Royal Dream Travels & Tours

Royal Dream Travels & Tours We offer the following services
- Air Tickets (Domestic and International)
- Hotel Booking (Worldwide)

Arrival Card ကြိုဖြည့်ဖို့မ​မေ့နဲ့​နော်❗️​မေလ ၁ ရက်​နေ့ကစပြီး ထိုင်းနိုင်ငံကိုသွား​ရောက်မည့်ခရီးသည်များ  Thailand Digita...
23/04/2025

Arrival Card ကြိုဖြည့်ဖို့မ​မေ့နဲ့​နော်❗️

​မေလ ၁ ရက်​နေ့ကစပြီး ထိုင်းနိုင်ငံကိုသွား​ရောက်မည့်ခရီးသည်များ Thailand Digital Arrival Card(TDAC)
ကို departure မတိုင်မီ ၃ ရက်ကြိုတင်ဖြည့်သွင်းရပါမယ်။

ထိုင်းနိုင်ငံကိုဝင်​ရောက်တဲ့အခါဖြည့်ရတဲ့ TM6-Arrival card ကို Online digital arrival card အဖြစ်​ပြောင်းလဲသုံးစွဲတာဖြစ်ပါတယ်။

Apply here ➡️ https://tdac.immigration.go.th/arrival-card
..........

Effective from May 1, 2025, all travelers to Thailand are required to complete the Thailand Digital Arrival Card (TDAC) via the following website: https://tdac.immigration.go.th/arrival-card

This new requirement applies to all passengers travelling to Bangkok and Chiang Mai. To ensure a smooth and efficient travel experience, passenger are advised to complete the TDAC at least 3 days prior to their departure date.

📍ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် တိုးမြင့်ကောက်ခံခြင်း*📍 12  May 2025 မှ စတင်၍  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်...
22/04/2025

📍ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် တိုးမြင့်ကောက်ခံခြင်း*📍

12 May 2025 မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ခရီးသွားဧည့်သည်များအားလုံး check-in တွင် လေဆိပ်အခွန် ပြည်ပခရီးစဉ်များအတွက် 5 USD နှင့် ပြည်တွင်းခရီးစဉ်များအတွက် 15000 ကျပ် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်၊၊

12 May နှင့် 12 May နောက်ပိုင်း ခရီးသွားရန် လက်မှတ်ကြိုတင်ဝယ်ယူထားသော ခရီးသည်များသည်လည်း ထပ်မံပေးဆောင်ရမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာနှစ်သစ်ကူး အခါသမယတွင် မိဘပြည်သူအပေါင်း အေးချမ်းသာယာပြီး ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း များဖြင့် ပြည့်နှက်သော န...
12/04/2025

မြန်မာနှစ်သစ်ကူး အခါသမယတွင် မိဘပြည်သူအပေါင်း အေးချမ်းသာယာပြီး ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း များဖြင့် ပြည့်နှက်သော နှစ်သစ်ဖြစ်စေရန် Royal Dream Travels and Tours မှ နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည်။

မန္တလေးမြို့ခရီးစဉ်များ အပါအဝင် ဧပြီလအတွင်း ပျံသန်းပြေးဆွဲမည့် မန်းရတနာပုံလေကြောင်းလိုင်း၏ ခရီးစဉ်များကို ခရီးသွားမိဘပြည...
04/04/2025

မန္တလေးမြို့ခရီးစဉ်များ အပါအဝင် ဧပြီလအတွင်း ပျံသန်းပြေးဆွဲမည့် မန်းရတနာပုံလေကြောင်းလိုင်း၏ ခရီးစဉ်များကို ခရီးသွားမိဘပြည်သူများ အဆင်ပြေစွာ ကြိုတင်စီစဉ်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်

Royal Dream Travels& Tours
09421797877

FYI ကယ်​ဆယ်​ရေးပစ္စည်းများ ​လေယာဥ်နဲ့ပို့ရန်လိုအပ်ပါက MAI/ Mingalar airline ကိုတိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်
31/03/2025

FYI

ကယ်​ဆယ်​ရေးပစ္စည်းများ ​လေယာဥ်နဲ့ပို့ရန်လိုအပ်ပါက MAI/ Mingalar airline ကိုတိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

𝐌𝐀𝐈 𝐖𝐞 𝐂𝐚𝐫𝐞 - မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့်ဒေသများသို့ အတူတကွလက်တွဲကူညီကြပါစို့

အခက်အခဲကြုံတွေ့ရသည့်အချိန်တိုင်းတွင် စည်းလုံးညီညွတ်မှုက အားဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှံးမှုများ ရင်ဆိုင်နေရသည့်အချိန်တွင် MAI သည် အရေးပေါ်ကူညီကယ်ဆယ်ရန် လိုအပ်လျက်ရှိသည့်နေရာများသို့ အထောက်အပံ့များပေးနိုင်ရန် ပြည်သူများနှင့်အတူ အပြည့်အဝရပ်တည်ကာ ကူညီဆောင်ရွက်လျက်ရှိပါသည်။

MAI We Care အစီအစဉ်ဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် အောက်ပါကဏ္ဍများတွင် မနားမနေကြိုးစားဆောင်ရွက်ပေးလျက်ရှိပါသည် -

✅ ကယ်ဆယ်ရေးအဖွဲ့များနှင့် ၎င်းတို့၏ပစ္စည်းကိရိယာများအား သယ်ဆောင်ရန် special charter flight များ စီစဉ်ပေးခြင်း
✅ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အခမဲ့သယ်ယူပို့ဆောင်ပေးခြင်း (စည်းကမ်းချက်များနှင့်အညီ)
✅ MAI နှင့် ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဖက်အဖွဲ့အစည်းများ စုပေါင်း၍ ပံ့ပိုးကူညီမှုများပေးအပ်ခြင်း

ပါဝင်လှူဒါန်းရန်နှင့် အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် -
Hotline: 9787 & +95 9 880 443 787
Email: [email protected]

အခမဲ့ကုန်စည်ပို့ဆောင်လိုပါက ဆက်သွယ်ရန် -
Phone: +95 9 250 157 233, +95 9 259 820 459 & +95 9 420 034 611
Email: [email protected]

အတူတကွလက်တွဲကာ ပြန်လည်တည်ဆောက်ရန် ကူညီကြပါစို့။

[English Version Below]

𝐒𝐭𝐫𝐨𝐧𝐠𝐞𝐫 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫: 𝐌𝐀𝐈 𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫

In times of crisis, unity gives us strength. As Myanmar faces the impact of the recent earthquake, MAI stands in solidarity with our people, committed to delivering aid and support where it’s needed most.

