03/01/2021
#ချင်းပြည်နယ်ဝိတူရိယတောင်ဆိုတာ🏔🏔
တော်တော်များများသွားချင်နေကြတဲ့ နေရာတစ်ခု
ဘယ်လိုသွားမလဲ ?
ချင်းပြည်နယ် ဝိတူရိယတောင်ဆိုတာဘယ်လိုလဲဆိုတာကိုအရင်မိတ်ဆက်ပေးပါ့မည်
ချင်းအခေါ်အဝေါ်က
👉 ခေါနုစုမ်(Khaw Nu Soum)
ဗမာအခေါ်အဝေါ်က
👉နတ်မတောင်
အင်္ဂလိပ်လို အခေါ်အဝေါ်က
👉Mt.Victoria လို့အမည်တွင်ခေါ်ဝေါ်ကြပါတယ်
သူ့ရဲ့အမြင့်က ပေ ၁၀၅၀၀ (3200 m) ရှိပြီး
ချင်းပြည်နယ်တွင်အမြင့်ဆုံး မြန်မာနိုင်ငံတွင်
တတိယအမြင့်ဆုံးတောင်ပါ
သူ့ရဲ့ သဘာဝပတ်ဝန်းကျင်က
279 sq- mile ရှိပါတယ်
ကမ္ဘာ့ရှားပါးငှက်တွေစုစည်းနေသော နေရာဖြစ်ပြီး
သစ်ခွများပေါများလှသော
သဘာဝတောနက်တစ်နေရာလဲဖြစ်ပါတယ်
ဒီအချိန်က တောင်ဇလပ်ပန်းတွေ ချယ်ရီပန်းတွေ
ဖူးပွင့်လျှက်ပါပဲ
ကဲ ဒီကိုဘယ်လိုသွားချင်လဲ ?
ခြေလျှင်တောင်တက်လား?
အပန်းဖြေသွားမလား?
ရန်ကုန်ကသွားမည်ဆိုပါက (အပန်းဖြေ)
ရန်ကုန်>ပခုက္ကူ>ဆော-ကန်ပက်လက် (နဲနဲဝေး ကားကောင်း-၁၁၅၀၀- ၈၀၀၀)
ရန်ကုန်>ချာက်- ဆိပ်ဖြူ-ဆော-ကန်ပက်လက်
(၁၀၀၀၀၀-၈၀၀၀ နီး ကားသိပ်မကောင်း)
ကန်ပက်လက်သို
>အောင်စစ်သည်
>ကျားမင်း
>ဓနအောင်
>ဆောတောင်တန်း
>နှင်းတောင်တန်း
တဲမည့်နေရာအထိလိုက်ပို့ခိုင်းလို့ရပါတယ်
မန္တလေးမှသွားမည်ဆိုပါက
>ယောမင်းသား
>ရွှေယောမန်း
>ယောထိပ်တန်း
ကန်ပက်လက်သို့တိုက်ရိုက်ရှိ
ခြေလျှင်တောင်တက်သွားမည်ဆိုပါက
မင်းတပ်မြို့မှ Nine Travelling ခရီးသွားကိုဆက်သွယ်ပြီး မြန်မာနိုင်ငံတောင်တက်အသင်းကိုဆက်သွယ်ပြီး သွားနိုင်ပါတယ်
တဲခိုခန်းတဲခိုမလား
တောဘုရင် >09444420397
(ပိုင်ရှင်ကိုတူမီးသေနပ်ပစ်ဖူးချင်ပါတယ်လို့
တောင်းဆိုနိုင်)
ရွှေတောင်တန်း > 0947171351
ဝိတူရိယနန္စံ > 09471770139
ဧဒင် > 0949800721
ဧဒင်ဦး > 0949800721
ရှုခင်းသာ > 0949232963
ဟိုတယ်တဲခိုမလား
ကောင်းကင်နန်းတော်(ချယ်ရီတွေကြား)
0949203152,092050733,0949294315
(70000 ks superior,mountain view)
(80000 ks Deluxe) / 2 person
ပန်းလေပြေ (Mountain View)
0949700561,09450023710,09422655180
(Deluxe 73500 ks, superior 42000 ks)
(Standard 80000 ks) / 2 person
Pine Wood Villa (ထင်းရှုးပင်တွေကြား)
096565584 (60000 ks / 2 person)
Win Unity Hotel.
