Phyoe Set Paing_Travel Vlogger

Phyoe Set Paing_Travel Vlogger traveller

ငယ်တုန်းကပိုက်ဆံမရှိတော့ဘူးလို့မိဘကိုအမြဲညာတတ်တယ်ကြီးလာတော့ပိုက်ဆံရှိသေးတယ်ဆိုပြီးမိဘကိုအမြဲညာပြန်တယ်ငယ်တုန်းကမိဘပိုက်ဆံ...
01/08/2022

ငယ်တုန်းက
ပိုက်ဆံမရှိတော့ဘူးလို့
မိဘကိုအမြဲညာတတ်တယ်

ကြီးလာတော့
ပိုက်ဆံရှိသေးတယ်ဆိုပြီး
မိဘကိုအမြဲညာပြန်တယ်

ငယ်တုန်းက
မိဘပိုက်ဆံနဲ့ မိဘက
ပစ္စည်းဝယ်ခိုင်းရင်
ဈေးအမြဲ ပိုပြောတတ်တယ်

ကြီးလာတော့
ကိုယ့်ပိုက်ဆံနဲ့ မိဘကို
ပစ္စည်းဝယ်ပေးတတ်လာတော့
ဈေးအမြဲ လျော့ပြောပြန်တယ်

ငယ်တုန်းက
အခက်အခဲနည်းနည်းမရှိလိုက်နဲ့
ရှိတာနဲ့အိမ်ပြန်ရောက်တာနဲ့ ငိုယိုပြီး
မိဘကိုတိုင်တန်းတတ်တယ်

ကြီးလာတော့
အပြင်မှာအဆင်မပြေလေ
အိမ်ရောက်ရင်ပြုံးလေပဲ

ကိုယ်ကတဖြည်းဖြည်းနဲ့
ရင့်ကျက်လာသော်လည်း
မိဘတွေကျတော့အိုးမင်းသွားပြီ

ကိုယ်သိတတ်လာတဲ့အချိန်မှာ
သက်ရှိဘုရား မိဘတွေကို စိတ်ချမ်းသာအောင်ထားပါ

#လေးစာစွာဖြင့်
-Forex Advisor

#

ပုသိမ်မြို့ မောင်းထောင်ကျောင်းပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် သက်တော် ၇၁နှစ် ဝါတော် ၅၁ ဘဒ္ဒန္တ မာနိတာလင်္ကာရ အဂ္ဂမဟာ...
27/07/2022

ပုသိမ်မြို့ မောင်းထောင်ကျောင်းပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် သက်တော် ၇၁နှစ် ဝါတော် ၅၁ ဘဒ္ဒန္တ မာနိတာလင်္ကာရ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒီဃဘာဏက ပိဋက.တစ်ပုံဆောင် ဆရာတော်သည် ၁၃ဂ၄ ခု ဝါဆိုလကွယ်နေ့ နံနက် ၅နာရီ ၄၅ မိနစ် အချိန်တွင် ဘဝနတ်ထံ စံလွန်တော်မူသည်။
တပည့် ဒါယကာ ဒါယိကာမတို့အား အကြောင်းကြားသိစေအပ်ပါသည်။

မိုင်းဖုန်းဆရာတော် ကိုပင့်ဆောင်မယ့် ဝေါယာဥ်သျှမ်းသံတော်ဆင့်၊ဇူလိုင် (၁၈) သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းက...
18/07/2022

မိုင်းဖုန်းဆရာတော် ကိုပင့်ဆောင်မယ့် ဝေါယာဥ်

သျှမ်းသံတော်ဆင့်၊ဇူလိုင် (၁၈)

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူမှာ (၃) နှစ် (၃) လ (၃) ရက် တရားကျင့်ကြံအားထုတ်ရာမှာ အဓိဌာန်ပြည့်ပြီး ဇူလိုင် (၃၁) ရက်မှာ ဂူမှ ထွက်လာပါမယ်။

