Kalaw Log Cabin ကလောသစ်လုံးအိမ်

Kalaw Log Cabin ကလောသစ်လုံးအိမ် Vacation Home,Kalaw

🎸 🪇 အသစ်ဖြည့်ဖြစ်တာလေးတွေ 🪇 🎸🎸 🪇 ဆိုချင်တီးချင်ကြတဲ့ဧည့်သည်တွေအတွက် 𝐻𝑜𝑙𝑙𝑜𝑤 𝐺𝑢𝑖𝑡𝑎𝑟            လေးနဲ့ 𝑇𝑎𝑚𝑏𝑜𝑢𝑟𝑖𝑛𝑒 လေးထားပေး...
21/02/2025

🎸 🪇 အသစ်ဖြည့်ဖြစ်တာလေးတွေ 🪇 🎸

🎸 🪇 ဆိုချင်တီးချင်ကြတဲ့ဧည့်သည်တွေအတွက် 𝐻𝑜𝑙𝑙𝑜𝑤 𝐺𝑢𝑖𝑡𝑎𝑟

လေးနဲ့ 𝑇𝑎𝑚𝑏𝑜𝑢𝑟𝑖𝑛𝑒 လေးထားပေးထားပါတယ်နော် 🪇 🎸

𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜 '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'

𝟎𝟗 𝟖𝟖𝟏𝟏𝟖𝟖 𝟔𝟎𝟗

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှာ(၁၄)ဦးအထိတည်းလို့ရပါတယ်။(၄)လပိုင်းလို ဧည့်များတဲ့ လမျိုးမှာတော့ အိမ်ပြည့်(၁၄)ဦးအတွက...
19/02/2025

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှာ(၁၄)ဦးအထိ
တည်းလို့ရပါတယ်။

(၄)လပိုင်းလို ဧည့်များတဲ့ လမျိုးမှာတော့
အိမ်ပြည့်(၁၄)ဦးအတွက်သာ ကြိုတင်
𝐵𝑜𝑜𝑘𝑖𝑛𝑔 ပေးနိုင်ခြင်းကို နားလည်ပေးကြပါခင်ဗျ။
(၁၄)ဦးမဟုတ်ပေမယ့်
အိမ်ပြည့်နူန်းနဲ့ 𝐵𝑜𝑜𝑘𝑖𝑛𝑔 ယူမယ်ဆိုရင်တော့ယူလို့ရပါတယ်ဗျ။

သစ်လုံးအိမ်ဖြစ်တာကြောင့်
𝘔𝑎𝘪𝑛𝘵𝑒𝘯𝑎𝘯𝑐𝘦 အမြဲလုပ်ပေးနေရတာမို့
လနဲ့ချီပြီး
ဌားရမ်းပေးနိုင်ခြင်းမရှိတာကိုလည်းသည်းခံပေးစေချင်ပါတယ်ခင်ဗျ။

အားပေးတာအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'

09 881188 609

🪞အသစ်ဖြည့်ဖြစ်တာလေးတွေထဲကတခု 🪞 လည်လည်သွားခါနီး       လှလှပြင်ထားတာလေးကို       ကိုယ့်ကိုကိုယ့် အားပါးတရ        𝐶𝘩𝑒𝘤𝑘 နို...
17/02/2025

🪞အသစ်ဖြည့်ဖြစ်တာလေးတွေထဲကတခု

🪞 လည်လည်သွားခါနီး
လှလှပြင်ထားတာလေးကို
ကိုယ့်ကိုကိုယ့် အားပါးတရ
𝐶𝘩𝑒𝘤𝑘 နိုင်ဖို့ ဘဲဥပုံကြိမ်ကွပ်မှန်ကြီး 🪞

🪞ဝါသနာပါရင် 𝑀𝑖𝑟𝑟𝑜𝑟 𝑆𝑒𝑙𝑓𝑖𝑒 ပါ
ဆွဲလို့ရပါတယ်ဗျ 🪞 😍

𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'

09 881188 609

ကျွန်တော်တို့ငယ်ငယ်တုန်းကတော့‘အင်္ဂလိပ်သစ္စာ’အခုတော့ ‘ရှမ်းသစ္စာ’လို့ခေါ်ကြတဲ့ရေမွေးပန်းနဲ့ ကလောကထွက်တဲ့ပန်းတွေကိုဧည့်သည...
13/02/2025

ကျွန်တော်တို့ငယ်ငယ်တုန်းကတော့
‘အင်္ဂလိပ်သစ္စာ’
အခုတော့ ‘ရှမ်းသစ္စာ’လို့ခေါ်ကြတဲ့
ရေမွေးပန်းနဲ့ ကလောကထွက်တဲ့ပန်းတွေကို
ဧည့်သည်ကထိုးပေးသွားခဲ့တာပါ။
ဧည့်ခန်းတခုလုံး ရေမွေးပန်းနံ့လေးနဲ့
စိတ်ကြည်စရာပါပဲဗျ။

ပန်းထိုးထားတဲ့ 𝘏𝑎𝘯𝑑𝘮𝑎𝘥𝑒
ကောက်ရိုးပလိုင်းလေးကတော့
အရင်ဧည့်သည်တဖွဲ့က
ထားပေးသွားခဲ့တာပါ။