View လေးက ကောဖီသောက်ရင်း
အိပ်ရာထဲကနေ တိမ်ပင်လယ်ကို မျှော်ကြည့်လို့ရတယ်..
Mountain Oasis (Ecolodges)
09250147208
(40000 ks Double, 30000 ks Single)
Family Room 60000/2,70000/3,100000/6
အသစ်ဆောက်နေသော Hotel နှစ်ခု လဲရှိ
Hotel တွေမှာအားနဲချက်တစ်ခုရှိပါတယ်
မီးရတဲ့အချိန်က ည ၆ နာရီမှ ၁၀ အထိသာပါပဲ
ထို့ကြောင့်မနက် ဓာတ်ပုံအဝရိုက်ဖို့ အားအပြည့်သွင်းထားကြပါလို့
ချင်းရိုးရာအိမ်မှာတဲခိုချင်သူများအတွက်
ဆော်လောင်းကျေးရွာမှ CBT ချင်းရိုရာအိမ်လေးများ
သူကငါးယောက်နှင့်အထက်တဲခိုပါက ညတွင်
ချင်းရိုရာအက မီးပုံပွဲနှင့်ဖျော်ဖြေပေးပါသည်
သုံးနပ်လုံး ထမင်းကျွေးပါတယ်
(မီးတော့မရပါ ဖုန်းအားသွင်းအတွက်တော့ရှိပါသည်
သို့သော် I phone တွေအတွက်တော့မပါပါ 😁)
ဟိုတယ်ကနေတောင်ပေါ်ဘယ်လိုတက်မလဲ?
ပတ်ဝန်းကျင်ကိုအပြည့်အဝလေ့လာချင်လို့
ဆိုင်ကယ်နဲ့တက်မလား?
(ကျန်းမာရေးအတော်ကောင်းမွန်ရန်လိုအပ်ပါသည်)
လေတဖြူးဖြူးနှင့်လုံးဝအေးဆိမ့်နေပါလိမ့်မည်
ဟိုတယ်မှတက်ပါက ၃၀၀၀၀ ကျပ်
ကားငှားမည်ဆိုပါက
၆ ယောက်စီး ၁၀၀၀၀၀ ကျပ်
၁၄ ယောက်စီး ၁၂၀၀၀၀ ကျပ် ရှိပါတယ်
(တောင်ခြေထိသာ)
မြို့မှတောင်ခြေအထိ ၁၀ မိုင်
တောင်ခြေမှ တောင်ပေါ်အထိ ၃ မိုင်ရှိပါတယ်
(ဆိုင်ကယ်ငှားတက်ရမည် ၅၀၀၀ ကျပ်)
ကားငှားဖို့အတွက်
မဇင်မိုး ( ဆော ) >09440229374
ကိုရှိန်း (ကန်ပက်လက်) > 09 440959479
တို့ကိုဆက်သွယ်ပြီးငှားနိုင်ပါသည်
ဘယ်အချိန်တောင်ပေါ်ကနေစတက်ကြမလဲ?
