Golden Aurora - G.A

Golden Aurora - G.A Travels & Tours Co.,Ltd

Please don’t go oversea to feel beauty of nature first, please join with us to get full satisfaction ………………”မြန်မာငွေ 30...
06/02/2020

Please don’t go oversea to feel beauty of nature first, please join with us to get full satisfaction ………………”

မြန်မာငွေ 30000 ကျပ်နဲ့ နိဗ္ဗာန်သွားလို့ရတာယုံလား… Blue Lagoon အထပ်ထပ်နဲ့ ရေတံခွန်ဆီကို သွားလို့ရတာကတော့အမှန်ပါ ……

“နေပြည်တော် - နမ့်မွန် - လိန်းလီ- နေပြည်တော်” (Day Return Trip)

Fee – 30,000MMK par each
Date – 12.02.2020 ( ပြည်ထောင်စုနေ့)
Date - 15.02.2020 ( Sunday )
Date - 22.02.2020 (Sunday)

ပါဝင်မည့်ဝန်ဆောင်မှုများ -

1* အသွားအပြန်ကားခ
2* ရှမ်းပြည်နယ်ရဲ့ အငွေ့အသက်တွေကိုခံစားရရှိစေမည့် နေ့လည်စာ ထမင်းဝိုင်း
3* Life Jacket
4* ရေသန့် / တာဝါ
5* ရေတံခွန်သို့အသွားအပြန်စက်လှေခ
6* ဓာတ်ဖမ်းပေးတာတော်တဲ့ ဓာတ်ပုံဆရာ
7* အရမ်းဂရုစိုက်ပေးတတ်တဲ့ Tour Leader များ
"နေပြည်တော်မှ မနက် (၄:၃၀ ) တွင် စတင်ထွက်ခွာမည် ဖြစ်ပြီး နီးစပ်ရာစုရပ်များသို့ လာရောက်ကြိုပေးပါမည်။”

Are u ready?
23/10/2019

Are u ready?

မင်္ဂလာပါ လာမယ့်သီတင်းကျွတ်ရုံးပိတ်ရက်မှာ  တစ်နှစ်ပတ်လုံး ပင်ပန်းထားသမျှ စိတ်အမော ဘ၀အမောတွေ အပန်းဖြေဖို့အတွက် ကျွန်တော်တ...
07/10/2019

မင်္ဂလာပါ လာမယ့်သီတင်းကျွတ်ရုံးပိတ်ရက်မှာ တစ်နှစ်ပတ်လုံး ပင်ပန်းထားသမျှ စိတ်အမော ဘ၀အမောတွေ အပန်းဖြေဖို့အတွက် ကျွန်တော်တို့ G.A(Travels & Tours) မှ လူကြီးမင်းတို့ သွားချင်တဲ့နေရာတွေကို သီးသန့်ခရီးစဉ်ရေးဆွဲပေးလျှက်ရှိပါသည်။

ဒါကြောင့် ယခုသီတင်းကျွတ်ရုံးပိတ်ရက်မှာ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးထွက်ဖို့ G.A(Travels & Tours) ကို အမြန်ဆုံးဆက်သွယ်လိုက်ပါနော်။

Golden Aurora (G.A) Travels & Tours
☎09 255 603 669
☎09 964 603 669

"မန္တလေး - စစ်ကိုင်း - မုံရွာ" ခရီးစဉ်တွင် Golden Aurora (G.A) Travels & Tours နှင့်အတူ ပျော်ရွှင်စွာလိုက်ပါခဲ့သော Custome...
21/08/2019

"မန္တလေး - စစ်ကိုင်း - မုံရွာ" ခရီးစဉ်တွင်
Golden Aurora (G.A) Travels & Tours နှင့်အတူ ပျော်ရွှင်စွာလိုက်ပါခဲ့သော Customer တစ်ဦးချင်းစီအား အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်.....