လာရောက်တည်းခိုကြသူအားလုံးနဲ့
ပလိုင်းထားပေးခဲ့သူရော၊ပန်းထိုးပေးခဲ့သူရောကျေးဇူးပါဗျ။

𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' ပါဗျ။

09 881188 609

18/01/2025
𝘍𝑖𝘳𝑒 𝑃𝘭𝑎𝘤𝑒 လုပ်နေတာလားလို့မေးကြတာလေး 😍
18/01/2025

𝘍𝑖𝘳𝑒 𝑃𝘭𝑎𝘤𝑒 လုပ်နေတာလားလို့မေးကြတာလေး 😍

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှာ လာတည်းကြတဲ့ ဧည့်သည်တွေကို ကလောရဲ့အထင်ကရ အိုးစည်တောင် 𝘝𝑖𝘦𝑤 နဲ့ 𝑀𝘰𝑢𝘯𝑡𝘢𝑖𝘯 𝘝𝑖𝘦𝑤 တွေကို...
29/12/2024

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှာ လာတည်းကြတဲ့
ဧည့်သည်တွေကို
ကလောရဲ့အထင်ကရ
အိုးစည်တောင် 𝘝𝑖𝘦𝑤 နဲ့ 𝑀𝘰𝑢𝘯𝑡𝘢𝑖𝘯 𝘝𝑖𝘦𝑤 တွေကိုခံစားရင်း
ထူးခြားတဲ့ 𝑂𝑢𝑡𝑑𝑜𝑜𝑟 𝑉𝑖𝑏𝑒
အသစ်အဆန်းလေးတခု
ပေးချင်လို့ လုပ်နေတာလေးတွေထဲက
တခုပါ။

ဘာများပါလိမ့်ဗျာ?😍

ကလောကို လာဖို့ရှိတယ်ဆိုရင်ကိုယ်သွားမယ့်အချိန်ကလည်းခရီးသွားများမယ့်အချိန်တွေ၊ရက်တွေဖြစ်နေမယ်ဆိုရင် ကြို 𝐵𝑜𝑜𝑘 နိုင်မှ စိတ်...
24/12/2024

ကလောကို လာဖို့ရှိတယ်ဆိုရင်
ကိုယ်သွားမယ့်အချိန်ကလည်း
ခရီးသွားများမယ့်အချိန်တွေ၊ရက်တွေဖြစ်နေမယ်ဆိုရင်
ကြို 𝐵𝑜𝑜𝑘 နိုင်မှ စိတ်ကြိုက်တည်းခိုဖို့အဆင်ပြေပါလိမ့်မယ်။

တချို့က 𝑁𝑒𝑤 𝑌𝑒𝑎𝑟 အတွက်ကို
𝑁𝑜𝑣𝑒𝑚𝑏𝑒𝑟 ကတည်းက ကြိုယူကြပါတယ်။
တချို့ဆို 𝐽𝑎𝑛𝑢𝑎𝑟𝑦
𝐹𝑒𝑏𝑟𝑢𝑎𝑟𝑦 အတွက်တောင်ကြိုယူထားပြီးကြပါပြီ။

ကြိုမချိတ်မိထားလို့ ခုမှ အသည်းအသန်ရှာနေ၊
မေးနေကြတဲ့သူတွေကိုလည်း
ခုရက်ပိုင်းထဲ အများကြီးကြုံရပါတယ်။

𝐷𝑒𝑐𝑒𝑚𝑏𝑒𝑟 မှာအားပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှာ 𝐽𝑎𝑛𝑢𝑎𝑟𝑦,𝐹𝑒𝑏𝑟𝑢𝑎𝑟𝑦 အတွက် တချို့ရက်တွေရပါဦးမယ်။
ကြို 𝐵𝑜𝑜𝑘 ထားလို့ရပါတယ်ဗျ။

ကြုံသလို၊အဆင်ပြေသလိုတည်းမယ့်သူတွေ
အတွက်ကတော့ ကိစ္စမရှိပေမယ့်
စိတ်ကြိုက်ရွေးချယ်ပြီးတည်းမယ့်သူတွေအတွက်ကတော့
ကိုယ်ရည်ရွယ်တဲ့နေရာတွေကို
ကြို 𝐵𝑜𝑜𝑘 ပါလို့ အကြံပြုပါရစေဗျ။

𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜 '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'

𝟎𝟗 𝟖𝟖𝟏𝟏𝟖𝟖 𝟔𝟎𝟗

ဒီဇင်ဘာရဲ့အအေးဓာတ်နဲ့ 𝐶𝑜𝑢𝑛𝑡𝑟𝑦 𝑉𝑖𝑏𝑒 ကိုခံစားချင်ရင် '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျာ။𝟎𝟗 𝟖𝟖𝟏𝟏...
04/12/2024

