ပူတာအိုရွှေလိပ်ပြာ မိုတယ် Putao Shwe Lake Pyar Motel

  • Home
  • Myanmar
  • Putao
  • ပူတာအိုရွှေလိပ်ပြာ မိုတယ် Putao Shwe Lake Pyar Motel

ပူတာအိုရွှေလိပ်ပြာ မိုတယ် Putao Shwe Lake Pyar Motel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပူတာအိုရွှေလိပ်ပြာ မိုတယ် Putao Shwe Lake Pyar Motel, Putao.

နာမည်ကျော် မူလာရှီးဒီကြိုးတံတား သမိုင်းဝင်ဓာတ်ပုံများ (၁၉၆၁-၁၉၆၂ ခုနှစ်)မူလာရှီးဒီကြိုးတံတားကို လူဖြူခရစ်ယာန်သာသနာပြုဆရာ...
24/06/2022

နာမည်ကျော် မူလာရှီးဒီကြိုးတံတား သမိုင်းဝင်ဓာတ်ပုံများ (၁၉၆၁-၁၉၆၂ ခုနှစ်)

မူလာရှီးဒီကြိုးတံတားကို လူဖြူခရစ်ယာန်သာသနာပြုဆရာမိသားစုမှ စတင်တည်ဆောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရသိရပါတယ်။

#တံတား #မူလာရှီးဒီ #ပူတာအို

19/05/2022
ပူတာအို​ရောက်ရင် ပူတာအို​ရွှေလိပ်ပြာမိုတယ်ကိုသတိရလိုက်ပါပူတာအိုလူငယ်​ခေါင်းဆောင်တပတ်တာသင်တန်းလာ​ရောက်ပို့ချရင်း ပူတာအို​...
13/05/2022

ပူတာအို​ရောက်ရင် ပူတာအို​ရွှေလိပ်ပြာမိုတယ်ကိုသတိရလိုက်ပါ
ပူတာအိုလူငယ်​ခေါင်းဆောင်တပတ်တာသင်တန်းလာ​ရောက်ပို့ချရင်း ပူတာအို​ရွှေလိပ်ပြာမိုတယ်အ​ဆာင်အားလုံးကိုငှားရမ်းတည်းခိုအား​ပေးသွားသည့်ဆရာ ​ဖော်ရိ​ဖေရမ်မှ
အလင်း ပရဟိတအသင်း
မိဘမဲ့​ဂေဟာနှင့်လူငယ်ပြုစုပျိုး​ထောင်​ရေးစင်တာအတွက် အလှူ​ငွေပါ​ပေးအပ်လှူဒါန်း​ပေးသွားပါသည်
တည်းခိုခန်းကိုလာ​ရောက်အား​ပေးသွားသည့်အပြင် အလှူ​ငွေပါထည့်၀င်​ပေးသွားသည့် ဆရာမိသားစုအ​ပေါ် ဘုရားရှင်သာ၍​ကောင်းကြီး​ပေးပါ​စေ

ပူတာအို​ရောက်ရင်  ပူတာအို​ရွှေလိပ်ပြာ မိုတယ်ကိုသတိရလိုက်ပါလာ​ရောက်တည်းခိုခဲ့တဲ့ အဆို​တော် အန်း​နော် ဝန တို့ကို​ကျေးဇူးပါ
13/05/2022

ပူတာအို​ရောက်ရင် ပူတာအို​ရွှေလိပ်ပြာ မိုတယ်ကိုသတိရလိုက်ပါ
လာ​ရောက်တည်းခိုခဲ့တဲ့ အဆို​တော် အန်း​နော် ဝန တို့ကို​ကျေးဇူးပါ

🏔🍁အလွန်မြင့်မားသောရေခဲမြေထဲကသဘာဝအတိုင်းလှပစွာတည်ရှိနေသော သဘာဝအလှတရားလေးတွေပါ မိုးတွင်း ဆေးမြစ်ရှာစဥ်က ရိုက်ထားတဲ့ပုံလေးတ...
26/03/2022

🏔🍁အလွန်မြင့်မားသောရေခဲမြေထဲကသဘာဝအတိုင်းလှပစွာတည်ရှိနေသော သဘာဝအလှတရားလေးတွေပါ မိုးတွင်း ဆေးမြစ်ရှာစဥ်က ရိုက်ထားတဲ့ပုံလေးတွေတစ်ချို့တွေပါတဲ့🍁🏔🏔❤🤗👏 ခရီးကအတော်လေးဝေးပြီးကြမ်းတမ်းခဲ့တယ် ❤🤗
Crd org

ပူတာအိုမလိဒီရဲ့အလှတရား
23/03/2022

ပူတာအိုမလိဒီရဲ့အလှတရား

🏔မြန်မာနိုင်ငံက ရေခဲတောင်တွေနဲ့ ပတ်သက်လို့သိသင့်တဲ့ အချက် (၁၀)ချက်🏔❓ရေခဲတောင်တွေတက်ဖို့စဉ်းစားနေပြီလား❓မေးစရာမေးခွန်းတွေ...
13/03/2022

🏔မြန်မာနိုင်ငံက ရေခဲတောင်တွေနဲ့ ပတ်သက်လို့သိသင့်တဲ့ အချက် (၁၀)ချက်🏔

❓ရေခဲတောင်တွေတက်ဖို့စဉ်းစားနေပြီလား
❓မေးစရာမေးခွန်းတွေရှိနေပြီလား

ယဉ်နှောင်း ၂၀၁၉ ဧပရယ် ဖုန်ကန်ရာဇီရေခဲတောင်သွားတက်ပြီးပြန်လာတော့ သူငယ်ချင်းတွေ မေးကြတဲ့အချက်တွေ အများကြီးပါပဲ။
ဘယ်လိုသွားရလဲ ဘယ်မှာအိပ်လဲ စသဖြင့် အစုံပဲပေါ။ အဲ့ဒီထဲကမှ ရေခဲတောင်တွေနဲ့ပတ်သက်လို့ လူစိတ်ဝင်စားမှုပိုများပြီး သိသင့်သိထိုက်တဲ့ အချက်ကလေးတွေကို ပြောပြပေးပါမယ်နော်