ဂူမှထွက်လာပြီး မိုင်းကျတ်ဂူအောက်မှာ (၅) ရက် ဗုဒ္ဓတရားတော်များ ဟောကြားမည်ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးအား ပင့်ဆောင်မယ့် ဝေါယာဥ်ကို ယနေ့ ဇူလိုင် (၁၈) ရက် မနက် (၆ နာရီ ၄၅) မိနစ်မှာ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်မှ မော်တော်ယာဥ် နဲ့ တရားကျင့်ကြံ အားထုတ်လျှက်ရှိတဲ့ မိုင်းကျက်ဂူ သို့ ပင့်ဆောင်သွားမှာဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီး ဂူမှ ထွက်တော်မူပြီး ဆံတော်ပယ်မည့် နမ့်ဟူးရေထွက် နှင့် အောက်ဂူထိ လှည်းဝေါယာဥ် နဲ့ ကြိုးဆွဲပြီး တပည့် ဒကာအပေါင်းမှ ကုသိုလ်ယူ ပင့်ဆောင်မည်ဖြစ်ပါတယ်။



#သျှမ်းသံတော်ဆင့်
#မိုင်းဖုန်းဆရာတော်
#မိုင်းကျက်ဂူ
Photo&Source: San Thein (Facebook)
လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

ပထဝီမြေရဲ့ သဘာဝ သဘောတရားအရ သောင်ထွန်းပြီး ပေါ်လာတဲ့ မြေကို နတ်လမ်း လို့ ခေါ်ကြ...🤔ရွှံမီးတောင်ကိုနဂါးပွက်တောင်လို့ ပြောက...
11/07/2022

ပထဝီမြေရဲ့ သဘာဝ သဘောတရားအရ သောင်ထွန်းပြီး ပေါ်လာတဲ့ မြေကို နတ်လမ်း လို့ ခေါ်ကြ...🤔

ရွှံမီးတောင်ကိုနဂါးပွက်တောင်လို့ ပြောကြ...🙄

တိရိစ္ဆာန် မျိုးနွယ် မြွေကြီးကြီးတွေ့ရင် ဖမ်းခေါ်လာ
သိုက်က ဘာညာ ဆိုကြ ....😒

မဆိုးပါဘူး.....🤭

🙏🙏🙏🙏🙏

၁။
ကပိလဝတ်ကနေ ပြန်လာခဲ့တယ်
၁၀နှစ်လုံး ကြိုးစားရှာဖွေမှုဟာ
အတ္တာဟိ အတ္တနော နာထော မှာ ဆုံးတယ် ။


၂။
မီးတောင်သေ……ချော်ရည်ဆူပွက်မှုဟာ
နဂါးပွက်တောင် အမည်ရတယ် ။
နွားနို့တွေ မြေထဲ သွန်းလောင်းနေတာ
ရွံ့ဗွက်ကြီးကို ရှိခိုးနေတာ
မြင်ရတာ ရှက်လိုက်တာ ။

၃။
သံအိမ်ထဲက မြွေတွေ
ရေကန်ထဲက ငါးတွေ
ပြီးတော့ ………
ခြံခတ်ထားတဲ့ ယုန် သမင် တွေ
ကြိုးချည်ထားတဲ့ မျောက်တွေ
ဒီနေ့ခေတ် ဘုရား ကျောင်းကန်ဟာ
မွေးမြူရေး ခြံနဲ့တူနေတယ်။


၄။

သုံးရာသီ စက်ဝန်းထဲမှာ
အလှူခံတွေ ခြေချင်းလိမ်နေတယ်။
ဗုဒ္ဓကို ကန်ထရိုက်စွဲတာ
ဒီနေ့ ခေတ်မှာရှိတယ် ။
ဗုဒ္ဓဟာ …… ထုတ်ကုန်မဟုတ်ဘူး ။

တိတ်ဆိတ်ငြိမ်သက်ခြင်းကို
ဗုဒ္ဓဟာ နှစ်သက်တယ် ။
သံစုံတီးဝိုင်းတွေ ……
အဆိုတော်တွေနဲ့ …
လပြည့် လကွယ်မှာ
ဂေါပကဟာ
ဗုဒ္ဓကို ငွေရှာခိုင်းတယ် ။
ရှက်တတ်ရင် သေလို့ရတယ် ။