Through MAI We Care, we are working tirelessly to provide relief, including:

✅ Logistics support - special charter flights to carry rescue teams & their equipment.
✅ FOC essential cargo carriage within & to Myanmar (T&Cs apply).
✅ MAI & Partners’ contributions across the MAI network globally.

For inquiries & contributions, contact us:
Hotline: 9787 & +95 9 880 443 787
Email: [email protected]

For FOC cargo carriage matters, contact us at:
Phone: +95 9 250 157 233, +95 9 259 820 459 & +95 9 420 034 611
Email: [email protected]

Together, let’s extend our hands and hearts to help rebuild lives.


Nay Pyi Taw & Mandalay Airports Closure & Flight Cancellationsလတ်တလော ဖြစ်ပွားခဲ့သော ငလျင်ကြောင့် MAI နှင့် Mingalar လေက...
28/03/2025

Nay Pyi Taw & Mandalay Airports Closure & Flight Cancellations

လတ်တလော ဖြစ်ပွားခဲ့သော ငလျင်ကြောင့် MAI နှင့် Mingalar လေကြောင်းလိုင်းမှ နေပြည်တော်နှင့် မန္တလေးသို့ ဆင်းသက်မည့် လေယာဉ်ခရီးစဉ်များ ၊ နေပြည်တော်နှင့် မန္တလေးလေဆိပ်မှ ထွက်ခွာမည့် ခရီးစဉ်များအား March လ ၂၈ ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းထားကြောင်း ကြေညာအပ်ပါသည်။

Due to the earthquakes experienced, all flights to and from Nay Pyi Taw & Mandalay are canceled, effective 28 Mar, 2025, until further notice. We will resume operations once we receive approval from the relevant authorities and the condition is safe for our guests and colleagues.

Our passenger safety is our priority. As the situation is dynamic, we continually monitor ongoing developments to make informed decisions. We appreciate your patience and understanding and look forward to welcoming you on board as soon as possible.

“ခရီးသွားတဲ့အခါ တစ်ကိုယ်ရေသုံး ပစ္စည်းတွေ မေ့မကျန်ခဲ့အောင် list လုပ်ကြည့်ရအောင် “ ခရီးသွား မိတ်ဆွေများ အားလုံး မင်္ဂလာပါ...
28/03/2025

“ခရီးသွားတဲ့အခါ တစ်ကိုယ်ရေသုံး ပစ္စည်းတွေ မေ့မကျန်ခဲ့အောင် list လုပ်ကြည့်ရအောင် “

ခရီးသွား မိတ်ဆွေများ အားလုံး မင်္ဂလာပါရှင် ၊ ခရီးသွားတဲ့အခါ ရက်တိုခရီး ဖြစ်ဖြစ်၊ ရက်ရှည်ခရီး ဖြစ်ဖြစ် တစ်ကိုယ်ရေးသုံး ပစ္စည်းတွေကိုတော့ မဖြစ်မနေ ထည့်သွားဖို့လိုမယ်နော်။ ပစ္စည်းတွေ မကျန်ခဲ့ရအောင် ဒီနေ့တော့ Personal Item check lists လေးကို ဖော်ပြပေးလိုက်ပါတယ်ရှင် ။
♦️ Travels documents ( ဟိုတယ် ဘိုကင် ၊ လေယာဉ်လက်မှတ် စတဲ့ ခရီးသွား စာရွက်စာတမ်းများ )
♦️ Personal documents ( ပတ်စပို့ ၊ မှတ်ပုံတင် စသည် )
ပိုက်ဆံ ( ပြည်ပခရီးဖြစ်ပါက ကိုယ်သွားမယ့်နိုင်ငံအလိုက် local currency ငွေလဲသွားဖို့လည်းလိုမယ်နော် )
♦️ အဝတ်အစားများ ( ခရီးသွားရက်အလိုက် လိုအပ်သည့်အဝတ်အစားနှင့် အတွင်းခံများ )
♦️ ဖုန်း ၊ laptop နှင့် အားသွင်းကြိုးနှင့် powerbank
Basic toiletries ( တစ်ခါသုံး သွားတိုက်တံ ၊ မျက်နှာသစ် နှင့် skin care item များ )
♦️ Wet tissue (အလွယ်တကူ လက်ဆေးလို့မရတဲ့နေရာ ၊ အများသုံးသန့်စင်ခန်းတွေရောက်တဲ့အခါ အသုံးဝင်ဆုံး ပစ္စည်းဖြစ်လို့ မဖြစ်မနေ ယူသွားသင့်တဲ့ item )
♦️ ဖိနပ် ၊ ခြေအိတ်
♦️ သောက်နေကျ ဆေးများ
♦️ Reusable water bottle နှင့် အဆာပြေ မုန့်များ

📍ဒီပစ္စည်းတွေကို ယူသွားမယ်ဆိုရင် အဓိက လိုအပ်တဲ့ ပစ္စည်းတွေမပါလို့ စိတ်အနှောက်အယှက်ဖြစ်ရတဲ့ ခရီးကနေ ကင်းဝေစေနိုင်လို့ ခရီးသွားတဲ့အခါ အခုပြောပြထားတဲ့ Personal Item တွေကို ယူသွားဖို့Royal Dream က အကြံပြုပါတယ်နော် ။

