Let's Go Together Ngwe Saung Travel

Let's Go Together Ngwe Saung Travel Make your unforgettable memorial beach trip with us.Book your Bus Ticket,Room,Boat Trip,Package here.

ငွေဆောင်မြို့၏ ဒေသဆိုင်ရာအချက်အလက်များနောက်ခံသမိုင်းအကျဉ်း ၁။ ငွေဆောင်မြို့သည် ငဆော်ချောင်းအတွင်း ငါးမျှားရာတစ်ကောင်ပြီး...
16/07/2020

ငွေဆောင်မြို့၏ ဒေသဆိုင်ရာအချက်အလက်များ

နောက်ခံသမိုင်းအကျဉ်း

၁။ ငွေဆောင်မြို့သည် ငဆော်ချောင်းအတွင်း ငါးမျှားရာတစ်ကောင်ပြီးတစ်ကောင်ရရှိ၍ ၄င်းတို့၏ အခေါ်အဝေါ်အရ ငါးဆော်သည်ကို အစွဲပြုပြီး “ ငဆော်” ကျေးရွာဟု အမည်တွင်လာခြင်း ဖြစ်ပါသည်။ ငွေဆောင်ကျေးရွာမဖွဲ့စည်းမီငဆော်ရွာသည် ​ ကျေးရွာငယ်တစ်ခု ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၁-၄-၂၀၀၄) ရက်စွဲပါစာအမှတ် ၁၀၀/၂၄-၄၉/ဦး ၁ ဖြင့် ငဆော်ကျေးရွာအုပ်စုအား ငွေဆောင်မြို့နယ်ခွဲအဖြစ် မြို့ (၁) မြို့ ၊ ရပ်ကွက် (၄) ရပ်ကွက် ၊ ကျေးရွာ အုပ်စု (၉)အုပ်စု ၊ ကျေးရွာခွဲပေါင်း (၄၅) ရွာဖြင့်သတ်မှတ်၍ မြို့နယ်ခွဲအဖြစ် ဖွဲ့စည်းခဲ့ပါသည်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၂-၅-၂၀၁၄) အမိန့်ကြော်ငြာစာအမှတ် (၆၁၁/၂၀၁၄) အရ ငွေဆောင် မြို့နယ်ခွဲအား မြို့နယ်ခွဲစကားရပ် ပယ်ဖျက်၍ ငွေဆောင်မြို့ဟု သတ်မှတ်ခဲ့ပါသည်။

တည်နေရာနှင့်အကျယ်အဝန်း

၂။ ငွေဆောင်မြို့သည်မြန်မာနိုင်ငံ၏အနောက်
တောင်ဘက်တွင်တည်ရှိပြီး ဧရာဝတီတိုင်း ဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်တွင်တည်ရှိပါသည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁၇ မိနစ် မှ ၁၇ ဒီဂရီ ၁၀ မိနစ် ၄၆ စက္ကန့်အကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅ မိနစ် ၅၆ စက္ကန့်နှင့် ၉၄ ဒီဂရီ ၂၂ မိနစ် ၁၄ စက္ကန့်အကြားတွင်တည်ရှိပါသည်။ မြို့ဧရိယာမှာ (၂၃၀.၆၂)စတုရန်းမိုင်ကျယ်ဝန်း ပါသည်။

နယ်နိမိတ်

၃။ ငွေဆောင်မြို့သည် အရှေ့ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် ငရုတ်ကောင်းမြို့တို့နှင့် ထိစပ်လျှက်ရှိပြီး မြောက်ဘက်တွင် ချောင်းသာမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

၎။ ငွေဆောင်မြို့သည် ပင်လယ်ကမ်းခြေဒေသဖြစ်ပြီး မြင့်မားသည့် တောင်တန်းများမရှိပါ။ ကျွန်းများမှာ လူမနေကျွန်းများဖြစ်ပြီး ထင်ရှားသောကျွန်းမှာ ချစ်သူများကျွန်း ၊ မြွေကျွန်းနှင့် ငှက်ကျွန်းတို့ဖြစ်ပါသည်။

ရေဆင်း

၅။ ငွေဆောင်မြို့သည် မြစ် ၊ ချောင်းနည်းပါးပြီး ပင်လယ်ကမ်းခြေဒေသဖြစ်ပါသည်။ သဇင်ချောင်း ၊ ဘူးကွဲချောင်းတို့သည် အရှေ့မှအနောက်သို့စီးဆင်းပြီး ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဆင်းလျှက်ရှိပါသည်။ အဓိက သံတွဲမြစ်မှာ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းလျှက်ရှိပါသည်။ မြစ်လက်တက် ၊ ချောင်းလက်တက်များသည် မြို့၏ အနောက်ရိုးမကို မြစ်ဖျားခံ၍ စီးဆင်းကြပါ သည်။ ရေချိုရေငန်နှစ်မျိုးဖြစ်၍ပင်လယ်ကမ်း
ခြေဒေသများတွင် စိုက်ပျိုးရေအဖြစ် အသုံးမပြုကြပါ။ စက်လှေသင်္ဘောများ သွားလာနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်

၆။ ငွေဆောင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် (၁၂)ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၀ပေ ဖြစ်ပါသည်။