(1) မြန်မာနိုင်ငံက ရေခဲတောင်တွေဟာ အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော ရေခဲတောင်တန်းတွေပါ။

ဟိမဝန္တာတောင်ကြောတစ်လျှောက်က ရေခဲတောင်တန်းတွေဟာ တရုတ်၊ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံနယ်နိမိတ်တွေထဲမှာလည်းရှိပြီး အရှေ့တောင်အာရှအနေနဲ့ကတော့ မြန်မာနိုင်ငံမှာပဲရှိတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ရေခဲတောင်တွေကိုပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်ပါတယ်။

(2) ရေခဲတောင်တွေဟာ တစ်လုံးတည်းရှိတာ မဟုတ်ဘဲ တောင်ကြောတွေမှာ တန်းလျက်တည်ရှိနေတာပါ။

ရေခဲတောင်တွေရဲ့ နာမည်တွေက ရဝမ်ဘာသာစကားနဲ့ပေးထားတာဖြစ်ပြီး တစ်ခုနဲ့တစ်ခု နာမည် ခပ်ဆင်ဆင်တူတော့ တစ်ခုတည်းပဲလို့ ထင်ကြတာရှိပါတယ်။ တကယ်တော့ တောင်ထိပ်တွေမတူသလို နာမည်တွေလည်းမတူပါဘူး။
ပူတာအိုကနေ လူသွားအများဆုံး ရေခဲတောင်တွေကတော့
ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ဖန်ဂရမ်ရာဇီ၊ မဒွယ်၊ ထောတကော၊ လွမ်ခရူမာဒင်ပါ။

(3)ရေခဲတောင်တွေကိုသွားလို့အကောင်းဆုံးအချိန်က "နိုဝင်ဘာ"ကနေ "ဧပရယ်"အထိပါ။

နိုဝင်ဘာမှာ နှင်းစကျတာမို့ ရေခဲတောင်တွေမှာ ရေခဲစမြင်ရပြီး ဧပရယ်မှာတော့ နှင်းတွေအရည်ပျော်ကုန်တာမို့ "နိုဝင်ဘာ"ကနေ "ဧပရယ်"ဟာ ရေခဲတောင်တက်ဖို့အကောင်းဆုံးအချိန်ပါ

(4)ပူတာအိုကို ရောက်ရုံနဲ့ ရေခဲတောင်တွေဆီ မရောက်ပါဘူး။

တချို့ထင်တာက ပူတာအိုက ရေခဲတောင်တွေဆိုတာ မန္တလေးက မန္တလေးတောင်လိုပဲ ပူတာအိုမြို့ထဲမှာပဲ ရှိမယ်ထင်ကြတာ။ တကယ်ကအဲ့လိုမဟုတ်ပါဘူး။

လူသွားအများဆုံးဖြစ်တဲ့ ဖုန်ကန်၊ဖုန်ရင်၊ဖန်ဂရမ်တို့နဲ့ အနီးဆုံးရွာ ဇီယာဒမ်းရောက်ဖို့ကို ပူတာအိုကနေ တစ်ညအိပ် နှစ်ရက်ခရီးလျှောက်ရပါတယ်။ ကားလမ်းလည်းမပေါက်သေးတာမို့ ဆိုင်ကယ်နဲ့တောင် ခက်ခက်ခဲခဲသွားရပြီး တစ်နေကုန်စီးမှ ဇီယာဒမ်းရောက်ပါတယ်။

(5)ရေခဲတောင်ခရီးစဉ်ဟာ မလွယ်ကူပါဘူး။

ဖြူဖွေးနေတဲ့ရေခဲတောင်တွေနဲ့ ဓာတ်ပုံရိုက်လိုက်မယ်၊ ဘယ်လိုဆော့ပလိုက်မယ်လို့ စိတ်ကူးထားရင် အနည်းဆုံး အသွားအပြန်(၇)ရက်ခန့်ကြာနိုင်တဲ့ခရီးကို ခြေလျင်သွားနိုင်ဖို့လိုပါမယ်။ ရေခဲတောင်ထိပ်တွေကိုရောက်ဖို့ ယခုအချိန်ထိတော့ ကိုယ့်ခြေထောက်နဲ့ကိုယ်သွားမှရောက်ပါတယ်။
ရဟတ်ယာဉ်တွေ၊ cable car တွေ မရှိသေးပါဘူး။

(6)ရေခဲတောင်ပေါ်က နှင်းတွေက ဘယ်လိုနေလဲ။

နှင်းတွေက စကျကျချင်းမှာ အမှုန်လေးတွေ အိဖတ်နေပေမယ့် ကျလာတာများလာလေ သိပ်သည်းကျစ်လျစ်လာပြီး ရေခဲထု၊ ရေခဲပြင်ကြီးဖြစ်သွားတာပါ။ ရာသီဥတုအပူချိန်ပေါ်မူတည်ပြီး ရေခဲအပျော့အမာကွဲပြားပေမယ့် ရေခဲတွေရဲ့ texture က ရေခဲမုန့်လို မဟုတ်ပါဘူး ၊ ရေခဲခြစ်လိုမျိုးလို့ ပြောရင် ပိုမှန်ပါတယ်။

နှင်းတွေဟာ အန္တရာယ်ရှိပါတယ်။
-ဝါးစားဖို့ မသင့်တော်ပါဘူး။ acidic pH ဖြစ်နေနိုင်ပါတယ်။
-နှင်းတွေကို နှင်းဘောလုံး ၊ နှင်းလူသားအရုပ်တွေလုပ်တာမျိုး လက်အိပ်မပါဘဲ ကြာကြာကိုင်တွယ်ရင် နှင်းကိုက်နာလို့ ခေါ်တဲ့ frost bite ဖြစ်နိုင်ပါတယ်။
-ရေခဲပြင်ပေါ်မှာ နေကာမျက်မှန်မပါဘဲ သွားလာရင် ရေခဲအလင်းပြန်တဲ့နေရောင်ရဲ့ UV ဒဏ်ကြောင့် snow blindness လို့ခေါ်တဲ့ အမြင်အာရုံပျက်စီးမှုဖြစ်နိုင်ပါတယ်။

