Authentic Myanmar Outbound Tours

Authentic Myanmar Outbound Tours Since 2017
https://linktr.ee/authenticmyanmaroutbound

"Comfort to destination"

သုဝဏ္ဏ VIP -1
သံသုမ္မာလမ်းမကြီးအတိုင်းလာပါ။
စရည်းပင်လမ်းလမ်းထဲ ချိုးကွေ့ပါ။
ယင်းမာမြိုင်လမ်း ဆိုင်းဘုတ်တွေ့ရင် ညာဘက်ကိုချိုးပါ။ ယင်းမာမြိုင်လမ်း နဲ့ ကံကော်မြိုင်လမ်းထောင့်မှ ခြံအမှတ်-၂၅၂ နှင့် ရုံးဆိုင်းဘုတ်ကို တွေ့လျှင် ရောက်ပါပြီ။

15/06/2025
27/04/2025



သီးသန့် ခရီးစဉ်များအတွက် ဆက်သွယ်ရန်
Viber +33 6 10 14 23 81

ပြင်သစ်ပြည် အလယ်ပိုင်း Loire ဒေသရဲ့ အလှဆုံး ရဲတိုက် နဲ့ ကျောက်ဆောင်တွေ Trekking သမားတွေ သွားလာ လည်ပတ်ကြတဲ့ နေရာပါသီးသန့်...
27/04/2025

ပြင်သစ်ပြည် အလယ်ပိုင်း Loire ဒေသရဲ့ အလှဆုံး ရဲတိုက် နဲ့ ကျောက်ဆောင်တွေ Trekking သမားတွေ သွားလာ လည်ပတ်ကြတဲ့ နေရာပါ

သီးသန့် ခရီးစဉ်များအတွက် ဆက်သွယ်ရန်

What’s up business
+33 6 20 14 23 81

27/04/2025

Ester Holidays မှာ Bouthéon မြို့က ရဲတိုက်ကြီး နဲ့ ပန်းခြံ ကို လေ့လာခဲ့တယ်
27/04/2025

Ester Holidays မှာ Bouthéon မြို့က ရဲတိုက်ကြီး နဲ့ ပန်းခြံ ကို လေ့လာခဲ့တယ်

Easter Holidays ကာလ မှာပြင်သစ်ပြည် အလည်ပိုင်းဒေသက၁၄ ရာစုက တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးကို လေ့လာတယ်
27/04/2025

Easter Holidays ကာလ မှာ
ပြင်သစ်ပြည် အလည်ပိုင်းဒေသက
၁၄ ရာစုက တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးကို လေ့လာတယ်

ခရီးသွားရင် ဒေသဆိုင်ရာ ရာသီဥတု ရိုးရာ ပထဝီ သမိုင်းတွေ လေ့လာရာတာ စိတ်ဝင်စားစရာ ကောင်းသလို ဒေသထွက် အစားအသောက် တွေလည်း သိဖိ...
19/01/2025

ခရီးသွားရင် ဒေသဆိုင်ရာ ရာသီဥတု ရိုးရာ ပထဝီ သမိုင်းတွေ လေ့လာရာတာ စိတ်ဝင်စားစရာ ကောင်းသလို ဒေသထွက် အစားအသောက် တွေလည်း သိဖို့ လိုတယ် မဟုတ်ပါလား

နိုင်ငံခြားသားများတဲ့ ပေါ်တူဂီရိုးရာ စားသောက်ဆိုင်တွေမှာ မမှာထားပဲ စားပွဲပေါ် လာချထားတဲ့ အစားအသောက် ပန်းကန် အကြောင်း ပြောပြချင်တယ်

ပေါ်တူဂီစကားနဲ့ “couvert » / ကြိုတင်ပွဲ လို့ အမည်တွင်တယ်

မြန်မာပြည်က လဘက်ရည်ဆိုင်တွေမှာ စမူဆာာ
ပေါက်စီ လာချတဲ့ သဘောတရားနဲ့ တူတယ်
မစားချင်ရင် မရှင်းချင်ရင် ပြန်ဖယ်ပေးပါလို့ ငြင်းရုံပါပဲ..
စားပြီးသွားရင်တော့ ဘေလ်ထဲ ထည့်ထားတဲ့ ကျသင့်ငွေ ရှင်းရမှာပေါ့
သူ့အရပ် သူ့ဓလေ့ပေါ့နော်..

