Northern Myanmar Trekking And Rafting

Northern Myanmar Trekking And Rafting Operating trekking,hiking,plant hunting, birding, white water rafting in Northern Kachin state,Myanm

Well comeback  Mt Phongyinrazi
13/03/2024

Well comeback Mt Phongyinrazi

Phonganrazi trip 3.1.2024
18/01/2024

Phonganrazi trip 3.1.2024

ရေခဲတောင်များ ပတ်လည် ဝန်းရံထားတဲ့  ပူတာအိုမြို့တွင်း ၃ ညအိပ် ၄ ရက်ခ၇ီးစဉ်လေးလာပြီ‌ဝေ့🌿🏔️⛰️🏞️ခရီးစဉ်ဒေသ။ ။ ရ၀မ်လူမျိုးမနေ...
28/09/2023

ရေခဲတောင်များ ပတ်လည် ဝန်းရံထားတဲ့ ပူတာအိုမြို့တွင်း ၃ ညအိပ် ၄ ရက်ခ၇ီးစဉ်လေးလာပြီ‌ဝေ့🌿

🏔️⛰️🏞️ခရီးစဉ်ဒေသ။ ။ ရ၀မ်လူမျိုးမနောကွင်း ၊ ခါကါဘိုအမျိုးသားဥယျာဉ်ပြတိုက် ၊ မူလာရှီးဒီ ကြိုးတံတား၊ မလိခလော့ဒ်ဟိုတယ်၊ ၊နမ့်ခမ်း ရေတံခွန် ၊မချမ်းဘော့မြို့ ၊ ကျောက်နဂါး၊ ဂူဘားရိပ်သာ၊ မလိခမြစ်လယ် နတ်ကျွန်း၊
ပူတာအိုအစ ဖြစ်တဲ့ ပူတောင်းကျေးရွာ၊ သာယာလှပပြီး ရေခဲတောင်လေးတန်းလှလှတွေ
မြင်တွေ့နိုင်တဲ့ ပူတာအို တိမ်ပင်လယ်၊ အစရှိတဲ့ ပူတာအိုရဲ့ အထင်ကရနေရာများ၊ ကျေးလက်သဘာဝ လူနေထိုင်မှုများတို့ကို ရက်နည်းနည်းနဲ့ ပူတာအို‌ရဲ့အထင်ကရနေရာတွေကိုစုံလင်အောင်လိုက်ပါပို့ဆောင်ပေးနေပါ‌တယ်နော်၊

Day(1) ကားဖြင့်လေဆိပ်မှ ဟိုတယ်သို့ ပို့ဆောင်ပေးပြီး
နေ့လည်စာ(သို့မဟုတ်) ညစာ စားသုံးကာ အချိန်ရပါက ပူတာအို အစ ပူတောင်းက ဆိုသည့် ပူတာအိုရဲ့ မြို့ဟောင်း ကျေးရွာလေးသို့ လည်ပတ်ပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။

Day(2) ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး ကားဖြင့်
အထက်မှာ ကောင်းမှုလုံဟု ခေါ်တွင်သော တန်ခိုးကြီးဘုရားသို့ လည်ပတ်ရင်း ဧရာဝတီမြစ်ကြီး၏ မိခင်ဖြစ်သော မလိခမြစ်နှင့် ကြိုးတံတားတို့တွင် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် အေးမြကြည်လင်သော သဘာဝ စိမ့်စမ်းရေများရှိရာ နမ့်ခမ်း ရေတံခွန်သို့ ဆက်လက်ထွက်ခွါကာ လည်ပတ်ပါမည်။
ထို့နောက် ပူတာအိုသို့ ပြန်လာကာ ဒေသရိုးရာ အစားအစာ သုံးဆောင်ပြီး ရဝမ်ရိုးရာ မနောကွင်းနှင့် ရဝမ်တိုင်းရင်းသား ရိုးရာ အသုံးအဆောင် ပြတိုက် သို့ လည်ပတ်လေ့လာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် ပူတာအိုရဲ့ အသဲနှလုံးဟု ခေါတွင်သော မူလာရှီးဒီ ကြိုးတံတားနှင့် ရေခဲတောင်မှ စီးဆင်းလာသော
အေးမြကြည်လင်တဲ့ မူလာချောင်းသို့ လည်ပတ်ပြီး မှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးကာ ဟိုတယ်သို့ပြန်အနားယူပါမည်။