(7)ဆရာမ"ဂျူး"ရဲ့ "ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ"ကို ဒါရိုက်တာ ဇင်ယော်မောင်မောင် ပြန်ရိုက်ထားတဲ့ "လျှို့ဝှက်သောနှင်း"ဇာတ်ကားကတကယ်ပဲ ခါကာဘိုမှာရိုက်ထားတာလား

"ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ"ဟာ "ခါကာဘိုရာဇီ"မှာ ဇာတ်အိမ်တည်ထားတဲ့ ဝတ္ထုပေမယ့် "လျှို့ဝှက်သောနှင်း"ဇာတ်ကားကတော့ "ဖုန်ကန်ရာဇီ"မှာ ရိုက်ခဲ့တာဖြစ်ပါတယ်။
ဇာတ်ကားရိုက်တုန်းက အဖွဲ့သားတွေစခန်းချခဲ့တဲ့ စခန်းနေရာကို အခုထိ "မင်းသားစခန်း"လို့ခေါ်ကြပါတယ်။

(8)ခါကာဘိုရာဇီဟာ အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်ပါ။

ပေပေါင်း (၁၉၂၉၅)ပေမြင့်တဲ့ ခါကာဘိုရာဇီရေခဲတောင်ဟာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်သလို အရှေ့တောင်အာရှရဲ့အမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်။

(9)ခါကာဘိုရာဇီကို ဘယ်သူတွေ တက်ခဲ့ပြီးပြီလဲ

-၁၉၅၆ မှာ ယိမ်းနွဲ့ပါးစစ်တံခွန်အဖွဲ့က ပထမဆုံးအကြိမ်တက်ရောက်ပြီး ပေပေါင်း (၁၂၀၀၀) အထိရောက်ခဲ့ပါတယ်။(အသေးစိတ်ကို ယိမ်းနွဲ့ပါး-ခါကာဘိုခရီးသည် စာအုပ်မှာ ဖတ်နိုင်ပါတယ်)
-၁၉၉၆ မှာ ဂျပန်တောင်တက်သမား အိုဇာကီနဲ့ မြန်မာနိုင်ငံသား နမားဂျွန်ဆိန် (ရဝမ်လူမျိုး) တို့ တက်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် ခါကာဘိုတောင်ထိပ်ရောက်သူများဖြစ်ခဲ့ပါတယ်။
-၂၀၁၄ ဩ​ဂတ်စ်မှာ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ တက်ရောက်ခဲ့ပြီး တောင်ထိပ်ရောက်ကြောင်းသတင်းပို့ပြီးနောက် အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့တာ ဒီနေ့ထိတိုင်ပါပဲ။
-၂၀၁၄ နိုဝင်ဘာမှာ National Geographic အဖွဲ့က တက်ရောက်ဖို့ကြိုးစားခဲ့ပြီး တောင်ထိပ်ထိမရောက်ဘဲ ပြန်လှည့်ခဲ့ရပါတယ်။

(10)ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်

နှင်းဖုံးတောင်တန်းတွေ၊ သစ်တောတွေနဲ့ သဘာဝဇီဝမျိုးကွဲပေါင်းစုံကျက်စားနေတဲ့ မြန်မာပြည်မြောက်ဖျားပိုင်းရေခဲတောင်ဒေသတွေဟာ ဟိမဝန္တာရဲ့ သက်ရှိသဘာဝတွေကို လေ့လာဖို့ အကောင်းဆုံး နေရာတစ်ခုလည်းဖြစ်ပါတယ်။

UNESCO အသိအမှတ်ပြုကမ္ဘာ့အမွေအနှစ် ဖြစ်လာဖို့ အဆိုတင်သွင်းထားပေမယ့် ဒေသခံတွေနဲ့ ညှိနှိုင်းမှုတွေလုပ်ဖို့ လိုနေသေးလို့လျာထားချက်မှာပဲ ရှိပါသေးတယ်။

✅အချက်အလက်တွေအတွက်
ယိမ်းနွဲ့ပါး-ခါကာဘိုခရီးသည်နဲ့ National Geographic တို့ကို မှီငြမ်းထားပါတယ်။

နောက်ရက်တွေမှာတော့ ရေခဲတောင်တက်ဖို့ ပြင်ဆင်ရတဲ့အရာတွေအကြောင်းကို ဆက်ရေးပေးသွားပါမယ်နော်။

# Credit to Mandalarian

Crd org

လွန်ခဲ့သော နှစ် ၆၀ ကျော်က မူလာရှီးဒီကြိုးတံတား။
06/03/2022

လွန်ခဲ့သော နှစ် ၆၀ ကျော်က မူလာရှီးဒီကြိုးတံတား။

" မြန်မာပြည်မြောက်ပိုင်း ရေခဲတောင် အခြေအနေများ "🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔ရေခဲတောင်တက်ချင်သူများ အနေဖြင့် အချိန်ကာလ ရွေးချယ်နိင်...
28/02/2022

" မြန်မာပြည်မြောက်ပိုင်း ရေခဲတောင် အခြေအနေများ "
🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔

ရေခဲတောင်တက်ချင်သူများ အနေဖြင့် အချိန်ကာလ ရွေးချယ်နိင်ရန် လစဉ် ရေခဲတောင် အခြေအနေများ တင်ပြပေးလိုက်ပါသည်။