ဒေသစာကတော့ ပင်လယ်စာ ငါး ပုဇွန် ကင်းမွန်ပါတဲ့ ဟင်းတွေကို ပုံစံမျိုးစုံ စီမံ ချက်ပြုတ်ရောင်းကြတယ်
သံလွင်ဆီက စားပွဲတိုင်း မပါမဖြစ်ပဲ…
ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး သံလွင်ဆီ အကောင်းစားထုတ်လုပ်တဲ့ နိုင်ငံဖြစ်သကိုး…
သံလွင်ဆီဆိုက ပေါ်တူဂီက လို့တောင် စကားရပ်ရှိတယ်
ကမ္ဘာ့အကောင်းဆုံး Sardines ဗူးတွေကလည်း သံလွင်ဆီ နဲ့ ရောနှပ်ထားတဲ့ ပေါ်တီဂီ ရိုးရာ အစားအသောက်တွေပါ

ရိုးရာဆိုင်တွေ သွားစားတဲ့အခါ ဒေသထွက်ဝိုင်ကို 🫙 Jar နဲ့လာချပေးကြတယ်

ဥရောပ တစ်ခြား နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အစားအသောက် စျေးလည်း ၂၀% လောက် သက်သာတယ်…

ဆက်ရန်…

သတိုးသူဇာအောင်



The National Palace of Sintra (Palácio Nacional de Sintra)၁၀ ရာစုက တည်ဆောက်ခဲ့တယ်လို့ သိရတယ်Sintra National Palace ရှေ့မ...
19/01/2025

The National Palace of Sintra (Palácio Nacional de Sintra)

၁၀ ရာစုက တည်ဆောက်ခဲ့တယ်လို့ သိရတယ်

Sintra National Palace ရှေ့မှာ ရိုက်ထားတာပါ
အဆောက်အဦးက အနောက်က အမိုးချွန်တွေကပဲ ပိုလှပါတယ်… တောင်ကုန်းပေါ်မှာ ဆောက်ထားတာမို့ အမိုးချွန်မြင့်တွေကို တောင်တွေကြားက မြင်ရတာ တစ်အားလှပါတယ်
ရှေ့ကတော့ ဟင်းလင်းပြင်ကြီးနဲ့ လုံးဝ မလှပါဘူး
အတွင်းပိုင်းကလည်း သပ်သပ်ရပ်ရပ် သန့်ရှင်းအောင် ပြုပြင်ထားပေမယ့် စိတ်ဝင်စားစရာ သိတ်မရှိလှပါဘူး

ရှေ့က ရင်ပြင်ရဲ့ ရောင်စုံချယ် နေအိမ် အဆောက်အဦးတွေရယ် စားသောက်ဆိုင်ခန်းတွေရယ်ကတော့ လှပတဲ့အပြင် postcard နဲ့ တောင် တူပါတယ်….

ဆက်ရန်.....

