AKO Ngwe Saung Tour&Service

AKO Ngwe Saung Tour&Service လူကြီးမင်းတို့ ရဲ့ လိုအပ်ချက်တိုင်းအတွက် အသင့်ရှိပါတယ်

19/04/2025

လည်ပတ်စရာ ကမ်ခြေဒေသရဲအလှများ

ပွင့်လင်းရာသီရောက်ပြီ 🤗 ငွေဆောင်ကမ်းခြေ 🌊🥰ငွေဆောင် သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အနောက်ဖက် ၄၈ ကီလိုမီတာအကွာတွင် တ...
18/04/2025

ပွင့်လင်းရာသီရောက်ပြီ 🤗 ငွေဆောင်ကမ်းခြေ 🌊🥰

ငွေဆောင် သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အနောက်ဖက် ၄၈ ကီလိုမီတာအကွာတွင် တည်ရှိသည့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတစ်ခုဖြစ်သည်

ခန့်မှန်းခြေရန်ကုန်မြို့မှ ကားလမ်းခရီး ၅ နာရီ ကြာမြင့်သည်။

ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနှင့်စာလျှင် ငွေဆောင်ကမ်းခြေမှာ ပိုမိုသစ်လွင်သည်။လူရှုပ်တာမကြိုက်ရင် ငွေဆောင်ကိုရွေးပါ။ အစားအသောက်တွေလဲချောင်းသာလို ပေါလာပြီ။
လူလာနည်းတော့ ကမ်းခြေလဲ ပိုသန့်တယ်။

ငွေဆောင်အနီးလည်ပတ်နိုင်ရန်နေရာများအကြောင်း

ကျောက်မောင်နှမဘုရား 🙏🙏🙏
ချစ်သူများကျွန်း မှ လှမ်းမြင်နိုင်ပြီး ကျောက်တုန်း ကြီး ပေါ်တွင် တည်ထား သော ဘုရားနှစ်ဆူ ဖြစ်ပါတယ်။

နဂါးရုံတောင်ပေါ်ဘုရား 🙏🙏🙏
ကမ်းခြေအနီး တောင်အမြင့် ပေါ်တွင် တည်ထားသော ဘုရား ဖြစ်ပါတယ်။ တောင်ပေါ်မှ ကြည့် လျှင် ချစ်သူများကျွန်း နှင့် ပင်လယ်ကြီး ကို အပေါ်စီး မှ တဝကြီး ကြည့်ရူ နိုင်ပါတယ်။

၁။ ငွေဆောင်ဆင်စခန်း 🐘🐘🐘
ငွေဆောင် - ပုသိမ် လမ်းမကြီးဘေး မိုင်တိုင် ၁၉ အနီးတွင် ဖွင့်လှစ်ထားပြီး သာယာ လှပ သော တောတောင်၊စမ်းချောင်းများအင်အိုင် ကြီးများ ဆင်ငယ်လေးများ ရှိပါတယ်။

စိတ်ကြည်နူးဖွယ် ပုသိမ် ထီး ဖြင့်အလှဆင်ထားသော ကြိုးတံတားကြီး မှာ လည်း ဆင်စခန်း ကြီးရဲ့ အလှ ကို ပိုပေါ်လွှင်စေပါတယ်။

သဘာဝရူခင်းများကြည့်ချင်း ၊အလှဓာတ်ပုံရိုက်ခြင်း ၊
ဆင်စာ‌‌ကျွေးခြင်း၊ဆင်သမိုင်းလေ့လာခြင်း၊ အပန်းဖြေ နားနေခြင်းများ ပြုလုပ်နိုင်ပါတယ်။

၂။မိုးမခဆင်စခန်း 🐘🐘🐘
ငွေဆောင်ကမ်းခြေ ဘူးကွဲကြီး ကျေးရွာအနီး တွင် တည်ရှိပြီး ချစ်သူများကျွန်းမှ ကားဖြင့် ငါးမိနစ်ခန့် သာဝေးကွာလှပါတယ်။

ဆင်စီးခြင်းအပြင် ဆင် တို့၏ သမိုင်း ကြောင်းများ ဆင်တို့ ၏နေထိုင်စားသောက်ပုံများလေ့လာနိုင်ပါတယ်။