(January) - ရေခဲဆီးနှင်းများ မတည်ငြိမ်သေးသော ကာလဖြစ်ပြီး လမ်းခရီး ခြောက်သွေ့သော ကာလဖြစ်ပါသည်။ ရေခဲတောင်တန်းများတွင် လဆန်းပိုင်းတွင် ရေခဲ အနည်းငယ်သာ ရှိတက်ပြီး လကုန်ပိုင်းတွင် ရေခဲ ထူတက်ပါသည်။ ရေခဲတောင်တန်းများပေါ်တွင် မိုးတိမ်ကင်းစင်တက်ပြီး ရာသီဥတု ကောင်းမွန်သော ကာလလည်းဖြစ်ပါသည်။ လမ်းလျှောက်ရ အကောင်းဆုံး လတစ်လလည်း ဖြစ်ပါသည်။ November : December : January ဒီလသည် ပူတာအို နှင့် ရေခဲတောင်တန်းများတွင် အအေးဆုံးကာလထဲတွင် ပါ၀င်ပါသည်။ ရေခဲတောင်တက်ချင်သူများ အနေဖြင့် ရေခဲတောင်တက်ရန် ရွေးချယ်သင့်သော အကောင်းဆုံး ကာလဖြစ်ပါသည်။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ်ရောက်ချင်သူများ အတွက် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် အားလုံး တက်ရောက်သင့်သော ကာလ တစ်ခု လည်းဖြစ်ပါသည်။

(February) - လမ်းခရီးများ ခြောက်သွေ့ပြီး အအေးလျော့လာသော ကာလတစ်ခုဖြစ်ကာ ရေခဲ ထူပွသောကာလတစ်ခု ဖြစ်ပါသည် ။ ရံဖန်ရံခါ ရေခဲ အဆက်မပြက် ကျတက်ပြီး ၊ ရေခဲတောင်ပေါ်တွင် ရာသီဥတု အကောင်း အဆိုးဖြစ်တက်သော ကာလဖြစ်ပါသည်။ ရေခဲတောင် တက်မည့် သူများအတွက် ရေခဲ အလွန်များမှာဖြစ်ပြီး ရေခဲ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ် ရောက်ဖူးချင်သူများ အားလုံးအတွက် ကောင်းမွန်သော ကာလဖြစ်ပါသည် ။ ရေခဲဆီးနှင်းများစွာ မြင်တွေ့ရနိင်ပြီး လမ်းလျှောက်ရ အကောင်းဆုံး လဖြစ်သည်။ ယခုလတွင် ရေခဲ အဆက်မပျက်ရွာကျတက်ကာ မိုးရေများလည်းရွာကျတက်တာကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ရေခဲတောင်ကိုသာ ရောက်ရှိနိင်ပြီး လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် များကို တက်ရောက်ရန် အလွန် ခက်ခဲသော ကာလ တစ်ခုဖြစ်ပါသည်။

(March) - ရေခဲဆီးနှင်း များစွာ အဆက်မပျက် ရွာကျတက်ပြီး ရေခဲအရမ်းပွသော လဖြစ်ပါသည်။ (March) လ တွင်လည်း ရေခဲ အဆက်မပျက်ရွာကျတက်ကာ မိုးရေများလည်းရွာကျတက်တာကြောင့် တောင်ထိပ်ရောက်ဖူးချင်သူများ အနေဖြင့် ဖုန်ကန်ရာဇီ ရေခဲတောင်သာ ရောက်ရှိနိင်ပြီး ဖုန်ရင်ရာဇီ ရေခဲတောင်သည် ရေခဲ ထူသောကြောင့် တောင်ထိပ်ရောက်နိင်ရန် မသေခြာသော ကာလ ဖြစ်ပါသည်။ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင်ထိပ်များကိုတော့ ရောက်ရှိနိင်ရန် အရမ်းကို ခက်ခဲသော ကာလတစ်ခုဖြစ်ပါသည်။

(April) - ရေခဲဆီးနှင်းများ ကျစ်လစ်ခိုင်မာပြီး တောင်တန်း အားလုံးတွင် ရေခဲများစွာ ရှိပါသည်။(April) လတွင် ရေခဲ နှင့် မိုးရေများ ရွာကျတက်ကာ ရေခဲ ကျစ်လစ်ခိုင်မာသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် များကို တက်ရောက်နိင်သော ကာလ တစ်ခုဖြစ်ပါသည်။

(May) - ရေခဲဆီးနှင်းများ ကျောက်တုန်းကဲ့သို့ ကျစ်လစ်ခိုင်မာပြီး မိုးစတင်သော လဖြစ်ပါသည်.
(May) လဆန်းပိုင်းတွင် မိုးရေများ ရွာကျတက်ကာ ရေခဲ ကျစ်လစ်ခိုင်မာသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် များကို တက်ရောက်နိင်သော ကာလ တစ်ခုဖြစ်ပါသည်။ (May)လ လကုန်ပိုင်းတွင် ရေခဲများ အရည်ပျော်ကျတက်ပြီး မိုးနှင့် အတူ ရေခဲများ ာစီးမျောသွားသော ကာလတစ်ခုဖြစ်ပါသည်။

(June) - ရေခဲဆီးနှင်းများ အရည်ပျော်ကျလျှက် မြေပြင်မှာ အပင်များ စတင်မြင်ရပြီး အပင်မှ ပန်းအဖူးများ စတင်ဖူးသော လဖြစ်ပါသည် ။ ရေခဲတောင်တန်းများ အားလုံးတွင် ပန်းများ ဖူးပွင့်ကြပြီး ရေခဲ နှင်းများ မရှိတော့သည့် ကာလ တစ်ခုဖြစ်ပါသည်။ (June) ၊ (July) ၊ (August) ၊ (September) လများတွင် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် တန်းများပေါ်တွင် ရေခဲနှင်းများ မရှိတော့ပဲ ရေခဲတောင် ပန်းများနှင့် ဆေးဖက်၀င်အပင်များသာ ပေါက်ရောက်သော ကာလတစ်ခုဖြစ်ပါသည်။ယခုလများတွင် သစ်ပင် ပန်းမာန်များနှင့် သားငှက်တရိစ္ဆာန်များ လေ့လာချင်သူများအတွက်သာ အကောင်းဆုံးဖြစ်ပြီး ရေခဲ နှင်းများတော့ တွေ့ရတော့မည် မဟုတ်ပါ။

(July) - ရေခဲတောင်ပေါ်များတွင် ရေခဲဆီးနှင်းများ မရှိတော့ပဲ မြေပြင်မှအပင်များ အားလုံး ပန်းများဖူးပွင့်လျှက် ရှိသော လ ဖြစ်ပါသည်။

