅ အခမဲ့သယ်ဆောင်ခွင့် (FBA)
Economy Class: 20KG (အိတ်၁ လုံးသာ)
Business Class: 30KG (အိတ်၁ လုံးသာ)
Hand Carry: 7KG (limited to 2 pieces)
(ကွမ်ကျိုး CAN နှင့် ဆိုးလ် ICN လမ်းကြောင်းများ မပါဝင်ပါ)

⚠️ အရေးကြီးအချက်များ
Prepaid Baggage:
Prepaid Baggage ကီလိုအပိုယခင်ကြိုတင်ဝယ်ထားသူများကို Refund ပြန်ပေးပါမည်။

Excess Baggage:
ကောင်တာတွင် အပိုပေးချေ၍ သယ်ဆောင်ခြင်းကို အများဆုံး ၅ ကီလိုဂရမ်အထိသာ ခွင့်ပြုပါမည်။
ဝန်ပိုမှုကြောင့် အိတ်များနောက်ကျကျန်ခဲ့ပါက (၇၂) နာရီအတွင်း အရောက်ပို့ဆောင်ပေးပါမည်။

ယခုကဲ့သို့ အခြေအနေအရ ပြောင်းလဲမှုများအပေါ် ခရီးသွားပြည်သူများအနေဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်🙏

မြန်မာနိုင်ငံ၏ လက်ရှိ လေယာဉ်ဆီ ရရှိနိုင်မှုအခြေအနေနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် အောက်ဖော်ပြပါ ယာ...
19/03/2026

မြန်မာနိုင်ငံ၏ လက်ရှိ လေယာဉ်ဆီ ရရှိနိုင်မှုအခြေအနေနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် အောက်ဖော်ပြပါ ယာယီအစီအစဥ် များကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှစတင်၍

ပြည်ပသို့ထွက်ခွာမည့် ခရီးစဉ်များ (မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့):
ခရီးသည်များအနေဖြင့် ကြိုတင်အပိုဝန်စည် (Prepaid Baggage) ကို ယခင်အတိုင်း စိတ်ကြိုက် ဆက်လက်ဝယ်ယူနိုင်ပါသည်။

ပြည်တွင်းသို့ဝင်ရောက်မည့် ခရီးစဉ်များ (အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့):
လေယာဉ်အလေးချိန်နှင့် ဝန်တင်ဆောင်မှု (Payload) တွက်ချက်မှုများအရ ခရီးသည်တစ်ဦးလျှင် အပိုဝန်စည် (Additional Allowance) ကို အများဆုံး ၁၀ ကီလိုဂရမ် (10 kg) အထိသာ ခွင့်ပြုပါမည်။*(လေဆိပ်ကောင်တာတွင်သာ ဝယ်ယူလို့ရ)*

Sky Smile ခံစားခွင့်များ
Ruby နှင့် Diamond အဖွဲ့ဝင်များအတွက် လတ်တလောကီလိုအပိုမရနိုင်သေးပါ။
——————-
📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲

Dear Valued Passengers,

Due to the current limited Jet A1 fuel supply and related operational constraints, MAI will implement the following temporary measures, 𝐞𝐟𝐟. 𝟏𝟗 𝐌𝐚𝐫 𝟐𝟎𝟐𝟔:

• 𝐀𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐱𝐜𝐞𝐬𝐬 𝐁𝐚𝐠𝐠𝐚𝐠𝐞: A maximum of 10KG per passenger is allowed on all inbound flights & is also available on all outbound flights.
• 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝): Additional baggage benefits will be suspended until further notice.

These measures are essential to maintain the safety and reliability of our flight operations during this period.

We sincerely apologize for any inconvenience caused and greatly appreciate your understanding and cooperation.

Address

No 68,41street,between 83&84, Maharaungmyae Township
Mandalay

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 12:00
Sunday 09:00 - 12:00

Telephone

+959441039216

Alerts

Be the first to know and let us send you an email when Aye Chan Shwe Myay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Chan Shwe Myay:

Share

Category