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်

ရာသီဥတု

၇။ ငွေဆောင်မြို့သည် ပူအိုက်စွတ်စိုသော ရာသီဥတုဖြစ်ပြီး အပူဆုံးဧပြီလမှာ (၃၇.၇oC)နှင့် အအေးဆုံး ဒီဇင်ဘာလမှာ (၁၇.၈oC)ရှိ၍ ပျမ်းမျှ အပူချိန် (၂၃oC) ရှိရာ အမြင့်ဆုံးအပူချိန်မှာ (၃၇.၇oC)ဖြစ်ပါသည်။

သဘာဝပေါက်ပင်များ

၈။ ငွေဆောင်မြို့အတွင်းပေါက်ရောက်သည့်သဘာဝပေါက်ပင်များမှာ ဓနိပင်၊ လမုပင် ၊ အုန်းပင်၊ ကျွန်း ၊ ပျဉ်းကတိုး၊ သင်္ကန်း ၊ ကညင် ၊ တောင်သရက် ၊ ကညောင်း ၊ ပိန္နဲဖို ၊ မကျီးပွေး ၊ မြောက်ချော၊ တောင်ကျီး၊ဒညင်း ၊ ကြက်တူရွေးစာ ၊ သစ်ကြပိုး ၊ မဒေါ့ ၊ ကနစို ၊ သရက် ၊ မျောက်ငို ၊ တောင်သပြေ၊ သစ်တု ၊ ကြက်မောက် ၊ တောင်ပိန္နဲ ၊ ပိတောက်တို့ဖြစ်ပါသည်။

တောရိုင်းတိရိစ္ဆာန်များ

၉။ ငွေဆောင်မြို့အတွင်းရှိ တောရိုင်းတိရိစ္ဆာန်များမှာ ချေ၊ သင်းခွေချပ် ၊ ယုန် ၊ ဖွတ် ၊ ပဒပ် ၊
ရှဥ့်၊ ရစ်၊ ဘုတ် ၊ငုံး ၊ လင်းယုန် ၊ စွန် ၊ ဇီးကွက် ၊ တောကြောင် ၊ မြွေပါ၊ ရေစ္စလီ ၊ ရေဘဲ ၊ ကျီး၊ တောကြက်၊ ဖြူး ၊ စပါးအုံး ၊ ကြွက် ၊ မြွေပွေး ၊ ငန်းတောကြား ၊ မြွေဟောက်၊ လင်းမြွေနှင့် ဆင်ပစ်မြွေ စသည်တို့ ဖြစ်ပါသည်။

လူဦးရေ ကျား/ မ စာရင်း

အသက် (၁၈)နှစ်အထက်

၁၀။ ငွေဆောင်မြို့တွင် ကျား (၂၆၃၅)ဦး ၊ မ (၂၅၈၂)ဦး ၊ စုစုပေါင်း (၅၂၁၇)ဦး တို့ရှိပါသည်။

အသက် (၁၈)နှစ်အောက်

၁၁။ ငွေဆောင်မြို့တွင် ကျား (၁၄၄၇)ဦး ၊ မ (၁၄၉၂)ဦး ၊ စုစုပေါင်း (၂၉၃၉)ဦးတို့ရှိပါသည်။ မြို့နယ်ချုပ်

၁၂။ ငွေဆောင်မြို့တွင် ကျား (၂၀၂၄)ဦး၊မ(၆၁၃၂)ဦးရှိပြီး အိမ်ထောင်စု (၂၀၀၁)စု ရှိပါသည်။

နေထိုင်သည့်တိုင်းရင်သားလူမျိုးများ

၁၄။ ငွေဆောင်မြို့တွင် ကရင်လူမျိုး (၇၇၇)ဦး ၊ ချင်းလူမျိုး (၄)ဦး ၊ မွန်လူမျိုး (၃)ဦး ၊ ဗမာလူမျိုး (၃၄၇၈)ဦး ၊ ရခိုင်လူမျိုး (၃၈၆၆)ဦး ၊ ရှမ်း (၁၄)ဦးရှိပါသည်။ စုစုပေါင်းလူဦးရေ (၈၁၅၆)ဦး ရှိပါ သည်။

ဘာသာကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ

၁၅။ ငွေဆောင်မြို့တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်
ဘာသာနှင့်အခြားဘာသာကိုးကွယ်ကြပါသည်။

အုပ်ချုပ်မှုဆိုင်ရာအချက်အလက်များ

၁၆။ ငွေဆောင်မြို့တွင် မြို့အုပ်ချုပ်ရေးမှုးရုံး (၁)ရုံး ၊ ရပ်ကွက်ရုံး (၄)ရုံး ၊ ကျေးရွာအုပ်စုရုံး (၉)ရုံး ရှိပါသည်။ ငွေဆောင်မြို့ရှိ ဌာနဆိုင်ရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည် _