၅။

ဘုရားရင်ပြင်ဟာ
ကားပါကင်ဖြစ်လာတယ်။
ကျောင်းသင်္ခန်းဟာ
တည်းခိုးခန်းဖြစ်လာတယ်။
မင်္ဂလာမဏ္ဍပ်ဟာ
ကျောင်းဝန်းထဲမှာရှိတယ်။
သာဝကတွေဟာ
မဂ္ဂင်ရှစ်ပါးထက်
ဒေါ်လာဘက်ကို မျက်နှာမူလာတယ်။


၆။

ဗုဒ္ဓရဲ့ သစ္စာလေးပါးကို
လယ်တီ မဟာစည် မိုးကုတ် ခွဲရင်း
ရန်သတ်ပွဲနဲ့ ရှာကြတယ်။

ဓမ္မဟာ ဓါးမ ဖြစ်လာတယ်။

၇။
ဝမ်းစာ ကနေစပြီး
အာဏာ အဆုံးအထိ
သာသနာကို ခုတုံး လုပ်ကြတယ်။

ကိုယ့်ကိုကိုယ် တွေ့ရှိခြင်းဟာ
ဗုဒ္ဓကို ကျေးဇူးဆပ်ခြင်းပဲ။

အဆုံးအမ ……လိုက်နာမှု။
ဒါ ………သာသနာပြုတာပဲ။

၈။

မထူးပါဘူး ……

ပျက်နေတဲ့အထဲကပဲ
ရသလောက်ပြင်ရင်း
ဗုဒ္ဓဆီကို
တစ်လှမ်းခြင်း ရွေ့ကြတာပေါ့ ။

9-7-2022

ငါသေဆုံးသွားတဲ့အခါနေ့မကူးဘဲ သဂြိုဟ်ပေးပါ။သုံးရက် ငါးရက်အယူမသည်းပါနဲ့။သေပြီးငါ့အား ဓာတ်ပုံထောင်၍နံနက် ညနေစားစရာတွေမကျွေးပ...
10/06/2022

ငါသေဆုံးသွားတဲ့အခါ
နေ့မကူးဘဲ သဂြိုဟ်ပေးပါ။
သုံးရက် ငါးရက်အယူမသည်းပါနဲ့။

သေပြီးငါ့အား ဓာတ်ပုံထောင်၍
နံနက် ညနေစားစရာတွေမကျွေးပါနဲ့။
ငါ့အားကျွေးမည့် စားကောင်းသောက်ဖွယ်
များအား ဆာလောင်မွတ်သိပ်နေသူများကို
ကျွေးပေးပါ။

အသက်မရှိတော့တဲ့ ငါ့ခန္ဓာအား
ရေချိုးအလှပြင်ဖို့မလုပ်ပါနဲ့ ။
ကမ္ဘာမှာ ရေချိုတွေရှားနေတာသတိရပါ။

မသာကောင်ကိုအလှဆင်ဖို့
ငွေကုန်ခံပြီး ပန်းတွေမဝယ်ပါနဲ့။
ဘုရားကိုလှုလိုက်ခြင်းက
သင်တို့အတွက် ပိုမြတ်ပါတယ်။

ငါ့ခန္ဓာအား အရှက်လုံလောက်သော
အဝတ်အဟောင်းသာ ဝတ်ပေးလိုက်ပါ။
ပြာကျမည့်အစား ချို့တဲ့သူအတွက်
လုံခြုံအောင် လှုလိုက်ပါ။

ငါ့ခြေထောက်မှာ မွေးကတည်းက
ဖိနပ်မပါလာ၍ ဖိနပ်ထည့်ပေးရန်မလိုပါ။
ပြာကျမည့်ဖိနပ်တစ်ရံအား
ဖိနပ်မရှိသူကို လှုလိုက်ပါ။

ရေအိုးခွဲမည့် လွဲမှားသောအယူများနဲ့
ငါ့အားလမ်းမခွဲလိုက်ပါနဲ့ ။
အိုးမခွဲလဲ ငါဖက်တွယ်မထားပါဘူး
ကိုယ့်လမ်းကိုယ် ဆက်လျှောက်မှာပါ။

