Ye Ni M

Ye Ni M THEY DIED FOR ALL FREE MEN

05/01/2026

Kaaba View ကို အခန်းကနေ ထိုင်ကြည့်ရင်း

လိုအပ်မယ်ထင်ရင် မျှဝေပေးပါဆော်ဒီစာတိုက်ကနေ မြန်မာနိုင်ငံကို ပစ္စည်း ပါဆယ်ပို့ခ ဈေးနှုန်းမေးတဲ့ ဟာဂျီများအတွက် စာတိုက်ကနေ...
02/07/2025

လိုအပ်မယ်ထင်ရင် မျှဝေပေးပါ

ဆော်ဒီစာတိုက်ကနေ မြန်မာနိုင်ငံကို ပစ္စည်း ပါဆယ်ပို့ခ ဈေးနှုန်းမေးတဲ့ ဟာဂျီများအတွက် စာတိုက်ကနေ ဈေးနှုန်းစာရွက်ယူလာပြီး မျှဝေပေးလိုက်ပါတယ်

မြန်မာနိုင်ငံကို ဆော်ဒီစာတိုက်ကနေ ပစ္စည်းပို့မယ်ဆိုရင်

(10 KG - 20 KG) ၁၀ ကီလို ၂၀ ကီလို အထုပ်တွေပို့လို့ရပါတယ်
၁၀ ကီလို ပို့မယ်ဆိုရင် ဆော်ဒီငွေ ၂၈၅ ကျသင့်ပါမယ်
ကီလို ၂၀ ပို့မယ်ဆိုရင် ဆော်ဒီငွေ ၄၃၅ ကျသင့်ပါမယ်
ပစ္စည်းထည့်တဲ့ စက္ကူကာတွန်ဗူးနှင့် ပါကင်ပိတ်ခ ဆော်ဒီငွေ ၃၅ ကျသင့်ပါမယ်
ကိုယ့်ဘက်က ပစ္စည်းကိုတိတိကျကျ ချိန်ပြီး ပါကင်ပိတ်ခဲ့တယ်ဆိုရင် စက္ကူဗူးနှင့် ပါကင်ပိတ်ခပေးစရာမလိုပါဘူး

အရင် ဆော်ဒီစာတိုက်ကနေ မြန်မာနိုင်ငံကို ကီလို ၃၀ အထုပ်တွေပို့လို့ရခဲ့ပေမယ့် အခုတော့ ကီလို ၃၀ အထုပ်ကို လက်မခံတော့ပါဘူး တစ်ထုပ်ထဲမှာ ကီလို ၃၀ ထည့်ထားတဲ့ အထုပ်ကိုလက်မခံတာပါ မရှင်းမှာဆိုးလို့ ကီလို ၂၀ အထုပ်လုပ်ပြီး ကြိုက်သလောက်ပို့လို့ရပါတယ်။

20/06/2025

မြန်မာနိုင်ငံအတွက် အွမ်ရာဟ် ဗီဇာဈေးနှုန်းများ
အောက်ပါဈေးနှုန်းများသည်ဆော်ဒီအစိုးရဘက်မှသတ်မှတ်သောဈေးနှုန်းများဖြစ်ပြီး ဗီဇာတင်သည့်လူဦးရေပေါ်မူတည်၍ ဈေးနှုန်းကွဲပြားပါမည် လူဦးရေများရင်များသလို ဗီဇာဈေးနှုန်းသက်သာမှာဖြစ်ပြီး လူဦးရေနဲရင်နဲသလို
ဗီဇာဈေးများပါမည်

အွမ်ရာဟ်ဗီဇာမလျှောက်ခင် ဆော်ဒီအစိုးရအသိအမှတ်ပြု ဟိုတယ်များမှ အခန်းကြိုတင် ဘိုကင်လုပ်ပြီး ပို့ဆောင်ရေးဝန်ဆောင်မှုဝယ်ယူပြီးမှသာ ဗီဇာလျှောက်ထားနိုင်ပါမည်

