TOUR BAGAN Information

TOUR BAGAN Information Tour Agency

29/01/2024

Oriental Balloon +

Linn Guest House 1-Night

Ebike-Full day

3 in 1-275000 ks

တန်သော တန်သော package လေးပါနော်

Viber-09256185588

ကနေ ယုံကြည်စိတ်ချစွာ booked ထားနိုင် ပါ ပြီနော်

ဆောင်းမနက်ခင်းလေးမှာ ပုဂံရဲ့ အလှတရားတွေကို balloon စီးရင်း ခံစားကြရအောင်😍Oriental Ballooning အစိမ်းရောင်လေး  Golden Eagl...
28/01/2024

ဆောင်းမနက်ခင်းလေးမှာ ပုဂံရဲ့ အလှတရားတွေ

ကို balloon စီးရင်း ခံစားကြရအောင်😍

Oriental Ballooning အစိမ်းရောင်လေး

Golden Eagle အဝါရောင်လေး

မင်မင်ဆီမှာ အားလုံးဝယ်လို့ရပါတယ်နော်

☎09256185588

Linn Bagan Agent

24/03/2020

#အီတလီအစိုးရအသုံးမကျခဲ့သမျှသင်ခန်းစာ

#ယနေ့(၂၃.၃.၂၀၂၀)အီတလီအခြေအနေ
ကူးစက်သူပေါင်း= (၅၉၁၃၈)ဦး
သေဆုံးသူပေါင်း= ( ၅၄၇၆) ဦး
COVID-19ကြောင့်ကမ္ဘာမှာသေဆုံးသူအများဆုံးနိုင်ငံဖြစ်လာရပါတယ်....

#ဘာကြောင့်လဲ? ဘာတွေမှားယွင်းခဲ့တာလဲ?

ဘာတွေမပြတ်သားခဲ့လို့လဲ

#မတ်လ ၂၁ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ “Italy, Pandemic’s New Epicenter, Has Lessons for the World” ခေါင်းစဉ် နဲ့ အီတလီနိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ် ၊ ထိန်းချုပ်ရေး လုပ်ငန်းအတွေ့အကြုံကနေ သင်ခန်းစာ ဖော်ထုတ် သုံးသပ်ထားတဲ့ သတင်း ဆောင်း ပါးကို ဖော်ပြခဲ့တယ်။ အဲဒီဆောင်းပါးထဲက အရေးကြီးတဲ့အချက်တွေကတော့....

၁။ #အီတလီအစိုးရ တာ၀န်ရှိသူတွေအနေနဲ့ ဗိုင်းရပ်စ် ရောဂါအပေါ် ပြည်သူလူထုက ပေါ့ပေါ့ တန်တန် သဘောထားစေမယ့် အပြုအမူတွေ၊ စကားတွေကို ပြောခဲ့တာဟာ ရောဂါ ထိန်းချုပ် ရေး အပေါ်မှာ ဆိုးကျိုးဖြစ်ခဲ့တယ်။

၂။ #ဗိုင်းရပ်စ်ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက သတိပေးထားပေမယ့် ဇန်နဝါရီ လ ၂၁ ရက်နေ့မှာ အီတလီ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး ၀န်ကြီးက အီတလီ - တရုတ် ခရီးသွား လာရေး နဲ့ ယဉ်ကျေးမှု ဖလှယ်ရေး နှစ် အထိမ်းအမှတ်အဖြစ် တရုတ်ကိုယ်စားလှယ်အဖွဲ့ ကို ညစာ စားပွဲ၊ တေးဂီတဖျော်ဖြေပွဲတွေနဲ့ ဧည့်ခံခဲ့တယ်။

၃။ #ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဗိုင်းရပ်စ်ပိုးတွေ့သူ ၄၀၀ ကျော်တဲ့အချိန်မှာတောင် အာဏာရ ဒီမိုကရက် ပါတီခေါင်းဆောင် တစ်ယောက်က မီလန်မြို့ ဘားတစ်ခုမှာ အရက်သောက်နေတဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာတင်ပြီး “ ငါတို့ လုပ်နေကျ အကျင့်တွေကို ပြင်ဖို့မလိုပါ” လို့ ရေးခဲ့တယ်။ နောက် ဆယ်ရက်လောက်နေတော့ အီတလီနိုင်ငံမှာ ရောဂါပိုးတွေ့သူ ၅၈၈၃ ဦး၊ သေဆုံးသူ ၂၃၃ ဦးဖြစ်သွားတယ်။ ဓာတ်ပုံတင်တဲ့ ပါတီခေါင်းဆောင်လည်း ရောဂါကူးစက်ခံရသူ ထဲမှာ ပါသွားတယ်။

၄။ #အတိုက်အခံလက်ယာပါတီခေါင်းဆောင်တစ်ချို့က ဇန်နဝါရီလထဲက အီတလီမြောက်ပိုင်း ပြည်နယ်တွေမှာရှိနေတဲ့ တရုတ်နိုင်ငံမှာ ကျောင်း ပိတ်ရက် အပန်းဖြေခရီးထွက် ပြီး ပြန်ရောက်လာတဲ့ ကျောင်းသား တစ်ချို့ကို သီးခြားခွဲထားဖို့နဲ့ ကျောင်းတွေ ပိတ်လိုက်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အာဏာရပါတီက ဒီလို တောင်းဆိုတာဟာ ပေါ်ပင်နိုင်ငံရေး လုပ်တာပဲလို့တုန့်ပြန်ခဲ့တယ်။ ၀န်ကြီးချုပ်ကလည်း တောင်းဆိုချက်ကို ပယ်ချခဲ့တယ် ။

၅။ #အီတလီကျန်းမာရေး ဒုတိယ၀န်ကြီးကတော့ အစပိုင်းမှာ သူတို့အနေနဲ့ တရုတ်မှာ ဖြစ်နေတာ ငါတို့ နဲ့ အဝေးကြီး ဆိုတဲ့ အတွေးမျိုး၀င်ခဲ့တယ်၊ တရုတ်ကိစ္စကို သိပ္ဗံရုပ်ရှင်ကားတစ်ကားကို ကြည့်သလိုပဲ ခံစားခဲ့တယ်လို့ ၀န်ခံခဲ့တယ်။

