Babylon Trekking & Camping

Babylon Trekking & Camping A delightful new activity for those visiting Pindaya, Kalaw and Inle Lake regions.

A trekking&camping trip to the Babylon and it's intended for people who love nature and adventure and want to experience the traditions of ethnic groups. သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် babylon ဟာ အကောင်းဆုံးရပ်တည် လုပ်ဆောင်သွားမှာဖြစ်တယ်။

13/07/2025

🌧️Just a rain, but it feels like magic! ⛺️🇲🇲




13/07/2025

သူငယ်ချင်းတွေ မိသားစုတွေ ပျော်စရာစိတ်လှုပ်ရှားစရာအခိုက်အတန့်😍

16/06/2025

ဘေဘီလုံကနေ လှမ်းမြင်ရတဲ့ အောက်တည့်တည့်က ချစ်စရာဓနုရွာလေး 😍



NATURE is the greatest place to HEAL and RECHARGE ✅
14/06/2025

NATURE is the greatest place to HEAL and RECHARGE ✅




အပြောင်းအလဲ သိပ်မြန်တာပဲ 🌧️
09/06/2025

အပြောင်းအလဲ သိပ်မြန်တာပဲ 🌧️




🌿 မိုးရာသီမှာ ခရီးမသွားရဘူးလို့ ဘယ်သူပြောလဲ?🌧️☔မိုးရာသီဟာလဲ ခရီးသွားဖို့ကောင်းတဲ့ ရာသီတစ်ခုပါပဲ။ဘာကြောင့်လဲ?ခရီးသွားဧည့်...
08/06/2025

🌿 မိုးရာသီမှာ ခရီးမသွားရဘူးလို့ ဘယ်သူပြောလဲ?

🌧️☔မိုးရာသီဟာလဲ ခရီးသွားဖို့ကောင်းတဲ့ ရာသီတစ်ခုပါပဲ။

ဘာကြောင့်လဲ?

ခရီးသွားဧည့်သည်နည်းတော့ privacy ရှိတယ်လို့ခံစားရတယ်၊ ပြီးတော့ ကိုယ်တွေချည်းပဲမို့ သာသာယာယာပဲ😊🌟

🌿 အလှပဆုံး စိမ်းစိမ်းစိုစို သဘာဝရှုခင်းတွေကို ဒီအချိန်မှာ အကောင်းဆုံးမြင်နိုင်တယ် 🌾🍀🌱

🌿 မျက်လှည့်ဆန်တဲ့ သဘာဝအလှတွေဟာ ဒီရာသီမှာပဲရှိကြတယ်လေ😯🌻

🌿 Promotion တွေရှိတတ်ကြတော့ အကုန်အကျလဲသက်သာတယ်👌💰

☔🌿 မိုးရာသီဆိုပေမဲ့ မိုးက တစ်ချိန်လုံးရွာနေတာမျိုးမဟုတ်ပြန်ဘူး၊ ရွာခဲ့ရင်လည်း ဒါတွေဟာ အမှတ်တရအဖြစ်ကိုယ့်ဘဝမှာ ကျန်ရှိခဲ့တာပါပဲ📷💞

🌫️🌿 ကဲ…တောတောင် မြူမှုန်တွေဆိုင်းပြီး နတ်ဘုံနတ်နန်းရောက်နေသလို တိမ်ဆိုင် တိမ်လိပ်တွေကို ကိုင်ကြည့် တို့ထိကြည့်ချင်တယ်ဆိုရင်တော့ ထွာဗယ်လာကြီးတို့ရဲ့ဖုန်းနံပတ်လေးကိုသာ comment မှာချန်ထားခဲ့လိုက်ပါ 📲💭

ဒါမှမဟုတ် cb ကနေသာ hi လိုက်ပါဗျာ...
Babylon က မိတ်ဆွေတို့ကို နတ်ဘုံနတ်နန်းအထိအရောက်ခေါ်ဆောင်သွားဖို့ တာဝန်ယူပါတယ်🏞️🚶‍♀️🚶‍♂️