Day(3) နံနက် ၅ နာရီ သို့မဟုတ် ၆ နာရီ အချိန်ခန့်တွင်
ဟိုတယ်မှ ရေခဲတောင်တန်းလှလှလေးတွေ မြင်တွေ့နိုင်သည့် ပူတာအို တိမ်ပင်လယ်သို့ လည်ပတ်ပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်ပြီး ခေတ္တ အနားယူကာ နံနက်စာ သုံးဆောင်ပြီး မလိခမြစ်၏ ရေလယ်တွင် တည်ရှိသော နတ်ကျွန်းသို့ ကား/ စက်လှေဖြင့် ခရီးဆက်ပါမည်။
ထို့နောက် နောင်ခိုင် စက်လှေဆိပ်တွင် နေ့လည်စာ သုံးဆောင်ပြီး မချမ်းဘော့မြို့ရှိ ကျောက်နဂါး၊ ဂူဘားရိပ်သာ၊ မချမ်းဘော့ မလိခမြစ်ကူး ကြိုးတံတားသို့ လည်ပတ်ပါမည်။ ထို့နောက် ပူတာအိုရဲ့ နာမည်ကြီးဖြစ်တဲ့ မလိခလော့ဒ်သို့ လည်ပတ်ကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပြီး ဟိုတယ်ပြန်ကာ ခေတ္တအနား ယူ၍ ညစာ သုံးဆောင်ကြပါမည်။

Day(4) ပူတာအို မနက်ဈေးတွင် ဒေသထွက် သီးနှံ၊ သား၊ ငါးများ လေ့လာ ဝယ်ယူကြပြီး ခါကာဘိုရာဇီ အမျိုးသား ပြတိုက်သို့ လည်ပတ်လေ့လာကြမည် ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ပြန်ကာ မိမိအထုပ်အပိုးများ ပြင်ဆင်ပြီး လေဆိပ်သို့ ပို့ဆောင် နုတ်ဆက်သွားပါမည်။

❤️❤️❤️၀န်ဆောင်မှုများ
ဟိုတယ် တည်ခိုခန်း (ရေပူ၊ရေအေး)၊
အစားအသောက်(နေ့လည်စာ၊ညစာ၊မနက်စာ)
ဒေသခံ ဧည့်လမ်းညွှန်
ကား၊စက်လှေ၊

ခရီးစဉ်ကုန်ကျစရိတ်။
၂ဦးအ‌ခြေခံ ၁ဦးလျှင်(၇၈၀၀၀၀)

၃ဦးအခြေခံ ၁ဦးလျှင်(၆၇၀၀၀၀)

၄ဦးအခြေခံ ၁ဦးလျှင်(၆၁၅၀၀၀)

၅ဦးအခြေခံ ၁ဦးလျှင်(၅၃၀၀၀၀)

၆ဦးအခြေခံ ၁ဦးလျှင်(၄၅၀၀၀၀)
ဟော်တယ်။ ။စနိးလန်း-ထဝမ်ရာဇီအင်း-ခမ်းစုကိုမိုတယ် ‌များတွင်တည်းခိုရန်
၂ဦးအခြေခံ ၁ဦးလျှင်(၈၇၀၀၀၀)
၃ဦးအခြေခံ ၁ဦးလျှင်(၇၉၀၀၀၀)
၄ဦးအခြေခံ ၁ဦးလျှင်(၆၅၀၀၀၀)
၅ဦးအခြေခံ ၁ဦးလျှင်(၆၂၀၀၀၀)
၆ဦးအခြေခံ ၁ဦးလျှင်(၅၈၀၀၀၀)

ပူတာအိုထရက်ကင်ဟောက်စ်-ဟော်တယ်ပူတာအို များတွင် တည်းခိုရန်

🚫၀န်ဆောင်မှုမပေးသော အရာများ
လေယာဉ်လက်မှတ်အသွားအပြန်၊
မိမိတစ်ကိုယ်ရေအသုံးအဆောင်ဆေးဝါးနှင့်ပစ္စည်းများ၊ အရက်၊ဘီယာ၊
ဧည့်လမ်းပြများအတွက့်မုန့်ဖိုး