(August) - ရေခဲတောင်ပေါ်များတွင် မိုးရွာလိုက် နေပူလိုက်ဖြင့် မြေပြင်မှအပင်များ အားလုံး ပန်းများဖူးပွင့်လျှက် ပန်းပွင့်များ ကြွေချိန်ဖြစ်ပါသည် ။

(September) - ရေခဲတောင်ပေါ်များတွင် အအေးတန်းများ စတင်၀င်ရောက်ပြီး မိုးနှင့် အတူ မြူနှင်းများ ကျကာ အအေးဓာတ် စပြုသော လ ဖြစ်ပါသည်။ ။ တောင်တက်ချင်သူများ အနေဖြင့် ရေခဲလုံး၀ မရှိသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊ မဒွယ်ရာဇီ ရေခဲတောင် အားလုံးကို တောင်ထိပ်ရောက်ရှိနိင်မှာ ဖြစ်ပါသည်။

(October) - ရေခဲတောင်ပေါ်များတွင် အအေးတန်းများ ပိုမို၀င်ရောက်လာပြီး မိုးနှင့် အတူ ရေခဲ ဆီးနှင်းများ စတင်ကျတက်သော လဖြစ်ပြီး ရေခဲဆီးနှင်းများ ကျလိုက် အရည်ပျော်သွားလိုက် ဖြစ်တက်သောလဖြစ်ပါသည် ။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ အနေဖြင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ရေခဲတောင်များတွင် ရေခဲ မရှိနိင်ပဲ မဒွယ်ရာဇီ ရေခဲတောင်တွင်သာ ရေခဲရှိနိင်ပါသည်။ ရေခဲ နှင်းများ သေခြာပေါက် တွေ့ရမည်တော့ မဟုတ်ပါ ။ တောင်ထိပ်ရောက်ဖူးချင်သူများ အနေဖြင့်သာ ရေခဲ မရှိသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊ မဒွယ်ရာဇီ ရေခဲတောင် အားလုံးကို တောင်ထိပ်ရောက်နိင်မှာ ဖြစ်ပါသည်။

(November) - ရေခဲဆီးနှင်းများ အနည်းငယ် ရွာကျလျှက် အအေးဓာတ်များလာသော လဖြစ်ပါသည်။ ရေခဲ ဆီးနှင်းများ ကျလာသော ကာလတစ်ခုဖြစ်ပြီး ရေခဲတောင် တက်ရန် အကောင်းဆုံး အချိန်တစ်ခု ဖြစ်ပါသည်။ November ၊ December ၊ January ဒီလများသည် ပူတာအို နှင့် ရေခဲတောင်တန်းများတွင် အအေးဆုံးကာလထဲတွင် ပါ၀င်ပါသည်။ ရေခဲတောင်တက်ချင်သူများ အနေဖြင့် ရေခဲတောင်တက်ရန် ရွေးချယ်သင့်သော ကာလဖြစ်ပါသည်။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ်ရောက်ချင်သူများအနေဖြင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် အားလုံး တက်ရောက်နိင်သော ကာလလည်းဖြစ်ပါသည်။

(December) - အအေးဓာတ်များပြီး မြူနှင်းများ မှောင်မိုက်အောင်ကျလျှက် ရေခဲဆီးနှင်းများ အရည်ပျော်ကျလိုက် ပြန်ကျလိုက်ဖြင့် ရေခဲဆီးနှင်း အနေအထား မူမမှန်သေးသော လဖြစ်ပါသည် ။ November ၊ December ၊ January ဒီလများသည် ပူတာအို နှင့် ရေခဲတောင်တန်းများတွင် အအေးဆုံးကာလထဲတွင် ပါ၀င်ပါသည်။ ရေခဲတောင်တက်ချင်သူများ အနေဖြင့် ရေခဲတောင်တက်ရန် ရွေးချယ်သင့်သော ကာလဖြစ်ပါသည်။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ်ရောက်ချင်သူများအနေဖြင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် အားလုံး တက်ရောက်နိင်သော ကာလလည်းဖြစ်ပါသည်။

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ရေခဲတောင်များကို နှစ်ပိုင်း ခွဲထားလျှက်ရှိပါသည် ။

#ပထမပိုင်း
ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊ မဒွယ်ရာဇီ ရေခဲတောင်များသည် နှင်းဖုံးတောင်တန်းများ ဖြစ်တာကြောင့် ( November ၊ December ၊ January ၊ February ၊ March ၊ April ၊ May ) ထိသာ ရေခဲ ဆီးနှင်းများရှိပြီး (June ၊ July ၊ August ၊ September ၊ October ) လများတွင် ရေခဲ ဆီးနှင်းများ မတွေ့ရနိင်ပါ ။

#ဒုတိယပိုင်း
ခါကာဘိုရာဇီ ရေခဲတောင်ပိုင်းများသည် ရေခဲတောင် အစစ်များဖြစ်ကြပြီး တစ်နစ်ပတ်လုံး ရေခဲသော တောင်တန်းများ ဖြစ်ကြပါသည်။
ခါကာဘိုရာဇီ ရေခဲတောင်ပိုင်းဖက်သို့ တက်ရောက်မည်ဆိုလျှင် ရေခဲပါးသောကာလ July ၊ August ၊ September ၊ October တွင်သာ တက်ရောက်ရန်သင့်သော်ပြီး November ၊ December ၊ January ၊ February ၊ March ၊ April ၊ May ၊ June ) လများတွင် ရေခဲ အလွန်များပြီး ထူတာကြောင့် မတက်သင့်သော ကာလများဖြစ်ကြပါသည်။ ထို့ကြောင့် ခါကာဘိုရာဇီ ရေခဲတောင် တက်ရောက်ကြသူများသည် ရေခဲပါးသော မိုးတွင်း ကာလ July ၊ August ၊ September ၊ October ကိုသာ ရွေးချယ်ပြီး တက်ရောက်ကြတာဖြစ်ပါသည်။

ရေခဲတောင် တက်ရောက်လိုသူများ အားလုံး မိမိကြိုက်နစ်သက်သော အချိန်ကာလများကို ရွေးချယ်ပြီး တက်ရောက်နိင်ကြပါစေ ဆုတောင်းပေးလိုက်ပါသည်။
Crd org

