08/02/2019
ဆောင်းရာသီကုန်ပြီး နွေရာသီကူးပြောင်းခါစ သားသားမီးမီးလေးတွေလည်း စာမေးပွဲတွေဖြေပြီးလို့ မိသားစု (သို့မဟုတ်) သူငယ်ချင်း မိတ်ဆွေများဖြင့်ပျော်ရွှင်စွာ ခရီးသွားလာချင်ရင်တော့ ဟိုတုန်းက လူကြီးသူမတွေခေါ်တွင်ခဲ့တဲ့ ဓညဝတီမြို့ဟောင်းလို့ နာမည်တွင်လူသိများကာ တစ်ခေတ်တစ်ခါက ကျော်ကြားကာ သမိုင်းမှာနာမည်ထင်ကျန်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို သတိရလိုက်ပါ @@@@@@
ရခိုင်ပြည်နယ် မှာ ပြည်တွင်းစစ်တွေဖြစ်နေတာ မငြိမ်းမချမ်း ဘာဖြစ်မယ် ညာဖြစ်မယ်လို့ လူကြီးမင်းများတွေးစရာပါ သိုပေမယ့် စစ်တိုက်တယ် တိုက်ပွဲဖြစ်တယ်ဆိုတာ မြို့ထဲမှာဖြစ်နေတာ မဟုတ်သလို ကားလမ်းပေါ်တက်ပြီး တိုက်ပွဲဖြစ်တာလည်း မဟုတ်ပါဘူး ဆိုတာကို ကျွန်တော်တို့ မြောက်ဦးမြို့ ကို ယခုလက်ရှိလာရောက်လည်ပတ်နေတဲ့ foreigners များ နဲ့ ပြည်တွင်းခရီးသွားတွေ ပဲသိပါလိမ့်မယ်@@@@@
လူကြီးမင်းတို့ ကားလမ်း နဲ့သော်လည်းကောင်း လေယာဉ်နဲ့သော်လည်းကောင်း လာရောက်လို့ရပါတယ် # # # လေယာဉ်နဲ့လာမယ်ဆိုရင်
စစ်တွေကိုအရင်လေယာဉ်စီးရပါမယ် အစောဆုံး လေယာဉ်နဲ့ရောက်ရင်တော့ စစ်တွေကနေ မြောက်ဦးကိုလာမယ့် Mini-Van လေးတွေနဲ့ တစ်ဦးလျှင် ၅၀၀၀ ကျပ်ပေးရကာ အချိန် ၄ နာရီခရီးကြာပါမယ် # # #နောက်တစ်နည်းက မြိတ်-ထားဝယ်ဘက်မှာသွားလာနေတဲ့ မေခ- မလိခ အမြန်ယာဉ်လို စစ်တွေ- မြောက်ဦးရဲ့ ၃ နာရီ ခရီးစဉ်ကိုလည်း နေ့လည် ၂ နာရီမှာ ၅၂၀၀ ကျပ်နဲ့ လတ်မှတ်ဖြတ်ကာ စီးသွားလို့ရနိုင်ပါတယ်@@@@@
လေယာဉ်နောက်ကျမယ် ဆိုရင်တော့ လူကြီးမင်းတို့ခရီးစဉ် ချောမွေ့စွာ အဆင်ပြေအောင် Private car ငှါးစီးရပါလိမ့်မယ်@@@@@ ရန်ကုန်- မန္တလေး / စစ်တွေ Express Bus စီးလာမယ်ဆိုရင်တော့ ကားခက ၃၀၀၀၀ ကျပ်ပဲကုန်ကျပါမယ် အချိန်ကတော့ ၂၄ နာရီ ခရီးကြာပါမယ် အဲဒီကားဟာ မြောက်ဦးကိုဖြတ်ပြီးကာမှ စစ်တွေကိုရောက်တာမို့ မြောက်ဦးဟာ ကြားမြို့ဆိုတာ ကြိုအသိပေးထားပါရစေ &&&&&
မြောက်ဦးမြို့ဟာ အရမ်းကိုရှေးဆန်ကာ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်ဆစ်လက်ရာတွေနဲ့ပြည့်နှက်နေတဲ့ ဘုရားပုထိုးတွေ ၅၅၀ နိပါတ်တော်ရဲ့ ရုပ်လုံးရုပ်ကြွတွေ ရခိုင်တွေရဲ့ ကကွက်ကဟန် အမျိုးသမီးတွေရဲ့ ဆံထုံးထုံးဖွဲ့ပုံတွေ အောက်လက်ငယ်သား သူဆင်းရဲကနေ မြင့်မြတ်လှတဲ့ ဘုရင်ထိ ခေါင်းပေါင်းပုံတွေ-----=== စသည်များကို ထူးဆန်းများပြားလှစွာတွေ့မြင်ရမည့်အပြင် ရခိုင်ပြည်လာပြီး ရခိုင်မုန့်တီစစ်စစ်နှင့် ဒေသထွက်မုန့်ပဲသရေစာများစွာ ကိုလည်းသုံးဆောင်နိုင်ပါတယ်@@@ ဒါ့အပြင် မြောက်ဦးမြို့ရဲ့ နေဝင်ဆည်းဆာအလှကိုလည်း ရင်သပ်ရှူမောဖွယ် ခံစားနိုင်ပါလိမ့်မယ်@@@@@
နောက်ထပ်လည်စရာအဖြစ် ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ လေးသူလို့ခေါ်ဝေါ်ကြတဲ့ လေးမြို့မြစ်အထက်ပိုင်းမြစ်ကြောတစ်လျှောက်မှာ နေထိုင်ကြတဲ့ ပရဲထိုးထားသော ချင်းအမျိုးသမီး အဘွားကြီးတွေနေတဲ့ရွာတွေကို သွားလည်ကာ သူတို့ရဲ့ရိုးရာ ဂျက်ခုတ်ကိုလေ့လာရင်း ချင်းခေါင်ရည်ကိုလည်း မြည်းစမ်းလို့ရပါတယ်@@@@@
မြောက်ဦးမှာဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်ဆစ်လုပ်ငန်းတွေကိုသွားလေ့လာလို့ရသလို အရမ်းနာမည်ကြီးတဲ့ ကြေးသွန်းလုပ်ငန်းကိုလည်း သွားလေ့လာလို့ရနိုင်ပါတယ် ခင်ဗျာ @@@@@@@@
လူကြီးမင်းတို့ ၃ ညအိပ် ၄ ရက်ခရီးတိုလေးကိုအသုံးပြုကာ ဓညဝတီ(ခေါ်) မြောက်ဦးမြို့ကို အလည်လာချင်ရင်တော့ ကျွန်တော်တို့ရဲ့ page မှသော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်သလို ဖုန်းဖြင့်တဖန် ဆက်သွယ်နိုင်ပါကြောင်း သတင်းပါးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းဆုတောင်းလိုက်ပါရစေ@@@@@ # # # # # # #%%%%%%*********@@@@@@