ဒီဇင်ဘာရဲ့အအေးဓာတ်နဲ့

𝐶𝑜𝑢𝑛𝑡𝑟𝑦 𝑉𝑖𝑏𝑒 ကိုခံစားချင်ရင်

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'ကို

လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျာ။

𝟎𝟗 𝟖𝟖𝟏𝟏𝟖𝟖 𝟔𝟎𝟗



ကလောတန်ဆောင်တိုင်ညမှာတွေ့ရတဲ့'တောင်ရိုး'အပျိုချောလေးများ
16/11/2024

ကလောတန်ဆောင်တိုင်ညမှာတွေ့ရတဲ့

'တောင်ရိုး'အပျိုချောလေးများ

မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့ပါ။တန်ဆောင်မုန်းလပြည့်နေ့မှာ ချမ်းမြေ့ကြပါစေလို့ ဆုတောင်းအပ်ပါတယ်။လပြည့်ကျော်(၁)ရက်ကနေ လပ...
14/11/2024

မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့ပါ။

တန်ဆောင်မုန်းလပြည့်နေ့မှာ ချမ်းမြေ့ကြပါစေလို့

ဆုတောင်းအပ်ပါတယ်။

လပြည့်ကျော်(၁)ရက်ကနေ လပြည့်ကျော်(၃)ရက်နေ့တွေဖြစ်တဲ့

နိုဝင်ဘာ ၁၆,၁၇,၁၈ ရက်တွေမှာတော့

ကလောတန်ဆောင်တိုင်

ရိုးရာမီးကြာစံနဲ့မီးရှော်တိုင်ထွန်းညှိပူဇော်ပွဲကို

ကျင်းပကြမှာဖြစ်ပါတယ်။

တမူထူးခြားတဲ့ ကလောတန်ဆောင်တိုင်ကို

အရင်ကရောက်ခဲ့ဖူးတဲ့သူတွေရော မရောက်ဖူးသေးတဲ့သူတွေပါ

အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 🎆🎇❣️

❄️ 𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜 '𝑲𝒂𝒍𝒂𝒘'

❄️𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜 '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' ❄️

𝟎𝟗 𝟖𝟖𝟏𝟏𝟖𝟖 𝟔𝟎𝟗

Photo Zarchi(Kalaw)

🎆တောင်ကြီးတန်ဆောင်တိုင်🎆ကျင်းပမည့်ရက်🎇၁၁.၁၁.၂၀၂၄ မှ ၁၇.၁၁.၂၀၂၄ အထိကျင်းပမည့်ရက်ပေါင်း🎇(၇)ရက်ကျင်းပမည့်နေရာ🎇အဝေရာမီးပုံးပ...
05/11/2024

🎆တောင်ကြီးတန်ဆောင်တိုင်🎆

ကျင်းပမည့်ရက်🎇၁၁.၁၁.၂၀၂၄ မှ ၁၇.၁၁.၂၀၂၄ အထိ

ကျင်းပမည့်ရက်ပေါင်း🎇(၇)ရက်

ကျင်းပမည့်နေရာ🎇အဝေရာမီးပုံးပျံကွင်း

၁၁.၁၁.၂၀၂၄ ညလွှတ်မီးပုံး🎇ညမီးကြီး(၄)လုံး၊စိန်နားပန်(၃)လုံး

၁၂.၁၁.၂၀၂၄ နေ့လွှတ်အရုပ်မီးပုံး🦜(၃၅)လုံး

ညလွှတ်မီးပုံး🎇ညမီးကြီး(၃)လုံး၊စိန်နားပန်(၄)လုံး

၁၃.၁၁.၂၀၂၄ နေ့လွှတ်မီးအရုပ်မီးပုံး🕊️(၃၅)လုံး

ညလွှတ်မီးပုံး🎇ညမီးကြီး(၃)လုံး၊စိန်နားပန်(၃)လုံး

၁၄.၁၁.၂၀၂၄ နေ့လွှတ်အရုပ်မီးပုံး🐥(၃၄)လုံး

ညလွှတ်မီးပုံး🎇ညမီးကြီး(၄)လုံး၊စိန်နားပန်(၃)လုံး

၁၅.၁၁.၂၀၂၄ နေ့လွှတ်အရုပ်မီးပုံး🐇(၃၅)လုံး

ညလွှတ်မီးပုံး🎇ညမီးကြီး(၄)လုံး၊စိန်နားပန်(၂)လုံး

၁၆.၁၁.၂၀၂၄ နေ့လွှတ်အရုပ်မီးပုံး🐥(၃၅)လုံး

ညလွှတ်မီးပုံး🎇ညမီးကြီး(၅)လုံး၊စိန်နားပန်(၃)လုံး

၁၇.၁၁.၂၀၂၄ နေ့လွှတ်အရုပ်မီးပုံး🐓(၃၅)လုံး

ညလွှတ်မီးပုံး🎇ညမီးကြီး(၃)လုံး၊စိန်နားပန်(၃)လုံး

တောင်ကြီးတန်ဆောင်တိုင်လာကြမယ့်သူတွေအတွက်

ဘယ်နေ့မှာအရုပ်မီးပုံးဘယ်နှစ်လုံး၊

ဘယ်ညမှာညမီးကြီးဘယ်နှစ်လုံး၊

စိန်နားပန်ဘယ်နှစ်လုံးလွှတ်မယ်ဆိုတာသိရအောင်ပါဗျ။

တောင်ကြီးတန်ဆောင်တိုင်မှာဟိုတယ်မရခဲ့ရင်

ကလောမှာလာတည်းလို့လည်းရပါတယ်နော့😍

❄️𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜 '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'❄️