မြန်မာပြည်မြောက်ဖျားမှ ကမ္ဘာကျော်တဲ့ တဟွန်ဒမ်းရွာ====================================         ကချင်ပြည်နယ် နောင်မွန်မြို...
28/02/2022

မြန်မာပြည်မြောက်ဖျားမှ ကမ္ဘာကျော်တဲ့ တဟွန်ဒမ်းရွာ
====================================

ကချင်ပြည်နယ် နောင်မွန်မြို့၏ မြောက်ဖက် အစွန်ဆုံး တွင် တည်ရှိသောကျေးရွာမှာ #တဟွန်ဒမ်းရွာ ဖြစ်သည်။ မြန်မာပြည်မြေပုံ၏ ခေါင်မိုးပေါ်၌ ရွာတည်ရှိမှု ဖြစ်သလို မြန်မာပြည်၏ #နောက်ဆုံးရွာ(The Last Village) ဖြစ်ပါသည်။ ထိုဒေသရဲ့ထူးခြားမှုကတော့ #ခါကာဘိုရာဇီတောင် တည်ရှိနေလို့ပါဘဲ။
#ခါကာဘိုရာဇီတောင် သည်အမြင့်ပေအားဖြင့် ၁၉၃၁၅ ပေမြင့်သဖြင့် မြန်မာပြည်တွင်သာမက အရှေ့တောင်အာရှတွင် တစ်နှစ်ပတ်လုံး ဆီးနှင်းနဲ့ ရေခဲဖုန်းလွှမ်းထားသောတစ်ခုတည်းသောရေခဲတောင်ဖြစ်သည်။ ထို့ကြောင့် ခါကာဘိုရာဇီတောင်သည် ယနေ့တိုင် မြန်မာပြည်ကိုသာမက ကမ္ဘာကိုပါ စိန်ခေါ်နေသောတောင်ဖြစ်သည်။ #တဟွန်ဒမ်းရွာ မှ ခါကာဘိုရာဇီတောင်ခြေ အထိ ၁၀ရက်ခန့် ခရီးနှင်မှသာ ရောက်ရှိပါသည်။ ခါကာဘိုရာဇီတောင်ကိုတက်လိုပါက #တဟွန်ဒမ်းရွာ ကိုဗဟိုပြု၍ တက်ရောက်ကြရသဖြင့် တောင်တက်သမားများအတွက်အရေးပါတဲ့ရွာဖြစ်ပါသည်။

#ခါကာဘိုရာဇီတောင်တက်သမိုင်း....
၁၉၂၃ခုနှစ် ဗြိတိသျှ-အိန္ဒီယ မြေတိုင်းအဖွဲ့ ဟာ ပူတာအိုမြို့ မြောက်ဖက်သို့နယ်နမိတ် တိုင်းတာရေး လုပ်ငန်းသဘောအရ သွားရောက်ခဲ့ရာမှ ပထမဦးဆုံး ခါကာဘိုရာဇီတောင်ကိုတွေ့ရှိခဲ့သည်။

#ပထမဦးဆုံး_ခါကာဘိုရာဇီတောင်တက်ရန်

ကြိုးပမ်းသူမှာ " အင်္ဂလိပ်လူမျိုး ရုက္ခဗေဒ ပညာရှင် Dr .F. Kingdon Ward ဖြစ်သည်။ သူသည်၁၉၁၄ခုနှစ်ကပင် မြန်မာပြည်မြောက်ဖျားကိုလေးငါးကြိမ်ထက် မနည်းသွားရောက်လေ့လာ၍ သုတေသနပြု့ခဲ့သည်။ ထိုစဥ်က သူ၏ခါကာရာဇီတောင်ကိုတက်ရောက်ရန်မြစ်ကြီးနားမြို့မှစတင်ကာ မိုင်၂၁၈မိုင်ဝေးသော ပူတာအိုမြို့အထိ နွားလှည်းအသုံးပြုပြီးခရီးသွားရပါသည်။ ထိုနောက် ပူတာအိုမြို့မှ မိုင်၁၀၀ခန့်ဝေးသော ပန်နန်းဒင်ဒေသကို လားအုပ်စုအသုံးပြု့၍ ခရီးသွားရောက်ကြရပါသည်။ ထို့အပြင်ပန်နန်းဒင်မှ မိုင်၇၀ ခန့်ဝေးသော #တအွမ်းဒမ်းရွာကို လားအုပ်စုများနဲ့ ခရီးဆက်ကာ ထိုရွာမှတစ်ဆင့်ခါကာဘိုရာဇီတောင်ကိုတက်ရောက်ခဲ့ရာ ရာသီအခက်အခဲအတားဆီးများကြောင့် တောင်ထိပ်သို့မရောက်နိုင်ခဲ့ပါ။
Dr. F. Kingdon Ward သည် ခရီးစဥ် တစ်လျှောက် ရှာဖွေတွေ့ရှိသော မျိုးကွဲသစ်ခွပန်းမျိုးစုံနှင့် တောင်ဇလပ်ပန်းမျိုးစုံကို စုဆောင်း၍ ဗြိတိန်နိုင်ငံသို့ ပေးပို့ကာ လန်ဒန်မြို့ ရှိ #ကျူးဂါဒန်(Kew Garden) ၌ ပြုစုပျိုးထောင်ခဲ့ရာ အောင်မြင်ဖြစ်ထွန်းသဖြင့် အခြားနိုင်ငံများသို့ဖြန့်ဖြူးခဲ့ရာ မြန်မာ့သစ်ခွပန်းသည် ကမ္ဘာမှာ ထင်ရှားခဲ့ပေသည်။
ထိုအပြင် Dr. F. Kingdon Wardသည် မြန်မာ့မြေမှ ခါကာဘိုရာဇီတောင်၏ရုက္ခဗေဒဆိုင်ရာကို သုတေသနပြုလုပ်ပြီးနောက် ၁၉၄၉ခုနှစ်တွင် Burma's Icy Mountains(မြန်မာ့ရေခဲတောင်ပေါ်ဝယ်)စာအုပ်ထုတ်ဝေခဲ့ရာ #တအွမ်းဒမ်းရွာ ကိုကမ္ဘာနဲ့ ပထမဦးဆုံးမိတ်ဆက်ပေးခြင်းဖြစ်ပေသည်။