🙏🙏🙏ကျန်းမာပျော်ရွှင်စွာဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ပြီး စီးပွားဥစ္စာများ တိုးတက်ကြပါစေကြောင်း Aurora (G.A) # မှ ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင့်🙏🙏🙏

နောင်တွင်လည်း ပျော်ရွှင်စရာ ခရီးစဉ်များကို G.A နှင့်အတူ ဖြတ်သန်းဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်

- No.(1/322), 2nd Street, Campus (1), Aung Zabu Ward, Zabuthiri Township, Naypyitaw.
- Ph No/ 09255603669, 09964603669
- https://www.facebook.com/golden.aurora.GA/

ချောင်းသာကိုကယ်တင်ပါ ငွေဆောင်ကိုထိန်းသိမ်းပါ ( ခရီးသွားဆောင်းပါး)▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ခင်မောင်ဌေး (ပညာရေး)၂ဝ၁၄ ခုနှစ်က...
23/07/2019

ချောင်းသာကိုကယ်တင်ပါ ငွေဆောင်ကိုထိန်းသိမ်းပါ ( ခရီးသွားဆောင်းပါး)
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ခင်မောင်ဌေး (ပညာရေး)

၂ဝ၁၄ ခုနှစ်က ချောင်းသာကိုရောက်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် မရောက်ဖြစ်ခဲ့။ ယခု ၂ဝ၁၆ ခုနှစ် နှစ်ဆန်းတစ် ရက်နေ့ တွင် ချောင်းသာ ကမ်းခြေသို့ တစ်ခေါက်ရောက်ဖြစ် ပြန်သည်။ နှစ်နှစ်တာ ကာလ အတွင်း ချောင်းသာက အတော်ပင်ပြောင်းလဲသွားချေပြီ။

၂ဝ၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း အတော်ပင် ဖွံ့ဖြိုးတိုးတက်လာသည်ဟု ဆိုနိုင်သည်။

အကြောင်းမှာ မြန်မာပြည်သူပြည်သားများအနေဖြင့် ယခင်ကကဲ့သို့ လူသူအရောက်အပေါက်များသည့် ဒေသများသို့သာမက နောက်ထပ်ပေါ်ထွန်းလာသည့် နေရာဒေသအသစ်များဆီသို့ ခရီးဆန့်ခဲ့ကြသည်။ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ကိုယ်ပိုင်ယာဉ်များ ဝယ်စီးလာနိုင်ခြင်းကြောင့်လည်း ခရီးတွင်လာကြတော့သည်။

မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်းအားဖြင့်မိုင်ပေါင်း သောင်းချီ၍ ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ ယင်းကမ်းခြေတွင် ငပလီသည် အထင်ကရကျော်ကြားသည်။

သို့သော်လည်း ဝေးကွာသောကြောင့် ပြည်တွင်းမှ အသွားအလာ နည်းသည်။ ပြည်ပခရီးသည်သာများသည်။

ယင်းနောက် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတို့ ပေါ်ထွန်းလာခဲ့သည်။ ပုသိမ်မြို့မှတစ်ဆင့် အလွယ်တကူသွားရောက်နိုင်သည့် ကမ်းခြေဖြစ် သည့်အလျောက် နိုင်ငံတစ်ဝှမ်းမှ လာရောက်အပန်းဖြေသူများလှသည်။

ချောင်းသာကမ်းခြေကိုရောက်သည်နှင့် နှစ်လိုဖွယ်မြင် ကွင်းမဟုတ်သည်ကတော့ သေချာသွားသည်။ ခရီးသွား များက တစ်နှစ်ထက်တစ်နှစ် ပို၍တိုးလာနေသည်။ ချောင်းသာကမ်းခြေက တိုးတက်မှုမရှိဘဲ ယိုယွင်းပျက်စီးလာနေ သည်။ တိုးတက်မှုအပိုင်းအဖြစ် ယင်းကမ်းခြေတစ်ဝိုက်တွင် ဟိုတယ်များ၊ တည်းခိုဆောင်များ၊ဆောက်လုပ်ဆဲအဆောက် အအုံများသာ တွေ့ရသည်။ အမှတ်တရပစ္စည်းအရောင်း ဆိုင်များကလည်း မနည်းလှ။ ငါးခြောက်၊ ပုစွန်ခြောက် အရောင်းဆိုင်များ၊ ဒေသထွက် သရက်တောထိုးမုန့် အရောင်းဆိုင်များ အများအပြားတွေ့ရ၏။ ကမ်းခြေကို မှီတွယ်၍ အသက်မွေးဝမ်းကျောင်းပြုကြသူများလှစွာပင်။