အောက်ပါဈေးနှုန်းတွင် Insurance (ကျန်းမာရေးအာမခံ) နှင့် (Transportation) ပို့ဆောင်ရေးပါဝင်သည်

1 # အသက် ၂ နှစ်အောက် မွေးကင်းစ ကလေးများ ဆော်ဒီငွေ SAR 480 (USD $128)
2 # အဖွဲ့လိုက် လူ ၄၀ မှ ၄၅ ယောက် Bus ကားစီးပါက SAR 585 (USD $155)
3 # အဖွဲ့လိုက် လူ ၂၀ မှ ၂၅ ယောက် Bus ကားစီးပါက SAR 630 (USD $167)
4 # လူ ၁၀ ယောက်မှ ၁၆ ယောက်အထိ Coaster ဘစ်ကားအသေး စီးပါက SAR 730 (USD $194)
5 # လူ ၇ ယောက်မှ ၉ ယောက်အထိ Hiace ကားစီးပါက SAR 780 (USD $207)
6 # လူ ၄ ‌ဦးမှ ၆ ဦး ကားအသေးစီးပါက SAR 860 (USD $229)
7 # လူ ၄ ဦး ကားအသေးစီးပါက SAR 925 (USD $246)
8 # လူ ၃ ဦး ကားအသေးစီးပါက SAR 980 (USD $261)
9 # လူ ၂ ဦး ကားအသေးစီးပါက SAR 1210 (USD $322)
10 # လူ တစ်ဦးတည်း ကားအသေးစီးပါက SAR 1910 (USD $509)

မိမိအစီအစဉ်ဖြင့် အွမ်ရာဟ်လာမည့်သူများ ကြိုတင်လေယာဉ်လက်မှတ်ဖြတ်ထားနိုင်သော်လည်း ဟိုယ်တယ်အခန်း ကြိုတင်ဘိုကင်မလုပ်ထားရန် အကြံပြုပါသည်

ရန်ကုန်က နာမည်ကြီး ဒံပေါက်ဆိုင်ပိုင်ရှင် ပြောဖူးတဲ့စကားတခွန်းကို အခုထိမှတ်မိနေသေးတယ် ဘာလဲဆိုတော့ ဆော်ဒီက ရာသီဥတုအရမ်းပူလ...
09/06/2025

ရန်ကုန်က နာမည်ကြီး ဒံပေါက်ဆိုင်ပိုင်ရှင် ပြောဖူးတဲ့စကားတခွန်းကို အခုထိမှတ်မိနေသေးတယ် ဘာလဲဆိုတော့ ဆော်ဒီက ရာသီဥတုအရမ်းပူလို့ နောက်ဘယ်တော့မှ ဟဂျ်မလာတော့ဘူးတဲ့

အဲ့ဒီတော့ ရာသီဥတုအေးတဲ့အချိန်မှာ ဟဂျ်လုပ်ချင်တယ်ဆိုရင် ‌ဆော်ဒီနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်တဲ့ နှစ်အလိုက် ဟဂျ်ကာလ ကျရောက်မယ့် အချိန်ဇယားအရ အောက်ပါခုနှစ်တွေမှာ ကျရောက်မယ့် ဟဂျ်ကာလမှာ ရာသီဥတုအေးနိုင်မယ် သို့မဟုတ် အပူချိန်လျော့ပါလိမ့်မယ်

2034 - 2035 - 2036 ဒီသုံးနှစ်ရဲ့ ဟဂျ်ကာလဟာ February လ မှာကျရောက်မှာဖြစ်လို့ အပူချိန်လျော့ပါမယ်

2037 - 2038 ဒီနှနှစ်ရဲ့ ဟဂျ်ကာလဟာ January လ မှာကျရောက်မှာဖြစ်လို့
မက္ကာမြို့မှာ မပူ မအေး နေလို့ကောင်းတဲ့ အချိန်ဖြစ်ပါမယ်

2039 - 2040 - 2041 ဒီသုံးနှစ်ရဲ့ ဟဂျ်ကာလဟာ December လ မှာကျရောက်မှာဖြစ်လို့ မက္ကာမြို့မှာ အနည်းငယ်အေးနိုင်ပါတယ် သို့မဟုတ် မပူ မအေး နေလို့ကောင်းတဲ့ အချိန်ဖြစ်ပါမယ်