၆။ #ကျန်းမာရေး၀န်ကြီးဌာနအနေနဲ့ ပထမဆုံးလူနာ ကို တွေ့တဲ့အချိန်မှာ တုန့်ပြန်မှု အားနည်းခဲ့ တယ်။ အသက် ၃၈ နှစ်အရွယ် အဲဒီလူနာက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တုတ်ကွေး ရောဂါ လက္ခဏာနဲ့ ဆေးရုံရောက်လာတယ်။ ဆေးရုံမတက်ဘူး။ အိမ်ပြန်သွားတယ်။ နာရီအတော် ကြာ မှ အဖျားပိုပြင်းလာလို့ ဆေးရုံပြန်ရောက်လာပြီး ဆေးရုံတင်ရတယ်။ သာမန်ဖျားနာဆောင်မှာ ထားတယ်။ ဖေဖော်ဝါရီ ၂၀ ကျမှ အထူးကြပ်မတ်ကုသဆောင်ကို ရွှေ့ပြီး ကုသတဲ့အခါ လူနာ မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ထားတာ စစ်ဆေးတွေ့တယ်။ အဲဒီအချိန်မှာ ဆရာ၀န်၊ သူနာပြုဆရာမ တွေအပါအ၀င် လူအတော်များများကို ကူးစက်ဖို့ အခွင့်အရေးရသွားပြီ။

၇။ #အဲဒီလူနာက ရောဂါပိုးရှိနေတဲ့အချိန်မှာ ညစာစားပွဲအခမ်းအနား သုံးခု တက်တယ်။ ဘော်လုံးကန်တယ်။ သူ့အသင်းနဲ့အတူပြေးတယ်။ သူဆီကနေ ကူးစက်သွား သူ ရာ ချီရှိ နိုင်တယ်။

၈။ #အဲဒီလူနာကတရုတ်ကို သွားခဲ့တဲ့သူမဟုတ်ဘူး။ ဒီတော့ သူ့ကို ကူးစက်စေတဲ့ မူလ အစ လူနာ ( Patient Zero) ရှိဦးမယ်။ အဲဒီလူဆီကနေ ဘယ်လောက်ကူးစက်သွားခဲ့သလဲဆိုတာ မသိနိုင်ဘူး။

၉။ #ဖေဖော်ဝါရီ ၂၃ မှာ ရောဂါပိုးတွေ့သူ ၁၃၀ ရှိလာပြီး မြို့ ၁၁ မြို့ကို လူ၀င်၊ လူထွက် ထိန်းချုပ် လိုက်တယ်။ ရောဂါစဖြစ်တဲ့ ဒေသက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံးရှိတဲ့ဒေသ၊ အဲဒီ ဒေသ ရဲ့မြို့တော်မီလန်က အီတလီမှာ ဒုတိယ လူဦးရေ အများဆုံး မြို့ဖြစ်ပါတယ်။

၁၀။ #အဲဒီအချိန်မှာ ၀န်ကြီးချုပ်က ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့တဲ့ အရေအတွက်များတာ ကို စိတ်မပူဖို့ ၊ အီတလီဟာ ပြင်းပြင်းထန်ထန် စစ်ဆေးထိန်းချုပ်မှုတွေလုပ်တဲ့ ပထမဆုံး ( ဥရောပ ) နိုင်ငံဖြစ်တယ်၊ ရောဂါပိုးရှိသူအရေအတွက်များလာတာဟာ စစ်ဆေးမှု လုပ်တဲ့အရေအတွက်များ လို့ပါ။ လို့ လူထုကို နှစ်သိမ့်ခဲ့တယ်။

၁၁။ #ဖေဖော်ဝါရီ ၂၅ မှာ ရောဂါပိုးတွေ့သူ ၃၀၉ ယောက်၊ သေဆုံးသူ ၁၁ ဦးရှိပေမယ့် ၀န်ကြီးချုပ်ကတော့ “ အီတလီက အခြားနိုင်ငံတွေထက် ပိုပြီးစိတ်ချရပါတယ်” လို့ ပြောခဲ့ တယ်။

၁၂။ #ဖေဖော်ဝါရီ ၂၇ မှာ နိုင်ငံခြားရေး၀န်ကြီးက မီဒီယာတွေက လူတွေစိုးရိမ်အောင်ချဲ့ကားရေး တယ်လို့အပြစ်တင်ခဲ့တယ်။ သူက အီတလီလူဦးရေရဲ့ ၀.၀၈၉ % ပဲ သီးခြားခွဲပြီး ထိန်းသ်ိမ်းထား ရတာပါလို့ ပြောတယ်။ ရောဂါစတင်ဖြစ်ပွားရာဒေသမှာရှိတဲ့ မီလန်မြို့တော်၀န်က “ မီလန်မြို့ ရပ်မသွားဘူး Milan Doesn't Stop" လှုပ်ရှားမှုကိုလုပ်တယ်။ ခရီးသွားဧည့်သည်တွေ အများဆုံး လာတဲ့ ဘုရားရှိခိုးကျောင်းကို ပြန်ဖွင့်ပေးခဲ့တယ်။

၁၃ ။ #မတ်လ ၁၈ ရက်နေ့မှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ် လာပြီး အီတလီနိုင်ငံ မြောက်ပိုင်းတစ်ခုလုံးကို အ၀င်၊အထွက် ထိန်းချုပ်ခဲ့ရတယ်။

ဆောင်းပါးမှာ နောက်ထပ်ပါတဲ့အချက်တွေကတော့ လူ၀င်၊ လူထွက်နဲ့ ခရီးသွားလာမှု ထိန်းချုပ် မိန့်ထုတ်ပြန်တဲ့အခါမှာ ရှင်းလင်းပြတ်သားမှု၊ တိကျမှုမရှိတဲ့အတွက် ပြဿနာပေါ်တာတွေ အပေါ် သုံးသပ်ထားတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ မလေးရှားသင်ခန်းစာနဲ့ ထပ်တူပါပဲ။

ထူးခြားတာတစ်ခုကတော့ အီတလီမှာ အစိုးရက တစ်နိုင်ငံလုံးကို မလုပ်ဘဲ ဒေသတစ်ခုချင်း အလိုက် လုပ်တဲ့အတွက် ဗိုင်းရပ်စ်က ရှေ့ကပြေး၊ ထိန်းချုပ်ရေးစနစ်က နောက်ကလိုက် နဲ့မမီ တော့တဲ့ သင်ခန်းစာကို ထောက်ပြထားတာပါပဲ။

ဒါတွေကိုကျွန်တော်တို့မြန်မာအနေနဲ့သင်ခန်းစာယူပြီးပေါ့ပေါ့ဆဆသဘောမထားဖို့...ပြတ်သားစရာရှိရင်ပြတ်ပြတ်သားသားဆောင်ရွက်ဖို့လိုအပ်ပါကြောင်းတင်ပြအပ်ပါတယ်.....

