Swan - Having Fun Together

Swan - Having Fun Together Hello everyone, my name is swan. I am currently working as a tourist guide.I open this page for mak

02/09/2024

Love to explore nature 🌿 Feeling sad to leave Taunggyi. Here are some beautiful moments I captured! 📸

12/02/2024

ပြည်မြို့လေးရောက်တုန်း လေအေးအေးလေးနဲ့ အရမ်းသာယာတာပဲ ပြည်မြို့ရဲ့အကောင်းဆုံး Sunset ကြည့်လို့ကောင်းတဲ့နေရာလေးဖြစ်မယ်
#ပြည်

17/01/2024

Where is the next place should visit in Yangon⁉️Let's visit to Kyee Myin Daing Night Market with MyProGuide 🤩

Kyee Myin Daing night market is a traditional Burmese night market in Yangon, where you can experience the local culture, cuisine, and lifestyle and Vantage Clothes. You can find a variety of fresh vegetables, meat, street food, clothes, spices, sweets, and more at affordable prices. If you want to see a different side of Yangon and enjoy a lively and colorful atmosphere, you should visit the Kyee Myin Daing night market when you arrive in Myanmar.

👉www.myproguide.com
👉www.theonlinetourguide.com

MyProGuide is a travel website platform which link between tourist guides and travelers around the world🤝

𝗘𝗻𝗿𝗶𝗰𝗵 𝗬𝗼𝘂𝗿 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗪𝗶𝘁𝗵 𝗠𝘆𝗣𝗿𝗼𝗚𝘂𝗶𝗱𝗲

06/06/2021
အပျော်စီးရင် မလှော်တတ်လို့ စွန်းစားခရီးစဥ်ဖြစ်သွားသော😂😂စွမ်းတို့ သူငယ်ချင်းတွေ ရန်ကုန်ကနေ ၂နာရီလောက်မောင်းတော့ Shan Shwe...
10/01/2021

အပျော်စီးရင် မလှော်တတ်လို့ စွန်းစားခရီးစဥ်ဖြစ်သွားသော😂😂
စွမ်းတို့ သူငယ်ချင်းတွေ ရန်ကုန်ကနေ ၂နာရီလောက်မောင်းတော့ Shan Shwe Ou Resort and Restaurant ကိုရောက်ခဲ့တယ် စားပြီးသောက်ပြီးလို့ အပျော်စီးလှေတွေတွေ့တော့မနေနိုင်ကြဘူး အကုန်လုံးဆင်းလှော်ကြတယ်
Sunset ဝင်ခါနီး ဆိုတော့ နေလဲသိပ်မပူဘူး အရမ်းလဲလှတယ်
ရှမ်းရွှေဥမှာ စားသောက်ခန်းမ ရှိသလို တဲအိမ်လေးတွေနဲ့ ဘန်ဂလိုလဲရှိတယ် စွမ်းတို့က တဲအိမ်လေးမှာထိုင်လိုက်တယ် ထိုင်ခ နဲ့ ဝင်ကြေးတော့ပေးရပါတယ် ဒါပေမဲ့သီးသန့်ဆန်ပြီး ပိုလွတ်လပ်တယ် အစားအသောက်တွေလဲအဆင်ပြေတယ် ဘဲကင်ကိုတော့ ကောင်းလွန်းလို့ခုထိမမေ့သေးဘူး😁
လှေစီးခဲ့ရတာတော့တကယ့်အမှတ်တရပဲ

Camping Trip With Swan အခုတလော Tent လေးတွေနဲ့ camping trip တွေသွားနေကြတာ မြင်မိကြမှာပါ။ တစ်ချို့တွေကလဲ ဒါဟာ ခြံနဲ့တဲအိမ်...
07/01/2021

Camping Trip With Swan
အခုတလော Tent လေးတွေနဲ့ camping trip တွေသွားနေကြတာ မြင်မိကြမှာပါ။ တစ်ချို့တွေကလဲ ဒါဟာ ခြံနဲ့တဲအိမ်နဲ့ လုပ်စားနေပါတယ် ပေါ်ပင်သွားနေကြပါတယ် ဆိုပြီးအပစ်တင်ဝေဖန်မူ့တွေလဲရှိနေပါတယ်။ ခရီးသွားတွေကကော တစ်ကယ်ပဲ ဘာ benefit မှမရပဲ သွားနေကြတာလား ။ ဒီတခါ စွမ်းကိုယ်တိုင်သွားခဲ့တဲ့ trip နဲ့ ကိုယ်ရလိုက်တဲ့အချက်လေးတွေကို စွမ်းရဲ့သူငယ်ချင်းတွေဆီကိုပြန်မျှဝေပေးလိုက်ပါတယ်နော်