ကူးတို့ခလည်း ထည့်ပေးစရာမလိုပါ။
လိုအပ်တဲ့နေရာ လှုလိုက်ပါ။
ငါ့မှာကူးတို့ခအဖြစ်
ကုသိုလ် အကုသိုလ်အထုတ်ယူသွားမှာပါ။

ဝမ်းနည်းခြင်း ပန်းခြင်းများအစား
ငါ့အားကြည့်၍ သံဝေဂယူပါ

ခန်းမအလယ်၌ ငါ့အားပြင်ပြီး
လူမြင်ကောင်းအောင် မငိုကြပါနဲ့။
ခန်းမငှားခအား ဘိုးဘွားရိပ်သာကို
လှူလိုက်ပါ။

သေပြီးခန္ဓာ ငါ့မသာအား
အခေါင်းလှလှ ထဲ့ဖို့အကြံဉာဏ်မပေးပါနဲ့။
ခေါင်းပျဉ်ပြာကျ ဆုံးရှုံးရမဲ့အစား
အခင်းအကာမဲ့သူတွေ အများကြီးကို
မြင်တတ်စာနာတတ်ပါစေ။

ငါ့ဝိညာဉ်အား ပုတ်ကာခေါ်၍
သင်တို့အိမ်ကို ခေါ်ဆောင်ခြင်းအမှု
အယူလွဲစွာမပြုပါနှင့်။
ငါသင်တို့နှင့် အပြီးတိုင်လမ်းခွဲသွားသူပါ။

ငါ့ခန္ဓာကိုယ်ကို မြေ၌ရှိသော
ဆာလောင်မွတ်သိပ် သတ္တဝါတို့အား
ငါ့အသွေးသား စားသောက်စေရန်
မီးသဂြိုဟ်ခြင်း ပြုမည့်အစား
မြေ၌မြုပ်နှံပေးကျပါ။

ငါ့အားမြုပ်နှံသည့်အခါ
အုတ်ဂူမလုပ်ဘဲ မြေတူးကာမြုပ်၍
သစ်ပင်ငယ်တစ်ပင်သာ စိုက်ပေးခဲ့ပါ။
ငါ၏ယိုယွင်းပျက်စီးသော ခန္ဓာအား
ငါ့မြေငါ့ရေအတွက် မြေဆီမြေနှစ်အဖြစ်
အသုံးပြုခွင့်ပြန်ရပါစေ။

:--:

” ဈေးအစ ဇာတ်အလယ် ဖာအဆုံး ” ယခု ခေတ်ကာလတွင် ရိုင်းပြသော နေရာတွင် သုံးနှုန်းနေ ကြသည်မှာ သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါသည် ။...
02/04/2022

” ဈေးအစ ဇာတ်အလယ် ဖာအဆုံး ”

ယခု ခေတ်ကာလတွင် ရိုင်းပြသော နေရာတွင် သုံးနှုန်းနေ ကြသည်မှာ သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါသည် ။ ။

" ဈေးအစ ဇာတ်အလယ် ဖာအဆုံး ”ဆိုတဲ့ ရှေးလူကြီး သူမတို့၏ အချိန်ကာလ နှင့် နေရာ ဒေသ ရွေးတတ်ရန်မှာ ကြားခဲ့သော စကားစုဖြစ်သည်။

#ဈေးအစ ဆိုသည်မှာ ဈေးဝယ်မည့် သူသည် မနက်စောစော ထ၍ ဈေးအစဆုံး ဖွင့်ချိန်တွင် သွားရောက် ဝယ်ယူရမည်ဟု ဆိုလိုပါသည်။ ထိုသို့ ဈေးအစဆုံး ဖွင့်ချိန် သွားရောက်ဝယ်ယူမှ သူများထက်ဦးစွာ လတ်ဆတ် ကောင်းမွန်သော #ကုန်စည် များကို ဝယ်ယူနိုင်မှာပါ။ ဈေးအစတွင် မဝယ်ယူပဲ နောက်ကျ မှ သွားရောက် ဝယ်ယူလျှင် သူများမလိုချင်၍ ကျန်နေသော ကုန်စည်ခပ်ညံ့ညံ့သာ ရရှိမှာ ဖြစ်ပါတယ် ။ ။ ဒါ့ကြောင့် ဈေးအစဟု ဆိုရေးရှိတာပါ ။ ။

