Green Scope Travel

  • Home
  • Green Scope Travel

Green Scope Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Green Scope Travel, Travel Service, .

စတေးဟုမ်းနေရတာ ပျင်းနေပြီဟုတ်!စတေးဟုမ်းရင်း ကျနော်တို့ ခဏလောက် နောင်ချိုသွားရအောင်….xDဘာလို့ နောင်ချိုကိုရွေးထားတာလဲဆိုရ...
03/10/2020

စတေးဟုမ်းနေရတာ ပျင်းနေပြီဟုတ်!

စတေးဟုမ်းရင်း ကျနော်တို့ ခဏလောက် နောင်ချိုသွားရအောင်….xD

ဘာလို့ နောင်ချိုကိုရွေးထားတာလဲဆိုရင် နောင်ချိုမှာက ကျနော်တို့ မမြင်ရသေးတဲ့ သဘာဝအလှတွေရှိနေလို့ပဲ။ နောင်ချိုမြို့က ရှမ်းပြည်နယ်‌မြောက်ပိုင်း ကျောက်မဲခရိုင်မှာ ရှိပြီး ပင်လယ်ရေအမြင့်ပေ ၂၇၅၀ ကျော်မှာရှိပါတယ်။ နောင်ချိုမြို့က ကျဉ်းကျဉ်းလေးဆိုပေမယ့် သူ့ရဲ့ ဘေးပတ်ဝန်းကျင်က ရှိရင်းစွဲ သဘာဝအလှအပတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ နောင်ချိုဟာ ကျနော်တို့ မြင်ရတာထက်တောင် ပိုမိုခမ်းနားနေပါတယ်။

နောင်ချိုမြို့ကို စိတ်ကူးထဲမှာ ကျနော်တို့ လည်ကြည့်ရအောင်။

ဂုတ်ထိပ်တံတားကတော့ လူတိုင်းသိကြမှာပါ။ ရောက်လည်းရောက်ဖူးကြမှာပါ။ ဒါပေမယ့် သူ့အောက်က သဘာဝအလှတွေနဲ့ ပြည့်နှက်နေတဲ့အပြင် လျှိုမြောင်တွေရဲ့ အေးမြမှု၊ လန်းဆန်းမှုတွေနဲ့ ဝန်းရံနေတဲ့ ဂူတွေကိုတော့ ရောက်ဖူးချင်မှ ရောက်ဖူးကြပါလိမ့်မယ်။ ကျနော်တောင် ဂူတွေအထိ မရောက်ခဲ့သေးပါဘူး။ ဒီတစ်ခါ ကိုဗစ်ပြီးရင်တော့ ကျနော် အဲ့ဂူ ၃ ဂူလုံးကို ရောက်အောင်သွားမယ်လို့ အားခဲထားတယ်။

နောက်တစ်ခုက စော်ဘွားတောင် တိမ်ပင်လယ်။ ပုံမှန်ဆို အများစုက တိမ်ပင်လယ်ကြည့်ပြီး ပြန်ရုံဆိုပေမယ့် ကျနော်တို့ GS ကတော့ တိမ်ပင်လယ်နဲ့တင် မတင်းတိမ်နိုင်ပဲ တိမ်ပင်လယ်အောက်က ဒုဌဝတီမြစ်အထိ ခြေလှမ်းဆက်ခဲ့ကြပါတယ်။ ရေလည်းကူးရင်း ဖက်ထမင်းလေးလည်းစားရင်းနဲ့ တောထဲတောင်ထဲ အပန်းဖြေခဲ့ကြသေးတယ်။ ဒါပေမယ့် ဟဲဟဲ တောထဲတောင်ထဲခရီးမလား။ အပြန်တော့ နည်းနည်း ရွှေရင်စို့တာပေါ့….။