1. Relationship Building
စွမ်း ဒီခရီးမှာဆို သူငယ်ချင်းတွေနဲ့ ပိုအချိန်ပေးနိုင်ခဲ့တယ် Screen Time တွေလျော့ပြီး သူငယ်ချင်းတွေနဲ့ စားလိုက် သောက်လိုက် ကလိုက် ခုန်လိုက် သီချင်းတွေဆိုလိုက်နဲ့ အရမ်းပျော်ဖို့ကောင်းတဲ့အချိန်လေးဖန်တီးနိုင်ခဲ့တယ်။ဒိီလို trip မျိုး မိသားစုနဲ့ဖြစ်စေ သူငယ်ချင်း ချစ်သူ နဲ့ဖြစ်စေ လာခဲ့မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦးပိုပို နားလည်လာပြီ ပိုမိုခိုင်မာတဲ့ Relationship ကိုဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်

2.Stress Reduction
အခုလိုမွန်းကြပ်နေတဲ့အချိန် နေရာကျယ်ကျယ်မှာ စိမ်းစိမ်းစိုစိုနဲ့လေကောင်းလေသန့်ရှူရတာနဲ့တင် စိတ်မွန်းကြပ်မူ့တစ်ဝက်သက်သာမယ်လို့ထင်ပါတယ်။ကိုယ်မိတ်ဆွေတွေနဲ့ ခံစားချက်တွေရင်ဖွင့်လိုက် စကားပြောလိုက်နဲ့ စိတ်ညစ်စရာတွေသက်သာလာမှာပါ။ပြီးတော့စွမ်းတို့လို ခရီးသွားဝါသနာအိုးတွေတော့ အဝေးပြေးလမ်းမကိုမြင်တာနဲ့ အရမ်းတွေပျော်ပြီး stress တွေလျော့နိုင်မယ်လို့ထင်ပါတယ်

3.Great Food
ဒါကတော့စွမ်းရဲ့ Personal Feeling ဖြစ်သလို သွားဖူးတဲ့သူတွေလဲပြောကြလို့ပါ။ Great Food ဆိုတာအစားအစာကောင်းတွေထက် ပါလာတဲ့ ခေါက်ဆွဲခြောက်တွေ အသားတွေ အရွက်တွေအကုန်ထည့်ပြုတ်ပြီး စုစားရတဲ့အရသာပါ အဲ့အရသာကိုအိမ်မာပြန်ပြုတ်စားရင်မရတော့ဘူး အဲ့တုန်းကစားခဲ့တဲ့ ခေါက်ဆွဲပြုတ်လေးတွေကိုသတိရနေပါသေးတယ်

ဒါကတော့ စွမ်း trip ကနေရလာတဲ့ benefit တွေပါ သူငယ်ချင်းတို့ကောဘာတွေ ဝေမျှချင်သေးလဲပြောခဲ့ဦးနော်။ အမှန်တိုင်းပြောရရင် ဒီခရီးစဥ်ကိုစွမ်း ကိုယ်တိုင်စီစဥ်ပြီးသွားခဲ့တာမဟုတ်ပါဘူး သူငယ်ချင်းတွေ စီစဥ်ပြီး အိမ်ရှေ့ရောက်မှတက်လိုက်သွားခဲ့တော့ တောထဲမှာ camp သွားလုပ်မယ်ပဲသိခဲ့တယ် ဘယ်သွားမယ်မသိခဲ့ဘူး ကိုယ်အထင်ရုပ်ရှင်ထဲကလို ကိုယ်တွေပဲရှိပြီး ညဘက်ဗိုက်ဆာနေရင်ဖြစ်ဆိုတဲ့အတွေးနဲ့ ပါမုန့်တွေရေတွေဝယ်သွားသေးတယ် 😁😁
စွမ်းသွားခဲ့တဲ့နေရာက Mother Village ပါ ရန်ကုန်နဲ့ ၂နာရီလောက်မောင်းရတဲ့နေရာမှာရှိပါတယ် တောအုပ်ပုံစံ Vibeယူထားပြီး တခြားအဖွဲ့တွေလဲရှိပါတယ် နေ့လည်စာ ညစာနဲ့ မနက်စာလဲစီစဥ်ပေးတယ် အဲ့မှာစားခဲ့တဲ့ နေ့လည်စာထမင်းထုပ်လေးကိုလဲအရမ်းကြိုက်ခဲ့သေးတယ် လိုအပ်တာတွေထက်မှာလို့ရသလို ဝန်ထမ်းတွေကလဲအရမ်းဖော်ရွေတယ် အရမ်းလဲကူညီပါတယ် အသေးစိတ်ကို အောက်က link မှာ ဝင်ကြည့်သွားပါနော်
https://www.facebook.com/102648048396474/posts/106128528048426/
ဒါဆိုရင်နောက်ခရီးစဥ်ကြမှထက်တွေ့ကြမယ်နော်တာ့တာ


Swan အကြည့်များဆုံး Youtube Channel ၅ ခု 😉Hello Swan ရဲ့သူငယ်ချင်းတို့ Happy Sunday ပါနော် Stay Home ကာလမှာ ခရီးတွေလဲမထွ...
27/09/2020

