Flex Passport QR Service

  • Home
  • Flex Passport QR Service

Flex Passport QR Service Passport QR Service for You.

28/12/2024

Flex Team ပြန်လာပါပီရှင်🥳
✅QRလျှောက်ရာမှာ အခက်အခဲရှိသူများ အချိန်မပေးနိုင်တဲ့သူများ Service အပ်နိုင်ပါတယ်ရှင့်။
✅ဘဏ်ငွေသွင်း ၄၀၀၀၀ ကျပ်ကို ကိုယ်တိုင်ချေ(သို့မဟုတ်) ကြိုလွှဲနိုင်ပါတယ်။
✅ဝန်ဆောင်ခ ၅၀၀၀ကျပ် ကိုတော့ QR ရမှ ငွေချေနိုင်ပါတယ်ရှင့်။

20/05/2024

FYI

Passport ရုံး website ကြေညာချက်အရ,
ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးအပြင်
မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးမြို့တွေမှာလည်း (သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်များသာ) Online ကနေ Appointmentယူလို့ရနေပါပြီ။

တစ်နိုင်ငံလုံးက မည်သည့်ပြည်နယ်/တိုင်း သန်းခေါင်စာရင်းမဆို ရန်ကုန်ရုံးမှာ Online Appointment ယူနိုင်ပါတယ်။

ရန်ကုန်အိမ်ထောင်စုစာရင်းဝင်းသူများ ရန်ကုန်ရုံးအပြင် နေပြည်တော် ရုံးမှာပါ Online appointment ယူနိုင်ပါပြီ။

ချွင်းချက်အနေဖြင့် ကယားပြည်နယ်အိမ်ထောင်စုစာရင်းဝင်သူများသည် ရန်ကုန်ရုံးခွဲအပြင် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်နဲ့ တောင်ကြီးရုံးခွဲကိုရွေးပြီး Online Appointment ယူလို့ရပါတယ်။

ရက်ချိန်းရယူနိုင်တဲ့ရက်များကို www.passport.gov.mm မှာ ဝင်ကြည့်လို့ရပါတယ်။

22.4.2024 ကနေစပြီး UID card ပါမှ Passport လုပ်လို့ရတော့မယ်
28/03/2024

22.4.2024 ကနေစပြီး UID card ပါမှ Passport လုပ်လို့ရတော့မယ်

Passport QR မယူတတ်သေးတဲ့သူတွေအတွက် Online မှ QR လျှောက်ထားရန် လမ်းညွှန်(for Yangon Office)------------------------------...
15/03/2023

Passport QR မယူတတ်သေးတဲ့သူတွေအတွက် Online မှ QR လျှောက်ထားရန် လမ်းညွှန်
(for Yangon Office)
---------------------------------------
1 # Passport ရုံးရဲ့ Website link >> www.passport.gov.mm ထဲကိုဝင်ပါ။
(လက်ရှိ လက်ချိန်းယူနိုင်သည့်ရက်ကို ပြထားပါလိမ့်မည်)

2 # (လျှောက်ထားရန်) ခလုတ်ကို နှိပ်ပါ။

3 # လူများနေလျှင် ခေတ္တစောင့်ပြီး (လျှောက်ထားရန်)ခလုတ်ကိုထပ်နှိပ်ပါ။

4 # (Online Booking လျှောက်ထားရန်) စာမျက်နှာသို့ရောက်ရှိပါက
-(အသစ်လျှောက်ထားရန်) ကိုရွေးပါ။
-(လျှောက်ထားလိုသည့်ဦးရေ) ဖြည့်ပါ။ သန်းခေါင်းစာရင်းတူ မိသားစုဝင် တစ်ယောက်မှ ငါးယောက်အထိ တစ်ပြိုင်တည်းလျှောက်ထားနိုင်သည်။
-Email ဖြည့်ပါ။
-Continue နှိပ်ပါ။

5 # ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းနိုင်မည့် form ကျလာမည်။
-form အပေါ်ဆုံးမှာပါတဲ့ Reference Number ကို သေချာမှတ်သားပါ။
-(ကိုယ်ရေး အချက်အလက် ၁) ရှိ (*) ပြထားသည့်အချက်အလက်များအားလုံးကို မှန်ကန်စွာဖြည့်ပါ။
-( Add to List) နှိပ်ပါ။
-လျှောက်ထားနိုင်သည့်ဦးရေ နှစ်ယောက်နှင့်အထက်ရွေးထားလျှင် ရွေးထားသည့်လူအရေအတွက်အားလုံးအတွက် ကိုယ်ရေးအချက်အလက်ဖြည့်ပြီး (Add to List) လုပ်ပါ။
-form ၏ ညာဘက်အပေါ်ထောင့်ရှိ ( Review and Submit) button ကိုနှိပ်ပါ။

6 # (Preview) စာမျက်နှာပေါ်လာလျှင်
-အချက်အလက်မှန်မမှန် နောက်တစ်ကြိမ်ပြန်စစ်ပါ။
-ပြင်လိုသည့်အချက်အလက်များရှိလျှင် Edit ကိုနှိပ်ပါ။
-(အချက်အလက်များ စစ်ဆေးပြီး အားလုံးမှန်ကန်ပါသည်) ရှေ့က Checkbox ကို အမှန်ခြစ်ပါ။
-(Submit form) ကိုနှိပ်ပါ။

