𝗣𝗮𝗻 𝗟𝗮𝘂𝗻𝗴 𝗘𝗰𝗼 𝗟𝗼𝗱𝗴𝗲

  • Home
  • Myanmar
  • Myittha
  • 𝗣𝗮𝗻 𝗟𝗮𝘂𝗻𝗴 𝗘𝗰𝗼 𝗟𝗼𝗱𝗴𝗲

𝗣𝗮𝗻 𝗟𝗮𝘂𝗻𝗴 𝗘𝗰𝗼 𝗟𝗼𝗱𝗴𝗲 သဘာ၀တောတောင်ရေမြေတို့နဲ့ ထိတွေ့ခံစားကြည့်ပါ

03/06/2026

🏅 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗧𝗵𝗮𝗻𝗸𝘀 𝘁𝗼 𝗢𝘂𝗿 𝗚𝗼𝗹𝗱 𝗦𝗽𝗼𝗻𝘀𝗼𝗿 🏅

Myanmar–Japan Alliance Business Association (MABA) မှ ကြီးမှူးကျင်းပသည့်
🎉 “Mandalay–Japan Festival & MABA 10th Anniversary” 🎉
အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် Gold Sponsor အဖြစ် ပါဝင်ပံ့ပိုးပေးကြသော Sponsor များအား MABA မှ အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ 🙏

သင်တို့၏ ယုံကြည်မှု၊ အားပေးမှုနှင့် ပူးပေါင်းပါဝင်မှုများသည် Event ၏ အောင်မြင်မှုအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ခဲ့ပြီး Japan–Myanmar Friendship, Business Networking နှင့် Cultural Exchange များကို ပိုမိုခိုင်မာစေရန် အထောက်အကူဖြစ်စေပါသည်। ✨

🎌🇲🇲 MABA ၏
“Learn Forever, Grow Together”
ဆိုသည့် ရည်မှန်းချက်နှင့်အတူ အနာဂတ်တွင်လည်း Japan–Myanmar Friendship နှင့် Business Collaboration များ ပိုမိုတိုးတက်လာစေရန် အတူလက်တွဲဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ 🤝

Together, we celebrate partnership, friendship, and shared success.






24/05/2026
06/05/2026
မြို့ပြ မွန်းကျပ်မှု့ တွေနဲ့ဝေးရာ... 𝗣𝗮𝗻 𝗟𝗮𝘂𝗻𝗴 𝗘𝗰𝗼 𝗟𝗼𝗱𝗴𝗲🌱သစ်တောတွင်း လမ်းလျှောက်ခြင်းသဘာဝကို တွေ့ ထိခံစားရာတွင် လူတို့၏စ...
04/05/2026

မြို့ပြ မွန်းကျပ်မှု့ တွေနဲ့ဝေးရာ... 𝗣𝗮𝗻 𝗟𝗮𝘂𝗻𝗴 𝗘𝗰𝗼 𝗟𝗼𝗱𝗴𝗲

🌱သစ်တောတွင်း လမ်းလျှောက်ခြင်း
သဘာဝကို တွေ့ ထိခံစားရာတွင် လူတို့၏စိတ်အာရုံ အားလုံးတွင် ပါဝင်သည့် တောတွင်း လမ်းလျှောက်ခြင်းကို သစ်တောကုထုံးအဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုလာပါတယ်။
တောထဲ၌ လမ်းလျှောက်ရုံမျှမက၊ ရှုခင်း၊ အသံ၊ အနံ့တို့၌ နှစ်မြုပ်ခံစားခြင်းကို သတိနှင့် ဆင်ခြင်သော အလေ့အကျင့် ဖြင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု့ကို အထောက်ကူဖြစ်စေပါတယ်။

မြို့ပြမှာ ရာသီဥတုကပူ ၊ရေကပျက်၊မီးကပျက် နဲ့ နေရတာ အဆင်မပြေရင် သဘာဝကြီးက ပေးထားတဲ့ Green Energy 💪💪စွမ်းအားတွေ ပန်းလောင်မှာ ခံစားလို့ ရနေပီနော်🥰🥰🥰
ပန်းလောင်မှာ သဘာဝကပေးထားတဲ့ solar energy နဲ့ ၂၄ နာရီ မီးမပျက်တော့ဘူး
မြို့ပြ ကနေ အပူရှောင်ကြရင်း သဘာဝ တရားကို ခံစားကြည့်ရအောင်
ပန်းလောင်မှာ ရေကူးမလား၊ တောင်ပေါ် စိမ့်စမ်း တွေမှာရေစိမ်ကြမလား၊ ရေတံခွန်မှာသွားပီး ရေချိုးကြမလား အားလုံးအဆင်ပြေ 👌 ပန်းလောင်မှာ အပူလာရှောင်လို့ ရပီနော်... မီးလည်း မပျက်ဘူး😂😂😂
ကဲ...လာလိုက်တော့

ဘယ်လို ၀န်ဆောင်မှု လေးတွေပါ၀င်မှာလဲ။

Day trip package မှာ ဒီဝန်ဆောင်မှု့တွေ ပါဝင် တယ်

-စက်လှေဝန်ဆောင်မှု့
-ရေတံခွန်ကို စက်လှေနဲ့ သွားတဲ့ဝန်ဆောင်မှု့
-တောင်ပေါ်ရေတံခွန် ပို့ပေးသောဝန်ဆောင်မှု့
-ဒေသခံ လမ်းပြ ဝန်ဆောင်မှု့
-ရေလမ်းခရီးအတွက် life jacket
-ရေကူးကျွမ်းကျင်တဲ့ ဝန်ထမ်း /လုံခြုံရေး
-နေ့လည်စာ
-အချိုပွဲ
-နားနေရန် ဘန်ဂလို
စသည့် ဝန်ဆောင်မှု့တွေရရှိမှာဖြစ်ပါတယ်