ဒါပေမယ့် စိတ်မပူပါနဲ့။ ဒုဌဝတီမြစ်ကနေ စခန်းချနားတဲ့ စော်ဘွားတောင်ထိပ် ပြန်အရောက်မှာ ဆန်အရက်သောက်ရင်း အနားယူပြီး Chill လို့ရပါတယ်။ မီးပုံပွဲနဲ့ သံစဉ်တွေကြား ကြက်သံပုံးကင်စားရင်း စိတ်ကိုလွှတ်ချမလား။ ဒါမှမဟုတ် ချစ်သူပါတယ်ဆိုရင် Tent ထဲမှာထိုင်ပြီး ကောင်းကင်ကကြယ်တွေကြည့်ရင်း စကားပြောမလား။ ဒါမှမဟုတ် တောင်ထိပ်က လင့်စင်ပေါ်တက်ပြီး ချမ်းချမ်းအေးအေးနဲ့ ရင်ခွင်ထဲ ဆွဲသွင်းထားမလား။ ကြိုက်ရာလုပ်ပါလေ။ ကျနော်ကတော့ FA မို့ ဒီလိုဖီလင်တွေတော့ သိပ်မသိဘူး။ ဟီဟီ။ 🤣

နောက်ပြီး အင်ဝိုင်းရွာနားက အင်းဝိုင်းရေတံခွန်။ ဒီရေတံခွန်က နိုင်ငံရဲ့ အကြီးဆုံးသကြားစက်ရုံနား မှာရှိတာဖြစ်ပြီး ရေတံခွန်ရှုခင်းကတော့ တော်တော်လှပါတယ်။ ကျနော်တို့ အဲ့ရေတံခွန်မှာ ရေကူးလို့လည်းရသလို လှေလည်းလှော်လို့ရတယ်။ ပြီးတော့ Waterfall Jump လည်း လုပ်လို့ရတယ်။ ဒီရေတံခွန်ရဲ့ထူးခြားချက်က ရေတံခွန်ကနေ ထွက်တဲ့ရေက အဝေးကို စီးသွားတာမဟုတ်ဘဲ ရေတံခွန်ရဲ့ အောက်ခြေမြေအောက်ကနေ ဒုဌဝတီမြစ်ဆီ ထွက်ပေါက်ရောက်တာပဲဖြစ်ပါတယ်။

ဒါတောင် ကျနော်တို့သိသလောက်နေရာတွေပဲရှိပါသေးတယ်။ ကျနော်တို့မသိသေးတဲ့၊ မရောက်သေးတဲ့ နေရာတွေလည်း နောင်ချိုပတ်လည်မှာ ကျန်နေပါသေးတယ်။ ကျနော်ကတော့ ကိုဗစ်ပြီးရင် နောင်ချိုကို ခြေဆန့်ဖို့ စိတ်ကူးထားတယ်။ ခင်ဗျားတို့ရော ဘယ်သွားကြမှာလဲ။ သွားမယ့်နေရာလေးတွေရှိရင် Comment box မှာပြောခဲ့ပါဦး၊ အကယ်၍ သွားစရာမရှိရင်တော့ ကျနော်တို့နဲ့သာလိုက်ခဲ့။ 💁‍♂️

တစ်ခုပဲ။ ကျနော်တို့က လူငယ်တွေချည်းပဲ စုသွားတဲ့အပြင် Adventure Trip ဆန်တာမို့ တောင်မြင်ပြေးတက်၊ လျှိုမြင်ပြေးဆင်းချင်တဲ့ စိတ်ရှိပြီး အပင်ပန်းခံနိုင်ဖို့ကတော့ ပထမပဲ။ ဒါမှပဲ ကျနော်တို့ မြင်ချင်တဲ့ သဘာဝရဲ့အလှတရား၊ လတ်ဆတ်တဲ့ လေရနံ့တွေကို ကျနော်တို့ ခံစားနိုင်မှာပေါ့။ မဟုတ်ဘူးလား? ဟဲဟဲ။💁‍♂️

ကိုင်း။ စာလည်း တော်တော်ရှည်သွားပြီ။ ပြောချင်တာက ကိုဗစ်ပြီးရင် ခရီးထွက်ကြရအောင်ဗျာ။
အခုတော့ ကျနော်တို့ စတေးဟုမ်းရင်း ကိုဗစ်ကို အတူတွန်းလှန်ကြတာပေါ့..။ ပြီးရင် ဒီကာလမှာ စိတ်ကူးလေးနဲ့ ကျနော်တို့တွေ ခရီးအတူထွက်ကြမယ်ဗျာ။ နော် ။ 🙆‍♂️

Address


Telephone

+959978297110

Website

Alerts

Be the first to know and let us send you an email when Green Scope Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Scope Travel:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share