Let's travel with HTOO

Let's travel with HTOO Let's travel with motorbike! Travel around Myanmar!

🥰🥰Finally,we can do it!😄😄22,885 steps8:30 to 4:30 🙄🙄8 hours waking time 🥰🥰၇ မိုင် ၂ ဖာလုံ ခရီး ဝေးသလားနီးသလား🥵
15/08/2020

🥰🥰Finally,we can do it!
😄😄22,885 steps
8:30 to 4:30 🙄🙄
8 hours waking time 🥰🥰
၇ မိုင် ၂ ဖာလုံ ခရီး ဝေးသလားနီးသလား🥵

မသိဘူးတတ်မယ် တောင်တတ်မယ် အရင်ခရီးစဉ်တွေနဲ့မတူတဲ့ခြေလျင်တောင်တတ်ခရီးစဉ်လေးတခု မိုးရာသီ တောင်တတ်ခရီးစဉ်လေးပေါ့ အသစ်အသစ်တွေ...
14/08/2020

မသိဘူးတတ်မယ် တောင်တတ်မယ် အရင်ခရီးစဉ်တွေနဲ့မတူတဲ့
ခြေလျင်တောင်တတ်ခရီးစဉ်လေးတခု မိုးရာသီ တောင်တတ်ခရီးစဉ်လေးပေါ့ အသစ်အသစ်တွေတင်ဆက်ပေးဖို့ ကြိုးစားလျက်ပါ https://www.youtube.com/channel/UCfwFX82yE7A8S4tVSvoLfqg

19/07/2020

အမှိုက် အမှိုက် မရှိဖို့လိုတယ်
အမှိုက် မကောက်ချင်မပစ်နဲ့ စဉ်းစားဖို့လိုတယ်
တစမြင် တစကောက် ခေါင်းထဲအတွေးရောက်ကွယ်...
တို့ပတ်ဝန်းကျင်လှပဖို့ စိတ်လှဖို့လိုတယ်

03/07/2020

နီးနီးနားနားနဲ့ အပန်းဖြေလို့ရမယ့်
Sein Lae Tin Resort ကိုသွားလည်ကြမယ်...
Video ကိုအဆုံးထိကြည့်ပြီး Youtube Channel လေးကိုလဲ Subscribe လေးလဲ
လုပ်ပေးပါအုံး ❤ ❤
----------------------------------------
-->ကလင်...ကလင်း... စိမ်းလဲ့တင်ကို ခရီးထွက်ကြရအောင်......လို့ ဘော်ဘော်မိတ်ဆွေတွေဖုန်းဆက်လာတော့ စိမ်းလဲ့တင် Page လေးကို သွားလေ့လာခဲ့တာပေါ့ ....
အဲ့မှာ ဘာသွားတွေ့လဲဆိုတော့ ၁၅.၇.၂၀၂၀ ထိ ပေးထားတဲ့ စိတ်ဝင်စားစရာ Promotion လေးတွေတွေ့တာနဲ့ ပျော်ပါးစွာနဲ့ပဲ
စိမ်းလဲ့တင်ကို ခရီးထွက်ခဲ့တာပေါ့...📸📸