Day trip trekking ခရီးစဉ်မှာ ဘာတွေယူလာရမလဲ။☘️🌴🌾
-Personal water bottle
-Trekking Shoes (or) walking Shoes
-Extra Clothing
-Hat
-Sun Block Cream
အစရှိတာလေးတွေ ယူလာဖို့လိုအပ်ပါမယ်။

သတိ⛔️
( ပလတ်စတစ်အမှိုက်တွေနဲ့ သဘာဝပါတ်ဝန်းကျင်
ညစ်နွမ်းစေမယ့် ပစ္စည်းတွေတော့ မပစ်ခဲ့​ကြနဲ့နော် 😘😘 )

တစ်ဖွဲ့ချင်းစီကို သီးသန့် ဝန်ဆောင်မှု့ ပေးရတဲ့အတွက် ကြိုတင်ပီး လာမည့်ရက်ကို booking တင်ထားဖို့လိုပါတယ်ဗျ

အသေးစိတ် သိလိုပါက ဖုန်း
☎️09-983888721
☎️ 09-940405888
☎️09-940409922
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

စက်သုံးဆီ အခက်ခဲကြောင့် ပန်းလောင်ကို လာဖို့ခက်ခဲနေလား ...? ရန်ကုန်-ပန်းလောင် ၊ မန္တလေး-ပန်းလောင် ကို မီးရထားစီးပြီးလာလို...
03/04/2026

စက်သုံးဆီ အခက်ခဲကြောင့် ပန်းလောင်ကို လာဖို့ခက်ခဲနေလား ...?
ရန်ကုန်-ပန်းလောင် ၊ မန္တလေး-ပန်းလောင် ကို မီးရထားစီးပြီးလာလို့ရပြီနော်...!
မြစ်သားဘူတာမှာ ဆင်းရမှာပါ ။

မြစ်သား ဘူတာမှ -ပန်းလောင်ကို Shuttle bus ဆွဲပေးဖို့စီစဉ်နေပါပြီဗျ။

မီးရထားစီးပြီး အမှတ်တရတွေကို ဖန်တီးလိုက်ပါ ....!

ရန်ကုန် ၊မန္တလေးမှ ပန်းလောင် ကိုလာမယ့်သူများ ရထားစီးပြီးလာလို့ရပါပြီ။
မြစ်သား ဘူတာရုံမှာ (၁၁) အဆန်ရထားနှင့် အမှတ်(၁၂) အစုန် ရထား စီးလို့ရပါတယ်။
ရန်ကုန်ကနေ လာမယ်ဆိုရင် အမှတ် (၁၁) အဆန်ရထား စီးရမှာဖြစ်ပြီး မန္တလေးကနေ လာမယ်ဆိုရင် အမှတ်(၁၂) အစုန် ရထားစီးရမှာဖြစ်ပါတယ်။

ပင်လယ်ပျူ ဟု ခေါ်ဆိုသော မြန်မာပြည် အလယ်ပိုင်းတွင်နေထိုင်ကြသည့် ပျူလူမျိုးတို့သည် လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ပန်းလောင်ဒေ...
10/02/2026

ပင်လယ်ပျူ ဟု ခေါ်ဆိုသော မြန်မာပြည် အလယ်ပိုင်းတွင်နေထိုင်ကြသည့် ပျူလူမျိုးတို့သည် လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ပန်းလောင်ဒေသတွင် နေထိုင်ခဲ့ကြပါတယ်။ ပန်းလောင် Eco Lodge မှ စိုက်ပျိုးထိန်းသိမ်းထားသော ကျွန်းသစ်တောအတွင်းမှာ ပျူခေတ်ကအဆောက်ဦးတခုကို ရှေးဟောင်းအတိုင်း မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ထိုနေရာမှာ Eco Lodge မှ မီးနစ် ၂၀ ခန့် ဆိုင်ကယ်နှင့်သွားရောက်လေ့လာနိုင်ပါတယ်။

ပင်လယ်ပျူတို့အရပ်ဆီ
**********************
မြန်မာ့သမိုင်းမှာ ပုဂံခေတ်ထက်စောပြီး မြို့ပြနိုင်ငံထူထောင်ခဲ့ကြသူတွေဟာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ ပျူလူမျိုးတွေဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစတဲ့ မြို့ဟောင်းတွေဟာ မြန်မာပြည်မှာ ထွန်းကားခဲ့တဲ့ပျူမြို့ပြတွေထဲမှာတော့ အထင်ရှားဆုံးမြို့ဟောင်းကြီးတွေ ဖြစ်ကြပါတယ်။ အဲဒီမြို့ဟောင်းကြီးတွေလောက် လူသိများ မထင်ရှားပေမဲ့ သက်တမ်းရှည်ကြာတဲ့ တခြားပျူမြို့ဟောင်းတွေလည်း တည်ရှိနေပါတယ်။ အဲဒီလို သိပ်မထင်ရှားတဲ့ ပျူမြို့ဟောင်းတွေထဲကမှ 'ပင်လယ်ပျူမြို့ဟောင်း' ဆီ တစ်ခေါက်လောက် သွားရောက်လေ့လာကြည့်ကြရအောင်ပါ။