Credit>>Aye Aye Linn
Credit>>Kyawswa Hlaing .
>> owner
Credit..M.G.T

21/02/2020

ဧရာဝတီမြစ်ကူးတံတားများ
🌉🌉🌉🌉🌉🌉🌉🌉🌉

ဗြိတိသျှကိုလိုနီအစိုးရက ( ၁၉၃၄ ခုနှစ် ) တွင်
အင်ဝတံတား ( စစ်ကိုင်းတံတား ) ကိုစပြီးတည်ဆောက်
ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိတိသျှတပ်များက တံတားကြီးကို
မိုင်းထောင်ဖောက်ခွဲဖျက်စီးခဲ့ကြပါတယ်။

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ( ၁၉၅၄ ခုနှစ် )မှာ
တံတားကြီးကိုပြန်တည်ပြုပြင်တည်ဆောက်ခဲ့ကြသည်။
အင်းဝတံတားသည် တစ်ခုတည်းသော ဧရာဝတီမြစ်ကူး
တံတားကြီးအဖြစ်နှစ်ပေါင်းများစွာတည်ရှိခဲ့ပါသည်။

ဧရာဝတီမြစ်ကူးတံတားများ
ကချင်ပြည်နယ်
၁။ ဗလမင်းထင်တံတား
၂။ စင်းခန်းတံတား

စစ်ကိုင်းတိုင်းဒေသကြီး
၃။ အင်းဝတံတား
၄။ ဧရာဝတီတံတား ( ရတာနာသိင်္ခ )
၅။ ဧရာဝတီတံတား ( ရတာနာပုံ )
၆။ ဧရာဝတီတံတား ( ထီးချိုင့် )

မကွေးတိုင်းဒေသကြီး
၇။ ဧရာဝတီတံတား ( မကွေး )
၈ ။ ဧရာဝတီတံတား ( ပခုက္ကူ )
၉။ ဧရာဝတီတံတား ( မလွန် )
၁၀။ အနော်ရထာတံတား ( ချောက် )

ပဲခူးတိုင်းဒေသကြီး
၁၁။ နဝဒေးတံတား ( ပြည် )

ဧရာဝတီတိုင်းဒေသကြီး
၁၂။ ဧရာဝတီတံတား ( ညောင်တုန်း )
၁၃။ ဗိုလ်မြတ်ထွန်းတံတား
၁၄။ မအူပင်တံတား
၁၅။ ဒေးဒရဲတံတား
နောက်ဆုံးဖွင့်သောတံတားမှာ ( ထီးချိုင့် ဖြစ်သည်။ )
( ၂၂ ၁၀ ၂၀၁၅ )

ထီးချိုင့်တံတား
စစ်ကိုင်းတိုင်းထီးချိုင့်မြို့နှင့် မန္တလေးတိုင်း မြတောင်ရွာ
အား ဧရာဝတီမြစ်အား ဖြတ်ကျော်ဆက်သွယ်ပေးမည့်
( ထီးချိုင့်တံတား )ဧရာဝတီတံတားအား အမှတ် ( ၂ )
သံမဏိစက်ရုံတွင် ဝန်ထမ်းအင်အား ၆၀၀ကျော်နှင့် စတင်ထုတ်လုပ်လျက်ရှိပြီး ထီးချိုင့်တံတားကြီးအား
( ၂၀၁၅ ခုနှစ် မေလတွင် ) အပြီး ရည်မှန်းထုတ်လုပ်လျက်ရှိပါသည်။

တံတားကြီး၏ အချက်အလက်များ
တံတားပေအရှည် ( ၁၈၀၇ . ၅ မီတာ ရှည်ရှိပြီး )
တံတားအလေးချိန် ( ၈၉၀၀ တန် ရှိပါတယ် )
ပါဝင်ဆောင်ရွက်ထားသော ကုမ္ပဏီပစ္စည်းများမှာ
YOKOGAWA BRIDGE CORPORATION ( japan )
JFE Corporation ( japan ) နှင့် ( myanmar)
Economic Corporation ( myanmar) တို့ဖြစ်ပါတယ်။

ဇလုံတောင်သမိုင်း👉👉👉👉👉👉👉နောင်ပွင့်တော်မူမည့်_အရိမေတ္တေယျမြတ်စွာဘုရားရှင်လက်ထက်တွင်_တရားထူးဟောမည်ဟူ ဗြာဒိတော်ရထားသည့် ဇလုံ...
01/02/2020

ဇလုံတောင်သမိုင်း
👉👉👉👉👉👉👉

နောင်ပွင့်တော်မူမည့်_အရိမေတ္တေယျမြတ်စွာဘုရား
ရှင်လက်ထက်တွင်_တရားထူးဟောမည်ဟူ ဗြာဒိတော်ရထားသည့်

ဇလုံတောင် တည်ရှိရာ‎နေရာ
================

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်
ဗန်းမောက်မြို့နယ်တွင်တည်ရှိပြီး ဗန်းမောက်မြို့မှ
မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောအတွင်း
ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သောတောင်ပေါ်တွင် တည်ရှိပါတယ်။

မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်ပါတယ်။
တောတောင် လျှိုမြောင်များ နက်ရှိုင်းလှပါတယ်။

(ဇလုံတောင် ဘုရားသမိုင်း)

ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်း သော နတ်ပန်းရထား ၅ဝဝ ဖြင့် ရဟန္တာ အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှဇလုံတောင်တော်သို့
ကြွတော်မူခဲ့ပါတယ်။

ဇလုံတောင် (ခေါ်) ဂေါဒေါပလ္လင်တောင်တော်သည်
အရှေ့ ဧရာဝတီ၊အနောက် သလ္လာဝတီမြစ် နှစ်လီတို့၏ အလယ်ဗဟိုတွင် တည်ရှိပါတယ်။

ဂေါဒေါပလ္လင်တောင်တော်တွင် ဧရာပတ္ထနတ်နဂါးမင်း သားအဖတို့၏ တောင်းပန် လျှောက်ထားမှုကြောင့် ခုနစ်ရက် သီတင်းသုံးတော်မူလျက် နဂါးမင်းသားအဖ လှူဒါန်း သော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ပါတယ်။