သန်လျင်ကနေ မနက် ၅ နာရီလောက်ထွက်ခဲ့ကြတာ...ဒီတခေါက်တော့အေးအေးဆေးဆေးနီးနီးနားနားဆိုတော့ ရန်ကုန်မြို့ထဲက မဖြတ်ပဲ သဘာဝအလှလေး
ခံစားရအောင် သန်လျင်ကနေ သုံးခွ -ခရမ်းကိုဖြတ်ပြီး ပဲခူး-သက္ကလ လမ်းအတိုင်း
မောင်းလာခဲ့တာပေါ့ ...ခရမ်းရောက်တော့
၆ နာရီ စွန်းစွန်းမှာ ခရမ်းရောက်တော့ မနက်စားစားရင်း ခဏ အနားယူ ဓာတ်ဖမ်းကြပေါ့ 😀 😀 ဒီလိုနဲ့ပဲ ခရီးဆက်ခဲ့တာ ၁၀နာရီလောက်မှာ စိမ်းလဲ့တင်ရောက်တာပေါ့ ... ရောက်တာနဲ့ Hotel Check in တန်းဝင်ပြီး အိပ်ယာထဲမှာ တန်းအနားယူတော့တာပါပဲ 😛 😛 ( ခရီးထွက်လာတာလား လာအိပ်တာလား မသဲကွဲဘူးလေ) ...အနားယူမလို့ စဉ်းစားတုန်းခရီးသွားဖော် ဓာတ်ပုံဝါသနာအိုးတွေက တံခါးလာခေါက်တော့ သူတို့ကိုလဲ ဓာတ်ပုံလိုက်ရိုက် ပေးရင်းနဲ့ တိရိစ္ဆာန်ရုံဘက်ခြေဆန့်ခဲ့တာပေါ့သူတို့ကတော့ ZipLine တွေလာတွေစီးနေချိန် ကိုကတော့ သူတို့ကို ဓာတ်ပုံရိုက်ပေးခဲ့တာပေါ့ 🙄🙄 ( အမှန်ကတော့ကို က မစီးရဲလို့ကျန်ခဲ့တာ) ညနေနေလေး အေးတော့ ရေကူးကန်မှာ သောင်းကျန်းဖို့ အချိန်ကျခဲ့ပေါ့ဗျာ🤭 ရေကူးလို့ဝတော့ အခန်းထဲဝင်ရေချိုးပြီး အဝတ်စားလဲပြီး ကျိုက်ထိုမြိုထဲထွက်ခဲ့ကြတယ်😇
မြို့ထဲ နဲ့ စိမ်းလဲ့တင်က သိပ်မဝေးတော့ဘူးကျိုက်ထီးရိုးလမ်းခွဲကျော်ကျော် မှာ ဘယ်ဘက်ခြမ်းကအရမ်းကိုစားလို့ကောင်းတဲ့
မွန်ထမင်းဆိုင်လေးမှာ ညစားခဲ့ရတဲ့
အရသာက ခုထိကိုမမေ့သေးဘူး 🥵🥵

အင်း...တနေကုန်းကဲလို့ဝပြီ ဆိုတော့
နောက်တနေ့ဆက်ကဲဖို့ Photo Shoot ဖို့ Plan ချရင်း အားအင်တွေမွေးဖို့ အေးချမ်းတဲ့ညလေးကို အိပ်စက်ရင်း အချိန်ကုန်ခဲ့တာပေါ့

နောက်နေ့မနက်မိုးလင်းတော့ မနက်စာကို အတင်းကုန်ရုန်းထပြီး စောစောသွားစားရတယ် (Covid ကာလဆိုတော့ ကိုလို Stay မ Home ချင်တဲ့လူတွေများသကို) ထမင်းစားပြီးတော့ ရေကူးပြီး နေ့လည်ပြန်ဖို့ အထုပ်အပိုးပြင်ပြီး Bicycle Line ဆိုလားမသိဘူးသူတို့ထပ်စီးကြပြန်တယ်...ကိုကတော့မစီးရပြန်ဘူး ထုံးစံအတိုင်း ဓာတ်ဖမ်းပေးရတယ်🙄🙄( ကြောက်လို့မစီးဘူးမထင်နဲ့ ပြီးရင် ကားမောင်းရမှာမို့ ခြေထောက်ကိုအနားပေးထားတာ) 😀 😀 ဒီလိုနဲ့ပဲ ပျော်စရာခရီးလေးကို အဆုံးသတ်ရင်း သန်လျင်ကို ည ၈နာရီလောက်မှာ ပြန်ရောက်ခဲ့ကြတာပေါ့....
သိပ်ကိုပျော်ရွှင်စရာ ခရီးတိုလေးကို ဝိုင်းပြီးဖန်တီးပေးတဲ့ မိတ်ဆွေဘော်ဘော်တွေကိုကျေးဇူးတင်ပါတယ်ခင်ညာ.......


➡️09966959494
➡️09760164045
➡️09666726832

https://www.facebook.com/lettravelwithHTOO/
https://www.youtube.com/watch?v=TIMxjB3RKgo

24/06/2020

၃ မိနစ်ကျော်စာ Video လေး နဲ့ စာလေးကိုဖတ်ရင်း ခရီးသွားရအောင် ❤ ❤
တောင်ပေါ်ဒေသလေးတခုဆီသို့ ❤ ❤
သန်လျင်မှသည် သံတောင်ကြီး(နော်ဘူဘော) သို့ အမှတ်တရများစွာဖြင့်ခရီးသွားခြင်းအနုပညာ တခုကို ဖန်တီးပုံဖော်ခဲ့ခြင်း 😀 😀 & NawBuBaw Trip Review

