Black Sea Seafood

Black Sea Seafood ခရီးသွား သတင်းများ စုစည်းရာ Myanmar Travel Media

Myanmar Travel Media သည် ပြည်တွင်းပြည်ပရှိ
ခရီးသွား သတင်းများ၊ ဗဟုသုတများ နှင့် အသိပညာပေး
ဆောင်းပါးများကို တင်ဆက်ပေးမည် ဖြစ်ပါသည်။

မန္တလေးမြို့ကို အလည်အပတ်သွားပါမန္တလေးမြို့ဟာ ရှေးမြန်မာ ဘုရင်တွေ နေထိုင်ခဲ့သော သမိုင်းဝင် မြို့တော်တစ်ခု ဖြစ်ရုံသာမကဘဲ အလွ...
07/09/2015

မန္တလေးမြို့ကို အလည်အပတ်သွားပါ

မန္တလေးမြို့ဟာ ရှေးမြန်မာ ဘုရင်တွေ နေထိုင်ခဲ့သော သမိုင်းဝင် မြို့တော်
တစ်ခု ဖြစ်ရုံသာမကဘဲ အလွန်လှပတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ မန္တလေးတောင်
မန္တလေး ကျုံးမြို့ရိုး စတဲ့ နေရာတွေဟာ လွန်စွာ သာယာလှပ ပါတယ်။

ဒါ့အပြင် ဦးပိန်တံတားကို သွားပါ။ လတ်ဆတ်တဲ့ လေပြေ လေညင်းကိုများကို
ရှုရှိုက်နိုင်ပါတယ်။ မန္တလေး မြို့ကိုရောက်ရင် ရှေးယခင်က မြန်မာ့ အမွေအနှစ်
များကို တွေ့မြင်ရမှာ ဖြစ်တဲ့အပြင် ဗဟုသုရစရာများလည်း လေ့လာနိုင်မှာ
ဖြစ်ပါတယ်။

Myanmar Travel Media

ဒီးဒုတ်ရေပြာ အိုင်ပြင်ဦးလွင် - မန္တလေးကားလမ်း မိုင်တိုင် (၁၆) အနီးရှိ ရဲရွာ လမ်းခွဲမှ အတွင်း ဘက်သို့ ၁ နာရီ ခန့်မောင်းနှ...
05/09/2015

ဒီးဒုတ်ရေပြာ အိုင်

ပြင်ဦးလွင် - မန္တလေးကားလမ်း မိုင်တိုင် (၁၆) အနီးရှိ ရဲရွာ လမ်းခွဲမှ အတွင်း ဘက်သို့ ၁ နာရီ ခန့်မောင်းနှင်ပါက ဒီးဒုတ် ရေပြာအိုင် ရောက်ရှိပါသည်။

Myanmar Travel Media
https://www.facebook.com/mmtravelMedia

အလွန်လှပတဲ့ ရှမ်းပြည်ရှမ်းပြည်ဟာ မြန်မာနိုင်ငံရဲ့ လှပတဲ့ နေရာများ ရှိရာ မြို့တစ်မြို့ဆိုလည်း မှားမယ်မထင်ပါဘူး။ အခြားသော ...
05/09/2015

အလွန်လှပတဲ့ ရှမ်းပြည်

ရှမ်းပြည်ဟာ မြန်မာနိုင်ငံရဲ့ လှပတဲ့ နေရာများ ရှိရာ မြို့တစ်မြို့ဆိုလည်း
မှားမယ်မထင်ပါဘူး။ အခြားသော ပြည်နယ်နှင့် တိုင်းတွေနဲ့ မတူဘဲ တစ်မူ
ထူးခြား နေပါတော့တယ်။ တောင်ကုန်း တောင်တန်း ထူထပ်ပြီးတော့ ချမ်းအေတဲ့ ရှမ်းမြို့လေးပါ။