🗽ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များကိုလည်း Royal Dream မှာ ရောင်းချပေးနေပြီဖြစ်လို့
စုံစမ်း ဝယ်ယူလိုပါက
🌐𝐑𝐨𝐲𝐚𝐥 𝐃𝐫𝐞𝐚𝐦 ရဲ့ လေယာဉ်လက်မှတ်အရောင်းဌာနဖြစ်တဲ့
📱𝐏𝐡𝐨𝐧𝐞 :𝟎𝟗 𝟕𝟕𝟕𝟏𝟖𝟐𝟖𝟏𝟒 , 𝟎𝟗 𝟒𝟐𝟏𝟕𝟗𝟕𝟖𝟕𝟕
📱𝐕𝐢ber : 𝟎𝟗 𝟒𝟐𝟏𝟕𝟗𝟕𝟖𝟕𝟕ကို ဆက်သွယ်မေးမြန်း ဝယ်ယူလိုက်ပါနော်၊
#𝐚𝐢𝐫𝐭𝐢𝐜𝐤𝐞𝐭 #𝐫𝐨𝐲𝐚𝐥𝐝𝐫𝐞𝐚𝐦 𝐬𝐞𝐫𝐯𝐢𝐜𝐞

Hotel Booking ကိုဘယ်အချိန်​တွေမှာလိုအပ်တာလဲ !!!😪Visa ‌လျှောက်တော့လည်း  Hotel Booking ပြရတယ် ။ Visa မပါဘဲ Free Visa နဲ့ သ...
27/03/2025

Hotel Booking ကိုဘယ်အချိန်​တွေမှာလိုအပ်တာလဲ !!!

😪Visa ‌လျှောက်တော့လည်း Hotel Booking ပြရတယ် ။ Visa မပါဘဲ Free Visa နဲ့ သွားလည်း Immigration မှာ Hotel Booking ပြရပြန်တယ်။

💠နိုင်ငံခြားခရီးသွားဖို့ လေယာဉ်စီးရုံနဲ့မရောက်ဘဲ နေဖို့ထိုင်ဖို့ပါ စီစဉ်ရတော့ Hotel Booking ဆိုတာ မဖြစ်မနေ လိုအပ်တဲ့အရာတစ်ခုနော် ။ ဒါပေမယ့်လည်း နိုင်ငံခြားက ဟိုတယ်ကို Booking ယူဖို့ ခက်ခဲနေတယ်ဆို စိတ်မပူပါနဲ့လို့ပဲ အရင်ပြောချင်ပါတယ်။ Royal Dream မှာ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များအပြင် Worldwide Hotel Booking Service ပါ ရနေပြီနော်။

💠ဒါကြောင့် Hotel Booking လုပ်ဖို့ လိုအပ်နေပြီဆို အခုပဲ Messenger နဲ့ Viber မှာ Hello လိုက်ပါရှင်။ တစ်နေရာထဲမှာ ခရီးစဉ်အတွက်လိုအပ်တာမှန်သမျှ Royal Dream မှာရနေပြီဆိုတော့ စိတ်ပူစရာလည်းမလို၊ အလုပ်လည်းမရှုပ်တော့ဘူးလေနော်။

လွယ်ကူလျင်မြန်တဲ့ Travel Service တွေကို Royal Dream Travels & Tours ရဲ့
📱Phone : 09 777182814 , 09 421797877
📲Viber : 09 421797877
💬Messenger မှာ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါပြီရှင်။

“ရန်ကုန် - ပီနန်း လေယာဉ်ခရီးစဉ်အသစ်”စွဲမက်စရာကောင်းတဲ့ သမိုင်းယဉ်ကျေးမှုနဲ့ ခေတ်မှီဆန်းသစ်မှုတို့ ပေါင်းစပ်တည်ရှိရာ ပီနန...
26/03/2025

“ရန်ကုန် - ပီနန်း လေယာဉ်ခရီးစဉ်အသစ်”

စွဲမက်စရာကောင်းတဲ့ သမိုင်းယဉ်ကျေးမှုနဲ့ ခေတ်မှီဆန်းသစ်မှုတို့ ပေါင်းစပ်တည်ရှိရာ ပီနန်း ပြည်နယ်ကို ဆိုရင် “အရှေ့တိုင်းရဲ့ ပုလဲရတနာ” လို့ တောင် တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
ကိုလိုနီခေတ်အဆောက်အအုံတွေ၊ ရောင်စုံပန်းချီတွေနဲ့ ပြည့်နှက်နေတဲ့ ယူနက်စကို ကမ္ဘာ့အ မွေအနှစ်နေရာဖြစ်တဲ့ George Town ၊ Night Market ညဈေးတွေနဲ့အတူ အလင်းရောင် ပြိုးပြက်နေတဲ့ ခေတ်မှီကုန်တိုက်တွေအထိ အချိုးမျှ ရောစပ်ထားတဲ့ ပီနန်းဒေသကို ခရီးသွားကြည့်ဖို့ အဆင်သင့်ဖြစ်နေပြီလား?

