PVTV

PVTV နိုင်ငံရေး စီးပွားရေး လူမှုွရေး

29/08/2022

ဒရုန်းတိုက်ခိုက်ရေးတပ်တွေကို အထောက်အကူပြုနိုင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက Project Skywalk လုပ်ဆောင်မယ်
ဩဂုတ် ၂၉ ၊ ၂၀၂၂

ဒရုန်းတိုက်ခိုက်ရေးတပ်တွေကို အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ရန်ပုံငွေရှာဖွေဖို့အတွက် Project Skywalk ကို လုပ်ဆောင်ပါတော့မယ်။

Project Skywalk ကနေ အမေရိကန်ဒေါ်လာ တစ်သန်း အနည်းဆုံးရဖို့အတွက် မျှော်မှန်းထားတာဖြစ်တယ်လို့လည်း သိရ ပါတယ်။

Project Skywalk အတွက် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို OFP အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ကမ်ပိန်းအမြန်ဆုံး အောင်မြင် စေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေ၊ PVTV အပါအဝင် လွတ်လပ်တဲ့ တော်လှန်ရေး မီဒီယာတွေ၊ မြေပြင်ဒရုန်းတပ်ဖွဲ့တွေ၊ အနုပညာရှင်တွေ၊ လူမူကွန်ရက်ပေါ်က ထင်ရှားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မျှော်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ တစ်သန်းကျော်က တိုက်ပွဲဝင်နေတဲ့ drone squad တွေအတွက် မဟာဗျုဟာကျတဲ့ ပစ္စည်းတွေကို အတိုင်းအတာ တစ်ခုအထိ ထိထိရောက်ရောက် တပ်ဆင်ပေးနိုင်တဲ့ ပမာဏဖြစ်တယ်လို့ ဆိုထားပါတယ်။

Project Skywalk ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်တာဖြစ်ပြီး ကာကွယ်ရေး ဒုဝန် ကြီး နိုင်ကောင်းရွက် ဦးဆောင်ကာ ဘဏ္ဍာရေးနဲ့ ပြည်သူ့ဆက်ဆံရေး အဖွဲ့တို့ ဦးစီးပြီး ပြုလုပ်တာပါ။

Project Skywalk ဆိုတာ မြေပြင် ဒရုန်းတိုက်ခိုက်ရေးတပ်တွေကို လက်ရုံးတပ်တွေအဖြစ် စုစည်းပြီး ဟန်ချက်ညီညီ စစ် ဆင်ရေးပုံဖော်လာနိုင်ရေးအတွက် အထောက်အကူပြုစေမယ့် ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်လည်း ဖြစ်ပါတယ်။

ဒီပရောဂျက်ကို လုပ်ဆောင်ဖြစ်တာကတော့ ၂၀၂၂ ခုနှစ် ပထမ လေးလပတ်အစီရင်ခံစာအရ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို အထိနာစေခဲ့တဲ့ စစ်ဆင်ရေး တွေထဲမှာ ဒရုန်းစစ်ဆင်ရေးတွေလည်း အပါအဝင်ဖြစ်တဲ့ အတွက်ကြောင့် ဆိုထားပါတယ်။

ဒရုန်းတွေကို တိုက်ခိုက်ရေး တစ်ခုတည်းအတွက်သာ မကဘဲ ကင်းထောက်တာနဲ့ ဝါဒဖြန့်ချီရေးကဏ္ဍတွေမှာပါ အသုံးပြုနိုင်တာဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးမှာ အလှည့်အပြောင်းတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒရုန်းတွေရဲ့ အရေးပါမှုကို မြေပြင် တိုက်ပွဲတွေကိုကြည့်ရင်တွေ့ရမှာဖြစ်တယ်လို့လည်း Project Skywalk ပရောဂျက်က ပြောထားပါတယ်။



Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

ဩဂုတ် ၂၆ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု=====================================⚠ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် လ...
27/08/2022

ဩဂုတ် ၂၆ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
=====================================