ရှမ်းပြည်ကို ရောက်ဖူးတဲ့ သူတိုင်းပျော်ရွှင်ကြပြီး မြန်မာကပါ မက ကမ္ဘာကပါ လာရောက်လည်ပတ်ကြတဲ့ ရှမ်းမြို့လေးဖြစ်ပါတယ်။ ရှမ်းပြည်မှာရှိတဲ့ ကမ္ဘာကျော် ဂုံးထိတ်တံတား၊ အင်းလေးကန်၊ ပင်းတယ စတာတွေဟာ တန်ဖိုးဖြတ်မရတဲ့ အမွေအနှစ်တွေပါပဲ။ ဒါကြောင့် ရှမ်းပြည်ကို သွားရောက်လည်ပတ် အပန်းဖြေကြည့်ဖို့ တိုက်တွန်းပါတယ်။

Myanmar Travel Media
https://www.facebook.com/mmtravelMedia

ကမ္ဘာလှည့် ခရီးသည်တွေ အထူးပြုလေ့လာတဲ့ အထဲမှာ တစ်ခုပါဝင်တဲ့ဓမ္မရံကြီးဘုရားပုဂံကို အလည်အပတ် သွားတဲ့အခါ ဓမ္မရံကြီး ဘုရားကိုတော...
04/09/2015

ကမ္ဘာလှည့် ခရီးသည်တွေ အထူးပြုလေ့လာတဲ့ အထဲမှာ တစ်ခုပါဝင်တဲ့
ဓမ္မရံကြီးဘုရား

ပုဂံကို အလည်အပတ် သွားတဲ့အခါ ဓမ္မရံကြီး ဘုရားကိုတော့ သွားရောက် ဖူးမြော်ဖို့ မမေ့ပါနဲ့။ ဓမ္မရံကြီး ဘုရားဟာ ပုဂံမှ ထုထည် အကြီးမားဆုံးသော စေတီတော် တစ်ဆူဖြစ်တဲ့ အပြင် ရှေးကျသော ဗိသုကာ လက်ရာများကလည်း အံ့မခန်း ဖြစ်ပါတယ်။

ဒါ့အပြင် နံရံ တစ်ခုချင်း စီမှာလည်း အလွန် စိတ်ဝင်စားဖွယ် ဖြစ်အောင် ထုဆစ်ပုံဖော် ထားပါတယ်။ ဘုရားကြီး၏ အတွင်းဘက် မှာလည်း ဗုဒ္ဓ ရုပ်ပွားတော်များ ထားရှိပြီး လျှပ်စစ်မီး မလို သဘာဝ အလင်းရောင် ရရှိပါတယ်။ ဒါ့အပြင် အတွင်းထဲကို ဝင်သွားလို့ အသက်ရှု ကျပ်ခြင်း ချွေးထွက်ခြင်း လုံးဝ မရှိအောင် ရှေးခေတ် ဟန်ပန် များဖြင့် ဆောက်လုပ် ထားတာဟာ အတုယူဖွယ် ကောင်းမွန်လှပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း အုတ်နံရံတွေဟာ ခိုင်မာပါတယ်။ ယခုအချိန်ထိလည်း အတော်ပင် ခိုင်ခံ့လျက် ရှိနေပါသေးတယ်။ ဒီလို အချက်များကြောင့် ဓမ္မရံကြီး ဘုရားကို သွားရောက် ဖူးမြော်ပါလို့ တိုက်တွန်း ရေးသားလိုက် ရပါတယ်။

Myanmar Travel Media

ကိုယ်ချစ်တဲ့ သူတွေနဲ့ ခရီးသွားရင်ရနိုင်မယ့် အကျိုးကျေးဇူးတစ်ချို့မိမိချစ်တဲ့သူတွေနဲ့ ခရီးသွားရင် ရရှိနိုင်မယ့် အကျိုးကျေ...
01/09/2015

ကိုယ်ချစ်တဲ့ သူတွေနဲ့ ခရီးသွားရင်ရနိုင်မယ့် အကျိုးကျေးဇူးတစ်ချို့

မိမိချစ်တဲ့သူတွေနဲ့ ခရီးသွားရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးများကတော့