2026 ခုနှစ်ကနေ 2050 ခုနှစ်အထိ နှစ်အလိုက် ဟဂျ်ကာလကျရောက်မယ့် လတွေကို အောက်ပါပုံမှာပြထားပါတယ်

အလ္လာဟ်အရှင်ထားလို့ အဲဒီ့ခုနှစ်တွေအထိ အသက်ရှင်သေးတယ်ဆိုရင်တော့
ရာသီဥတုအေးတဲ့နှစ်တွေမှာ ငွေကြေးတတ်နိုင်တယ်ဆိုရင် မဖြစ်မနေ ဟဂျ်လာဖို့ တိုက်တွန်းလိုပါတယ်။

09/06/2025

Alhamdulillah ဒီနေ့ ၂၀၂၅ ခုနှစ် ဟဂျ် ပြီးဆုံးသွားပါပြီ

ဒီနှစ်ဟဂျ်မှာ နိုင်ငံတကာနဲ့ ဆော်ဒီပြည်တွင်းက ဟဂျ်လုပ်တဲ့ ဟာဂျီဦးရေနည်းပေမယ့် စိတ်မကောင်းစရာအဖြစ်မျိုးတွေ မရှိသလောက်နည်းတာကြောင့် ဒီနှစ် ဟဂျ်ဟာ အောင်မြင်စွာပြီးဆုံးသွားတယ်လို့ပြောနိုင်ပါတယ်

နိုင်ငံတကာက မလာလိုက်ရတဲ့ ဟာဂျီတွေအကြောင်းကို ဆက်ပြောရရင် အိန္ဒိယ ပါကစ္စတန် ဘင်္ဂလားဒေ့ရှ် အင်ဒိုနီးရှားနိုင်ငံနဲ့ တခြားနိုင်ငံတချို့က ဟာဂျီတွေတော်တော်များများမလာလိုက်ရဘူး အကြောင်းအရင်းကတော့ ဟဂျ်အတွက် ပေးသွင်းရမယ့်ငွေကို သတ်မှတ်ထားတဲ့အချိန်မှာ မသွင်းပဲ အရင်နှစ်တွေလို အချိန်ဆွဲနေတဲ့ အေးဂျင့်တချို့ကြောင့် အထက်ပါနိုင်ငံတွေက သိန်းနဲ့ချီတဲ့လူတွေက ဟဂျ်ကိုမလာလိုက်ရဘူး အဲ့ဒါကြောင့် ဒီနှစ် နိုင်ငံတကာက ဟာဂျီ ၁၆ သိန်းကျော်လောက်ပဲ ဟဂျ်လုပ်ခဲ့ပါတယ်

ဆော်ဒီပြည်တွင်းက ဟဂျ်လုပ်တဲ့ ဟာဂျီတွေအကြောင်းကို ပြောရရင်
ပြီးခဲ့တဲ့နှစ်က ဆော်ဒီပြည်တွင်းဟာဂျီနှစ်သိန်းကျော်ရှိပြီး ဒီနှစ်ဆော်ဒီပြည်တွင်းဟာဂျီ တစ်သိန်းကျော်ပဲ ဟဂျ်လုပ်ခဲ့တယ် အရင်နှစ်နဲ့ ယှဉ်ကြည့်ရင် ဒီနှစ်ပြည်တွင်းဟာဂျီနည်းတဲ့ အကြောင်းအရင်းသုံးခုဖြစ်နိုင်ပါတယ် ပြည်တွင်း ဟဂျ် Package ဈေးကြီးတာ ရာသီဥတုအရမ်းပူတာနဲ့ ဟဂျ်ရာသီမတိုင်ခင် မက္ကာမြို့မှာ အရမ်းတင်းကြပ်တာတွေကြောင့် ဆော်ဒီပြည်တွင်းဟာဂျီ တဝက်လောက်လျော့သွားတယ်ယူဆမိပါတယ် ဆော်ဒီပြည်တွင်း ဟဂျ် Package ကလဲ ဒေါ်လာလေးထောင်ကျော် ငါးထောင်ဝန်းကျင်လောက်ကိုဖြစ်နေပြီ

