K.M.T - Travels

K.M.T - Travels Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K.M.T - Travels, Travel Service, No. (228). Airport Street, Myeik.

အရေးတော်ပုံကြီး အောင်ပြီးသွားရင်အရင်လို ခရီးတွေပြန်သွားကြမယ်ဗျာ #ခရီးတွေသွားရင်  #ကိုမောင်သူဆီဖုန်းဆက်ပေးနော်
29/06/2021

အရေးတော်ပုံကြီး အောင်ပြီးသွားရင်
အရင်လို ခရီးတွေပြန်သွားကြမယ်ဗျာ

#ခရီးတွေသွားရင်
#ကိုမောင်သူဆီဖုန်းဆက်ပေးနော်

23/10/2020

# Copyယူလာပေးတာပါ ကိုဗစ်ကြီး ပြီးသွားရင်
သွားဖို့နေရာ အသစ်တွေရှာထားပါတယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ထဲက စယဉ်းတောင် ဆိုတာ ရောက်ဖူးကြလားဗျ။ အများစုကတော့ အလယ်ချောင်ရေတံခွန် လို့ သိကြတယ်။ အလယ်ချောင်ရေတံခွန် က အဆင့်ပေါင်း ၅၀ လောက်နဲ့ သိပ်လှတဲ့ ရေတံခွန်ပြေပြေလေး။ ထူးခြားတာက ဒီရေတံခွန်တလျှောက် ရေထဲကနေ အဆင့်ဆင့် တောင်တက်သွားလို့ ရေတံခွန်ထိပ် တောင်ပေါ်က ရွာလေးမှာ ညအိပ်လို့ရတာပါပဲ။ ဒီနေရာလေးဆီကို ပင်းတယမြို့ကို အလည်သွားရင်းနဲ့ Pindaya Nature Traveller Trekking Service က Local Guide ကိုဇော်၊ မဖြူစင် တို့နဲ့ သိကျွမ်းခင်မင်ခဲ့ပြီး ရောက်ဖြစ်သွားတဲ့နေရာလေးပါ။ ပင်းတယ၊ ရွာငံ တကြောတော့ Trekking လုပ်ချင်တာ၊ လည်ပတ်ချင်တာ၊ သဘာဝလိုဏ်ဂူတွေသွားချင်တာ သူတို့နဲ့ ချိတ်ဆက်လုပ်ဆောင်တတ်ကြတယ်။
====================
စယဉ်းတောင် (သို့မဟုတ်) အလယ်ချောင်ရေတံခွန်
====================
အလယ်ချောင်ရေတံခွန် ရှိရာ စယဉ်းတောင် ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အတွင်း အလယ်ချောင်စံပြကျေးရွာ အနီးမှာ တည်ရှိပါတယ်။ အလယ်ချောင် ရေတံခွန်ကို ရေတံခွန်ကြီး လို့လည်း ခေါ်ကြတယ်။ ရေတံခွန်က အဆင့် ၅၀ လောက် ရှိပြီး ပြေပြေလေး အဆင့်ဆင့် ရှိနေတာမို့ ရေတံခွန်တလျှောက် ခြေလျင်လမ်းလျှောက်တက်လို့ရတဲ့အထိ အဆင်ပြေပါတယ်။ မိုးတွင်းရေများချိန်ဆိုရင်တော့ ဒီလို လမ်းလျှောက်တက်ဖို့ မဖြစ်နိုင်ပါဘူး။ ဆောင်းနဲ့ နွေအခါတွေမှာတော့ လမ်းလျှောက်တက်လို့ရပြီး အထူးသဖြင့် စွန့်စားလိုသူတွေ၊ နိုင်ငံခြားသားတွေကတော့ သဘောတကျ သွားလာလုပ်ဆောင်တတ်ပါတယ်။
