Myanmar.Travel

Myanmar.Travel This page is operated by Digital Marketing Team of the Ministry of Hotels and Tourism, Myanmar.
(1)

Our aim is to provide destination information and inspire domestic visitors to travel around the country.

ထန်းလျက်သည် ထန်းရည်ချိုကို ကျိုချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်ပါတယ်။ ထန်းလျက်ကိုအရသာအမျိုးမျိုးနဲ့ ထုတ်လုပ်ကြပြီး အစားအစာ၊ ...
16/08/2025

ထန်းလျက်သည် ထန်းရည်ချိုကို ကျိုချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်ပါတယ်။ ထန်းလျက်ကိုအရသာအမျိုးမျိုးနဲ့ ထုတ်လုပ်ကြပြီး အစားအစာ၊ မုန့်များထုတ်လုပ်ရာတွင်လည်း ထည့်သွင်း အသုံးပြုကြပါတယ်။ သဘာဝပစ္စည်းစစ်စစ်မှ ထုတ်လုပ်ထားတဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အစွမ်းရှိပြီး အစာကြေလွယ်စေတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့ထမင်းဝိုင်းမှာ ဆေးဖက်ဝင်တဲ့ အချိုတည်းစရာ တစ်ခုအနေနဲ့ ရှေးယခင်ကပင်တည်ရှိခဲ့ပြီး လက်ရှိအချိန်ထိ လူကြီး/လူငယ်မရွေး အထူး ကြိုက်နှစ်သက်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။
#စွဲမက်ဖွယ်ရာပြည်မြန်မာ #ထန်းလျက်

✨မြန်မာ့ရုပ်သေးသည် မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ်အနုပညာတစ်ရပ်ဖြစ်ရုံသာမက မြန်မာ့စာပေ၊  မြန်မာ့ပန်းပု၊ မြန်မာ့ဂီတ၊ မြန်မာ့အကစသေ...
14/08/2025

✨မြန်မာ့ရုပ်သေးသည် မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ်အနုပညာတစ်ရပ်ဖြစ်ရုံသာမက မြန်မာ့စာပေ၊ မြန်မာ့ပန်းပု၊ မြန်မာ့ဂီတ၊ မြန်မာ့အကစသော မြန်မာမှုမြန်မာဟန် မြန်မာ့ ရိုးရာအစဉ်အလာများနှင့်ဆက်နွှယ်လျက်ရှိသည်။ ရှေးမြန်မာမင်းများလက်ထက်ကပင် ပေါ်ပေါက်လာခဲ့သည့်ရုပ်သေးပညာသည် ယနေ့ထိတိုင်တန်ဖိုးထားခံရသော အနုပညာ တစ်ရပ်အဖြစ်ရပ်တည်လျက်ရှိသည်။ ရုပ်သေးစင်ထက်မှ အဆို၊ အက၊ အတီးအမှုတ် များသည် ကြည့်ရှုသူပရိသတ်တို့၏ စိတ်ဘဝင်ကို ဖမ်းစားထားနိုင်သည်။ မြန်မာနိုင်ငံရောက် နိုင်ငံတကာခရီးသွားဧည့်သည်များသည်လည်း မြန်မာမှုမြန်မာ့ဟန်များလွှမ်းခြုံ နေသော မြန်မာ့ရုပ်သေးအကအလှများကို စိတ်ဝင်စားလေ့လာလေ့ရှိကြသည်။ ရုပ်သေးအကသည် မြန်မာတို့၏ ရာဇဝင်သမိုင်းကြောင်းများ၊ ရိုးရာယဉ်ကျေးမှုများစွာကို ထုတ်ဖော်ပြသခြင်းလည်းဖြစ်ပေရာ ထိန်းသိမ်းစောင့်ရှောက်ရမည့်အမွေအနှစ်တစ်ခု အဖြစ်ဖော်ပြပေးလိုက်ရပါသည်။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #မြန်မာ့ရုပ်သေး

12/08/2025

ရိုးရှင်းသာယာလှပ မြန်မာ့တောသဘာဝအလှ🌿✨

#စွဲမက်ဖွယ်ရာပြည်မြန်မာ #တောသဘာဝတောအလှ

မနက်ဖြန်ဆိုရင် (၁၅)ကြိမ်မြောက်အာခါရိုးရာဒါန်းစီးပွဲတော်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့ကျေးရွာမှ...
11/08/2025