#ဒုတိယအကြိမ်_ခါကာဘိုရာဇီတောင်တက်ရန်

ကြိုးပမ်းခဲ့သူမှာ ဗိုလ်မှူးကြီးစောမြင့်(မှူးသမိန်) ဦးဆောင်သော ယိမ်းနွဲ့ပါးအဖွဲ့သည်၁၉၅၅ခုနှစ်တောင်တက်ခဲ့ရာတောင်ထိပ်သို့မရောက်ဘဲ ပေ၁၂၀၀၀အမြင့်တွင် ဆက်လက်တက်ရောက်ရန်အခက်အခဲများနဲ့ကြုံတွေ့ရသဖြင့်တောင်အောက်ကိုပြန်လည်ဆင်းခဲ့ရပါသည်။ဗိုလ်မှူးကြီးစောမြင့်သည်တောင်တက်ခရီးစဥ်မှ ရရှိသောအတွေ့အကြုံများကို "ခါကာဘိုခရီးသည်(ယိမ်းနွဲ့ပါး) စာအုပ်ထုတ်ဝေခဲ့ပါသည်။

#တတိယအကြိမ်_ခါကာဘိုရာဇီတောင်တက်ရန်

ကြိုးပမ်းသူမှာ ဂျပန်လူမျိုး မစ္စတာအိုဇာခီအဖွဲဖြစ်သည်။ တောင်ခြေစခန်း "ရစန်ဒမ်းအထိသာတက်ရောက်ခဲ့ပြီးအခက်အခဲများစွာကြုံတွေ့ခဲ့ရ၍လှည့်ပြန်ခဲ့ရသည်။

#စတုတ္ထအကြိမ် ခါကာဘိုရာဇီတောင်တက်ရန်

ကြိုးပမ်းခဲ့သူမှာ ပြင်သစ်လူမျိုး မစ္စတာဖရန်ချာတာတန် ဦးဆောင်သော အဖွဲ့ဖြစ်ပါသည်။ သူတို့အဖွဲ့လည်း လမ်းခရီးတွင် ရာသီဥတုဆိုးဝါးမှု့ဒဏ်ကြောင့်တောင်တက်ရန်မဖြစ်နိုင်တဲ့အခြေအနေနဲ့ကြုံကြိုက်ကြရသဖြင့်လှည့်ပြန်ခဲ့ရပါသည်။

#ပဥ္စမအကြိမ် ခါကာဘိုရာဇီတောင်တက်ရန်

ကြိုးစားသူကတော့..တတိယအကြိမ်ကတက်ရောက်ခဲ့ရာ မအောင်မြင်ခဲ့သော မစ္စတာအိုဇာခီသည် #တဟွန်ဒမ်းဒေသခံ "နမားဂျွန်ဆိန်" နှင့်အတူပြန်လည် ကြိုးစားတက်ခဲ့ရာ ၁၉၉၆ခုနှစ်တွင် ပထမဦးဆုံး #ခါကာဘိုရာဇီတောင် ထိပ်ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံအလံကိုစိုက်ထူခဲ့ပေသည်။

#ဆဋ္ဌမအကြိမ် ခါကာဘိုရာဇီတောင်တက်ရန်

ဩဂုတ် ၂၀၁၄ တွင် အားလုံး မြန်မာလူမျိုးများ ပါဝင်သော တောင်တက်အဖွဲ့သည် မြောက်ဘက်မျက်နှာမှ တက်ရရန် လမ်းကြောင်းသစ်ကို ရှာသည်။ အဖွဲ့ဝင် နှစ်ဦးဖြစ်သူ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့သည် ဩဂုတ် ၃၁ ၌ ဒုတိယအဆင့်တက်သည့်အခါ တောင်ထိပ်သို့ ရောက်ပြီး၊ အလံ၊ နာမည်ပါ စာတမ်းနှင့် ဘုရားပုံတို့ကို ထားခဲ့သည်။ တောင်တက်သူများသည် တောင်ထိပ်သို့ ရောက်ပြီးနောက် ရေဒီယိုအားကုန်သွားရာ ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားသည်။ အောက်ဘက် စခန်းသို့ ပြန်မဆင်းနိုင်သော်၊ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ရသည်။ ပျောက်ဆုံးနေသော တောင်တက်သူများကို ရှာဖွေရေးသည် အောက်တိုဘာလအထိ ပြုလုပ်နေဆဲ ဖြစ်သည်။ ဟယ်လီကော့ပတာလည်း ပျက်ကျပြီး၊ ပိုင်းလော့ တဦး သေဆုံးကာ၊ ကျန်ပိုင်းလော့နှင့် ခရီးသည် တောင်တက်သူတို့မှာ ရှင်သန်ရေးအတွက် ၁၁ ရက်တာ ကြိုးစားခဲ့ရသည်။

#သတ္တမအကြိမ် ခါကာဘိုရာဇီတောင်တက်ရန်

နိုဝင်ဘာ ၂၀၁၄ တွင်၊ National Geographic Society/ The North Face သည် ဂမ်လန်ရာဇီတောင်တက်အဖွဲ့ သုံးခဲ့သည့် အလားတူ ကိရိယာကို အသုံးပြု၍ ခါကာဘိုရာဇီ၏ အမြင့်ကို တိုင်းတာရန် အဖွဲ့တဖွဲ့ကို ထောက်ပံ့ စေလွှတ်ခဲ့သည်။၂၀၁၄ အုပ်စုကို ဟီလရီး အိုနေး ဦးဆောင်ကာ၊ မတ် ဒေးဗစ် ဂျင်ကင်း၊ ကိုရီ ရစ်ချတ်၊ ရီနန် အော့တာ့၊ အမ္မလီ ဟာရင်းတန်နှင့် တေလာ ရီးတို့ ပါဝင်သည်။ ၇ နိုဝင်ဘာ ၂၀၁၄ ၌ ဂျင်ကင်း၊ ရစ်ချတ်နှင့် အော့တာ့ တို့ နောက်ဆုံးအကြိမ် တောင်ထိပ် တက်ရန် ကြိုးစားသော်လည်း အမြင့်မီတာ ၅၇၄၂ (၁၈၈၄၉ ပေ)ဝယ် ပြန်ဆင်းလာခဲ့ရသည်။ တောင်ထိပ်သည် နောက်ထပ် အမြင့်ပေ ၈၀၀ ( ၂၄၀ မီတာ) လောက်ဝယ် တည်ရှိလိမ့်မည်ဟု သူတို့က တွက်ချက်ခဲ့ကြသည်။