တနေ့က 𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜 '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' ဆိုပြီး သစ်လုံးအိမ်ပုံတွေတင်လိုက်တော့တချို့က ဘယ်ဟိုတယ်လဲလို့မေးကြပါတယ...
03/11/2024

တနေ့က 𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜 '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'
ဆိုပြီး သစ်လုံးအိမ်ပုံတွေတင်လိုက်တော့
တချို့က ဘယ်ဟိုတယ်လဲလို့မေးကြပါတယ်။
တချို့က အိမ်ဆောက်လိုက်တာလား၊တချို့က မေမြို့ဒီဇင်ဘာမှာလား
စသဖြင့် အမျိုးမျိုး မေးကြပါတယ်။
တချို့လည်း အောက်မှာ # 𝑉𝑎𝑐𝑎𝑡𝑖𝑜𝑛 𝐻𝑜𝑚𝑒 # 𝐻𝑜𝑚𝑒 𝑆𝑡𝑎𝑦 ဆိုတာ သေချာမဖတ်မိပဲ အိမ်ပုံတွေတင်ပြီးကြွယ်နေတယ်လို့ထင်ကောင်းထင်နေပါလိမ့်မယ်။

အိမ်ဆောက်လိုက်တာလည်းမဟုတ်သလို၊ဟိုတယ်လည်းမဟုတ်ပါဘူး။
မေမြို့ဒီဇင်ဘာမှာလည်းမဟုတ်ပါဘူးဗျ။

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' ဆိုတာ
ရှမ်းပြည်တောင်ပိုင်း ကလောမှာရှိပြီး
သစ်လုံးတွေကို 𝑅𝑢𝑠𝑡𝑖𝑐 𝐶𝑜𝑢𝑛𝑡𝑟𝑦 𝐶𝑜𝑛𝑐𝑒𝑝𝑡 နဲ့ တည်ဆောက်ထားတဲ့
သစ်လုံးအိမ် 𝑉𝑎𝑐𝑎𝑡𝑖𝑜𝑛 𝐻𝑜𝑚𝑒 ပါ။
ကလောမြို့မစျေးနဲ့(၈)မိနစ်အကွာအဝေးမှာရှိပြီး
ပြည်ထောင်စုလမ်းမကနေ ကလောသစ်လုံးအိမ်အရောက်(၂)မိနစ်သာ ကားမောင်းဝင်ရပါတယ်။

𝑉𝑎𝑐𝑎𝑡𝑖𝑜𝑛 𝐻𝑜𝑚𝑒 ဆိုတာကို လူတော်တော်များများသိကြပေမယ့်
တချို့လည်း သိပ်မရင်းနှီးကြပါဘူး။
𝑉𝑎𝑐𝑎𝑡𝑖𝑜𝑛 𝐻𝑜𝑚𝑒 ကဟိုတယ်လည်းမဟုတ်သလို
တည်းခိုခန်းလည်းမဟုတ်ပါဘူး။
အနီးစပ်ဆုံး မြန်မာအသုံးအနူန်းဆိုရင်တော့
'တည်းခိုအိမ်'လို့ပြောရမယ်ထင်ပါတယ်။
ဟိုတယ်တွေလို အိပ်ခန်းကိုပဲဌားလိုက်တာမျိုးမဟုတ်တာကြောင့်
အိပ်ခန်း၊ရေချိုးခန်း𝑡𝑖𝑜𝑙𝑒𝑡တွေသာမက
ဘုရားခန်း၊ဧည့်ခန်း၊မီးဖိုဆောင်တွေပါ
ကိုယ့်အိမ်လိုပဲ အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှာ
အိပ်ခန်းနဲ့ ရေချိုးခန်းထဲမှာ ပစ္စည်းအကောင်းများသာ သုံးစွဲထားပြီး ဟိုတယ်အဆင့်သန့်ရှင်းသပ်ရပ်မှုအရည်အသွေးကို
အထူးထိမ်းသိမ်းထားတာမို့အဆင့်မြင့်ဟိုတယ်မှာ
နေရသလိုပဲ အဆင့်အတန်းရှိရှိ သပ်ရပ်စွာနေထိုင်ရမှာဖြစ်ပြီး
ဘုရားခန်း၊ဧည့်ခန်း၊မီးဖိုဆောင်ရေခဲသေတ္တာနဲ့ပန်းကန်ခွက်ယောက်တွေလည်းပါဝင်တာမို့ အိမ်မှာနေသလိုခံစားမှုမျိုးကို ရစေမှာဖြစ်ပါတယ်။
'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှာမြင်းမထိလှိုင်ဂူထဲက
ရှေးဆင်းတုတော်ကိုပုံစံတူထုဆစ်ပြီးပူဇော်ထားပါတယ်။
မီးဖိုဆောင်ပါဝင်တာမို့ ကိုယ်တိုင်စိတ်ကြိုက်ဝယ်ယူချက်ပြုတ်သုံးဆောင်နိုင်တာကြောင့် ခရီးထွက်လာပြီး အပြင်စာတွေ မစားချင်တဲ့သူတွေအတွက် အထူးသင့်လျော်တဲ့ နေရာလေးဖြစ်ပါတယ်။