အဲ့အမှတ်တရတွေကို ပြောရရင်တော့ အများကြီးပဲ အယ်လယ် သန်လျင်ကစထွက်တော့ပဲ ၆ နာရီကျော်နေပြီ 😀 😀
အဲ့လိုနဲ့ပဲ မောင်းသွားရော သန်လျင်တံတားလဲ ကျော်ရော မိုးကလဲ ပေးတာဆိုတာ ရက်စက်ပါပေရဲ့ 😕 😕 ဘယ်အငြှိးနဲ့များရွာသလဲပေါ့ 😀 အမှန်ကတော့ ရွာချင်လို့ကိုရွာတာဗျာ 😛 😛

အဲ့တာနဲ့ ခရီအတူသွားမယ့် အကိုတ‌ရောက်နဲ့ ချိန်းထားတဲ့ ဒဂုံတက္ကသိုလ်ရှေ့သွား အဲ့ကနေမှ 0 Mile ရောက်သွားတယ်ပေါ့ အဲ နာရီဲကြည့်တော့ ၉း၃၀ ဗျာ 😀 😀 ဝါးတီလဲဆွဲ ဓာတ်လဲဖမ်း ပြီးကော ၁၀နာရီ မှာ Zero Mile ကနေစထွက်တာပေါ့ 😀 😀 အဲ့လိုနဲ့ လေဖမ်းဒါန်းစီးပြီး မောင်းလာရင်း ဆိုင်ကယ်တွေကလဲ အပြိုင်အဆိုင်ပျက်ကြတယ် သူပျက်ကိုယ်ပျက်နဲ့ ၁ နာရီလောက်မှာ ပိန်းဇလုပ် တိုးဂိတ်ရောက်တော့ အစာလဲ စာပြီဆိုတော့ ဝါးတီးဆွဲဖို့နားကြတယ်လေ။ပြန်ထွက်တော့ အသက်အကြီးဆုံး ဆိုင်ကယ်ဘိုးအေကြီးက လီဗာကြိုး ထောက်လို့ ပြင်ရင်နဲ့ ဟိုလုပ်ဒီလုပ်နဲ့
တောင်ငူမှာသူတို့ကိုစောင့်ရင်းတီးဆွဲပေါ့ ဒါနဲ့ ပဲ ဆိုင်ကယ်တွေလဲဆုံရော
သံတောင်ကြီးလဲတတ်မယ်လုပ်တော့ ညနေ ၆း၃၀ပြီဗျာ 😀 😛
တလမ်းလုံးလဲမိုးတွေက ရွာထားတော့ တောင်စတတ်ပြီး သိပ်မကြာပါဘူး
မြူကထ မိုးဖွဲဖွဲလေးက ရွာ ရှေ့ ၃ပေလောက်ထိတောင် ကောင်းကောင်းမမြင်ရဘူးဗျာ အဲလိုကနေ ပြူပြဲ ကြည့်ရင်းမောင်းလာလိုက်တာ တောင်ပေါ်ရောက်တော့ ၉း၀၀ နာရီ စွန်းစွန်းလေးဗျ ...တည်းဖို့နေရာလဲရောက် ၉း၃၀ ခွဲရော ဗျာ (အင်း ခုမှစဉ်းစားမိတယ်. .. မနက်ထွက်တော့လဲ ကိုး ညရောက်တော့လဲ ကိုး အတော်တော့ အကျိုးပေးတယ်ကိုးက 😀 😛 )

တနေ့ကုန်လဲ မိုးရွာတာကတကြောင်း ဆိုင်ကယ်တွေ ပြင်ရတာက တကြောင်းဆိုတော့ ပင်ပန်းပြီလေ တည်းမည့်နေရာရောက်တော့အမောပြေစေတာကတော့ တည်းခိုစရိတ်နဲ့ စားစရိတ်တွေ ဗျာ အရမ်းအဆင်ပြေပါတယ် 😀 😀 သောက်လိုက် စားလိုက်နဲ့ သူများတွေတော့ဘယ်ချိန်အိပ်လဲမသိ ကိုကတော့ အစောကြီးကို အိပ်ပျော်သွားတော့တာပဲ မခံစားနိုင်လို့
အဲ မအိပ်ခင်လုပ်သွားသေးတယ် မနက် ၆ နာရီထကြမယ်ဘာညာပေါ့
😛 😛 မနက်ကျတော့ ၇ နာရီတောင် မနည်း ကုန်းရုံး ထရတယ်တို့ဘာတို့

