Trekking In Myanmar

Trekking In Myanmar Trekking In Myanmar ခရီးသွားလုပ်ငန်း

အေးချမ်းလှပတဲ့ သဘာဝအလှပတွေနဲ့ ရေခဲတောင်တန်းတွေကို သွားရောက်လည်ပတ်နိင်ဖို့ Trekking In Myanmar ခရီးသွားလာရေးမှ ပြန်လည် စီ...
24/09/2025

အေးချမ်းလှပတဲ့ သဘာဝအလှပတွေနဲ့ ရေခဲတောင်တန်းတွေကို သွားရောက်လည်ပတ်နိင်ဖို့ Trekking In Myanmar ခရီးသွားလာရေးမှ ပြန်လည် စီစဥ်ပေးနေပြီဖြစ်ပါတယ်ခင်ဗျား။
ဆက်သွယ်ရန်
09758505966
09982744101

06/09/2025
⛰️🗻၂၀၂၅  ခုနစ် နိုဝင်ဘာလမှ၂၀၂၆  ခုနစ်  မေလ အထိ ဖုန်ကန်ရာဇီ သို့ စုပေါင်း ထွက်ခွါသွားမည့် ခရီးစဥ်များ တင်ပေးလိုက်ပါသည်။ 🏔...
21/08/2025

⛰️🗻၂၀၂၅ ခုနစ် နိုဝင်ဘာလမှ၂၀၂၆ ခုနစ် မေလ အထိ ဖုန်ကန်ရာဇီ သို့ စုပေါင်း ထွက်ခွါသွားမည့် ခရီးစဥ်များ တင်ပေးလိုက်ပါသည်။ 🏔️🗻

2025- 2026 ခုနစ် ခရီးသွားရာသီ ဖုန်ကန်ရာဇီ‌ ရေခဲတောင်သို့ တက်ရောက်ချင်သူများကို ကျွန်တော်တို့ Trekking In Myanmar ရေခဲတောင် ခရီးသွား ပို့ဆောင်ရေးမှ နိုဝင်ဘာလ မှ စတင်ပြီး မေလထိ တစ်လလျှင် ၂ ဖွဲ့ စုပေါင်းပေးကာ ပို့ဆောင်ပေးသွားမှာဖြစ်ပါသည်။
ဖုန်ကန်ရာဇီ တောင်တက်ခရီးဟာဆိုရင်ရန်ကုန် မန္တလေး မြစ်ကြီးနားမှ လေယာဥ်ဖြင့်လာရမှာဖြစ်ပြီး မိမိနေရပ်မှ စုစုပေါင်း ၈ ညအိပ် ၉ ရက် ခရီးကြာမှာဖြစ်ပါသည်။ ပူတာအိုမှ ဖုန်ကန်ရာဇီသို့ စတင်လျှင် ဆိုင်ကယ်ဖြင့် သွားပြန် ၂ရက် လမ်းလျှောက် တောင်တက်ခရီး ၅ ရက်သွားရမှာ ဖြစ်ပါသည် ။ ပူတအိုမြို့မှ ဖုန်ကန်သို့သွားပြန် ၇ ညအိပ် ၈ ရက် ရန်ကုန် မန္တလေး မြစ်ကြီးနားမှ ၈ ည ၉ ရက် ခရီးကြာမြင့်မှာဖြစ်ပါသည်။ ခရီးသွား ဝါသနာရှင်များအနေဖြင့် ပူတာအိုမြို့သို့ လာရောက်လည်ပတ်မည်ဆိုပါက လေကြောင်းလိုင်းဖြင့်သာ အဆင်ပြေနိင်မှာဖြစ်ကာအပတ်စဉ် အင်္ဂါ သောကြာ စနေနေ့သာလျှင် ရန်ကုန် မန္တလေး မြစ်ကြီးနား ပူတာအိုသို့ ရန်ကုန် လေယာဥ် ဆိုက်ရောက်မှာဖြစ်ပြီးဗုဒ္ဓဟူး ကြာသာပတေး နေ့တွင် မန္တလေး လေကြောင်းသာ ရှိသောကြောင့်လေယာဥ်လက်မှတ်များကို သွားပြန် ကြိုတင်ဝယ်ယူထားရန် လိုအပ်မှာဖြစ်ပါသည်။)🛩️🛩️

အောက်ပါ စုပေါင်းခရီးစဉ်များကို တောင်တက်သမားများ မဟုတ်သည့် သာမာန် တောင်တက် ဝါသနာရှင်များနဲ့ ရေခဲ ထိတွေ့ကိုင်တွယ်ချင်သူများ လျှောက်လှမ်းနိုင်ရန်အတွက် ရေးဆွဲထားသော ခရီးစဉ် ဖြစ်ပါသည်။

#၂၀၂၅ - ၂၀၂၆ခုနစ် ဖုန်ကန်ရာဇီ‌ ရေခဲတောင်သို့ စုပေါင်း ထွက်ခွါမည့်ရက်စွဲများ #

(PG-1) 7.11.25 ရက်နေ့ မှ 15.11.25 ထိ ။
(PG-2) 21.11.25 ရက်နေ့ မှ 29.11.25ထိ။
(PG-3) 5.12.25 ရက်နေ့မှ 13.12.25 ထိ ။
(PG -4)19.12.25 ရက်နေ့မှ 27.12.25ထိ။
(PG-5) 26.12.25 ရက်နေ့ မှ 3.1.26ထိ ။
(PG-6) 9.1.26 ရက်နေ့ မှ 17.1.26ထိ ။
(PG-7) 23.1.26 ရက်နေ့ မှ 3.1.26 ထိ ။
(PG-8) 6.2.26 ရက်နေ့ မှ 14.2.26 ထိ ။
(PG-9) 20.2.26 ရက်နေ့ မှ 28.2.26 ထိ။
(PG-10) 6.3.26ရက်နေ့ မှ 14.3.26 ထိ။
(PG-11) 20.3.26 ရက်နေ့ မှ 28.3.26ထိ။
(PG-12) 3.4.26 ရက်နေ့ မှ 11.4.26 ထိ ။
(PG-13) 17.4.26 ရက်နေ့ မှ 25.4.26 ထိ။
(PG-14) 1.5.26 ရက်နေ့ မှ 9.5.26 ထိ ။
(PG-15) 15.5.26 ရက်နေ့ မှ 23.5.26ထိ။

# ဖုန်ကန် ခရီးစဉ် အသေးစိတ် #

Day(1)သောကြာနေ့ အနယ်နယ်အရပ်ရပ်မှ ပူတာအိုမြို့သို့ ရောက်ရှိလာကြရမှာ ဖြစ်ပြီး မိမိ နှစ်သက်သော တည်းခိုခန်း၊ ဟိုတယ်တို့မှာ အိပ်စက် အနားယူရမှာ ဖြစ်ပါတယ်။ ပူတာအိုမြို့သို့ ရောက်ရှိလာတဲ့ ပထမနေ့မှာတော့ မိတ်ဆွေတို့ရဲ့ ပစ္စည်းများကို စီစစ်ပြင်ဆင်ပေးသွားမှာဖြစ်ပြီး လိုအပ်ချက်များရှိပါက ပူတာအိုမြို့တွင် ထပ်မံ ဝယ်ယူရန်အတွက် အသေးစိတ် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်ခဗျား။ ၎င်း ပထမနေ့အတွက် မိမိစရိတ်ဖြင့်သာ အသုံးပြုရမှာဖြစ်ပါတယ်။

