Myeik Region Traveller Service Agency

Myeik Region Traveller Service Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myeik Region Traveller Service Agency, Travel Company, Myeik.

28/08/2022

တော်လှန်ရေး

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞____________________လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်...
23/01/2022

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞
____________________

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်ဆစ်အုပ်စုဟာ လက်နက်ရှိရုံ၊ အားကြီးရုံနဲ့ ဒီတိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်လို့ရမယ်လို့ ထင်ခဲ့ပုံပေါ်တယ်။ သူတို့ မှန်းချက်နဲ့ နှမ်းထွက် အလွဲကြီး လွဲခဲ့လေပြီ။ တစ်နှစ်သာ ကြာသွားတယ်၊ ဖက်ဆစ်တွေ ကျနော်တို့ပြည်သူကို လုံးဝ အုပ်ချုပ်ခွင့် မရခဲ့ဘူး။

အခု (၂၀၂၂) ခုနှစ်ကတော့ ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကြီး ဖြစ်ရမယ့်နှစ်၊ မှတ်တိုင်သစ် စိုက်ထူမယ့်နှစ်လို့ အားလုံးက ယုံကြည်၊ အားခဲထားကြပါတယ်။ ဒဲ့ပြောရရင် ဒီနှစ်ဟာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်ရမယ့်နှစ်၊ ပြည်သူက အုပ်ချုပ်တော့မယ့်နှစ်ဆိုတဲ့ ယုံကြည်စိတ်၊ တိုက်ပွဲဝင်စိတ်၊ အောင်စိတ် ကျနော်တို့မှာ အပြည့်ရှိနေပါတယ်။

ဒီအာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက်ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ ဖြစ်တာမို့ ကမ္ဘာ့အသိုင်းအဝိုင်းက အဲ့နေ့မှာ ကျနော်တို့ ပြည်သူတွေ ဘာလုပ်ကြမလဲ၊ သွေးအေးနေကြပြီလား၊ စစ်အုပ်စုလက်အောက်မှာ အသားကျနေကြပြီလား စတာတွေကို ပိုလို့ စိတ်ဝင်စား၊ သိချင်ကြပါလိမ့်မယ်။

ဒါ့ကြောင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ (၁ ဖေဖော်ဝါရီ ၂၀၂၂) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အောက်ပါ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆင်နွှဲကြဖို့ အထူးတိုက်တွန်း နှိုးဆော်အပ်ပါတယ်ခင်ဗျား-

❐ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)

ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံးအသံဟာ တိတ်ဆိတ်ငြိမ်သက်ခြင်းအသံလို့ ဆိုရိုးရှိပါတယ်။ အဲ့စကားနဲ့အညီပဲ ကျနော်တို့ပြည်သူတွေက ဖက်ဆစ်အာဏာရူးတွေကို မောင်းထုတ်လိုက်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တကမ္ဘာလုံးကြားအောင် ဟစ်အော်၊ ဖော်ထုတ်ခဲ့ကြဖူးပါတယ်။ ကမ္ဘာမှာ ရှာမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် ဆင်နွှဲနိုင်တဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ တိတ်ဆိတ်ငြိမ်သက်တယ်၊ အသံတိတ်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ တနိုင်ငံလုံး တညီတညွတ်တည်း ပါဝင်ဆင်နွှဲတဲ့ "အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး" အဖြစ် ပုံဖော်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို မထွက်ကြဘဲ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြမယ်။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ကောင်းမှုကုသိုလ်ပြုကြမယ်၊ အမျှဝေ မေတ္တာပို့သကြမယ်ဗျာ။ နောက်ပြီး အိမ်ထဲမှာနေရင်း တော်လှန်ရေးအတွက်၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ။

❐ လက်ခုပ်တီးသပိတ် (အသံထွက်သပိတ်)

တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားတဲ့အချိန် (ညနေ ၄ နာရီ တိတိ) မှာ တနိုင်ငံလုံးက ကျနော်တို့ ပြည်သူအားလုံးရဲ့ တခဲနက် လက်ခုပ်သံကြီးဟာ ဟိန်းထွက်လာမှာ ဖြစ်ပါတယ်။ ဖက်ဆစ်ဝါဒီတွေ ထိတ်လန့်တုန်လှုပ်သွားမယ့် ပြည်သူ့လက်ခုပ်သံကြီး ဘဝဂ်ညံအောင် ထွက်လာပြီးနောက် တဆက်တည်းမှာလည်း ဟွန်းတီးသပိတ်၊ သံပုံးတီးသပိတ်စတာတွေကို ဆက်လက်ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

ဒီအသံထွက်သပိတ်ကတော့ အကြမ်းဖက် ဖက်ဆစ်တွေအတွက် မရဏမောင်းသံဖြစ်ပြီး ကျနော်တို့ ပြည်သူတွေအတွက် အောင်ပွဲအကြို သုတိသြဘာ မင်္ဂလာနမိတ်သံပဲ ဖြစ်ပါတယ်။