ကျန်ရှိသောဆွမ်း၊ ဆွမ်းဟင်းများ ကိုလည်း စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားရတနာများဖြစ်စေကြောင်း ဆုတောင်း အဓိဋ္ဌာန်ပြုလျက် တောင်၏ ဝဲယာ၊ရှေ့နောက် စွန့်ကြဲ ပက်ဖျန်းခဲ့သည်ဟု သမိုင်းကျောက်စာတွင် ဖော်ပြထားပါတယ်။

ထိုတောင်တော်တွင် ဗျာဒိတ်တော်ပေးဘုရားပုံတော်ကြီး တစ်ဆူလည်း ဖူးမြင်နိုင်ပါတယ်။

ဗျာဒိတ်စကား မိန့်ကြား တော်မူသည်မှာ ''ညီဘွား အာနန္ဒာ အောင်မြေခေါ်သောဤ ဂေါဒေါပလ္လင်တောင်ကလပ်၌ ပွင့်တော်မူလတ္တံသော အရိမေတ္တေယျ ဘုရားရှင်' သည် ငါဘုရားကဲ့သုိ့ အလှူခံယူကာ တရားထူးကို ဟောကြားတော်မူလိမ့်မည်'' ဟုဗျာဒိတ်တော်ထားခဲ့လေ၏။

ထိုကြောင့် ထိုဒေသ၏ မြောက်ဘက်တွင် ဖားကန့်
ကျောက်စိမ်းတွင်းများ၊အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက် တို့တွင် ရွှေတွင်းများဖြစ်လာသည်ဟု
ဒေသခံများက ယုံကြည်ခဲ့ကြတယ်။

ထုိ့ပြင် အရပ်လေးမျက်နှာလုံး ကျွန်းတောကြီးများ
သည်လည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။

ဘုရားသမိုင်းတွင် ၄င်းကျာက်တောင်သည်ငါးဆူမြောက် အရိမေတ္တေယျ ဘုရားရှင် တရားဟောကြား မည့်နေရာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကျောက်တောင်သည် သံတောင် ၄၄၄ တောင်ဖြစ်၍
ပေအားဖြင့် ၆၆၆ပေ မြင့်သည်။

ဤ ကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တောင်တော် ဟုခေါ်ခဲ့ပြီးနောင်တွင် ဒေသခံများက ဇလုံမှောက် ထားသည်နှင့် တူ၍ ဇလုံတောင် ဟုခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့သောနှစ် ၈ဝ ခန့်က မြေပုံပေါ်တွင်လည်း သလွန်တောင် ဟုသာဖော်ပြထားသည်ကို တွေ့ရသည်။

ကျောက်တောင်ကြီးပေါ်တွင် ဘုရားတည်ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်အတွက် နှစ်ပေါင်း ၉ဝဝ ခန့်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အရှင်ဓမ္မဒဿီ အမည်ရှိ အရှင် အရဟံနှင့်တပည့်
အရှင်အာစာရ မထေရ်မြတ်နှစ်ပါးသည် ဂေါဒေါပလ္လင် ခေါ် ဇလုံတောင်သုိ့ ကြွရောက်တော်မူခဲ့ပြီး ဣစ္ဆာသယလိုတရ ချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကိုဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။

ထို့နောက် သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဝိဇ္ဇာမဟိဒ္ဓိ အရှင်ဟု ပေါ်လွင်ထင်ရှားသော ဘုန်းကြီး ဦးသာအေး အရှင်မြတ်က အောင်တော်မူ၊အောင်ဆုယူ စေတီများကို ဒုတိယအကြိမ် မွမ်းမံ ပြုပြင်၍ 'အောင်ကျော်အေးအောင် ဇလုံတောင်' ဟု သာသနာပြု မော်ကွန်းတင်ခဲ့ပါတယ်။

သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် စက်တောကိုးဌာန အဝင်ကန်ရွာ ကျောင်းဆရာတော်နှင့်တိုက်သူကြီး ဦးရွှေသီး ၊ ရပ်ဝေးရပ်နီးမြို့ရွာ ဒါယကာတို့က ကြေးအချိန်
၂၅ ပိဿာဖြင့်ကြေးခေါင်းလောင်း သွန်းလုပ် လှူဒါန်းပြီး သက္ကရာဇ် ၁၂၉၇ ခုနှစ်တွင် သောင်သွတ်မြို့ဝဲတက်ရွာ ဇာတိ အရှင်ကုဝေရက သားတော်တောင် ကျောက်ပလ္လင်၌ဂန္ဓကုဋိတိုက် စေတီငါးဆူ တည်ထားကာ ဉာဏ်တော် လေးပေရှိ၊ လိုတိုင်းပြည့်ဗျာဒိတ်ပေး ပဉ္စလောဟာ ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်း၍ တတိယအကြိမ် ထူးခြားစွာ သာသနာပြု ခဲ့ကြောင်း သိရှိရပါတယ်။

သက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် စက်တော ကုန်းရိုးကြီးကျောင်း ဆရာတော်ကြီးနှင့်အလယ်ရွာ၊ ကန်ရွာ၊ အနောက်တာ ဆရာတော်ကြီးများ ဦးဆောင်၍ ရပ်ဝေးရပ်နီး
မြို့ရွာ ဒါယကာတို့က အောင်ဆုယူစေတီများကို မွမ်းမံပြင်ဆင်၍ စတုတ္ထအကြိမ် ရွှေထီးတော် အထွတ်တင်လှူကာ သာသနာပြု ခဲ့ကြောင်း သာသနာ မော်ကွန်းတင်
ကျောက်စာတွင် ဖော်ပြထားပါတယ်။

ဤကျောက်တောင်ကြီးမှာ ခမည်းတော်တောင် နှင့်
မယ်တော်တောင် ကျောက်လုံးကြီးများ နှစ်လုံးပူးတွဲပြီး
ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်တွင် သားတော်တောင်၊ သမီးတော်တောင် တွဲနေပါတယ်။