Day(2)စနေနေ့ ပူတာအို မှ ဇီယာဒမ်း
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး ပူတာအိုမှ ဇီယာဒမ်းရွာသို့ ဆိုင်ကယ်ဖြင့် စတင် စွန့်စား ထွက်ခွါပြီး ဇီယာဒမ်းတွင် ညအိပ်အနားယူမည် ဖြစ်ပါတယ်။ မောင်းချိန် ၅ နာရီ လမ်းကြမ်း၃၁ မိုင် ။

Day(3)တနင်္ဂနွေ -ဇီယာ-အောက်သစ်ပင်ကြီး
ဇီယာဒမ်းကျေးရွာတွင် မနက်စာ စားသုံးပြီး နေ့လည်စာကို ချောင်းဆုံတွင် စားသုံးကာ အောက် သစ်ပင်ကြီးစခန်းတွင် အနားယူ အိပ်စက်မှာဖြစ်ပြီး ယနေ့သည် မြေပြန့် (၆)မိုင်ခန့်နဲ့ တောင်တက် (၃)မိုင်ခန့်တည်ရှိပါတယ်။ အောက်သစ်ပင်ကြီးစခန်း အမြင့်ပေ ၆၅၀၀ ခန့်ဖြစ်ပါတယ်။

Day(4)တနလင်္ာ အောက်သစ်ပင်ကြီး-ခမ်းတောက်မြစ်။
နံနက်စာ သုံးဆောင်ပြီး ခမ်းတောက်မြစ် စခန်းသို့(၆)မိုင်ခန့် ခြေလျင်တောင်တက်ရမှာ ဖြစ်ပါတယ်။ ယနေ့သည် လမ်းလျှောက်မြန်သူများအနေဖြင့် စောစော ရောက်ရှိမှာ ဖြစ်ပါသည်။အမြင့်ပေကတော့ ၈၀၀၀ ပေခန့်တည်ရှိပါတယ်။

Day(5)အင်္ဂါ ခမ်းတောက်မြစ်-ရေခဲစပ်စခန်း
မနက်စာစားသုံးပြီး ရေခဲစပ် စခန်းသို့ တောင်တက် တောင်ဆင်း (၇)မိုင်ခန့် သွားရမှာ ဖြစ်ကာအမြင့်ပေ (၁၀၀၀၀)သို့ ရောက်ရှိကြမှာဖြစ်ပါသည်။

Day(6)-ဗုဒ္ဓဟူး - ရေခဲစပ်-တောင်ထိပ်-ခမ်းတောက်မြစ်
ယနေ့ကတော့ဖြင့် မနက် ရာသီဥတု အခြေအနေပေါ်မူတည်ပြီး မနက်စာ စားသုံးချိန် နံနက် (၄)နာရီ သို့မဟုတ် နံနက်(၇)နာရီချိန်ခန့်တွင် စားသုံးကာ တောင်ထိပ်သို့ (၃)မိုင်ခန့် တက်ရောက်ရမှာဖြစ်ပါတယ်။ တောင်ထိပ်တွင် (၁)နာရီခန့် အနားယူ မှတ်တမ်းတင်ပြီး ရေခဲစပ်စခန်းသို့ ပြန်ဆင်းကာ နေ့လည်စာ စားသုံးပြီး ခမ်းတောက်မြစ်စခန်းသို့ ပြန်လည် ထွက်ခွါ အနားယူ အိပ်စက်သွားမည် ဖြစ်ပါတယ်။ ၎င်းနေ့သည် တောင်တက် တောင်ဆင်း (၁၂)မိုင်ခန့်ရှိပြီး ပုံမှန်နေ့တွေထက် ပို၍ ပင်ပန်းသော နေ့လေး တစ်နေ့ဖြစ်ပါတယ်။ဖုန်ကန်ရာဇီ‌ရေခဲတောင် အမြင့်ပေ- ၁၁,၉၂၀ ပေ။

Day-(7)ကြာသာပတေး - ခမ်းတောက်မြစ်-ဇီယာဒမ်း
ခမ်းတောက်မြစ်စခန်းတွင် မနက်စာ
သုံးဆောင်ပြီး ရေခဲတောင်ခြေ ရွာလေးဖြစ်တဲ့ ဇီယာဒမ်းကျေးရွာလေးသို့ ခရီးဆက်ကာ
နေ့လည်စာကို ကြားစခန်းဖြစ်တဲ့ ချောင်းဆုံတွင် စားသုံးကြမှာ ဖြစ်ပါတယ်။
၎င်းနေ့သည်လည်း သာမာန်သူများအတွက်
ပင်ပန်းမှာဖြစ်ပြီး အနည်းငယ် မိုးချုပ်သွားနိုင်ပါတယ်။

Day(8)သောကြာ - ဇီယာဒမ်း-ပူတာအို
ဇီယာဒမ်းကျေးရွာတွင် မနက်စာ သုံးဆောင်ကာ ပူတာအိုသို့ စွန့်စား ဆိုင်ကယ် စီးနှင်းပြီး
စောလျှင်စွာ ရောက်ရှိမှာ ဖြစ်ပါတယ်။

Day(9)စနေ - ပူတာအိုမြို့မှ မိမိနေရပ်သို့ ပြန်လည်ထွက်ခွါကာ ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။

🍁ဖုန်ကန်ခရီးတွင် လိုအပ်သော ပစ္စည်းစာရင်းများ🍁
🎒🕶️🧢👟🧦🧤🧥👚👕👖👔👙⛸️📷🔋🔦🗡️💊🦯🩳🩱🩲🪒👩‍🦯👒👢🎩🎿🥋🍱
၁ ။🧥ရေခဲတောင်ပေါ်တွင် ဝတ်ရန် အနွေးသားပါသော မိုးကာအင်္ကျီအထူ ၁ ထည်၊ 🦺🩲
၂။👨‍🦯⛷️လမ်းလျှောက်ချိန် ဝတ်ရန် မိုးကာသား အင်းကျီ နှင့် လက်ရှည်အပါး ၂ ထည် ⛷️၊
၃။🥊🧤လက်အိပ်အထူ ၂ စုံ၊ အပါး ၂ စုံ ။
၄။🧦ခြေအိပ်အထူ ၃ စုံ၊ အပါး ၅ စုံ 🧦⛸️
၅။🧢လျှာထိုးဦးထုပ် (သို့)နေကာဦးထုပ် ၁ လုံး
၆။စွယ်တာ အနွေး ဦးထုပ် ၁ လုံး၊ နားအုပ် ၁ စုံ၊
၇။ရိုးရိုး ဆွယ်တာလက်ရှည် အင်ကျီ ၂ ထည်၊
၈။🧥ရိုးရိုး အင်ကျီ င်္လက်ရှည်အပါး ၂ ထည်၊
၉။👖👖ရိုးရိုး ဆွယ်တာဘောင်းဘီ ၂ ထည်၊
၁၀။👖👖မိုးကာသား(သို့မဟုတ်) ဆွဲသား လမ်းလျှောက်ဘောင်းဘီ ၂ ထည်၊
၁၁။🕶️နေကာမျက်မှန် ၁ လက်👓👓၊
၁၂။👟👟 ပွိုင့်ကောင်းသော တောင်တက်ဖိနပ် (သို့မဟုတ်) စစ်ဖိနပ် ၁ စုံ ၊⛸️⛸️⛸️
၁၃။👣စခန်းချ နားချိန် စီးရန် ညှပ်ဖိနပ်တစ်ရံ၊
၁၄။🥋မိုးရေလုံသော ဆိုင်ကယ်စီး မိုးကာ အရှည် ၁ ထည်၊
၁၅။မိမိတစ်ကိုယ်ရေသုံး သောက်ရေဘူး၁ ဘူး၊
၁၆။ခေါင်းစွတ် ဓါတ်မီး ၁ လက်နှင့်ဓါတ်ခဲ ၃စုံ။
၁၇။⛑️⛑️အထွေထွေ ပစ္စည်းများ ( အားဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ ခြင်ဖြန်းဆေး၊ဓာတ်ဆား၊ အကိုက်အခဲပျောက်ဆေး၊ ဝမ်းပိတ်ဆေး၊နာစီးချောင်းဆိုးပျောက်ဆေး၊ အနာလိမ်းဆေး၊ ခေါင်းကိုက်ပျောက်ဆေး၊ လက်သည်းညပ်၊ အပ်၊ သွားတိုက်တံ ၊ သွားတိုက်ဆေး၊ ဝိုက်သစ်ရှူး ၊ ဒူးစွတ်၊ မောက်စ်၊ နူတ်ခမ်းနီအဆီ၊ သွားတိုက်သံ ဆေး ၊ )၊💄
၁၈။📷🎥📹📸 ကင်မရာ နှင့် ဖုန်းများ ယူဆောင်လာပါက အားသွင်းရန် ပါဝါပန့် ၊ 🔋
၁၉။🍫🍿🌮🍖🍗 မိမိကြိုက်နစ်သက်သော သရေစာမုန့် အနည်းငယ် ယူဆောင်လာရန် ။
၂၀။⛸️⛸️ ဘိုးဖိနပ်အောက်ခြေတွင် စလစ်မဖြစ်အောင် သပ်ရသော ရာဘာသံဆူး ။
၂၁။👨‍🦯🦯🦯🦯လမ်းလျှောက် တုတ်ချောင်း ၊
အထက်ပါ ပစ္စည်းများကို စုံလင်အောင် ယူလာရမှာ ဖြစ်ပြီး ၎င်း ပစ္စည်းများထည့်ရန် အိတ်ပျော့ တစ်လုံး လိုအပ်မှာ ဖြစ်ပါသည်။