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'ကို
အမေရိကန်ဗိသုကာနဲ့(၅)နှစ်အတူလက်တွဲအလုပ်လုပ်ခဲ့တဲ့
အဆောက်အဦးပညာရှင်တစ်ဦးမှဒီဇိုင်းထုတ်ပေးပြီး
𝐴𝑚𝑒𝑟𝑖𝑐𝑎𝑛 𝐿𝑜𝑔 𝐶𝑎𝑏𝑖𝑛 𝑆𝑜𝑐𝑖𝑒𝑡𝑦 မှအမေရိကန်ဗိသုကာတွေ အင်ဂျင်နီယာတွေရဲ့နည်းပညာ၊အကြံဥာဏ်များ ရယူကာ
𝐴𝑚𝑒𝑟𝑖𝑐𝑎𝑛 𝑅𝑢𝑠𝑡𝑖𝑐 𝐿𝑜𝑔 𝐶𝑎𝑏𝑖𝑛 ဆောက်လုပ်ထားသောကြောင့်
အိမ်ပုံစံ၊တည်ဆောက်ထားပုံနဲ့အတွင်းပိုင်းပြင်ဆင်မှုတွေက
မြန်မာပြည်ကဘယ်အိမ်နဲ့မှမတူတဲ့ 𝐴𝑚𝑒𝑟𝑖𝑐𝑎𝑛 𝑅𝑢𝑠𝑡𝑖𝑐 𝑆𝑡𝑦𝑙𝑒 တွေကိုမြင်တွေ့ခံစားရမှာဖြစ်ပါတယ်။
'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' ကိုရောက်လိုက်တာနဲ့
နိုင်ငံခြားရုပ်ရှင်တွေ 𝐶𝑜𝑤𝑏𝑜𝑦 ကားတွေထဲကအိမ်ကြီးထဲကိုရောက်သွားသလို 𝐶𝑜𝑢𝑛𝑡𝑟𝑦 𝑉𝑖𝑏𝑒 ကိုလည်း ခံစားရမှာမို့
လာရောက်တည်းခိုကြည့်စေချင်ပါတယ်။

အသစ်အဆန်းကိုကြိုက်နှစ်သက်ပြီး
ဓာတ်ပုံလှလှရိုက်ချင်တဲ့ဧည့်သည်တွေအတွက်
သစ်လုံးအိမ်ထဲမှာတင်ဓာတ်ပုံရိုက်စရာနေရာတွေအပြည့်ဖြစ်ပါတယ်။
ဓာတ်ပုံဝါသနာရှင်တွေ ဓာတ်ပုံဆရာတွေအင်မတန်အကြိုက်တွေ့တဲ့
ထူးခြားတဲ့အဆောက်အဦလေးဖြစ်ပါတယ်။

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'ကို
တောင်စောင်းမှာတည်ဆောက်ထားပြီးကားပါကင်ကနေဝင်ရတဲ့အလယ်ထပ်မှာ 𝑀𝑎𝑠𝑡𝑒𝑟 𝐵𝑒𝑑𝑟𝑜𝑜𝑚 နဲ့ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုဆောင်များကိုဖွဲ့စည်းထားပါတယ်။
အပေါ်ဆုံးထပ်(ထပ်ခိုး)ကိုအပြည့်ယူပြီးအခန်းကျယ်(၂)ခန်းဖွဲ့စည်းထားကာလျို့ဝှက်အိပ်ခန်း(၁)ခန်း၊အဲဒီအခန်း(၃)ခန်းအတွက် သီးသန့်ရေချိုးခန်း+အိမ်သာ(၂)ခန်းကိုအလယ်ထပ်မှာ လှေကားတစ်ဆင့်ဆင်းရုံနဲ့ ရောက်အောင်ဒီဇိုင်းထုတ်တည်ဆောက်ထားပါတယ်။
ကလောသစ်လုံးအိမ်မှာ 𝑆𝘦𝑐𝘳𝑒𝘵 𝘙𝑜𝘰𝑚 လေးတခုပါနေတာကိုလည်း
ဧည့်သည်တော်တော်များများကစိတ်ဝင်စားကြပါတယ်။
အောက်ထပ်မှာလည်း 𝑀𝑎𝑠𝑡𝑒𝑟 𝐵𝑒𝑑𝑟𝑜𝑜𝑚 အခန်းကျယ်(၂)ခန်းပါဝင်
တာမို့ 𝑀𝑎𝑠𝑡𝑒𝑟 𝐵𝑒𝑑𝑟𝑜𝑜𝑚 (၃)ခန်း၊𝐵𝑒𝑑𝑟𝑜𝑜𝑚(၃)ခန်းပါပြီး
ဧည့်သည်(၁၂)ယောက်၊𝐸𝑥𝑡𝑟𝑎(၂)ယောက်
စုစုပေါင်း(၁၄)ယောက်တည်းခိုနိုင်ပါတယ်။

ဝရံတာကနေ ကြည့်လိုက်ရင်လည်း ကလောရဲ့ အထင်ကရ
အိုးစည်တောင်မြင်ကွင်းကိုလည်း တည့်တည့်ကြီးမြင်တွေ့ရတာမို့
ဝရံတာကနေ အေးချမ်းလှပတဲ့ အိုးစည်တောင်မြင်ကွင်းနဲ့ တောင်တန်းအလှကိုခံစားနိုင်ပါတယ်။