ယမန်နှစ်ရောက်တုန်းက အုန်းရွက်မိုးတဲများစွာ တွေ့ရ သည်။ ယခုနှစ်တွင် ယင်းသို့ဆောက်လုပ်ခွင့်ပြုမထား။ ပေါ့ပေါ့ပါးပါး ထီးရိပ်မိုးများသည်။ စိတ်ပျက်ဖွယ်အကောင်း ဆုံးမှာ ချောင်းသာကမ်းခြေတစ်ခုလုံး အမှိုက် သရိုက်များ ပြန့်ကျဲစွာရှိနေခြင်းပင်ဖြစ်သည်။ ရေကျချိန်တွင် ကမ်းခြေ က (ပေ ၁ဝဝ ကျော်ခန့်အထိ) ကျယ်ကျယ်ပြန့်ပြန့်ရှိပါ သည်။ သို့သော် ကမ်းခြေ၏အလှကား ရှာမရတော့။

ကမ်းခြေတွင် အမှိုက်မျိုးစုံ နေရာယူထားသည်။ အမှိုက်သရိုက်များပေါ်တွင် ဆိုင်အသီးသီး၏ ပလတ်စတစ်ထိုင် ခုံများ အစီအရီဖြန့်ခင်းထား၏။ သို့ဖြစ်၍ မြင်းအလှစီးသူ၊ လှည်းယာဉ်စီးသူများ နေရာပျောက်ကုန်၏။ စက်ဘီးစီးသူ များ နေရာမရ။ ရေစပ်ထိချထားသည့်ထိုင်ခုံများကို ရှောင် ကွင်း၍သွားလာနေကြသည်။ (ဆိုင်ခန်းများကို ပေ ၅ဝ ထိ ခွင့်ပြုထားလျှင် အဆင်ပြေနိုင်သော်လည်း သူ့ထက်ငါရှေ့ တိုးနေကြသည်။)

သင်္ကြန်အတွင်း တည်းခိုခန်းခများ နှစ်ဆမြင့်သွားသည်။
အစားအသောက်ဈေးနှုန်းကလည်း ကြောက်ခမန်းလိလိ။ ကျောက်ပွင့်သုပ်တစ်ပွဲ ၄ဝဝဝ၊ ပြည်ကြီးငါးသုပ်တစ်ပွဲ ၅ဝဝဝ၊ လက်ဖက်သုပ်တစ်ပွဲ ၃ဝဝဝ၊ ငါးခြောက်မီးဖုတ်ဆီဆမ်းတစ်ပွဲ ၄ဝဝဝ၊ ဘီယာတစ်ပုလင်း ၃ဝဝဝ၊ ရေသန့်တစ်ဘူး ၅ဝဝ။ ဈေးကြီးမြင့်သော်လည်း ဝန်ဆောင်မှုကမကောင်း။ မလုံတလုံအမိုး၊ အမှိုက်ဗရပွရှိသည့် သဲသောင်ပေါ်က ပလတ်စတစ်စားပွဲမှာ။

ကျောက်မောင်နှမသို့ ဆိုင်ကယ်ကယ်ရီရှိသည်။ ဈေး တော့မသိခဲ့။ သဲဖြူကျွန်းသို့သွားလိုက သွားနိုင်သည်။ စပိဘုတ်နှင့်ဆိုလျှင် ၃ဝဝဝဝ ကျပ် (တစ်ဦးငါးထောင်ကျပ်နှင့် ခြောက်ဦးသာ) သစ်သားစက်လှေက လူတစ်ဦးတစ်ထောင် ကျပ်။ လူများများစီးနိုင်သည်။ သို့သော် လှိုင်းလေကြီးလျှင် စိတ်မချရ။ ငါးမိနစ်သာမောင်းရသည့်ခရီးစဉ်အတွက် ဈေး ကြီးမြင့်သည်ဟု ဆိုသူများရှိသည်။ အစိုးရပိုင်ရှိဟန်မတူ။

