P&A Travel Nest

  • Home
  • P&A Travel Nest

P&A Travel Nest ✈️ Professional travel services & expert guides. From flight tickets to itineraries — P&A Travel Nest makes your journey seamless.

ဒီချိန်ဆိုရာသီဥတုလေးကလည်း အေးအေးလေးနဲ့ အရမ်းနေလို့ကောင်းတဲ့အချိန်မို့ ခရီးထွက်မယ်စဉ်းစားထားပါက အသေးစိတ် ဆက်သွယ်မေးမြန်းစ...
06/11/2025

ဒီချိန်ဆိုရာသီဥတုလေးကလည်း အေးအေးလေးနဲ့
အရမ်းနေလို့ကောင်းတဲ့အချိန်မို့ ခရီးထွက်မယ်စဉ်းစားထားပါက အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ…

28/10/2025
24/10/2025

ကျွန်မတို့ရဲ့ Chiang Mai / Chiang Rai Package တွေမှာ ဒီလိုမျိုး တောင်ပေါ်က လှပတဲ့ ကော်ဖီဆိုင်လေးတွေကိုပါ ခရီးသွားမိတ်ဆွေတို့အတွက် ထည့်သွင်းစီစဉ်ပေးထားပါတယ်ရှင့်…🥰

#တောင်ပေါ်ကော်ဖီဆိုင် #သဘာဝအလှ #သဘာဝအလှ

☕ ကော်ဖီနံ့သင်းသင်းနဲ့... စိမ်းစိုတဲ့တောင်တန်းတွေကြားက အေးချမ်းမှုကို P&A Travel Nest နဲ့အတူ ခံစားလိုက်ပါ! 🏞️တောင်ပေါ်ကိ...
24/10/2025

☕ ကော်ဖီနံ့သင်းသင်းနဲ့... စိမ်းစိုတဲ့တောင်တန်းတွေကြားက အေးချမ်းမှုကို P&A Travel Nest နဲ့အတူ ခံစားလိုက်ပါ! 🏞️

တောင်ပေါ်ကို ခရီးထွက်တဲ့အခါ လိုချင်တာ ဒါမျိုးပါပဲနော်! 😍
မြို့ပြရဲ့ ဆူညံသံတွေကနေ ခဏတာ ဝေးကွာပြီး...
• ✅ သဘာဝ ရှုခင်းလှလှတွေ ကို ကြည့်ရင်း ဓာတ်ပုံ ရိုက်မယ်။
• ✅ ကော်ဖီလေးသောက်ပြီး အေးအေးဆေးဆေး သီချင်းနားထောင်မယ်။
• ✅ကော်ဖီတစ်ခွက်သောက်ရင်း သဘာဝကိုအေးဆေးခံစားပြီး အပန်းဖြေမယ်။
ကျွန်မတို့ရဲ့ Chiang Mai / Chiang Rai Package တွေမှာ ဒီလိုမျိုး တောင်ပေါ်က လှပတဲ့ ကော်ဖီဆိုင်လေးတွေကိုပါ မိတ်ဆွေတို့အတွက် ထည့်သွင်းစီစဉ်ပေးထားပါတယ်ရှင်…
ဘာကြောင့် P&A Travel Nest ကို ရွေးချယ်သင့်တာလဲ?
• 🚗 သက်သောင့်သက်သာ ခရီး: ကားကောင်းကောင်းနဲ့ လမ်းခရီးကို စိတ်ပူစရာမလိုဘဲ အေးချမ်းစွာ လိုက်ပို့ပေးမှာပါ…

• 🧭 စိတ်ကြိုက်ခရီးစဉ်: လှပတဲ့ ကော်ဖီဆိုင်တွေ၊ လိမ္မော်ခြံတွေနဲ့ တောင်ပေါ်ရှုခင်းတွေကိုပဲ အဓိကထားတဲ့ ခရီးစဉ်မျိုးကိုပါ စီစဉ်ပေးနိုင်ပါတယ်ရှင်…

#တောင်ပေါ်ကော်ဖီဆိုင် #သဘာဝအလှ

ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင် Doi Inthanon မှာ မြူခိုးတွေနဲ့အတူ အနားယူလေ့လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ! ⛰️Doi Inthanon တ...
23/10/2025

ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင် Doi Inthanon မှာ မြူခိုးတွေနဲ့အတူ အနားယူလေ့လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ! ⛰️