▬▬▬

အာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်မှာ ကျနော်တို့ ပြည်သူလူထုကို အထူးအလေးအနက် တိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့ဟာ (၂၀၂၂) ခုမှာ ကျနော်တို့ မျှော်ရည်တဲ့ အောင်ပွဲကို ရရှိဖို့အတွက် ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး။ ကျနော်တို့ "ပြည်တော်ဝင်ဖို့ ရုန်းကြရပါလိမ့်မယ်၊ ကြုံးကြရပါလိမ့်မယ်"။ ဘာမှ မရင်းဘဲ ဘာမှ မရနိုင်ပါ။ ပြိုင်တူတွန်းရင် အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ကျနော်တို့အားလုံး ဆင်နွှဲကြပါစို့။







#အသံတိတ်သပိတ်

#အသံထွက်သပိတ်

#ပြည်တော်ဝင်ဖို့_ရုန်းကြစို့

#အဆုံးသတ်တိုက်ပွဲ_ဒို့ဆင်နွှဲ

#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်

၂၃ ဇန်နဝါရီ ၂၀၂၂

အိမ် ထဲ မှာ နေ နေ သူ တ ချို့ က" ဒါ ကြီး က ဘယ် တော့ ပြီး မှာ လဲ " တယ့် ...တ ချို့ က Cheers လုပ် ရင်း " အ ရင် လို ပြန် နေ ...
23/12/2021

အိမ် ထဲ မှာ နေ နေ သူ တ ချို့ က
" ဒါ ကြီး က ဘယ် တော့ ပြီး မှာ လဲ " တယ့် ...

တ ချို့ က Cheers
လုပ် ရင်း
" အ ရင် လို ပြန် နေ ချင် နေ ပါ ပြီ " တယ့် ...

"တော ထဲ က လူ ငယ် လေး တွေ သ နား စ ရာ ကောင်း လိုက် တာ "
ဆို ပြီး
စုတ် တ သတ် သတ် နဲ့ ပြော နေ ကြ တာ
ကမ်း ခြေ မှာ နေ ဝင် ချိန် ကြည့် ရင်း ...

က လော မေ မြို့ ဖက် ရောက် နေ သူ တ ချို့
Hoodie လေး ကိုယ် စီ နဲ့ ဓာတ် ဖမ်း ရင်း
"ဒီ ချိန် ဆို စစ် ဘေး ရှောင် တွေ
ချမ်း နေ မှာ ပဲ နော် "
တယ့် ...

ကောင်း ကင် က
ဒီ ကောင်း ကင် ပဲ
မြေ ပြင် လည်း
ဒီ မြေ ပြင် ပါ ပဲ
ဒါ ပေ မယ့် .....
ဘာလို့ များ
ရှူ ရှိုက် မိ တဲ့ လေ
တွေ က
အ ရောင် တွေ ကွဲ နေ ရ တာ လဲ ...

mission တခုလုပ်တိုင်း အသက်တချောင်းပြန်ပေးဆပ်နေတဲ့ ရန်ကုန်မြေပါလား😓'လုပ်စရာရှိတာလုပ်ပီး မတတ်သာတဲ့အဆုံး ကိုယ်သွားရရင်တောင်...
23/12/2021

mission တခုလုပ်တိုင်း အသက်တချောင်းပြန်ပေးဆပ်နေတဲ့ ရန်ကုန်မြေပါလား😓
'လုပ်စရာရှိတာလုပ်ပီး မတတ်သာတဲ့အဆုံး
ကိုယ်သွားရရင်တောင် ခွေးတွေရသလောက်တော့ တူတူခေါ်သွားရမှာပဲ' ဆိုတဲ့ အတွေးက မြို့ပြ Urban တိုင်းမှာ ရှိကြတယ်
တခါတလေလဲ မတန်သလိုတောင်ခံစားရတယ်😓
မြို့ပြမှာနေတာမို့ စားဝတ်နေရေးအတွက် ရုန်းကန်ရမှာမို့
ဘာမှမလုပ်နိုင်ကြရင်တောင်မှပဲ နေ့တိုင်းကို
ရယ်
ရယ်
ရယ်
အဲ၃ခုတော့ အသက်ပေးသွားတဲ့ အာဇာနည်တွေ
ထောင်ထဲက သူရဲကောင်းတွေ
တောထဲက သူရဲကောင်း​တွေ
​စစ်​ဘေးရှောင်နေရတဲ့ တောင်ပေါ်က တိုင်းရင်းသားမောင်နှမတွေအတွက် တတ်နိုင်သလောက် ကြိုးစားပေးစေချင်မိတယ်😓😓
တဦးတည်းပဲဆိုင်တဲ့ တလရမဟုတ်ပဲ အများနဲ့ဆိုင်တဲ့အရာမို့ အနူးအညွတ်အကူအညီတောင်းခံနေရတာပါ🙏

09/12/2021
Hello November 🍁🙋‍♂️ပျော်ရွှင်ခြင်း၊ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါ။🎉🎊
01/11/2021

Hello November 🍁🙋‍♂️
ပျော်ရွှင်ခြင်း၊ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါ။🎉🎊

ထန်တလန် ပြည်သူများ အသက်ဘေးရန် ကင်းပါစေ 🙏…
30/10/2021

ထန်တလန် ပြည်သူများ အသက်ဘေးရန် ကင်းပါစေ 🙏…

Please saveWe are one blood
30/10/2021

Please save

We are one blood

ကျဆုံးသူတို့အတွက်ဖမ်းဆီးခံရသူတို့အတွက်…ကျတော်တို့တယောက်စီတိုင်းတော်လှန်စိတ်နဲ့နိူးထကြမယ်။ ဒီမြေဒီရေမှာလည်းအာဏာရှင်ကျဆုံး...
24/10/2021

ကျဆုံးသူတို့အတွက်
ဖမ်းဆီးခံရသူတို့အတွက်…

ကျတော်တို့တယောက်စီတိုင်း
တော်လှန်စိတ်နဲ့နိူးထကြမယ်။

ဒီမြေဒီရေမှာလည်း
အာဏာရှင်ကျဆုံးရေးအတွက်
ဒို့လက်တွေမြဲမြဲဆုပ်လို့
ခရီးဆက်ကြမယ်။

ကမ္ဘာကြီးကမျက်ကွယ်ပြုတော့
သွေးပျက်တစ္ဆေလာမခြောက်နဲ့
မတုန်မလှုပ်သွေးကြွေးဆပ်မှာ
အသေချာမို့….