Swan အကြည့်များဆုံး Youtube Channel ၅ ခု 😉

Hello Swan ရဲ့သူငယ်ချင်းတို့ Happy Sunday ပါနော် Stay Home ကာလမှာ ခရီးတွေလဲမထွက်ရ အိမ်မှာပဲနေရလို့ ပျင်းနေကြပြီလား😁😁 အခုလိုအချိန်မှာ အပျင်းလဲပြေပြီး စိတ်အပန်းပြေဖို့ဆို Entertainment တချို့ လိုတာပေါ့ ရုပ်ရှင်တွေ series တွေကြည့်ကြတဲ့သူရှိကြမှာပေါ့နော် ဒီတေခေါက်မှာတော့ စွမ်းက ဒီကာလမှာ အပျင်းပြေအောင် စွမ်းကြည့်နေကြ Youtube Channel လေးငါးခုကို စွမ်းရဲ့သူငယ်ချင်းတွေအတွက် မျှဝေပေးပါမယ်😁😁 Youtube ကနေ နယ်ပယ်စုံကို လေ့လာလို့ရတဲ့ Channel တွေရှိသလို ဖျော်ဖြေရေးဆန်တဲ့ Channel တွေလဲရှိပါတယ် ခုစွမ်းပြောသွားမှာက ဖျော်ဖြေရေးဆန်တဲ့ Channel တွေပါ ဒါပေမဲ့ English စာလေ့လာနေတဲ့သူတွေကတော့ listening Skill အတွက် အကျိုးရှိပါလိမ့်မယ် စွမ်းရဲ့သူငယ်ချင်းတွေ ကြည့်နေကြ Channel လေးတွေရှိရင်လဲ စွမ်းကိုပြန်မျှဝေသွါးပေးဦးနော် ဒါဆိုဘယ်လို Channel မျိုးလဲဆိုတာပုံအောက်ကစာလေးတွေ ဖတ်သွားပေးပါဦး😁😁


ကဲကဲ သွားမယ်စားမယ်😋😋😋Hello စွမ်းရဲ့သူငယ်ချင်းတို့ရေ မင်းလှမြို့ကိုသွားတဲ့အကြောင်းလေး ပြောပြီးပြီဆိုတော့ စားခဲ့တဲ့အကြောင်...
16/09/2020

ကဲကဲ သွားမယ်စားမယ်😋😋😋
Hello စွမ်းရဲ့သူငယ်ချင်းတို့ရေ မင်းလှမြို့ကိုသွားတဲ့အကြောင်းလေး ပြောပြီးပြီဆိုတော့ စားခဲ့တဲ့အကြောင်းလဲ ပြောရဦးမယ်😁😁 မင်းလှမြို့ကိုသွားလည်ရင်း မထင်မှတ်ပဲ ဆိုင်လေးတစ်ဆိုင်ကို ရောက်သွားတယ် ဆိုင်လေးနာမည်က
Spicy Double တဲ့ စပိုက်ဆီမှာ ပင်လယ်စာတွေအများကြီးရတယ် စွမ်းကတော့ မာလာရှမ်းကော ပင်လယ်စာနဲ့ရယ် အဏ္ဏဝါဗန်းရယ်ဆိုပြီး မှာစားခဲ့တယ် ပင်လယ်စာတွေမှစုံလို့ အရသာလဲအရမ်းမိုက် ဆိုင်လေးကလဲတဲအိမ်လေးတွေနဲ့ချစ်စရာလေး ဆိုင်ရှင်ကော ဆိုင်ကလူတွေကောအရမ်းဖောရွေလို့အဆင်ပြေတယ် တပွဲတပွဲကလဲနှစ်ယောက်သုံးယောက်လောက်စားလို့ရတယ် စျေးကလဲတန်မှတန် စွမ်းတို့ကတော့နှစ်ယောက်ထဲဆိုတော့မနည်းစားခဲ့ရတယ် ကဲမင်းလှက foodies တို့ရေ အပြေးလေးသွားစားလိုက်ပါဦးနော်
ကိုဗစ်ကာလာကြောင့် ပါဆယ်လေးတွေလဲ လိုက်ပို့ပေးတယ်လဲသိရတယ် ဆိုင်ရဲ့ page link လေးကိုအောက်မှာပေးထါးခဲ့မယ်နော်😁😁
အခုကိုဗစ်ကာလမှာ စွမ်းရဲ့သူငယ်ချင်းတွေ အပြင်ထွက်ရင် Mask တပ်ပါနော် Hand Sanitizer လေးတွေလဲဆောင်ထားဖို့မမေ့ကြပါနဲ့ ဒါဆိုနောက်မှပြန်ဆုံကြမယ်တာ့တာ😁😁
Spicy Double page link
https://www.facebook.com/346243086071759/posts/595209307841801/


Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Swan - Having Fun Together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swan - Having Fun Together:

Share