ရေတံခွန်ဆီကို သွားဖို့ ကားလမ်းမပေါက်တဲ့အတွက် ကားတွေကိုတော့ ယာဉ်ရပ်နားစခန်းမှာ ရပ်ထားခဲ့ရပါတယ်။ ဆိုင်ကယ်နဲ့တော့ အတွင်းအတော်အတန်ဝင်လို့ရပေမဲ့ ရေတံခွန်ထိတော့ ဝင်ဖို့ ခက်ပြန်ပါတယ်။ ဒါကြောင့် ကားနဲ့လာသူတွေက ရေတံခွန်ဆီရောက်ဖို့ မိနစ် ၂၀ ခန့် လမ်းလျှောက်ဝင်ကြရပြီး၊ ဆိုင်ကယ်နဲ့ဆိုလည်း ၁၀ မိနစ်ခန့် လမ်းပြန်လျှောက်ဝင်ကြရပါတယ်။ လမ်းလျှောက်ရတယ်ဆိုပေမဲ့ ပင်ပင်ပန်းပန်းကြီး မရှိပါဘူး။ သစ်တောအုပ်စိမ်းစိမ်းလေးထဲ ဝင်သွားရပြီး အေးအေးမြမြ ရှိသလို၊ နံဘေးမှာလည်း စမ်းချောင်းလေး စီးနေတာ မြင်ရကြသေးတော့ လူက အလိုလို စိတ်ကြည်နူးလာတာမျိုးပါ။ လမ်းတလျှောက်လည်း ရေတံခွန်ရေကျသံလေးတွေ၊ ချောင်းရေစီးသံလေးတွေ ကြားရ မြင်ရတော့ လူက စိတ်လန်းဆန်းပြီး တက်ကြွနေတယ်။ အမှတ်တရပစ္စည်းရောင်းဆိုင်လေးတွေ၊ ဒေသထွက်အစားအစာရောင်းဆိုင်လေးတွေ ရှိတတ်တဲ့ အချိန်မျိုးဆို ပိုစည်ကားပါတယ်။ ကျွန်တော်တို့ သွားတုန်းကတော့ ရာသီချိန်မဟုတ်လို့ ဘာဆိုင်မှ မတွေ့ခဲ့ရပါဘူး။
ရေတံခွန်ဆီလည်း ရောက်ရော ပထမတော့ ကျွန်တော်မြင်ရတာက အောက်ခြေနားလေးပဲမို့ တောကျယ်လိုပါပဲလို့ တွေးလိုက်မိတယ်။ ဒေသခံလမ်းညွှန် ကိုဇော် က “ကိုသီဟ ဒီအပေါ်တက်လာခဲ့” လို့ ခေါ်တော့ ကျွန်တော်လည်း နည်းနည်းကြောက်တာပေါ့။ ချောနေမလားဆိုပြီး မတက်ရဲ တက်ရဲနဲ့ တက်ကြည့်တော့မှ ရေတံခွန်အတိုင်း ကျောက်ဆောင်တွေကို တက်တာ အတော်လေး တက်လို့လွယ်မှန်းသိလိုက်ရတယ်။ အပေါ်အကွေ့လေးကို ရောက်တော့ ကိုဇော်က အပေါ်ကို လက်ညှိုးထိုးပြပြီး “မြင်လား” လို့ မေးတော့မှ… အားပါး လှလိုက်တဲ့ ရေတံခွန်ကြီး။ အဆင့်အဆင့်နဲ့ အမြင့်ကြီးပဲ။ အပေါ်နားမှာ ဒေသခံလူငယ်အမျိုးသားလေး၊ အမျိုးသမီးလေးတွေ ခုန်ပေါက်ဆော့ကစားနေကြတယ်။ ဘယ်လောက်ထိ တက်လို့ရသလဲ မေးကြည့်တော့၊ ဟိုးထိပ်အထိတက်လို့ရတယ်။ ဝါးပိုးရေရွာဆိုတာ ရှိတယ်။ အဲ့ဒီမှာလည်း Trekking လုပ်ရင်း အိပ်ကြတယ်တဲ့။ ရေစီးအရမ်းများတဲ့ မိုးတွင်းကြီးမှာတော့ သွားရ အဆင်မပြေပေမဲ့ ကျန်တဲ့အချိန်မှာ ဒီ ရေတံခွန်အတိုင်း ၄၅ မိနစ် လမ်းလျှောက်တက်သွားလေ့ရှိပါတယ်။ ရေအနက်ဆုံးနေရာက ဒူးခေါင်းထိပဲမို့ ရေကူးတတ်စရာ မလိုပါဘူး။ Safety ပိုင်းကိုတော့ နည်းနည်းဂရုပြုရမယ်။ ပုံမှန်အားဖြင့်တော့ ချော်ကျဖို့ မဖြစ်နိုင်ပါဘူး။ ရေတံခွန်လေးတွေ အဆင့်ဆင့် အများကြီး ရှိနေတာမို့ အလယ်ချောင် ရေတံခွန်များ လို့တောင် ခေါ်ရမယ်ထင်ပါတယ်။ တစ်ဆင့်နဲ့ တစ်ဆင့်က သိပ်မမြင့်တော့ တက်ရလွယ်တယ်။ ထူးခြားတာလေး မှတ်ထားမိတာက အရင်ကဆို ဒီအလယ်ချောင်ရေတံခွန်တောင်ဘက်မှာ အလယ်ချောင် ကနေ ပင်းတယ ကို သွားလို့ရတဲ့ မြေအောက်ဂူလမ်းကြောင်း ရှိတယ်တဲ့။ နောက်ပိုင်းမှာ ဂူထဲ ခိုအောင်းနေပြီး မသမာမှုတွေ ဖြစ်လာမှာစိုးလို့ ပိတ်ထားခဲ့ရာကနေ မြေကြီးတွေ အတွင်းဝင်ဖုံးလွှမ်းသွားလို့ ပိတ်ဆို့ပျောက်ပျက်သွားတယ် ကြားပါတယ်။ ဒီနေရာလေးကို ဒေသခံ အများစုက ပိုရင်းနှီးပြီး လာရောက်အပန်းဖြေကြတာ များပါတယ်။