မြန်မာဟာဂျီတွေဘက်ကိုလှည့်ရရင် အားလုံးနီးပါးအဆင်ပြေတယ်ဆိုတာကို သတိထားမိပါတယ် မဲဟာဂျီတချို့ကလွဲရင်ပေါ့ ကျနော်သတိထားမိတာ မှားနေရင်လဲ မှားတယ်လို့ပြောနိုင်ပါတယ် မြေပြင်အခြေအနေမဟုတ်ဘဲ လိုင်းပေါ်ကနေစောင့်ကြည့်တာဖြစ်လို့ မြေပြင်အခြေအနေနဲ့ ကွဲလွဲနိုင်ပါတယ် မဲဟာဂျီကိစ္စကို ဆက်ပြောရရင်တော့ ကျနော့်အနေနဲ့ ဘယ်သူ့ကိုမှ မဲနဲ့ဟဂျ်မလာစေချင်ဘူး
လုပ်ငန်းသဘောအရ မဲဟာဂျီဟာ တခြားအပြင်ဟာဂျီတွေထက်ဈေးသက်သာမယ် ဈေးသက်သာတော့ ဝန်ဆောင်မှုလဲညံ့မယ် အပြင်ဟာဂျီတွေလောက်ဝန်ဆောင်မှုမရနိုင်သလို နေရာတကာမှာမျက်နှာငယ်ရတယ် တက်နိုင်ရင် ဟဂျ်လုပ်မယ့်လူတွေအားလုံး မဲနဲ့မဟုတ်ဘဲ အပြင် Agent အဖွဲ့တွေနဲ့ပဲလာစေချင်တယ်မတက်နိုင်တဲ့လူတွေအတွက် ဟဂျ် ဖရာဇ် မထိုက်ဘူးဆိုတာကိုလဲမေ့ထားလို့မရပါဘူး

ဂယက်ထသွားတဲ့ ဆော်ဒီဘုရင့် ဧည့်သည်တော်ဟာဂျီတချို့အကြောင်းပြောရရင် ဆော်ဒီဘုရင်က နိုင်ငံဘယ်လောက်ကနေ လူဦးရေဘယ်လောက်ကို ဟဂျ်လုပ်ပေးလိုက်ပါဆိုပြီး အမိန့်ထုတ်လိုက်တာပဲရှိတာပါ ဘုရင်က ဘယ်နိုင်ငံက ဘယ်သူ့ကို ဘုရင့်ဧည့်သည်တော်အဖြစ်ဟဂျ်ပို့တယ် မပို့ဘူးဆိုတာ ဘုရင်က လိုက်ကြည့်မနေသလို သိလဲမသိဘူး မြန်မာနိုင်ငံအတွက်ရတဲ့ခွဲတမ်းကို ဆော်ဒီသံရုံးကတာဝန်ရှိသူတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတချို့က စီမံခန့်ခွဲတာဖြစ်တဲ့အတွက် စာအရှည်ကြီးရေးပြီး မေးခွန်းထုတ်နေရင်လဲ အချိန်ကုန်လက်ညောင်းတာကလွဲလို့ ဘာမှထူးလာမှာမဟုတ်ဘူး ကိုယ်ဖြစ်စေချင်တာကတော့ မွတ်စလင်မ်တွေထဲက တကယ်လက်တွေ့ သာသနာကိုအကျိုးပြုသူ လူမှုကယ်ဆယ်ရေး သမားတွေနဲ့ နိုင်ငံတော်ကို အကျိုးပြုသူတွေကိုဘဲ ရွေးခြယ်စေလွှတ်ချင်တာပါဘဲ