ပင်လယ်(သို့)မိုင်းမော
~~~~~~~~~~~~~~
ပင်လယ်ဆိုတာကတော့ 'မြစ်ပြင်ကျယ်၊ ရေပြင်ကျယ်(သို့) မြေပြင်ကျယ်' အဓိပ္ပာယ်ဆောင်တဲ့စာလုံး ဖြစ်ပါတယ်။ ဒီနေရာမှာတော့ 'ပင်လယ်'ဆိုတာ 'မြေပြင်ကျယ်'ကို ဆိုလိုတဲ့ဟန်ရှိပါတယ်။ ပျူတွေအကြောင်းဖော်ပြတဲ့ ရှေးရာဇဝင်တွေထဲမှာ 'ပင်လယ်ပျူမင်းတို့အုပ်စိုးရာ' ဆိုပြီး ဖော်ညွှန်းထားတာကြောင့် 'ပင်လယ်ပျူ'၊'ပင်လယ်မြို့' ရယ်လို့ ခေါ်လာတာဖြစ်ကြောင်း မှတ်သားရပါတယ်။ 'မိုင်းမော'ဆိုတာကတော့ ရှမ်းအမည်ကနေဆင်းသက်လာတာဖြစ်ကြောင်းပြောကြသလို၊ 'မက်မော' စတဲ့ဒဏ္ဍာရီဇာတ်လမ်းတွေကနေ ဆင်းသက်လာတာဖြစ်ကြောင်းလည်း ပြောကြပါတယ်။

တည်နေရာ
~~~~~~~
မိုင်းမော(သို့) ပင်လယ်မြို့ဟောင်းဟာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့အနီးမှာ တည်ရှိပါတယ်။ မန္တလေးကနေ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ကျောက်ဆည်သွားတဲ့ဘက်ဆက်လာပြီး ကျောက်ဆည်မြို့ကိုကျော်တဲ့အခါမြစ်သား၊ ကူမဲစတဲ့ မြို့များကို ရောက်မှာဖြစ်ပါတယ်။ ကူမဲမြို့ရောက်တဲ့အခါ မြို့ရဲ့အရှေ့တောင်ဘက် ကင်းတားဆည်သွားရာလမ်းအတိုင်း ၅မိုင်လောက် ဆက်သွားလိုက်ရင် မိုင်းမောရွာလေးကို ရောက်ပါတယ်။ မန္တလေးကနေ ကူမဲမြို့အထိ မိုင်လေးဆယ်ကျော်သာရှိပြီး လမ်းကောင်းတဲ့အတွက် မန္တလေးကနေ မိုင်းမောအရောက် ၂နာရီကျော်ကျော်လောက်ပဲ မောင်းရတာမလို့ နေ့ချင်းပြန်သွားရောက်နိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ မိုင်းမောမရောက်ခင် ခရုတုတ်၊ လက်ပံပင်၊ အုန်းနှဲဖုတ်(အုန္နဲပုတ်)စတဲ့ရွာလေးတွေကို ဖြတ်ကျော်လာပြီး နောက်ဆုံး ညောင်ပင်သာရွာလေးကို ဖြတ်ကျော်ပြီးရင်တော့ မိုင်းမောရွာကို ရောက်ရှိပါတယ်။