Doi Inthanon တောင်ဟာ ထိုင်းနိုင်ငံမှာ အမြင့်ဆုံး တောင်ထိပ် ဖြစ်ရုံသာမက၊ သမိုင်းကြောင်းနဲ့ ဘာသာရေးအရလည်း အလွန်အရေးပါတဲ့ နေရာတစ်ခုပါ။ P&A Travel Nest ရဲ့ Chiang Mai Package နဲ့ ဒီ တန်ဖိုးရှိတဲ့ ခရီးစဉ်ကို စတင်လိုက်ပါခင်ဗျာ။

ဒီတောင်ကို မူလက "Doi Luang" (ကြီးမားသောတောင်) လို့ ခေါ်ခဲ့ပေမဲ့၊ နောင်ပိုင်းမှာ ချင်းမိုင်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ဘုရင် Inthawichayanon ကို ဂုဏ်ပြုပြီး "Doi Inthanon" လို့ အမည်ပေးခဲ့ပါတယ်။
ဘုရင် Inthawichayanon ဟာ ထိုင်းမြောက်ပိုင်း သစ်တောတွေရဲ့ တန်ဖိုးကို အလေးထားသူဖြစ်ပြီး၊ သူ ကွယ်လွန်ပြီးနောက်၊ သူရဲ့ အရိုးပြာများ ကို ဒီတောင်ထိပ်မှာပဲ ကိန်းဝပ်စေဖို့ မှာကြားခဲ့ပါတယ်။
တောင်ထိပ်အနီးမှာ ထိုင်းဘုရင် Bhumibol Adulyadej (King Rama IX) နဲ့ မိဖုရား Sirikit တို့ရဲ့ နှစ် (၆၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တည်ထားတဲ့ ခမ်းနားလှပတဲ့ စေတီတော်များ ကိုပါ ဖူးမြော်နိုင်ပါတယ်။
Doi Inthanon National Park မှာ Mae Klang, Wachirathan, Sirithan အပါအဝင် လှပတဲ့ ရေတံခွန်ကြီးများစွာကိုလည်း တွေ့မြင်နိုင်ပါတယ်။
တောင်ရဲ့ အမြင့် (၂,၅၆၅ မီတာ) ကြောင့် တစ်နှစ်ပတ်လုံး အေးမြတဲ့ ရာသီဥတုကို ခံစားနိုင်ပြီး၊ ဆောင်းတွင်းမှာဆိုရင် ရှားပါးတဲ့ နှင်းပွင့်များ ကိုပါ မြင်တွေ့နိုင်ပါတယ်။
P&A Travel Nest က သင့်ရဲ့ Doi Inthanon ခရီးစဉ်ကို သမိုင်းရော၊ သဘာဝနဲ့ပါ ထိတွေ့နိုင်အောင် စီစဥ်ပေးပါ့မယ်။

👉 အခုပဲ Message ပို့ပြီး Doi Inthanon အပါအဝင် Chiang Mai Package ဈေးနှုန်းကို စုံစမ်းလိုက်ပါ!

#သမိုင်းဝင်ခရီးစဉ် #ထိုင်းအမြင့်ဆုံးတောင် #ထိုင်းနိုင်ငံအမြင့်ဆုံးတောင်

ထိုင်းမြောက်ပိုင်းရဲ့ လှပပြီး အေးချမ်းတဲ့ တောင်ပေါ်ရှုခင်းတွေကြားမှာ ချစ်ရသူနဲ့ နှစ်ယောက်တည်း အပန်းဖြေချင်ပါသလား? 🌿P&A T...
21/10/2025