(က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

(ခ ) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(ဂ ) စည်ပင်သာယာရေးအဖွဲ့

(ဃ) စိုက်ပျိုးရေးလုပ်ငန်း

(င) မြေစာရင်းဦးစီးဌာန

(စ ) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

(ဆ) ဆက်သွယ်ရေး

(ဇ ) လဝက

(ဈ ) ကမ္ဘာလှည့်/ ရဲတပ်ဖွဲ့

(ည) ဟိုတယ်/ခရီး

(ဋ ) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

(ဌ) လမ်းဦးစီးဌာန

(ဍ ) လျှပ်စစ်

(ဎ ) မီးသတ်ဦးစီးဌာန

(ဏ) ပညာရေး

(တ) ကျန်းမာရေး တို့ဖြစ်ပါသည်။

နိုင်ငံရေးပါတီများအမည်စာရင်း

၁၇။ ငွေဆောင်မြို့တွင် ပါတီ (၈)ခုရှိပါသည်။

(က) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

(ခ ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

(ဂ ) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

(ဃ) ပြည်သူ့ပါတီ

(င) လူ့ဘောင်သစ်ပါတီ

(စ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ

(ဆ) ရခိုင်အမျိုးသားပါတီ

(ဇ)ကရင်ပြည်သူ့ပါတီ

အဓိကစီးပွားရေးလုပ်ငန်းများ

၁၈။ ငွေဆောင်မြို့သည် ပင်လယ်ကမ်းခြေမြို့ဖြစ်ပြီး ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေရာမြို့ဖြစ်သည့်အတွက် စီးပွားရေးအချက်အခြာကျသော မြို့ဖြစ်ပါသည်။
ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ရေလုပ်ငန်းကိုအဓိကထားလုပ်ကိုင်ကြသည်။ ထွက်ကုန်မှာ ပင်လယ်ထွက်ကုန်ပစ္စည်းနှင့် အုန်းသီး တို့ဖြစ်ပါသည်။

မြို့နယ်ရှိစက်ရုံများ

၁၉။ ငွေဆောင်မြို့ရှိစက်ရုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ငွေဆောင်သောက်ရေသန့်

(ခ ) National ရေခဲစက်

ဓာတ်ဆီ ၊ ဒီဇယ်အရောင်းဆိုင်များ

၂၀။ ငွေဆောင်မြို့ရှိ ဓာတ်ဆီ ၊ ဒီဇယ် အရောင်းဆိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) Regency

ဈေးများ

၂၁။ ငွေဆောင်မြို့တွင် မြို့မဈေး (၁)ခု ရှိပါသည်။

ဘဏ်များ

၂၂။ ငွေဆောင်မြို့တွင် KBZ Bank (၁)ခုရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း

၂၃။ ငွေဆောင်မြို့တွင် ဟိုတယ် (၃၄)လုံးရှိပါသည်။ ဟိုတယ် (၃၄)လုံးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) Bay Of Bangal Resort

(၂) Aureum Palace Resort

(၃) Sunny Paradise Resort

(၄) Myanmar Treasure Resort

(၅) Eskala

(၆) AMBO Hotel

(၇) Grand Ngwe Saung Hotel

(၈) Plam Beach Resort

(၉) Emerald Sea Resort

(၁၀) Pearl Ngwe Saung Hotel

(၁၁) Yuzana Resort

(၁၂) Silver View Resort

(၁၃) Yamonnar Oo Hotel

(၁၄) Shwe Hinn Thar Hotel

(၁၅) Silver Coast Hotel

(၁၆) Ntwe Saung Beach Hotel

(၁၇) E.F.R Hotel

(၁၈) Ocean Paradise

(၁၉) Hotel Lux

(၂၀) ACE

(၂၁) Ocean Blue

(၂၂) Yacht Club Hotel

(၂၃) Jung XI Hotel

(၂၄) Lover View

(၂၅) Soe Ko Ko

(၂၆) @ The Se

(၂၇) K Resort

(၂၈) RIA Resort

(၂၉) Asia World

(၃၀) Golden Luxury

(၃၁) Blue Water Resort

(၃၂) The Village Resort

(၃၃) Dream House

(၃၄) Center Point

တို့ဖြစ်ပါသည်။

ပေ (၁၈၀)အောက်တံတားများ

၂၄။ ငွေဆောင်မြို့တွင် ပေ (၁၈၀)အောက်တံတားမှာ ဘူးကွဲတံတားဖြစ်ပါသည်။ ဘူးကွဲချောင်းကူးတံတား ပေ (၇၀) ဘေလီသံဘောင် တံတားဖြစ်ပါသည်။

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်

၂၅။ ငွေဆောင်မြို့သည် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ ဒေသခံ ပြည်သူလူထုသည် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုလုပ်ငန်း ၊ ဒေသထွက်ပစ္စည်း ရောင်းချ ခြင်းလုပ်ငန်း ၊ ရေလုပ်ငန်းတို့ကို အဓိကထားလုပ်ကိုင်ဆောင်ရွက်ကြပါသည်။

ပညာရေးကဏ္ဍ

၂၆။ ငွေဆောင်မြို့တွင် တက္ကသိုလ် ၊ ကောလိပ် ၊

သိပ္ပံစာရင်းကျောင်းများမရှိပါ။ အ.ထ.က ကျောင်း

နှင့် အ.ထ.က(ခွဲ) (၅) ကျောင်းရှိပြီးအ.မ.က

ကျောင်း(၁၃)ကျောင်းရှိပါသည်။

လမ်းပန်းဆက်သွယ်ရေး

ကားဂိတ်များနှင့် ပြေးဆွဲသည့်ခရီးစဉ်များ

(က) ရွှေပြည်လွင် ( ရန်ကုန် - ငွေဆောင်)

(ခ ) မြင့် ( ရန်ကုန် - ငွေဆောင်)

(ဂ ) ကံထူးအောင် ( ရန်ကုန် - ငွေဆောင်)

(ဃ) ရွှေမင်းသား (ပုသိမ်-ငွေဆောင်)

(င) ရွှေတိုး (ပုသိမ်-ငွေဆောင်)