ပင်လယ်မြို့ဟောင်း
~~~~~~~~~~~~~
ပင်လယ်မြို့ဟောင်းဟာ တည်နေရာအညွှန်း မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၂ဝ မိနစ်နဲ့အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၂ မိနစ်မှာ တည်ရှိပါသည်။ တိမ်မြုပ်နေတဲ့ ပင်လယ်မြို့ဟောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာနကနေ ၁၉၇၉ခုနှစ်မှာ စတင်တူးဖော်ခဲ့တာဖြစ်ပြီး အုန္နဲပုတ်၊ မိုင်းမော၊ ကန်ဆွယ် စတဲ့ရွာတွေဟာ မြို့ဟောင်းရာထဲ ပါဝင်နေကြောင်း သိရပါတယ်။ တူးဖော်တွေ့ရှိချက်တွေအရ ပင်လယ်မြို့ဟောင်းဟာ တံတိုင်းသုံးထပ်ရှိပြီး အပြင်ဘက်ဆုံးမြို့ရိုးဟာ သရေခေတ္တရာမြို့ရိုးဟောင်းလို အဝိုင်းသဏ္ဌာန်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ မြို့ဟောင်းရဲ့ ဧရိယာအကျယ်အဝန်းမှာ ၁၉၆၂ဧက ကျယ်ဝန်းပြီး လက်ရှိအနေအထားအရ တချို့နေရာတွေမှာ မြို့ရိုးရဲ့ထုအကျယ်မှာ ၁၂ပေထူကာ အမြင့်မှာ ၁၅ပေကနေ ပေ ၂၀အထိ ရှိတယ်လို့ သိရပါတယ်။
စတုဂံပုံဒုတိယမြို့ရိုးကို အပြင်မြို့ရိုးအဝိုင်းထဲမှာ တွေ့ရပြီး အဲ့ဒီစတုဂံမြို့ရိုးထဲမှာမှတတိယမြောက် အတွင်းမြို့ရိုးကို အဝိုင်းပုံသဏ္ဌာန်နဲ့ ထပ်မံတွေ့ရှိရတဲ့ အတွက် ပင်လယ်မြို့ဟောင်းဟာ ရှေးကတော့ သိပ်ကိုခမ်းနားကြီးကျယ်ခဲ့တဲ့ မြို့ဟောင်းကြီးတစ်ခုဖြစ်ခဲ့မှာ မလွဲပါဘူး။ ဒါကြောင့် ပင်လယ်မြို့ဟောင်းဟာ ကျောက်ဆည်လွင်ပြင်တဝိုက် တွေ့ရတဲ့ရှေးဟောင်းမြို့တွေထဲမှာ အကြီးဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။ ပင်လယ်မြို့ဟောင်းအရှေ့တောင်ဘက် လေးမိုင်အကွာမှာ ရှေးဟောင်းသံချက်ဖိုတွေကိုလည်း တူးဖော်တွေ့ရှိခဲ့ရပါတယ်။
သုတေသနပညာရှင်တွေကတော့ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစတဲ့ ပျူမြို့ပြကြီးတွေထက် ပင်လယ်မြို့က ပိုစောတယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။ အေဒီ ၂ရာစုလောက်က ဒီနေရာမှာ မြို့ပြတစ်ခု အထင်အရှားထွန်းကားခဲ့ကြောင်းဆိုကြတဲ့အတွက် ပင်လယ်မြို့ဟောင်းဟာ အနှစ်(၂၀၀၀)နီးပါး သက်တမ်းရှိနေပြီဖြစ်တဲ့ ရှေးမြို့ဟောင်းကြီးတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ကာလရှည်ကြာလွန်းလို့လားပဲမသိပါ။ သရေခေတ္တရာနဲ့ ဗိဿနိုးမှာလို မြေပေါ်အထောက်အထားတွေဖြစ်တဲ့ အဆောက်အအုံကြီးကြီးမားမားတွေ မမြင်တွေ့ရတော့ပါဘူး။
မိုင်းမောရွာနဲ့ မနီးမဝေးက ကင်းတားဆည်ကြီးဟာလည်း ဟိုးအရင် ပုဂံခေတ် အနော်ရထာမင်းကြီးလက်ထက်ကတည်းက ရှိနေခဲ့တဲ့ ရှေးဟောင်းဆည်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ရှေးကတည်းက ပင်လယ်ဒေသဟာ မြေသြဇာကောင်းမွန်ပြီး လယ်ယာစိုက်ပျိုးရေးတိုးတက်ထွန်းကားခဲ့တဲ့နေရာတစ်ခု ဖြစ်ခဲ့မှာပါပဲ။
အေဒီ ၈ ရာစုအတွင်း ပျက်သုဉ်းခဲ့တယ်လို့ယူဆကြတဲ့ ပင်လယ်မြို့ဟောင်းကနေ ပျူဒင်္ဂါးတွေ၊ ပျူပုတီးစေ့တွေ၊ ရွှေဗုဒ္ဓရုပ်ပွားတော်နဲ့ ငွေဗုဒ္ဓရုပ်ပွားတော်တွေ၊ အရိုးအိုးတွေ၊ လက်ဝတ်အဆင်တန်ဆာတွေ၊ ပျူကျောက်စာနဲ့ ရွှေငွေပေလွှာအပိုင်းအစတွေ၊ ပျူခေတ်အသုံးအဆောင်ပစ္စည်းတွေ အစရှိတဲ့ ရှေးဟောင်းပစ္စည်းတွေ အများအပြားရရှိခဲ့ကြပါတယ်။ တူးဖော်တွေ့ရှိရတဲ့
-ဗုဒ္ဓဆင်းတုတော်တွေလို ကိုးကွယ်ယုံကြည်မှုပိုင်းဆိုင်ရာ အထောက်အထားတွေ၊
-ပျူဒင်္ဂါးတွေလို စီးပွားကူးသန်းမှုဆိုင်ရာထွန်းကားခဲ့တဲ့ အထောက်အထားတွေ၊
-လယ်ယာစိုက်ပျိုးရေးအတွက် ရေပေးဝေမှုစနစ် တိုးတက်ထွန်းကားခဲ့ပုံ အထောက်အထားတွေ၊
-မြို့ရိုးနဲ့ နန်းတော်ရာဟောင်းတွေလို ကာကွယ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အထောက်အထားတွေ၊
-အဆောက်အအုံဗိသုကာနဲ့ သံချက်ဖိုတွေလို နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုအထောက်အထားတွေ၊
-ကျောက်စာ၊ ရွှေပေလွှာ၊ ငွေပေလွှာတွေလို ထွန်းကားခဲ့တဲ့ စာပေအထောက်အထားတွေ၊
-လက်ဝတ်အဆင်တန်ဆာနဲ့ လူမှုအသုံးအဆောင်ပစ္စည်းတွေလို ယဉ်ကျေးမှုဆိုင်ရာအထောက်အထားတွေ
အစရှိတဲ့ အထောက်အထားတွေအားလုံးဟာ ပင်လယ်မြို့ဟောင်းမှာ ရှေးဟောင်းပျူယဉ်ကျေးမှုတစ်ရပ် အဆင့်တန်းမြင့်မားစွာ ထွန်းကားခဲ့ကြောင်းကို သက်သေခံနေပါတယ်။
နောက်ပြီး မိုင်းမောအနီး ရွာငံဒေသမှာရှိတဲ့ ပြဒါးလင်းဂူဟာလည်း ကျောက်ခေတ်လူသားတွေရဲ့ အနှစ်နှစ်သောင်းလောက်သက်တမ်းရှိတဲ့ နံရံပန်းချီတွေကို တွေ့ရှိရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပဲ ရှေးဦးလူတွေအခြေချနေထိုင်ခဲ့ကြတယ်ဆိုတာကို အခိုင်အမာပြောနိုင်ပါတယ်။

လက်ရှိမိုင်းမောဒေသ
~~~~~~~~~~~~~~
မိုင်းမောရွာအလွန် ကင်းတားဆည်ကြီးဆီသွားရာ လမ်းဘေးက သရက်ပင်ကန်ဆွယ်ရွာတစ်ကြောဟာ အရင်က ပင်လယ်ပျူမြို့ဟောင်းရဲ့ အပြင်မြို့ရိုးနေရာဖြစ်ကြောင်း သိရပါတယ်။ မြေမို့မို့ကုန်းတန်းလေးလို့ဖြစ်နေတဲ့ အုတ်ရိုးတွေလည်း တောက်လျှောက်တွေ့ရသလို ပျူခေတ်ရှေးဟောင်းအုတ်ချပ်ကြီးတွေကိုလည်း တွေ့နိုင်ပါတယ်။ သရက်ပင်ကန်ဆွယ်ရွာသွားရာလမ်းတစ်လျှောက်လုံး ရှည်လျားတဲ့အုတ်ရိုးတန်းကြီးကို မြုပ်ချည်ပေါ်ချည် တွေ့ရပါတယ်။