ကြိုဆို ကျေးဇူးတင်လျှက်
Northern Myanmar Trekking & Rafting
09967723973
09404762050

 #ဖုန်ရင်ရာဇီ ရေခဲတောင် အမြင့်ပေ ၁၄၀၀၀ ပေ (၈ညအိပ် ၉ ရက်ခရီးစဉ်) အမြင့်ပေ ၁၄၀၀၀ ပေရှိ ဖုန်ရင်ရာဇီရေခဲတောင်သည် မြန်မာပြည်မ...
05/09/2023

#ဖုန်ရင်ရာဇီ ရေခဲတောင် အမြင့်ပေ ၁၄၀၀၀ ပေ (၈ညအိပ် ၉ ရက်ခရီးစဉ်)

အမြင့်ပေ ၁၄၀၀၀ ပေရှိ ဖုန်ရင်ရာဇီရေခဲတောင်သည် မြန်မာပြည်မြောက်ဘက်- အိန္ဒိယ နယ်စပ်အနီးတွင် တည်ရှိပြီး အောက်တိုဘာ လ လယ်မှ မေလအထိ ရေခဲရှိပါသည်။

ဤဖုန်ရင်ရေခဲတောင်တက်ခရီးစဉ်သည် သဘာဝရေမြေတောတောင်အလှအပ၊ တောရိုင်း ပန်းမန်နှင့် တိရစ္ဆာန်များ၊ ဒေသခံလူမျိုးတို့၏ နေထိုင်မှုနှင့် ဓလေ့တို့အားလမ်းလျောက် လေ့လာစူးစမ်းလိုသူများနှင့် တောတွင်းခရီးကြမ်းလျှောက်လိုသူများအတွက် အသင့်တော်ဆုံးခရီးစဉ်ဖြစ်ပါသည်။ ဖုန်ရင်ရာဇီတောင်ထိပ်ကနေဖြင့် ဖုန်ကန်ရာဇီတောင်ကျော၊ ဖန်ဂရမ်ရာဇီတောင်ကျော၊ လုံခရုမာတင်တောင်ကျော၊ မဒွယ်ရာဇီတောင်ကျော နှင့် အိန္ဒိယတောင်တန်းများကိုတွေ့မြင်နိုင်ပါသည်။

ခရီးစဉ်
Day(1) ရန်ကုန် - မန္တလေး -မြစ်ကြီးနား မှ ပူတာအိုရောက်ရှိသောနေ့၊ လိုအပ်သော ပစ္စည်းများကို စီစစ်ပြင်ဆင်ပေးကာ မိမိနှစ်သက်ရာ ဟိုတယ်၊ တည်းခိုခန်းတွင် အိပ်စက် အနားယူပါမည်။
၎င်းနေ့တွင် မိမိစရိတ်ဖြင့်သာ အသုံးပြုသွားရပါမည်။

Day(2) ပူတာအို - ဇီယာဒမ်း (ဆိုင်ကယ်ခရီးစ‌ဉ်)

Day(3) ဇီယာဒမ်း - တောစခန်း (1)(မြေပြန့် တောင်တက်)

Day(4) တောစခန်း (1) - တောစခန်း (2) - တောစခန်း(3)(တောင်တက်)

Day(5) တောစခန်း (3) - တာကင်လျိုရေခဲစပ် - ကျောက်ဂူ(တောင်တက် ၊ တောင်ဆင်း)

Day(6) ကျောက်ဂူ မှ ဖုန်ရင်တောင်ထိပ် - ကျောက်ဂူ
သို့ပြန်လည်စခန်းချ

Day(7) ကျောက်ဂူမှ စခန်း(3)၊ တောင်ဆင်း။

Day(8) စခန်း(3) မှ စခန်း(1)၊ တောင်ဆင်း။

Day(9) စခန်း(1) မှ ဇီယာဒမ်း၊ တောင်ဆင်း။

Day(10) ဇီယာဒမ်းမှ ပူတာအို (ဆိုင်ကယ်ခရီးစဉ်)

Day(11) ပူတာအိုမှ မိမိနေရပ်သို့ ပြန်လည် ထွက်ခွါကာ
ဖုန်ရင်ရာဇီ ရေခဲတောင် ခရီးစဉ် ပြီးဆုံးပါပြီ။