(စ ) ခိုင်သစ္စာ (ပုသိမ်-ငွေဆောင်)

(ဆ) ရွှေစင်မြင့်မြတ်(ပုသိမ်-ငွေဆောင်)

တို့ဖြစ်ပါသည်။

ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးဌာနခွဲ

၂၇။ ငွေဆောင်မြို့တွင် (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၅)ခုရှိပါသည်။

အသင်းအဖွဲ့များ

၂၈။ ငွေဆောင်မြို့နယ်ရှိ အသင်းအဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) အမျိုးသမီးရေးရာအဖွဲ့

(ခ ) မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း

(ဂ ) ကြက်ခြေနီ

(ဃ) အရန်မီးသတ်

(င ) မြတ်ဒါန ပရဟိတ

ဘာသာရေး ၊ ဘုန်းတော်ကြီးကျောင်းများ ၊ စာသင်တိုက်များ ၊ သီလရှင်ကျောင်းများ၊ ဗလီများ၊ ဟိန္ဒူဘုရားကျောင်း ၊ တရုတ်ဘုရားကျောင်းများ ၊ ခရစ်ယာန်ဘုရားကျောင်းများ

၂၉။ ငွေဆောင်မြို့တွင် ဘုန်းတော်ကြီးကျောင်း (၅၀) ကျောင်း နှင့်ခရစ်ယာန်ကျောင်း (၂၅) ကျောင်းရှိပါသည်။

ထင်ရှားသည့်နေရာများ

၃၀။ ငွေဆောင်မြို့တွင် ချစ်သူများကျွန်း ၊ မြွေကျွန်း ၊ ငှက်ကျွန်း ၊ လိပ်ကျွန်းနှင့် ဘုရားသုံးဆူတို့ ဖြစ်ပါသည်။

မှတ်ချက်။ ။ လက်လှမ်းမှီသမျှသာ တင်ပြခြင်းဖြစ်ပါသည်။crd

မြန်မာ့ နှစ်သစ်ကူးအခါသမယမှာကပ်ရောဂါနှင့် စိန်ခေါ်မှုများအားလုံးကိုမိသားစုနှင့်အတူ ကျန်းမာပျော်ရွှင်စွာဖြတ်ကျော်နိုင်ပါစေကြေ...
12/04/2020

မြန်မာ့ နှစ်သစ်ကူးအခါသမယမှာ
ကပ်ရောဂါနှင့် စိန်ခေါ်မှုများအားလုံးကို
မိသားစုနှင့်အတူ ကျန်းမာပျော်ရွှင်စွာ
ဖြတ်ကျော်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Covid-19 ကာလအတွင်း ဆောင်ရွက်ထားရှိချက်များ (Tariff)=======================၁။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန သည် Covid 19 ...
31/03/2020

Covid-19 ကာလအတွင်း ဆောင်ရွက်ထားရှိချက်များ (Tariff)
=======================

၁။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန သည် Covid 19 ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ကို အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့်ရရှိရန် အထောက်အကူပြု စေရေး၊ Work From Home ပြုလုပ်သူများအတွက် ဆက်သွယ်ရေးကိစ္စရပ်များ အဆင်ပြေစေ ရေး၊ အများပြည်သူများ သက်သာသောနှုန်းထားဖြင့် ဆက်သွယ်ပြောဆိုနိုင်ရေး တို့ကို ရည်ရွယ်၍ မိုဘိုင်းဝန်ဆောင်ခနှုန်းထားများအတွက် ထားရှိရမည့် အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို (၂၇-၃-၂၀၂၀) မှ (၃၀-၆-၂၀၂၀) ထိ ဖြေလျော့ပေးခဲ့ပြီး အော်ပရေတာများအနေဖြင့် ယခုကာလအတွင်း မိမိတို့၏ အကျိုးစီးပွားကို အဓိကမထားဘဲ အများပြည်သူများ သက်သာသောနှုန်းထားဖြင့် သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ခနှုန်းထားများ လျှော့ချဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါသည်။

၂။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အော်ပရေတာများထံ ဝန်ဆောင်ခနှုန်းထားများ လျှော့ချရန်တိုက်တွန်းခဲ့ပြီးနောက် မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ လျော့ပေါ့ပေးခြင်းကို မိုဘိုင်းအော်ပရေတာများမှ ဆောက်ရွက်ပေးခဲ့ရာ (၃၁-၃-၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်နေမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

+1 ( ၁၅ ) ယောက်ဖြစ်သွားပါပြီ....သေဆုံး - ၁*****************Case - 15 လူနာ*****************Case-15 လူနာ သည် ရန်ကုန်တိုင်း...
31/03/2020

+1
( ၁၅ ) ယောက်ဖြစ်သွားပါပြီ....
သေဆုံး - ၁
*****************
Case - 15 လူနာ
*****************
Case-15 လူနာ သည် ရန်ကုန်တိုင်းဒေသကြီး၊ နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ဗဟန်းမြို့နယ်၌ နေထိုင်သည့် အသက် (၄၅) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး (၂၇-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စသောလက္ခဏာများ ခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ပြသခဲ့ရာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ဆေးကုသမှုဆောင်ရွက်ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