မနက်ဖြန်ဆိုရင် (၁၅)ကြိမ်မြောက်အာခါရိုးရာဒါန်းစီးပွဲတော်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့ကျေးရွာမှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်နော်✨✨✨✨။

photos

အာခါရိုးရာဒါန်းစီးပွဲတော်အကြောင်းသိရှိရန်-
https://www.facebook.com/share/p/16pQaZUrVP/

#စွဲမက်ဖွယ်ရာပြည်မြန်မာ #အာခါရိုးရာဒါန်းစီးပွဲတော်

အာခါလူမျိုးတို့ရဲ့ ထူးခြားတဲ့တိုင်းရင်းရိုးရာဓလေ့တွေကိုလေ့လာရင်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်မယ့် အာခါဒါန်းစီးပွဲတေ...
08/08/2025

အာခါလူမျိုးတို့ရဲ့ ထူးခြားတဲ့တိုင်းရင်းရိုးရာဓလေ့တွေကိုလေ့လာရင်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်မယ့် အာခါဒါန်းစီးပွဲတော်ကျင်းပမယ့်အချိန်နီးကပ်လာပါပြီ။

ရဲခူအဖွေ(ခေါ်) အာခါဒါန်းစီးပွဲတော်ဟာ အာခါတိုင်းရင်းသားများအတွက် အထွတ်အမြတ်ထားရာနှင့် အလေးထားရာပွဲတော်တစ်ခုဖြစ်ပါတယ်။ ပွဲတော်ကို နှစ်စဉ်သြဂုတ်လတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်မြို့များရှိ အာခါရွာများတွင် အလှည့်ကျကျင်းပလျက်ရှိပါတယ်။ အာခါတိုင်းရင်းသားများဟာ တောင်ပေါ် ဒေသနေလူမျိုးစုဖြစ်တဲ့အတွက် လယ်ယာစိုက်ပျိုး ရေးစနစ်ကို ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့ကြပြီး မိမိတို့ရဲ့လယ်ယာတွေကို ထွန်ယက်စိုက်ပျိုးပြီးတဲ့အခါ ညီညွှတ်ခြင်း၊ အေးချမ်းခြင်းနဲ့ စားရေရိက္ခာဖူလုံကြွယ်ဝစွာရရှိစေဖို့ရည်ရွယ်ပြီး ရိုးရာ ဒါန်းစီးပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်းသိရပါတယ်။ စိုက်ထူထားတဲ့ ဒါန်းတော်ကို ပျော်ရွှင်စွာစီးနင်းပြီး မိမိတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် ခြင်းဖြင့် အမျိုးဂုဏ်ကို မြှင့်တင်ကြစေလိုခြင်းလည်းဖြစ်ပါတယ်။

ယခု ၂၀၂၅ ခုနှစ်ရဲ့ (၁၅) ကြိမ်မြောက်ဖြစ်တဲ့ အာခါရိုးရာဒါန်းစီးပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့ကျေးရွာတွင် သြဂုတ်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာလို့သိရတဲ့အတွက် ပျော်ရွှင်စွာလာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #အာခါရိုးရာဒါန်းစီးပွဲတော်

ကိုယ်ပိုင်အားလပ်ချိန်လေးမှာ ချစ်ရတဲ့သူတွေနဲ့အတူတူ ခရီးတစ်ခုကိုပျော်ပျော်ပါးပါး ထွက်ကြည့်လိုက်ပါ။ ခရီးတစ်ခုပဲဆိုပေမယ့် တသ...
06/08/2025

ကိုယ်ပိုင်အားလပ်ချိန်လေးမှာ ချစ်ရတဲ့သူတွေနဲ့အတူတူ ခရီးတစ်ခုကိုပျော်ပျော်ပါးပါး ထွက်ကြည့်လိုက်ပါ။ ခရီးတစ်ခုပဲဆိုပေမယ့် တသက်လုံးစွဲမက်စေမယ့်အမှတ်တရတွေကို ချန်ထားရစ်နိုင်ပါတယ်………......🦋

#စွဲမက်ဖွယ်ရာပြည်မြန်မာ

ရွှေမြန်မာတို့ရဲ့ရိုးရာမုန့်**********************မုန့်လင်မယားဟာ လူတိုင်းနီးပါးကြိုက်ကြပြီး  မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ...
02/08/2025