သွေးကြွေးမှာဆွေးနွေးစရာမရှိဘူး…..!

စစ်အာဏာရှင်ကျဆုံးရမည်။

အရေးတော်ပုံအောင်ရမည်။

နောက်ဆုံး သတိပေးချက်ထုတ်ပြန်ပါ NUGNUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နွေဦးတော်လှန်ရေးကို သုံးလအပြတ် ခြောက်လနဲ့အပြီ...
21/10/2021

နောက်ဆုံး သတိပေးချက်ထုတ်ပြန်ပါ NUG

NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နွေဦးတော်လှန်ရေးကို သုံးလအပြတ် ခြောက်လနဲ့အပြီးအဆုံးသတ်ဖို့ ကြွေးကြော်ထားပြီးပြီ

ယာယီသမ္မတကြီး ဒူဝါလရှိလကလည်း တပ်မတော်သားတွေ တိုင်းပြည်နှင့်လူမျိုးအပေါ်အမှန်တကယ်သစ္စာစောင့်သိတယ်ဆိုရင် ပြည်သူ့ဘက်ကို ကူးပြောင်းခိုလုံဖို့ အသေအချာတိုက်တွန်းပြီးပြီ

သေချာတာတစ်ခုကတော့ နှစ်ပေါင်းများစွာ စနစ်တကျ အခြေခိုင်လာတဲ့ စကစလိုစစ်တပ်ကို သုံးလအတွင်း အဆုံးသတ်ပြမယ်လို့ ကြွေးကြော် ကြေငြာနိုင်တယ်ဆိုတာ သာမှန်အာမခံပေးလို့ရတာမျိုးမဟုတ်ဘူး

NUG တိုင်းရင်းသားပြည်ထောင်စု ပြည်သူ့ကိုယ်စားပြု ပြည်သူ့အစိုးရမှာ အလွန်ခိုင်မှာတဲ့ အစီအစဥ်ရှိထားပြီးသလို့ ပြည့်စုံလုံလောက်တဲ့ အထောက်ကူပစ္စည်းတွေလည်း ကြိမ်းသေရရှိပြီးလို့ ခုလို Date တပ်ပြီး ကြွေးကြော်ကြေငြာရဲတာ ဘာမှသံသယဝင်စရာမရှိဘူး

ပြီးတော့ NUG ပြည်သူ့ကိုယ်စားပြု ပြည်သူ့အစိုးရဟာ အရံအင်အားအဖြစ် သို့မဟုတ် အရေးပေါ် ရံပုံငွေလို့ သတ်မှတ်လို့ရတဲ့ နွေဦးထီ လုပ်ငန်းနဲ့ ငွေတိုက်စာချုပ် ရောင်းဝယ်တဲ့ လုပ်ငန်းပါ တော်လှန်ရေးပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက်ပါ ရည်ရွယ်ပြီး စနစ်တကျလုပ်လာတာတွေ့ရတယ်

ဒီနေရာမှာ အထူးအလေးထားပြောချင်တာက NUG ပြည်သူ့ကိုယ်စားပြု ပြည်သူ့အစိုးရဟာ ပြည်သူသာအဓိကဦးထိပ်ပန်ဆင်ပြီး မူဝါဒကျင့်သုံးသူပီပီ အရာရာ ပြည်သူ့သဘောအတိုင်း တသွေမတိမ်းလုပ်ဆောင်နေတာတွေ့ရတယ်

ပိုပြီးလေးစားချီးကျူးရမှာကလည်း ပြည်သူတိုင်းရင်းသားတွေပါပဲ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ပြည်သူတွေဟာ စကစအကြမ်းဖက် ပြည်သူ့သတ်ဖြတ် စစ်မိစ္ဆာအဖွဲ့ကို တော်လှန်သုတ်သင်ရာမှာ ကိုယ်တိုင်အသိစိတ်မြှင့်မားစွာ ခံယူချက်ပြင်းပြင်းနဲ့ NUG ပြည်သူ့ကိုယ်စားပြု ပြည်သူ့အစိုးရနဲ့ Market သဘောတရားရော ပရဟိတအသွင်နဲ့ပါ အားတက်သရော လက်တွဲပူးပေါင်းနေတာ တွေ့ရတာပါပဲ