နောက်ထပ်နှစ်ယောက် ထပ်တွေ့ပါတယ်တဲ့ခဗျာ။စုစုပေါင်း ဆယ်ယောက်ရှိသွားပါပြီ။တစ်ရက်ခြား တစ်ခါကိုတွေ့နေရပါတယ်။ကျန်းမာရေးကိုအထူး ...
29/03/2020

နောက်ထပ်နှစ်ယောက် ထပ်တွေ့ပါတယ်တဲ့ခဗျာ။
စုစုပေါင်း ဆယ်ယောက်ရှိသွားပါပြီ။
တစ်ရက်ခြား တစ်ခါကိုတွေ့နေရပါတယ်။
ကျန်းမာရေးကိုအထူး ဂရုစိုက်ပါတော့ခဗျာ။
ကျပ်ကျပ်ဂရုစိုက်ပါတော့။
များလာဖို့ပဲရှိပါတယ် ခဗျာ။
အိမ်ထဲမှာပဲနေပါ။
အပြင်ထွက်ခြင်းကို တတ်နိုင်သမျှရှောင်ပါ။
လက်ဆေးပါ။
Hand Gelသုံးပါ။
အားရှိအောင်နေပါ။
အိပ်ရေးဝဝအိပ်ပါ။
ချစ်လို့ပြောတာနော်။ စိုးရိမ်လို့ပြောတာနော်။

28/03/2020

မြေကျစ်စာခဲတစ်ခုပေါ်မှာ

တစ်ခါက အာကာသယာဉ်မှူးတွေဟာ
လကမ္ဘာခရီးအတွေ့အကြုံ ရှင်းကြတယ်။

သတင်းထောက်
“အာကာသထဲ ရောက်တဲ့အခါ ကမ္ဘာ မြေကို လည်ပြန်ကြည့်၊ ဘာတွေ့မိပါသလဲ။

အာကာသယာဉ်မှူး
“တဖြည်းဖြည်းနဲ့ ဝေးသွားတဲ့အခါ ကျွန်တော်တို့ ကမ္ဘာကြီးဟာ မြေကျစ်စာခဲ လောက်သာ ကျန်တာတွေ့ရပါတယ်။
သြော်… ငါတို့အားလုံး မြေကျစ် စာခဲတစ်ခုမှာ ဝေမျှနေရတာပါလားလို့”
…………………..
အခု အဲဒီမြေကျစ်စာခဲကို တက်နင်း မယ့် ခြေထောက်ကြီး လာပြီ။ မြို့ကလေးနဲ့ လူသတ်ကောင် ဇာတ်လမ်းမျိုးပဲ။

လူသတ်ကောင်ဟာ
ရုပ်ဖျက်ကောင်း တော့ “မှန်း”မရ၊
ကိုယ်ဖျောက်နိုင်တော့ “ဖမ်း”မရ၊

လက္ခဏာ မပြတော့လည်း ပြဿနာ၊
လက္ခဏာ ပြပြန်တော့လည်း ပြဿနာပဲ။

အခြေအနေကတော့
အချမ်းသာဆုံး နေရာတွေမှာတောင်
ကမ္ဘာပေါ် ကြာကြာ နေဖူးသူတွေကို လက်လွှတ်ရပြီ။

လူသတ်ကောင်ဟာ ကိုယ့်ဆီ ရောက် တောင်
မမြင်ရဘူးဆိုတော့ လည် ချောင်းထဲ ကျပ်ဆို့သလိုလို၊
ချောင်းခြောက် ကြီး ဆိုးမိလိုက်၊ ဖျားချင်သလိုလို ဖြစ်နေ လိုက်၊ ဒါ ကိုယ်တစ်ယောက်တည်းလား။

ဒါကြီးက ဘယ်လောက်ကြာမှာလဲ။
ငါ ပါသွားမလား၊ ကျန်ခဲ့မလား တွေးနေ မိတာ တစ်ယောက်တည်းလား။


မိုးပြိုဟန် မြင်တာနဲ့
ရိက္ခာခြောက်အတွက်၊
ဆေးဝါးအတွက် စီနေကြတာ
လူတန်းရှည်ကြီး မဟုတ်ဘူး၊
အပူတန်းရှည်ကြီး၊
လိုသလောက်ပဲ ယူတဲ့ သူ =”လူ”။
………………….

ကြောက်စိတ်နဲ့ ခြောက်ကပ်နေတဲ့ လမ်းထဲ
ဂစ်တာတစ်လက်နဲ့ ပြေးဝင်လာ တာ
ဘယ်သူပါလိမ့်။
အိမ်ထဲ ကုပ်နေသူ တွေ ပြတင်းကကြည့်တော့

“အို… အမိတို့ မကြောက်ကြလင့်”

“အို… အဖတို့ အားမငယ်လင့်”

လူဆိုးဖမ်းတဲ့လက်ဟာ ပန်းတွေကို လည်း ပွင့်စေနိုင်။

နေပါဦး…

ရဲသားလေးက သူ့ပြည်သူကိုဂစ်တာလာတီးပြတာ၊
ကိုယ်က ဘာလို့ တလှိုက် လှိုက်
စိတ်ထိခိုက်နေရတာလဲ။
ခြေချုပ်ကျ နေသူတွေ လက်ခုပ်တီးပြန်တော့ ကိုယ် ဘာလို့ ရင်ခုန်သံမြန်လာရပြန်သလဲ။ ဘာ ဆိုင်လို့လဲ။