လွန်ခဲ့သော နှစ်လေးဆယ်ခန့်က သမီးတော်
ကျောက်တောင်ကြီး ပဲ့ကျခဲ့ပါတယ်။

အဆိုပါ ကျောက်လုံးကြီး ပဲ့ကျ သော အသံသည် ဗန်းမောက်မြို့နယ် တစ်နယ်လုံးသိမ့်သိမ့်တုန် မြည်ဟည်း ရိုက်ခတ်ခဲ့ကြောင်းသိရသည် ကျောက်တောင်ထိပ်ကိုတက်သည့် အခါတွင်ကျောက်တောင်ကြီး နှစ်လုံးကြားမှ အုတ်လှေကားဖြင့် ကွေ့ပတ် တက်ရပါတယ်၊။

ကျဉ်းကျပ်နေသော နေရာတွင် ကျောက်တံခါးကြီးလည်းရှိပါတယ်။

အကုသိုလ်များသူ မကျော်နိုင်၊ မဝင်နိုင်ဟု ဆိုကြပါတယ်။

အမှန်တကယ် မဝင်နိုင်သူကိုလည်း တွေ့ခဲ့ရပါတယ်။

ကျောက်တောင်ကြီးပေါ်ရှိ ဘုရားများကို တောင်ခြေမှလည်း ထင်ထင်ရှားရှားဖူးမြော်ရပါတယ်။

ကုတ်ကတ် တွယ်တက်ရသော နေရာလည်း ရှိပါတယ်။

အပေါ်ကျောက်တုံးကြီး တစ်ခုနှင့် တစ်ခုကြား
ကျောက်ကျောမှ တစ်ဆင့် ကူးသွားရသည်မှာလည်း
နှစ်ဖက်လုံး နက်ရှိုင်းသော ချောက်ကြီးနှင့် ဖြစ်၍
အသည်းယားစရာ ဖြစ်ကြရပါတယ်။

အချို့သူများ မကူးရဲပါ။

ဤ ကျောက်တောင်ကြီးတွင် ဇလုံတောင် အရှင်ကြီး ရှိကြောင်း၊ဤဇလုံတောင် ဘုရားဖူးလျှင် အရိမေတ္တေယျ ဘုရားဖူးရန် စာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း အဆိုတစ်ရပ် ရှိကြပါတယ်။

''ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့ လွဲရမယ်'' ဟုဆိုသည်။

ထို့ကြောင့် ရပ်ဝေးရပ်နီး ဒေသများမှ နှစ်စဉ် ဘုရားဖူး
လာကြကြောင်းတွေ့မြင်ရသည်။

အချို့ဆိုလျှင်နှစ်ရက်သုံးရက်လမ်းလျှောက်လာကြကြောင်းတွေ့မြင်ရသည်။

credit (မူရင်းpostတင်သူ)

တရုတ်နိုင်ငံဝူဟန်မြို့မှစတင်ခဲ့သည့် အဆုတ်နာရောဂါဘေးဟာ ယခုအချိန်အထိကောင်းစွာမထိန်းချုပ်နိုင်သေးဘဲ ကူးစက်ခံရသူအ ရေအတက်ွဟာ ...
24/01/2020

တရုတ်နိုင်ငံဝူဟန်မြို့မှစတင်ခဲ့သည့် အဆုတ်နာရောဂါဘေးဟာ ယခုအချိန်အထိကောင်းစွာမထိန်းချုပ်နိုင်သေးဘဲ ကူးစက်ခံရသူအ ရေအတက်ွဟာ နေ့စဉ်မြင့်တက်ဆဲဖြစ်နေတာ ကြောင့် တရုတ်အာဏာပိုင်များဟာ ဝူဟန်မြို့ပြီး နောက်ထပ် မြို့ပေါင်း၇မြို့ကိုထပ်မံအဆက်အသွယ်ဖြတ်တောက်ပိတ်ဆို့လိုက်ပါတယ်။
ဒီလိုပိတ်ဆို့လိုက်တာကြောင့် ပြည်သူခန့်မှန်းခြေသန်း၂၀ခန့်ဟာ ရောဂါဖြစ်ပွါးရာဒေသမှာဘဲ ကန့်သတ်နေထိုင်ရပြီး ပြည်သူများအကြား စိုးရိမ်ကြောက်လန့်မှုများပိုမိုမြင့်တက်ကာ ရနိုင်သမျှနည်းလမ်းဖြင့် အလတ်ွရုန်းထက်ွပြေးမှုများဆက်လက်မြင့်မားလျက်ရှိပါတယ်။
အင်တာနက်နည်းပညာထနွ်းကာလာတာနှင့်အမျှ ရောဂါအဓိကဖြစ်ပွါးနေရာမြို့ဒေသများမှ နည်းလမ်းအသယ်ွသယ်ွအသုံးပြုပြီး ပြည်တငွ်း၊ပြည်ပ နေရာအသီးသီးသို့ထက်ွပြေးရောက်ရှိသွားကြသူအချို့မှ Twitter,Facebook စသည့်လူမှုကန်ွယက်စာမျက်နှာတို့၌ပြန်လည်ရေးသားဖြန့်ဝြေကမှုကြောင့် အခြားမြို့ရွာဒေသတို့မှပြည်သူများရဲ့အမျက်သင့်၊ဝေဖန်ရှုံ့ချမှုများမှာလည်း နေ့တဓူ၀လိုဖြစ်နေပါတယ်။
သာဓကတစ်ခုက တော့ ဝူဟန်မြို့မှအဖျားသွေးတက်၊စတင်နေထိုင်မ ကောင်းဖြစ်ခဲ့သည့်တရုတ်အမျိုးသမီးတစ်ယောက်ဟာလေဆိပ်သွားခါနီး အဖျားကျ ဆေးသောက်၊ကိုယ်အပူချိန်ခဏကျဆင်းခိုက်တငွ် လေ ကြောင်းခရီးဖြင့်ပြင်သစ်နိုင်ငံသို့တိမ်းရှောင်ခဲ့ပြီး ပြင်သစ်ရောက်ပြီးနောက်မှ လူမှုကန်ွယက်တင်ွကိုယ်တွေ့လုပ်ဆောင်ချက်များအား ပြန်လည်ရေးသားခဲ့မှုဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်အ ပေါ်လူအများရဲ့တိုင်ကြားချက်၊ပြင်းထန်သည့်ဝေဖန်ချက်များကြောင့် ပြင်သစ်ရှိတရုတ်သံရုံးက အထက်ပါတရုတ်အမျိုးသမီးအား ရှာဖွေ ဖေါ်ထုတ်ပြီး ပြင်သစ်ကျန်းမာရေးအာဏာပိုင်များအား မဖြစ်မ နေသတင်းပို့ရန်ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။
Dr Myo Tun