(ဖုန်ကန်ရာဇီ ရေခဲတောင်တက်ချင်သော မိတ်ဆွေများ လေ့ကျင့်မှု့များ ပြင်ဆင်ထားရန်)

- သာမှန်သူများ အနေဖြင့် ရေခဲတောင် ခရီးစဉ် မစမှီ ရက် ၂၀ လောက် အဆင်းအတက် လမ်းလျှောက်ထားရန် လိုအပ်ပါသည်။ ဖုန်ကန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်မစမှီ ၁၀ ရက် လောက် အလိုတွင် တစ်ရက် ၁ မိုင်နူန်းဖြင့် ၁ နာရီခန့် အပြေးလေ့ကျင့်လျှင် ပို၍အဆင်ပြေနိင်ပါသည်။ တစ်ပတ်လောက် အလိုတွင် တစ်ရက်ကို ၃ မိုင်လောက် လမ်းလျှောက်ကျင့်ထားလျှင်ပိုအဆင်ပြေပါလိမ့်မည်။ တစ်နေ့ ထိုင်ထအကြိမ် ၃၀ မှ ၄၀ ကြား ထိုင်ထလုပ်ခြင်း၊ စက်ဘီးစီးခြင်း ၊ ကြိုးခုံခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကာယလေ့ကျင့်ခန်းများ ပုံမှန်လေ့ကျင့်ထားလျှင် ပို၍အဆင်ပြေပါလိမ့်မည်၊ တောင်တက်အတွေ့ အကြုံ မရှိသေးသူများအနေဖြင့် ပုံမှန် လမ်းလျှောက်ထားရန် လိုအပ်ပါသည်။ အသေးစိတ် သိချင်သူများ ဖုန်းဖြင့် တိုက်ရိုက်ဆွေးနွေးနိင်ပါသည်။ လမ်းလျှောက်လေ့ကျင့်မှု့ များများလုပ်ထားပြီး အိပ်ယာစောစောထနိင်အောင်လည်း လေ့ကျင့်ထားလျှင် ပိုအဆင်ပြေပါလိမ့်မည်။လမ်းခရီးတွင် ပုံမှန် မနက် ၆ နာရီ အိပ်ယာထပြီး ပြင်ဆင်ရမည်ဖြစ်ပါသည်။ တောင်တက်လမ်းခရီးတွင် ကိုယ်လွှတ်လမ်းလျှောက်ရသော်များလည်း မိမိကိုယ်တိုင်က အပင်ပန်းခံနိင်အောင် လေ့ကျင့် ထားရပါမည်၊တောင်တက်မည့်သူများအနေဖြင့် မိမိကျန်းမာရေး အခြေအနေများကိုလည်း စစ်ဆေးချက်များ ပြုလုပ်ထားပါက ပို၍ အဆင်ပြေပါသည်။ လမ်းခရီးတွင် မိမိအသုံးပြုထားသော ပလပ်စတစ် အမှိုက်များကို သေခြာ သိမ်းဆည်းပြီး စခန်းရောက်ချိန်တွင် မီးရှို့ ဖျက်စီး ပေးရပါမည်၊

( ရေခဲတောင်ခရီးစဉ်အတွင်းဝန်ဆောင်မှုများ)

၁ ။ စတင်ရောက်ရှိသောနေ့တွင် မိမိယူဆောင်လာသောပစ္စည်းများကို စစ်ဆေးပေးပြီး လိုအပ်တာ စီစဉ်ပေးမှာဖြစ်ပါသည်။
၂။အစား အသောက် 6 ညအိပ် 7 ရက်စာ ။
၃။ သောက်ရေများကို လမ်းခရီးတွင် အခက်အခဲ ရှိနိင်ပါသောကြောင့် စိမ့်ရေများကို ရေကျက်အေးများ နှင့် ရေစိမ်းရအောင် စီစဉ်ပေးသွားမည်ဖြစ်ပါသည် ၊
၄ ။ လမ်းခရီးတွင် ချက်ပြုတ်ကျွေးမွေးမည့် စားဖိုမှူးအဖွဲ့၊ ( ထမင်းချက် အဖွဲ့) ။
၅ ။ အဖွဲ့ခေါင်းဆောင် လမ်းပြတစ်ဦးလိုက်ပါမည်ဖြစ်ပါသည် ၊
၆။ခရီးစဉ်အတွင်း လုံခြုံ စိတ်ချရမှု ရှိစေရန် တောင်တက်ကျွမ်းကျင်သော အထမ်းများ နှင့် ထမင်းချက် ၊ ဧည့်လမ်းညွန်များကိုသာ အသုဲံးပြုသွားမှာ ဖြစ်ပါသည်။
၇။ (မိုးကာရွက်ဖျင်တဲ) Tent ၊ (လေမွေ့ရာ) Air Mattness ၊ (အိပ်ယာလိပ်) Sleeping Bag များကို ငှားရမ်းပေးသွားမှာ ဖြစ်ပါသော်လည်း မိမိ စိတ်ကြိုက် မိမိမှာ ရှိပါက သယ်ယူလာနိင်ပါသည်။
၈ ။တစ်ဖွဲ့လုံး ညအိပ်မည့် ကျေးရွာအတွင်း နေအိမ်များ ၊
၉ ။ လမ်းခရီးတွင် လိုအပ်နိင်သော ရှေ့ဦးသူနာပြု ဆေးသေတ္တာ နှင့် ရေခဲတောင်တွင် အသုံးပြုရမည့် တောင်တက် ပစ္စည်းများကို စီစဉ်ပေးသွားမှာ ဖြစ်ပါသည်။
၁၀ ။ ခရီးစဉ် အစဆုံးလိုက်ပို့ကြမည့်သူများ၏ အခကြေးငွေ ပါ၀င်မှာဖြစ်ပါသည်။
၁၁ ။ ပူတာအိုမှ ဇီယာထိ သွားရန် 125 ဆိုင်ကယ် နှင့် ယဉ်မောင်း ။