==============
ဘယ်လိုသွားမလဲ
==============
ရွာငံမြို့ ကနေ ၁၇ မိုင်အကွာမှာ အလယ်ချောင်စံပြကျေးရွာ ရှိပါတယ်။ အဲ့ဒီကနေ ၁၅ မိနစ်လောက် ပင်းတယဘက်ကို ဆက်ထွက်လာခဲ့ရင် ရေတဲခွန်လမ်းခွဲ ကို ရောက်ပါလိမ့်မယ်။ ကားတွေကို အဲ့ဒီက ယာဉ်ရပ်နားစခန်းမှာ အပ်ထားခဲ့ရပါတယ်။ Trekking အနေနဲ့ ညအိပ်ညနေ နေမယ်၊ ရေတံခွန်တလျှောက်လမ်းလျှောက်ပြီး တောင်ထိပ်ကရွာမှာ အိပ်မယ်၊ တခြားလည်ပတ်မယ်ဆိုရင်တော့ ကိုယ်တိုင်မစီစဉ်နိုင်တာတွေကို Pindaya Nature Traveller Service (ကိုဇော်) ဖုန်း - 0943105490 ကို ဆက်သွယ်စီစဉ်ခိုင်းနိုင်ပါတယ်။
================
သတိပြုစရာလေးများ
================
• လမ်းအနည်းငယ်လျှောက်ရမှာမို့ ကိုယ့်ရဲ့ ခံနိုင်ရည်အားကို ချင့်ချိန်ပြီး လိုအပ်တာကို ပြင်ဆင်သွားပါ။
• နေမပူတဲ့တိုင်အောင် UV က အမြဲရှိနေတာမို့ SPF များများပါတဲ့ Lotion, Spray စတာတွေ ဆောင်သွားပါ။ ၃ နာရီခြားတစ်ခါလည်း ပြန်ပြန် လိမ်းပေးပါ။
• ရေတံခွန်ခရီးစဉ်ဖြစ်တဲ့အတွက် အဝတ်လည်း လုံလုံလောက်လောက် ယူသွားပါ။ ရေကစားရင်းဝတ်ဖို့ ပြန်လဲဖို့အတွက်ပါ။
• ဒေသခံတွေရဲ့ သတိပေးချက်တွေကို အမြဲအလေးထား လိုက်နာပါ။
• Wet Tissue လည်း ဆောင်သွားပါ။
• ကိုယ့်အမှိုက် ကိုယ်တာဝန်ယူပါ။ သူများပစ်ထားတာတွေ့လို့ဆိုပြီးလည်း ထပ်မပစ်ပါနဲ့။
• သစ်ခွလို တောထွက်ပစ္စည်းတွေ ရောင်းချတတ်ပေမဲ့ ဝယ်ဖို့တော့ ကျွန်တော့်အနေနဲ့ အားမပေးပါဘူး။
• ဖုန်း၊ ကင်မရာတွေ ရေစိုခံ ဖြစ်ရင် ပိုကောင်းသလို၊ ရေစိုခံ မဟုတ်ခဲ့ရင်လည်း ရေစိုခံဖို့ သေချာထုပ်ပိုး ပြင်ဆင်ပါ။
ရွာငံဘက်ရောက်ရင် တောကျယ် အပြင် နောက်ထပ်လည်ပတ်စရာ ရေတံခွန်လှလှရှိတဲ့ စယဉ်းတောင် က အလယ်ချောင်ရေတံခွန်ကို သွားရောက်အပန်းဖြေနိုင်သေးတာပေါ့ဗျာ။ ပြီးတော့ အလယ်ချောင်စံပြကျေးရွာကိုလည်း လည်ပတ်လို့ရနိုင်ပါသေးတယ်။ ဓနုတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေ၊ ရိုးရာလုပ်ငန်းတွေ၊ စိုက်ခင်းတွေကိုလည်း လေ့လာနိုင်ဦးမဲ့အကြောင်း ခရီးထွက်လို့ရရင် ထည့်သွင်းစဉ်းစားနိုင်ဖို့ ဝေမျှလိုက်ပါတယ်ခင်ဗျ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Aung Min Maw, Ko Zaw
Camera :: SONY Alpha 7II with 16 - 35mm, Samsung Galaxy Note9
Photos are modified in Lightroom by Thiha Lu Lin.