ရွှေမြန်မာတို့ရဲ့ရိုးရာမုန့်
**********************
မုန့်လင်မယားဟာ လူတိုင်းနီးပါးကြိုက်ကြပြီး
မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ဆွဲဆောင်လျက်ရှိနေတဲ့ ရိုးရာမုန့်တစ်မျိုးဖြစ်ပါတယ်။ မုန့်လင်မယားပြုလုပ်တဲ့အခါ မုန့်နှစ်ရည်က အဓိကဖြစ်တဲ့အတွက် မုန့်နှစ်ရည်စပ်တဲ့အခါ ပြည့်စုံကောင်းမွန်မှသာ မုန့်လင်မယားရဲ့အရသာ ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ မုန့်အနှစ်နဲ့အတူ ပဲပြုတ်၊ ကြက်သွန်မြိတ်၊ ငုံးဥ၊ ခရမ်းချဉ်သီးစတာတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ အပြင်ခွံကြွပ်ကြွပ်လေးနဲ့ အတွင်းသားအိတဲ့ မုန့်လင်မယားကို နှမ်းထောင်းလေးနဲ့တွဲစားလေ့ရှိကြသလို အချဉ်ရည်နဲ့လည်းတို့စားကြပါတယ်။
မုန့်လင်မယားကို အဆာပြေသရေစာအနေနဲ့ စားလေ့ရှိကြတာဖြစ်ပြီး ပွဲလမ်းသဘင်၊ ညစျေးတန်းတွေမှာတွေ့နိုင်တာလည်း ဖြစ်ပါတယ်။ ဘယ်အချိန်ပဲစားစား ပွဲလမ်းသဘင်ထဲရောက်ရှိသွားသလို ခံစားသွာ ရစေမယ့် ရွှေမြန်မာတို့ရဲ့ရိုးရာမုန့်တစ်မျိုးဖြစ်ပါတယ်နော်💕။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #မုန့်လင်မယား

ဂုဏ်ယူဖွယ်ရာ  မြန်မာ့လက်မှုပညာရပ်************************************✨ငွေထည်လုပ်ငန်းသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ  မြန်မာ...
31/07/2025

ဂုဏ်ယူဖွယ်ရာ မြန်မာ့လက်မှုပညာရပ်
************************************
✨ငွေထည်လုပ်ငန်းသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည်။ ငွေဖလားဖြင့်ရေလောင်းခြင်း၊ နံ့သာဖျန်းခြင်း၊ ငွေကရားငယ်များဖြင့် ရေစက်သွန်းချခြင်းမှအစ အလှူမင်္ဂလာပွဲများ၊ လှူဒါန်းမှုပွဲများတွင် ငွေထည်ပစ္စည်း များကို အလေးအမြတ်ထားသုံးစွဲကြလေ့ရှိကြသည်။ ငွေထည်ပြုလုပ်ရာတွင် “ဘော်”ဟု ခေါ်သည့် ငွေစင် ၉၀ ရာခိုင်နှုန်း၊ ကြေးစင် ၁၀ ရာခိုင်နှုန်းကို ကုန်ကြမ်းအနေနှင့် ပေါင်းစပ်ပြုလုပ်ကြရသည်။ ငွေကိုအရည်ကြိုခြင်း၊ ငွေပြားကြိတ်ခြင်း၊ ကြိတ်ပြီးရလာ သော ငွေပြားကို ပြုလုပ်လိုသည့် ငွေထည်အရွယ်အစားအလိုက် ဖြတ်တောက်ပြီး ပုံသဏ္ဍာန်ဖော်ကြရသည်။

လက်မှုပညာရှင်များအနေနှင့် အချိုးအစားညီညီပေါင်းစပ် လုပ်ကိုင်မှသာ သပ်ရပ်လှပသော ငွေထည်ပစ္စည်းများကို ရရှိလာမှာဖြစ်ပါသည်။ ငွေထည်ပစ္စည်းများကို အရုပ်များ၊ ပန်းခက်ပန်းနွယ်များဖြင့် ရုပ်လုံးဖော်ကာထွင်းလုပ် ထားခြင်းသည် ငွေထည်လုပ်ငန်း၏အသက်ဟု ဆိုရပေမည်။ ငွေထည်ပစ္စည်းတွင် ပန်းခက်ပန်းနွယ်၊ ဇာတ်နိပါတ်ရုပ်ပုံများကို ပစ္စည်းအလိုက်ထုလုပ်ထားပြီး မြန်မာ့ရိုးရာ အသုံးအဆောင်များဖြစ်သော ကွမ်းအစ်၊ ပန်းအိုး၊ ဖလား၊ ဆွမ်းအုပ်၊ ဓားရိုးစသည်တို့ကို ပြုလုပ်ကြသည်။