(၀န်ဆောင်မှုမပေးသော အရာများ)
- လေယာဉ်လက်မှတ် ။ လေယာဉ်လက်မှတ်များကို မိမိအစီအစဉ်ဖြင့် ၀ယ်ယူရပါမည် ။
ဟိုတယ် တည်းခိုခန်း နှင့် ပူတာအိုမြို့တွင်း သွားလာ စရိတ်များ မပါဝင်ပါ ၊ မိမိကိုယ်ပိုင် အသုံးအဆောင်ဆေးဝါးများ နှင့် မိမိတစ်ကိုယ်ရည်သုံးတောင်တက် ပစ္စည်းများ ။ ခရီးစဉ်နှင့် မသက်ဆိုင်သော အပိုကုန်ကျမှုများ၊ အရက်၊ ဘီယာ၊ဆေးလိပ် ။ ဖုန်ကန်ရာဇီသို့ သီးသန့် သွားရောက်လိုသူများကိုလည်း သီးသန့် တစ်ဖွဲ့ စီစဉ် ပို့ဆောင်ပေးလျှက်ရှိပါသည်။
ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ်သို့ လိုက်ပါမည့်သူများအနေဖြင့် ကြိုတင် တစ်လခန့် အကြောင်းကြားထားနိင်ပြီး ကြိုတင်ငွေ ၃၀ % ပေးသွင်းထားရမှာ ဖြစ်ပါသည်။ ရေခဲတောင် ခရီးစဉ်များသည် ခရီးစဉ်မတိုင်မှီ တစ်ပတ် အလိုတွင် အစစအရာရာ ကြိုတင် ပြင်ဆင်ထားရတာဖြစ်သောကြောင့် ကြိုတင်စာရင်းပေးသွင်းသူများကို ခရီးစဉ် ကုန်ကျမည့် စရိတ်အတွက် ကြိုတင်ငွေတောင်းခံရခြင်း ဖြစ်ပါသည် ၊ ဖုန်ကန်ရာဇီ ရေခဲတောင် ခရီးစဥ် စိတ်ဝင်စားသူများအနေဖြင့် တစ်ဦးလျှင် ၂၅ သိန်း ကုန်ကျမှာ ဖြစ်ပါသည်။

ကချင်ပြည်နယ် ပူတာအို ခရီးစဥ်များ ဆက်သွယ်လိုပါက Trekking In Myanmar ဖုန်း 09758505966 • 09982744101 • 09954223128 ခေါ်ဆို၍သော်လည်းကောင်း ၊ စာမက်စေ့ ပို့ခြင်းသော်လည်းကောင်း ဆက်သွယ်နိင်ပါသည်။

ပူတာအိုကို နိင်ငံခြားသားခရီးသွားတွေ လာလို့ရလားလို့မေးကြလို့မေးလို့ ခရီးသွား အကြောင်းအရာလေး နည်းနည်း တင်ပေးလိုက်ရပါတယ်ခင်...
22/03/2025

ပူတာအိုကို နိင်ငံခြားသားခရီးသွားတွေ လာလို့ရလားလို့မေးကြလို့မေးလို့ ခရီးသွား အကြောင်းအရာလေး နည်းနည်း တင်ပေးလိုက်ရပါတယ်ခင်ဗျား။

ကချင်ပြည်နယ် ပူတာအိုမြို့ကို ပြည်တွင်း ပြည်ပ ခရီးသွားတွေ အနေဖြင့် ပူတာအိုမြို့ နေရာ တော်တော်များများကို အတိုင်းအသာ တစ်ခုထိတော့ လည်ပတ်လို့ရနေပါသေးတယ်ခင်ဗျား ၊
ပြည်တွင်း ခရီးသွားတွေ အနေနဲ့က ပူတာအို မြို့တွင်း မြို့ပြင် နဲ့ ရေခဲတောင်တက်ခရီးတွေ သွားလာလို့ရပါတယ်ခင်ဗျား ။
ပြည်ပ နိင်ငံခြားသားတွေ အနေနဲ့က ပူတာအိုမြို့တွင်း ၁၁ ရပ်ကွက် နှင့် ကောင်းမှု့လုံ- နမ့်ခမ်း - မချမ်းဘော့ - မူလာရှီးဒီ - မုဒုံ - တိမ်ပင်လယ် နှင့် မြို့အနီးက ရွာလေးတွေကိုသာ ပူတာအိုမြို့တွင်း ဟိုတယ်တွေကနေနေ့ချင်းပြန်ခရီး သွားလာလို့ရမှာ ဖြစ်ပါသည် ၊
နိင်ငံခြားသားတွေ အနေနဲ့က မလိခမြစ် ရေလယ်နတ်ကျွန်းသို့ သွားလည်ခွင့် မရှိသေးသလို မြို့ပြင် လည်ပတ်ခွင့် ကျေးရွာ ညအိပ်ခွင့် ရေခဲတောင်တက်ခွင့်တွေလည်း မရရှိသေးပါဘူးခင်ဗျား ။
နိင်ငံခြားသားတွေ အနေဖြင့် ပူတာအိုမြို့တွင်း လာမည်ဆိုလျှင် ခွင့်ပြုမိန့် တောင်းခံစရာတော့ မလိုအပ်ပါဘူးခင်ဗျား ပတ်စ်ပို့ ဗီဇာ မိတ္တူ ၁၀ စုံခန့်သာ ယူလာရမှာဖြစ်ပါသည်။
ပူတာအိုမြို့ကို လာရောက်လည်ပတ်ချင်သူတွေ အနေနဲ့
ခရီးသွားဖို့ အကောင်းဆုံး အချိန်တွေဟာ နိုဝင်ဘာ လမှ ဧပြီလကုန်ထိသာ သွားလာ လည်ပတ်လို့ အဆင်ပြေမှာ ဖြစ်ပါသည် ၄င်းလတွေဟာ အပူ အအေးမျှတပြီး လမ်းလျှောက် တောင်တက် စက်ဘီးစီး အားကစားကြိုက်သူများအတွက် အကောင်းဆုံးသော လတွေဖြစ်သလို သဘာဝ ရှူ့ခင်းအလှတွေနဲ့ ရေခဲတောင်တန်းတွေကိုလည်း ကြည့်ရှု့ခံစားဖို့ အကောင်းဆုံးသော ကာလတွေဖြစ်ပါတယ်၊ ပူတာအိုမြို့က သဘာဝ သစ်တောကြီးတွေနဲ့ ရေခဲတောင်တန်းတွေအများအပြား ရှိပေမယ့် ရာသီဥတု အပြောင်းအလဲ မြန်တာကြောင့် တိမ်ဖုံး တိမ်အုပ်တဲ့ ရက်တွေမှာတော့ ရေခဲတောင်တွေကို မမြင်ရပါဘူး တိမ်ကင်းစင်တဲ့ ရက်တွေမှာသာ ပူတာအိုမြို့ကနေ ရေခဲတောင်တန်းတွေ ပတ်ပတ်လည် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်ခင်ဗျား၊
မေလလောက်ကစလို့ စက်တင်ဘာ ကုန် အောက်တိုဘာလတွေထိက မိုးများတက်ပြီးတောင်တန်းတွေ အားလုံး တိမ်အမြဲ ဖုံးနေတက်သလို နေပူတဲ့လတွေမှာဆိုရင်လည်း ကျစ်ကျစ်တောက် အရမ်းကိုပူတက်တဲ့လတွေဖြစ်လို့ လည်ပတ်ဖို့ သိပ်အဆင်မပြေနိင်တာတွေ ရှိပါတယ်ခင်ဗျား။