စာကနည်းနည်းရှည်နေပြီ ဒါပေမယ့် အွမ်ရာဟ်အကြောင်းဆက်ပြောရရင်
မနက်ဖြန် 10/6/2025 မှာ နိုင်ငံတကာက အွမ်ရာဟ်လာမယ့် ဟာဂျီတွေကို အွမ်ရာဟ်ဗီဇာ စတင်ထုတ်ပေးမှာဖြစ်ပြီး 11/6/2025 ရက်နေ့မှာ ပထမဆုံး အွမ်ရာဟ်ဟာဂျီ စတင်ရောက်ရှိပါမယ် မြန်မာနိုင်ငံအတွက် အွမ်ရာဟ်ဗီဇာရရှိမယ့်အချိန်ကတော့ ၆ လပိုင်းအကုန်လောက်ကို ရနိုင်မယ်လို့ခန့်မှန်းထားပါတယ်။

04/06/2025

မနက်ဖြန် ဇွလ်ဟဂျ်လ ၉ ရက် ဟာဂျီများ ဟဂျ်လုပ်ရန် အရဖဟ် ကွင်းပြင်ကို စုရုံးရောက်ရှိမယ့် အရဖဟ်နေ့ဖြစ်ပါတယ် အရဖဟ်နေ့ရဲ့ ထူခြားမြင့်မြတ်တဲ့ ကုသိုလ်ကိုရှာမယ်ဆိုရင် ဒီည စဲဟ်ရီစားပြီး မနက်ဖြန် ရိုဇာထားရပါမယ်

အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး ကျနော့်ရဲ့လေ့လာတွေ့ရှိချက်အရ
အရဖဟ်နေ့ဟာ ဟာဂျီများ ဟဂျ်လုပ်ရန် အရဖဟ်ကွင်းပြင်တွင်စုရုံးရောက်ရှိတဲ့ နေ့သာလျှင် အရဖဟ်နေ့ဖြစ်ပါတယ် ပြက္ခဒိန်ကွဲလွဲမှုကြောင့် တခြားတစ်နိုင်ငံမှာ နောက်တရက်မှ ဇွလ်ဟဂျ်လ ၉ ရက်နေ့ဖြစ်တယ်ဆိုရင် ဇွလ်ဟဂျ်လ ၉ ရက်နေ့ပဲဖြစ်ပါမယ် အဖရဟ်နေမဖြစ်ပါဘူး

အရဖဟ်နေ့ဟာ ဟာဂျီများ ဟဂျ်လုပ်ရန် အရဖဟ်ကွင်းပြင်တွင်စုရုံးရောက်ရှိတဲ့နေ့ကို သက်မှတ်ခေါ်ဝေါ်တယ်လို့ နားလည်သဘောပေါက်တဲ့အတွက် ဆော်ဒီနိုင်ငံ ပြက္ခဒိန်အရ ဇွလ်ဟဂျ်လ ၉ ရက်နေ့သည်သာ အရဖဟ်နေ့ဖြစ်ပါတယ်

ဟဂျ်ဟာ အရဖဟ်ကွင်းပြင်မှာလုပ်ရတာဖြစ်လို့ ဆော်ဒီရဲ့ အရဖဟ်နေ့လွန်ပြီး နောက်တနေ့ကိုလဲ အဖရဟ်နေ့လို့ သတ်မှတ်တယ်ဆိုရင် တစ်နှစ်မှာ တရက်ခြားပြီး ဟဂျ်နှစ်ကြိမ်လုပ်လို့ရမလားဆိုတာကိုလဲ တွေးမိတယ်

လူတိုင်းမှာ ကဏ္ဍတိုင်းအတွက် အမြင် အယူအစနဲ့ မတူကွဲပြားမှုဆိုတာရှိတဲ့အတွက် အထက်ပါအကြောင်းအရာက စာဖတ်သူရဲ့ အယူအစနဲ့ မကိုက်ညီဘူးဆိုရင် ကျော်သွားလို့ရသလို မိမိယုံကြည်နှစ်သက်ရာအတိုင်း ကျင့်ကြံအား
ထုတ်နိုင်ပါတယ်