#ဝန်ဆောင်မှူများ

ဒေသခံလမ်းပြတစ်‌ဦး၊ စားဖိုမှူး၊ အထမ်းသမား၊ အစားအစာ(မနက်၊ နေ့လည်၊ ည)
Tent (ရွက်ဖျင်တဲ)၊ Airmat(အိပ်ရာခင်း)၊ ရွာတည်းခ၊

#၀န်ဆောင်မှုမပေးသော အရာများ

လေယာဉ်လက်မှတ်အသွားအပြန်၊
မိမိတစ်ကိုယ်ရေအသုံးအဆောင်ဆေးဝါးနှင့်ပစ္စည်းများ၊ အရက်၊ဘီယာ
အထမ်းနှင့်ဧည့်လမ်းပြများအတွက့်မုန့်ဖိုး
any insurance

#မိမိယူဆောင်ရမည့်အခြေခံလိုအပ်သော တစ်ကိုယ်ရည်သုံးပစွည်းများ

ခရီးကြမ်းသုံးဘွတ်ဖိနပ် ၁စုံ၊ညှပ်ဖိနပ် တစ်ရံ၊ ကျော်ပိုးအိတ်အကြီး(၆၀လီတာ) တစ်ခု၊ မိုးကာအင်္ကျီအထူ ၁ထည်၊ လက်အိတ်(နေ့ဝတ်ညဝတ်) ၁စုံစီ၊ ခြေအိတ် ၅ စုံ၊ ဦးထုပ် ၁ လုံး၊ အနွေးဦးထုပ် ၁ လုံး၊ နားအုပ် ၁ စုံ၊ ဆွယ်တာလက်ရှည် ၂ ထည်၊ လက်ရှည်အပါး ၂ ထည်၊ ဆွယ်တာဘောင်းဘီ ၂ ထည်၊ လမ်းလျှောက်ဘောင်းဘီ ၂ ထည်၊ နေကာမျက်မှန် ၁ လက်၊ ဆိုင်ကယ်စီး မိုးကာ အရှည် ၁ ထည်၊ Personal ရေဘူး ၁ ဘူး၊ ခေါင်းစွပ်ဓါတ်မီးနှင့်ဓါတ်ခဲ၊

#မှတ်ချက်။ ။ ခရီးစဉ်အတွင်း အဖွဲ့ခေါင်းဆောင်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါမည်။ ခရီးစဉ်မပြီးဆုံးမီအကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မလိုက်ပါနိုင်သောသူများကို ပူတာအိုထိ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီးခရီးစဉ်ငွေကို ပြန်အမ်းမည် မဟုတ်ပါ။ ပူတာအိုရောက်သည်နင့် မိမိစရိတ်ဖြင့်သာ နေထိုင်သွားရပါမည်။ ခရီးစဉ်ကို (၉) ရက် သတ်မှတ်ထားပြီး ခရီးစဉ်သတ်မှတ်ရက်ထက် ကျော်ပြီး နေလိုသူများကို ကြာမြင့်ရက်အတွက် ထပ်မံငွေကောက်ခံယူသွားပါမည်။
လမ်းခရီးများကို ဘိုတည်းကျော်ပြီး လျှောက်မည်ဆိုလျှင် ခရီိးစဉ်တွင် လိုက်ပါသည့် အဖွဲ့ခေါင်းဆောင်နင့် တိုင်ပင်ညှိနိုင်းပြီး သွားလာခွင့်ရှိပါသည်။
မိမိနှင့် မတည့်သောအစားအသောက် တို့ကို ခရီးစဉ်မတိုင်မှီ တစ်ပတ် ထက်နောက်မကျစေဘဲ ကြိုပြောထားရပါမည် ။

ကျေးဇူးတင်ရှိလျှက်

Northern Myanmar Trekking & Rafting
09967723973
09404762050

 #ဖုန်ကန်ရာဇီ ရေခဲတောင်ခရီးစဉ်(2023-2024) (6 ညအိပ် 7 ရက်၊ အမြင့်ပေ-၁၁၉၂၀ပေ) အမြင့်ပေ ၁၁၉၂၀ ပေရှိ ဖုန်ကန်ရာဇီရေခဲတောင်သည်...
05/09/2023