💕အဖိုးထိုက်တန်လှသော မြန်မာ့ရိုးရာပန်းဆယ်မျိုးတွင် ပန်းတိမ်ပညာ နှင့် ဖန်တီးပုံဖော်ရသော ရိုးရာငွေထည်လုပ်ငန်းကို တန်ဖိုးထားခြင်းဖြင့် မပျောက်ကွယ် သွားအောင်ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်းဖော်ပြလိုက်ရပါသည်။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ငွေထည်လုပ်ငန်

🤔သင်ဟာရန်ကုန်ကိုရောက်ဖူးသူတစ်ယောက်မဟုတ်ဘူးဆိုတာသိပါသလား?✨“လေးဆူဓာတ်ပုံ ရွှေတိဂုံ” ဟုအမှတ်သညာတွင် ခေါ်ဝေါ်ကြပြီး သိဂုင်္တ...
28/07/2025

🤔သင်ဟာရန်ကုန်ကိုရောက်ဖူးသူတစ်ယောက်မဟုတ်ဘူးဆိုတာသိပါသလား?

✨“လေးဆူဓာတ်ပုံ ရွှေတိဂုံ” ဟုအမှတ်သညာတွင် ခေါ်ဝေါ်ကြပြီး သိဂုင်္တ္တရကုန်းတော်တွင် တည်ရှိတဲ့ ရွှေတိဂုံစေတီတော်ဟာ အထင်ကရသမိုင်းဝင်ရှေး ဟောင်းယဉ်ကျေးမှုဗိသုကာလက်ရာအနုပညာအမွေအနှစ်များစွာစုံလင်စွာတည်ရှိနေတဲ့ ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပါတယ်။

⏯️တော်လှန်ရေးပန်းခြံ၊ ပြည်သူ့ဥယျာဉ်၊ ကန်တော်ကြီး၊ တိရိစ္ဆာန်ဥယျာဉ်စတဲ့ ရန်ကုန်မြို့ရဲ့အထင် ကရနေရာအတော်များများဝန်းရံထားတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် ရွှေတိဂုံစေတီတော်ကို သွား ရောက်ဖူးမြော်ရင်း ထိုနေရာများကို သွားရောက်လည်ပတ်နိုင်ပါတယ်။

💛ရွှေရောင်တဝင်းဝင်းနဲ့ ခမ်းနားထည်ဝါလွန်းလှတဲ့ စေတီတော်မြတ်ကြီးကို မြို့တော်ရန်ကုန်ရဲ့ ဘယ်အရပ်၊ ဘယ်နေရာမှကြည့်ကြည့်ဖူးမြော်နိုင်မှာဖြစ်ပြီး ရှုမြင်ရသူတို့ရဲ့ စိတ်ဘဝင်ကိုကောင်းမှုကုသိုလ်တရားများအစဉ်တိုးပွားလျက်ရှိနေမှာဖြစ်ပါတယ်။

🙏မြတ်ဗုဒ္ဓရဲ့ဆံတော်ကို ဌာပနာထားတဲ့ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိ ရွှေတိဂုံစေတီတော်ကို
မဖူးမြော်ရသေးရင်တော့ ရန်ကုန်ရွှေမြို့တော်ဆီရောက်ဖူးသေးသူတစ်ယောက်အနေနဲ့ သတ်မှတ်လို့ရမှာမဟုတ်ပါဘူးနော်။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ရန်ကုန် #ရွှေတိဂုံစေတီတော်

🌧️မိုးတွင်းကာလမှာ မွန်ပြည်နယ်ကို သွားမယ်ဆိုရင် ဇင်းကျိုက်ရေတံခွန်ကို လက်လွှတ်မခံပါနဲ့။🤔ဘယ်မှာလဲ?ကျောက်သင်္ဘောရေတံခွန်လို...
26/07/2025

🌧️မိုးတွင်းကာလမှာ မွန်ပြည်နယ်ကို သွားမယ်ဆိုရင် ဇင်းကျိုက်ရေတံခွန်ကို လက်လွှတ်မခံပါနဲ့။

🤔ဘယ်မှာလဲ?

ကျောက်သင်္ဘောရေတံခွန်လို့ခေါ်ကြတဲ့ ဇင်းကျိုက်ရေတံခွန်ဟာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊
ဇင်းကျိုက်မြို့ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး၊ ဇင်းကျိုက်ဆံတော်ရှင်စေတီတည်ရှိရာ တောင်တန်းအစွန်းမှာတည်ရှိတာဖြစ်ပါတယ်။

🧐ဘာကြောင့်သွားသင့်လဲ?