(6:00 မထိုးခင်လောက်တက်ပါ ဟိုတယ်မှ
တောင်ခြေအထိ ၄၀ မိနစ်ဝန်းကျင်ကြာပါသည်
တောင်ခြေမှ ဆိုင်ကယ်ဖြင့်စတက်ပါက
၂၀ မိနစ်ဝန်းကျင်ကြာ
ခြေလျှင်တက်ပါက ၂ နာရီ ကြာ
ဆုတောင်းရမှာတစ်ခုက
ရာသီဥတုကောင်းပါစေလို့
ဘာလို့လဲဆိုတော့ တိမ်ပင်လယ်တွေပေါ်
ရောက်ရှိနေဖို့အတွက်ပါ
တောင်ပေါ်က ခြေလျှင်ပဲဆင်းကြပါ
ဘာလို့လဲဆိုတော့ သဘာဝအလှတွေက ဘာနဲ့မှလဲလို့မရနိုင်တဲ့အရာမျိုးတွေမို့လို့ပါ
ငှက်ကြည့်ချင်လို့ မှန်ဘီလူးယူသွားမယ်ဆိုရင်
မနက် ၆ နာရီမှ ၉ နာရီ
ညနေ ၃:၃၀ လောက်မှ ၅:၅၀ ဝန်းကျင်တွေတွင်ကြည့်နိုင်ပါသည်
ဒေသခံ လမ်းပြတော့လိုပါလိမ့်မည်
(40000 ks / day) အန်ထော်လီ 09785221254
တောင်ပေါ်ကနေ နေ့လည် ၁ နာရီဝန်းကျင်တွင်
ကန်ပက်လက်မြို့ကိုရောက်ပြီ
ဘယ်ကိုသွားကြမလဲ?
ချင်းရိုးရာအစာတွေစားကြဖို့
ကန်ပုလဲ ဆိုတဲ့ဆိုင်ရှိပါတယ်
ချင်းအစားအသောက်ကတော့ဆီလုံးဝမပါဘူးနော
စားတာကောင်းရုံတင်မဟုတ်ဘူး
ဆိုင်ရှင်ကဆက်ဆံရေးကလဲအရမ်းကောင်း
ချင်းဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ချင်သေးလား
အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးပါလိမ့်မည်
(တောင်ပေါ်သို့ အစားအသောက်ယူသွားပြီးလဲစားနိုင်)
စားလို့ဝပြီ ဘယ်ကိုသွားလို့ရသေးလဲ?
နှာခေါင်းပလွေမှုတ်တဲ့ အမေအိုဆီကိုသွားကြမယ်
ချင်းလို အမေကို အနူးလို့ခေါ်တယ်နော
အဲသည့်မှာ ချင်းပြည်ရဲ့ရိုးရာပစ္စည်းတွေလဲပြသထားပါသေးတယ်နော
ပါးရဲထိုးထားတဲ့အမေအိုတွေရှိတဲ့ချင်းရွာကိုသွားကြပြီးချင်းဓလေ့ကိုလေ့လာကြည့်အုံးမလား
အဲသည့်ကိုသွားရင် ဘာတွေလုပ်သင့်သလဲ ?
ချင်းကလေးငယ်တွေကိုကြွေးဖို့ မုန့်တွေဝယ်သွားပါ
ဘာလို့လဲဆိုတော့ အသည့်နေရာတွေဟာ
အစာရေစာရှားပါးသည့်နေရာတစ်ခုမို့ပါ
ကျွန်တော်လွန်ခဲ့သည့် သုံးနှစ်က အဲသည့်ကိုသွားတာ
တွေ့ခဲ့ရတဲ့မြင်ကွင်းက
သူတို့သရေစာအဖြစ်စားသုံးနေကြတဲ့ အရာတွေဟာ
ထမင်းကြမ်းခဲတွေပါပဲ
တောင်ပေါ်ထမင်းဆိုတာ နွေးတုန်းတာပျော့နေတာ
အေးသွားရင်အတေယ်မာတဲ့ဟာပါပဲ
ဒီလိုနဲ့ ကျတော့ဆီမှာပါလာတဲ့မုန့်တွေကိုဝေပေးလိုက်တာ သူတွေမျက်နှာပေါ်က အပြုံးတွေ ဝမ်းသာပိတိဖြစ်နေမှုတွေကို ကျတော်ခုထိမမေ့နိုင်ပါဘူး!
ဒီမှာတင်ညနေစောင်းပြီဆိုတော့ ဟိုတယ်ပြန်ပြီး
အနားယူကြမယ်
ညရောက်ရင်
မီးပုံလေးရှေ့မှာ ခေါ်င်ရည်သောက်ရင်း
သီချင်းတွေဆိုရင်း
အိပ်စက်အနားယူကြမယ်
မီးပုံပွဲဘယ်မှာလုပ်ခိုင်းလို့ရမလဲ?