၁။ ပျော်ရွှင်စေတယ်

၂။ အမှတ်တရ ဓာတ်ပုံတွေက ပြန်ကြည့်တဲ့အခါမှာ ကြည်နူးနေလိမ့်မယ်

၃။ စိတ်ညစ်စရာတွေ အပူအပင်တွေ ပြေပျောက်စေမယ်

၎။ အတွေးအမြင် အသစ်တွေ ရရှိလိမ့်မယ်

၅။ ခေတ္တအရာအားလုံးကို မေ့ပြီး ရှေ့ဆက်မယ့် ဘဝခရီး လမ်းကို
စဉ်စားနိုင်မယ်

၆။ ချစ်တဲ့သူတွေနဲ့ ပိုမိုးပြီး သံယောဇဉ်တွေ ရလိမ့်မယ်

Myanmar Travel Media

ကမ္ဘာလှည့် ခရီးသည်တွေ အလွန်နှစ်သက်တဲ့ မြန်မာ့ သနပ်ခါးမြန်မာ့ သနပ်ခါးဟာ မြန်မာတွေ စွဲမက်စွာအ သုံးပြုကြတဲ့ ရှေးရိုးရာ မိပ်...
31/08/2015

ကမ္ဘာလှည့် ခရီးသည်တွေ အလွန်နှစ်သက်တဲ့ မြန်မာ့ သနပ်ခါး

မြန်မာ့ သနပ်ခါးဟာ မြန်မာတွေ စွဲမက်စွာအ သုံးပြုကြတဲ့ ရှေးရိုးရာ မိပ်တစ်မျိုးပေါ့။ သို့သော်လည်း မြန်မာပြည်သို့ လာရောက်ကြတဲ့ ခရီးသွား
ဧည့်သည် တွေလည်း ကြိုက်နှစ် သက်ကြပါတယ်။

သနပ်ခါးဟာ မျက်နှာကို အေးဆေးပြီး နေလောင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်သော သဘာဝ အပင်တစ်မျိုး ဖြစ်ပါတယ်။ သနပ်ခါး တစ်ပင်ရဖို့လည်း မလွယ်လှသလို နေရာတိုင်းမှာလည်း စိုက်လို့မရတဲ့ အပင်တစ်မျိုးပါ။ ထိုအရာကို နိုင်ငံခြား ခရီးသွားတွေက သိပါတယ်။ ဒါကြောင့် သူတို့၏ မျက်နှာလေးတွေမှာ သနပ်ခါး လိမ်းရတာကို လွန်စွာ နှစ်သက်ကြပါတယ်။

Myanmar Travel Media

အလွန်လှပသော ရှုခင်းများနှင့် ဟလောင်းပင်လယ်အော်၎င်းဟလောင်းပင်လယ်အော်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် တည်ရှိသော ပင်လယ်အော...
30/08/2015

အလွန်လှပသော ရှုခင်းများနှင့် ဟလောင်းပင်လယ်အော်

၎င်းဟလောင်းပင်လယ်အော်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် တည်ရှိသော ပင်လယ်အော် တစ်ခု ဖြစ်ပါတယ်။ အလွန်ပင် လှပသော ကျွန်းဆွယ်များစွာ ရှိပြီး ရှုခင်းများကလည်း စိတ်ကြည်နူး မူများစွာကို ရရှိစေမှာ ဖြစ်ပါတယ်။

ထိုပင်လယ်အော်တွင် သင်္ဘောဟိုတယ်များစွာ ရှိပြီး နေထိုင်စားသောက်ဖို့ အတွက်ပါ စီစဉ်ဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်။ သင်္ဘောကြီးဟာ ရွေ့လျားနေပြီး ထောင်ပေါင်း များစွာသော ကျွန်းစွယ်လေး များ၏ အလှအပကိုလည်း ကြည်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ငါးဖမ်းဝါသနာ ပါသူများ အတွက်လည်း ညဘက်တွင် ငါးဖမ်းနိုင်ရန် စီစဉ်ပေး ထားပါတယ်။

ဒါ့အပြင် လှေလှော်ဝါသနာ ပါသူများ အတွက်လည်း ကျွန်းဆွယ် ကမ်းခြေဒေသတွင်လှော်ခတ်နိုင်ပါတယ်။ သင်္ဘောပေါ်တွင် အရသာရှိသော ပင်လယ် စာများနှင့်ကျွေးမွေးမှာ ဖြစ်ပြီး ကိုယ်တိုင်ချက်ပြုတ် ချင်သူများ အတွက်ပါ စီစဉ်ပေးထားကြောင်းသိရှိရပါတယ်။ ဒီလိုအချက် များကြောင့် အလွန်လှပသော ရှုခင်းများနှင့် ဟလောင်းပင်လယ်အော်ဟာ သွားရောက် လည်ပတ်သင့်သော နေရာများထဲမှ တစ်ခုဖြစ်ပါတယ်။