#ဖုန်ကန်ရာဇီ ရေခဲတောင်ခရီးစဉ်(2023-2024)
(6 ညအိပ် 7 ရက်၊ အမြင့်ပေ-၁၁၉၂၀ပေ)

အမြင့်ပေ ၁၁၉၂၀ ပေရှိ ဖုန်ကန်ရာဇီရေခဲတောင်သည် မြန်မာပြည်မြောက်ဘက်- အိန္ဒိယ နယ်စပ်အနီးတွင်တည်ရှိပြီး အောက်တိုဘာ လလယ်မှ မေလအထိ ရေခဲရှိပါသည်။ ဤဖုန်ကန်ရေခဲတောင်တက်ခရီးစဉ်သည် သဘာဝ ရေမြေတောတောင် အလှအပ၊ တောရိုင်းပန်းမန်နှင့် တိရစ္ဆာန်များ၊ ဒေသခံလူမျိုးတို့၏ နေထိုင်မှုနှင့် ဓလေ့တို့အား လမ်းလျောက်လေ့လာစူးစမ်းလိုသူများနှင့် တောတွင်းခရီးကြမ်းလျှောက်လိုသူများအတွက် အလွယ်ကူဆုံးနှင့် အသင့်တော်ဆုံးခရီးစဉ်ဖြစ်ပါသည်။ ဖုန်ကန်ရာဇီတောင်ထိပ်ကနေဖြင့် ဖုန်ရင်ရာဇီတောင်ကျော၊ ဖန်ဂရမ်ရာဇီတောင်ကျော၊ လုံခရုမာတင်တောင်ကျော၊ မဒွယ်ရာဇီတောင်ကျောနှင့် အန္ဒိယတောင်တန်းများကို တွေ့မြင်နိုင်ပါသည်။

Day(1) ရန်ကုန် - မန္တလေး -မြစ်ကြီးနား မှ ပူတာအိုရောက်ရှိသောနေ့၊ လိုအပ်သော ပစ္စည်းများကို စီစစ်ပြင်ဆင်ပေးကာ မိမိနှစ်သက်ရာ ဟိုတယ်၊ တည်းခိုခန်းတွင် အိပ်စက် အနားယူပါမည်။
၎င်းနေ့တွင် မိမိစရိတ်ဖြင့်သာ အသုံးပြုသွားရပါမည်။

Day(2) ပူတာအို - ဇီယာဒမ်း (ဆိုင်ကယ်ခရီးစ‌ဉ်)

Day(3) ဇီယာဒမ်း-သစ်ပင်ကြီးစခန်း
ဇီယာဒမ်းကျေးရွာတွင် မနက်စာ သုံးဆောင်ပြီးလမ်းခရီးမြေပြန့် ၅ မိုင်ခန့် လျှောက်ကာ ဖုန်ကန်ချောင်းဆုံတွင် နေ့လည်စာစားပြီး ၃ မိုင်တောင်တတ်ပါမည်။ သစ်ပင်ကြီးစခန်းသို့ ရောက်သောအခါ စခန်းဆောက်ပြီး ညစာစား အနားယူပါမည်။ (မြေပြန့်တောင်တတ် - ၈ မိုင်၊ လမ်းလျှောက်ချိန် ၆ နာရီ၊ အမြင့်ပေ - ၇,၀၀၀ ပေ)

Day(4) သစ်ပင်ကြီးစခန်း-ခမ်းတောက်မြစ်စခန်း
သစ်ပင်ကြီးစခန်းတွင် မနက်စာသုံးဆောင်ပြီးစတင်တောင်တတ်ပါမည်။ (တောင်တတ်တောင်ဆင်း-၆ မိုင်၊ လမ်းလျှောက်ချိန်-၇ နာရီ၊ အမြင့်ပေ-8000 ပေ)

Day(5) ခန်းတောက်မြစ်စခန်း-ရေခဲစပ်
ခန်းတောက်မြစ်စခန်းတွင် နံနက်စာ သုံးဆောင်ပြီး
ရေခဲစပ် စခန်းသို့ တောင်တက် တောင်ဆင်း (၆)မိုင်ခန့်
လမ်းလျှောက်ရပါမည်။ အမြင့်ပေ 10000 ပေခန့်