နောက်ပြီးတော့ လက်ရှိနွေဦးတော်လှန်ရေး စကစ အကြမ်းဖက် ပြည်သူတိုင်းရင်းသား သတ်ဖြတ် စစ်မိစ္ဆာအဖွဲ့ကို သုတ်သင်နေကြတဲ့ NUG`s PDF တွေရော EAOs တွေရော Local PDF တွေရောမှာ လူအင်အားက နှစ်သန်းကျော်အထိဖြစ်လာသလို လက်နက် ခဲယမ်းကလည်း အလတ်စားအဆင့် ၆၀% လောက်အထိ ပြည့်စုံလာတာတွေ့ရတယ်

အနီးကပ် အချိုးကျ စစ်ပွဲအတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ စကစ အကြမ်းဖက် ပြည်သူ့သတ်ဖြတ် စစ်မိစ္ဆာတပ်သားတွေကို အချိန်ခနလေးအတွင်း တိုက်နိုင်နေပြီဆိုတဲ့သဘောကိုပြနေတာဖြစ်ပါတယ်

စစ်ရေးဗျူဟာမှာလည်း ပြည်သူ့အကူအညီ 90% လောက်အထိရနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အထိအခိုက်အလွန်နည်းစွာ အသာရနေတာ တိုက်ပွဲတိုင်းက သက်သေခံနေပြန်ပါတယ်

ရှု့ထောင့်မျိုးစုံက တွက်ရရင် ပြည်သူ့ကာကွယ်ရေးတပ် EAOs တွေအားလုံးအပါအဝင် စကစ အကြမ်းဖက် ပြည်သူ့သတ်ဖြတ် စစ်မိစ္ဆာတပ်ဖွဲ့ကို 100% နိုင်နေပြီလို့ပြောလို့ရနေပါပြီ

ဒါဆိုရင် ဘာလို့မတိုက်သေးတာလည်းလို့ စောတကတက်စရာ ရှိလာမယ်

မတိုက်သေးတာမဟုတ်ပါဘူး ကိုယ်တိုက်ရမည့်ရန်သူက ကိုယ့်နိုင်ငံသားတွေ ကိုယ့်နိုင်ငံသားရဲတပ်သားတွေရဲ့နောက်မှာ မိသားစုတွေ ရှိနေလို့ဘဲ

ဒီကိစ္စဟာ လက်တစ်ဆုပ်စာ အာဏာရူးတွေကို ရှင်းထုတ်လိုက်ရင် ဘာစစ်ပွဲမှအကြီးအကျယ်မဖြစ်ရပါဘဲ ကိစ္စပြတ်မည့် အရေးတော်ပုံပါ

သိတော်မူကြတဲ့အတိုင်းဘဲလေ စစ်အာဏာရှင်ဆိုတာ သူတို့အာဏာတည်မြဲရေးကို ရာထူး ငွေကြေးလာဒ်လာဘ ဝါဒမှိုင်း ဒီသုံးမျိုးနဲ့ အမြဲတည်ဆောက်ထားလို့ အသိဉာဏ်တိမ်တဲ့သူတွေ ဝါဒမှိုင်းတွေအောက် သွက်သွင်းလွှမ်းမိုးခံထားရသူတွေ ဆုပေးဒဏ်ပေးဟန်ဆောင် ရာထူးရောင်ဝယ်တဲ့ ကိစ္စတွေကြောင့် လမ်းကြောင်းလွဲ အာဏာရှင်တွေရဲ့ မာယာလှည့်ကွက် နွံတွေထဲ နှာခေါင်းပေါ်ယုံလောက်အထိ နစ်နေတဲ့သူတွေအများကြီး

အဲလူတွေကို နွံထဲက ဆွဲနုတ်နေရလို့ (တချို့ ခြေသလုံးတစ်ဝက်လောက်နှစ်နေတဲ့သူတွေလောက်ကတော့ ပြည်သူ့ဘက်ရောက်ကုန်ပါပြီ ) အာဏာရူးတွေလှည့်ကွက်ဝါဒမှိုင်းတွေအောက် အကြောင်းအရင်း ဘာမှကောင်းကောင်းမသိ အသေခံကာကွယ်နေပေးနေကြတဲ့သူတွေကို လမ်းမှန်ရောက်အောင် အချိန်ယူနေရလို့ ပြင်းထန်တဲ့ ထိုးစစ်မဆင်နွဲသေးတာပေါ့ဗျာ

ခုတော့ NUG ပြည်သူ့ကိုယ်စားပြု ပြည်သူ့အစိုးရကိုယ်တိုင် တရားဝင် Date တပ်ပြီး Limited လုပ်ပြီး Declaration လုပ်လိုက်ပြီဆိုတော့

NUG အနေနဲ့ နောက်ဆုံး လုပ်စရာ တစ်ခုဘဲကျန်တော့တယ် စကစ အကြမ်းဖက် ပြည်သူ့သတ်ဖြတ် စစ်မိစ္ဆာတွေရဲ့ ဝါဒမှိုင်းအောက် (အစွန်းရောက်တွေကလွဲလို့) ရောက်နေတဲ့ တပ်သားတွေကို အတိအကျ Date ပေးပြီး သတိပေးဝါနိမ်ပေးပြီး နောက်ဆုံးအနေနဲ့ ပူးပေါင်းဖို့ ယတိပြတ်ကြေငြာဖို့ လိုပါပြီ (တိုက်ပွဲအတွင်း လက်နက်ချတာက တစ်မျိုးစီစဥ်ရပါလိမ့်မယ်)