Myanmar Travel Media

ထိုင်းနိုင်ငံမှ သစ်ပင် အိမ်သာသစ်ပင် အိမ်သာ ဆိုတာ သစ်ပင်ကို ထွင်းပြီး အတွင်းထဲတွင် အိပ်သာ တည်ဆောက် ထားခြင်းပဲ ဖြစ်ပါတယ်။ ...
30/08/2015

ထိုင်းနိုင်ငံမှ သစ်ပင် အိမ်သာ

သစ်ပင် အိမ်သာ ဆိုတာ သစ်ပင်ကို ထွင်းပြီး အတွင်းထဲတွင် အိပ်သာ တည်ဆောက် ထားခြင်းပဲ ဖြစ်ပါတယ်။ သစ်ပင်ရဲ့ ကိုယ်ထည်က ကြီးတော့ အတွင်းထဲမှာ အခန်း ၄ ခန်း ၅ ခုလောက်တော့ ရှိပါတယ်။ ဒါတင် မကသေးပါဘူး အတွင်းမှာ လက်ဆေးကြော သန့်စင်ရန် အတွက်လည်း ထားရှိပေးထား ပါတယ်။

ဝင်ကြေး ပေးစရာ မလိုတဲ့အပြင် အသုံးပြုသူ ဧည့်သည်တွေကို စိတ်ချမ်း သာအောင် သန့်ရှင်းအောင် ပြုလုပ်ပေးထား ပါတယ်။ ဒီသစ်ပင် အိမ်သာဟာ ထိုင်းနိုင်ငံရှိ နာမည်ကြီး အထင်ကရ နေရာဖြစ်တဲ့ Safari World မှာ ရှိတာပဲ ဖြစ်ပါတယ်။

Safari World ဟာ ကမ္ဘာ့လှည့် ခရီးသည်တွေကို အထူးပင် ကြိုက်နှစ် သက်တဲ့ နေရာတစ်ခု ဖြစ်တဲ့ အပြင် လာရောက် လည်ပတ် သူတွေလည်း များစွာရှိကြောင်း သိရပါတယ်။

မှတ်ချက်။ ။သစ်ပင်စစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါ။ သစ်ပင်ကဲ့သို ဏ္လန်ထွင်း ဆေးရောင် ချယ်သထားသော နည်းပညာ အဆင့်မြင့်ခြင်းကြောင့် သစ်ပင် အစစ်ဟု ထင်မြင်ရခြင်း ဖြစ်ပါတယ်။

ရောက်ဖူးသူတိုင်း ပျော်ကြတဲ့ အင်းလေးကန်အင်းလေးကန်ကို ရောက်ဖူးပါသလား ?မရောက်ဖူးသေးဘူး ဆိုရင်တော့ တစ်နေ့လောက် အလည်အပတ် သွား...
30/08/2015

ရောက်ဖူးသူတိုင်း ပျော်ကြတဲ့ အင်းလေးကန်

အင်းလေးကန်ကို ရောက်ဖူးပါသလား ?

မရောက်ဖူးသေးဘူး ဆိုရင်တော့ တစ်နေ့လောက် အလည်အပတ် သွားဖို့ တိုက်တွန်းပါတယ်။ အင်းလေကန် ဟာ မြန်မာနိုင်ငံ၏ အထင်ကရ
နေရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၂၉၀၀ တွင် တည်ရှိပြီး ၄၄.၉ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ရာသီဥတု အလိုက် ရေဟာ အတက် အကျ ရှိပါတယ်။

အင်းလေးကန်ဟာ ပျမ်းမျှ ရေအနက်မှာ နွေရာသီတွင် ၇ ပေခန့်ရှိပြီး အနက်ဆုံး နေရာတွင် ၁၂ ပေခန့် ရှိပါတယ်၊ မိုးရာသီမှာ ၅ ပေခန့် ပိုမြင့်တက်လာပါတယ်။
တောင်တွေ ဝိုင်းရံထားလို့ မြင်ရသူတိုင်း စိတ်ကို ကြည်နှုးစေပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့် ခရီးသည်တွေလည်း စွဲဆောင်စေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