ဒါဆိုရင်တော့ ရန်ကုန် - ပီနန်း လေယာဉ်တိုက်ရိုက် ခရီးစဉ်တွေကို April လ 10 ရက်နေ့ ကစပြီး MAI လေကြောင်းလိုင်းမှ စတင်ပြေးဆွဲတော့မှာ ဖြစ်လို့ လက်မှတ်တွေကို Royal Dream Travels & Tours မှာ ဝယ်ယူလို့ရပါပြီရှင်။
𝐘𝐚𝐧𝐠𝐨𝐧 - 𝐏𝐞𝐧𝐚𝐧𝐠: 𝟐𝐱 𝐰𝐞𝐞𝐤𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐞𝐟𝐟. 𝟏𝟎 𝐀𝐩𝐫 𝟐𝟎𝟐𝟓
Inflight Meal
Baggage allowance
• 40 KG for Business Class
• 30 KG for Economy Class
______________________

🌟အရောင်အသွေး စုံလင်လှတဲ့ ပီနန်းဒေသကိုသာ မက နိုင်ငံတကာ လေယာဉ်လက်မှတ်တွေကို ဝယ်ယူဖို့အတွက် အခုပဲ Royal Dream ရဲ့
📱Phone : 09 777182814 , 09 421797877
📲Viber : 09 421797877
💬Messenger ကို ဆက်သွယ်လိုက်ပါနော်။

🌍✈️ ခရီးစဉ်အသစ်တွေ စတင်ဖို့ အချိန်ရောက်ပြီ! ✈️🌍🌍ကမ္ဘာကြီးဟာ ရွာလေးတစ်ခုသာသာ ဖြစ်လာပြီဖြစ်တဲ့ ၂၁ ရာစုမှာ နိုင်ငံတကာကို သွ...
17/03/2025

🌍✈️ ခရီးစဉ်အသစ်တွေ စတင်ဖို့ အချိန်ရောက်ပြီ! ✈️🌍

🌍ကမ္ဘာကြီးဟာ ရွာလေးတစ်ခုသာသာ ဖြစ်လာပြီဖြစ်တဲ့ ၂၁ ရာစုမှာ နိုင်ငံတကာကို သွားလာဖို့ဆိုတာဟာလည်း အင်မတန်မှ လွယ်ကူလျင်မြန်လာပြီဖြစ်ပါတယ်။ နေ့ချင်းဝယ် နေ့ချင်းရတဲ့ လေယာဉ်လက်မှတ်တွေကို Royal Dream မှာ ဝယ်ယူပြီး MAI လေကြောင်းလိုင်းရဲ့ ပြည်ပလေယာဉ်ခရီးစဉ်တွေနဲ့အတူ အမှတ်တရတွေ ပြည့်နေမယ့် ခရီးစဉ်တွေကို စတင်လိုက်တော့နော်။

🌍ဘယ်နိုင်ငံတွေကို တိုက်ရိုက်သွားလို့ရမလဲ?
✈️ရန်ကုန် - ဘန်ကောက်
✈️ရန်ကုန် - ဖူးခက်
✈️ရန်ကုန် - ချင်းမိုင်
✈️မန္တလေး - ဘန်ကောက်
✈️မန္တလေး - ချင်းမိုင်
✈️ရန်ကုန် - စင်ကာပူ
✈️ရန်ကုန် - ဆိုးလ်
✈️ရန်ကုန် - ဟနွိုင်း
✈️ရန်ကုန် - ဟိုချီမင်း
✈️ရန်ကုန် - ဒါနန်း
✈️ရန်ကုန် - ဖနွမ်းပင်
✈️ရန်ကုန် - ပီနန်း
✈️ရန်ကုန် - ကွမ်ကျိုး
✈️ရန်ကုန် - ချန်နိုင်း
✈️ရန်ကုန် - နယူးဒေလီ
✈️ရန်ကုန် - ကော်လက္ကတ္တား
✈️ရန်ကုန် - ဗီယန်ကျင်း
✈️ရန်ကုန် - ကွာလာလမ်ပူ

လေယာဉ်လက်မှတ်တွေကို ဘယ်လိုမှာယူမလဲ?
1️⃣ Royal Dream ရဲ့ Facebook စာမျက်နှာကို Like နှင့် Follow လုပ်ထားပြီး
2️⃣လက်မှတ်များ ၊ စုံစမ်းလိုသည်များကို စုံစမ်းလိုသည်များကို Messenger မှတစ်ဆင့်
3️⃣ လိုချင်သောခရီးစဉ်ကို ရွေးချယ်ပြီး လက်မှတ်မှာယူလိုက်ပါနော်။
4️⃣အရေးတကြီး ဆက်သွယ်မှာယူဖို့အတွက်တော့ ဖုန်း 09 777182814 , 09 421797877 ကို Viber or hotline Ph Call မှတဆင့် ဆက်သွယ်လို့လည်းရပါတယ်ရှင်။

ဘာကြောင့် Royal Dream ကိုရွေးချယ်သင့်တာလဲ?
ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှု
မှန်ကန်တဲ့ ဈေးနှုန်း
အချိန်နှင့်တစ်ပြေးညီ customer service ဝန်ဆောင်မှုတို့ကြောင့် စိတ်ချယုံကြည်စွာ ဆက်သွယ်မှာယူလိုက်တော့နော် ။
✈️🌍ခရီးစဉ်အသစ်တွေ စတင်ဖို့ အခုပဲ
📞09 777182814 , 09 421797877 (သို့) Messenger မှတစ်ဆင့် ဆက်သွယ်လိုက်ပါ။

Royal Dream ရဲ့ ဗဟုသုတ အမေးအဖြေလေး ပြန်လည်ရောက်ရှိလာပါပြီ ဒီတစ်ခါ မေးခွန်းလေးရဲ့ အဖြေကရော ဘာဖြစ်မလဲ?comment မှာ ဖြေသွားဦ...
14/03/2025

Royal Dream ရဲ့ ဗဟုသုတ အမေးအဖြေလေး ပြန်လည်ရောက်ရှိလာပါပြီ
ဒီတစ်ခါ မေးခွန်းလေးရဲ့ အဖြေကရော ဘာဖြစ်မလဲ?
comment မှာ ဖြေသွားဦးနော် ။

✅လွယ်ကူ လျင်မြန်ပြီး စိတ်ချ ယုံကြည်ရတဲ့ Travel Service တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့
Royal Dream ရဲ့
📱Phone : 09 777182814 , 09 421797877
📲Viber : 09 421797877
💬Messenger ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

✈️ Fly with Thai Airways International – Your Gateway to Asia! 🌏အာရှရဲ့ ထိပ်တန်း ခရီးသွားနိုင်ငံတွေကို Thai Airways Inte...
11/03/2025