Pine wood Villa မှာ
သီချင်းဆိုတာ ခေါင်ရည်သောက်တာ
အပါအဝင်ကို ၅၀၀၀၀ ကျပ်ပေးရင်ရပါပြီ
ချင်းအကရောအပါအဝင်ဆိုရင် ၂၀၀၀၀၀ ကျပ်ပြန်ပေးရပါမည်
မနက်အပြန်လမ်းတွင် ချင်းဝတ်စုံဝယ်ချင်ရင်
ဆောမြို့မှာ ကန်ပက်လက်မြို့ပေါ်မှာ ဝယ်ယူနိုင်ပါတယ်လို့
ကဲလို့ဝပြီ မနက်ရောက်ရင်
ကန်ပက်လက်-ချောက်-ရန်ကုန်ပြန်မလား?
ကန်ပက်လက်-ပခုက္ကူ-ပုဂံ-ညောင်ဦး
ဘုရားဝင်ဖူးပြီးပြန်မလား?
ရွေးချယ်လိုက်ပါ
မပြန်ချင်သေးဘူး ချင်းပြည်နယ်အကြာင်း
သိချင်သေးတယ်ဆိုရင်တော့
ချင်းပြည်နယ်တောင်ပိုင်းမြို့တော်
မင်းတပ်မြို့ ကိုသွားနိုင်ပါသေးတယ်
အဲသည့်မှာ ဘာတွေရှ်ိမလဲ?
ရှေးဟောင်းအမွေအနှစ်တွေ
အင်္ဂလိပ်လက်ထက်က ပစ္စည်းတွေ
ချင်းအသုံးအဆောင်အစ္စည်းတွေ
ချင်းဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ချင်သေးရင်
အဲသည့်ကပစ္စည်းတွေကိုလက်နဲ့ကိုင်ကြည့်ချင်ရင်
(တခြားပြတိုက်တွေလို မှန်ထဲကနေတဆင့်ကြည့်ရတာမဟုတ်ပါ )
ပိုင်ရှင်ကလဲ ချင်းလူမျိုးရဲ့
ဓလေ့နဲ့ပတ်သက်တာတွေကို
အကုန်ရှင်းပြပါလိမ့်မည်
မင်းတပ်မြို့ရောက်ပြီဆိုတာနဲ့ လမ်းလျှောက်ပါ
ဘယ်ကိုလျှောက်ရမလဲ
မင်းတပ်မြို့အနောက်ရပ်ကွက် စံမင်းသီရိစေတီပေါ်တက်ပြီး မင်းတပ်မြို့တစ်မြို့လုံးကိုကြည့်ရှုနိုင်ပါတယ်
ပြီးရင် တောင်တန်းသာသာနာပြုဆရာတော်
ဦးပညာသီရိ တည်ထောင်ထားသော
တောင်ပုလုကျောင်းကို
ထိုစေတီကနေလမ်းလျှောက်ပါ
အဲသည့်ကိုရောက်ပြီဆိုတာနဲ့ဘာတွေ့ရမလဲဆိုတော့
ကိုယ်တွေသွားခဲ့တဲ့ ဝိတူရိယတောင်တန်းကြီးကို တွေ့နိုင်ပါတယ်
တောင်ပေါ်ကော်ဖီသောက်ကြမလား
ဘယ်နားကဆိုင်ကောင်းသလဲဆိုရင်
Shining Star ဆိုင်ရယ်
မင်းတပ်မြို့ဘောလုံးကွင်း အောက်ဘက်နား
အထွေထွေအုပ်ချုပ်ရေးမှူးရုံးမျက်စောင်းထိုးနားက
ကော်ဖီဆိုင်လေး
မင်းတပ်မြို့စျေးထဲက နာမည်ကြီးလဖက်ရည်ဆိုင်
တို့မှာသောက်နိုင်ပါတယ်
စျေးထဲရောက်တုန်းရောက်ခိုက်ဘာတွေဝယ်မလဲ?