ကန်ဆွယ်ရွာအပြင်ဘက် လယ်ကွင်းတွေရဲ့အလယ် တစ်နေရာမှာ ပျူခေတ်ဆိုင်ရာသာသနိကအဆောက်အဦတစ်ခုရှိပါတယ်။ အောက်ခြေအုတ်ခုံလောက်သာကျန်တော့တဲ့ ဒီအဆောက်အဦမှာတွေ့ရတဲ့ အုတ်စီအလှဖော်ပုံ ဗိသုကာဟန်တွေဟာ သရေခေတ္တရာပျူမြို့ဟောင်းက မြန်မာပြည်ရဲ့စေတီတည်ထားကိုးကွယ်မှုသမိုင်းမှာ အစောဆုံးဖြစ်တဲ့ မသီးကျကုန်းစေတီနဲ့ ထပ်တူကျနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီအလုပ်အဆောင်မျိုးဟာပျူခေတ်သာသနိကအဆောက်အအုံမျိုးတွေမှာသာတွေ့ရပြီး ပုဂံခေတ်မှာတောင် မတွေ့နိုင်တဲ့ လက်ရာပုံစံ ဖြစ်ပါတယ်။ အလယ်မှာ အဝိုင်းသဏ္ဌာန်အုတ်ပလ္လင်တစ်ခုတွေ့ရပါတယ်။ မသီးကျကုန်းမှာလိုပဲ အလယ်က ထူပါရုံရှိခဲ့ရာနေရာလို့ ယူဆရပါတယ်။
မြေအောက်နစ်မြုပ်နေခဲ့တဲ့ ဒီရှေးဟောင်းဘုရားကုန်းကို ရှေးဟောင်းသုတေသနဌာနကနေ တူးဖော်ခဲ့တာဖြစ်ပြီး အဆောက်အအုံရဲ့ မူလပုံသဏ္ဌာန်ဟာ လေးထောင့်အုတ်ပလ္လင်ပေါ် ထူပါစေတီပါတဲ့ သာသနိကအဆောက်အအုံအမျိုးအစားဖြစ်တယ်လို့ ပညာရှင်တွေကခန့်မှန်းကြပါတယ်။ အုတ်ပလ္လင်ပေါ်တက်ရောက်ဖို့ရာ အုတ်လှေကားတွေတွေ့ရသလို ပတ်ပတ်လည်မှာ ခိုနန်းချိုး အတိုးအဆုတ်တွေနဲ့ အလှဆင်ထားပုံဟာလည်း ပျူတွေရဲ့အုတ်စီပညာအဆင့်အတန်းမြင့်မားခဲ့ပုံကို ပြသနေပါတယ်။ လက်ရှိစေတီကုန်းတစ်ဝိုက်မှာ လက်စင်းရာပါ ပျူခေတ်အုတ်ချပ်ကြီးတွေ ပြန့်ကျဲနေတာတွေ့ရပြီး ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းနေသေးတာ တွေ့ရပါတယ်။ အဲ့ဒီကုန်းနဲ့ မနီးမဝေး လယ်ကွင်းတွေကြားမှာလည်း တောဖုံးနေတဲ့ နောက်ထပ်ဘုရားကုန်းတစ်ခုကို တွေ့ရပါတယ်။