✈️ Fly with Thai Airways International – Your Gateway to Asia! 🌏

အာရှရဲ့ ထိပ်တန်း ခရီးသွားနိုင်ငံတွေကို Thai Airways International ရဲ့ Special Fares တွေနဲ့အတူ ပျံသန်းနိုင်ဖို့ အခုပဲ booking တင်ထားတော့နော်။
--------------------------------
✅ Yangon → Bangkok, Thailand – 116 USD
✨ ထိုင်းနိုင်ငံရဲ့ အထင်ကရ Grand Palace ၊ ဘန်ကောက်မြို့ ရေပေါ်ဈေးများ နဲ့ street food တွေကို ပျော်ပျော်ပါးပါး လည်ပတ်စားသောက်ကြမယ်

✅ Yangon → Narita, Japan – 438 USD
✅ Yangon → Nagoya, Japan – 499 USD
✨ Japan နိုင်ငံရဲ့ Shibuya Crossing, Mount Fuji နဲ့ နွေဦးမှာပွင့်တော့မယ့် ဆာကူရာပန်းတွေကို ကြည့်ရှူခံစားကြမယ်

✅ Yangon → Seoul, South Korea – 343 USD
✨Myeongdong မှာဈေးဝယ်ပြီး Gyeongbokgung Palac နဲ့ စစ်မှန်တဲ့ Korean BBQအရသာကို မြည်းစမ်းကြည့်ကြမယ်။
--------------------------------
🎟️ Why Choose Thai Airways?
✔️ Premium in-flight meals 🍱
✔️ Spacious seats & world-class service 🌟
✔️ Convenient flight connections 🛫
📅 Travel Period: March ,2025
🚨 Limited seats available! Book now before it’s too late!
📩 DM us or call 09 777182814 , 09 421797877 to secure your seat!

“ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးကို ခရီးသွားရင်း ကိုယ့်ကြောင့် ထပ် မနာကျင်စေဖို့”ကျွန်မတို့ ကမ္ဘာကြီးက ဖျားနာနေတာ ကြာပါပြီ။ ကမ္ဘာက...
09/03/2025

“ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးကို ခရီးသွားရင်း ကိုယ့်ကြောင့် ထပ် မနာကျင်စေဖို့”

ကျွန်မတို့ ကမ္ဘာကြီးက ဖျားနာနေတာ ကြာပါပြီ။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲမြစ်တွေလည်း အရည်ပျော် ၊ သဘာဝ ဘေးအန္တရယ်တွေလည်း ဖြစ်ပေါ်ပြီး ယိုယွင်းနေတာ ကျွန်မတို့ အားလုံး အသိပါ ။ ဒါကြောင့် ဒီနေ့တော့ ခရီးသွားရင်း ဂေဟစနစ် ပျက်စီးမှူကို တစ်ဖက်တစ်လမ်းကနေ ထိန်းသိမ်းနိုင်မယ့် အချက်တွေကို မျှဝေပေးသွားပါမယ်ရှင်။နေထိုင်ရာ ကမ္ဘာကြီး သာယာမှ သဘာဝတရားနဲ့ ပြည့်နှက်နေတဲ့ နေရာလှလှလေးတွေကို ခရီးသွားနိုင်မှာဖြစ်လို့ ဖတ်ကြည့်နော်။

Plastic စွန့်ပစ်အမှိုက်များ လျှော့ချခြင်း
ခရီးသွားတဲ့အခါ နေရာတိုင်းမှာ တစ်ခါသောက် ရေဘူးတွေ ဝယ်မသောက်ဘဲ ရေ ပြန်ဖြည့်လို့ရတဲ့ ရေဘူးကိုပဲ ဆောင်သွားခြင်းအားဖြင့် ပလတ်စတစ် ရေဘူးအမှိုက်တွေကို လျှော့ချလို့ ရပါတယ်။ အမှတ်တရ ပစ္စည်းများဝယ်တဲ့အခါ မလိုအပ်ရင် ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ပိုးခြင်းကိုလည်း သတိထားပြီး ရှောင်ကျဉ်ပြီး ပလတ်စတစ် စွန့်ပစ်အမှိုက်များကို လျှော့ချကြမယ်နော်။

စွမ်းအင်နဲ့ တစ်ရှူးစက္ကူများကို ချွေတာခြင်း
လျှပ်စစ်မီး ၊ အဲကွန်း စတာတွေကို မလိုအပ်တဲ့ နေရာတွေမှာ မသုံးဘဲ နေမယ် ။ ဟိုတည်မှာတည်းတဲ့အခါ အိမ်သာ၊ရေချိုးခန်း မီးတွေကို သုံးတဲ့အခါမှဖွင့်တာ ၊ တစ်ရှူးစက္ကူတွေကို လျှော့ချသုံးစွဲတာ ၊ တစ်ခါသုံး စက္ကူခွက်တွေကို လျှော့ချတာ စသည်ဖြင့် စွမ်းအင်ချွေတာနိုင်ပါတယ်။

ခရီးသွား ဒေသများကို ထိန်းသိမ်းခြင်း
ခရီးသွား များစွာ လည်ပတ်လေ့ရှိတဲ့ နေရာတွေဟာ လူများသလောက် eco-system ကို ပျက်စီးစေဖို့ အလားအလာများပါတယ်။ ဒါကြောင့် သွားရောက်လည်ပတ်တဲ့ နေရာတွေမှာ အမှိုက်တွေ မချန်ခဲ့ဘဲ စနစ်တကျ စွန့်ပစ်သင့်ပါတယ် ။