၂၀၂၅ ယခု ကာလတွေမှာ ပူတာအိုမြို့ရဲ့ ကုန်စျေးနူန်းတွေက အစစအရာရာ စျေးကြီးသွားပြီ ဖြစ်လို့ ပူတာအို လာလည်မယ့် သူတစ်ယောက်အနေနဲ့က နိင်ငံခြားသွားပြီး လျှော့ပင်ထွက် ပြန်လာတာထက်ကို ပိုကုန်ကျမှာ ဖြစ်ပါတယ်ခင်ဗျား ။

ပူတာအိုမြို့ တစ်စိတ်တစ်ပိုင်း အကြောင်းအရာများ သိရှိလိုပါက 09758505966 • 09982744101 • 09954223128 သို့ မေးမြန်းဆက်သွယ်နိင်ပါတယ်ခင်ဗျား ။
ကျေးဇူးအထူးတင်စွာဖြင့် Trekking In Myanmar

သင်္ကြန်အားလပ်ရပ် ရေခဲတောင်တက်ချင်သူများအတွက် စုပေါင်း ခရီးစဥ်လေး ပို့ဆောင်ပေးသွားမှာ ဖြစ်ပါသည်။ဖုန်ကန်ရာဇီ တောင်တက်ခရီး...
19/03/2025

သင်္ကြန်အားလပ်ရပ် ရေခဲတောင်တက်ချင်သူများအတွက် စုပေါင်း ခရီးစဥ်လေး ပို့ဆောင်ပေးသွားမှာ ဖြစ်ပါသည်။
ဖုန်ကန်ရာဇီ တောင်တက်ခရီးစဥ်ကို ၁၁.၄.၂၀၂၅ ရက်နေ့ ပူတာအိုမြို့မှ ဖုန်ကန်သို့ စတင်ထွက်ခွါမှာ ဖြစ်သောကြောင့် ဧပြီလ ၁၀ ရက်နေ့ ပူတာအိုအရောက်လာရမှာဖြစ်ပြီး ၁၇.၄.၂၀၂၅ ရက်နေ့ ဖုန်ကန် မှ ပူတာအိုသို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါသည်။🏔️ဧပြီလ ၁၈ ရက်နေ့ မိမိနေရပ်သို့ ပြန်ကာ ခရီးစဥ် ပြီးဆုံးမှာ ဖြစ်ပါသည်။
ခရီးစဥ် အသေးစိတ် သိရှိလိုပါက
Trekking In Myanmar ခရီးသွားလာရေး ပူတာအို
09758505966 - 09982744101 - 09954223128 သို့ ဆက်သွယ် စုံစမ်းနိင်ပါသည်။
https://www.facebook.com/100064391663945/posts/1089425789880466/?app=fbl

⛰️၂၀၂၅ ခုနစ် ဧပြီလ သင်္ကြန်နစ်သစ်ကူး အားလပ်ရက်လေးမှာ ကချင်ပြည်နယ် ပူတာအိုမြို့မှာတည်ရှိတဲ့ ဖုန်ကန်ရာဇီ‌ ရေခဲတောင်သို့ သွ...
26/02/2025

⛰️၂၀၂၅ ခုနစ် ဧပြီလ သင်္ကြန်နစ်သစ်ကူး အားလပ်ရက်လေးမှာ ကချင်ပြည်နယ် ပူတာအိုမြို့မှာတည်ရှိတဲ့ ဖုန်ကန်ရာဇီ‌ ရေခဲတောင်သို့ သွားရောက်ချင်သူများကို ကျွန်တော်တို့ Trekking In Myanmar ခရီးသွား ပို့ဆောင်ရေးမှ အထူးခရီးစဥ် အဖြစ် ပို့ဆောင်ပေးသွားမှာဖြစ်ပါသည်။ဖုန်ကန်ရာဇီ တောင်တက်ခရီးဟာဆိုရင်ရန်ကုန် မန္တလေး မြစ်ကြီးနားမှ လေယာဥ်ဖြင့်လာလျှင် ၈ ညအိပ် ၉ ရက် ခရီးကြာနိင်မှာဖြစ်ပြီး ပူတာအိုမှ ဖုန်ကန်သို့ သွားပြန် ၇ ညအိပ် ၈ ရက်ခရီးကြာမြင့်မှာဖြစ်ပါသည်။

🏔️(PG-4)သင်္ကြန်နစ်သစ်ကူးခရီးစဥ်ကို ၁၀.၄.၂၀၂၅ ရက်နေ့ ပူတာအို အရောက်လာရမှာဖြစ်ကာ ၁၁.၄.၂၀၂၅ ရက်နေ့ ပူတာအိုမြို့မှ ဖုန်ကန်သို့ စတင်ထွက်ခွါမှာ ဖြစ်ပြီး ၁၇.၄.၂၀၂၅ ရက်နေ့ ပူတာအိုသို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါသည်။👬ယခုခရီးစဉ်ကို သာမာန် တောင်တက် ဝါသနာရှင်များသွားလာနိုင်ရန်အတွက် ပုံမှန် ရေးဆွဲထားသော ခရီးစဉ် ဖြစ်ပါသည်။

🏔️ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ် အကျဥ်း🏔️

Day(1) 10.T.25. မိမိနေရပ်မှ ပူတာအိုတွင်စုရပ် (✈လေယာဥ်✈)။
Day(2) 11.F.25.ပူတာအို-ဇီယာဒမ်း (🏍️ဆိုင်ကယ်🏍️)။
Day(3) 12.S.25.ဇီယာဒမ်း-အောက်သစ်ပင်ကြီးစခန်း။
Day(4) 13.S.25.အောက်သစ်ပင်ကြီး-ခမ်းတောက်မြစ်။
Day(5) 14.M.25. ခမ်းတောက်မြစ်-ရေခဲစပ်စခန်း🚶။
Day(6) 15.T.25 ရေခဲစပ်-တောင်ထိပ်-ခမ်းတောက်မြစ်🏕️🏕️🏕️⛰️⛰️🏔️🏔️🗻🗻🗻🧗‍♀️🧗‍♂️🧗‍♀️🧗‍♂️🏕️🏕️🏕️။
Day(7) 16.W.25.ခမ်းတောက်မြစ်-ဇီယာဒမ်း🚶🚶။
Day(8) 17.T.25. ဇီယာဒမ်း-ပူတာအို🛵🏍️🏍️🏍️။
Day(9) 18.F.25ပူတာအိုမှ ပြန်လည်ထွက်ခွါပါမည်(လေယာဥ်)✈🛫🛬🛩️🛩️🛩️🛩️🛩️🛩️🛩️