29/05/2025

တမန်တော်မြတ်က သူ့ရဲ့ ဘဝသက်တမ်းမှာ ဟဂ်ျတစ်ကြိမ်းဘဲလုပ်ခဲ့တယ် တကြိမ်ဘဲလုပ်ခဲ့တဲ့ ဟဂ်ျကို တမန်တော်မြတ်က ၆ ရက် လုပ်ခဲ့တယ်

နိုင်ငံတကာကလာတဲ့ ဟာဂျီတချို့လဲ ဟဂ်ျကို ၆ ရက်လုပ်ကျတယ် ဟာဂျီအများစုကတော့ ဟဂ်ျငါးရက်လုပ်ကျတယ် ဟဂ်ျငါးရက်လုပ်တာကို တရားတော်ကခွင့်ပြုတယ်

မြန်မာဟာဂျီတွေကို ဟဂ်ျသင်တန်းမှာ ဟဂ်ျကာလငါးရက်အတွက် သင်တန်းပေးတယ် ဒါပေမယ့် မြန်မာဟာဂျီအများစုက ဟဂ်ျကိုသုံးရက်ပဲလုပ်ကျတယ် ၁၀ ရက်နေ့ ရှိုက်ဿွန်ခဲပေါက်ပြီး
မက္ကာကိုသွားလိုက်ရင် မီနာကိုပြန်မလာတော့ဘူး
၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ ၂ ရက်က ဟိုတယ်မှာဘဲ ဟဂ်ျလုပ်လိုက်ကျတယ်

ဆော်ဒီကို ဟဂ်ျလုပ်ဖို့လာတဲ့ ဟာဂျီတွေမှာ ဟဂျ်ကလွဲပြီး လူမှုရေး စီးပွားရေးနဲ့ တခြားကဏ္ဍတွေမရှိတာတောင် ဟဂ်ျငါးရက်ကိုပြည့်ပြည့်ဝဝမလုပ်နိုင်တာကိုမြင်တွေ့ရတာ စိတ်ပျက်စရာကြီးပါ

ဆော်ဒီပြည်တွင်းဟဂ်ျအေးဂျင့်တွေထဲမှာ ဟဂ်ျ ၆ ရက်လုပ်ပေးတဲ့ အေးဂျင့်ရှိလို့ ၂၀၂၃ ခုနှစ်ကလုပ်ခဲ့တဲ့ ဟဂ်ျကို ၆ ရက်လုပ်ပေးတဲ့အေးဂျင့်စီက Package ဝယ်ပြီး လုပ်ဖြစ်ခဲ့ပါတယ်။

29/05/2025

ဟဂျ်ကာလရောက်ပြီဆိုရင် ဟဂျ်လာမယ့် မြန်မာနိုင်ငံသားတချို့ရဲ့ နှဖူးစာမှာဘာဖြစ်မယ်ဆိုတာ အလွတ်တောင်ရနေပါပြီ

တိုတိုပဲပြောရရင်

ဟဂျ်မလာခင် ဆော်ဒီအစိုးရ အသိအမှတ်ပြု မဟုတ်သော ဟဂျ် ကိုတာ ခွဲတမ်းမရရှိသော အေးဂျင့် တစ်ယောက်မဟုတ်တစ်ယောက်က ပုံစံအမျိုးမျိုး အကြောင်းပြချက်အမျိုးမျိုးနဲ့ လိမ်တာ ဒုက္ခပေးတာခံရမယ်

တရားဝင်မဟုတ်တဲ့ အေးဂျင့်က တရားဝင်အေးဂျင့်စီကနေ ဗီဇာဝယ်ပြီး အေးဂျင့်လုပ် ဟဂျ်ခေါ်တာဆိုတော့ တရားဝင်အေးဂျင့်နဲ့အပ်ပြီးသွားလိုက်တာက ပိုမကောင်းဘူးလား ပိုစိတ်မချရဘူးလား