တခြားသူများကို ပြန်လည်မျှဝေခြင်း
ခရီးသွားတဲ့အခါ ကိုယ်ကျင့်သုံးလေ့ရှိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းကာကွယ်တဲ့ နည်းလမ်းတွေကို social media မှာဖြစ်စေ၊ လက်တွေ့ဘဝမှာဖြစ်စေ ပြန်လည်မျှဝေခြင်းကလည်း တစ်ဖက်တစ်လမ်းက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တာဖြစ်လို့ ဒီအချက်ကိုလည်း လိုက်နာ ကျင့်သုံးလို့ ရပါတယ်ရှင်။

Royal Dream ရဲ့ ခရီးသွားမိတ်ဆွေတို့ရော ခရီးသွားတစ်ယောက်အနေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထည့်စဉ်းစားပြီး ပြုမူမိတဲ့ အကျင့်လေးတွေရှိတယ်ဆို comment မှာ မျှဝေပေးသွားပါဦးနော်။

By making small, mindful choices while traveling, we can all contribute to preserving the Earth for future generations. 🌍♻️

❗️မြန်မာပြည်တွင်း လေယာဥ်လက်မှတ်တွေကို ဝယ်ယူဖို့ လိုအပ်နေပြီလား❓️💠အချိန်ကုန်၊လူပင်ပန်းသက်သာစွာနဲ့  မြန်မာပြည်အနှံ့ သွားလာ...
06/03/2025

❗️မြန်မာပြည်တွင်း လေယာဥ်လက်မှတ်တွေကို ဝယ်ယူဖို့ လိုအပ်နေပြီလား❓️

💠အချိန်ကုန်၊လူပင်ပန်းသက်သာစွာနဲ့ မြန်မာပြည်အနှံ့ သွားလာနိုင်ဖို့ဆို လေကြောင်းခရီးစဥ်ကသာ အကောင်းမွန်ဆုံး ရွေးချယ်မှူတစ်ခုပါ။

💠ခရီးသွား မိတ်ဆွေတို့ရဲ့ ခရီးစဉ်လေး သာယာပြီး အချိန်ကုန်သက်သာစေဖို့ Royal Dream Travels and Tours မှာလည်း မြန်မာပြည်အနှံ့ လေယာဥ်လက်မှတ်များကို
🔆မှန်ကန်သောစျေးနှုန်း
🔆ကောင်းမွန်သော ဝန်ဆောင်မှူ တို့ဖြင်ေ့ရာင်းချပေးလျက်ရှိပါတယ်ရှင်။

____________________________

ဝယ်ယူရရှိနိုင်တဲ့ ခရီးစဥ်တွေကတော့
✅️ ရန်ကုန်-မန္တလေး
✅️ ရန်ကုန်-နေပြည်တော်
✅️ ရန်ကုန်-ကလေး
✅️ ရန်ကုန်-ကော့သောင်း
✅️ ရန်ကုန်-ကျိုင်းတုံ
✅️ ရန်ကုန်-မြိတ်
✅️ ရန်ကုန်-မြစ်ကြီးနား
✅️ ရန်ကုန်-စစ်တွေ
✅️ ရန်ကုန်-တာချီလိတ်
✅️ ရန်ကုန်-ကျောက်ဖြူ
✅️ ရန်ကုန်-ညောင်ဦး
✅️ ရန်ကုန်-ဟဲဟိုး
✅️ ရန်ကုန်-ထားဝယ်
____________________________
✅️ မန္တလေး-ရန်ကုန်
✅️ မန္တလေး-ကျိုင်းတုံ
✅️ မန္တလေး-ခန္တီး
✅️ မန္တလေး-ကလေး
✅️ မန္တလေး-မြစ်ကြီးနား
✅️ မန္တလေး-ပူတာအို
✅️ မန္တလေး-တာချီလိတ်
____________________________

✅️ ကလေး-ရန်ကုန်
✅️ ကော့သောင်း-ရန်ကုန်
✅️ ကျိုင်းတုံ-ရန်ကုန်
✅️ မြိတ်-ရန်ကုန်
✅️ မြစ်ကြီးနား-ရန်ကုန်
✅️ စစ်တွေ-ရန်ကုန်
✅️ တာချီလိတ်-ရန်ကုန်
✅️ ထားဝယ်-ရန်ကုန်
✅️ ညောင်ဦး-ရန်ကုန်
✅️ ဟဲဟိုး-ရန်ကုန်
____________________________

✅️ ကျိုင်းတုံ-မန္တလေး
✅️ ခန္တီး-မန္တလေး
✅️ ကလေး-မန္တလေး
✅️ မြစ်ကြီးနား-မန္တလေး
✅️ ပူတာအို-မန္တလေး
✅️ တာချီလိတ်-မန္တလေး
____________________________

✅️ ဟဲဟိုး-ကျိုင်းတုံ
✅️ ဟဲဟိုး-တာချီလိတ်
✅️ တာချီလိတ်-ဟဲဟိုး
✅️ ဟဲဟိုး-ညောင်ဦး
✅️ ညောင်ဦး-ဟဲဟိုး
____________________________

✅️ ထားဝယ်-ကော့သောင်း
✅️ ကော့သောင်း-ထားဝယ်
____________________________
✅️ မြစ်ကြီးနား-ပူတာအို
✅️ ပူတာအို-မြစ်ကြီးနား

❗️ပြည်တွင်းလေယာဥ်လက်မှတ်များသာမက
ပြည်ပလေယာဥ်လက်မှတ်၊ နိုင်ငံတကာ hotel booking service များလည်း ရရှိနိုင်မယ့် Royal Dream Travels & Tours ကို ဆက်သွယ်လိုပါက

📱ဖုန်း - 09 777182814 , 09 421797877
📱 Viber - 09 421797877
💬Facebook Messenger ကိုဆက်သွယ်ပြီး ဝယ်ယူလိုက်ပါနော်။

❗️ခရီးစဉ်တစ်လျှောက် စိတ်ချမ်းသာဖို့ Royal Dream မှာ လက်မှတ်ဝယ်ယူစို့ “

နွေရာသီ ပိတ်ရက်ရှည်ကာလတွေမှာလည်း Vietnam နိုင်ငံက ခရီးသွားဖို့ အကောင်းဆုံးနိုင်ငံတစ်ခုပေါ့။March နဲ့ April ကာလတွေမှာဆိုရ...
04/03/2025