# ဖုန်ကန်ရာဇီ ၈ ညအိပ် ၉ရက် ရီးစဉ် အသေးစိတ် #

Day(1) 10.T.25. မိမိနေရပ်မှ ပူတာအိုတွင်စုရပ် (✈လေယာဥ်✈)။🛩️🛩️🛩️🛩️🛩️🛩️🛩️🛩️🛩️🛩️🛩️
နယ်နယ်အရပ်ရပ်မှ ပူတာအိုမြို့သို့ အရောက်လာရမှာဖြစ်ပြီး မိတ်ဆွေတို့၏ တောင်တက်ပစ္စည်းများကို လမ်းခရီးတွင် အဆင်ပြေမှု့ ရှိမရှိ စီစစ်ပြင်ဆင်ပေးသွားမှာဖြစ်ကာ လိုအပ်ချက်များရှိပါက ပူတာအိုမြို့တွင် ထပ်မံ ဝယ်ယူရန်အတွက် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါသည်။ ပူတာအို ရောက်ရှိသောနေ့ နှင့် ပြန်လည်ထွက်ခွါသောနေ့အတွက် တည်းခိုခန်း နှင့် အခြားသွားလာ စားစရိတ်များကို မိမိစရိတ်ဖြင့်သာ အသုံးပြုရမှာဖြစ်ပါသည်။

Day(2) 11.F.25.ပူတာအို-ဇီယာဒမ်း (🏍️ဆိုင်ကယ်🏍️)။
-မိမိနှစ်သက်ရာ နံနက်စာ သုံးဆောင်ပြီး ပူတာအိုမှ ဇီယာဒမ်းသို့ ဆိုင်ကယ်ဖြင့် ၃၁မိုင် ၅ နာရီခန့်မောင်နှင်မှာဖြစ်ပြီး ဇီယာဒမ်းတွင် ညအိပ်အနားယူမည် ဖြစ်ပါသည်။ (ဆိုင်ကယ် ၊နေ့လည်စာ၊ ညစာ)။🏞️🏡🏠⛺

Day(3) 12.S.25.ဇီယာဒမ်း-အောက်သစ်ပင်ကြီးစခန်း🚶‍♀️🚶‍♀️🚶‍♀️🚶🚶🚶‍♀️🚶🚶‍♀️🚶🚶‍♀️🚶‍♀️🚶🚶‍♀️⛺⛺⛺။
ဇီယာဒမ်းကျေးရွာတွင် မနက်စာ စားသုံးပြီး တောလမ်းခရီးစတင်လမ်းလျှောက်ရပါမည် ၊ နေ့လည်စာကို ​ချောင်းဆုံတွင် စားသုံးကာ အောက် သစ်ပင်ကြီးစခန်းတွင် အနားယူ အိပ်စက်မှာဖြစ်ပါသည် ။ယနေ့သည် မြေပြန့် (၆)မိုင်ခန့်နဲ့ တောင်တက် (၃)မိုင်ခန့်တည်ရှိပါတယ်။ အောက်သစ်ပင်ကြီးစခန်း အမြင့်ပေ ၆၅၀၀ ခန့်ဖြစ်ပါတယ်။

Day(4)13.Su.25.အောက်သစ်ပင်ကြီး-ခမ်းတောက်မြစ်။🚶‍♀️🚶‍♀️🚶‍♀️🚶🚶‍♀️🚶🚶🚶🚶‍♀️🚶‍♀️🚶🚶‍♀️🚶‍♀️⛺⛺။
အောက်သစ်ပင်ကြီးစခန်းတွင် နံနက်စာ သုံးဆောင်ပြီး ခမ်းတောက်မြစ် စခန်းသို့(၆)မိုင်ခန့် ခြေလျင်တောင်တက်ရမှာ ဖြစ်ပါတယ်။ ယနေ့သည် နေ့တစ်ပိုင်းခန့် နားချိန်ရမှာ ဖြစ်ကာ မိမိတို့ရဲ့ ကျန်းမာရေး စီစစ်ချိန် ကာယ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ချိန်၊ အိပ်စက်အနားယူချိန် တို့ ပိုမိုရရှိမည့် နေ့လေးတစ်နေ့ ဖြစ်ပါတယ်။အမြင့်ပေကတော့ ၈၀၀၀ ပေခန့်တည်ရှိပါတယ်။

Day(5)14.M.25. ခမ်းတောက်မြစ် မှ ရေခဲစပ်စခန်းသို့။
🏃🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️🚶‍♀️
ခမ်းတောက်မြစ် စခန်းတွင် မနက်စာစားသုံးကာ ရေခဲစပ် စခန်းသို့ တောင်တက် တောင်ဆင်း (၇)မိုင်ခန့်လမ်းလျှောက်ရပါမည်။ ရေခဲစပ်အမြင့်ပေမှာ
(၁၀၀၀၀)ပေခန့်ရှိပြီး မြန်သူများအနေဖြင့်စောလျှင်စွာ ရောက်ရှိကြမှာဖြစ်ပြီး နောက်နေ့ ဖုန်ကန် တောင်ထိပ်တက်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမှာဖြစ်ပါတယ်။

Day(6)15.T.25 -ရေခဲစပ်-ဖုန်ကန်တောင်ထိပ်-ခမ်းတောက်မြစ်။⛰️⛰️⛰️🏔️🏔️🏔️🗻🗻🗻🗻
ယနေ့ကတော့ဖြင့် မနက် ရာသီဥတု အခြေအနေပေါ်မူတည်ပြီး မနက်စာ စားသုံးချိန် နံနက် (၄)နာရီ သို့မဟုတ် နံနက်(၇)နာရီချိန်ခန့်တွင် စားသုံးကာ တောင်ထိပ်သို့ (၃)မိုင်ခန့် တက်ရောက်ရမှာဖြစ်ပါတယ်။ တောင်ထိပ်တွင် (၁)နာရီခန့် အနားယူ မှတ်တမ်းတင်ပြီး ရေခဲစပ်စခန်းသို့ ပြန်ဆင်းကာ နေ့လည်စာ စားသုံးပြီး ခမ်းတောက်မြစ်စခန်းသို့ ပြန်လည် ထွက်ခွါ အနားယူ အိပ်စက်သွားမည် ဖြစ်ပါတယ်။ ၎င်းနေ့သည် တောင်တက် တောင်ဆင်း (၁၂)မိုင်ခန့်ရှိပြီး ပုံမှန်နေ့တွေထက် ပို၍ ပင်ပန်းသော နေ့လေး တစ်နေ့ဖြစ်ပါတယ်။ဖုန်ကန်ရာဇီ‌ရေခဲတောင် အမြင့်ပေ- ၁၁,၉၂၀ ပေ။🗻🗻🗻

Day-(7)16.W.25.ခမ်းတောက်မြစ်-ဇီယာဒမ်း တောင်ဆင်း 🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️။
ခမ်းတောက်မြစ်စခန်းတွင် မနက်စာ
သုံးဆောင်ပြီး ရေခဲတောင်ခြေ ရွာလေးဖြစ်တဲ့ ဇီယာဒမ်းကျေးရွာလေးသို့ အဆင်းခရီးဆက်ကာ
နေ့လည်စာကို ကြားစခန်းဖြစ်တဲ့ ချောင်းဆုံတွင် စားသုံးကြမှာ ဖြစ်ပါတယ်။ယနေ့သည် သာမာန်သူများအတွက် ပင်ပန်းမှာဖြစ်ပြီး အနည်းငယ် မိုးချုပ်သွားနိုင်ပါတယ်။🏃🏃‍♀️🏃🏃‍♀️🏃🏃‍♀️🏃🏃‍♀️။