Day(6)ရေခဲစပ်စခန်း-တောင်ထိပ်-ခန်းတောက်မြစ်
ရေခဲစပ်စခန်းတွင်ရာသီဥတုအခြေနေပေါ်မူတည်ပြီး မနက်စာသုံးဆောင်ကာ ဖုန်ကန်ရာဇီတောင်ထိပ်သို့ စတင်တတ်ပါမည်။ တောင်တတ် ၃ မိုင်ရှိပြီး တောင်တက်ချိန် ၃ နာရီခန့်ကြာမြင့်ပါမည်။ တောင်ထိပ်တွင့် ရေခဲတောင်ရှုခင်းအလှများကို ဓာတ်ပုံရိုက်ယူကာ ရေခဲစပ်စခန်းသို့ ပြန်ဆင်းပြီး နေ့လည်စာ စားသုံးပါမည်။ ထို့နောက် ခန်းတောက်မြစ်စခန်းသို့ ခရီးဆက်ကာ ညအိပ်အနားယူ ပါမည်။ လမ်းလျှောက်ချိန်-၇ နာရီ၊ အမြင့်ပေ - ၁၁,၉၂၀ ပေ)

Day(7)ခန်းတောက်မြစ်စခန်း-ချောင်းဆုံ
ခန်းတောက်မြစ်စခန်းတွင် ‌မနက်စာ သုံးဆောင်ပြီး
ချောင်ဆုံစခန်းသို့ ခရီးဆက်ကာ အိပ်စက်အနားယူပါမည်။ ( လမ်းလျှောက်ချိန်-၅ နာရီ၊)

Day(8)ချောင်းဆုံ-ဇီယာဒမ်း-ပူတာအို
ချောင်းဆုံတွင် မနက်စာ စားသုံးကာ ဇီယာဒမ်းသို့ မြေပြန့်
(၅)မိုင်ခန့် လမ်းလျှောက်ပြီး ဇီယာဒမ်းတွင် နေ့လည်စာ စားသုံးမည်ဖြစ်ပါသည်။ ထို့နောက် ဆိုင်ကယ်ဖြင့် ပူတာအိုသို့ ပြန်လည် ထွက်ခွါမည် ဖြစ်ပါသည်။

#၀န်ဆောင်မှုများ

အစားအသောက်၊ စားဖိုမှူး၊ လမ်းပြ၊ အထမ်းသမား၊ Tent (ရွက်ဖျင်တဲ)၊ Airmat(အိပ်ရာခင်း)၊ ရွာတည်းခ၊

#၀န်ဆောင်မှုမပေးသော အရာများ

လေယာဉ်လက်မှတ်အသွားအပြန်၊
မိမိတစ်ကိုယ်ရေအသုံးအဆောင်ဆေးဝါးနှင့်ပစ္စည်းများ၊ အရက်၊ဘီယာ
အထမ်းနှင့်ဧည့်လမ်းပြများအတွက့်မုန့်ဖိုး
any insurance

#မိမိယူဆောင်ရမည့်အခြေခံလိုအပ်သော တစ်ကိုယ်ရည်သုံးပစွည်းများ

ခရီးကြမ်းသုံးဘွတ်ဖိနပ် ၁စုံ၊ညှပ်ဖိနပ် တစ်ရံ၊ ကျော်ပိုးအိတ်အကြီး(၆၀လီတာ) တစ်ခု၊ မိုးကာအင်္ကျီအထူ ၁ထည်၊ လက်အိတ်(နေ့ဝတ်ညဝတ်)်၁စုံစီ၊ခြေအိတ် ၅ စုံ၊ ဦးထုပ် ၁ လုံး၊ အနွေးဦးထုပ် ၁ လုံး၊ နာအုပ် ၁ စုံ၊ ဆွယ်တာလက်ရှည် ၂ ထည်၊ လက်ရှည်အပါး ၂ ထည်၊ ဆွယ်တာဘောင်းဘီ ၂ ထည်၊ လမ်းလျှောက်ဘောင်းဘီ ၂ ထည်၊ နေကာမျက်မှန် ၁ လက်၊ ဆိုင်ကယ်စီး မိုးကာ အရှည် ၁ ထည်၊ Personal ရေဘူး ၁ ဘူး၊ခေါင်းစွပ်ဓါတ်မီးနှင့်ဓါတ်ခဲ၊