ဟိုတယ်ဇုန်ပိုင်များသာဖြစ်ဟန်ရှိသည်။ မည်သို့ပင်ဆိုစေ ကမ်းခြေကိုအမှီပြု၍ စီးပွားဖြစ်ကြသည်။ ဝင်ငွေပင်လမ်း ဖြောင့်ကြသည်။ စီးပွားရေးအဆင်ပြေကြ၍ ဝမ်းသာစရာ ပင်။ သို့သော် ဤသို့ဝမ်းသာကြည်နူးမှု တာရှည်ခံစေလို ပါသည်။ နိုးတစ်ဝက် အိပ်တစ်ဝက်၏ တဒင်္ဂပျော်ရွှ့င်မှုမျိုး မဖြစ်စေချင်ပါ။

အုန်းသီးခွဲ၍ အုန်းရေသောက်ကြသည်။ သောက်ပြီး သည့်နေရာတွင် လွှင့်ပစ်လိုက်ရုံပင်။ ကမ်းခြေတွင် အုန်း ခွံများအနှံ့။ အချိုရည်နှင့် ဘီယာဘူးခွံမျိုးစုံလည်း ထိုနည်း အတိုင်းပင် ပြန့်ကျဲနေ ၏။ ပြန်ရောင်းစား၍ ရသော ရေသန့် ဘူးခွံနှင့် ဘီယာပုလင်းများ ကို လိုက်လံကောက်ယူသူရှိ သည်။ ကျန်အမှိုက်သရိုက်အားလုံး ကမ်းခြေတွင် အတုံး အရုံး။ သဲဖြူသန့်သန့်ဟူ၍ မရှိတော့။ အမှိုက်များနှင့် ရောသမနေသည့်သဲပြင်။ အမှိုက်ဖုံးနေသည့် သဲပြင်ပေါ် တွင် ထိုင်ခုံချ၍ နားနေကြရ၏။

(သြော်...ရန်ကုန်မှာ အုန်းသီးစိမ်းတစ်လုံး ၇ဝဝ၊ ဘယ်နေရာသောက်သောက်။ ချောင်းသာအမှိုက်ပုံကြားတွင် ၁၅ဝဝ ပေး၍ သောက်ရ သည့်အဖြစ်) အချို့အမှိုက်များ ရေအကျတွင် ပါသွား၏။ အချို့ ကမ်းပေါ်တွင်ကျန်ရစ်ဆဲ။ အမှိုက်သိမ်းသူ တစ်ဦး မျှမရှိ။ အမှိုက်ပုံးမရှိ။ ဟိုတယ်ဇုန် အမှိုက်သိမ်းယာဉ်နှစ်စီး သဲပြင်ပေါ်ဖြတ်မောင်းသွားသည်။ မည်သည့်အမှိုက်ကိုမျှ သိမ်းဆည်းသွားဟန်မတူ။

ယင်းအမှိုက်များသည် တစ်ချိန်မဟုတ်တစ်ချိန်တွင် ပင်လယ်ထဲ သို့ မျောပါသွားကြမည်သာဖြစ်၏။ သို့သော် ယင်းအမှိုက်များသည် လွယ်လွယ်နှင့် ကြေပျက်နိုင်မည် မဟုတ်။ ကမ်းခြေတစ်ခုတွင် အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက် ၍ Campaige လေးတစ်ခု ပြုလုပ်ထားသည်ကို လူမှု ကွန်ရက်တွင် တွေ့ရ၏။ ဂျာနယ်အဖုံးစာရွက်ပင် ပျက်စီး ရန် ခြောက်လကြာ၏။ ဖိနပ်သည် ပျက်စီးရန် နှစ်ပေါင်း ၂၅-၄ဝ၊ ဖလင်နှစ် ၂ဝ မှ ၃ဝ၊ ပလတ်စတစ်အမှိုက်၊ အချို ရည်ဘူး၊ ဘီယာဘူး နှစ် ၂ဝဝ မှ ၅ဝဝ၊ ခေါက်ဆွဲခြောက်အိတ် နှစ် ၅ဝဝ မှ ၁ဝဝဝ၊Diaper နှစ် ၅ဝဝ မှ ၈ဝဝ၊ ဖန်ပုလင်း နှင့် ဖော့ဘူးများ နှစ် ၁ဝဝဝဝ စသည်ဖြင့်ဖော်ပြထားသည် ကို ကြည့်ခြင်းဖြင့် စွန့်ပစ်အမှိုက်များ၏အန္တရာယ်နှင့် ရေနေသတ္တဝါများအတွက် များစွာဒုက္ခဖြစ်စေနိုင်သည်ကို တွေ့မြင်ရ၏။