ထိုင်းမြောက်ပိုင်းရဲ့ လှပပြီး အေးချမ်းတဲ့ တောင်ပေါ်ရှုခင်းတွေကြားမှာ ချစ်ရသူနဲ့ နှစ်ယောက်တည်း အပန်းဖြေချင်ပါသလား? 🌿
P&A Travel Nest ကနေ ဒီပုံတွေလိုပဲ လှပတဲ့ Romantic Couple Trip Package တွေကို အကောင်းဆုံး ဈေးနှုန်းနဲ့ စီစဥ်ပေးနေပါပြီ။
သင့်ရဲ့ ခရီးစဉ်မှာ ဘာတွေ ပါဝင်မလဲ?
• 📸 ဓာတ်ပုံရိုက်ဖို့အလှဆုံးနေရာများ: Mon Jam၊ Mae Kampong နှင့်အတူ ဒီလို ချစ်စရာကောင်းတဲ့ သိုးခြံ (Farm) ရှုခင်းတွေ ပါဝင်တဲ့ တောင်ပေါ်ခရီးစဉ်။
• 🛌 တည်းခိုရေး: တောင်ပေါ်က Romantic ဆန်တဲ့ Resort တွေမှာ တည်းခိုခြင်း။
• 🚐 သွားလာရေး : လေယာဉ်၊ ကား၊ ရထား စိတ်ကြိုက်ရွေးချယ်နိုင်ပြီး၊ သွားလာရေးအတွက် စိတ်ပူစရာမလို။
• 🇲🇲 မြန်မာ Guide: ခရီးစဉ်အစအဆုံး မြန်မာ Tour Guide က နှစ်ယောက်လုံးကို အစစအရာရာ စီစဉ်ပေးမှာပါ။
ချစ်သူစုံတွဲတွေအတွက် စတင် Booking ပြုလုပ်နိုင်ပါပြီ။အော်..မေ့လို့ သူငယ်ချင်းတွေ မိသားစုတွေအတွက်လည်း စီစဉ်ပေးပါတယ်ဗျ…🫢
အသေးစိတ်ကို ခုပဲဆက်သွယ်မေးမြန်းလိုက်ပါ
📲 ချစ်ရသူတွေကို အခုပဲ Surprise လုပ်ဖို့ အချိန်တန်ပြီနော်!
#အချစ်ခရီးစဉ် #သိုးခြံပုံ #ချစ်သူနဲ့ခရီး

သူငယ်ချင်း၊ မိတ်ဆွေတို့ရေ... ကမ်းခြေရောက်ရင် Activities တွေ၊ ညဘက် စည်ကားတဲ့ Night life ကိုမှ လိုချင်သူတွေအတွက်... P&A Tr...
20/10/2025

သူငယ်ချင်း၊ မိတ်ဆွေတို့ရေ... ကမ်းခြေရောက်ရင် Activities တွေ၊ ညဘက် စည်ကားတဲ့ Night life ကိုမှ လိုချင်သူတွေအတွက်... P&A Travel Nest က Pattaya Package ကိုစီစဉ်ပေးထားပါတယ်။
ဘာလို့ Pattaya ကို ရွေးသင့်တာလဲ?
• 🔥 10% ဈေးလျှော့: ပထမဆုံး Booking တင်သူ (၁၀) ဦး အတွက် ဈေးနှုန်းရဲ့ 10% ချက်ချင်း လျှော့ပေးမှာ! တန်နေတုန်း အမြန်ဆုံး ယူလိုက်နော်!
• 🌊 ကမ္ဘာကျော် ပတ္တရားကမ်းခြေ နှင့်အတူ လေဆာဘုရား၊ ပတ္တရား View Point တို့အပြင် အခြားနာမည်ကြီး Tour Attractions နေရာများကိုလည်ပတ်မှာဖြစ်ပါတယ်။
• 🏝️ Koh Larn: အရမ်းကိုလှပတဲ့ Koh Larn ကျွန်း ကိုသွားရောက်လည်ပတ်မှာဖြစ်ပါတယ်၊ စက်လှေခတွေ အကုန်ပါဝင်ပြီးသားဖြစ်ပါတယ်။
• ⭐ စိတ်ချရတဲ့ တည်းခိုခန်း: ညဘက် ပျော်ပြီးရင် သက်တောင့်သက်သာ နားဖို့ 3-4 Stars Hotelတွေစီစဉ်ပေးထားပါတယ်။
• All-in-One: သွားလာရေးကအစ၊ Daily Meals (တစ်နေ့ ၂ နပ်) အဆုံး Package ထဲမှာ အကုန်ပါပြီးသားမို့ လွယ်ကူတယ်။

👉 Booking လုပ်ဖို့ ဘာလုပ်ရမလဲ?
အခုပဲ Message ပို့ပြီး ဆက်သွယ်လိုက်ပါ။
1. သွားမည့်ရက်စွဲ
2. လူဦးရေ..ဒီနှစ်ချက်ကိုပဲ ပို့ပေးဖို့လိုပါတယ်။

#ကမ်းခြေActivities

သူငယ်ချင်း/မိတ်ဆွေတို့ရေ... စိတ်ကူးထဲကလို အေးချမ်းပြီး လှပတဲ့ ကမ်းခြေခရီးစဉ်ကို ရဖို့ဆိုရင် P&A Travel Nest ကို သာ သတိရလ...
19/10/2025

သူငယ်ချင်း/မိတ်ဆွေတို့ရေ... စိတ်ကူးထဲကလို အေးချမ်းပြီး လှပတဲ့ ကမ်းခြေခရီးစဉ်ကို ရဖို့ဆိုရင် P&A Travel Nest ကို သာ သတိရလိုက်ပါ။ ကျွန်တော်တို့က Bangkok အနီးက Hua Hin ကမ်းခြေကို တစ်ညအိပ် ၂ ရက် (2 Days / 1 Night) အပန်းဖြေခရီး Package လေး စီစဉ်ပေးပါမယ်။

ဘာလို့ အခုပဲ သွားသင့်တာလဲ?