ဒီကြေငြာချက်ဟာ နိုင်ငံတကာ စံနှုန်းနဲ့လည်း အညီဖြစ်သလို စစ်ဥပဒေ စံနှုန်းတွေနဲ့လည်း အညီပါပဲ ပြီးတော့ ပြည်သူ့သဘောထားနှင်းလည်း ထပ်တူကြစေတဲ့ ကြေငြာသတိပေးမှုမျိုးပါ

ကဲဗျာ သုံးလအတွင်း အပြတ်တိုက်ဖို့ ကြေငြာထားတဲ့ NUG လုပ်စရာရှိတာ အပြတ်သာလုပ်တော့လို့ ထောက်ခံတိုက်တွန်းပါရစေ

အရေးတော်ပုံ အပြီးသတ်အောင်တော့မည်

ပွဲစဖို့ အရမ်းကိုနီးကပ်လာပြီဖြစ်တဲ့ အခြေအနေကြောင့် အားလုံးကြိုတင်ပြင်ဆင်ထားပြီးကြပြီလို့ ထင်ပါတယ်…ဒါပေမယ့် မြင်တွေ့နေရတာ...
21/10/2021

ပွဲစဖို့ အရမ်းကိုနီးကပ်လာပြီဖြစ်တဲ့ အခြေအနေကြောင့် အားလုံးကြိုတင်ပြင်ဆင်ထားပြီးကြပြီလို့ ထင်ပါတယ်…

ဒါပေမယ့် မြင်တွေ့နေရတာတွေက တချို့လူတွေ တိုင်းပြည်အခြေအနေက နေ့လား ညလားမသိနိုင်တဲ့အခြေအနေမှာ ဘုရားဖူးထွက်ကြတဲ့သူနဲ့ ကျောင်းပြေးအပ်ကြတဲ့သူနဲ့ …အသိဥာဏ်က မွေးကတည်းကပါမလာတာလား…တွေးခေါ်စဉ်းစားနိုင်မှုဥာဏ်တိမ်နေတာလားတော့မသိဘူးခင်ဗျ…ဒါမှမဟုတ် တကယ်မဖြစ်လာပါဘူးကွာလို့ထင်နေတာလား…

ကျွန်တော်တို့အားလုံး ဒီပွဲကို မဖြစ်မနေရင်ဆိုင်ကျော်ဖြတ်ရတော့မှာပါ…
ဒီတိုင်းပြည်ထဲမှာ နေထိုင်နေသူမည်သူမဆို မည်သည့်နေရာမျိုးမဆို ရှောင်လွှဲလို့မရပါဘူး…
ဒါလေးတော့ သတိပြုစေချင်ပါတယ်…

ကျွန်တော်တို့ရဲ့ NUG ဟာ

(၁) လိုအပ်တဲ့ဘဏ္ဍာငွေတွေလဲရှိနေပြီ…

(၂)အဲဒီဘဏ္ဍာငွေတွေစီးဆင်းဖို့အတွက်လဲ ချက်သမ္မတနိုင်ငံက ဘဏ်အကောင့်ဖွင့်ပေးခဲ့ပြီးပြီ…

(၃)ပြည်တွင်းပြည်ပက စစ်သင်တန်းတွေလဲ အတော်များများဆင်းပြီးကုန်ကြပြီ…

(၄)ကုလသမဂ္ဂကလဲ NUG သာ တရားဝင်အစိုးရဖြစ်ကြောင်း ဦးကျော်မိုးထွန်းကိုရွေးချယ်ပြသခဲ့ပြီးပြီ…

(၅)အာဆီယံကလဲ မအလကို ပယ်လိုက်ပြီ…

(၆)မအလရဲ့တပ်ကလဲ ကစဉ့်ကလျားနဲ့ ဆောက်တည်ရာမရဖြစ်နေပြီ…

ဒါဆို NUG က ပွဲကိုဘာလို့မစေသးတာပါလဲ…
အကြောင်းအရင်းက မိုးမကုန် ဝါမကျွတ်သေးလို့ပါ…
ပြည်မတွေမှာ မိုးနည်းပေမယ့် တောင်ပေါ်ဒေသတွေမှာ မိုးကမကုန်သေးပါဘူး…မိုးထဲရေထဲမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် နေစရာ စားစရာအဆင်မပြေနိုင်ပါဘူး ဒါကတစ်ချက်…

နောက်တစ်ချက်က ရဟန်းသံဃာတွေဟာ ဝါတွင်းကာလမှာ မိမိရောက်ရာအရပ်ဒေသမှာသာ ဝါဆိုနေကြရတာဖြစ်ပါတယ်…စစ်ဖြစ်ရင် ရဟန်းသံဃာတွေအတွက် စစ်ရှောင်ဖို့ဝါတွင်းကာလမှာ အဆင်မပြေအခက်အခဲရှိနေတာကတစ်ချက်ပါ…

အခုတော့ ဝါကျွတ်ရန် (၂) ရက်သာလိုပါတော့တယ်ခင်ဗျာ…
NUG ရဲ့ ဒေါက်တာဇော်ဝေစိုးကပြောထားဖူးပါတယ်…
မိုးမကုန် ဆောင်းမကူးအချိန်ပါတဲ့…
အခုဆို NUG က အဓိကပစ်မှတ်နေရာတွေတောင်သတ်မှတ်ပြီးသွားပြီဖြစ်ပါတယ်…အားလုံးကလဲ NUG ရဲ့ D Day ခေါ်သံကိုစောင့်နေတာဖြစ်ပါတယ်…
ဒါကြောင့် မကြာမီ မဖြစ်မနေရင်ဆိုင်ရမယ့် အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့လိုပါတယ်…