📆 အခုပဲ ဘွတ်ကင်လုပ်လိုက်ပါ 📆
📱 09 779776322, 09799856568 📞

📍 တည်နေရာ : မဲနယ်တောင်၊ ပင်းတယမြို့အနီး၊ ရှမ်းပြည် တောင်ပိုင်း 📌

🏔️
🛶
🌄
🇲🇲
💚

မိုးရာသီပဲလေ 🌧️ သက်တောင့်သက်သာ ဘယ်ရှိပါ့မလဲတောင်ပေါ်ကိုရောက်ကာမှ ရင်သပ်ရှုမောခွင့်ရမယ်ဆို ဘယ်လိုလဲ ⛺️
06/06/2025

မိုးရာသီပဲလေ 🌧️
သက်တောင့်သက်သာ ဘယ်ရှိပါ့မလဲ
တောင်ပေါ်ကိုရောက်ကာမှ ရင်သပ်ရှုမောခွင့်ရမယ်ဆို ဘယ်လိုလဲ ⛺️

HAPPY WORLD ENVIRONMENT DAY 🌎 🇲🇲
05/06/2025

HAPPY WORLD ENVIRONMENT DAY 🌎 🇲🇲

Feb 23, 2025 - Celebrating World Environment Day by embracing green and sustainable building practices. Let's construct a future where our homes and workplaces are in harmony with nature.

“Discovering hidden gems beneath the monsoon’s gentle embrace” Mountain ⛰️ ⛺️
01/06/2025

“Discovering hidden gems beneath the monsoon’s gentle embrace”
Mountain ⛰️ ⛺️

 #ဘာကြောင့်BabylonTrekkingAndCampingကိုရွေးချယ်သင့်တာလဲ?🌿⛺ သာမန်ခရီးသွားခြင်းကနေကွဲထွက်ပြီး အထူးခြားဆုံး အတွေ့အကြုံကို ရ...
21/02/2025

#ဘာကြောင့်BabylonTrekkingAndCampingကိုရွေးချယ်သင့်တာလဲ?

🌿⛺ သာမန်ခရီးသွားခြင်းကနေကွဲထွက်ပြီး အထူးခြားဆုံး အတွေ့အကြုံကို ရယူချင်တယ်ဆိုရင်တော့ Babylon ကိုသာလာပါ

#ထူးမခြားနားခရီးစဥ်‌တွေသွားရတာပျင်းနေပြီလား?
🏕️🌳Babylon Trekking & Camping က ထွာဗယ်လာကြီးတို့ရဲ့ စိတ်နှလုံးကို နိုးထစေမယ့် အတွေအကြုံတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်ပဲ မိသားစု ခရီးသွားတွေ၊ ရုံးဝန်ထမ်းတွေ၊ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေနဲ့ သဘာဝချစ်သူတွေဟာ Babylon ကိုသဘောကျကြတာပါ

#သဘာဝတရားရဲ့လက်ရာမြောက်လှပတဲ့နေရာ
⛺🏕️ Babylon Campsite ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၆,၂၀၀ ပေ အမြင့်မှာတည်ရှိပြီး ပင်းတယမြို့အနီး မဲနယ်တောင်ပေါ်မှာ ရှိပါတယ်။ ဒီနေရာမှာ လတ်ဆတ်ပြီး အေးမြတဲ့ လေထုက ထွာဗယ်လာကြီးတို့ရဲ့ စိတ်ကို နုပျိုလန်းဆန်းစေပါလိမ့်မယ်။ လှပတဲ့ တောင်တက်လမ်းကြောင်းကိုလျှောက်လှမ်းရင်း တောင်ပိုင်းရှမ်းပြည်နယ်ရဲ့ မပျက်စီးသေးတဲ့ သဘာဝအလှတွေကို ခံစားရမှာပါ