ပင်လယ်မြို့ဟောင်းပြတိုက်ငယ်
~~~~~~~~~~~~~~~~~~~~~
ပြတိုက်ထဲမှာ လက်စင်းရာအမျိုးမျိုးပါတဲ့ ပျူခေတ်အုတ်ချပ်ကြီးတွေ၊ နယားစီး(သို့) ဒဏ္ဍာရီလာသတ္တဝါကို စီးနင်းနေဟန်စစ်သည်တွေ၊ ဘဒ်ဒပီဌတံဆိပ်ပါအုတ်ချပ်ကြီးတွေစတဲ့ ရှေးဟောင်းပျူပစ္စည်းတွေအများအပြား ပြသထားတာတွေ့ရပါတယ်။ မြေဆေးအိုးတွေ၊ ရေကရားတွေ၊ အုတ်ခြမ်းပဲ့အပိုင်းအစတွေ၊ အရိုးအိုးတွေကိုလည်း တွေ့ရပါတယ်။ အဲ့ဒီထဲက တချို့ပစ္စည်းတွေကတော့ ပျူခေတ်နဲ့ မသက်ဆိုင်ပါဘူး။ ဒီရှေးဟောင်းပစ္စည်းတွေကို သက်ဆိုင်ရာကနေ ထိန်းသိမ်းပြသထားတာမျိုးမဟုတ်ဘဲ မိုင်းမောဆရာတော်ကနေ စုဆောင်းပြသထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီပြတိုက်လေးကလည်း သိမ်ကြီးဘုန်းကြီးကျောင်းဝင်းအတွင်းရှိနေတာပါ။ ဒါပေမယ့် လမ်းမပေါ်မေးတင်မလို့ လမ်းကနေ အလွယ်တကူတွေ့နိုင်ပါတယ်။
အဲဒီပြတိုက်ရဲ့ နောက်ကျောကပ်ရပ်မှာ သိမ်ကြီးဘုရားနဲ့ သိမ်တော်ကြီး ရှိပါတယ်။ ဒီအစုက အဆောက်အအုံတွေအားလုံးကတော့ နှောင်းလက်ရာတွေချည်း ဖြစ်ကုန်ပါပြီ။ သိမ်ထဲမှာ အရင်က နံရံပန်းချီတွေရှိခဲ့တယ်လို့ ကြားဖူးပေမဲ့ ယခုမတွေ့ရတော့ပါ။ သိမ်ကြီးဘုရားနဲ့ မလှမ်းမကမ်းက နန်းတော်ရာ(သို့) နန်းဦးဘုရားရှိပါတယ်။ နန်းတော်ဘုရားဆိုတာကတော့ မြို့ဟောင်းအလယ်တည့်တည့်မှာရှိနေလို့အစဉ်အဆက် နန်းဦးဘုရားလို့ခေါ်လာတာဖြစ်ကြောင်း သိရပါတယ်။ နန်းတော်ရာဟောင်းနေရာမှာ ရှိနေလို့လည်း နန်းတော်ရာဘုရားလို့လည်း ခေါ်ကြပါတယ်။ ဒီနန်းဦးဘုရားစုမှာလည်း အဆောက်အအုံအားလုံး အသစ်ဖြစ်နေတာ တွေ့ရပါတယ်။
မိုင်းမောဒေသမှာ အခုပြောခဲ့တဲ့နေရာတွေအပြင် ဖိုးကြာပင်ဘုရားနဲ့ အနီးတဝိုက်ကအုတ်ကုန်းတွေ၊ လုံးတော်နီဘုရား၊ မိုင်းမောတဝိုက်က ရှေးဟောင်းဘုရားကုန်းတွေနဲ့ မြို့ရိုးဟောင်းနေရာတွေ စတာတွေဟာ ပင်လယ်မြို့ဟောင်းတဝိုက်က လေ့လာဖွယ် နေရာတွေပဲဖြစ်ပါတယ်။ မိုင်းမောဒေသထဲမပါပေမဲ့ ပင်လယ်ပျူယဉ်ကျေးမှုနဲ့ ဆက်စပ်နေတယ်လို့ယူဆရတဲ့ မြနဒီကျောက်စာရှိရာ မြစ်သားမြို့က ရွှေမုဌောဘုရားကိုတော့ ကျောက်စာစိတ်ဝင်စားသူတွေအဖို့ ဝင်ရောက်လေ့လာသင့်ပါတယ်။ အခုပြောခဲ့တဲနေရာတွေထဲက တချို့နေရာတွေက ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တိမ်မြုပ်နေပြီဖြစ်တဲ့အတွက် မိုင်းမောဆရာတော်ထံ မေးလျှောက်တာပဲဖြစ်ဖြစ်၊ လမ်းသိတဲ့ဒေသခံတစ်ဦးဦးကို ခေါ်တာပဲဖြစ်ဖြစ် သွားမှသာ အဆင်ပြေနိုင်ပါမယ်။

မိုင်းမော(သို့) ပင်လယ်မြို့ဟောင်းဒေသမှာ မြေအောက်ရောက်နေတဲ့အထောက်အထားတွေ၊ မြေပေါ်မှာ ကျန်ရှိနေတဲ့ အထောက်အထားတွေ၊ ရှေးမြို့ရိုးတွေ၊ ရေသွင်းစနစ်တွေစတဲ့ ရှေးဟောင်းသုတေသနဆိုင်ရာအချက်အလက်တွေ အများအပြားကျန်နေသေးမှာ အမှန်ပဲဖြစ်ပါတယ်။ ဆက်လက်ပြီး စနစ်တကျတူးဖော်သွားမယ်ဆို မိုင်းမောဒေသမှာ ဒီ့ထက်ပိုပြီး လေ့လာစရာတွေ ပေါ်ထွက်လာဦးမှာ အမှန်ပါပဲ။ တကယ်တော့ ရှေးမြို့ဟောင်းတစ်ခုဆိုတာ လေ့လာလို့ မကုန်မခန်းနိုင်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