စမ်းချောင်း တစ်လျှောက် ဆင်စီးခြင်းမှာလည်း စိတ်လူပ်ခြား စရာကောင်းတဲ့ ခရီးစဉ်ကြီးဖြစ်ပါတယ်။
ဆင်ကြီးများဖြင့် အလှ ဓာတ်ပုံ ရိုက်ပြီး ပျော်ရွှင်စရာ ငွေဆောင် ခရီးလေး တစ်ခု ဖန်တီးနိုင်ပါစေ။

ငွေဆောင်ကမ်းခြေရဲ့နာမည်ကြီကျွန်းသုံးကျွန်း🏝🏝

ငှက်ကျွန်း 🐦🦅🦆🏝🏝🏝
အဓိ ကျွန်းကြီးဖြစ်ပြီး
🍴🥘 ကျွန်းပေါ် တွင် ပင်လယ်စာ လတ်လတ်ဆတ် ဆတ် စားသောက်ဆိုင် များ ဖွင့်လှစ် ထားပါတယ်။

ကျွန်း ထိပ် တောင်ပေါ် တွင် သာယာလှ ပသော view point ရူခင်း အပြင် ကျွန်း ပေါ် အလှ ၏ သာယာ ပုံများကို လည်းရူ မြင်နိုင်ပါတယ်။

လိပ်ကျွန်း🐢🐢🐢🏝🏝🏝
ငှက်ကျွန်းမှ လှမ်းမြင်နိုင်သော ကျွန်း အသေးလေးတစ်ကျွန်းဖြစ်ပါတယ်။ ပင်လယ်ကျောက်တောင်ကျွန်း ဖြစ်၍ စက်လှေများ ၊boat များ ကပ်၍ မရသဖြင့် အလှကြည့်သာ ရနိုင်ပါတယ်။

ကျွန်းလျားရှည်🏝🏝🏝

ကျွန်းလျာရှည်ကတော့ လိပ်ကျွန်း အနီးတွင်တည်ရှိ ပြီး ရေကူးခြင်း၊ ရေငုတ် ခြင်း၊ ပင်လယ်ရေအောက် အလှ ဓာတ်ပုံရိုက် ခြင်းများ ပြုလုပ်ရန် အသင့်‌သောဆုံး နေရာ ဖြစ်ပါတယ်။

ငွေဆောင်ကမ်းခြေမှကျွန်းသုံးကျွန်းစလုံးကိုအလွယ်တကူသွားရောက်လည်ပတ်နိုင်ပါတယ်။
အသွားအပြန် ကြာ ချိန် တစ်ရက်(သို့မဟုတ်) နေ့တဝတ် ပေးနိုင်လျှင် လည်ပတ် သွားလာရန် အကောင်းဆုံးနေရာများဖြစ်ပါတယ်။

မြွေကျွန်း🐍🐍🐍🏝🏝🏝
မြွှေကျွန်း ကမ်းခြေ သည် အရမ်းလှပပြီး ရူခင်း ကောင်းသောနေရာ တစ်ခုဖြစ်သည်။
ပင်လယ် ထည်း ထိုးထွက်နေသော တံတားရှည်ကြီး၊ ကျောက်တန်းများ တည့်ရှိပြီး ဘေးအနီး တွင် ဘုရားသုံးဆူ ၊ ရေသူထီး ကမ်းခြေ နှင့် နီးစပ် ၍ ရူခင်းပေါင်းစုံကို တစ်နေရာထည်း တွေ့မြင့် နိုင်ပါတယ်။

🚙🚗🛵🏍🛴🚕🚌🚎
ကား၊ သုံးဘီးဆိုင်ကယ်များဖြင့် သွားရောက်နိုင်ပါတယ်။

ချစ်သူများကျွန်း💑👫🏝🏝🏝
ဟိုတယ် ဇုံ လမ်းမကြီး ဘေးတွင်ရှိပြီး ဆိုင်တန်း များ ၊ ရေကူး တဲ့ လူများ၊ ငှက်ကျွန်း သွားရန် လှေစောင့်နေသော လူများဖြင့် စည်းကားနေသော နေရာ ဖြစ်ပါတယ်။
ညနေဆည်းဆာ ချိန် ဆို အရမ်း လှ‌ပ ပြီး စည်းကား နေပါတယ်။
လာရောက်ချင်သူများ 📞09696586055📞ဆက်သွယ်မေးမြန်လိုက်ပါ😍😍

Address

NgweSaung
Pathein

Website

Alerts

Be the first to know and let us send you an email when AKO Ngwe Saung Tour&Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share