ဆော်ဒီအစိုးရက မြန်မာနိုင်ငံအတွက် ခွင့်ပြုတဲ့ ဟာဂျီ လူဦးရေးအားလုံးကို တရားဝင်အေးဂျင့်တွေကိုပဲ ခွဲပေးတာဆိုတော့ ဟဂျ်သွားမယ့်လူအားလုံး တရာဝင်အေးဂျင့်တွေစီမှာပဲ အပ်ပြီးလာမယ်ဆိုရင် ဗီဇာဝယ်ပြီး တရားဝင်မဟုတ်တဲ့ အေးဂျင့် တချို့ရဲ့ လိမ်လည်ဒုက္ခပေးတဲ့ အဖြစ်မျိုးကိုလုံးဝကြုံရမှာမဟုတ်တော့ဘူး

ဟဂျ်အတွက် ကြိုတင်ပြင်ဆင်ရတဲ့ အလုပ်သဘောတရားကို ခပ်တိုတိုပြောရရင် ဟဂျ်ကာလနီးလာပြီဆိုရင် လူရဖို့ကြိုးစားဆွဲဆောင်ရတယ် ဘယ်လို ဘယ်ပုံစံဝန်ဆောင်မှုပေးမယ် စသည်ဖြစ်ပြောဆိုရတယ် လေယာဉ်လက်မှတ် မက္ကာ မဒီနာ ဟိုတယ်အခန်တွေ ကြိုပြီးဘိုကင်လုပ်ရတယ် လက်မှတ် ဟိုတယ် ဘိုကင်လုပ်ရင် စကားနဲ့ လေနဲ့ ဘိုကင်လုပ်လို့မရဘူး ငွေကြိုပြီးချေရတယ် အဲသည့်တော့ ဟဂျ်မလာရသေးခင်မှာပဲ ဟာဂျီတွေအတွက် ကြိုပြီးစီစဉ်စရာရှိတာကို စီစဉ်လိုက်တဲ့အခါ ဟာဂျီတွေစီက ယူထားတဲ့ငွေတော်တော်များများသုံးလိုက်ရပြီ

တရားမဝင် ဟဂျ်အေးဂျင့်တချို့ကလဲ ဟာဂျီတွေစီက ငွေယူပြီး အပေါ်ကပြောသလို စီစဉ်လိုက်ပြီး ငွေသုံးပြီးမှ ဗီဇာမရတော့လို့ လက်မှတ်အစဉ်မပြေလို့ တခြားသော အကြောင်းပြချက်အမျိုးမျိုးကြောင့် ဟဂျ်ခေါ်မသွားနိုင်ဘူးဆိုရင် ငွေတွေက သုံးပြီးသာဖြစ်နေလို့ ပြန်မအမ်းနိုင်တော့ဘဲ ပြေးကျတာ အပျောက်ရိုက်သွားတာမျိုးကိုကြိုရတာပါ အရင်းစိုက်စရာမလိုပဲ ဟာဂျီတွေရဲ့ငွေနဲ့ပဲ အလုပ်လုပ်ရတာဖြစ်လို့ တခုခုလွဲချော်သွားပြီဆိုရင် မလျှော်နိုင်တော့ဘူး လျှော်ရမယ့်ငွေအမောင့်က သိန်းထောင်ကျော် သိန်းသောင်းကျော်ဆိုတော့
ပြေးပြီပေါ့

ဟဂျ်လာမယ့် ဟာဂျီတွေဘက်ကိုလှည့်ရမယ်ဆိုရင် ဟဂျ်လာမယ့်ကိစ္စအတွက်ကိုယ်တိုင်လေ့လာစုံစမ်းမှုအားနဲတာကိုတွေ့ရတယ် ဟဂျ်အတွက် အေးဂျင့်ကို မအပ်ခင်မှာ ကိုယ်အပ်မယ့်အေးဂျင့်က တရားဝင် ဟဂျ်ခွဲတမ်းရထားတဲ့ အေးဂျင့်ဟုတ်မဟုတ်နဲ့ တခြားသောဝန်ဆောင်မှုတွေနဲ့ ဈေးနှုန်းကို သေသေချာချာမေးမြန်းစုံစမ်းရပါမယ် ကိုယ်တိုင်မစုံစမ်း မလေ့လာဘဲ အသိမိတ်ဆွေတွေကကောင်းတယ်ပြောလို့ ဟိုမွတ်လာကညွှန်လို့ ဒီမွတ်လာက ကောင်းတယ်ပြောလို့ ယုံပြီး အပ်လိုက်တာမျိုးကိုရှောင်သင့်ပါတယ်