သတိုးသူဇာအောင်

Monserrate Palace (Palácio de Monserrate) ၁၉ ရာစုက ဆောက်လုပ်ခဲ့တဲ့ အိမ်တော်ရာပါခေတ်အဆက်ဆက်က သူဌေး အဆင့်ဆင့် ပြောင်းခဲ့တာ...
18/01/2025

Monserrate Palace (Palácio de Monserrate)

၁၉ ရာစုက ဆောက်လုပ်ခဲ့တဲ့ အိမ်တော်ရာပါ

ခေတ်အဆက်ဆက်က သူဌေး အဆင့်ဆင့် ပြောင်းခဲ့တာမို့ Gothic Moorish Indian Style အမျိုးမျိုး ပေါင်းစပ် ထားပါတယ်

ပထမ ဦးဆုံး အိမ်တော်ရာကို ၁၅ ရာစုမှာ Lady of Monserrate ( မယ်တော် မာရီ) အတွက် တည်ဆောက်ခဲ့တာမို့ ဒီနေရာက သူမ အမည်တွင်နေတာပါ

ပျက်စီးသွားတဲ့ တရားစခန်း နားနေဆောင် နေရာမှာပဲ လက်ရှိ အိမ်တော်ရာကို တည်ဆောက်ခဲ့တယ်

အတွင်းပိုင်း တစ်ခုလုံးက စကျင်ကျောက် အကောင်းစားတွေ နဲ့ တည်ဆောက်ထားပြီး ပေါ်တူဂီ လက်မှု့ပညာတွေထဲက ကမ္ဘာကျော် ကြွေအခင်းပြားတွေနဲ့ တန်ဆာဆင်ထားပါတယ်

ပန်းပု ပန်းတမော့ လက်ရာတွေနဲ့ တိုင်လုံးတွေကလည်း ခန်းနား လှပတယ်

အဆောက်အဦး ရှေ့က ရေပန်း ဒီဇိုင်းရယ်
မြက်ခင်းကျယ်ကြီးတွေရယ်
ရေတံခွန် ဖန်တီးထားတာတွေက အိမ်တော်ရာ နဲ့ လိုက်ဖက်ပါတယ်

ယနေ့ ခရီးစဉ်ရဲ့ အလှဆုံး နေရာ ဖြစ်ပါတယ်

ဆက်ရန်….

Sintra မြို့ကို လည်ပတ်နေတာပါအခု နေရာက Sintra တောင်တန်းတွေ ထိပ်ပေါ်မှာ တည်ရှိနေတဲ့ Moorish ရဲတိုက်ပါ၈ ရာစုက တည်ဆောက်ခဲ့တဲ...
18/01/2025

Sintra မြို့ကို လည်ပတ်နေတာပါ

အခု နေရာက Sintra တောင်တန်းတွေ ထိပ်ပေါ်မှာ တည်ရှိနေတဲ့ Moorish ရဲတိုက်ပါ

၈ ရာစုက တည်ဆောက်ခဲ့တဲ့ ရဲတိုက် သုံးခု အနိမ့်အမြင့် သုံးခု အတန်းလိုက် တည်ရှိလို့ အပေါ်စီးရောက်ရင် တောင်တန်းကြီးတွေရယ် တံတိုင်းတွေရဲ့ သိတ်ပနံ့ရပါတယ်
အရင်ခေတ်တုံးကတော့ တိုင်းပြည် ကာကွယ်ရေး ခံတပ်နေရာတွေပေါ့

၁၉ ရာစုနှစ်မှာ နန်းတက်တဲ့ ဘုရင်ခေတ်မှာ ရဲတိုက်တွေရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ Landscape တွေကို သေချာ ပြုပြင်ထားခဲ့လို့လည်း မြင်ကွင်းတွေက ထင်ရှား မြင်သာပြီး လှနေတာပါ

Tok-Tok Private Tour တွေ ရှိသလို Hop-on Hop-off ကားလည်း ရှိနေတော့ လာလည်ရတာ အဆင်ပြေပါတယ်

တောင်ပေါ်လမ်း ကွေ့လမ်းတွေ တစ်အားများတဲ့ အတွက် ကားမောင်း သိတ်ကျွမ်းကျင်ဖို့ လိုပါမယ်

ဆက်ရန်….