နွေရာသီ ပိတ်ရက်ရှည်ကာလတွေမှာလည်း Vietnam နိုင်ငံက ခရီးသွားဖို့ အကောင်းဆုံးနိုင်ငံတစ်ခုပေါ့။
March နဲ့ April ကာလတွေမှာဆိုရင် Vietnam ရဲ့ မြောက်ပိုင်းရဲ့ အေးမြတဲ့ကာလတွေက စတင်ကုန်ဆုံးလာပြီး တောင်ပိုင်းကတော့ dry season စနေတဲ့ ကာလတွေ ဖြစ်တာကြောင့် ရာသီဥတုက စတင်နွေးထွေးလာပြီလို့ပြောလို့ရတယ် ။ ရာသီဥတု ကြည်လင်သာယာတဲ့ အတွက်ကြောင့်လည်း မြို့ပြဒေသတွေကိုပဲ ဖြစ်စေ ၊ သဘာဝ အလှတရားတွေကို ရှာဖွေဖော်ထုတ်ရင်း လည်ပတ်လို့ကောင်းတဲ့ Perfect Summer Trip လေးဖြစ်နေတော့မှာ ⛱️🏀🚘

နွေရာသီရဲ့ ပြီးပြည့်စုံတဲ့ ခရီးစဉ်လေး ဖြစ်စေဖို့ဆို အခုပြောပြမယ့် Vietnam မှာ လည်ပတ်လို့အကောင်းဆုံး၊ အလှဆုံးနေရာတွေကို စာရင်းမှတ်ထားဖို့တော့ လိုပါမယ်ရှင်။
📍Hanoi
📍Halong Bay
📍Sapa
📍Hue
📍Da Nang & Hoi An
📍Nha Trang
📍Ho Chi Minh City
📍Mekong Delta
📍Phu Quoc Island

Vietnam Summer Trip သွားတော့မယ်ဆိုရင်တော့ ဒါတွေပြင်ထားဖို့လိုမယ်နော်

📌လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ဘိုကင် ကြိုလုပ်မယ်
📌ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အဝတ်အစားတွေထည့်မယ် ၊ ဗီယက်နမ် မြောက်ပိုင်းဆိုရင်တော့
📌Jacket အပါးလေးတွေ လိုအပ်နိုင်လို့ တစ်ထည်လောက်တော့ ယူသွားနော်
📌Vietnam ရဲ့ နာမည်ကြီး အစားအစာဖြစ်တဲ့ Pho ‌ေခါက်ဆွဲနဲ့ Bhami( ပေါင်မုန့်) ကို စားကြည့်ဖို့
Bucket list ထဲထည့်ထားမယ်
📌Transportation အတွက် အဆင်ပြေမယ့် App တချို့ကို internet မှာ ရှာထားမယ် ( ဥပမာ -Grab )
📌ကိုယ်တည်းမယ့် ဟိုတည် အနီးတစ်ဝိုက်မှာ လည်ပတ်စရာနေရာ ၊ စားသောက်ဆိုင် စသဖြင့် ကြိုတင်ရှာဖွေထားမယ်ဆို ပိုပြီး Perfect ဖြစ်မယ့် ခရီးစဉ်တစ်ခုဖြစ်မှာနော် ။

ဒါနဲ့ လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ဘိုကင်တွေကို Royal Dream Travels & Tours မှာလည်း ဝယ်ယူလို့ ရနေပြီနော်။ 💁
လွယ်ကူ လျင်မြန်ပြီး စိတ်ချ ယုံကြည်ရတဲ့ Travel Service တွေကို ရယူဖို့ Royal Dream ရဲ့
📱Phone : 09 777182814 , 09 421797877
📲Viber : 09 421797877
💬Messenger ကို ဆက်သွယ်လိုက်ပါနော်။

❓“လေယာဉ်စီးတဲ့အခါ အထုပ်တွေကို အလေးချိန်ဘယ်လောက်ထိသယ်လို့ရလဲလို့ သိချင်ကြတဲ့ customer များအတွက်”❓ဒီအချက်လေးကို သိချင်ရင်တ...
03/03/2025

❓“လေယာဉ်စီးတဲ့အခါ အထုပ်တွေကို အလေးချိန်ဘယ်လောက်ထိသယ်လို့ရလဲလို့ သိချင်ကြတဲ့ customer များအတွက်”❓

ဒီအချက်လေးကို သိချင်ရင်တော့ ကိုယ်ဝယ်ထားတဲ့ လေယာဉ်လက်မှတ်မှာပဲ အလွယ်တကူ စစ်ကြည့်လို့ရပါတယ် ။ ဘယ်နေရာမှာစစ်လို့ရလဲဆိုတာ ပြောပြပေးမယ်နော်။

ပထမပုံမှာ ပြထားတဲ့ နေရာမှာ kg ဘယ်လောက်သယ်လို့ရတယ်ဆိုတာကို အလွယ်တကူ သိနိုင်မှာပဲ ဖြစ်ပါတယ် ။တကယ်လို့ အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒုတိယပုံမှာပြထားသလို Terms and Conditions မှာပါတဲ့ Baggage Allowance ဆိုတဲ့အပိုင်းမှာ အသေးစိတ်လေ့လာနိုင်ပါသေးတယ် ။
လေကြောင်းလိုင်းတစ်ခုတည်းမှာတောင် ပြည်တွင်း / ပြည်ပ ခရီးစဉ်ပေါ်မူတည်ပြီး သယ်ယူခွင့်ရတဲ့ အလေးချိန်က မတူတာဖြစ်လို့ -
🔶ပြည်ပ ခရီးစဉ်ဆို International
🔶ပြည်တွင်း ခရီးစဉ်ဆို Domestic မှာ စစ်နိုင်ပါတယ် ။