ကတ္တရာလမ်း(Flexible pavement)နှင့် ကွန်ကရိလမ်း (Rigid pavement)တို့၏  ကွဲပြားခြားနားချက်များ......................(Htin ...
24/01/2020

ကတ္တရာလမ်း(Flexible pavement)နှင့် ကွန်ကရိလမ်း (Rigid pavement)တို့၏ ကွဲပြားခြားနားချက်များ......................(Htin Kyaw) ......................
လမ်းခင်းခြင်းလုပ်ငန်းတွင်(က) Flexible pavement(ခ) Rigid pavement(ဂ)Semi-rigid pavement(ဃ)Composite pavementဟူ၍ (၄)မျိုးရှိသည့်အနက် Rigid pavement နှင့် Flexible pavementတို့၏ ကွဲပြားခြားနားချက်များမှာအောက်ဖော်ပြပါအတိုင်းဖြစ်ကြပါသည်။

(၁)Load distribution on Subgrade
ကတ္တရာလမ်းနှင့်ကွန်ကရိလမ်း၏ အဓိကခြားနားချက်မှာ အောက်ခံမြေလွှာ(Subgrade)ပေါ်သို့ လမ်းပေါ်မှဖြတ်သန်းသည့်ယာဉ်များ၏ အလေးချိန်သက်ရောက်မူပုံစံကွဲပြားခြားနားခြင်းပင်ဖြစ်ပါသည်။
ကွန်ကရိ၏တောင့်တင်းခိုင်မာမူကြောင့်အောက်ခံမြေ(Subgrade)ပေါ်သို့ ယာဉ်များ၏အလေးချိန်သက်ရောက်ရာ၌ ကျယ်ပြန့်သောဧရိယာအပေါ်သို့ ဖြန့်ဝေ၍သက်ရောက်စေပါသည်။တောင့်တင်းခိုင်မာမူအားနည်းသော ကတ္တရာလမ်းတွင်မူ ယာဉ်များ၏အလေးချိန်သက်ရောက်မူသည် ကျဉ်းမြောင်းသောဧရိယာပေါ်သို့သာသက်ရောက်သဖြင့် အောက်ခံမြေလွှာတွင် ဝန်အလေးချိန်ဒဏ်ကိုပို၍ခံစားရပါသည်။
ကတ္တရာလမ်းဖြင့်ပြုလုပ်ထားသော Toll gateအဝင်လမ်းများနှင့် Car parking များတွင် ယာဉ်များဘရိတ်ဆောင့်နင်းမူများသောနေရာများ၌ ကတ္တရာလမ်းလှိုင်းတွန့်မူများကိုတွေ့ရှိနိုင်ပြီး ကွန်ကရိဖြင့်ပြုလုပ်ထားသော Toll gateအဝင်လမ်းနှင့်Car parkingများတွင်မူ မတွေ့ရှိရပါ။
Rigid pavementတွင် ကွန်ကရိ၏တောင့်တင်းခိုင်မာမူသည်အဓိကဖြစ်ကာ Flexible pavementတွင် ကျောက်လွှာများ၏စုပေါင်းအားသည် အဓိကကျပါသည်။

(၂)Durability
ကွန်ကရိလမ်း(Rigid pavement)သည် ကတ္တရာလမ်း(Flexible pavement)ထက် သက်တမ်းအားဖြင့်ကြာရှည်ခိုင်ခံမူရှိပါသည်။
အရည်အသွေးစံချိန်စံညွှန်းမှီသော ကွန်ကရိလမ်းတွင် တန်ပိုယာဉ်များဖြတ်သန်းမူမပြုပဲ စနစ်တကျလမ်းအသုံးပြုပါက အကြီးစားလမ်းပြုပြင်ခြင်းမပြုလုပ်ရပဲ သက်တမ်းအနှစ်(၃၀)ခန့်ကောင်းမွန်စွာအသုံးပြုနိုင်ပြီး ကတ္တရာလမ်းမှာမူ(၁၅)နှစ်ခန့်သာ အသုံးပြုနိုင်ပါသည်။ယေဘုယျအားဖြင့် ကွန်ကရိလမ်း၏သက်တမ်းမှာ ကတ္တရာလမ်းသက်တမ်းထက်(၂)ဆခန့် ခံနိုင်ရည်ရှိပါသည်။
အမေရိကန်ပြည်ထောင်စု Minnesotaပြည်နယ်တွင် နည်းပညာသစ်ဖြင့်တည်ဆောက်ထားသော ကွန်ကရိလမ်းကို အနှစ်(၆၀)ခန့် သက်တမ်းခံနိုင်ရည်ရှိမည်ဟု ခန့်မှန်းထားကြပါသည်။

(၃)Cost and Construction time
လမ်းခင်းခြင်းကုန်ကျစရိတ်ကိုနှိုင်းယှဉ်မည်ဆိုပါက ကွန်ကရိလမ်းခင်းခြင်းကုန်ကျစရိတ်သည် ကတ္တရာလမ်းခင်းခြင်းကုန်ကျစရိတ်ထက် ပိုမိုများပြားပါသည်။ကတ္တရာလမ်းတွင်ကနဦးတည်ဆောက်မူကုန်ကျစရိတ်(Initial Construction Cost)နည်းသော်လည်း ပြုပြင်ထိန်းသိမ်းရမူစရိတ်(Maintenance Cost)များပြားပါသည်။ကွန်ကရိလမ်းတွင်မူ ကနဦးတည်ဆောက်မူကုန်ကျစရိတ်(Initial Construction Cost)များသော်လည်း ပြုပြင်ထိန်းသိမ်းရမူစရိတ်(Maintenance Cost)နည်းပါးပါသည်။
သို့သော် ယနေ့အချိန်အခါတွင် ကတ္တရာကုန်ကြမ်းဖြစ်သော ရေနံစျေးနှုန်းများမြင့်တက်လာခြင်းကြောင့် ကွန်ကရိလမ်းနှင့်ကတ္တရာလမ်းတို့၏ ကုန်ကျစရိတ်ကွာခြားချက်နည်းပါးလာပါသည်။
ကတ္တရာလမ်းခင်းခြင်းကြာမြင့်ချိန်သည် ကွန်ကရိလမ်းခင်းခြင်းကြာမြင့်ချိန်ထက် တိုတောင်းနည်းပါးပါသည်။ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းပြီးဆုံးသည့်နေ့တွင်ပင် ယာဉ်များဖြတ်သန်းမူပြုလုပ်နိုင်သော်လည်း ကွန်ကရိလမ်းမှာမူ Setting timeပြည့်မှသာ ယာဉ်များဖြတ်သန်းမူပြုလုပ်နိုင်ပါသည်။