ဒီလိုအခြေအနေမျိုးရောက်နေတာတောင် ဘုရားဖူးလေးထွက် ကျောင်းလေးပြေးအပ်နေကြတဲ့ ပုဂ္ဂိုလ်များကတော့ သူတို့ထိုက်နဲ့သူတို့ကံပါပဲ…

မြို့ပြစစ်ပွဲတွေဖြစ်လာရင် ကိုယ့်ဖက်ကလူတွေက ပြည်သူနာအောင်လုပ်မှာမဟုတ်တာသေချာပေမယ့် မအလဘက်ကတော့ ပြည်သူလူထုအပေါ် မနိုင်နိုင်ရာမဲမှာသေချာနေတာကြောင့်
ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ကြရမှာက အဆင့် ဆင့် ရှိပါတယ်…

(၁) လျှပ်စစ်မီးမရနိုင်သည့်အခြေအနေ

မအလဘက်က စစ်ဖြစ်လာရင် ဖြတ် ၄ ဖြတ်ကိုသေချာပေါက်လုပ်မှာဖြစ်ပါတယ်
ဖြတ် ၄ ဖြတ် ဆိုသည်မှာ
(က) ရေ
(ခ)လျှပ်စစ်မီး
(ဂ) လမ်းပန်းဆက်သွယ်ရေး
(ဃ) ဖုန်း/အင်တာနက် စတာတွေကို ဖြတ်တောက်လ်ုက်မှာပါ

ဒါကြောင့် လျှပ်စစ်မီးမရနိုင်ခဲ့ရင် ထင်း မီးသွေး မြို့ပြများမှာ ရေအတွက် ဘုံဘိုင်လိုအဝီဇိရေတွင်းတွေ စတာတွေလိုလာပါလိမ့်မယ်

ဒါမှမဟုတ် ထန်တလန်လို မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ရမယ်ဆိုရင်တော့ မီးမလိုပဲ အသင့်စားသောက်နိုင်မယ့် ဘီစကစ် မုန့်ကြွပ် ငါးသေတ္တာ စတာတွေနဲ့ သောက်သုံးရေလိုအပ်ပါမယ်…သောက်သုံးရေအတွက် ရေသန့်ဗူးတွေလိုအပ်လာပါလိမ့်မယ်…

အခုအချိန်ကစပြီး မိမိတစ်ကိုယ်စာ အဝတ်အစား ၃ ၄ စုံ မိမိသောက်နေကျဆေးဝါးအနည်းငယ် မိမိပိုင်ငွေကြေးအနည်းငယ်နဲ့ အရေးကြီးစာရွက်စာတမ်းများ လက်ဝတ်လက်စားရှိရင်လည်း သေချာထုပ်ပိုးပြီး ဘီစကစ် မုန့်ကြွပ် ငါးသေတ္တာ သောက်ရေဗူး စသဖြင့် အနည်းငယ်စီကို ကျောပိုးအိတ်တစ်လုံးဖြင့် အသင့်ပြင်ထားပါ…မိမိတို့ရဲ့ ကား ဆိုင်ကယ်များကို ဆီအပြည့်ဖြည့်ထားပါ…အရေးပေါ်အခြေအနေကြုံလာရင် ကျောပိုးအိတ်တစ်လုံးစီသာ ကောက်ယူထွက်သွားနိုင်ဖို့ ပြင်ဆင်ထားပါ…

မည်သည့်နေရာကို သွားရမည်လဲဟု စဉ်းစားနေကြသူများ အခြေအနေနှင့်အချိန်အခါအပေါ်ကြည့်၍ သွားကြပါ…

တစ်နေ့က စျေးထဲမှာ အစ်မလိုခင်မင်သည့် စျေးသည်အစ်မကြီးတစ်ယောက်က
တိုက်ပွဲတွေကပြီးတော့မှာပါလို့ ပြောပါသည်…
သူက PDF တွေရဲ့ လက်ရှိအချိန် ပြောက်ကျားစနစ်တိုက်ပွဲတွေကို စစ်ဖြစ်နေတာဟု ယူဆဟန်တူပါသည်…မဟုတ်ပါ…တကယ့်တိုက်ပွဲတွေသည် စတောင်မစရသေးပါ…
ပြီးတော့သူမကထပ်မေးသေးသည်…ငါတို့နိုင်ပါ့မလားတဲ့…
ကျွန်တော်တို့ကမတိုက်ခင်ကတည်းက စိတ်ဓာတ်ရေးရာတပန်းသာပြီးသားဖြစ်ပါသည်…
အခုတောင် တပ်တွင်းမှာ ဖရိုဖရဲဖြစ်နေကြပြီ…
တကယ်တိုက်ရင် ထိုးကျွေးခံရမှာသိနေကြပြီ…
ဒါကြောင့် ပွဲတကယ်စရင် ထွက်ပြေးကြမှာက တစ်ဝက်လောက်ရှိနေသည်…တပ်ထဲမှာလဲ ဖရဲသီးတွေရှိနေသည်…ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေအခုအချိန် အရမ်းညီညွတ်နေကြသည်…
တိုင်းရင်းသားတွေရော ဘာသာခြားတွေရော အားလုံးက မကြုံစဖူး အလွန်ညီညွတ်နေကြသည်…NUG ရဲ့ လိုအပ်နေတဲ့ ဘဏ္ဍာငွေ ဒေါ်လာသန်း ၈၀၀ ကျော်က ပြည်သူတွေ ညီညွတ်မှုရဲ့အဖြေဖြစ်ပါသည်…
ထို့ကြောင့် ဒီပွဲကို ပြည်သူတွေနိုင်ကိုနိုင်မှာ သေချာသည်…