လည်ပတ်ပြီး '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' ကို
ပြန်ရောက်တဲ့အခါ အပန်းဖြေအနားယူဖို့ 𝑀𝑃𝑇 𝐹𝑖𝑏𝑒𝑟 𝐼𝑛𝑡𝑒𝑟𝑛𝑒𝑡 𝑊𝑖𝑓𝑖,𝑁𝑒𝑡𝑓𝑙𝑖𝑥,𝑌𝑜𝑢𝑡𝑢𝑏𝑒,𝑆𝑘𝑦𝑛𝑒𝑡 များအသုံးပြုကြည့်ရှုနိုင်ပြီး
အပန်းဖြေ ဖတ်စရာ သုတရသစာအုပ်စာပေကောင်းများကိုထားရှိပေးထားပါတယ်။

𝑃𝐻7 နီးပါးရှိ အဝီစိ ရေသန့် ရှိပြီး၊
လျှပ်စစ်မီးအတွက် 𝐸𝑃𝐶,𝑆𝑜𝑙𝑎𝑟,မီးစက်(၃)မျိုး
တပ်ဆင်ထားတာမို့ နွေရာသီမှာလည်းရေမပြတ်ပဲ
(၂၄)နာရီလျှပ်စစ်မီးနဲ့ ရေပူ/ရေအေးရှိနိုင်ပါတယ်။

ရေးထားတဲ့အတိုင်း ဟုတ်မဟုတ်ဆိုတာကိုတော့
'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' ကိုကိုယ်တိုင်ပဲ လာရောက်ပြီး
တည်းခိုကြည့်စေချင်ပါတယ်။

နွေးထွေးစွာကြိုဆိုလျက်ပါဗျ။

❄️𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜 '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' ❄️

09 881188 609

https://www.facebook.com/profile.php?id=61567942084610

#𝐾𝑎𝑙𝑎𝑤𝑇𝑟𝑖𝑝 #𝑘𝑎𝑙𝑎𝑤 #𝑣𝑎𝑐𝑎𝑡𝑖𝑜𝑛ℎ𝑜𝑚𝑒

02/11/2024

"ကျေးဇူးပြုပြီး ဒါလေးဖတ်ပြီးမှ
'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှာ
𝐵𝑜𝑜𝑘𝑖𝑛𝑔 တင်ပေးပါခင်ဗျား"

* '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'သည်
𝑉𝑎𝑐𝑎𝑡𝑖𝑜𝑛 𝐻𝑜𝑚𝑒 𝑅𝑒𝑛𝑡𝑎𝑙 ဖြစ်ပါ၍
တည်းခိုအိမ်ဌားရမ်းသော ဝန်ဆောင်မှုဖြစ်ပါသည်။

* ဧည့်သည်(၁၂)ဦး+ 𝐸𝑥𝑡𝑟𝑎(၂)ဦး = အများဆုံး(၁၄)ဦးသာ
လက်ခံပါသည်။

*အသက် တစ်နှစ်အောက် ကလေးများ အခမဲ့၊
မသန်စွမ်းကလေးငယ်ကလေးကြီးများ အခမဲ့ဖြစ်ပြီး
အသက် ငါးနှစ်အောက်ကလေးများ လူကြီးစျေး တစ်ဝက်ယူပါသည်။

* 𝐵𝑜𝑜𝑘𝑖𝑛𝑔 တင်လျှင်
တည်းခိုမည့် ရက်စုစုပေါင်း ကျသင့်ငွေ၏ တစ်ဝက်ကို
စရံယူပါသည်။

𝐾𝑝𝑎𝑦 (သို့) 𝑀𝑜𝑏𝑖𝑙𝑒 𝐵𝑎𝑛𝑘𝑖𝑛𝑔 𝑇𝑟𝑎𝑛𝑠𝑓𝑒𝑟 (𝐾𝐵𝑍 𝑆𝑝𝑒𝑐𝑖𝑎𝑙 𝐴𝑐𝑐𝑜𝑢𝑛𝑡)
ဖြင့်လက်ခံပါသည်။

အချိန်ဖြင့် လုပ်ရသော အလုပ်ဖြစ်သောကြောင့်
ဧည့်သည်ဖက်မှ မလာဖြစ်၍ 𝐶𝑎𝑛𝑐𝑒𝑙 လုပ်လျှင်
မည်သည့်အကြောင်းဖြင့်မျှ စရံငွေပြန်မအမ်းနိုင်သည်ကို
နားလည်ပေးပါ။

ကျန်ငွေကို စတင်တည်းခိုသည့်နေ့တွင် ပေးချေရပါမည်။

* 𝐶ℎ𝑒𝑐𝑘 𝑖𝑛 𝑇𝑖𝑚𝑒 - မွန်းလွဲ (၂)နာရီ နောက်ပိုင်း

* 𝐶ℎ𝑒𝑐𝑘 𝑜𝑢𝑡 𝑇𝑖𝑚𝑒 - နေ့ခင်း(၁၁)နာရီ တိတိ

ရှေ့ဧည့်သည် မရှိလျှင် 𝐸𝑎𝑟𝑙𝑦 𝐶ℎ𝑒𝑐𝑘 𝑖𝑛 နှင့်
နောက်ဧည့်သည် ဝင်ဖို့မရှိလျှင် 𝐿𝑎𝑡𝑒 𝐶ℎ𝑒𝑐𝑘 𝑜𝑢𝑡 ရနိုင်သော်လည်း
ရှေ့ဧည့်သည်၊ နောက်ဧည့်သည် ရှိလျှင်
မရနိုင်သည်ကို ခရီးသွားချင်းစာနာနားလည်ပေးရန်။