ချောင်းသာရပ်ကွက်တွင်းရှိ အသိမိတ်ဆွေတစ်ဦးအိမ် သို့ အပူဒဏ်ခို ရန် ရောက်ရှိသွား၏။ ချောင်းသာကမ်းခြေ ၏ အခြေအနေတစ်စိတ်တစ်ပိုင်း သိခဲ့ရ၏။ ယခင်က အုန်းပင်ပေါကြောင်း၊ စားမည့်သောက်မည့်သူတောင် မရှိ ကြောင်း။ ယခုအခါ ဟိုတယ်များ၊ တည်းခိုခန်းများ တိုးချဲ့ လာ၍ အုန်းပင်များကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲလာကြ ကြောင်း၊ ကမ်းခြေကိုကြည့်၍ စိုးရိမ်မိကြောင်း၊ လူအများ အပြားလာသော်လည်း အမှိုက်သရိုက် သန့်ရှင်းမှုမရှိ ကြောင်း၊ ကူးစက်ရောဂါတစ်မျိုးမျိုးကျရောက်လျှင် ကမ်းခြေ၏အနာဂတ်ကို မတွေးဝံ့ကြောင်း ပြော၏။

ဈေးနှုန်းများကြီးမြင့်မှုနှင့်ပတ်သက်၍ မေးမြန်းကြည့် ရာ ''လူတွေက လောဘဇောတက်လာကြတယ်၊ ရောင်း နိုင်တဲ့ဈေးထက် အဆမတန်တင်ကြတယ်။ ဒီရပ်ကွက်ထဲ က ဈေးဆိုင်သွားဝယ်ကြည့် ပုံမှန်ဈေးပါပဲ။ (စာရေးသူတို့ သွားဝယ်ရာ ရေသန့်တစ်ဘူး ၃ဝဝ၊ ကော်ဖီမစ်တစ်ထုပ် ၁ဝဝ ကျပ်ပင်) ဟိုတယ်တွေ တည်းခိုဆောင်တွေလည်း ဒီလိုပါပဲ။ အထိန်းအကွပ်မရှိကြတော့ဘူး။ အဒေါ့်အိမ်က နှစ်ထပ်လေ။ အပေါ်ထပ်မှာ မိသားစုနှစ်စုလောက် အေး အေးဆေးဆေးတည်းခိုလို့ရတယ်။ တစ်ညမှ ခုနစ်သောင်း လောက်ပဲ။ ဒါပေမဲ့ သိပ်မတည်းကြဘူး။ ကမ်းခြေနားမှာ ပဲ ကြေးကြီးကြီးပေးပြီးတည်းကြတာ'' ဟု ဆိုသည်။

မှန်သည်။ ချောင်းသာကမ်းခြေသည် သန့်ရှင်းသပ်ရပ်မှု မရှိ။ အစစအရာရာ ဈေးနှုန်းကြီးမြင့်နေသည်။ ပြည်တွင်း ဈေးကွက်ကိုပင် ရေရှည်ထိန်းသိမ်းထားရန် မလွယ်လှဟု တွေးမိသည်။ ယခုဆိုလျှင် နိုင်ငံခြားသား အဝင်နည်းလာ သည်။ ကားအငှားလုပ်ငန်း (Car Rental) ဖြင့် ခရီးသည် ပို့ဆောင်ပေးနေသူ အေးဂျင့်တစ်ဦးနှင့်တွေ့ရာ နိုင်ငံခြား သားများကို ငွေဆောင်ကမ်းခြေသို့သာ အပို့ရများကြောင်း သိရ၏။