The Castelo de São Jorge (Saint George’s Castle) မနေ့က နောက်ဆုံး လည်ပတ်ခဲ့တဲ့ နေရာပါနေဝင်ချိန်ကြည့်ဖို့ အကောင်းဆုံး နေရာ...
18/01/2025

The Castelo de São Jorge (Saint George’s Castle)

မနေ့က နောက်ဆုံး လည်ပတ်ခဲ့တဲ့ နေရာပါ
နေဝင်ချိန်ကြည့်ဖို့ အကောင်းဆုံး နေရာလို့လည်း ဆိုရပါမယ်

Lisbon မြို့ရဲ့ အမြင့်ဆုံး တောင်ကုန်းပေါ်မှာ တည်ရှိလို့ Tagus မြစ်ကျော တစ်လျှောက်လုံးရဲ့ Parnoramic View နဲ့ မြို့အနေအထားကို နောက်ကျော အပေါ်စီးကနေ မြင်ရပါမယ်

၆ ရာစုထဲက တည်ရှိနေတဲ့ ရဲတိုက်မလို့ Romas Visigoths နဲ့ Moors လူမျိုး အဆက်ဆက် အုပ်ချုပ်နေထိုင်ခဲ့ကြတယ်

ခေတ်အဆက်ဆက်ကနေ ယနေ့အထိ အစိုးရပိုင်းဆိုင်ရာတွေ အခမ်းအနားတွေ ပွဲလမ်းသဘင်တွေ ကျင်းပတဲ့ နေရာပေါ့

ရဲတိုက် ပတ်လည်မှာ အမှိုက်တစ်စတောင် မရှိတဲ့ သန့်ရှင်းရေး ဂရုစိုက်မှု့က ချီးကျုးစရာ သိတ်ကောင်းပါတယ်

ရဲတိုက်အတွင်းပိုင်းမှာ ရှေးခေတ်က အသုံးအဆောင်တွေ ပြသထားတယ်

ဒေါင်းတွေ မွေးထားတာလည်း တွေ့ရတယ်
ဒေါင်းတွေ အော်သံက ကြောင်တွေ မိတ်လိုက်ချင်လို့ အော်တဲ့ အသံနဲ့ တူနေတာ အံ့ဩစရာပဲ 🤭

နေဝင်ချိန် မတိုင်ခင် နာရီဝက်လောက် ကြိုရောက်မှသာရဲတိုက်ပတ်လည် လည်ပတ်ရတာ ပြည့်စုံမှာပါ

အချိန်စောရောက်ရင် ရဲတိုက် အောက်မှာ ရောင်းချတဲ့ ဒေသ ထွက် “ဝိုင်အပူ” ကို မြည်းစမ်းပေါ့

နေဝင်ချိန်ဆို အကျည်းတန်တွေတောင် လှတယ်ဆိုပဲ

အသက်ကြီးပြီး အချိန်စီးတဲ့ သူပုံကို တွဲတင်ထားပါတယ် 😻

ဆက်ရန်….

သတိုးသူဇာအောင်

18/01/2025

Sanctuary of Christ the King (Santuário de Cristo Rei)

မနေ့က လည်ဖြစ်ခဲ့တဲ့ နေရာတွေက ယခု ခရီးစဉ်ရဲ့ Highlight attraction တွေပါပဲ

မြစ်တစ်ဘက်ကမ်း Almada မြို့အထိ သွားရပါတယ်

ပေါ်တူဂီနိုင်ငံရဲ့ အထင်ကရ လမ်းညွှန် သင်္ကေတ နေရာ တစ်ခုလို့လည်း ဆိုရပါမယ်

Lisbon မြို့ဟာ ယေရှုခရစ်တော်ရဲ့ မေတ္တာနှင့် ကာကွယ်စောင့်ရှောက်မှုခံယူခွင့် ရနေတယ်လို့ မြို့သူ မြို့သားတွေက ယုံကြည်ကြတယ်