# Crd https://m.facebook.com/story.php?story_fbid=199122638251051&id=100044599472106

အဲ့လို ကားလေးနဲ့ ခရီးသွားမယ်လေနော့
19/08/2020

အဲ့လို ကားလေးနဲ့ ခရီးသွားမယ်လေနော့

(2 - 3.8.2020)ထားဝယ် ဖိုးဖိုးကျောက်ကမ်းခြေသို့ကားအော်ဒါခေါ်ပေးတဲ့ ညီမတွေကျေးဇူးပါနော် 😊😊😊😊😊 မိုးထဲလေထဲ ခရီးစဥ် ဖြစ်အောင်...
05/08/2020

(2 - 3.8.2020)
ထားဝယ် ဖိုးဖိုးကျောက်ကမ်းခြေသို့
ကားအော်ဒါခေါ်ပေးတဲ့ ညီမတွေ
ကျေးဇူးပါနော် 😊😊😊😊😊
မိုးထဲလေထဲ ခရီးစဥ် ဖြစ်အောင်
သွားကြတဲ့အတွက်လည်း ကျေးဇူးပါ

# ခရီးများများထွက်နိုင်ကြပါစေနော်

# Photo Crd

ဖိုးဖိုးကျောက်ကမ်းခြေ နေ့လည်ပိုင်း (3.8.2020)
03/08/2020

ဖိုးဖိုးကျောက်ကမ်းခြေ နေ့လည်ပိုင်း (3.8.2020)

ဘားအံ ခရီးစဥ် (30.7.2020 - 2.7.2020)ကားအော်ဒါခေါ်ပေးတဲ့ အမတို့ရေ ကျေးဇူးပါနော် ခရီးစဥ်တလျှောက် အဆင်မပြေတာလေးတွေအတွက် သည်...
02/08/2020

ဘားအံ ခရီးစဥ် (30.7.2020 - 2.7.2020)
ကားအော်ဒါခေါ်ပေးတဲ့
အမတို့ရေ ကျေးဇူးပါနော်
ခရီးစဥ်တလျှောက် အဆင်မပြေတာလေးတွေ
အတွက် သည်းခံပြီးလိုက်ပေးတာလည်းကျေးဇူးပါနော်
လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း နောင်အခါများတွင်
ပြန်လည်ဖြည့်စွက်ပြီး ပို့ပေးပါ့မယ်နော်

# (နောက်တကြိမ်ဆိုရင် စားဖို့​ဆိုင်ကောင်းကောင်းကြိုရှာထားပါ့မယ် နော်)

အခုလို မိုးရာသီမှာ အားလပ်ရက် အပြင်ထွက်လမ်းလည်ဖို့လည်း ကောင်းအချိန်လည်းအများကြီး မပေးရတဲ့ ထားဝယ်မြို့ အနီးအနားက ရေတံခွန်တ...
02/08/2020

အခုလို မိုးရာသီမှာ အားလပ်ရက်
အပြင်ထွက်လမ်းလည်ဖို့လည်း ကောင်း
အချိန်လည်းအများကြီး မပေးရတဲ့
ထားဝယ်မြို့ အနီးအနားက
ရေတံခွန်တွေဆီ သွားဖို့ဆိုရင်
Hello သာလုပ်လိုက်ပါနော်
အားလုံး အဆင်ပြေစေဖို့ ပို့ဆောင်ပေးရန်
အသင့်ပါဘဲ့ ဗျာ

# ရေတံခွန် အမည်လေးတွေ
ပုံတပုံချင်းစီမှာရေးပေးထားပါတယ်ဗျာ

အခုလို ရေတံခွန်လေးတွေဆီ
သွားချင်ရင် ဆက်သွယ်ပေးပါနော်

# Ph no. 09428763450,09787993450

ကျိုက္ခမီ ရေလယ်ဘုရားညဘက် သပ္ပါယ်တော်မူပုံ
02/08/2020

ကျိုက္ခမီ ရေလယ်ဘုရား
ညဘက် သပ္ပါယ်တော်မူပုံ

Address

No. (228). Airport Street
Myeik

Website

Alerts

Be the first to know and let us send you an email when K.M.T - Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category