ကလောမြို့သို့ 𝐸𝑥𝑝𝑟𝑒𝑠𝑠 𝐵𝑢𝑠 ဖြင့် လာရောက်လည်ပတ်သော
ဧည့်သည်များ အဆင်ပြေစေရန်အတွက်

ညကားစီးလာလျှင် (၄င်းရက်မတိုင်ခင်တွင် ဧည့်သည် မရှိလျှင်)
တစ်ရက်စာ ကျသင့်ငွေပေါ်တွင် နေ့တစ်ဝက်စာသာ ထပ်ပေါင်းပြီး
𝐸𝑎𝑟𝑙𝑦 𝐶ℎ𝑒𝑐𝑘 𝑖𝑛 လက်ခံပေးပါသည်။

ကလောမြီု့တွင်လည်ပတ်ပြီး ညကားဖြင့် ပြန်မည်ဆိုလျှင်လည်း
(ပြန်မည့်နေ့မှာ ဧည့်သည်ဝင်ဖို့မရှိလျှင်) တစ်ရက်စာ ကျသင့်ငွေ၏
တစ်ဝက်စာသာ ထပ်ပေါင်းပြီး 𝐿𝑎𝑡𝑒 𝐶ℎ𝑒𝑐𝑘 𝑜𝑢𝑡 လက်ခံပေးပါသည်။

𝐸𝑎𝑟𝑙𝑦 𝐶ℎ𝑒𝑐𝑘 𝑖𝑛 နှင့် 𝐿𝑎𝑡𝑒 𝐶ℎ𝑒𝑐𝑘 𝑜𝑢𝑡 ဧည့်သည်များ
𝐵𝑜𝑜𝑘𝑖𝑛𝑔 တင်ကထဲက ကြိုတင်အကြောင်းကြား
ညှိနှိုင်းထားရန်လိုအပ်ပါသည်။

* သစ်လုံးအိမ်အတွင်း ဆေးလိပ် မသောက်ရ၊
ကွမ်းစားခြင်း၊ကွမ်းသွေးထွေးခြင်း မပြုလုပ်ရ။
ဝရံတာတွင် 𝑆𝑚𝑜𝑘𝑖𝑛𝑔 𝐶𝑜𝑟𝑛𝑒𝑟 ပြုလုပ်ပေးထားပါသည်။

* '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' အတွင်း/အပြင်တွင်
မူးယစ်ဆေးဝါး သုံးစွဲခြင်းကို လုံးဝခွင့်မပြုပါ။

*အိမ်မွေးတိရိစ္ဆာန်များ ခေါ်ဆောင်လာခြင်း မပြုရ။

*အိပ်ရာခင်း၊စောင်၊မွေ့ယာ၊ခေါင်းအုံးများနှင့်အိမ်သုံးပစ္စည်းများ၊
လျှပ်စစ်ပစ္စည်းများ ပျက်စီးလျှင် ကာလတန်ဖိုးအတိုင်း
ပေးလျော်ရပါမည်၊၊

*𝐸𝑃𝐶 မီးပျက်ချိန်အသုံးပြုရန် 𝐺𝑎𝑠 မီးဖိုထားရှိပေးထားပါသည်။
𝑆𝑜𝑙𝑎𝑟 𝑃𝑜𝑤𝑒𝑟 စနစ်ဖြင့်
𝐿𝑖𝑔ℎ𝑡𝑖𝑛𝑔,𝐹𝑖𝑏𝑒𝑟 𝐼𝑛𝑡𝑒𝑟𝑛𝑒𝑡 𝑊𝑖𝑓𝑖,𝑊𝑎𝑡𝑒𝑟 𝐻𝑒𝑎𝑡𝑒𝑟, 𝑃𝑟𝑒𝑠𝑠𝑢𝑟𝑒 𝑃𝑢𝑚𝑝
များရရှိအောင် စီစဉ်ထားပါသည်။

𝐸𝑃𝐶 မီးပျက်၍ ဆိုလာမီးသုံးစဉ် အချိန်တွင်
ပါဝါပစ္စည်းများ 𝐻𝑒𝑎𝑡𝑒𝑟, 𝐻𝑎𝑖𝑟 𝐷𝑟𝑦𝑒𝑟, 𝐻𝑜𝑡 𝑃𝑙𝑎𝑡𝑒, ဟင်းချက်အိုးနီ၊
ရေနွေးအိုး၊မီးပူ အစရှိသည်တို့ကိုသုံးစွဲခွင့်မရှိပါ။

အသုံးလိုပြုလိုပါက ကြိုပြောပေးပါ။မီးစက်နှိုးပေးပါမည်။

မီးစက်နိုးရန်မပြောပဲ ပါဝါပစ္စည်းများ သုံးစွဲမိ၍
ဆိုလာပစ္စည်းများ ပျက်စီးလျှင် ကာလတန်ဖိုးအတိုင်း
လျော်ကြေးပေးဆောင်ရပါမည်။