Day(8) 17.T.25. ဇီယာဒမ်း မှ ပူတာအို ဆိုင်ကယ်ခရီး🏍️🏍️🏍️🏍️🏍️🏍️🏍️🏍️🏍️🏍️🏍️🏍️🏍️🏍️။
ဇီယာဒမ်းကျေးရွာတွင် မနက်စာ သုံးဆောင်ကာ ပူတာအိုသို့ ဆိုင်ကယ်များဖြင့် ပြန်လာကြမှာ ဖြစ်ပါသည်။ပူတာအိုရောက်ရှိသောအခါ မိမိတည်းခိုသည့် နေရာသို့ ပို့ဆောင်ပေးသွားမှာဖြစ်ပါသည်။🏨🏦🏦🏦🏦🏦

Day(9) 18.F.25.ပူတာအိုမြို့အနီးတစ်ဝိုက်လည်ပတ်ကာ မိမိနေရပ်သို့ လေယာဥ်ဖြင့်ပြန်လည်ထွက်ခွါပြီး ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါသည်🛩️🛩️🛩️🛩️။

🍁🍁🍁လိုအပ်သော ပစ္စည်းစာရင်းများ🍁🍁🍁
🎒🕶️🧢👟🧦🧤🧥👚👕👖👔👙⛸️📷🔋🔦🗡️💊🦯🩳🩱🩲🪒👩‍🦯👒👢🎩🎿🥋🍱🍟🍫🍬🥜
- 🧥🧥ရေခဲတောင်ပေါ်တွင် ဝတ်ရန် အနွေးသားပါသော မိုးကာအင်္ကျီအထူ ၁ ထည်၊ 🦺🥻🩲
- 👩‍🦯👨‍🦯⛷️⛷️လမ်းလျှောက်ချိန် ဝတ်ရန် မိုးကာသား အင်းကျီ လက်ရှည်အပါး ၁ ထည် ⛷️၊
- 🥊🥊🧤🧤လက်အိပ်အထူ ၂ စုံ၊ 🧤အပါး ၂ စုံ ။
- 🧦🧦🧦ခြေအိပ်အထူ ၃ စုံ၊ အပါး ၅ စုံ 🧦🧦🧦
- 🧢လျှာထိုးဦးထုပ် (သို့) နေကာ ဦးထုပ် ၁ လုံး👒၊
- 🧣🧣စွယ်တာ အနွေး ဦးထုပ် ၁ လုံး၊ နားအုပ် ၁ စုံ၊
- 👔👕👚ရိုးရိုး ဆွယ်တာလက်ရှည်အင်ကျီ ၂ ထည်၊
- 👕👚🧥ရိုးရိုး အင်ကျီ င်္လက်ရှည်အပါး ၂ ထည်၊
- 👖👖👖ရိုးရိုး ဆွယ်တာဘောင်းဘီ ၂ ထည်၊
- 👖👖👖မိုးကာသား(သို့မဟုတ်) ဆွဲသား လမ်းလျှောက်ဘောင်းဘီ ၂ ထည်၊
- 🕶️🕶️🕶️နေကာမျက်မှန် ၁ လက်👓👓👓၊
-👟👟👟 ပွိုင့်ကောင်းသော တောင်တက်ဖိနပ် (သို့မဟုတ်) စစ်ဖိနပ် ၁ စုံ ၊⛸️⛸️⛸️
- 👣👣👣စခန်းချ နားချိန် စီးရန် ညှပ်ဖိနပ် တစ်ရံ၊
-🥋မိုးရေလုံသော ဆိုင်ကယ်စီး မိုးကာ အရှည် ၁ ထည်၊
- 🧙‍♀️🧙‍♂️🧙‍♂️မိမိတစ်ကိုယ်ရေသုံး သောက်ရေဘူး ၁ ဘူး၊
- 🔆ခေါင်းစွတ် ဓါတ်မီး ၁ လက်နှင့်ဓါတ်ခဲ ၃ စုံ🔋🔦
⛑️⛑️⛑️အထွေထွေ ပစ္စည်းများ ( အားဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ ခြင်ဖြန်းဆေး၊ဓာတ်ဆား၊ အကိုက်အခဲပျောက်ဆေး၊ ဝမ်းပိတ်ဆေး၊နာစီးချောင်းဆိုးပျောက်ဆေး၊ အနာလိမ်းဆေး၊ ခေါင်းကိုက်ပျောက်ဆေး၊ လက်သည်းညပ်၊ အပ်၊ သွားတိုက်တံ ၊ သွားတိုက်ဆေး၊ ဝိုက်သစ်ရှူး ၊ ဒူးစွတ်၊ မောက်စ်၊ နူတ်ခမ်းနီအဆီ၊ )၊💄
📷🎥📹📸 ကင်မရာ နှင့် ဖုန်းများ ယူဆောင်လာပါက အားသွင်းရန် ပါဝါပန့် ၊ 🔋🔋🔋
🍫🍿🍡🍢🥮🥫🌮🍖🍗 မိမိကြိုက်နစ်သက်သော သရေစာမုန့် အနည်းငယ် ယူဆောင်လာရန် ။
⛸️⛸️⛸️ ဘိုးဖိနပ်အောက်ခြေတွင် စလစ်မဖြစ်အောင် သပ်ရသော ရာဘာသံဆူး ။
👩‍🦯👨‍🦯👩‍🦯👨‍🦯🦯🦯🦯လမ်းလျှောက် တုတ်ချောင်း ၊
အထက်ပါ ပစ္စည်းများကို စုံလင်အောင် ယူလာရမှာ ဖြစ်ပြီး ၎င်း ပစ္စည်းများထည့်ရန် အိတ်ပျော့ တစ်လုံး လိုအပ်မှာ ဖြစ်ပါသည်။

(ဖုန်ကန်ရာဇီ ရေခဲတောင်တက်ချင်သော မိတ်ဆွေများ လေ့ကျင့်မှု့များ ပြင်ဆင်ထားရန်)

- သာမှန်သူများ အနေဖြင့် ရေခဲတောင် ခရီးစဉ် မစမှီ ရက် ၂၀ လောက် အဆင်းအတက် လမ်းလျှောက်ထားရန် လိုအပ်ပါသည်။ ဖုန်ကန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်မစမှီ ၁၀ ရက် လောက် အလိုတွင် တစ်ရက် ၁ မိုင်နူန်းဖြင့် ၁ နာရီခန့် အပြေးလေ့ကျင့်လျှင် ပို၍အဆင်ပြေနိင်ပါသည်။
တစ်ပတ်လောက် အလိုတွင် တစ်ရက်ကို ၃ မိုင်လောက် လမ်းလျှောက်ကျင့်ထားလျှင်ပိုအဆင်ပြေပါလိမ့်မည်။
- တစ်နေ့ ထိုင်ထအကြိမ် ၃၀ မှ ၄၀ ကြား ထိုင်ထလုပ်ခြင်း၊ စက်ဘီးစီးခြင်း ၊ ကြိုးခုံခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကာယလေ့ကျင့်ခန်းများ ပုံမှန်လေ့ကျင့်ထားလျှင် ပို၍အဆင်ပြေပါလိမ့်မည်၊
- တောင်တက်အတွေ့ အကြုံ မရှိသေးသူများအနေဖြင့် ပုံမှန် လမ်းလျှောက်ထားရန် လိုအပ်ပါသည်။ အသေးစိတ် သိချင်သူများ ဖုန်းဖြင့် တိုက်ရိုက်ဆွေးနွေးနိင်ပါသည်။ လမ်းလျှောက်လေ့ကျင့်မှု့ များများလုပ်ထားပြီး အိပ်ယာစောစောထနိင်အောင်လည်း လေ့ကျင့်ထားလျှင် ပိုအဆင်ပြေပါလိမ့်မည်။လမ်းခရီးတွင် ပုံမှန် မနက် ၆ နာရီ အိပ်ယာထပြီး ပြင်ဆင်ရမည်ဖြစ်ပါသည်။
- တောင်တက်လမ်းခရီးတွင် ကိုယ်လွှတ်လမ်းလျှောက်ရသော်များလည်း မိမိကိုယ်တိုင်က အပင်ပန်းခံနိင်အောင် လေ့ကျင့် ထားရပါမည်၊
တောင်တက်မည့်သူများအနေဖြင့် မိမိကျန်းမာရေး အခြေအနေများကိုလည်း စစ်ဆေးချက်များ ပြုလုပ်ထားပါက ပို၍ အဆင်ပြေပါသည်။ လမ်းခရီးတွင် မိမိအသုံးပြုထားသော ပလပ်စတစ် အမှိုက်များကို သေခြာ သိမ်းဆည်းပြီး စခန်းရောက်ချိန်တွင် မီးရှို့ ဖျက်စီး ပေးရပါမည်၊