မိုင်းမောရှေးဟောင်းဒေသကို လေ့လာပြီးလို့ ရေမြေတောတောင်သဘာဝရှုခင်းအလှအပတွေကို ခံစားကြည့်ရှုချင်သေးတယ်ဆိုရင်တော့ ကင်းတားဆည်ကြီးရှိရာသွားရောက်လည်ပတ်နိုင်ပါတယ်။ ကင်းတားရေလှောင်မံကြီးဟာ ကူမဲမြို့ကနေ ၂၁မိုင်အကွာ၊ မိုင်းမောကနေ အရှေ့တောင်ဘက် ၁၆ မိုင်အကွာမှာ တည်ရှိပါတယ်။ တကယ်ဆိုကင်းတားရေလှောင်တမံကြီးဟာ မန်တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နဲ့တို့ထိစပ်ရာ နယ်စပ်လိုင်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ပြဒါးလင်းဂူသွားဖို့ရာ အတွက်ဆိုလည်း ဒီကင်းတားဆည်ကနေတစ်ဆင့် သွားရောက်ရမှာ ဖြစ်ပါတယ်။
မိုင်းမောဒေသလေ့လာရေးခရီးစဉ်ဟာ ရှေးဟောင်းသုတေသနစိတ်ဝင်စားသူတွေအဖို့ပျူခေတ်က ရှေးဟောင်းအထောက်အထားတွေကို လေ့လာနိုင်မှာဖြစ်သလို၊ တောတောင်ရှုခင်း ခံစားလိုသူတွေအဖို့ ကင်းတားဆည်ကြီးရှိရာ သွားရောက်လည်ပတ်နိုင်တာကြောင့်လေ့လာရေးခရီးရော အပန်းဖြေခရီးပါ တစ်ခါတည်းစီစဉ်နိုင်တဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ခရီးစဉ်လေးပဲ ဖြစ်ပါတယ်။

#စည်သူသန့်(မန်း)
ကိုးကား။
ဌေးဝေ၊ ပျူမြို့ပြယဉ်ကျေးမှုသမိုင်း။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁)။

ဘုံဘေဘားမား ကုမ္ပဏီဟာ သစ်ပင် တစ်ပင်ကို ခုတ်ချိန်တန်လို့ ခုတ်တော့မယ်ဆိုရင်တောင် အဲဒီ့ သစ်ပင်ကို သေအောင် သတ်ပါတယ်။ သစ်ပင်က...
08/02/2026

ဘုံဘေဘားမား ကုမ္ပဏီဟာ သစ်ပင် တစ်ပင်ကို ခုတ်ချိန်တန်လို့ ခုတ်တော့မယ်ဆိုရင်တောင် အဲဒီ့ သစ်ပင်ကို သေအောင် သတ်ပါတယ်။ သစ်ပင်ကို သေအောင်သတ်ဖို့က အချိန်တော်တော် ပေးရပါတယ်။ သစ်ပင်တစ်ပင်ကို ဒီအတိုင်းခုတ်လိုက်ရင် ပြန် မရှင်သန်ပေမယ့် အဲဒီ့ အပင်အောက်က ရေသောက်မြစ်တွေကတော့ အလုပ်လုပ်နေတုန်းပါပဲတဲ့။ အလုပ်လုပ်နေရင် မြေဆီလွှာထဲက အရာတွေကို သစ်ပင်ရဲ့ အမြစ်တွေက စုပ်ယူနေဆဲ ဖြစ်နေလို့ ဘာအမြစ်မှ အလုပ်မလုပ်ဘဲ သေမှသာ သစ်ပင်ကို ခုတ်ခိုင်းပါတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ရတော့ အံ့သြခဲ့ရဖူးတယ်။

British တွေဟာ သူတို့ colonized လုပ်ထားတဲ့ နယ်မြေက သစ်ပင်တစ်ပင်ချင်း အပေါ်မှာ အဲလို စည်းကမ်းရှိခဲ့ကြသလားပေါ့။ ငါတို့ ငယ်စဉ်ကကတည်းက သင်ရတာတော့ ဘုံဘေဘားမားဟာ လက်ဝါးကြီးအုပ်တဲ့ လုပ်ငန်းကြီးတစ်ခုပါပဲ။ တကယ် လက်ဝါးကြီး အုပ်ခဲ့ရင်တောင် ဒီလောက် ကောင်းတဲ့ ပညာကို ဘာလို့ မသင်ခဲ့ရလဲဆိုတာ ဆယ်ကျော်သက်ဘဝမှာ မေးခွန်းကြီး တစ်ခုပါပဲ။

အသက်တွေ ကြီးလာတဲ့အခါ အမေရိကန်က သူတို့ဆီမှာ ရေနံထွက်တဲ့ ဒေသတွေ အများကြီး ရှိပေမယ့် တစ်ချို့ ဒေသလောက်ပဲ တူးကြောင်း၊ သူများနိုင်ငံတွေဆီကပဲ ရေနံ ဝယ်ယူကြောင်း သိလာရတော့ တဖြည်းဖြည်း သဘောပေါက်နားလည်လာတယ်။ ဂေဟစနစ်ဆိုတာ တစ်နိုင်ငံတည်း လိုက်နာလို့ မရဘူးဆိုတာလည်း သဘောပေါက်လာတယ်။

စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတွေကို သဘောကျတဲ့ အထဲမှာ အချစ်အကြောင်း ဇာတ်ကောင် အကြောင်းတွေထက် သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ဗဟုသုတအနေနဲ့ ထည့်ထည့်ပေးတာလည်း ပါခဲ့တာပေါ့။ အသက် ၃၅ လောက်မှာ ဘာအအေး ဝယ်သောက်သောက် မော့သောက်တဲ့ အကျင့် ဖြစ်လာတယ်။ ပလက်စတစ်ပိုက်တွေ မယူတော့ဘူး။