*အိမ်ပေါ်သို့ "အမဲသား" ချက်ပြုတ်ခြင်း၊ယူဆောင်စားသောက်ခြင်း
ခွင့်မပြုပါ။

*'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' သည်
𝑉𝑎𝑐𝑎𝑡𝑖𝑜𝑛 𝐻𝑜𝑚𝑒 𝑅𝑒𝑛𝑡𝑎𝑙 ဖြစ်သောကြောင့်
𝑆𝑒𝑙𝑓 𝐶𝑎𝑡𝑒𝑟𝑖𝑛𝑔 စနစ်ကိုကျင့်သုံးပါသည်။

𝑉𝑎𝑐𝑎𝑡𝑖𝑜𝑛 𝐻𝑜𝑚𝑒 𝑅𝑒𝑛𝑡𝑎𝑙 သည်ဧည့်သည်များမိမိဘာသာကိုယ်တိုင်
စိတ်ကြိုက်ချက်ပြုတ်စားသောက်နိုင်ရန်
မီးဖိုဆောင်နှင့်မီးဖိုဆောင်သုံးပစ္စည်းများ၊
အိုးခွက်ပန်းကန်များကိုထည့်သွင်းပေးထားပြီးဖြစ်၍
ဟိုတယ်များကဲ့သို့ မနက်စာပါဝင်ခြင်း၊အခကြေးငွေယူ၍အော်ဒါကို
ချက်ပြုတ်ပေးခြင်း၊တည်ခင်းဧည့်ခံပေးခြင်း၊အိုးခွက်ပန်းကန်များကို
ဆေးကြောပေးခြင်းများကိုဆောင်ရွက်ပေးမည်မဟုတ်ပါ။

𝑆𝑒𝑙𝑓 𝐶𝑎𝑡𝑒𝑟𝑖𝑛𝑔 စံနစ်သည် လာရောက်တည်းခိုသူဧည့်သည်အနေနှင့်
စားသောက်စရာများကိုမိမိကိုယ်တိုင်စိတ်ကြိုက်ချက်ပြုတ်နိုင်ခြင်း၊
ကိုယ်တိုင်ခူးခပ်တည်ခင်းစားသောက်ခြင်း၊အိုးခွက်ပန်းကန်များကို
ကိုယ်တိုင်ဆေးကြောသန့်ရှင်းခြင်းများကိုဆောင်ရွက်ရမှာဖြစ်ပါသည်။

*သစ်လုံးအိမ်ဖြစ်သောကြောင့် အိမ်ပေါ်တွင် 𝐵𝑜𝑛𝑓𝑖𝑟𝑒 မီးပုံဖိုခွင့် မရှိပါ။
သို့သော် ခြံထဲတွင် 𝐵𝑜𝑛𝑓𝑖𝑟𝑒 ပြုလုပ်နိုင်ရန်
𝐹𝑖𝑟𝑒𝑝𝑙𝑎𝑐𝑒 နှင့် ထင်းများထားရှိပေးပါသည်။

*'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' သည်
အပန်းဖြေမိသားစုများနေထိုင်ရာ ဆိတ်ငြိမ်ရပ်ကွက်အတွင်းတွင်
တည်ရှိပါသဖြင့် ည(၁၀)နာရီနောက်ပိုင်း
ဆူညံအော်ဟစ်ခြင်း၊သီချင်းသီဆိုကြခြင်းနှင့်သီချင်းဖွင့်ခြင်းတို့ကို
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

*'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' အတွင်း/အပြင်အား
ဧည့်သည်များဖုန်းဖြင့်
အမှတ်တရ အပျော်တမ်း
ရိုက်ခြင်းကိုသာခွင့်ပြုပါသည်။

𝑃𝑟𝑜𝑓𝑒𝑠𝑠𝑖𝑜𝑛𝑎𝑙𝑙𝑦 𝑃ℎ𝑜𝑡𝑜,𝑀𝑉,𝑉𝑒𝑑𝑖𝑜,𝑀𝑜𝑣𝑖𝑒
ရိုက်ကူးခြင်းများအားခွင့်မပြုပါ။



𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်

09 881188 609

❄️ဆောင်းနှင်းလေးတွေနဲ့ အေးချမ်းတဲ့ ကလောမြို့က             '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှ      ကြိုဆိုလိုက်ပါတယ်ခင်...
02/11/2024

❄️ဆောင်းနှင်းလေးတွေနဲ့ အေးချမ်းတဲ့ ကလောမြို့က

'𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်' မှ

ကြိုဆိုလိုက်ပါတယ်ခင်ဗျား❄️

❄️𝑊𝑒𝑙𝑐𝑜𝑚𝑒 𝑡𝑜 '𝑲𝒂𝒍𝒂𝒘 𝑳𝒐𝒈 𝑪𝒂𝒃𝒊𝒏 ကလောသစ်လုံးအိမ်'❄️

09 881188 609

Address

Kalaw, Shan State
Shan State

Telephone

+959881188609

Website

Alerts

Be the first to know and let us send you an email when Kalaw Log Cabin ကလောသစ်လုံးအိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share