ချင်းပြည်ရဲ့ စားလို့အရမ်းကောင်းတဲ့
သဘာဝထောပတ်သီးတွေ
လိမ္မော်သီးတွေ
မဂေါက်သီးတွေ ဝယ်ပြီးစားကြည့်လိုက်ပါ
စွဲသွားစေရမယ်
ချင်းပြည်နယ်ရဲ့ တောင်ဇလပ်ဝိုင်တွေ
မက်မန်းဝိုင်တွေဝယ်ချင်ကြလား?
ဒါပတော့ လွယ်လွယ်နဲ့သီးသန့်ဝယ်လို့ရတဲ့နေရာတော့မရှိပါဘူး
မေးပြီးတော့ ရှာဝယ်ရပါလိမ့်မည်
ချင်းပြည်နယ်ရောက်တုန်း ချင်းဝတ်စုံဝယ်သွားချင်တယ်ဆိုရင်
စျေးနှုန်းသက်သာတဲ့ဆိုင်လေးလမ်းညွှန်ပေးပါ့မယ်
အဲသည့်ဆိုင်က စိုက်ပျိုးရေးရုံးရှေ့က ဆိုင်ပဲဖြစ်ပါတယ်
ခေါင်ရည်သောက်ရတာအားမရသေးဘူးဆိုရင်
မြို့မ စားသောက်ဆိုင်ရဲ့ အနောက်ဘက် သုံးအိမ်မြောက် အောက်ထပ်တွင် သောက်နိုင်ပါသေးတယ်
မင်းတပ်မြို့တွင် ဘယ်မှာတဲခိုမလဲ ?
လမ်းဘေးတွင်တဲခိုခန်း များစွာရှိပါတယ်
Hotel တွင်တဲခိုမည်ဆိုပါက
Hotel Mindat ရယ်
မင်းတပ်မြို့အဝင်ဂေါက်ကွင်းတွင်လဲ
ဟိုတယ်အသစ်ဆောက်လုပ်နေပါသေးတယ်
မင်းတပ်မြို့တွင် လေ့လာလို့ပြီးပြီ ဆိုရင်
ပခုက္ကူဘက်အတိုင်းပြန်နိုင်ပါပြီ
ကားတွေက မင်းတပ်ကနေ
၁၂ နာရီနောက်ဆုံးအထိရှိပါတယ်
ထိုနေရာကိုသွားရသည်မှာ
လမ်းပန်းဆက်သွယ်ရေးအရမ်းကြီး ကောင်းသောနေရာမဟုတ်ဘဲ တဆင့်ခံကားများဖြင့်သွားလာရသည့်အတွက် ရှားပါးဒေသဖြစ်သည့်အတွက်
ကုန်ကျစရိတ်တော့ အနည်းငယ်များပါလိမ့်မည်
တစ်ယောက်ထဲသွားဖို့အတွက် အဆင်မပြေလှသောနေရာတစ်ခုပါ
အနည်းဆုံး၅ ယောက်လောက်သွားသင့်ပါသည်
အဓိကသွားလာစရိတ်ပိုကုန်ကျနိုင်လို့ပါ
အဖွဲ့လိုက်ဆို သွားလို့ပိုကောင်းသည့်နေရာမို့လို့ပါ
လူငယ်တွေကို ကျောင်းသား/သူတွေကို အကြံတစ်ခုပေးချင်ပါတယ်
ဘယ်အရီးသွားနဲ့မှ သိပ်မသွားပဲ
ဘော်ဒါတွေအစုလိုက်ဖွဲ့ပြီးသွားကြပါ
တဲခိုခန်းမှာတဲမည်ဆိုလျှင် တစ်ယောက်ကို
၁၀၀၀၀၀ ထက်ပိုမကုန်ပဲနဲ့သွားနိုင်ပါတယ်
ကိုယ့်ဟာနဲ့ကိုယ်အဲလိုသွားရာမှာ
စိတ်ကသိကအောင့်နဲ့ စိတ်ညစ်မိတာလေးတွေ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ဒါမဲ့ အဲတာကိုခေါင်းထဲမထည့်ပါနဲ့
နိုင်ငံခြားသားအဖြူကောင်တွေကိုကြည့်လိုက်ပါ