ပြင်သစ်အများစု ဘာသာရေး အားနည်းသလောက် ပေါ်တူဂီ အများစုက ဘာသာရေး ကိုင်းရှိုင်းကြတယ်…
ဒီမိုကရေစီ စနစ် စတင်ခဲ့တဲ့ အချိန်ကာလတွေပေါ်မှာ မူတည်ပြီး နိုင်ငံ နဲ့ လူမျိုးတွေရဲ့ အတွေးအမြင်တွေ မတူညီတဲ့ သဘောပေါ့ ( ဒီ အကြောင်းရင်းကတော့ စာအုပ်တစ်အုပ်စာ ရေးမှ ပြည့်စုံမှာပါ- စကားချပ်)

ဘရာဇီးမှာ ခရစ်တော် ရုပ်ထုကြီး တည်ဆောက်ထားတဲ့အတိုင်း ပေါ်တူဂီ ဘုန်းကြီးတွေကလည်း Lisbon မှာ ခရစ်တော် ရုပ်ထုကြီး တည်ဆောက်ချင်ကြတယ်…
၁၉၃၀ ကာလဆိုတော့လည်း ဘာသာရေး ရုပ်ထုအကြီးကြီးတွေ တည်ဆောက်လေ ကုသိုလ် ပိုရလေ ဆိုတဲ့ အတွေးအခေါ်တွေ လွှမ်းမိုးခဲ့တာပေါ့

Salazar အာဏာရ အုပ်ချုပ်နေတဲ့ ကာလဆိုတော့ စစ်ပွဲ ကာလမှာ “ဘက်မလိုက် ဝါဒ” ကျင့်သုံးဖို့ ကြေညာလိုက်တယ်…

( မြန်မာပြည်က ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်ရေး ကာလလိုပေါ့ / Salazar အကြောင်းကလည်း သိတ် စိတ်ဝင်စားဖို့ ကောင်းတယ် - စာမျက်နှာ ၂၀ လောက် ရေးမှ ပြည့်စုံမှာပါ - စကားချပ်)

Salazar စီမံ ခန့်ခွဲမှု့တွေထဲမှာ တစ်ဖက်ကလည်း ဂျုးလူမျိုး အများအပြားကို ဂျာမနီ စစ်သုံးပန်းမခံရဖို့ နိုင်ငံတွင်းမှာ ခိုလှုံခွင့်ပေးခဲ့တယ်… Salazar ရဲ့ သံတမာန် နည်းလမ်းတွေ မှန်ကန်ခဲ့လို့ နိုင်ငံဟာ စစ်ဒဏ် ကင်းဝေးခဲ့တယ်လို့ ဆိုရမယ်

ပေါ်တူဂီနိုင်ငံ စစ်ပွဲ မကြုံပဲ လွတ်မြောက်စေတဲ့ အတွက် ကျေးဇူးတင်ပွဲ အနေနဲ့ တည်ဆောက်ခဲ့တဲ့ ရုပ်ထုလို့ သိရတယ်

သို့ပေမယ့် ပထဝီဝင် အနေအထားအရ ဥရောပ အစွန်းဘက်မှာ တည်ရှိတာရယ် အတ္ထလန္ထိတ် သမုဒ္ဓရာရယ် ကြောင့်လည်း စစ်ပွဲတွေကြားက လွတ်မြောက်တဲ့ သဘောပေါ့

၁၉၄၉ ကနေ ၁၀ နှစ်တိုင် တည်ဆောက်ခဲ့တဲ့ ဒီရုပ်ထုကြီးရဲ့ အပေါ်ပိုင်းကို ဓါတ်လှေကား နဲ့ တက်လို့ရတယ်

အောက်ခြေကတင် အမြင့်တောင် ၁၁၀ မီတာ ရှိတာမို့ Lisbon မြို့ မြင်ကွင်းကို အပေါ်စီးက မြင်ရတယ်..
အပေါ်ထပ် ၈၂ မီတာ ရောက်ရင်တော့ တကယ့်ကို လှပတဲ့ မြင်ကွင်းပါပဲ
လှလွန်းလို့ တစ်ခြားနေရာတွေ လည်ဖို့ မေ့နေပြီး အချိန်ကြာကြာ နေမိမယ့် နေရာပါ