“ဘယ်လောက်နီးလို့လဲ”ဆိုတဲ့အမေး ကို “ဘယ်လောက်ဝေးလို့လဲ”ဆိုတဲ့အမေး နဲ့ ပြန်ဖြေမယ်။
မြေကျစ်စာခဲတစ်ခုပေါ် မှာ။
……………..
ကလေးတစ်ယောက်က မေးတယ်။
“အဲဒီပိုး”ကို သေနတ်နဲ့ ပစ်သတ်လို့ မရဘူးလား”တဲ့။

ဟော… ဟိုမှာ…

သေရေးရှင်ရေး တွေ့တဲ့အခါ
အများ ရှင်ရေး ရွေးခဲ့ကြသူတွေ၊
ဆေးအိတ်၊ နား ကြပ်ယူ ဖြူနီရောင်တွဲတွေ။

ဟိုမှာ သူတို့ ဆ/မနံပါတ်တွေကို
အော်ဟစ် ကြေညာပြီး သေမင်းရှိရာ
ခြေလှမ်း ကျဲကြီးတွေနဲ့ ထွက်သွားသူတွေ
အမှောင် ည “ကြယ်”တွေရဲ့ရင်ဘတ်မှာ
သူတို့ ဆ/မ နံပါတ်ခပ်နှိပ်ဖို့
လက်နက်မကိုင်လည်း
သူရဲကောင်းဖြစ်တယ်ဆိုတာ
နှောင်းလူတို့ သိစေဖို့ငှာ
သေမင်းရှိရာ သွားကြပါပြီ။
….
တတ်မြောက်သမျှနဲ့ အသက်ပေးလှူ သူ လူ၊တတ်နိုင်သမျှနဲ့ လက်ဆေးရည် ကူသူ ကူ၊
ကမ္ဘာကြီးရဲ့ ဥပဓိကို အကျည်း တန်မခံ၊
ခုခံကြတာ
မြေကျစ်စာခဲတစ်ခု ပေါ်မှာ…


လက်နက်နဲ့တိုက်မရတဲ့ လူသတ်ကောင် ကို
စိတ်စေတနာ၊ ညာဏ်ပညာနဲ့ ခုခံကြပြီ။
ဒီပွဲဟာ ကမ္ဘာမြေသမိုင်းရဲ့ သင်ရိုးသစ်ပဲ။
လူသားဝါဒ အက်ဆေးကို တစ်ယောက် တစ်လက် ဝါကျဆက်ရေးကြပြီ

ရှုလော့ လေ တို့မြေမှာ…

“အိမ်ထဲမှာပဲ လုံအောင်နေပါ၊ လိုတာ ရှိပြော”
ပိုက်ဆံစိုက် ဈေးဝယ်ပေးမယ့် လူငယ် တွေနဲ့၊

သေမင်းကို အန်တုဖို့
လုပ်အားပေး မယ့် လူငယ်တွေနဲ့၊

အိမ်ပြန်လာမယ့် သား အတွက်
သီးခြားတဲလေး ဆောက်ပေးနေ တဲ့ ဖခင်နဲ့…
(မေးကြည့်လိုက်)…
ဓနကြွယ်လို့လား …မဟုတ်၊
အတန်းစာ တတ်လို့လား ….မဟုတ်၊

ဒါဖြင့် ဘာနဲ့လဲ။
“ဆင်ခြင်တုံတရားနဲ့”
“အသိစိတ်နဲ့”ထိုးတဲ့ တောသားရဲ့ ယာယီတဲကလေးပေါ့။

ရောင်စုံကမ္ဘာကြီးမှာ တချို့က အရောင် ညစ် အမှောင်ရောင်တွေ
သူတို့ကတော့ အလင်းရောင်တွေနဲ့ “သစ်”တယ်။

ဟိုမှာ… ရွာကိုမြင်လျက်၊ အိမ် မပြန်
မရေမရာဘဝကိုယ့်ကိုယ်ကို
တောထဲအကျဉ်း ချခံလိုက်တဲ့ ရွာသားလေးရေ။
တစ်ချိန် မှာ
အမည်မသိ တောပန်းလေးတွေ တွေ့ ရင်
မင်းတို့နာမည် ခေါ်လိုက်ပါမယ်။
လူ သတ်ကောင်ကို တွန်းလှန်ရာ
ကျွမ်းကျင်သူ စကား နားထောင်တာလည်း တာဝန်ကျေ မှုပဲလေ။
မြေကျစ်စာခဲတစ်ခုပေါ်မှာ…
……………….

“ကျွန်တော်ကတစ်နေ့ရှာမှတစ်နေ့စားရပေမယ့် ဖုန်းသာကြိုဆက် ခေါ်လိုက် ပါ။
ကယ်သူတွေကို ကူသယ်ဖို့ လာပါမယ်” တဲ့။

အငှားယာဉ်မောင်း ညီလေးရေ….
ကူပါ၊ ပို့ပါ၊
ကမ္ဘာမြေချစ်စိတ် ဂီယာသွင်း၊
လူတွေကို တန်ဖိုးထားမှု လီဗာနင်း၊
စတီ ယာရင်ကိုင်တဲ့ မင်းလက်
လူသတ်ပိုး မနှိပ် စက်စေကြောင်း
တစ်ချိန် ကမ္ဘာ့တိုက်ကြီး တွေ ဆက်မယ့်လမ်း ကွန်းထောက်စခန်း တစ်ခုမှာ
မင်းမောင်းခဲ့တဲ့ ကားနံပါတ်လေး ရေးခွင့်ပြုပါ အညတရယာဉ်မောင်းရေ…