သို့ပါ၍ ပွဲကလည်း မကြာခင် စတင်တော့မည်ဖြစ်တာကြောင့် မိတ်ဆွေများအနေဖြင့် မလွှဲမရှောင်သာ ရောက်ရှိလာတော့မည့် အဆုံးသတ်တိုက်ပွဲအတွက် အောင်ပွဲခံရန် ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား…

အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ

တော်လှန်​ရေးထဲကစိတ်ပိုင်းဆိုင်ရာတိုက်ပွဲ တော်လှန်​ရေး​ရေချိန်မြင့်လာ​တော့ သိသင့်တာ​တွေလဲပိုလာပါတယ်။ယခုပို့စ်ကတော့ အောက်ပ...
21/10/2021

တော်လှန်​ရေးထဲကစိတ်ပိုင်းဆိုင်ရာတိုက်ပွဲ

တော်လှန်​ရေး​ရေချိန်မြင့်လာ​တော့ သိသင့်တာ​တွေလဲပိုလာပါတယ်။
ယခုပို့စ်ကတော့ အောက်ပါ အ​ကြောင်းအရာများကိုပြောပြသွားမှာဖြစ်ပါတယ်။

စစ်​ကြော​ရေးမှာဘာ​တွေကြုံရမလဲ?
ဘယ်လိုအရာ​တွေကိုချိုးဖျက်ခံရလဲ?
ဘာ​တွေပြင်ဆင်ထားသင့်လဲ?
ဘာ​တွေကအ​ထောက်အကူပြုမလဲ?
လေ့ကျင့်သင်ကြား​ပေးတဲ့​နေရာ​တွေမှာဘာ​တွေသုံးလဲ?

#စစ်​ကြော​ရေးမှာဘာ​တွေကြုံရမလဲ?
#ဘယ်လိုအရာ​တွေကိုချိုးဖျက်ခံရလဲ?
စစ်ကြောရေးမှာ သုံးလေ့ရှိတာတွေကို 3D model လို့​ခေါ်တယ်
DEBILITY - ချည့်နဲ့စေတာ
Dependency​ - မျော်လင့်ချက်​ပျောက်ကယ်တင်ရှင်ရှာလာ​စေတာ
DRead- ကြောက်လန့်စိုးရိမ်​စေတာ။
အဲ့သုံးခုကိုပုံ​ဖော်တာမျိုးစုံကို​တော့​တော်လှန်​ရေးမှာပါဝင်​နေတဲ့သူ​တွေရင်နှီးဖူးကြုံဖူးကြားဖူးမှာပါ။ ဒီ​နေ့​ထောင်ကလွှတ်ပြီးပြန်ဖမ်းတာမျိုအပါအဝင်​ပေါ့။

စစ်တပ်ဟာ သူလိုချင်တာမရမချင်းအဲ့3Dကိုအခါခါ​ကျော့လေ့ရှိပါတယ်။ သူတို့​တွေရပြီလို့သတ်မှက်တဲ့အခါ၊ လိုချင်တာရသွားတဲ့အခါမှရပ်တယ်။​ ပေတံမရှိပဲစိတ်နဲ့သတ်မှတ်တာပဲဖြစ်လို့ MIND GAME ဆန်ပါတယ်။ ကိုယ့်ဖက်အခွင့်အ​ရေးရနိုင်တယ်။ မိရင်လဲ အဲဒီ 3D ကိုထပ်​ကျော့တာ ခံရမှာဆို​တော့။

#ဘာ​တွေပြင်ဆင်ထားသင့်လဲ
တရား​သေမရှိ​လို့ အကြမ်းဖျင်းသာ ပြုစုထားတာမို့
အ​သေးစိတ်​တော့မရှိဘူး။ အနီးစပ်ဆုံး​တွေစုထားတာ။
တရားထိုင်တာ​တောင်ပါနိုင်တယ်။

ကိုးကားစရာက​တော့
အထူးတပ်တွေကို​လေ့ကျင့်ရာမှာသုံးတဲ့ SEREကိုထည့်ထားတယ်။ အ​သေးစိတ်ကို google ဆက်​ခေါက်ကြည့်လို့ရ​မယ်။ အထူးသဖြင့်​ပြောက်ကျား​တွေရယ်။ စခန်းသွင်း​နေတဲ့ကိုယ်ထူကိုယ်ထအဖွဲ့​တွေ​လေ့လာတဲ့အခါ​ခေါင်းစဥ်တစ်ခုအ​နေနဲ့စဥ်းစားမိ​အောင်ပါ။

မှကူးယူတင်ပြသည်။

ဘီအက်စ်

🏮🏮 သီတင်းကျွတ်မှာ အိမ်ဝေးနေတဲ့ သူရဲကောင်းတွေတိုင်းကို ဒီပုံလေးနဲ့ ဂုဏ်ပြုပါရစေ.. 🏮🏮 #‌တော်လှန်သီတင်းကျွတ်  #ဆီမီးသပိတ် #...
20/10/2021