ချောင်းသာမှတစ်ဆင့် ငွေဆောင်ကမ်းခြေသို့ ကူးကြ ပြန်သည်။ အများမှာ အပန်းဖြေသည့်ချစ်သူများကျွန်းအနီး ရှိ ကမ်းခြေတွင် ရှည်လျားလှသည့် ဖြူလွလွသဲသောင်ကို တွေ့ရ၏။ လှိုင်းခေါင်းဖြူဖြူနှင့် စမ်းလဲ့လဲ့ရေပြင်၊ စနစ် တကျဆောက်လုပ်ကာ ဆိုင်ချင်းကပ်၍ အမိုးများပြုလုပ် ထား၍ အေးမြလှသည်။ ဆိုင်ထဲတွင် အမှိုက်ပုံးတွေ့ရ၏။

သဲသောင်ပြင်တွင် အမှိုက်ပုံးမတွေ့ရ။ ထီးဝိုင်းရိပ်အနည်းငယ်သာ တွေ့ရ၏။ သို့သော် ပြည်တွင်းခရီးသည် အဝင်နည်း၏။ အကြောင်းမှာ ကမ်းခြေတစ်လျှောက် ဟိုတယ် များ၊Restaurant များက နေရာယူထားသည်။ ကိုယ့်ဟိုတယ် နှင့် ကိုယ့်ကမ်းခြေလိုမျိုးဖြစ်နေ ၏။ ဟိုတယ်အလိုက်လည်း လူပြန့်နေ၏။ သို့သော် ငွေဆောင်အလှနှင့် ဟိုတယ်များ သည် နိုင်ငံခြားသားအကြိုက်ဖြစ်သည်။ ဆက်လက်၍ ထိန်းသိမ်းထားရပေမည်။

သို့ဖြစ်၍ သာယာလှပသည့် သဘာဝကမ်းခြေများ ပိုင် ဆိုင်ထားကြသူများသည် စီးပွားရေးအမြင်တစ်ခုတည်း ဖြင့် မရပ်တည်ကြသင့်ပါ။ မိမိတို့စီးပွားရေး ရေရှည်ဖို့ အတွက်ဆိုလျှင် ကမ်းခြေသာယာလှပရေးအတွက် တာဝန် ရှိနေကြပါသည်။ ကမ်းခြေ၏ ဖြူလွလွသဲပြင်၊ စိမ်းလဲ့လဲ့ ရေကြည်ရေအေးတို့ကြောင့်သာ ခရီးသည်များ ဝင်ရောက် နေခြင်းဖြစ်သည်။

အမှိုက်တစ်စ ဘူးခွံတစ်လုံးမသိမ်းဘဲ ရာသီကုန်လို့ အိမ်ပြန်ကြသည်နှင့် ကမ်းခြေကြီးက သာယာလှပလာမည်မထင်။ ချောင်းသာကမ်းခြေအလှကို အမှန် ပင်ကယ်တင်ရန် လိုအပ်နေပေပြီ။ ငွေဆောင်ကမ်းခြေက တော့ လက်ရှိအခြေအနေအတိုင်း ထိန်းသိမ်းထားနိုင်ပါ စေဟူ၍သာ။ ။

crd #မူရင်းရေးသားသူ

12/07/2019

သတင်းပြည်တွင်းသတင်းလည်ပတ်သင့်တဲ့ ထိပ်တန်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၅ နေရာမှာ ပုဂံကို နံပါတ် ၃ အဖြစ် ရွေးချ...

Golden Aurora (G.A) Travels & Tours နှင့်အတူ ပျော်ရွှင်ကြည်နူးစရာ "ချောင်းသာ" ခရီးစဉ်အား လိုက်ပါခဲ့ကြသည့် ချစ်ရပါသော cust...
07/06/2019

Golden Aurora (G.A) Travels & Tours နှင့်အတူ ပျော်ရွှင်ကြည်နူးစရာ "ချောင်းသာ" ခရီးစဉ်အား လိုက်ပါခဲ့ကြသည့် ချစ်ရပါသော customer များအား ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်

🙏🙏🙏ကျန်းမာပျော်ရွှင်စွာဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ပြီး စီးပွားဥစ္စာများ တိုးတက်ကြပါစေကြောင်း Aurora (G.A) # မှ ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင့်🙏🙏🙏