(၄)Repair and Maintenance
ကတ္တရာလမ်းများအားမကြာခဏပြင်ဆင်ထိန်းသိမ်းပေးရန်လိုအပ်ပြီး ကွန်ကရိလမ်းများတွင်မူ မလိုအပ်လှပါ။ရာသီဥတုပြင်းထန်မူကြောင့် ကတ္တရာလမ်းများတွင်ပျက်စီးမူများပြားပြီး ကွန်ကရိလမ်းများတွင် ပျက်စီးမူနည်းပါးပါသည်။စက်ဆီချောဆီများလမ်းပေါ်တွင် ဖိတ်စင်ကျမူကြောင့် ကတ္တရာလမ်းများတွင်ပျက်စီးမူဖြစ်ပေါ်စေနိုင်သော်လည်း ကွန်ကရိလမ်းတွင်မူ ပျက်စီးမူမဖြစ်ပေါ်စေနိုင်ပါ။
သို့သော်လည်း ကတ္တရာလမ်းအားပြင်ဆင်ထိန်းသိမ်းရမူမှာလွယ်ကူပြီး ကွန်ကရိလမ်းပြင်ဆင်ရမူမှာ ပို၍ခက်ခဲပါသည်။ကတ္တရာလမ်းများ၏ အစိတ်အပိုင်းတခုခြင်းအား ပြင်ဆင်ထိန်းသိမ်းမူပြုလုပ်နိုင်ပါသည်။ထို့အပြင်ကတ္တရာလမ်းအလွှာပါးများအား မူလကတ္တရာလမ်းဟောင်းပေါ်တွင် ထပ်၍ထပ်၍ခင်းပေးနိုင်သော်လည်း ကွန်ကရိလမ်းတွင်မူ ဆောင်ရွက်ရန်မလွယ်ကူလှပါ။ကွန်ကရိလမ်းတနေရာတွင်ကျိုးပျက်ခဲ့ပါက ကျိုးပျက်သည့်အစိတ်အပိုင်းနေရာကိုသာကွက်ကာပြင်ဆင်၍မရပဲ Slabပြင်တခုလုံးအား ပြန်လည်ပြုပြင်ပေးရမည်ဖြစ်ပါသည်။
ကွန်ကရိလမ်းကောကတ္တရာလမ်းပါ လမ်းအက်ကြောင်းရာ(Crack line)များပေါ်ပေါက်တတ်ပြီး အဆိုပါအက်ကြောင်းများကိုပြုပြင်ပေးနိုင်ပါသည်။ကတ္တရာလမ်းအက်ကြောင်းများအားပြုပြင်ပေးရာ၌ လွယ်ကူစွာပြင်ဆင်နိုင်ပြီး မူလအခြေအနေသို့ပြန်လည်ရောက်ရှိအောင်ပြုပြင်ပေးနိုင်ပါသည်။ကွန်ကရိလမ်းများတွင်မူ အက်ကြောင်းများအား ကတ္တရာဖြင့်ပင်ဖာထေးပြုပြင်ပေးနိုင်ပြီး ကတ္တရာလမ်းကဲ့သို့မူလမျက်နှာပြင်ပုံစံမျိုးရရှိအောင်ပြုပြင်ပေးရန်မလွယ်ကူလှပါ။

(၅)Rolling
ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းတွင် လမ်းကြိတ်စက်ကြိတ်ခင်းခြင်းလိုအပ်ပြီး ကွန်ကရိခင်းခြင်းလုပ်ငန်းတွင် မလိုအပ်ပါ။

(၆)Expansion Joint
အပူချိန်ပြောင်းလဲမူကြောင့် ကျုံမူကျယ်ပြန့်မူ(Contract and expand)အားကတ္တရာလမ်းတွင် လွတ်လပ်စွာခွင့်ပြုပေးနိုင်သော်လည်း ကွန်ကရိလမ်းတွင်မူခွင့်ပြုမပေးနိုင်ပါ။ထို့ကြောင့်ကွန်ကရိလမ်းတွင် Expansion Jointများဆောင်ရွက်ပေးရန်လိုအပ်ပြီး ကတ္တရာလမ်းတွင် ဆောင်ရွက်ပေးရန်မလိုပါ။

(၇)Road Safety
ဘေးကင်းလုံခြုံမူအရကြည့်မည်ဆိုလျင်လည်း ဖြတ်သန်းသွားလာသည့်ယာဉ်များအတွက် ကတ္တရာလမ်းများသည် ပိုမို၍ဘေးကင်းမူရှိစေနိုင်ပါသည်။ကတ္တရာလမ်းများတွင် ကားဘီးတာယာ၏လမ်းမျက်နှာပြင်ပေါ်ကုတ်နိုင်မူအား(Traction)သည် ပိုမိုကောင်းမွန်သဖြင့် လမ်းချော်မူအန္တရာယ်ပိုမိုနည်းပါးစေနိုင်ပါသည်။

(၈)Fuel Consumption
ယာဉ်များ၏ဆီစားနှုန်းမှာ ကွန်ကရိလမ်းပေါ်မောင်းနှင်ခြင်းသည် ကတ္တရာလမ်းပေါ်မောင်းနှင်ခြင်းထက် ၁၅%မှ ၂၀%အထိ သက်သာနိုင်ပါသည်။ယာဉ်များ၏အလေးချိန်ကြောင့် ကားဘီးတာယာများ၏ကွေးညွတ်မူ(Deflection)သည် ကွန်ကရိလမ်းပေါ်၌မရှိသလောက်နည်းပါးမူကြောင့်ဖြစ်ပါသည်။

(၉)Greener Process
ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ ကတ္တရာအားအရည်ပျော်စေရန် မီးအပူပေးရမူကြောင့် မီးခိုးငွေ့များထွက်ကာ ပတ်ဝန်းကျင်အားညစ်ညမ်းစေသော်လည်း ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်း၌မဖြစ်ပေါ်စေပါ။