⚠ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် လက်ပံတောင်းတောင်စီမံကိန်းမှ ကြေး နီသယ်ကားများကို လုံခြုံရေးယူပေးရန် ထွက်လာသည့် ရဲ ၈ ဦးကို ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။ ယနေ့ နံနက်ပိုင်း ကြေးနီသယ်မည့် ကားများကိုလုံခြုံရေးယူပေးရန်နှင့် မိုင်းရှင်းလင်းရန် တပ်ကျိုးကုန်းနှင့် ရဲတပ် ရင်း၂၈ မှထွက်လာသော ရဲ ၈ ဦးကို ပုသိမ်-မုံရွာလမ်း မြောက်ယမားတံတားနှင့် ရဲတပ်ရင်း ၂၈ အကြား မိုင်း ကွင်းထဲဝင်ကာ မိုင်းများကိုဖြုတ်ရန် ပြင်ဆင်နေစဉ် မဟာမိတ်ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ဦး နေရာတွင်ပင် သေဆုံးကြောင်း၊ ကျန် ၅ ဦးဒဏ်ရာရရှိကြောင်း Regional Friend Fighters(RFF)ထံမှ သိရှိရပါတယ်။

⚠ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း​ဒေသရှိ မင်းရွာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များနှင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်မှ စစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၂၁ ဦးခန့် သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရပါတယ်။ အကြမ်းဖက် စစ်တပ်သည် မင်းရွာကျေးရွာတွင် တပ်စွဲထားသည်မှာ ၁ လကျော်ခန့်ရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၁ ဦးခန့်သေဆုံးခဲ့ကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း၊ PDF မဟာမိတ်များဘက်မှ ရဲဘော် ၆ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရပါတယ်။

⚠ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာ လမ်းမှားလာတဲ့ စစ်ကောင်စီတပ်သား သူရိန်ကို လက် နက်နှင့်အတူ အရှင် ဖမ်းဆီးရမိကြောင်း Khin-U Dynamite Squadမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။ ဩဂုတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီအချိန် ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

⚠ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦးသည် အရပ် ဝတ်ဖြင့် ဝင်ရောက်လာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းစဉ် တိုက်ခိုက်ပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရပါတယ်။ အဆိုပါ သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏ လက်မောင်းတံဆိပ်သည် ဧရာ၀တီတိုင်း( အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်) တံဆိပ်ဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်ထံမှသိရပါတယ်။ မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မြိုင်-ပခုက္ကူလမ်းပိုင်းတွင် စစ် ဆေးရေးများပြုလုပ်နေစဉ် အဆိုပါ ဒုဗိုလ်မှုးကြီးကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊ အခြေအနေ အကြောင်း ကြောင်း ကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတာဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောဆိုထားပါတယ်။

မနက်ဖြန် တနင်္ဂနွေနေ့ ည (၈)နာရီမှာ ဆန်ရေအတွက် Live လေး ရှိပါတယ်။ ဆန်ရေပရော့ဂျက်အကြောင်း၊ ပြီးတော့ အမေနဲ့ အမေ့သားကြားက At...
27/08/2022

မနက်ဖြန် တနင်္ဂနွေနေ့ ည (၈)နာရီမှာ
ဆန်ရေအတွက် Live လေး ရှိပါတယ်။

ဆန်ရေပရော့ဂျက်အကြောင်း၊ ပြီးတော့ အမေနဲ့ အမေ့သားကြားက Attachment လေးတွေအပေါ် ခံစားချက်လေးတွေကို ကလေးအမေသုံးယောက်က ဆွေးနွေးပြောဆိုကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲလေးကို စောင့်မျှော်နားထောင်ရင်း ဆန်ရေလက်မှတ်လေးတွေ အားပေးကြပါဦးနော်။

လက်မှတ်ဝယ်ယူရန် 👇

https://www.springsignature.net

မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပေးဆပ်ခဲ့ရတဲ့ မိခင်အတွက် ဆန်ရေ ...