နောင်တွင်လည်း ပျော်ရွှင်စရာ ခရီးစဉ်များကို G.A နှင့်အတူ ဖြတ်သန်းဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်

- No.(1/322), 2nd Street, Campus (1), Aung Zabu Ward, Zabuthiri Township, Naypyitaw.
- Ph No/ 09255603669, 09964603669
- https://www.facebook.com/golden.aurora.GA/

မြန်မာနိုင်ငံရဲ့အထင်ကရဂူတွေရှိတဲ့ "ဘားအံ" သို့အလည်တခေါက်"ဘားအံ တစ်ညအိပ်နှစ်ရက် ခရီးစဉ်"တစ်ဦး -73000 ကျပ်(10 ဦးလျှင်)တစ...
10/05/2019

မြန်မာနိုင်ငံရဲ့အထင်ကရဂူတွေရှိတဲ့ "ဘားအံ" သို့အလည်တခေါက်

"ဘားအံ တစ်ညအိပ်နှစ်ရက် ခရီးစဉ်"

တစ်ဦး -73000 ကျပ်(10 ဦးလျှင်)
တစ်ဦး -58000 ကျပ်(15 ဦးလျှင်)

(အပတ်စဉ် စနေ တနင်္ဂနွေ နဲ့ အများပြည်သူရုံးပိတ်များတိုင်းတွင် ခရီးစဉ်ရှိပါသည်)
(လူ ၁၀ ဦးပြည့်ပါက သီးသန့် ကြိုက်နှစ်သက်ရာ နေ့ရက်များတွင်လည်း စီစဉ်ပေးပါသည်)

#လည်ပတ်မည့်နေရာများကတော့
1.ဘုရင့်ညီဂူဘုရားများနှင့်ရေပူစမ်း
2.ကော့ဂွန်းဂူ
3.ရသေ့ပျံဂူ
4.လှေစီးရင်းအံသြဖွယ်ရာမြင်ကွင်းများနှင့်သဘာဝရေလိုဏ်ဂူ
5.ဆဒ္ဒန်ဂူ
6.ကော့ကသောင်ဂူ
7.သဘာဝလေကိုရှူရှိုက်ရင်းကြည်နူးဖွယ်ကောင်းသောတောင်ဝိုင်းတောင်
8.ချစ်သူမြိုင်အပန်းဖြေစခန်း
9.လက်ဆောင်ပစ္စည်းဝယ်ရန်ကမ်းနားလမ်း
10.ဒေသထွက်အစားအစာများ စားသုံးနိုင်ရန် ညဈေးတန်း
11. ဇွဲကပင်တောင်ရဲ့အလှကို လှမ်းမြင်ခံစားနိုင်မယ့် ကန်သာယာ

#ခရီးစဉ်အတွက် G.A ရဲ့ဝန်ဆောင်မှုများကတော့
😍ဘားအံမြို့လယ်ရှိ မိုတယ်တွင်တစ်ညတာ
😍ခရီးသည်များကျန်းမာပျော်ရွှင်ဖို့ G.A မှ Medical Box
😍ရေသန့် snow towel နှင့် အမူးမောပြေ သကြားလုံးလေးများ🍬🍬🍬
😍ခရီးသွားအာမခံ
😍ခရီးစဉ်တလျှောက် ဓာတ်ဖမ်းချင်တဲ့ ခရီးသည်များအတွက် Free Photo Package📸📸📸

ဒီလိုဝန်ဆောင်မှုတွေနဲ့ နေရာစုံလင်စွာပို့ပေးမှာမို့ အမြန်ဆုံးသာ G.Aကိုဆက်သွယ်လိုက်ပါနော်😁😁😁

Golden Aurora (G.A) travels & tours
☎09 255 603 669
☎09 964 603 669

ချစ်ခင်ရပါသော ချစ်တို့ရေ monday to friday အလုပ်ထဲမှာဘဲ စိတ်နှစ်ထားသမျှ G.A နဲ့အတူ ပျော်ရွှင်စရာ နေ့ချင်းပြန် နန့်မွန်ကြီး...
02/04/2019