#ဇာတ်အလယ် တဲ့ ဇာတ်ကသည့် သူများဟာ ညလယ်ပိုင်းမှာ #ဗုဒ္ဓဝင် တို့ #ပြဇာတ် တို့ ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြ တတ်သောကြောင့် ဇာတ်ကြည့်မယ် ဆိုလျှင် ညလယ်ပိုင်းသည် အဓိက ကြည့်သင့်သည်ဟု ညွှန်ပြခဲ့ခြင်း ဖြစ်ပါသည် ။

တခြားမူကွဲ
ဇာတ်အလယ် ။ ။ ဇာတ်ပွဲကြိုက်သူတို့ ကောင်းကောင်းသိသော စကား ပါ။ ဇာတ်ပွဲကြည့်သူသည် ဇာတ်ပွဲ ကြည့်ပါက ပွဲခင်း၏ မည်သည့်နေရာမှ ကြည့်မှ အဆင်အပြေဆုံး ဖြစ်သနည်း။ ဇာတ်ပွဲကို ထိုင်၍ အနီးကပ်ကြည့်ပါက ဇာတ်ဆောင်တို့ကို မော့ကြည့်ရ၍ ကြာကြာကြည့်နိုင်ဖို့ မလွယ်ပါ။
ရပ်၍ကြည့်က ပင်ပန်းလွယ်၍ ကြာကြာ ကြည့်နိုင်မည်မဟုတ်။ ပွဲခင်း၏ အစွန်မှ ကြည့်ပါက ဝေးလွန်း၍ ရုပ်မထင်ရှားပါ။ ထို့ကြောင့် ပွဲခင်း၏ အလယ်မှ ကြည့်မှသာ အဆင်အပြေဆုံး ကြည့်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဇာတ်အလယ်ဟု ဆိုရိုးပြုခဲ့ကြပြန်၏။

#ဖာအဆုံး တဲ့ ယခု စကားပုံတွင် ပါသော ဖာဆိုသည်မှာ #ထန်းခေါက်ဖာ ကို ပြောတာဖြစ်ပါသည်။ အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်း သိမ်းဆည်းထားနိုင်သော သေတ္တာ ကဲ့သို့သော ဖာ သေတ္တာကိုဆိုလိုခြင်း ဖြစ်သည်။
ထိုဖာများကို ရောင်းချမည့် သူများသည် ဖာ သေတ္တာများကို အဆင့်ဆင့် ထပ်ကာ ထမ်းပိုးရောင်းချကြပါသည်။ ထိုသို့ အဆင့်ဆင့် ထပ်ထားသော ဖာ သေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်း ခိုင်မာသော ဖာ ကိုထားလေ့ ရှိပါသည် ။ ။ သို့မှသာ အောက်ဆုံးဖာ သည် သူ့အပေါ်မှ ဖာများ၏ အလေးချိန်ကိုခံနိုင်မှာ ဖြစ်ပါတယ်။ထို့ကြောင့် ဖာသေတ္တာ ဝယ်ယူမည်ဆိုလျှင် အောက်ဆုံးဖာကို ဝယ်ယူဖို့ ညွှန်ကြားထားတာ ဖြစ်သည့်အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာ ဖြစ်ပါတယ် ။

ထို့ကြောင့် "စျေးအစ ဇာတ်အလယ် ဖာအဆုံး" ဟူသော စကားပုံ အဓိပ္ပါယ်ကို မှန်ကန်စွာ သိ၍ အခြေအနေအချိန် ကာလကို သိတတ် သူများ ဖြစ်ကြပါစေဟု ဆုတောင်းလျက်။

credit to original uploader

30/03/2022
အင်းဆို
27/03/2022

အင်းဆို

Address

Bone Kyaw Street
Pathein

Telephone

+959696828485

Website

Alerts

Be the first to know and let us send you an email when Phyoe Set Paing_Travel Vlogger posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category