(၁၀)Saving and Natural Resources
ကတ္တရာအား ရေနံမှထုတ်ယူရခြင်းဖြစ်ပြီး ကမ္ဘာ့ရေနံအရန်သိုက်များမှရေနံထွက်ရှိမူမှာ သိသာစွာနည်းပါးလာနေပြီဖြစ်ပါသည်။ကွန်ကရိလုပ်ငန်းအတွက်လိုအပ်သော ဘိလပ်မြေမှာ နေရာအနှံပေါများစွာရရှိနိုင်သော ထုံးကျောက်တောင်များမှတဆင့်ထုတ်လုပ်ရခြင်းဖြစ်ပါသည်။

(၁၁)Recycle
လမ်းဟောင်းမှ စွန့်ပစ်ကတ္တရာအဟောင်းများအားအရည်ကြိုချက်ပေးခြင်းအားဖြင့် ထပ်ဆင့်ထပ်ဆင့်ပြန်လည်အသုံးပြုနိုင်ပါသည်။ကွန်ကရိလမ်းဟောင်းမှစွန့်ပစ်ကွန်ကရိအဟောင်းများအား ခွဲစိတ်ပေးခြင်းအားဖြင့်လည်း အောက်ခံအလွှာများတွင် ပြန်လည်အသုံးပြုပေးနိုင်ပါသည်။

(၁၂)Comfortability
သုတေသနပြုမူရလဒ်များအရ ကွန်ကရိလမ်းပေါ်ယာဉ်များဖြတ်သန်းသောအခါ တိုင်းတာတွေ့ရှိရသော တုန်ခါမူသည် ကတ္တရာလမ်းပေါ်ဖြတ်သန်းစဉ်တုန်ခါမူထက် ၃-၄ဆခန့်ပိုမိုတုန်ခါသည်ကိုတွေ့ရှိရပါသည်။(မျက်နှာပြင်ညီညာမူရှိသော ကွန်ကရိလမ်းနှင့် ကတ္တရာကွန်ကရိလမ်း(AC Road)တို့အား နှိုင်းယှဉ်ထားခြင်းဖြစ်ပါသည်။မျက်နှာပြင်ညီညာမူနည်းပါးသော Pen-Macကတ္တရာလမ်းကို တိုင်းတာထားခြင်းမဟုတ်ပါ။)
ကွန်ကရိလမ်းများတွင် Expansion Jointများရှိခြင်းကြောင့်လည်း တုန်ခါမူကိုပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့်တုန်ခါမူနည်းပါးသော ကတ္တရာလမ်းများသည် ယာဉ်စီးနှင်းသူများအားသက်သောင့်သက်သာ(Comfortability)ပိုမိုဖြစ်ပေါ်စေနိုင်သည်ကို တွေ့ရှိရပါသည်။

(၁၃)Tire wearing and Noise
မျက်နှာပြင်ပိုမိုကြမ်းတမ်းမူနှင့် ပွတ်တိုက်စားမူ(Friction)များမူကြောင့် ကွန်ကရိလမ်းများတွင် ကားဘီးတာယာစားမူနှုန်းပိုများပြီး ဆူညံမူနှုန်းလည်းပိုမိုပါသည်။

(၁၄)Failure due to water effect
မိုးရေကြောင့် ကတ္တရာလမ်းများတွင် စွတ်စိုမူဖြစ်ကာ ကတ္တရာနှင့်လမ်းခင်းကျောက်များ၏ စွဲမြဲမူအားကို နည်းပါးလာစေပြီး ကတ္တရာကွာခြင်း(Stripping)ကိုဖြစ်ပေါ်စေနိုင်ပါသည်။ထိုကြောင့်ဝန်အလေးချိန်များသောယာဉ်များဖြတ်သန်းသည့်အခါ လမ်းခင်းကျောက်များရွေ့လျားမူမှတဆင့် ကတ္တရာလမ်းလှိုင်းတွန့်များဖြစ်ခြင်း(Corrugation)ကို ကြုံတွေ့လာရပါသည်။
ရေဝပ်မူကြောင့်ကားဘီးလမ်းတလျောက်တွင်နိမ့်ကျမူ(Rutting)ကိုလည်းဖြစ်ပေါ်စေပါသည်။ကတ္တရာလမ်းသားအောက်သို့ရေဝပ်ကာ ယာဉ်များဖြန်သန်းသောအခါ Pumping Effectကြောင့်လည်း ကတ္တရာလမ်းမျက်နှာပြင်တွင် အက်ကွဲကြောင်းများဖြစ်ခြင်း ၊ လမ်းပေါက်များဖြစ်ခြင်း(Pot holes)ကိုလည်း တွေ့ရှိရပါသည်။
အဆိုပါတွေ့ရှိချက်များကြောင့် ယခုအခါ မြန်မာနိုင်ငံတွင် မိုးများသောအရပ်ဒေသများ၌ ကတ္တရာလမ်းအစား ကွန်ကရိလမ်းများကို ပြောင်းလဲတည်ဆောက်လာကြပါသည်။

(၁၅)Aesthetic
ကတ္တရာလမ်းသည်အနက်ရောင်ရှိ၍ ကွန်ကရိလမ်းသည်အဖြူရောင်ရှိသော်လည်း"အလှအပဟူသည် ကြည့်ရှုသူ၏ မျက်ဝန်းပေါ်မူတည်သည်"(Beauty is in the eye of the beholder)ဟု ဆိုသည့်အတိုင်း မည်သည့်လမ်းအမျိုးအစားက ပို၍လှပမူရှိပါသည်ဟု ပုံသေပြောဆို၍မရနိုင်ပေ။
သို့ဖြစ်ပါ၍ ကတ္တရာလမ်းခင်းခြင်းနှင့် ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်းတွင် ကောင်းကွက်များ(Advantages)နှင့် ဆိုးကွက်များ(Disadvantages)ရှိကြသဖြင့် မိမိတို့ဆောင်ရွက်မည့် ဒေသအခြေအနေ ရာသီဥတုအခြေအနေ ငွေကြေးအခြေအနေတို့ပေါ်မူတည်၍ သင့်လျော်မူရှိသော Pavementအမျိုးအစားအား ရွေးချယ်တည်ဆောက်ကြရမည်ဖြစ်ပါသည်။
Htin Kyaw

Address

Nyaungoo

Telephone

+959794858356

Website

Alerts

Be the first to know and let us send you an email when TOUR BAGAN Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TOUR BAGAN Information:

Shortcuts

Share