စိမ်းလန်းတဲ့ရေမြေတောတောင်သဘာဝအလှနဲ့ အဆင့်လိုက်စီးကျနေတဲ့ ရေတံခွန် မြင်ကွင်းအလှက nature lovers တွေကို ဖမ်းစားနိုင်တဲ့အချက်တစ်ချက်ဆိုလည်းမမှားပါဘူး။ တောင်ထိပ်ကနေ
ဖြာကျနေတဲ့ ရေတံခွန်နောက်ခံအလှကလည်း photo lovers တွေကို ဆွဲဆောင်နေတာဖြစ်ပါတယ်။

😊ဘယ်သူတွေနဲ့သွားမလဲ?

မိသားစုနဲ့ဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အားလပ်ရက်တွေမှာ စိတ် အပန်းဖြေအနားယူရင်း မိုးရာသီအမှတ်တရလေးတွေဖန်တီးနိုင်ဖို့ လည်ပတ်နိုင်ပါ တယ်။ ရေတံခွန်ဝန်းကျင်အနီးအနားမှာလည်း စားသောက်ဆိုင်လေးတွေတည်ရှိနေတာမို့ ရေစီးကျသံလေးတွေနားထောင်ရင်း ချစ်ရတဲ့သူတွေနဲ့အတူတူ သဘာဝဆန်ဆန်အနားယူနိုင်မှာဖြစ်ပါတယ်။

✅ရေတံခွန်လေးဟာ သဘာဝရဲ့လက်ဆောင်မွန်တစ်ခုဖြစ်တဲ့အတွက် ရေတံခွန်ဝန်းကျင်မှာအမှိုက်ပစ်ချတာတွေမပြုလုပ်ဖို့နဲ့ ရေတံခွန်ရဲ့တချို့နေရာတွေဟာ လျှောကျနိုင်တာမို့ အထူးသတိထားကြဖို့ကိုလည်း မှာလိုက်ပါရစေနော်။

(Crd Photos)

#စွဲမက်ဖွယ်ရာပြည်မြန်မာ #မွန်ပြည်နယ် #ဇင်းကျိုက်ရေတံခွန်

🌟မွန်ရိုးရာရွှေဟင်္သာအကဟာ မွန်လူမျိုးတို့အမြတ်တနိုးတန်ဖိုးထားရတဲ့ ရိုးရာယဉ်ကျေးမှုအကတစ်မျိုးဖြစ်ပါတယ်။ မွန်အထိမ်းအမှတ်သင...
23/07/2025

🌟မွန်ရိုးရာရွှေဟင်္သာအကဟာ မွန်လူမျိုးတို့အမြတ်တနိုးတန်ဖိုးထားရတဲ့ ရိုးရာယဉ်ကျေးမှုအကတစ်မျိုးဖြစ်ပါတယ်။ မွန်အထိမ်းအမှတ်သင်္ကေတဖြစ်တဲ့ ရွှေဟင်္သာငှက်ရဲ့လှုပ်ရှားမှုများကို အခြေခံပြီး ကကြိုး၊ ကကွက်တွေကိုဖန်တီးထားခြင်းဖြစ်ပါတယ်။

✨ရွှေဟင်္သာအကကို မွန်ပြည်နယ်နေ့၊ မွန်အမျိုးသားနေ့များနဲ့ မွန်တိုင်းရင်းသားတို့ရဲ့အခါကြီး၊ ရက်ကြီးပွဲတော်များတွင် ဖျော်ဖြေကပြလေ့ရှိပါတယ်။ မွန်ရိုးရာဟင်္သာအကဟာ မွန်တိုင်းရင်း သားတို့ရဲ့ လက်ဆင့်ကမ်းအမွေယူထိန်းသိမ်းသင့်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုပင်ဖြစ်ကြောင်း ဂုဏ်ယူဖွယ် ဖော်ပြပေးလိုက်ပါတယ်။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #မွန်ရိုးရာရွှေဟင်္သာအက

Address

Naypyidaw

Alerts

Be the first to know and let us send you an email when Myanmar.Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar.Travel:

Share

Myanmar Be Enchanted

မြန်မာနိုင်ငံ 🇲🇲မှာရှိတဲ့ ခရီးစဉ်ဒေသများနဲ့ ခရီးသွားဆွဲဆောင်မှုများအကြောင်းကို ခရီးသွားဧည့်သည်များ သိရှိနိုင်စေဖို့ အမြဲမပြတ် တင်ပြပေးနေမှာဖြစ်ပါတယ်...😊