• 🔥 10% ဈေးလျှော့: ပထမဆုံး Booking တင်သူ (၁၀) ဦး အတွက် ခရီးစဉ်ဈေးနှုန်းရဲ့ 10% ကို ချက်ချင်း လျှော့ပေးမှာ! ဒီလိုအခွင့်အရေး လက်လွှတ်မခံနဲ့!

• 3 Stars Hotel၊
• မနက်စာ နေ့လည်စာ ညစာ၊
• Memories House Cafe၊
• Pranburi Forest Park လို နာမည်ကြီးနေရာတွေ လည်ပတ်တာ အကုန် Package ထဲ ပါဝင်ပြီးသားဖြစ်ပါတယ်။

📸 ခရီးစဉ်တစ်လျှောက်အမှတ်တရ ပုံလှလှလေးတွေရိုက်ကူးပေးတာ လည်းပါဝင်တာဖြစ်သည့်အတွက် ဓာတ်ပုံ အတွက်တော့စိတ်မပူရဘူးနော် 🥰

👉 Booking လုပ်ဖို့ ဘာလုပ်ရမလဲ?
အချိန်မဆွဲဘဲ...
1. သွားမည့်ရက်စွဲ
2. လူဦးရေ..နှစ်ချက်ကိုပဲ Message ပို့လိုက်ပါ။ ကျန်တာ ကျွန်တော်တို့က အကောင်းဆုံး စီစဥ်ပေးပါ့မယ်!

#အပန်းဖြေခရီး #သူငယ်ချင်းတွေနဲ့ခရီးသွားမယ်

🌸 P&A Travel Nest မှ Northern Thailand Special Trip – Chiang Mai 🇹🇭အေးချမ်းလှပတဲ့ Chiang Mai ကို အကောင်းဆုံး ဝန်ဆောင်မှု...
18/10/2025

🌸 P&A Travel Nest မှ Northern Thailand Special Trip – Chiang Mai 🇹🇭
အေးချမ်းလှပတဲ့ Chiang Mai ကို အကောင်းဆုံး ဝန်ဆောင်မှုနဲ့ ခံစားလိုက်ပါ!

ချစ်သူ၊ သူငယ်ချင်း၊ မိသားစုအဖွဲ့ငယ်များအတွက် အသင့်တော်ဆုံး အပန်းဖြေခရီး —
အစမှအဆုံးအထိ P&A Travel Nest က စိတ်ချလက်ချ တာဝန်ယူပေးပါမယ်။



🔥 အထူးအစီအစဉ်များနှင့် အားသာချက်များ 🔥
👥 အနည်းဆုံး ၂ ယောက် ပါဝင်နိုင်တဲ့ Private Package
🎉 ပထမဆုံး Booking (၁၀) ဦးအတွက် 10% Discount!
📸 ခရီးစဉ်တစ်လျှောက်အမှတ်တရ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးပေးခြင်း


✅ Package အကြောင်းအရာများ
✈️ လေယာဉ် / 🚗 ကား / 🚆 ရထား ဖြင့် သွားလာမှု စိတ်ကြိုက်ရွေးချယ်နိုင်
🏨 ဟိုတယ် + စားစရိတ် + ဝင်ကြေး အားလုံးပါဝင်တဲ့ All-in-one Package
📍 လည်ပတ်မည့်နေရာများ –
• Doi Inthanon
• Mae Kampong သို့မဟုတ် Mon Jam (ရွေးချယ်နိုင်)
• Chiang Mai City


မိမိ ဘတ်ဂျက်နှင့်ကိုက်ညီတဲ့ Trip plan များလည်းရေးဆွဲပေးပါတယ်

💬 Booking လုပ်ရန် လွယ်ကူတဲ့ (၃) ချက်သာ
1️⃣ သွားမည့်ရက်စွဲ
2️⃣ လူဦးရေ (အနည်းဆုံး ၂ ယောက်)
3️⃣ သွားမည့်နည်းလမ်း (လေယာဉ် / ကား / ရထား)