အိမ်လေးတွေဟာ သစ်သား ဝါးတို့ဖြင့် ဆောက်လုပ်ထားပြီး လာလည်ကြတဲ့ ဧည့်သည်တွေကိုလည်း အပြုံးကိုယ်စီဖြင့် နုတ်ဆက်လေ့ ရှိတာဟာ အင်းသူ အင်းသားများ၏ ဓလေ့ တစ်ခုဖြစ်ပါတယ်။ သေးငယ်တဲ့ လှေလေးများနှင့် သွားလာခြင်းဟာ အခြားသူအဖို့ နှစ်သက်ဖွယ်ကောင်း လှပါတယ်။ ဒါကြောင့် အင်းလေးကန်ကို အလည်သွားဖို့ တိုက်တွန်ပါရစေ။

Myanmar Travel Media

လိုဏ်ခေါင်းအောက်က ငါးအလှမွေးကန်တရုတ်နိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ၎င်းငါးအလှ မွေးကန်ဟာ ငါးနှင့် အခြားရေသတ္တဝါများကို လှောင်...
30/08/2015

လိုဏ်ခေါင်းအောက်က ငါးအလှမွေးကန်

တရုတ်နိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ၎င်းငါးအလှ မွေးကန်ဟာ ငါးနှင့် အခြားရေသတ္တဝါများကို လှောင်၍ ဖန်ဖြင့် ပြုလုပ်ထားသောကန် ဖြစ်ပါတယ်။

လှိုဏ်ခေါင်းသဘောမျိုး ပြုလုပ်ထားတာ ဖြစ်ပြီး ထိုလှိုဏ်ခေါင်း အတွင်းထဲတွင် စားသောက် ဆိုင်ကိုလည်း ထားရှိပေးထားတာ ဖြစ်ပါတယ်။ ထိုနေရာတွင် ပွဲများပြုလုပ်နိုင်ပြီး ရေအောက် ဖျော်ဖြေမူ အစီအစဉ် များလည်း ရှိပါတယ်။

ဘေးပတ်လည်တွင် ငါးများနှင့် လိပ်များ ဝန်ရံနေလျက်ရှိပြီး ထူးခြားဆန်းပြားတဲ့ နေရာတစ်ခု အဖြစ်လည်း မှတ်တမ်းတင် ထားပါတယ်။ အသေးစိတ်ကို ပုံတွင် လေ့လာနိုင်ပါတယ်။

Myanmar Travel Media

ဂရိနိုင်ငံမှ အလွန်လှပသော Melissani လှိုဏ်ဂူ၎င်းလှိုဏ်ဟာ အလွန်ပင် လှပပါတယ်။ လှိုဏ်ဂူအတွင်းမှာ ရှိတဲ့ ရေများဆိုရင် ကြည်လင်ပြီးေ...
30/08/2015

ဂရိနိုင်ငံမှ အလွန်လှပသော Melissani လှိုဏ်ဂူ

၎င်းလှိုဏ်ဟာ အလွန်ပင် လှပပါတယ်။ လှိုဏ်ဂူအတွင်းမှာ ရှိတဲ့ ရေများဆိုရင် ကြည်လင်ပြီး အောက်ခြေကြမ်းပြင်ကိုတောင် တွေ့မြင်နေရပါတယ်။ လှိုဏ်ဂူထဲမှာ အပျော်စီး လှေများ စီးနိုင်ပါတယ်။

ဂရိနိုင်ငံမှ တည်ရှိပြီးတော့ ထူးဆန်းသော သဘာဝ လှိုဏ်ဂူ တစ်ခုအဖြစ်လည်း လူသိများပါတယ်။ လှိုဏ်ဂူ အတွင်းထဲမှာ ရေကန်ပုံစံ ဖြစ်တည်နေကြောင်း သိရပါတယ်။ လှိုဏ်ဂူရဲ့ အပေါ်ဘက်မှာဆိုရင် သစ်တောများလည်း ဝိုင်းရံထား ပါတယ်။

Myanmar Travel Media

Address

No 1 Hinthata Street
Sanchaung
11111

Website

Alerts

Be the first to know and let us send you an email when Black Sea Seafood posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Black Sea Seafood:

Share

Category