7 # (ငွေပေးချေရန်) စာမျက်နှာသို့ရောက်ရှိလျှင် -(invoice number) ကို မှတ်သားပါ။
-KBZ Pay or MPU ငွေပေးချေနိုင်သည့်နည်းလမ်းကိုရွေးပါ။
-KBZ Pay ကိုရွေးလျှင် ငွေပေးချေရမည့် ပမာဏနှင့် ငွေပေးချေနိုင်သည့် QR ကျလာမည်။ QR သက်တမ်း 5mins ပါ။ 5 mins အတွင်းငွေပေးချေပါ။ 5 mins ကျော်သွားလျှင် (close) နှိပ်ပါ။ (KBZ Pay logo)ကို ပြန်နှိပ်ပါ။ ငွေပေးချေရန် QR အသစ်ပြန်ကျလာမည်။
ငွေပေးချေပြီးလျှင် QR အပေါ်ကစာသား ( Payment Success) ဟု ပြောင်းသွားပါမယ်။
( Payment Success ) ပြလျှင် Close နှိပ်ပါ။
-MPU Card ဖြင့် ငွေမချေဖူးပါ။

8 # (ရက်ချိန်း) စာမျက်နှာသို့ရောက်လျှင်
(QR ရယူရန်) ကိုနှိပ်ပါ။
-မိမိ၏ ရုံးဝင်ရမည့် ID နှင့် QR
-မိမိ၏ ကိုယ်ရေးအချက်အလက်
-ရက်ချိန်း နှင့် အချိန် စုံလင်စွာပါရှိသော QR ကိုရရှိပါပြီ။
-ရက်ချိန်းနှင့် QR ကို Screenshot ရိုက်ယူ Print ထုတ်ပြီး သတ်မှတ်ထားသည့်နေ့တွင် Passport ရုံးသို့ ကိုယ်တိုင်သွားရောက်လျှောက်ထားခြင်း၊ လက်ဗွေနှိပ်၊ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ရပါမည်။

အားလုံးအဆင်ပြေကြပါစေ။

https://m.facebook.com/story.php?story_fbid=203822119102651&id=100084245936080

team


Flex Team ပြန်လာပါပီရှင်🥳✅QRလျှောက်ရာမှာ အခက်အခဲရှိသူများ အချ်န်မပေးနိုင်တဲ့သူများ Service ပြန်အပ်နိုင်ပါပြီရှင်။✅ဘဏ်ငွေ...
14/03/2023

Flex Team ပြန်လာပါပီရှင်🥳
✅QRလျှောက်ရာမှာ အခက်အခဲရှိသူများ အချ်န်မပေးနိုင်တဲ့သူများ Service ပြန်အပ်နိုင်ပါပြီရှင်။
✅ဘဏ်ငွေသွင်း ၃၅၀၀၀ ကျပ်ကို ကိုယ်တိုင်ချေ(သို့မဟုတ်) ကြိုလွှဲနိုင်ပါတယ်။
✅ဝန်ဆောင်ခ ၂သောင်းကျပ် ကိုတော့ QR ရမှ ငွေချေနိုင်ပါတယ်ရှင့်။
✅Flex မှ အရင်စနစ်ဟောင်းဖြင့် QR ဝန်ဆောင်မှုရယူထားပီး Cancelထဲပါသွားသူများကို ဝန်ဆောင်ခ အခမဲ့ ပြန်တင်ပေးသွားပါမယ်ရှင့်။

မနက်ဖြန် ၂၄ ရက်နေ့ကစပြီး Passport Online Booking ပြန်ဖွင့်ပါပြီ။QR အဟောင်းတွေကို ပယ်ဖျက်လိုက်တာမို့ QR ရထားပြီးသားသူတွေလ...
23/02/2023

မနက်ဖြန် ၂၄ ရက်နေ့ကစပြီး Passport Online Booking ပြန်ဖွင့်ပါပြီ။
QR အဟောင်းတွေကို ပယ်ဖျက်လိုက်တာမို့ QR ရထားပြီးသားသူတွေလည်း QRအသစ်ပြန်ယူရပါမယ်ခင်ဗျ။
Booking System အသစ်မှာ ဘဏ်ငွေသွင်းတဲ့အဆင့်ကိုပါတစ်ပါတည်းထည့်သွင်းထားတာမို့ Booking ယူတဲ့အခါ KPay or MPU(E Commerce) နဲ့ ငွေကြိုဖြည့်ထားဖို့လိုပါမယ်။
Flex ကနေ QR ယူထားပြီး QR booking ပယ်ဖျက်ခံထားရတဲ့ Customer တွေအတွက် လိုအပ်ရင် Service Charges မယူပဲ QR booking ကူညီတင်ပေးသွားမှာပါခင်ဗျာ။
အကူအညီလိုအပ်တဲ့Customerအဟောင်းများ Chat box ကနေဆက်သွယ်နိုင်ပါတယ်။

https://www.passport.gov.mm

Address


Telephone

+959756360430

Website

Alerts

Be the first to know and let us send you an email when Flex Passport QR Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share