တစ်လမ်းဝင် တစ်လမ်းထွက်
မျက်နှာ ဖုံး၊ လက်ဆေးရည်ကမ်းနေတဲ့
လူမသိ သူ မသိ ပရဟိတသမားတို့ရေ၊
မင်းတို့ ရုပ်တု တွေ
မြေကျစ်စာခဲတစ်ခုပေါ်မှာ…
……….
ဟိုမှာ… လူသားမျိုးနွယ်တစ်ခုလုံး အတွက် တာဝန်ကျေခဲ့သူတို့ ကားတန်း အပြန်
ကျကျနနအလေးပြုနေကြတာ မြင် လား။

ဒါ… အကြောက်တရားနဲ့ မဟုတ်
နင့်ပိုးနေတဲ့ လေးစားမှုနဲ့ “ပြု”တာ။
တစ်ခါ တလေ မခံစားနိုင်တဲ့အဆုံး မျက်ရည်တွေအလိုလိုကျလာသလို
လက်တွေ အလိုလို မြှောက်ပြီး အလေးပြုတာ။

ဒီစာဟာ
အရေးကြုံမှ မြင်ခွင့်ရတဲ့
လူ သားဆန်မှု၊ ဖေးမမှုတွေကို
မခံစားနိုင်တဲ့ အဆုံး
အသည်းတုန်တုန်၊ ခဲမှုန်မှုန် ရေး လိုက်တာ ဖြစ်နိုင်ပါတယ်။

မြေကျစ်စာခဲ တစ်ခုပေါ်မှာ…။

#မင်းကိုနိုင်
27 March2020

Crd by Min Ko Naing

 ယခု ဖြစ်နေသော Covid -19 သည် တစ်ယောက်တည်း အားဖြင့် တွန်းလှန်လို့မရပါ။ Team workရှိဖို့ လိုအပ်ပါတယ်။ထို့ကြောင့် စည်းရုံးပ...
28/03/2020


ယခု ဖြစ်နေသော Covid -19 သည် တစ်ယောက်တည်း အားဖြင့် တွန်းလှန်လို့မရပါ။ Team workရှိဖို့ လိုအပ်ပါတယ်။ထို့ကြောင့် စည်းရုံးပါ ။ အိမ်မှာနေပါ။ အစိုးရ၏ ထုတ်ပြန်ချက်များကို လိုက်နာပါ။

လူနာဆောင်၊ ဆေးရုံ၊ ဆေးခန်း သန့်ရှင်းရေးအတွက် Bleach (hypochlorite solution)Virus နဲ့ Bacteria ကို ဖယ်ရှားနိုင်ပါတယ်။ Myc...
27/03/2020

လူနာဆောင်၊ ဆေးရုံ၊ ဆေးခန်း သန့်ရှင်းရေးအတွက်
Bleach (hypochlorite solution)
Virus နဲ့ Bacteria ကို ဖယ်ရှားနိုင်ပါတယ်။
Mycobacteria နဲ့ spore တွေမှာတော့ အားအတော်နည်းပါတယ်။

solution ဖျော်ပုံ

နှစ်မျိုး ရှိပါတယ်။

1. Hypochlorite NaClO
liquid bleach အနေနဲ့ ဈေးမှာ ဝယ်လို့ ရပါတယ်။ လီတာဝက်၊ တစ်လီတာ၊ ၅လီတာ ဗူးတွေပါ။
Ingredient ကို ရှာဖတ်ကြည့်ပါ။ 5% မှ 6% ကြား အတွေ့များပါတယ်။
ပုံမှန် နေ့စဉ် သန့်ရှင်းရေးအတွက် 0.1% (1000ppm) hypochlorite solution ဖျော်ရတာဆိုတော့ မခက်ပါဘူး။
5% bleach ဆိုယင် သူတစ်ဆ ရေ ၄၉ဆ
6% bleach ဆိုယင် သူတစ်ဆ ရေ ၅၉ဆ

0.1% hypoနဲ့
လူနာ အထိအတွေ့များတဲ့နေရာတွေ တစ်နေ့ ၂ကြိမ်တိုက်
လူနာ သိပ်မထိတဲ့နေရာတွေ တစ်နေ့၁ကြိမ်တိုက်

ဆီး ဝမ်း သွေး သလိပ်တွေ ဖိတ်စင်ပေကျံယင်တော့
0.5% (5000ppm) နဲ့ နာရီဝက်အုပ် spill management သန့်ရှင်းရေးလုပ်

သူက ဈေးကြီးတယ်။ Private မှာ အများဆုံး သုံးတယ်

2. Hypochlorite (bleaching powder)
ဈေးသက်သာတယ်။ Public မှာ အများဆုံး သုံးတယ်။
35%, 65%, 70% အနေနဲ့ လာတယ်။
#အလွယ် တွက်နည်းကတော့
1000 ကို % နဲ့စား
ရလဒ် gram အတိုင်း ရေတစ်လီတာမှာဖျော်ယင် 1% hypo solution ရမယ်။
0.5% လိုချင်ယင် ရေ တစ်လီတာ ထပ်ရော
0.1% လိုချင်ယင် ရေ ၉လီတာ ရော