🏮🏮 သီတင်းကျွတ်မှာ အိမ်ဝေးနေတဲ့ သူရဲကောင်းတွေတိုင်းကို ဒီပုံလေးနဲ့ ဂုဏ်ပြုပါရစေ.. 🏮🏮

#‌တော်လှန်သီတင်းကျွတ်

#ဆီမီးသပိတ်
#ဓမ္မကို_ဂုဏ်ပြုပူဇော်
#အဓမ္မကို_လောင်ကျွမ်း



credit

ပြန်လွတ်မြောက်လာကြတဲ့သတင်းကြားတော့ဝမ်းသာစရာပဲဒါနဲ့ ကေဇဝင်း၊ခက်သီ၊မြသွဲ့သွဲ့ခိုင်ကစလို့ဝေယံထွန်းအလယ်ကြယ်စင်လေးကအဆုံး နောက...
19/10/2021

ပြန်လွတ်မြောက်လာကြတဲ့
သတင်းကြားတော့ဝမ်းသာစရာပဲ

ဒါနဲ့ ကေဇဝင်း၊ခက်သီ၊မြသွဲ့သွဲ့ခိုင်ကစလို့
ဝေယံထွန်းအလယ်ကြယ်စင်လေးကအဆုံး

နောက်ထပ်…နောက်ထပ်.. နောက်ထပ်…
မရေတွက်နိုင်အောင်
ကောင်းကင်ကြီးမှာလင်းလက်လို့ကြယ်များဟာ
ဒီသီတင်းကျွတ်လရဲ့ညအမှောင်ကို
အံ့တုပြီးလင်းသွားတယ်
တစ်နိုင်ငံလုံးဟာထောင်ကျနေစဲပါ
ထောင်အကျယ်ကြီးထဲမှာငါတို့ဟာအကျယ်ချုပ်ကျလို့

တစ်ခုကျန်ခဲ့လို့
လွတ်မြောက်လာတဲ့အထဲ
ကျနော်တို့နိုင်ငံလေးကိုရော တွေ့မိသေးလား
မတွေ့မိဘူး
သူခုထိမလွတ်မြောက်သေး…။

-သည်ခက်နွေ

HAPPY THADINGUT FESTIVAL
19/10/2021

HAPPY THADINGUT FESTIVAL

18/10/2021

ပြည်သူလူထုတစ်ရပ်လုံး၏ အစဥ်ဆက်မပြတ် ဆန့်ကျင်တော်လှန်မှုတွေကြောင့် အသက်ရှူလို့မရနိုင်အောင်အထိ သေလုမြောပါး ဖြစ်လာနေပြီ ဖြစ်သည့်အတွက် မတရားဖမ်း​ဆီးထားသူအချို့ကို ပြန်လွှတ်​ပေးလာရပြီ..။

ပြန်လည်လွတ်မြောက်လာတဲ့ သူရဲ​​ကောင်း​တွေကို ကြိုဆိုရင်း စစ်အာဏာရှင်စနစ်အပါအဝင်
အာဏာရှင်စနစ်ဟူသမျှချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေး၊ မလွတ်​မြောက်​သေးသည့် တိုင်းပြည်ကြီးအတွက် နှင့် ကျဆုံးသွားသည့် အာဇာနည်​တွေအတွက် ယခင်အတိုင်း ည၈နာရီတိုင်း သံပုံး​တွေပြန်တီးကြပါစို့...။

သံပုံးတီးသံတွေနဲ့အတူ အာဏာရူးတွေကို မောင်းထုတ်လိုက်ကြရအောင်...။

သံပုံးတီးရင်း တော်လှန်သီတင်းကျွတ်ကို ဆင်နွှဲလိုက်ကြရအောင်...။



#‌တော်လှန်သီတင်းကျွတ်

#အဓမ္မကို_လောင်ကျွမ်း

#‌အရေးတော်ပုံ_အောင်ရမည်

အကျယ်ချုပ်က ကြိုဆိုပါတယ် ရဲဘော်တို့ရေ...အိမ်ပြန်နိုင်သွားသူတွေထဲမှာ မြသွဲ့သွဲ့ခိုင် ပါလား။ဝေယံထွန်း ပါလား။ ကြယ်စင် ပါလား...
18/10/2021

အကျယ်ချုပ်က ကြိုဆိုပါတယ် ရဲဘော်တို့ရေ...

အိမ်ပြန်နိုင်သွားသူတွေထဲမှာ
မြသွဲ့သွဲ့ခိုင် ပါလား။
ဝေယံထွန်း ပါလား။
ကြယ်စင် ပါလား။
ချစ်မင်းပိုင် ပါလား။
ခန့်ညားဟိန်း ပါလား။
ကျဆုံးခဲ့ရတဲ့ ပြည်သူထောင်ချီ ပါလား။

အိမ်ပြန်နိုင်သူတွေအတွက် ပျော်ရွှင်ရသလို
အိမ်ပြန်မရောက်နိုင်တော့သူတွေအတွက်
ငါတို့သွေးတွေ အေးသွားလို့ မဖြစ်ဘူး။

Address

Myeik

Website

Alerts

Be the first to know and let us send you an email when Myeik Region Traveller Service Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category