#နောက်ဆုံးအကြိမ် ခါကာဘိုရာဇီတောင်တက်ခြင်း

မြန်မာနိုင်ငံမှာရော အရှေ့တောင်အာရှမှာပါ အမြင့်ဆုံးလို့သတ်မှတ်ထားတဲ့ ခါကာဘိုရာဇီရေခဲတောင်ထိပ်ကို မြန်မာနိုင်ငံသား ရ၀မ်မိတ်ဆွေတစ်စုနဲ့ အတူ နောက်ဆုံးအကြိမ်မြောက်အဖြစ် တက်ရောက်နိုင်ဖို့ ၂ ကြိမ်တိုင်ကြိုးစားခဲ့တဲ့ သူကတော့ ဓာတ်ပုံ ကိုကျော်သာ(ဟိုက်ချင်း) ပဲ ဖြစ်ပါတယ်။

အထက်ပါအခြေအနေများကြောင့် #တဟွန်ဒမ်းကျေးရွာ သည်နိုင်ငံတကာတောင်တက်အဖွဲ့များ၏ အာရုံစိုက်ရာ နေရာတစ်ခုအဖြစ်ထင်ရှားပေသည်။

ထို့အပြင်မြန်မာနိုင်ငံ၌ "ခါကာဘိုရာဇီအမျိုးသားဥယျာဥ် " ဖြစ်ထွန်းလာရန် ၁၉၈၉ခုနှစ်မှစ၍ ပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေးပညာရှင် Dr Alam Rabinowitz သည် "တအွမ်းဒမ်းရွာ" ကိုအခြေပြုပြီး ဆယ်စုနှစ်နဲ့ချီပြီး ခါကာဘိုရာဇီတောင်တန်းကို ကွင်းဆင်းသုတေသနပြုလုပ်ပြီးနောက် အဆိုပါပုဂ္ဂိုလ် သည် ၂၀၀၁ခုနှစ်တွင် " Beyond the Last Village " စာအုပ်ထုတ်ဝေခဲ့ပါသည်။
The Last Village(နောက်ဆုံးရွာ) ဆိုတာဟာ #တဟွန်ဒမ်းရွာ ကိုတင်စား၍ စာအုပ်အမည်ပေးထားခြင်းဖြစ်ပါသည်။ အဆိုပါစာအုပ်သည် ကမ္ဘာရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့ရာ "တအွမ်းဒမ်းရွာ လည်းကမ္ဘာကျော်ခဲ့ရခြင်းဖြစ်ပါသည်။
ထိုစာအုပ်တွင်"တဟွန်ဒမ်းရွာ" တွင်နေထိုင်ကြသော"ထရုံလူမျိုး(လူပုမျိုး) တို့သည်မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅မျိုးထဲမှာပါဝင်သော်လည်း "ထရုံလူမျိုးတွေဟာ များမကြာမီ လူမျိုးတုံးပျောက်ကွယ်သွားနိုင်သည်ဟု့ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။ ယနေ့အချိန်တွင် "ထရုံလူမျိုး" သက်ရှိထင်ရှား ၂ဦး သာကျန်ရှိကြောင်းသိရှိရပါသည်။
#တဟွန်ဒမ်းရွာ သည်ကမ္ဘာကျော်ရတဲ့အခြားလေ့လာရေး အဖွဲ့တစ်ခုကိုထပ်မံ တင်ပြလိုပါသည်။

၂၀၀၂ခုနှစ်က Geographic Chanel / Discovery အဖွဲ့သည် "တအွမ်းဒမ်းရွာ" ကိုဗဟိုပြု၍ ခါကာဘိုရာဇီတောင်တန်း၏ ပထဝိအနေအထား၊ လူမှုရေးအခြေအနေများ၊ သိပ္ပံဆိုင်ရာလေ့လာမှုများပြုလုပ်ပြီး မှတ်တမ်းပြုခဲ့ရာ " မေခမြစ် " ၏မြစ်ဖျားခံရာ "တအွမ်းဒမ်းရွာရှိ "နန့်တမိုင်မြစ် " ရေသည် ကမ္ဘာပေါ်၌ရေစီးသန်မှု့ အပြင်းထန်ဆုံးမြစ်စာရင်း တွင် ပါဝင်သကဲ့သို့ " နန့်တမိုင်မြစ် " ရေ၏သန့်စင်မှုသည်လည်း ကမ္ဘာပေါ်တွင် ဒုတိယအသန့်စင်ဆုံးရေ( Second best water in the world) အဖြစ်မှတ်တမ်းပြုခဲ့ပါသည်။
သို့ပါ၍ "တဟွန်ဒမ်းရွာ " သည်မြန်မာပြည်တွင်ကျော်ကြားခြင်းမရှိသော်လည်း..The Last Village အဖြစ် ကမ္ဘာကျော်တဲ့ရွာတစ်ရွာဖြစ်ပါကြောင်းမျှဝေလိုက်ပါသည်။
Crd org

Address

Putao

Telephone

+9592401152

Website

Alerts

Be the first to know and let us send you an email when ပူတာအိုရွှေလိပ်ပြာ မိုတယ် Putao Shwe Lake Pyar Motel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပူတာအိုရွှေလိပ်ပြာ မိုတယ် Putao Shwe Lake Pyar Motel:

Shortcuts

Share