နိုင်ငံအနှံ့က ခရစ်ယာန်ဘာသာဝင်တွေက အထွက်အမြတ်ထား လာရောက်ဆုတောင်းကြတာမို့ စကား တိုးတိုးပဲ ပြောရတယ် အလှုငွေ ထည့်ပြီး လျှပ်စစ်နဲ့ ဖယောင်းတိုင် 🕯️အတုထွန်းလို့ရတယ် ဘုရား ဝတ်ပြုခန်းလည်း စီမံပေးထားတယ်

ကျွန်မလည်း ဖယောင်တိုင်ထွန်း ဆုတောင်းပါတယ်
ကျွန်မ လည်ပတ်ခွင့်ရတဲ့ ဘာသာရေး အဆောက်အအုံတွေမှာ ကမ္ဘာ့ ခရီးသွားတွေ အဆင်ပြေချောမွေ့စေကြောင်း ဆုတောင်းလေ့ ရှိပါတယ်

နိုင်ငံတိုင်း လူမျိုးတိုင်းရဲ့ ခရီးသွားတွေဟာ ကျွန်မရဲ့ 🙏ကျေးဇူးရှင်တွေပါ 🙏

ဆက်ရန် ….

သတိုးသူဇာအောင်


Address

Thingangyun

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+33610142381

Alerts

Be the first to know and let us send you an email when Authentic Myanmar Outbound Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Authentic Myanmar Outbound Tours:

Share

Category

Our story

ခရီးသွားချစ်သူများ မင်္ဂလာပါရှင့်

ခရီးသွားကုမ္ပဏီနှင့် ဆက်သွယ်ပြီး နိုင်ငံရပ်ခြားကိုသွားရောက်သည့်အခါ ယုံကြည်မှု့ကဏ္ဍသည် အရေးကြီးသည့်အတွက် မိတ်ဆက်ခြင်းဖြင့် စတင်ပါရစေ။

Authentic Myanmar Outbound Tours ကို တည်ထောင်သူ ဒေါ်သတိုးသူဇာအောင် သည် ၁၉၉၅ ခုနှစ်မှ စတင်၍ ခရီးသွားလုပ်ငန်း ကို စတင်ဝင်ရောက်ခဲ့ပါတယ်။

၁၉၉၇ မှာ ပါရီမြို့၊ ဆော်ဘွန်းတက္ကသိုလ်မှ ပြင်သစ်ဘာသာအနုစာပေ၊ ၂၀၀၄ ခုနှစ်တွင် ဘာစီလိုနာမြို့၊ စပိန်နိုင်ငံရှိ အစိုးရကျောင်းတွင် စပိန်ဘာသာရပ် နှင့် ၂၀၁၅ ခုနှစ်တွင် ပါရီမြို့ ၊ စီးပွားရေးတက္ကသိုလ်တွင် စီးပွားရေးဆိုင်ရာဘာသာရပ်ကို သင်ယူ အောင်မြင်ခဲ့ပါတယ်။ ပြင်သစ်၊ စပိန်ဘာသာဧည့်လမ်းညွှန်အဖြစ် ၁၂ နှစ်တိုင်တိုင် အသက်မွေးဝမ်းကြောင်းပြုပြီးသည့်နောက် ၂၀၀၇ ခုနှစ်တွင် ကိုယ်တိုင်ခရီးသွား ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ယနေ့အချိန်မှာ Authentic Myanmar Inbound Tours ခရီးသွား ကုမ္ပဏီဟာ မြန်မာပြည်သို့ ရောက်ရှိလာသော ကမ္ဘာ့ခရီးသွား ထောင်ဂဏန်းကျော်ကို နှစ်စဉ် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ပါတယ်။