ကျနော်တို့ဟာ ကမ္ဘာမြေကို ချစ်တတ်ဖို့ လိုပါတယ်။ ဒီလိုအချိန်မျိုးမှာ လူအချင်းချင်းတောင် သတ်ဖြတ်နေတဲ့ အချိန် သက်မဲ့လို့ ခေါ်ဆိုနိုင်တဲ့ သစ်ပင်တွေ၊ မြစ်ချောင်းတွေကို ချစ်ဖို့ ပြောရတာတော့ တော်တော် ခက်နေပါလိမ့်ဦးမယ်။ အဲဒါတွေက အရေးမကြီးသေးဘူးလို့ လာငြင်းရင်လည်း ကျနော်က သက်မဲ့ ဖြစ်တဲ့ လေကို မရှူဘဲ နေကြည့်ပါလို့ ပြောရပါလိမ့်မယ်။

ကျနော်တို့ ရှူနေရတဲ့ အောက်ဆီဂျင်ကို သစ်ပင်တွေက ထုတ်ပေးနေတယ်ဆိုတာ မှန်ပေမယ့် တကယ့် တကယ်ကတော့ ကျနော် တို့ ပတ်ဝန်းကျင်က သစ်ပင်တွေက ထုတ်တာ အင်မတန်နည်းပါတယ်။ ပင်လယ်အောက်က Plankton လို့ ခေါ်တဲ့ ရေညှိရေမှော်အပင်မျှောလေး(တချို့ကလည်း သစ်ပင်၊ တစ်ချို့ကလည်း တိရိစ္ဆာန်) တွေက ထုတ်နေကြတာပါတဲ့။ ကုန်းမြေပေါ်က သစ်ပင်တွေကတော့ ကျနော်တို့ လူတွေအတွက် မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူကြပါတယ်။

ဂေဟစနစ်ဆိုတာ ဒီအတိုင်းပါပဲ။ တစ်ယောက်မလိုတာကို တစ်ယောက်ကလိုအပ်ခြင်း၊ တစ်ယောက်လိုတာကို တစ်ယောက်က မလိုအပ်လို့ ထုတ်ပေးခြင်းနဲ့ လည်ပတ်နေကြတဲ့ ကမ္ဘာကြီးပါပဲ။ ခေတ်အဆက်ဆက်မှာ ဂေဟစနစ်နဲ့ အံဝင်ဂွင်ကျ လိုက်မပြောင်းနိုင်လို့ မျိုးတုန်းသွားကြတဲ့ သတ္တဝါတွေ မနည်းပါဘူး။လူအများနဲ့ သဟဇာတမဖြစ်လို့ အခု မျိုးတုန်းတော့မယ့် စနစ်တွေဆိုရင်လည်း ဒီလိုပါပဲ။ အံဝင်ဂွင်ကျ လိုက်မပြောင်းနိုင်ရင် အရာအားလုံးဟာ ပျောက်ကွယ်သွားကြလေ့ ရှိပါတယ်။

ဘာပဲဖြစ်ဖြစ်ပါလေ။ သဘာဝတရားကြီးကို ချစ်ကြပါ။
အချစ်ဆိုတာလေ အသိဉာဏ်နဲ့ဆိုင်ပါတယ်။
လမ်းဘေး အကြော်သည် အမေက သူ့သားသမီးကို ချစ်လို့ အော်ဆဲနေတာလည်း အချစ်ပါပဲ။ အသိဉာဏ်ကွာသွားတော့ သက်ရောက်မှုတွေ ကွာကြတာပဲပေါ့။

ကျနော်တို့ ကမ္ဘာကြီးကို ပိုမြင့်တဲ့ အသိဉာဏ်တွေနဲ့ ချစ်တတ်ကြဖို့ တိုက်တွန်းပါရစေဗျာ။

Credit - Si Thu Myint Mgmg

What is Forest Ecosystem?
A forest ecosystem is a functional unit or a system which comprises of soil, trees, insects, animals, birds, and man as its interacting units. A forest is a large and complex ecosystem and hence has greater species diversity.
Also, it is much more stable and resistant to the detrimental changes as compared to the small ecosystems such as wetlands and grasslands.
A forest ecosystem, similar to any other ecosystem, also comprises of abiotic and biotic components. Abiotic components refer to inorganic materials like air, water, and soil. Biotic components include producers, consumers, and decomposers.
These components interact with each other in an ecosystem and thus, this interaction among them makes it self-sustainable.

Address

ကူမဲ-ကင်းတားဆည်လမ်း ၁၄/၅
Myittha

Telephone

+959940405888

Website

Alerts

Be the first to know and let us send you an email when 𝗣𝗮𝗻 𝗟𝗮𝘂𝗻𝗴 𝗘𝗰𝗼 𝗟𝗼𝗱𝗴𝗲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗣𝗮𝗻 𝗟𝗮𝘂𝗻𝗴 𝗘𝗰𝗼 𝗟𝗼𝗱𝗴𝗲:

Share