#ဘာတွေထူးခြားနေလို့လဲ

#ထွာဗယ်လာကြီးတို့ရဲ့စိတ်ကိုဖမ်းစားမယ့်အခိုက်အတန့်တွေ
🌅 နေထွက်ချိန်ရဲ့မှော်ဆန်မှု
နေထွက်ချိန်မှာဖြာထွက် နေတဲ့ ရောင်စုံအလင်းတန်းတွေနဲ့ လှပတဲ့ မြင်ကွင်းကို ကြည့်ရှုရင်း သဘာဝတရားရဲ့ လက်ရာမြောက်လှတဲ့ အလှအပတွေက နေ့စဉ်ဘဝမှာ ပင်ပန်းခဲရသမျှတွေကို စိတ်ရောကိုယ်ပါ Healing လုပ်ပေးနိုင်မှာ အသေအချာပါပဲ

#နေဝင်ချိန်ရဲ့စိတ်ငြိမ်းချမ်းမှု
🌇 Babylon ရဲ့ တောင်ထိပ် မြင်ကွင်းကနေ တောင်တန်းတွေရဲ့ နောက်ကွယ်ကို နေဝင်သွားတဲ့အခါ ကောင်းကင်ကြီးဟာ နီလိမ္မော် ဝါလိမ္မော်ရောင် ရောင်စဉ်တွေနဲ့ လှပနေအောင် ပြောင်းလဲသွားစေပါတယ်။

#ကြယ်တွေနဲ့ပြည့်နှက်နေတဲ့ညတွေ
🌃 နေဝင်ပြီးတဲ့အခါ မီးပုံပွဲမှာ စုဝေးပြီး ညစာစားရင်း ကြယ်တွေနဲ့ ပြည့်နေတဲ့ ကောင်းကင်ကြီးကို စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်ပါတယ်။ ဓာတ်ပုံရိုက်ဖို့၊ Healing လုပ်ဖို့ ဒါမှမဟုတ် တိတ်တိတ် ဆိတ်ဆိတ်အတွေးထဲ နှစ်မြုပ်ဖို့ အကောင်းဆုံးနေရာပါပဲ။

#သက်တောင့်သက်သာနဲ့အိပ်စက်မယ်
#ပစ္စည်းအပြည့်အစုံ
😴 🌙 ⭐အိပ်စက်ဖို့အတွက် အရည်အသွေးကောင်းတဲ့ Tent တွေ၊ အခင်းထူတွေ၊ sleeping bag တွေ အားလုံးပါဝင်ပါတယ်။ ဒါကြောင့် အနွေးထည်ကလွဲလို့ အလေးချိန်များတာတွေ ယူစရာမလိုပါဘူး။

#မီးပုံပွဲနဲ့စုဝေးခြင်း
🔥🏕️🪵 မီးပုံပွဲညစာစားပွဲမှာ သူငယ်ချင်းတွေနဲ့ အတူ စကားပြောရင်း ရယ်မောရင်း ညကောင်းကင်ကြီးအောက်မှာ မိတ်ဆွေသစ်တွေနဲ့ အတွေ့အကြုံသစ်တွေ ဖလှယ်ရင်း ရင်းရင်းနှီးနှီး ပျော်ရွှင်နိုင်ပါတယ်။

#ကုမ္ပဏီlရုံးlအဖွဲ့အစည်းတွေနဲ့lကျောင်းတွေအတွက်အကောင်းဆုံး
🏕️ကော်ပိုရိတ်အဖွဲ့တွေ၊ ရုံးဝန်ထမ်းတွေ ဒါမှမဟုတ် ကျောင်းသားတွေအတွက် Retreat လုပ်မယ်ဆိုရင်လူဦးရေ ၁၀၀ အထိ ကောင်းကောင်းကြီး လက်ခံနိုင်ပါတယ်။ တောင်ခြေစခန်းအထိ 33-Seater ကားကြီးနဲ့ ပင်းတယလွင်ပြင် ရှုခင်းတွေကြည့်ပြီး ကောင်းကောင်းကြီး တက်လာလို့ရပါတယ်။ Babylon ရဲ့ စိတ်အေးချမ်းသာစရာကောင်းတဲ့ သဘာဝအလှတွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေက အတွေးအမြင်သစ်တွေကို ဖန်တီးပေးနိုင်‌စေမှာပါ။