မှတ်ချက်။ ။ခရီးစဉ်အတွင်း အဖွဲ့ခေါင်းဆောင်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါမည်။ ခရီးစဉ်မပြီးဆုံးမီအကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မလိုက်ပါနိုင်သောသူများကို ပူတာအိုထိ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး ခရီးစဉ်ငွေကိုပြန်အမ်းမည် မဟုတ်ပါ။ ပူတာအိုရောက်သည်နင့် မိမိစရိတ်ဖြင့်သာ နေထိုင်သွားရပါမည်။ ခရီးစဉ်ကို (၆)အိပ် (၇) ရက် သတ်မှတ်ထားပြီး ခရီးစဉ်သတ်မှတ်ရက်ထက်ကျော်ပြီး နေလိုသူများကို ကြာမြင့်ရက်အတွက် ထပ်မံငွေကောက်ခံယူသွားပါမည်။
လမ်းခရီးများကို ဘိုတည်းကျော်ပြီးလျှောက်မည်ဆိုလျှင် ခရီိးစဉ်တွင် လိုက်ပါသည့် အဖွဲ့ခေါင်းဆောင်နင့် တိုင်ပင်ညှိနိုင်းပြီး သွားလာခွင့်ရှိပါသည်။
မိမိနှင့် မတည့်သောအစားအသောက် တို့ကို ခရီးစဉ်မတိုင်မှီ တစ်ပတ် ထက်နောက်မကျစေဘဲ ကြိုပြောထားရပါမည် ။

ကျေးဇူးတင်လျှက်
Northern Myanmar Trekking & Rafting
09967723973
09404762050

ပူတာအိုမြို့တွင်းဆိုက်ဆင်း ၃ရက်တာ ခရီးစဉ်လေးအောင်မြင်စွါပြီးပါပြီ လာရောက်‌လည်ပတ်ကြသောဧည့်သည်များကို မှတ်တမ်းတင်လျှက် Nmt...
12/04/2023

ပူတာအိုမြို့တွင်းဆိုက်ဆင်း ၃ရက်တာ ခရီးစဉ်လေးအောင်မြင်စွါပြီးပါပြီ လာရောက်‌လည်ပတ်ကြသောဧည့်သည်များကို မှတ်တမ်းတင်လျှက် Nmtr.

Phongan Razi trip ခရီးစဉ်သွားရောက်လည်ပတ်မယ်ဆိုရင် Northen Myanmar နဲ့ဆက်သွယ်ခဲ့ပါ....Content ph.09404762050,09967723973
31/01/2023

Phongan Razi trip ခရီးစဉ်သွားရောက်လည်ပတ်မယ်ဆိုရင် Northen Myanmar နဲ့ဆက်သွယ်ခဲ့ပါ....Content ph.09404762050,09967723973

11/08/2020
ဖုန်ရင်ရေခဲတောင်ခရီးစဉ်မှတ်တမ်းလေး....
24/03/2020

ဖုန်ရင်ရေခဲတောင်ခရီးစဉ်မှတ်တမ်းလေး....

ဖုန်ကန်ရာဇီရေခဲတောင်နှင့် မြို့တွင်းဆိုက်ဆင်းခရီးစဉ်ကိုသင်္ကြန်တွင်းပို့ဆောင်ပေးမည်ဖြစ်၍ စာရင်းပေးသွင်းနိူင်ပါသည်။၀၉၉၇၆၂...
16/03/2020

ဖုန်ကန်ရာဇီရေခဲတောင်နှင့် မြို့တွင်းဆိုက်ဆင်းခရီးစဉ်ကိုသင်္ကြန်တွင်းပို့ဆောင်ပေးမည်ဖြစ်၍ စာရင်းပေးသွင်းနိူင်ပါသည်။
၀၉၉၇၆၂၂၂၈၇၇,၀၉၄၀၄၇၆၂၀၅၀
Email:[email protected]

Address

Putao

Telephone

+959976222877

Website

Alerts

Be the first to know and let us send you an email when Northern Myanmar Trekking And Rafting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Northern Myanmar Trekking And Rafting:

Shortcuts

Share

Category