တကယ်လို့ 30 kg /40kg ( 2 pieces/ 3 pieces ) ဆိုပြီး ရေးထားရင်တော့ ဆိုလိုချင်တာက စုစုပေါင်း အလေးချိန် 30kg / 40 kg ထိသယ်လိုရပြီး 2 pieces ဆို ၂ အိတ်ခွဲသယ်လို့ရတယ်။ 3 pieces ဆို ၃ အိတ်ခွဲသယ်လို့ရတယ်လို့ ပြောချင်တာပဲ ဖြစ်ပါတယ် ။
—------------------------

တစ်ဆက်တည်းမှာပဲ ပြည်တွင်းခရီးစဉ်နဲ့ ပြည်ပ ခရီးစဉ်တွေရဲ့ Baggage Allowance ကလည်း မတူညီတာကြောင့် ဒါလေးကိုလည်း သိထားဖို့ လိုမယ်နော် ။

🔶ပြည်တွင်း ခရီးစဉ်
🧳Checked in Baggage - 20 Kg
🧳Hand Carry - 5 Kg

🔶ပြည်ပ ခရီးစဉ်
🧳Checked in Baggage - 20/25/30 Kg
🧳Hand Carry - 7 Kg
(ခရီးစဉ်နဲ့ လေကြောင်းလိုင်းပေါ်မူတည်ပြီး kg သတ်မှတ်ချက်မတူနိုင်လို့ လက်မှတ်ဝယ်တဲ့အခါ သေချာစစ်ကြည်ဖို့ ၊ Ticket Agent ကို သေချာမေးကြည့်ဖို့ လိုမယ်နော် )

—---------------------------

လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
🌐𝐑𝐨𝐲𝐚𝐥 𝐃𝐫𝐞𝐚𝐦 ရဲ့ လေယာဉ်လက်မှတ်အရောင်းဌာနဖြစ်တဲ့
📱𝐏𝐡𝐨𝐧𝐞 :𝟎𝟗 𝟕𝟕𝟕𝟏𝟖𝟐𝟖𝟏𝟒 , 𝟎𝟗 𝟒𝟐𝟏𝟕𝟗𝟕𝟖𝟕𝟕
📱𝐕𝐢𝐛𝐞𝐫 : 𝟎𝟗 𝟒𝟐𝟏𝟕𝟗𝟕𝟖𝟕𝟕ကို ဆက်သွယ်မေးမြန်း ဝယ်ယူလိုက်ပါနော်၊
#𝐚𝐢𝐫𝐭𝐢𝐜𝐤𝐞𝐭 #𝐫𝐨𝐲𝐚𝐥𝐝𝐫𝐞𝐚𝐦 𝐬𝐞𝐫𝐯𝐢𝐜𝐞

ချင်းမိုင်နဲ့ဖူးခက်ကို direct flight နဲ့ သွားနိုင်ပြီနော်”ရန်ကုန် မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သာမက ချင်းမိုင်နဲ့ ဖူးခက...
01/03/2025

ချင်းမိုင်နဲ့ဖူးခက်ကို direct flight နဲ့ သွားနိုင်ပြီနော်”

ရန်ကုန် မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သာမက ချင်းမိုင်နဲ့ ဖူးခက်မြို့တွေကိုပါ လေယာဉ်တိုက်ရိုက်ဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ပါတယ် ။

အားလပ်ရက် အပန်ဖြေခရီးသွားဖို့ ၊ ကျောင်းကိစ္စအတွက်အပြင် လုပ်ငန်းကိစ္စများအတွက် ထိုင်းနိုင်ငံသို့ သွားရန် လိုအပ်တဲ့ ခရီးသွားမိတ်ဆွေများအတွက် MAI လေကြောင်းလိုင်းမှ ထိုင်ငံသို့ ပြေးဆွဲလျက်ရှိတဲ့ ခရီးစဉ်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော် ။

🔴ရန်ကုန် - ဘန်ကောက် ( 4x Daily )
🔴ရန်ကုန် - ဒွန်မောင်း ( 2x Daily )
🔴ရန်ကုန် - ဖူးခက် ( 2x Weekly / Thu & Sun )
🔴ရန်ကုန် - ချင်းမိုင် ( 3x Weekly / Wed,Thu & Sat ) ပြေးဆွဲလျက်ရှိတာကြောင့် မနက်၊ ည မရွေး အဆင်ပြေတဲ့ အချိန်ကို ရွေးချယ်သွားလာနိုင်ပြီ ဖြစ်ပါတယ် ။

လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
🌐𝐑𝐨𝐲𝐚𝐥 𝐃𝐫𝐞𝐚𝐦 ရဲ့ လေယာဉ်လက်မှတ်အရောင်းဌာနဖြစ်တဲ့
📱𝐏𝐡𝐨𝐧𝐞 :𝟎𝟗 𝟕𝟕𝟕𝟏𝟖𝟐𝟖𝟏𝟒 , 𝟎𝟗 𝟒𝟐𝟏𝟕𝟗𝟕𝟖𝟕𝟕
📱𝐕𝐢𝐛𝐞𝐫 : 𝟎𝟗 𝟕𝟕𝟕𝟏𝟖𝟐𝟖𝟏𝟒 , 𝟎𝟗 𝟒𝟐𝟏𝟕𝟗𝟕𝟖𝟕𝟕ကို ဆက်သွယ်မေးမြန်း ဝယ်ယူလိုက်ပါနော်၊
#𝐚𝐢𝐫𝐭𝐢𝐜𝐤𝐞𝐭 #𝐫𝐨𝐲𝐚𝐥𝐝𝐫𝐞𝐚𝐦 𝐬𝐞𝐫𝐯𝐢𝐜𝐞

Address

Sanchaung

Alerts

Be the first to know and let us send you an email when Royal Dream Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Dream Travels & Tours:

Share