ချစ်ခင်ရပါသော ချစ်တို့ရေ monday to friday အလုပ်ထဲမှာဘဲ စိတ်နှစ်ထားသမျှ G.A နဲ့အတူ ပျော်ရွှင်စရာ နေ့ချင်းပြန် နန့်မွန်ကြီး ခရီးစဉ်လေးကို ခံစားကြရအောင် 🤗🤗🤗
=============================
တစ်ဦး - 26000 ကျပ် ( ၂၈ ဦး သွားလျှင်)
တစ်ဦး - 31000 ကျပ် ( ၂၀ ဦး သွားလျှင်)
တစ်ဦး - 36000 ကျပ် ( ၁၀ ဦး သွားလျှင်)

(အပတ်စဉ် စနေ တနင်္ဂနွေ နဲ့ အများပြည်သူရုံးပိတ်များတိုင်းတွင် ခရီးစဉ်ရှိပါသည်)
(လူ ၁၀ ဦးပြည့်ပါက သီးသန့် ကြိုက်နှစ်သက်ရာ နေ့ရက်များတွင်လည်း စီစဉ်ပေးပါသည်)

💞 ခရီးစဉ်ကိုတော့ မညွှန်းတော့ဘူး ရောက်တဲ့အခါ သဘာဝကပေးတဲ့ အလှတရားတွေ ပေါ့သွားမှာစိုးလို့ပါ 😊😊😊

💞 စိမ်းပြာပြာရေတံခွန် အဆင့်ဆင့်ရယ် ပြာလဲ့လဲ့ ကောင်းကင်ပြာကြီးရယ် G.A နဲ့ ချစ်ရပါသော အမျိုးတို့ရယ် ဘယ်လောက်တောင် အသက်ဝင်နေမလဲ 😱😱😱

💞 ကဲ ကဏ္ဍအသီးသီးမှာ ပင်ပန်းထားသမျှ စိတ်အပန်းဖြေဖို့ ဘာလုပ်မှာလဲဆိုတော့ ဒီပိတ်ရက်မှာ တူတူပျော်ကြမယ် လိုက်ခဲ့ဖို့ အခုဘဲ Hello လုပ်လိုက်တော့📲📲📲

💞 ဈေးနှုန်းကတော့ ပေးချေရတဲ့ငွေထက် သာလွန်တဲ့ဝန်ဆောင်မှုတွေ ပေးတာမို့ ချစ်တို့ကို G.A က စောင့်ကြိုနေပါတယ်နော်...

ချစ်တို့ စိတ်ကျေနပ်မှုရဖို့အတွက် G.A ရဲ့ ဝန်ဆောင်မှုတွေကလည်း....😱😱😱

❤ ချစ်သောသူနဲ့ ပျော်ရွှင်ဖို့ ကျန်းမာတက်ကြွနေမှ ပျော်ရွှင်မှု ရစေမှာမို့ G.A မှ Medical Box အသင့်ပါမှာနော် 💊💊💊
❤ ခရီးစဉ်တစ်လျှောက် မပျင်းရလေအောင် ဟာသလေးတွေနှောပေးမယ့် Tour ကိုကို 🕺🕺
❤ ရေသန့် snow towel နှင့် အမူးမောပြေ သကြားလုံးလေးများ🍬🍬🍬
❤ နံနက်စာ နေ့လည်စာလေးလည်း စီစဉ်ပေးထားတယ်နော် 🍱🍱
❤ ခရီးသွားအာမခံ
❤ အသက်ကယ်အင်္ကျီ အပါအဝင် အသွား အပြန်စက်လှေခ
❤ အဓိကတော့ ဓာတ်ဖမ်းချင်တဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမတို့ကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ပေးမယ့် ကိုကို Cameraman 📸📸📸

Golden Aurora (G.A) travels & tours
☎09 255 603 669
☎09 964 603 669

Address

No. 1/322, 2nd Street, Campus(1), Aung Zabu Ward, Zabuthiri Tsp
Naypyidaw
15011

Telephone

+959256171202

Website

Alerts

Be the first to know and let us send you an email when Golden Aurora - G.A posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Aurora - G.A:

Shortcuts

Share

Category