17/07/2022

ဇူလိုင်လ ၁၇ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနေ့ ( International Day of Justice )ဖြစ်ပေါ်လာပုံအကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရားကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအား အမြန်ဆုံးအရေယူနိုင်ရန် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးဝင်းမှ ပြောကြားခဲ့သည်။https://www.facebook.com/pvtvmyanmar/videos/568588034719216/

ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို အရည်အချင်းစိစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အစိုးရအဖွဲ့အစည...
13/07/2022

ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို အရည်အချင်းစိစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြထား
ဇူလိုင် ၁၂ ၊ ၂၀၂၂

ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေအတွက် အရည်အချင်းစိစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က “အဆိုပါကော်မတီအနေဖြင့် တော်လှန်ရေးကာလအတွင်း ပြည်သူ့ရဲတပ်ဖွဲ့ကို ဝင်ရောက်အမှု ထမ်းလိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုဆောင်းပြီး လူထုဘဝ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်ရန်၊ ရဲတပ်ဖွဲ့ဝင်သစ်များ တာဝန်ပေးအပ်နိုင်မှုကအစပြုပြီး တော်လှန်ရေးကို အရှိန် မြှင့်တင်ဆောင်ရွက် လျက် ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်တည်ဆောက်ရေးအတွက် အထောက်အပံ့ပြုရန် ရည်ရွယ်ထားတာ၊ တော်လှန်ရေးကာလဖြစ်တဲ့အလျောက် အကြမ်းဖက်စစ်ကောင်စီရဲ့ အန္တရာယ်ရန်စွယ်မှ ကာကွယ်ပေး ပြီး ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံရေးပေးနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အားသွန်ခွန် စိုက်ဆောင်ရွက်နိုင် ရေးအတွက် လိုအပ်နေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒါအပြင် ပြည်သူ့ရဲတပ်ဖွဲ့ကို ဝင်ရောက်အမှုထမ်းရွက်လိုတဲ့ ရဲတပ်ဖွဲ့အသစ်တွေကို ခန့်အပ်နိုင်ရေးအတွက် အရည် အချင်း စစ်ဆေးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရတာဖြစ်တယ်ဆိုတာနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ဥပဒေ အခန်း(၄) ပုဒ်မ၇(က) အရ အရည်အချင်း စစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းရန် ပြင်ဆင်ဆောင်ရွက်ရတာဖြစ်တယ်ဆိုပြီးတော့ ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးခဲ့တာပါ။

ကော်မတီဖွဲ့စည်းပြီးတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အထူးအုပ်ချုပ်ရေး ဒေသတွေမှာ မြို့နယ်ရဲတပ်ဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်ပြီး လူထုဘဝ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖက်ဆစ်အကြမ်း ဖက် လုပ်ရပ်တွေကို တရားဥပဒေနဲ့အညီ အရေးယူပစ်ဒဏ်ချမှတ်သွားနိုင်ရေး ကိစ္စတွေကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ရဲ့ တင်ပြဆွေးနွေးချက်တွေကို အစိုးရအဖွဲ့ဝင်တွေက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ ကြပြီးတော့ အဲဒီအကြံပြုချက်တွေကို ထည့်သွင်းပြီး မကြာခင်အချိန်မှာ အရည်အချင်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်း သွားမှာဖြစ်တယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။



Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgအီဒွလ် အဿွ်ဟာ (ကုရ်ဗာနီအီးဒ်) နေ့မြတ်သို့...
10/07/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
အီဒွလ် အဿွ်ဟာ (ကုရ်ဗာနီအီးဒ်) နေ့မြတ်သို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ

၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၀) ရက်
၁။ ယနေ့သည် အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ဗဟိုလကြည့်စိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ “အီဒွလ် အဿွ်ဟာ” (ကုရ်ဗာနီအီးဒ်) နေ့မြတ်ဖြစ်သည်။ ဤနေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း မှီတင်းနေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
၂။ “အီဒွလ် အဿွ်ဟာ” နေ့မြတ်သည် အစ္စလာမ်ဘာသာဝင်များအဖို့ အရေးကြီးပွဲနေ့မြတ်နှစ်ခုအနက် တစ်ခုဖြစ်သည်။ ဤနေ့မြတ်သည် အာဗြဟံက ၎င်း၏သား အိရှမေးလ်အား အလ္လာဟ်အရှင်မြတ်ထံ ပူဇော်ရန် စိတ်ဆန္ဒ ပြဌာန်းပြုလုပ်ခဲ့သည်ကို အလေးအမြတ်ထားအောက်မေ့၍ ကျင်းပခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အိရှမေးလ်အစား သိုးသူငယ်တစ်ကောင်ကိုသာ ပူဇော်ရန် အာဗြဟံအား ပြင်ဆင်ပေးသနားတော်မူခဲ့သည်။
၃။ အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက် အရေးအကြီးဆုံးမှာ အလ္လာဟ်အရှင်မြတ်၏သွန်သင်ချက်ကို ရိုသေစွာနာခံ လိုက်လျှောက်ခြင်းဖြစ်သည်။ အစ္စလာမ်၏အဓိပ္ပါယ်မှာ ငြိမ်းချမ်းခြင်းဖြစ်သည်။ ငြိမ်းချမ်းခြင်းရှိရန်မှာ တရားမျှတမှု လိုအပ်ပေသည်။ တရားမျှတမှု မတည်ရှိ၊ မဖြစ်ထွန်းလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဆိုသည်မှာ မဖြစ်လာနိုင်ပေ။ ထို့ကြောင့် စစ်မှန်သောငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ရန် မိမိတို့အားလုံးတွင်တာဝန်ရှိသည်။
၄။ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကြီးစိုးပြီး နိုင်ငံသူနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်များကို လျစ်လျူရှုကာ၊ ဥပဒေမဲ့ လူမဆန်ရက်စက်စွာပြုကျင့်နေသမျှကာလပတ်လုံး စစ်မှန်သောလုံခြုံငြိမ်းချမ်းမှု ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုးဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။
၅။ ယနေ့မှစတင်သည့် “အီဒွလ် အဿွ်ဟာ” နေ့မြတ်အချိန်အခါသာမယအတွင်း အလ္လာဟ်အရှင်မြတ်၏ ကရုဏာ တော်အားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း လုံခြုံငြိမ်းချမ်းနိုင်ပါစေကြောင်းနှင့် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး တွင် စိတ်စေတနာထက်သန်စွာ ပါဝင်ဆောင်ရွက်နေကြသည့် အစ္စလာမ်ဘာသာဝင်အပေါင်းအား လေးစားဂုဏ်ပြု ကြောင်းဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

Government

07/07/2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ရက်“ဆဲဗင်းဂျူလိုင်...
07/07/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ရက်

“ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ”

ယနေ့ ဇူလိုင်လ (၇) ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ်ကို တပ်ဦးမှ တော်လှန်ခဲ့ကြသော ကျောင်းသားလူငယ်သူရဲကောင်းများစွာ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေတွင် ကျောင်းသားတို့သွေးမြေခခဲ့ရသည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့်မြောက်သည့် အခါသမယဖြစ်သည်။ လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု နှင့် အမှန်တရားအတွက် အသက်နှင့်ဘဝကို ပဓာနမထားပဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာဖြင့် စနစ်ဆိုးများကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားလူငယ်တော်လှန်ရေး ရဲဘော်အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရက လေးစားစွာဖြင့် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။

၁၉၆၂ မတ်လ (၂) ရက်နေ့တွင် အာဏာရှင်ဗိုလ်ချုပ်နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက လူထုတရားဝင်ရွေးကောက်ထားသော အစိုးရကို လက်နက်အားကိုးဖြင့်ဖြုတ်ချ၍ အာဏာသိမ်းယူ လိုက်ပြီးနောက် တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းကာ တက္ကသိုလ်ကျောင်းသားများအား ဖိနှိပ်ချုပ်ချယ် နှိပ်ကွပ်သည့် လုပ်ရပ်များကို စတင်ခဲ့သည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက် တက္ကသိုလ်၏ အသက်ဝိဉာဉ် ဖြစ်သော လွတ်လပ်ငြိမ်းချမ်းမှုကို ကန့်သတ်ထိမ်းချုပ်လိုသည့် စစ်အာဏာရှင်၏လုပ်ရပ်ကို လက်မခံပဲ ကျောင်းသားထုတစ်ရပ်လုံးက အုံကြွဆန့်ကျင်ခဲ့ကြရာ စစ်အာဏာရှင်၏ လက်ပါးစေတပ်များက ပညာတတ်နိုင်ငံရေးခေါင်းဆောင်များ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေကိုသွေးစွန်းစေခဲ့ပြီး သမဂ္ဂ အဆောက်အအုံကို ဖြိုဖျက်ခဲ့ကြပေသည်။ စစ်အာဏာရှင်များ၏ လက်နက်အားကိုး၍ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးလိုသည့် ယုတ်ညံ့သောစိတ်နှင့် ဖိနှိပ်ချုပ်ချယ်မှုကို မလိုလားပဲ လွတ်လပ်ငြိမ်းချမ်းစွာ ပွင့်လန်းတိုးတက် ချင်ကြသော ကျောင်းသားလူငယ်များ၏ လွတ်လပ်သော စိတ်တို့သည် ခေတ်အဆက်ဆက် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပြီး စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြလျက်ရှိပေသည်။

သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ပဲ ၂၁ ရာစုအထိ ဆက်လက်ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင် များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း ထင်ရှားပေသည်။ သို့ဖြစ်ပါ၍ မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေသည့်၊ လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့်အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေး နှင့် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဌာန်ပြုအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

Government

30/06/2022

(၃၀-၆-၂၀၂၁) ရက်နေ့ ထုတ်လွှင့်မှုကဏ္ဍများ

PVTV Theme Song – Public Voice is Public Power
Daily News - မျိုးသော်တာ
ပြည်သူ့ခုခံတော်လှန်စစ်သတင်းများ - နွေဦးလင်းအိမ်
ဖြစ်ကြောင်းကုန်စင် အညာတစ်ခွင်(အပိုင်း-၆) - သန့်ဝေကျော်
ဖြစ်ရပ်မှန် အက်ဆေး - သံတိုင်နောက်ကနတ်မိမယ်/K2 and Micky
ဆောင်းပါး - ပြည်သူ့မေတ္တာစူးရင်နိုင်ငံရေးမှာဖြေဆေးမရှိဘူး/သခင်-N

နေ့စဉ်ည (၈:၀၀) အချိန်တွင် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ ရုပ်သံသတင်းများ၊ ရုပ်သံစာမူများ၊ သီချင်းများနှင့် အခြားဖန်တီးမှုအနုပညာ လက်ရာများ၊ Video များကို [email protected] သို့ ပေးပို့နိုင်ပါသည်။
PVTV ၏ ရုပ်သံအစီအစဉ်များအား PVTV ၏ Youtube Channel – https://youtube.com/c/pvtvmyanmar ကို Subscribe ပြုလုပ်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အားပါဝင်အားဖြည့်နိုင်ပြီဖြစ်ပါတယ်။

NUGPay အင်တာနက်စာမျက်နှာ လွှင့်တင်လိုက်ပါပြီ။၄င်း Website ၌ အမေးများသော မေးခွန်းနှင့် အဖြေများ၊ သိသင့်သည့် အချက်အလက်များ...
27/06/2022

NUGPay အင်တာနက်စာမျက်နှာ လွှင့်တင်လိုက်ပါပြီ။

၄င်း Website ၌ အမေးများသော မေးခွန်းနှင့် အဖြေများ၊ သိသင့်သည့် အချက်အလက်များအပြင် NUGPay Hotline ကိုလည်း ထည့်သွင်းထားပြီး အင်္ဂလိပ်၊ မြန်မာ (၂) ဘာသာ ဖြင့် ဖတ်ရှုလေ့လာနိုင်ပါသည်။

မိဘပြည်သူများအနေဖြင့် NUGPay Application အား အသုံးပြုရာ၌ အခက်အခဲများ ရှိပါက ၄င်း Website ရှိ Hotline မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်ပြီး NUGPay Customer Support Team မှ ပြန်လည် ဖြေကြားသွားမည် ဖြစ်ပါသည်။

မေးမြန်းသူများပြားသည့် အခြေအနေအချို့တွင် Customer Support မှ အကြောင်းပြန်ရန် နောက်ကျပါက နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Website Link - https://nugpay.app
မြန်မာဘာသာဖြင့် - https://nugpay.app/mm

“ပြည်သူ့အာဏာ ပြန်ယူရန်… NUGPay ဖြင့် တို့တော်လှန်”

NUGPay is the newest payment system introduced for the people of Myanmar. It is a mobile wallet application that you can use anytime, anywhere with just one click. Simply download and register to begin using NUGPay.

21/06/2022

Address


Telephone

+959784187840

Website

Alerts

Be the first to know and let us send you an email when PVTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PVTV:

  • Want your business to be the top-listed Travel Agency?

Share