ပြင်ကြဆင်ကြနဲ့ မိုးလေးလဲ တိတ် နေလေးလဲထွက်တော့ ၈နာရီလောက်မှာ ဆုတောင်တောင်ပေါ် တတ်ကြတာပေါ့ 😀 😀 Biker တွေဆိုတော့ ဓာတ်ဖမ်းတာလဲသိပ်ဝါသနာမပါဘူး ရှုခင်းကလဲ လှ ဓာတ်ဖမ်းလို့ကလဲကောင်းတော့ တောင်အောက်ပြန်ဆင်းတော့ ၁၁ လောက်ဖြစ်ရောပေါ့ 🥵🥵

အဲတော့ အောက်ရောက်တော့ ပသိချောင်းဝင်ပြီး Biker ရေချိုးပွဲကြီးကျင်းပတာပေါ့ 😀 😀 အဲ့လိုနဲ့ အတူသွားတဲ့ အကိုအမျိုးတွေက ညောင်လေးပင်က အမျိုးရွာလေးမှာ နေ့လည်စာလား ညနေစာလားမသိပါဘူး
ညနေ ၅နာရီလောက်မှာစားပြီး အဲ့ရွာဘေးနားမှာ တာဝန်ကျနေတဲ့ ကို့မွေးစားအမေ ရှိတဲ့ကျောင်းလေးကိုသွားလည်ခဲ့တာပေါ့လေ 😀 😀
မွေးစားအမေက မုန့်ဖိုးလဲ မပေးလိုက်ဝူး 🤭စားလို့သောက်လို့ လည်လို့ဝတော့ ပြန်မောင်းလာကြတာ သန်လျင်လဲရောက်ကော ၁၁ ခွဲရောဗျာ
တော်သေးတာပေါ့ ၁၂ မထိုးသွားလို့ထိုးရင် အချုပ်ထဲဝင်နေရအုံးမယ်☺️☺️

တကယ်ကိုမှ အမှတ်ရစရာတွေ နဲ့ ဂရက်မျိုးစုံးနဲ့ ခရီးလေးတခုဖြစ်နေခဲ့ပါတယ် ရွာက ကြက်နှစ်ကောင်ချက်ကျွေးတာလဲ မမေ့ပါဘူး 🤣🤣

ဆိုင်ကယ် တွေကတော့( အသက်အကြီးဆုံးကနေစစီထားတယ်)


*2



အဲ့ ၇စီမှာလေးစီးက ကို့ထက် အသက်များစွာကြီးတယ် 😀 😛
ကျနော်စီးဖြစ်ခဲ့တာလေးကတော့ (Red Edition ) လေးပါ Red ဆိုတော့ အသားမဲ အရဲဆင်ဆိုသလိုပေါ့ 🙄🙄
အသားမဲလေးကို အရဲဆင်ပေးတဲ့ Marvel ကိုကျေးဇူးဘာာာာ 😀😝

➡️09966959494
➡️09760164045
➡️09666726832

https://www.facebook.com/lettravelwithHTOO/

တချက်လွဲတာနဲ့ ဘဝနဲ့ရင်းရမယ့် adventure  မျိုးလိုချင်ရင်ဒီချိန် သံတောင်ကြီးကို ခရီးထွက်ပါ LOL 😝😝 မြူကထ ပြူးပြဲကြည့်
20/06/2020

တချက်လွဲတာနဲ့ ဘဝနဲ့ရင်းရမယ့် adventure မျိုးလိုချင်ရင်ဒီချိန် သံတောင်ကြီးကို ခရီးထွက်ပါ LOL 😝😝 မြူကထ ပြူးပြဲကြည့်

ဆိုင်ကယ်တောင်တတ် ခရီးတွက် Ready!ဟင်းလဲ ကျက်ပြီဆိုတော့ကား 😆😆😆
19/06/2020

ဆိုင်ကယ်တောင်တတ် ခရီးတွက် Ready!
ဟင်းလဲ ကျက်ပြီဆိုတော့ကား 😆😆😆

Address

Thanlyin

Telephone

+959966959494

Website

Alerts

Be the first to know and let us send you an email when Let's travel with HTOO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Let's travel with HTOO:

Share