📲 Message ပို့ပြီး အခုဘဲ Booking လုပ်လိုက်ပါ!
အေးချမ်းတဲ့ Chiang Mai ခရီးစဉ်နဲ့ ပျော်ရွှင်ဖွယ်အမှတ်တရတွေ ဖန်တီးလိုက်ပါ 🌿



17/10/2025

မင်္ဂလာပါ... P&A Travel Nest Page ကနေ နွေးထွေးစွာကြိုဆိုပါတယ်။ 👋✈️

ထိုင်းနိုင်ငံကို အလည်လာဖို့ စိတ်ကူးယဉ်နေသူတွေ၊ ထိုင်းနိုင်ငံရောက် မြန်မာတွေအတွက် ခရီးသွားအတွေ့အကြုံသစ်တွေကို ဖန်တီးပေးဖို့ ကျွန်ုပ်တို့ ရောက်ရှိလို့လာပါပြီ။

P&A Travel Nest ဟာ ဘန်ကောက်အခြေစိုက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး မြန်မာခရီးသွားများအတွက် ဘာသာစကားအခက်အခဲမရှိ၊ လမ်းခရီးမကျွမ်းကျင်မှာ မစိုးရိမ်ရဘဲ စိတ်အေးလက်အေး လည်ပတ်နိုင်ဖို့ အစအဆုံး တာဝန်ယူပေးနေပါတယ်။

ကျွန်ုပ်တို့ရဲ့ အဓိကဝန်ဆောင်မှုတွေကတော့:

✈️ လေယာဉ်လက်မှတ် ဝန်ဆောင်မှု - အကောင်းဆုံးဈေးနှုန်းများနဲ့ လွယ်ကူစွာ ဘွတ်ကင်လုပ်နိုင်ခြင်း

🚐 လေဆိပ် အကြိုအပို့ - ခရီးစဉ်အစအဆုံး စိတ်ပူစရာမလိုဘဲ သက်သောင့်သက်သာ သွားလာနိုင်ခြင်း

🏨 ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှု - သက်တောင့်သက်သာရှိပြီး သင့်ဘတ်ဂျက်နဲ့ ကိုက်ညီမယ့် ဟိုတယ်များ ရွေးချယ်ပေးခြင်း

🗺️ ပြည့်စုံသော ခရီးစဉ် Package များ - Bangkok, Kanchanaburi, Khao Yai, Pattaya, Chiang Mai, Phuket တို့လို နာမည်ကြီးနေရာတွေကို စိတ်ကြိုက်ခရီးစဉ်ရေးဆွဲနိုင်ခြင်း

🗣️ မြန်မာဘာသာစကားဖြင့် လမ်းညွှန် - မိခင်ဘာသာစကားနဲ့ ရှင်းလင်းစွာ ရှင်းပြပေးမယ့် Tour Guide များ ပါဝင်ခြင်း

📝 စိတ်ကြိုက်ခရီးစဉ်များ - သင့်ရဲ့ဘတ်ဂျက်နဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး ကိုယ်ပိုင်ခရီးစဉ်ကို သီးသန့်ရေးဆွဲပေးခြင်း

📸 အမှတ်တရ ဓာတ်ပုံ/ဗီဒီယို ဝန်ဆောင်မှု - ခရီးစဉ်တစ်လျှောက် အမှတ်တရတွေကို ပရော်ဖက်ရှင်နယ်များနဲ့ မှတ်တမ်းတင်နိုင်ခြင်း

P&A Travel Nest ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့

"စိတ်ကူးထဲမှာမက... တကယ်ဖြစ်လာအောင်" ဆိုတဲ့အတိုင်း သင်တို့ရဲ့ ခရီးသွားအိပ်မက်တွေကို အကောင်းဆုံး အသက်ဝင်လာအောင် ဖန်တီးပေးဖို့ အသင့်ရှိနေပါတယ်။

ခရီးစဉ်အသစ်တွေ၊ အထူး Promotion တွေကို မလွတ်တမ်းသိရှိနိုင်ဖို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။ ❤️

ခရီးစဉ်များနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက Page Messenger, Viber နှင့် Line တို့ကနေ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

သင်ရော ထိုင်းနိုင်ငံရဲ့ ဘယ်နေရာတွေကို ခရီးသွားချင်လဲ? Comment မှာ မျှဝေခဲ့ပါဦး။ 👇

#မြန်မာ

Address


10270

Telephone

+959761868876

Website

Alerts

Be the first to know and let us send you an email when P&A Travel Nest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to P&A Travel Nest:

  • Want your business to be the top-listed Travel Agency?

Share