#သာဘာဝနဲ့အတူစိတ်ငြိမ်းချမ်းမှုကိုရှာကြမယ်
🌿🍀နေ့စဉ် သမရိုးကျဘဝကနေ ခွဲထွက်ပြီး သဘာဝနဲ့ ပြန်လည်ထိ‌တွေ့ပါ။ တောင်တက်ရခြင်းက ဖန်တီးနိုင်စွမ်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတွေကို ပေးပါတယ်။

#ကြိုတင်ဘွတ်ကင်လုပ်ပါ။
📅 Babylon Campsite ဟာ တနှစ်ပတ်လုံး အေးနေတာကြောင့် February လကနေ April လ‌တွေဟာလည်း အေးမြပြီးလှပတဲ့ ရာသီ‌တွေပဲဖြစ်ပါတယ်။ ဒါကြောင့် သဘာဝနဲ့ ထိ‌တွေ့ပြီး ဘဝမှာ ပင်ပန်းခဲ့ရသမျှတွေကို Healing and Recovery လုပ်ဖို့ အမြန်ဘွတ်ကင်လုပ်ပြီး လက်လွတ်မခံပါနဲ့။

# # #🧗🚵 ထွာဗယ်လာကြီးတို့ဟာ တောင်တက်ရတာ ကျွမ်းကျင်သူဖြစ်ဖြစ်၊ ပထမဆုံးအကြိမ်ဖြစ်ဖြစ် Babylon ရဲ့ ကျွမ်းကျင်တဲ့ လမ်းပြတွေက ဘေးကင်းပြီး မမေ့နိုင်တဲ့ ခရီးစဉ်ကို သေချာပေးပါလိမ့်မယ်။

#ခရီးသွားရုံသက်သက်မဟုတ်ဘဲဘဝကိုပြောင်းလဲပါ
⛺🏕️ Babylon ဟာ ရည်မှန်းချက်တစ်ခုတည်းမဟုတ်ပါဘူး။ ထွာဗယ်လာကြီးတို့ ထွက်ခွာသွားပြီးနောက်မှာတောင် ဆက်လက်ကျန်ရစ်နေမယ့် အတွေ့အကြုံတစ်ခုပါ။ သာမန်ဘဝကို အံ့သြစရာကောင်းတဲ့ အတွေ့အကြုံနဲ့ အစားထိုးဖို့ အဆင်သင့်ဖြစ်ပြီလား?

📅**အခုပဲ ဘွတ်ကင်လုပ်လိုက်ပါ**
📞 09 779776322
✉️ CB please

📍 **တည်နေရာ** : မဲနယ်တောင်၊ ပင်းတယမြို့အနီး၊ ရှမ်းပြည် တောင်ပိုင်း

**ကျေးဇူးပြုပြီး share ပေးပါ **လိုအပ်နေတဲ့ သူငယ်ချင်းတယောက်ကို Tag လိုက်ပါခင်ဗျာ။ 🌿✨





Address

Pindaya

Alerts

Be the first to know and let us send you an email when Babylon Trekking & Camping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Babylon Trekking & Camping:

Share

About Us

babylon trekking & camping tour သည် ကလော-ပင်းတယအနီး မဲနယ်တောင်ပေါ်ရှိ Babylon Campsite ပေါ်တွင် စခန်းချြပီး သဘာ၀ကို ချစ်မြတ်နိုးကြတဲ့ ခရီးသွားချစ်သူတွေအတွက် overnight camping ခရီးဖြစ်သည်။

A delightful new activity for those visiting Pindaya, Kalaw and Inle Lake regions. A trekking&camping trip to the Mae Nal Mountain Range and it's intended for people who love nature and adventure and want to experience the traditions of ethnic groups.