Myeik Region Traveller Service Agency

Myeik Region Traveller Service Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myeik Region Traveller Service Agency, Travel Company, Myeik.

28/08/2022

တော်လှန်ရေး

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞____________________လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်...
23/01/2022

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞
____________________

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်ဆစ်အုပ်စုဟာ လက်နက်ရှိရုံ၊ အားကြီးရုံနဲ့ ဒီတိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်လို့ရမယ်လို့ ထင်ခဲ့ပုံပေါ်တယ်။ သူတို့ မှန်းချက်နဲ့ နှမ်းထွက် အလွဲကြီး လွဲခဲ့လေပြီ။ တစ်နှစ်သာ ကြာသွားတယ်၊ ဖက်ဆစ်တွေ ကျနော်တို့ပြည်သူကို လုံးဝ အုပ်ချုပ်ခွင့် မရခဲ့ဘူး။

အခု (၂၀၂၂) ခုနှစ်ကတော့ ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကြီး ဖြစ်ရမယ့်နှစ်၊ မှတ်တိုင်သစ် စိုက်ထူမယ့်နှစ်လို့ အားလုံးက ယုံကြည်၊ အားခဲထားကြပါတယ်။ ဒဲ့ပြောရရင် ဒီနှစ်ဟာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်ရမယ့်နှစ်၊ ပြည်သူက အုပ်ချုပ်တော့မယ့်နှစ်ဆိုတဲ့ ယုံကြည်စိတ်၊ တိုက်ပွဲဝင်စိတ်၊ အောင်စိတ် ကျနော်တို့မှာ အပြည့်ရှိနေပါတယ်။

ဒီအာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက်ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ ဖြစ်တာမို့ ကမ္ဘာ့အသိုင်းအဝိုင်းက အဲ့နေ့မှာ ကျနော်တို့ ပြည်သူတွေ ဘာလုပ်ကြမလဲ၊ သွေးအေးနေကြပြီလား၊ စစ်အုပ်စုလက်အောက်မှာ အသားကျနေကြပြီလား စတာတွေကို ပိုလို့ စိတ်ဝင်စား၊ သိချင်ကြပါလိမ့်မယ်။

ဒါ့ကြောင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ (၁ ဖေဖော်ဝါရီ ၂၀၂၂) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အောက်ပါ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆင်နွှဲကြဖို့ အထူးတိုက်တွန်း နှိုးဆော်အပ်ပါတယ်ခင်ဗျား-

❐ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)

ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံးအသံဟာ တိတ်ဆိတ်ငြိမ်သက်ခြင်းအသံလို့ ဆိုရိုးရှိပါတယ်။ အဲ့စကားနဲ့အညီပဲ ကျနော်တို့ပြည်သူတွေက ဖက်ဆစ်အာဏာရူးတွေကို မောင်းထုတ်လိုက်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တကမ္ဘာလုံးကြားအောင် ဟစ်အော်၊ ဖော်ထုတ်ခဲ့ကြဖူးပါတယ်။ ကမ္ဘာမှာ ရှာမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် ဆင်နွှဲနိုင်တဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ တိတ်ဆိတ်ငြိမ်သက်တယ်၊ အသံတိတ်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ တနိုင်ငံလုံး တညီတညွတ်တည်း ပါဝင်ဆင်နွှဲတဲ့ "အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး" အဖြစ် ပုံဖော်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို မထွက်ကြဘဲ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြမယ်။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ကောင်းမှုကုသိုလ်ပြုကြမယ်၊ အမျှဝေ မေတ္တာပို့သကြမယ်ဗျာ။ နောက်ပြီး အိမ်ထဲမှာနေရင်း တော်လှန်ရေးအတွက်၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ။

❐ လက်ခုပ်တီးသပိတ် (အသံထွက်သပိတ်)

တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားတဲ့အချိန် (ညနေ ၄ နာရီ တိတိ) မှာ တနိုင်ငံလုံးက ကျနော်တို့ ပြည်သူအားလုံးရဲ့ တခဲနက် လက်ခုပ်သံကြီးဟာ ဟိန်းထွက်လာမှာ ဖြစ်ပါတယ်။ ဖက်ဆစ်ဝါဒီတွေ ထိတ်လန့်တုန်လှုပ်သွားမယ့် ပြည်သူ့လက်ခုပ်သံကြီး ဘဝဂ်ညံအောင် ထွက်လာပြီးနောက် တဆက်တည်းမှာလည်း ဟွန်းတီးသပိတ်၊ သံပုံးတီးသပိတ်စတာတွေကို ဆက်လက်ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

ဒီအသံထွက်သပိတ်ကတော့ အကြမ်းဖက် ဖက်ဆစ်တွေအတွက် မရဏမောင်းသံဖြစ်ပြီး ကျနော်တို့ ပြည်သူတွေအတွက် အောင်ပွဲအကြို သုတိသြဘာ မင်္ဂလာနမိတ်သံပဲ ဖြစ်ပါတယ်။

▬▬▬

အာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်မှာ ကျနော်တို့ ပြည်သူလူထုကို အထူးအလေးအနက် တိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့ဟာ (၂၀၂၂) ခုမှာ ကျနော်တို့ မျှော်ရည်တဲ့ အောင်ပွဲကို ရရှိဖို့အတွက် ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး။ ကျနော်တို့ "ပြည်တော်ဝင်ဖို့ ရုန်းကြရပါလိမ့်မယ်၊ ကြုံးကြရပါလိမ့်မယ်"။ ဘာမှ မရင်းဘဲ ဘာမှ မရနိုင်ပါ။ ပြိုင်တူတွန်းရင် အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ကျနော်တို့အားလုံး ဆင်နွှဲကြပါစို့။







#အသံတိတ်သပိတ်

#အသံထွက်သပိတ်

#ပြည်တော်ဝင်ဖို့_ရုန်းကြစို့

#အဆုံးသတ်တိုက်ပွဲ_ဒို့ဆင်နွှဲ

#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်

၂၃ ဇန်နဝါရီ ၂၀၂၂

အိမ် ထဲ မှာ နေ နေ သူ တ ချို့ က" ဒါ ကြီး က ဘယ် တော့ ပြီး မှာ လဲ " တယ့် ...တ ချို့ က Cheers လုပ် ရင်း " အ ရင် လို ပြန် နေ ...
23/12/2021

အိမ် ထဲ မှာ နေ နေ သူ တ ချို့ က
" ဒါ ကြီး က ဘယ် တော့ ပြီး မှာ လဲ " တယ့် ...

တ ချို့ က Cheers
လုပ် ရင်း
" အ ရင် လို ပြန် နေ ချင် နေ ပါ ပြီ " တယ့် ...

"တော ထဲ က လူ ငယ် လေး တွေ သ နား စ ရာ ကောင်း လိုက် တာ "
ဆို ပြီး
စုတ် တ သတ် သတ် နဲ့ ပြော နေ ကြ တာ
ကမ်း ခြေ မှာ နေ ဝင် ချိန် ကြည့် ရင်း ...

က လော မေ မြို့ ဖက် ရောက် နေ သူ တ ချို့
Hoodie လေး ကိုယ် စီ နဲ့ ဓာတ် ဖမ်း ရင်း
"ဒီ ချိန် ဆို စစ် ဘေး ရှောင် တွေ
ချမ်း နေ မှာ ပဲ နော် "
တယ့် ...