နှစ်တိုင်းလိုလို ဟဂျ်နဲ့ပက်သတ်ပြီး ပြဿနာအမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုးတွေဖြစ်နေတာကို မြင်တွေ့နေရတာတောင် မရှာင်ရှား မဆင်ချင်နိုင်ရင် လိမ်သူထက် အလိမ်ခံရသူရဲ့အပြစ်ပိုကြီးတယ်လို့ယူစမိတယ် အလိမ်ခံရ ဒုက္ခအပေးခံရပြီးမှ ပွဲခံနေလဲပွဲဖြစ်ရုံကလွဲလို ဘာမှထူးလာမှာမဟုတ်ဘူး အပေါ်မှာပြောခဲ့သလို တရားမဝင်တဲ့ ကိုတာ ခွဲတမ်းမရတဲ့ အေးဂျင့်တွေကိုရှောင်နိုင်မှပဲ ဒီလိုပြဿနာတွေပြေလည်နိုင်မှာပါ

ပြောလဲ ပြောတာပဲရှိတယ် နောက်လာမယ့်နှစ်တွေမှာ တရားမဝင် ကိုတာ ခွဲတမ်းမရတဲ့ အေးဂျင့်တွေပျောက်သွားမှာ မဟုတ်သလို ဂျင်းထည့်ခံရတဲ့ ဖြစ်ရပ်ဇာတ်လမ်းတွေလဲ ဆက်ရှိနေဦးမယ်ဆိုတာ သေချာတယ်။

23/05/2025

အွန်းလိုင်း ဈေးသယ် ဆယ်လီတချို့ ဟဂ်ျလာမယ်လို့ သိရတယ် ဘာဇာတ်လမ်းတွေဖြစ်ပြီး လိုင်းပေါ်မှာ ဘာပွဲတွေတွေ့ရဦးမလဲ မသိဘူး သူတို့ကိုခေါ်လာတဲ့ ခေါင်းဆောင်တွေ သတိကြီးကြီးထားရမယ် 😅

23/05/2025

ဟဂ်ျသွားမယ်ဆိုရင် Quality ကောင်းတဲ့ ထီးတချောင်းယူသွားဖို့မမေ့ပါနဲ့ ပေးမယ်လို့ပြောထားတဲ့ ဝန်ဆောင်မှုမရရင်လဲ ခေါင်းဆောင်ကိုမေးဖို့မမေ့ပါနဲ့

22/11/2024

အတိုအပြတ်မဝတ်ဖို့တားတယ်ဆိုတာ ဘေတီးကိုတကယ်ချစ်လို့ပါ လောကကြီးက ဘာမှမဝတ်ထားတဲ့ ဘေတီးကို ကြည့်ချင်နေတယ်ဆိုတာ မမေ့ပါနဲ့

စိမ်းလန်းစိုပြေပြီး စိတ်ငြိမ်နေတဲ့ နေရာမှာ ၄၀ -၆၀ တကွက်လောက်ရရင် ဒီလိုအိမ်လေးဆောက်ပြီး ဘေတီးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်း...
17/10/2024

စိမ်းလန်းစိုပြေပြီး စိတ်ငြိမ်နေတဲ့ နေရာမှာ ၄၀ -၆၀ တကွက်လောက်ရရင် ဒီလိုအိမ်လေးဆောက်ပြီး ဘေတီးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းချင်တယ်

အပေါ်ကပြောထားတဲ့ အနေအထားမျိုး ၄၀ - ၆၀ အကွက်ရှိရင် လက်တို့ပေးပါဦး

Address

Yangon

Telephone

+966539053162

Website

Alerts

Be the first to know and let us send you an email when Ye Ni M posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ye Ni M:

Share