ဥပမာ
35% ဆိုယင် 1000/35=28.57###x
Bleaching powder 28 gram ခန့်ကို ရေတစ်လီတာမှာ ဖျော် 1% ရ
တစ်ခါတည်း ရေတစ်လီတာမှာ 14 gram ခန့် ထည့်ဖျော်တော့ 0.5% တန်းရ
(ခန့် လို့ ပြောရတာကတော့ ဖျော်တိုင်း ချိန်နေလို့ မရပါဘူး။
14 gram ဆိုတာ ဟင်းချိုဇွန်း တစ်ဇွန်း အမောက် လို့ သန့်ရှင်းရေးဝန်ထမ်းကို သင်ပေးထားရပါတယ်။)

အခက်တွက်နည်းကတော့
1% hypo means Chlorine 1 gm in water 100 ml (10 gm in 1 liter)
တစ်လီတာဖျော်ဖို ကလိုရင်း ၁၀ဂရမ် လိုချင်တယ်
35% bleaching powder is
Chlorine 35 gm in bleaching powder 100 gm.
Chlorine 10 gm in bleaching powder ? gm.
အနည်းလို အများ စားခြေ
? gm = 100 gm x 10 gm / 35 gm
? gm = 1000 gm / 35
အာ့ကြောင့် ၁၀၀၀ ကို % နဲ့စား 1% ရပါတယ်ဆို။

ဆိုတာ သိတယ်နော် parts per million
1000 ppm ဆိုတာ 1,000/1,000,000 = 1/1,000 = 0.1%

အရေးကြီးတာက
liquid bleach ဖြစ်ဖြစ် bleaching powder ဖြစ်ဖြစ်
ဖျော်ပီးယင် ၂၄ နာရီ အတွင်းသာ သုံးဖို့ပါပဲ။
နေ့တိုင်း ဖျော်ရမှာ
အာ့ကြောင့် သန့်ရှင်းရေးဝန်ထမ်းရော၊ ဆရာမလေးရော၊ ဆရာမကြီးရော၊ ဆရာဝန်ရော၊ အုပ်ချုပ်သူတွေပါ သိနေရမှာ။

အခု နာမည်ကြီးနေတဲ့ ဝူဟန်ဗိုင်းရပ်စ် အမည်ရ 2019 nCoV ကို စက္ကန့်ပိုင်း အတွင်း ရှင်းနိုင်တယ်။
ဒါပေမယ့် ပုံမှန် သန့်ရှင်းရေးလုပ်ယင် ၁၀မိနစ် ထားပါ။

ပိုးမွှားတွေကို ရဲဝံ့စွာ ထိန်းချုပ် ကိုင်တွယ်နိုင်ကြပါစေ။
၂၀၂၀-၀၂-၀၆-၁၉:၂၄
Credit Dr. Khine Win Tun, Nay pye taw 1000 beded hospital

အိမ်မှာနေပြီး မိမိကိုယ် မိမိကာကွယ်ပါ။လက်ဆေးပါအားရှိအောင်နေပါ။ဒါတွေအားလုံးပြီးသွားရင်ခရီးတွေပျော်ပျော်ကြီးထွက်ကြမယ်။Let's...
27/03/2020

အိမ်မှာနေပြီး မိမိကိုယ် မိမိကာကွယ်ပါ။
လက်ဆေးပါ
အားရှိအောင်နေပါ။
ဒါတွေအားလုံးပြီးသွားရင်
ခရီးတွေပျော်ပျော်ကြီးထွက်ကြမယ်။
Let's Go Together

27/03/2020

ဖေဖော်ဝါရီ ၂၃ရက် .. ပြီးခဲ့တဲ့လ.. လွန်ခဲ့တဲ့ ရက်၃၀ကျော်.. အီတလီမှာပေါ့။

COVID-19 ပိုးတွေ့ရှိသူ ၅ယောက်၊ သေဆုံးသူ သုည။

အစိုးရက Stay Home လုပ်ဖို့ ပြောပေမယ့် လူတွေ လိုက်နာခြင်း မရှိပါဘူး။ တစ်လအကြာမှာ COVID-19 ရောဂါပိုး တွေ့ရှိသူ ၇သောင်း၊ သေဆုံးသူ ၅ထောင်။

သူများဖြစ်တာကို သင်ခန်းစာ ယူတတ်သူကမှ smart ဖြစ်တဲ့သူ။

မြန်မာပြည်လည်း Smart State ဖြစ်မှာပါ။ Stay Home ! Save Your Live

မြို့ပြက ခဏလောက်ပြေးထွက်ပြီး ကမ်းခြေ တစ်ခု ကိုသွားချင်မိတယ်ဆိုရင်တော့ဖြင့် Let's Go Together ကိုသာ ဆက်သွယ်ပြီးတော့ သွားလ...
15/03/2020

မြို့ပြက ခဏလောက်ပြေးထွက်ပြီး
ကမ်းခြေ တစ်ခု ကိုသွားချင်မိတယ်
ဆိုရင်တော့ဖြင့် Let's Go Together ကိုသာ
ဆက်သွယ်ပြီးတော့ သွားလိုက်တော့။

ဖုန်းဆက်ပါ 09 96 270 50 90

Address

Ngwe Saung Beach, , Ayeyarwaddy Division, Myanmar. Kyaukkyi
Pathein
10271

Telephone

+959253442392

Website

Alerts

Be the first to know and let us send you an email when Let's Go Together Ngwe Saung Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share