ကောင်း ကင် က
ဒီ ကောင်း ကင် ပဲ
မြေ ပြင် လည်း
ဒီ မြေ ပြင် ပါ ပဲ
ဒါ ပေ မယ့် .....
ဘာလို့ များ
ရှူ ရှိုက် မိ တဲ့ လေ
တွေ က
အ ရောင် တွေ ကွဲ နေ ရ တာ လဲ ...

mission တခုလုပ်တိုင်း အသက်တချောင်းပြန်ပေးဆပ်နေတဲ့ ရန်ကုန်မြေပါလား😓'လုပ်စရာရှိတာလုပ်ပီး မတတ်သာတဲ့အဆုံး ကိုယ်သွားရရင်တောင်...
23/12/2021

mission တခုလုပ်တိုင်း အသက်တချောင်းပြန်ပေးဆပ်နေတဲ့ ရန်ကုန်မြေပါလား😓
'လုပ်စရာရှိတာလုပ်ပီး မတတ်သာတဲ့အဆုံး
ကိုယ်သွားရရင်တောင် ခွေးတွေရသလောက်တော့ တူတူခေါ်သွားရမှာပဲ' ဆိုတဲ့ အတွေးက မြို့ပြ Urban တိုင်းမှာ ရှိကြတယ်
တခါတလေလဲ မတန်သလိုတောင်ခံစားရတယ်😓
မြို့ပြမှာနေတာမို့ စားဝတ်နေရေးအတွက် ရုန်းကန်ရမှာမို့
ဘာမှမလုပ်နိုင်ကြရင်တောင်မှပဲ နေ့တိုင်းကို
ရယ်
ရယ်
ရယ်
အဲ၃ခုတော့ အသက်ပေးသွားတဲ့ အာဇာနည်တွေ
ထောင်ထဲက သူရဲကောင်းတွေ
တောထဲက သူရဲကောင်း​တွေ
​စစ်​ဘေးရှောင်နေရတဲ့ တောင်ပေါ်က တိုင်းရင်းသားမောင်နှမတွေအတွက် တတ်နိုင်သလောက် ကြိုးစားပေးစေချင်မိတယ်😓😓
တဦးတည်းပဲဆိုင်တဲ့ တလရမဟုတ်ပဲ အများနဲ့ဆိုင်တဲ့အရာမို့ အနူးအညွတ်အကူအညီတောင်းခံနေရတာပါ🙏

09/12/2021
Hello November 🍁🙋‍♂️ပျော်ရွှင်ခြင်း၊ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါ။🎉🎊
01/11/2021

Hello November 🍁🙋‍♂️
ပျော်ရွှင်ခြင်း၊ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါ။🎉🎊

ထန်တလန် ပြည်သူများ အသက်ဘေးရန် ကင်းပါစေ 🙏…
30/10/2021

ထန်တလန် ပြည်သူများ အသက်ဘေးရန် ကင်းပါစေ 🙏…

Please saveWe are one blood
30/10/2021

Please save

We are one blood

ကျဆုံးသူတို့အတွက်ဖမ်းဆီးခံရသူတို့အတွက်…ကျတော်တို့တယောက်စီတိုင်းတော်လှန်စိတ်နဲ့နိူးထကြမယ်။ ဒီမြေဒီရေမှာလည်းအာဏာရှင်ကျဆုံး...
24/10/2021

ကျဆုံးသူတို့အတွက်
ဖမ်းဆီးခံရသူတို့အတွက်…

ကျတော်တို့တယောက်စီတိုင်း
တော်လှန်စိတ်နဲ့နိူးထကြမယ်။

ဒီမြေဒီရေမှာလည်း
အာဏာရှင်ကျဆုံးရေးအတွက်
ဒို့လက်တွေမြဲမြဲဆုပ်လို့
ခရီးဆက်ကြမယ်။

ကမ္ဘာကြီးကမျက်ကွယ်ပြုတော့
သွေးပျက်တစ္ဆေလာမခြောက်နဲ့
မတုန်မလှုပ်သွေးကြွေးဆပ်မှာ
အသေချာမို့….

သွေးကြွေးမှာဆွေးနွေးစရာမရှိဘူး…..!

စစ်အာဏာရှင်ကျဆုံးရမည်။

အရေးတော်ပုံအောင်ရမည်။

Address

Myeik

Website

Alerts

Be the first to know and let us send you an email when Myeik Region Traveller Service Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category