( ရေခဲတောင်ခရီးစဉ်အတွင်းဝန်ဆောင်မှုများ)

၁ ။ စတင်ရောက်ရှိသောနေ့တွင် မိမိယူဆောင်လာသောပစ္စည်းများကို စစ်ဆေးပေးပြီး လိုအပ်တာ စီစဉ်ပေးမှာဖြစ်ပါသည်။
၂ ။ အစား အသောက် 6 ညအိပ် 7 ရက်စာ ။
၃။ သောက်ရေများကို လမ်းခရီးတွင် အခက်အခဲ ရှိနိင်ပါသောကြောင့် စိမ့်ရေများကို ရေကျက်အေးများ နှင့် ရေစိမ်းရအောင် စီစဉ်ပေးသွားမည်ဖြစ်ပါသည် ၊
၄ ။ လမ်းခရီးတွင် ချက်ပြုတ်ကျွေးမွေးမည့် စားဖိုမှူးအဖွဲ့၊ ( ထမင်းချက် အဖွဲ့) ။
၅ ။ အဖွဲ့ခေါင်းဆောင် တစ်ဦးလိုက်ပါမည်ဖြစ်ပါသည် ၊
၆။ခရီးစဉ်အတွင်း လုံခြုံ စိတ်ချရမှု ရှိစေရန် တောင်တက်ကျွမ်းကျင်သော အထမ်းများ နှင့် ထမင်းချက် ၊ ဧည့်လမ်းညွန်များကိုသာ အသုဲံးပြုသွားမှာ ဖြစ်ပါသည်။
၇။ (မိုးကာရွက်ဖျင်တဲ) Tent ၊ (လေမွေ့ရာ) Air Mattness ၊ (အိပ်ယာလိပ်) Sleeping Bag များကို ငှားရမ်းပေးသွားမှာ ဖြစ်ပါသော်လည်း မိမိ စိတ်ကြိုက် မိမိမှာ ရှိပါက သယ်ယူလာနိင်ပါသည်။
၈ ။တစ်ဖွဲ့လုံး ညအိပ်မည့် ကျေးရွာအတွင်း နေအိမ်များ
၉ ။ လမ်းခရီးတွင် လိုအပ်နိင်သော ရှေ့ဦးသူနာပြု ဆေးသေတ္တာ နှင့် ရေခဲတောင်တွင် အသုံးပြုရမည့် တောင်တက် ပစ္စည်းများကို စီစဉ်ပေးသွားမှာ ဖြစ်ပါသည်။
၁၀ ။ ခရီးစဉ် အစဆုံးလိုက်ပို့ကြမည့်သူများ၏ အခကြေးငွေ ပါ၀င်မှာဖြစ်ပါသည်။
၁၁ ။ ပူတာအိုမှ ဇီယာထိ သွားရန် 125 ဆိုင်ကယ် နှင့် ယဉ်မောင်း ။

(၀န်ဆောင်မှုမပေးသော အရာများ)
- လေယာဉ်လက်မှတ် ။ လေယာဉ်လက်မှတ်များကို မိမိအစီအစဉ်ဖြင့် ၀ယ်ယူရပါမည် ။
ဟိုတယ် တည်းခိုခန်း နှင့် ပူတာအိုမြို့တွင်း သွားလာ စရိတ်များ မပါဝင်ပါ ၊ မိမိကိုယ်ပိုင် အသုံးအဆောင်ဆေးဝါးများ နှင့် မိမိတစ်ကိုယ်ရည်သုံးတောင်တက် ပစ္စည်းများ ။ ခရီးစဉ်နှင့် မသက်ဆိုင်သော အပိုကုန်ကျမှုများ၊ အရက်၊ ဘီယာ၊ဆေးလိပ် ။ ဖုန်ကန်ရာဇီသို့ သီးသန့် သွားရောက်လိုသူများကိုလည်း သီးသန့် တစ်ဖွဲ့ စီစဉ် ပို့ဆောင်ပေးလျှက်ရှိပါသည်။

ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ်သို့ လိုက်ပါမည့်သူများအနေဖြင့် ကြိုတင် တစ်လခန့် အကြောင်းကြားထားနိင်ပြီး ကြိုတင်ငွေ ၃၀ % ပေးသွင်းထားရမှာ ဖြစ်ပါသည်။ ရေခဲတောင် ခရီးစဉ်များသည် ခရီးစဉ်မတိုင်မှီ တစ်ပတ် အလိုတွင် အစစအရာရာ ကြိုတင် ပြင်ဆင်ထားရတာဖြစ်သောကြောင့် ကြိုတင်စာရင်းပေးသွင်းသူများကို ခရီးစဉ် ကုန်ကျမည့် စရိတ်အတွက် ကြိုတင်ငွေတောင်းခံရခြင်း ဖြစ်ပါသည် ၊

ဖုန်ကန်ရာဇီ ရေခဲတောင် အထူးခရီးစဥ် စိတ်ဝင်စားသူများအနေဖြင့် တစ်ဦးလျှင် ၂၃ သိန်း ကုန်ကျမှာ ဖြစ်ပါသည်။
ကျေးဇူးအထူးတင်စွာဖြင့် Trekking In Myanmar
09758505966 • 09982744101 • 09954223128

ရေခဲတောင်တွေ့ချင်လို့ လာလည်တဲ့သူတွေ ပြန်သွားမှ ရေခဲတောင်တွေကလည်းဖြူဖွေးနေတော့တာပါပဲ။
25/02/2025

ရေခဲတောင်တွေ့ချင်လို့ လာလည်တဲ့သူတွေ ပြန်သွားမှ ရေခဲတောင်တွေကလည်းဖြူဖွေးနေတော့တာပါပဲ။

ဒီနေ့တော့ မိုးအေးအေးနဲ့ ရာသီဥတု မကောင်းတော့ တိမ်ပင်လယ်လဲ မတွေ့ ရ ရေခဲတောင်လဲမတွေ့ရ
22/02/2025

ဒီနေ့တော့ မိုးအေးအေးနဲ့ ရာသီဥတု မကောင်းတော့ တိမ်ပင်လယ်လဲ မတွေ့ ရ ရေခဲတောင်လဲမတွေ့ရ

Address

Putao

Alerts

Be the first to know and let us send you an email when Trekking In Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Trekking In Myanmar:

Shortcuts

Share