သူတို့ဆို ကိုယ်နိုင်ငံမဟုတ်ဘဲနဲ့တောင်
သွားလာနေကြသေးတာပဲ ကိုယ်ကကိုယ့်နိုင်ငံထဲကိုသွားတာ ဘာလို့ အဆင်မပြေစရာရှိလဲ
ပါးစပ်ပါရွာရောက်တယ်ဆိုတဲ့ဆိုးရိုးစကားလဲရှိသေးတာပဲ
အဲလိုလေးသွားကြည့်ပါ ကိုယ်ကိုကိုယ်
ယုံကြည်မှုတွေတိုးလာလိမ့်မယ်
အတွေ့အကြုံတွေလဲအများကြီးရလာလိမ့်မယ်
သူတပါးအားကိုချင်တဲ့စိတ် အပျင်းထူတဲ့စိတ်တွေ
ပျောက်လာလိမ့်မယ်
ဘာတွေယူသွားသင့်လဲ
အနွေးထည်
အနွေးဦးထုပ်
စစ်ဖိနပ်
လက်အိပ်
ဓာတ်ပုံရိုက်ဖို့ Camera ယူသွားကြမည်ဆိုပါက
ရေငွေ့ရိုက်ပြီးပျက်စီးတတ်တာမို့လို့ အထူးသတိထားဖို့လိုပါတယ် လို့သတိပေးပါရစေ
Power Bank
သွားမည့်သူတွေအတွက်
ဒီအတိုင်းလေးသွားရင်သွားကြည့်ကြ
(အချိန်တိုတိုသွားချင်သောသူတွေအတွက်)
Day -ရန်ကုန်မှညထွက်
Day -2 > around 10 A.M reach Kanpatlet
ချင်းရိုးရာ နှာခေါင်းပလွေမှုတ်နဲ့ ချင်းအသုံးအဆောင်ပစ္စည်းတွေကြည့် )
ချင်းရိုးရာ အစားအသောက်နေ့လည်စာစား
11:30 to 1:00
(ပြီးရင် ချင်းရွာလေးကိုသွား/ မသွားရင်လဲရ)
6:00 Hotel ပြန်ရောက် )
Day-3 တောင်ပေါ်တက်
၁:၀၀ Hotel ရောက် နေ့လည်စာစား
ချောက်ကို ညကားအမှီပြန်
အေးဆေးသွားချင်သူအတွက်
Day-1
6:00 A.M ရန်ကုန်ကထွက်
5:00-6:00 P.M Hotel ကိုရောက် > ညအိပ်
Day-2
6:00 A.M hotel မှထွက်
7:30 တောင်ထိပ်ရောက်
11:00 တောင်ပေါ်ကဆင်း
1:00 ဝန်းကျင်မြို့ပေါ်ပြန်ရောက်
2:30 ထိနေ့လည်စာစား
3:15 ထိ နှာခေါင်းပလွေမှုတ်ကြည့်
(ချင်းရွာလေးတွေသွားအုံးမယ်ဆိုရင်
တစ်နာရီလောက် တောင်ပေါ်ကနေ စောဆင်းနိုင်)
ချင်းရိုးရာအထည်တွေဝယ်ရင်း မြို့ထဲကိုပတ်ကြ
Hotel ပြန် ရေပူလေးနဲ့ရေချိုး
ညစာစားရင်စား
မစားသေးရင် မီးပုံပွဲလေးရှေ့မှာ ခေါင်ရည်သောက်ရင်း ချင်းရိုးရာအကကြည့်ရင်း သီချင်းဆိုကြ အိပ်စက်
Day-3
8:00 လောက်ပြန်
ည7:00 လောက် ရန်ကုန်ပြန်ရောက်
သိချင်တာလေးရှိရင်မေးနိုင်ပါသေးတယ်လို့
သိသလောက်ဖြေပေးပါ့မည် !
☃️🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔☃️