Rent And Go Myanmar

Rent And Go Myanmar ခရီးစဉ် Plan ဆွဲချင်းက စပြီးကား / ဟော်တယ်များ ငှါးရမ်းသည် အထိ ဝန်ဆောင်မူ့ Company

🚘ကားအငှားထည့်မယ်ဆို ဒီ သောက ၅ မျိုး သိထားဖို့တော့ လိုမယ် မိတ်ဆွေ 🔥ကားတွေ ကလဲ အိမ်မှာ ရပ်ထားရတော့ ဝင်ငွေမရှိ🔥ငှားလိုက်ပြန...
21/08/2021

🚘ကားအငှားထည့်မယ်ဆို ဒီ သောက ၅ မျိုး သိထားဖို့တော့ လိုမယ် မိတ်ဆွေ

🔥ကားတွေ ကလဲ အိမ်မှာ ရပ်ထားရတော့ ဝင်ငွေမရှိ

🔥ငှားလိုက်ပြန်ရင်လည်း လိမ်မှာလား ပေါင်မှာလား ကြောက်နေရနဲ့ မငှားရဲ

🔥ရောဂါတွေကလည်း ဖြစ်နေတော့ အိမ်ဝင်ငွေ လမ်းကြောင်းတခု အနေနဲ့ အသက်မွေးနေတဲ့ အုံနာများကို အကြံပေးလိုတာက အိမ်စီးဆို လုံးဝ (လုံးဝ) မငှားပါနဲ့ ၉၉% နူန်းက အလိမ်ပါ

🔥ငှားပီးရင်လည်း ရင်တမမနဲ့ နေ့မအိပ်ရ ညမအိပ်နိုင် စိတ်ပူစရာမလိုတဲ့ အငှားလေးရမှ အဆင်ပြေမယ်ဆိုတဲ့ အုံနာများ

🔥 စိတ်ချရတဲ့ အငှားလေးရဖို့ လချီ စောင့်နေရတဲ့ ကားပိုင်ရှင်တို့အတွက်

ဒီသောကတွေ ကင်းချင်ရင် Company သုံးစိတ်ချရတဲ့ အငှားတွေဆီ ကျတော်တို့ သွားမယ် ငှားမယ် မြန်မာ မှာ ပူးပေါင်းနိုင်ပါတယ်

နှစ်ရှည် ငှားလာသော ငှားဖူးသော ကားအုံနာတိုင်း လက်တွဲဖူးသော Company တိုင်းက စိတ်တိုင်းကျ
စိတ်ချမ်းသာမူ့ရနေတယ်ဆိုရင် ကျေနပ်ပီတိ ဖြစ်ရပါတယ်

အခုရက်ပိုင်း Company သုံးအငှား တက်နေတဲ့ ကားအမျိုးစားလေးတွေ တင်ပေးပါမည်

- Generator company တခုမှ Sale Marketing
သုံးရန် Probox / Ad van (van type )၃ စီး ယာဥ်မောင်းမပါ ၃ လချုပ်မည် နယ်ထွက်မည် (ရံဖန်ရံခါ)

- logistic company သုံး Honda fit or Probox without driver ၂ စီး ၃ /၆ လချုပ်မည် ရန်ကုန်သုံးသီးသန့်

-Group of company တခုမှ Alphard MZG တစ်စီး ၆ လချုပ် ငှားရမ်းလိုပါသည် ယာဥ်မောင်းမပါ ကားသီးသန့် နပတ တခါတရံသွားမည်

-12' တွဲကားနှင့် ၃၆၀၀ ဂါလံဆံ ဆီ ဘောက်ဆာ ငှားရမ်းလိုပါသည် Telecom နဲ့ ဆီဆိုင် လုပ်ငန်း သုံးမည် ၃ လချုပ် မည် (ယာဥ်မောင်းအပါ)

- Delivery နှင့် ဆေးခန်းလုပ်ငန်း သုံးရန် Delivery Van or Hijet Auto ၁ စီး ယာဥ်မောင်းမပါ
၃ လချုပ်မည် ရန်ကုန်တွင်းသုံး
(လုပ်ငန်းလိုင်စင်ပါရမည်)

-Resort တခုတွင် ဧည့် ကြို/ ပို့ရန် ၂၅ ယောက်စီး Mini bus တစ်စီး ၆ လချုပ်ဖြင့် ငှားရမ်းလိုပါသည် ယာဥ်မောင်းအပါ ဆီ ငှားသူမှ ထည့်ပေးမည်

အခြားသော ကားအမျိုးစားများဖြင့် ထည့်ဝင်ပူးပေါင်းလိုသော ယာဥ်ပိုင်ရှင်များလည်း ဆက်သွယ် စုံစမ်း နိုင်ပါသည်

သတိပြုရန် ⚠️ ကားများကို Company နှင့် ငှားရမ်းပြီးလျင် ချိတ်ဆက် ငှားရမ်းပေးသော ကျတော်တို့ Company ပေါ်လစီ စည်းကမ်းချက်များအတိုင်း လိုက်နာ နိုင်ရမည် ကျော်ချင်ခွချင်ရင်တော့ ဆိုက်ကားသာ နင်းပါ ( ကျတော်တို့ Rentalသည် အိမ်စီး လုံးဝ မငှားသော တခုတည်းသော Rental ဖြစ်သည် )

ကျွန်တော်တို့ဘက်က ဘာတွေ Service ပြန်ပေးမလဲဆိုတော့

၁-မငှားရမ်းမှီ ခိုင်မာသေချာစေရန်စီစစ်ပေးမည်

၂- မငှားရမ်းမှီ ကားကို စိတ်ကြိုက်စစ်ဆေးပြီးမှ
ငှားရမ်းရန်နှင့် ပြန်သိမ်းလျင် စစ်ဆေးရန်
လိုက်ပါ ကူညီမည်

၃- စည်းကမ်းချက် အပြည့်စုံပါသော စာချုပ်နှင့် စာချုပ် ချုပ်ပေးမည်

၄- အငြင်းပွားမူ့ တစုံတရာ ဖြစ်ပွားလာပါက မှန်ကန်သော ဘက်မှသာ ဆောင်ရွက် ကူညီပေးမည်

၅- ချိတ်ဆက် ငှားရမ်းပေးသော Comapny အတွက် အာမခံချက် ၁၀၀% ပေးနိုင်မှသာ ချိတ်ဆက် ငှားရမ်းပေးမည်

၆- ငှားရမ်းခ လစာငွေကို တာဝန်ယူ ကောက်ခံပြီး အိမ်အရောက် သို့မဟုတ် Bank acc သို့ ငွေလွှဲပေးမူ့ ဆောင်ရွက်ပေးမည်

စိတ်ချယုံကြည်မှ လက်တွဲပူးပေါင်းပါ အထက်ပါ ၆ ချက်ကိုတော့ မှ တာဝန်ယူပါတယ်

ဆက်သွယ်မယ်ဆို 09777701703
viber 09777701703

Page Rent And Go Rent Go Myanmar

ရုံးခန်းကိုတော့ ဒေါပုံ ရန်အောင်မှတ်တိုင် အနီးတွင်ဖွင့်လှစ်ထားရှိပါသည်

#လချုပ်နှစ်ချုပ် #အချိန်ပိုင်း #ကားငှားမယ် #ကားအငှား #ကားမျိုးစုံ #ကားငှားရမ်းချင်သူများ #ခရီးသွားမယ်

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်အမြဲတမ်းသတိပြုသင့်သော အချက်များ======================ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိ...
12/08/2021

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်
အမြဲတမ်းသတိပြုသင့်သော အချက်များ
======================

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်
တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊
တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး
ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊
သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ
အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့
သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို
ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။
ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ
အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊
သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊
ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။
ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊
ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး
သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက်
သင်ကိုယ်တိုင် သတိပြုနိုင်တဲ့
ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို
အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့်
အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။
အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့
မိန်းလုံး(Tie rod end or Rack End) မကောင်းရင်
ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့
ထင်ရှားတဲ့ လက္ခဏာ ကတော့
သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး
ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ
အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။
လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်
သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။
နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊
ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ
ကားက တဖက်ဖက်ကို ဆွဲနေမယ်။
ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ
အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း
အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။
တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ
ပျက်စီးမှု အများဆုံး ပစ္စည်းပါ။
တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့
အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ
ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။
ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ
တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်
ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊
Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက
သင့်ကား အောက်ဘက်ထောင့်ဆီကနေ
တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့
ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်
အဲဒီအသံက ထွက်လာတယ်ဆိုရင်
အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။
ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ
အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့
သင့်ကားစတီယာရင် ( Steering ) ကို လာပြီး
သက်ရောက်မှုတွေ ရှိလာပါမယ်။
ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်
မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး
ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက
အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို
လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့
ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့
တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်
မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint )
ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။
သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့
တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်
တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင်
အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။
နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့
ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ
ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး
ဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက
သိသာထင်ရှားပါတယ်။
အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊
ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်
ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ
အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို
သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့
အဲ့ဒါ Shock bar , Coil Spring , Struts တို့
မကောင်းတဲ့ လက္ခဏာရပ်ပါ ။
ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးက
သင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။
နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်
ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း
မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်
ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင်
တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။
တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။
အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့
တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့
မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊
တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊
ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။
မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး
အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment)
မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။
အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။
တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။
ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊
ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့
ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်
Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊
ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး
ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို
လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊
စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊
Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ်
ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump
မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊
Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။
ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊
အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ
အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက
လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့်
ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်း
ဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့
ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို
မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်
အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်
သဲတွေ ဖုန်တွေ ရွှံ.တွေက
အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို
ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။
အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက
တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း
ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့
သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ
သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင်
အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ
လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊
ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ
အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။
ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့
အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး
ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား
ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်
ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြလိုက်ပါတယ်။

မူရင်း စားရေးသူအား ခရက်ဒစ်ပေးပါသည်။

သက်တမ်းပြည့်လျှင် လဲလှယ်ပေးသင့်သော ကားအစိတ်အပိုင်းများ==================================== ကားပိုင်ရှင်အများစုသည် ကားကို...
12/08/2021

သက်တမ်းပြည့်လျှင် လဲလှယ်ပေးသင့်သော ကားအစိတ်အပိုင်းများ
====================================

ကားပိုင်ရှင်အများစုသည် ကားကိုအသုံးချနေသော်လည်း ၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာ၀၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်းစရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။ ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။

ကားတစ်စီး လက်၀ယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့ ၀ယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်း၀ယ်လျှင်လည်း ပုံမှန်ပြုပြင် ထိန်းသိမ်းစရိတ်ရှိသည်။ အချို့သေ ာကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။ ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း မလုပ်ပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး၊ စနစ် (System)များ ပေါင်းစပ်၍ လည်ပတ် အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစား ပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်း ပျက်စီးလာတတ်သည်။

အစားထိုးလဲလှယ်ပေးရသောကားအစိတ်အပိုင်းများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

(၁) လေစစ်၊ဆီစစ်များ

ကားတိုင်းတွင် Air Filterခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင်အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter)ဘူးကို လဲပေးရမည်။ ခရီးမိုင် (၃၀၀၀) မှ (၅၀၀၀)အတွင်း သွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

(၂) ဘက်ထရီ

ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး အားသွင်းစနစ်မကောင်းပါက ဘက်ထရီအားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်း လျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။

ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန်လိုအပ်သည်။ အရည်အသွေး အမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှ သက်တမ်းသည် အများဆုံး (၃)နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီ သုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ- အက်ဆစ် ဘက်ထရီအမျိုးအစားထက် (၁) နှစ်ကျော်ပို၍ အသုံးခံသည်။ Maintenance Free ဘက်ထရီမှ လွဲ၍ ခဲ-အက်ဆစ်ဘက်ထရီများသည် ပြုပြင် ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။

(၃) ဘရိတ်ရှူး (Brake Pad)

ဘရိတ်ရှူးများသည် အမြဲပွတ်တိုက်သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် (၃၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ်မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍ အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာအမျိုးအစားများ အသုံးပြုထား၍ သက်တမ်းပို၍ ကြာရှည်ခံသည်။

(၄) တာယာ (Tires)

ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တယာဘီးများ ကြာရှည် အသုံးခံရန် ပုံမှန်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှ ဖြစ်မည်။ ကားအောက်ပိုင်း ဆပ်စပင်းရှင်းစနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများအသုံးခံမည်။

တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်/ ဘယ်-ညာ လှည့်၍ သုံးပေးရသည်။ တာယာထိန်းသိမ်းမှု ကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် (၆၀,၀၀၀) မှ မိုင် (၈၀,၀၀၀)အထိအသုံးခံပါသည်။

(၅) ကလပ် (Clutch)

Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိပ်ပြားတစ်ချပ်သည် မိုင် (၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

(၆) တိုင်းမင်ဘတ်လ်ကြိုး (Timing Belt)

OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ် အပိုင်းပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ဝုိင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုတစ်ချောင်း၏ သက်တမ်းသည် မိုင် (၆၀၀၀၀) (သို့ မဟုတ်) ကီလိုမီတာ (၁၀၀၀၀၀) အထိရှိသည်။

(၇) ဆီပန့် (Fuel Pump)

ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် (၆၀,၀၀၀) ကျော်အသုံးခံသည်။

(၈) ဂတ်စ်ကတ် (Gasket)

ကားအင်ဂျင် တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကို သုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်း ရှိသည်။ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasketသည် အရေးအကြီးဆုံးဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန်လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် (၆၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

(၉) ရေလည်အုံ (Water Pump)

အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံ ဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန် ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်း ကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၄င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီရေဆူနိုင်သော ပြဿနာအရင်းအမြစ်ဖြစ်သည်။

(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် (၇၀,၀၀၀)မှ မိုင်(၁၀၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ် ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သော ကားဆရာများက ရေလည်အုံကို ပြန်ပြင်၍ သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်းဖြစ်ပါသည်။

(၁၀) Spark Plugs

အင်ဂျင် မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာ၀န်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း ပြုလုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်း သုံးဖို့လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် စျေးနှုန်းကြီးသော်လည်းမိုင် (၁၀၀,၀၀၀)အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ် ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။

ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက် ထိန်းသိမ်းခြင်း အပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေး ပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန် ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ ဂရုစိုက် ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုလုပ်ခြင်းအပြင်၊ သက်တမ်းစေ့၍ ပစ္စည်းလဲလှယ်ပြုပြင်ရသော စရိတ်များလည်း ရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့် ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်း လုံခြုံ စိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။

============================

#ကား-Car အကြောင်းစုံ

crd : ဆရာမာစတာ (စက်မှု)

🧳♻️ဘာကားပဲ ငှားငှား Rant and Go မှာငှား💯Rent and Go Myanmar 🇲🇲 Cat rental service မှာ အောက်ပါ ကားအမျိုးစားများကို ⚠️Comp...
12/08/2021

🧳♻️ဘာကားပဲ ငှားငှား Rant and Go မှာငှား💯

Rent and Go Myanmar 🇲🇲
Cat rental service
မှာ အောက်ပါ ကားအမျိုးစားများကို

⚠️Company သုံးသီးသန့် ⚠️
ဆေးရုံသုံး / ရုံးသုံး လုပ်ငန်းလိုင်စင် ရှိ ခိုင်မာသော
ရုံးခန်း ရှိသော လုပ်ငန်းများ သုံးရန် ယာဥ်မောင်းမပါ
အငှားချထားပေးရန်ရှိသည် ( အိမ်စီး လုံးဝ မငှားပါ)

- 🚘 📅ကားအမျိုးစား အားလုံးကို ၃ လ /၆ လ /၁ နှစ် စာချုပ်များဖြင့် ငှားရမ်းနိုင်ပါသည်🗓

📝 လိုအပ်သော စာရွက်စာတမ်း အထောက်အထား ခိုင်မာစွာ ပြသန်ုင်သူကိုသာ ငှားရမ်းပါမည်🗞📁📋

👋 ကားများကို ငှားရမ်းသူ စိတ်ကြိုက် နီးစပ်ရာ Service center တွင် စိတ်ကြိုက် စစ်ဆေးပြီးမှသာ ☑️
ငှားရမ်းပေးပါသည် / ပြန်လည် အပ်နှံချိန်တွင်လည်း
၄င်း Service Center တွင်သာ ပြန်လည်စစ်ဆေးပြီး ယူပါမည်

Warning ⚠️ ရန်ကုန် မြို့တွင်းသုံး သီးသန့်သာ
ငှားပါမည် နယ် ထွက် မရပါ နယ်အထိုင် မငှားပါ ⚠️

💰 💸 လစာ ပေးချေရမည် စနစ်မှာ စပေါ် တလနှင့် လစာ တစ်လ ကြိုတင်ပေးချေရပါမည် 💵💳
Mobile Banking နှင့် ပေးချေမူ့ကို ညှိနှိုင်းဆောင်ရွက် နိုင်ပါသည်
💢💢💢💢💢💢💢💢💢💢

📣📣Company ferry အကြိုအပို့ အတွက် ယာဥ်မောင်း အပါ ဝန်ဆောင်မူ့များလည်း ရနိုင်ပါသည်📢📢

👨‍💻👩‍💻🤝🤝 Company များစွာနဲ့ လက်တွဲ ပူးပေါင်း ငှားရမ်းနေသည့် Rent and Go Car rental Service မှာသာ ငှားရမ်းပါ သင့်ကို စိတ်ချမ်းသာမူ့ အပြည့်အဝ ရရှိစေမှာပါ

🦠 Covid 🦠 ကာလ ခရီးသွားရန် လိုအပ်ပါက ပိုးသတ်ပီးသော စိတ်ချရသော အတွေဲ့ကြုံရှိ ယာဥ်မောင်းများနဲ့ သွားလိုသော ခရီးစဥ်ကို အသေးစိတ် စီစဥ်
ဆောင်ရွက်ပေးပါသည်

🧭🧭🧭 အပြောမများပဲ အလုပ်နဲ့ သက်သေပြချင်လို့

ဖုန်းလေးနဲ့သာ ဟလိုလုပ်ပီး သိချငိတာ မေးမြန်းနိုင်ပါပြီ

ဆက်သွယ်ရန် 📞 ☎️ 📲 09777701703 / 099698034321 ဖုန်းများသို့ ဆက်သွယ်နိုင်ပါတယ်

Email နဲ့ ဆက်သွယ်မယ်ဆိုရင် 📧 [email protected]

⌚⏰⏱️🕰️ အချိန်မကုန် လူမပင်ပန်း မှန်ကန် မြန်ဆန် ငှားရမ်းရန်

ကျွန်တော်တို့ အသင့် ရှိနေပါတယ်

ားအငှား #ကားငှားမယ် #လချုပ်နှစ်ချုပ် #အချိန်ပိုင်း #ခရီးသွား #ဘာကားငှားငှား
#ကားအငှားဝန်ဆောင်မူ့လုပ်ငန်း #ရန်ကုန်ကားအငှား

🙏🙏🙏🙏🙏🙏🤝🤝🤝🤝🤝😄👩‍💻👨‍💻👩‍💻👨‍💻

Request for Car rental🚘🚙🚗🚘🚙🚗🚙🚘🚘Honda fit Ge6 ၂ စီးProbox ကား ၂ စီးဧရာဝတီ တိုင်းအထိုင် သုံးမည် ၆ လချုပ်မည် ကားသီးသန့် com...
31/07/2021

Request for Car rental
🚘🚙🚗🚘🚙🚗🚙🚘🚘

Honda fit Ge6 ၂ စီး

Probox ကား ၂ စီး

ဧရာဝတီ တိုင်းအထိုင် သုံးမည်

၆ လချုပ်မည် ကားသီးသန့်

company သုံး ငှားရမ်းလိုပလသည် စိတ်ပါ ဝင်စား ပူးပေါင်းလိုပါက ၀၉၇၇၇၇၀၁၇၀၃ သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်

Rent and go myanmar မှ ကားအမျိုးအစား စုံလင်စွာ ကို တနေရာထဲတွင် လချုပ် / နှစ်ချုပ် / ခရီးစဉ် များနှင့် မဂ်လာဆောင် ဘုရားဖူ...
24/05/2021

Rent and go myanmar မှ ကားအမျိုးအစား စုံလင်စွာ ကို တနေရာထဲတွင် လချုပ် / နှစ်ချုပ် / ခရီးစဉ် များနှင့် မဂ်လာဆောင် ဘုရားဖူး မြို့တွင်း ယာဉ်မောင်းအပါ ကားများ ငှားရမ်း သုံးဆွဲနိုင်ပါသည်

ငှားရမ်းနိုင်သော ကားအမျိုးစားများမှာ -

Available For Rent
-------------------
၁-Honda Fit Ge.6 2009 Model 1300 Cc Deposit 400.000 Salary 400.000

၂-Toyota Probox 2009 2010 Model 1300 Cc Deposit 400,000 Salary 400,000

၃-Toyota Alphard 2003 Model 3000 Cc 7.Seater Deposit 800,000 Salary 800,000

၄-Toyota Wish 2006 2007 Model 1800 Cc Deposit 600,000 Salary 600,000

၅-Suzuki Ertiga 2019 2020 Model 1500 Cc Deposit 650,000 Salary 650,000

၆-Suzuki Ertiga 2018 Model 1400 Cc Deposit 550,000 Salary 550,000

၇-Toyota Mark.2 2003 2004 Model 2000 Cc Deposit 550,000 Salary 550,000

၈-Nissan Sunny 2017 Model 1500 Cc Deposit 550,000 Salary 550,000

၉-Honda Insight 2009 Model 1300 Cc Deposit 450,000 Salary 450,000

၁၀-Honda Fit Shuttle Gp.2 2012 Model 1300 Cc Deposit 500.000 Salary 500.000

၁၁-Toyota Crown 2004 Model 2500 Cc Deposit 650,000 Salary 650,000

၁၂-Suzuki Ciaz 2019 2020 Model 1400 Cc Deposit 600,000 Salary 600,000

၁၃-Toyota Wish 2003 2004 Model 1800 Cc Deposit 550.000 Salary 550.000

၁၄-Toyota Belta 2008 2009 Model 1300 Cc Deposit 450.000 Salary 450.000

၁၅-Hijet 2008 Model Auto Deposit 300.000 Salary 300.000

၁၆-Hijet Manual Deposit 260.000 Salary 260.000

၁၇- Harrier 99/2000 model Auto Deposit 600000 Salary 600000

၁၈- Kluger 2002 Model Auto Deposit 700000
Salary 700000

၁၉- Light Truck Auto Deposit 400000 Salary 400000

အထက်ပါ ကားများက်ု Company သုံး လုပ်ငန်းသုံး
စက်ရုံ အလုပ်ရုံသုံး အနေဖြင့် စာရွက်စာတမ်း ခိုင်မာစွာပြသ ပေးရုံဖြင့် လူကြီးမင်းတို့ ရုံးအရောက် ဝန်ဆောင်မှု့ပေးနေပါပြီ

ဆက်သွယ်ရန် Phone 09777701703
Viber +959777701703

06/05/2021

Honda insight and Mark 2 လချုပ် ကားသီးသန့်ငှားရမ်း သုံးစွဲလိုပါသည်

၁-Probox

၂- Honda fit and

၃- Dv van ကားများ လချုပ် ကားသီးသန့် ပြန်လည်

အငှားချပေးရန်ရှိပါသည်

ဆက်သွယ်ရန် 09963772560

ရုံးချိန်အတွင်းဆက်သွယ်ပေးနိုင်ပါသည်

ငှားမယ် သွားမယ် မြန်မာနဲ့ လက်တဲွ ပူးပေါင်းရန် ယာဉ်ပိုင်ရှင်များကို ဖိတ်ခေါ်ချင်ပါတယ်ဗျာလက်ရှိ လက်တဲွ ပူးပေါင်း ငှားရမ်းန...
29/09/2020

ငှားမယ် သွားမယ် မြန်မာနဲ့ လက်တဲွ ပူးပေါင်းရန်
ယာဉ်ပိုင်ရှင်များကို ဖိတ်ခေါ်ချင်ပါတယ်ဗျာ

လက်ရှိ လက်တဲွ ပူးပေါင်း ငှားရမ်းနေသော
Company အသီးသီးမှာ အသုံးပြုရန်

၁-Honda Fit GE6 ၄ စီး (Car Only)

၂- Alphard 8 Seat ၂ စီး (Car Only)

NGO အဖွဲ့စည်းသုံး မြို့တွင်းသီးသန့် လစာ တလစာ ကြိုရှင်းမည် စပေါ်မပါ

၃- Probox ၂ စီး (Car Only)ဧရာဝတီ အထိုင်သုံးမည်

၄- Kluger or Harrier ၂ စီး (Car Only) နယ်အပါသုံးမည်

Telephone Compantly သုံးမည် ၃ လစာ တခါတည်း ရှင်းမည်

ငှားရမ်း အသုံးပြုရန် လိုအပ်နေပါသည် ၃ လ / ၆ လ
ချုပ်မည် ( ရန်ကုန်မြို့တွင်းသီးသန့်သာ)

ပူးပေါင်းလိုသော ယာဉ်ပိုင်ရှင်များ အမြန်ဆက်သွယ်
စုံစမ်း ပူးပေါင်းနိုင်ပါသည်

(အခြားကားအမျ်ုးအစားများနှင့်ပူးပေါင်းလိုသော ယာဉ်ပိုင်ရှင်များကိုလည်း ဖိတ်ခေါ်ပါသည် )

Company သီးသန့်သာ အငှားချပေးသော
Rent and go car rental service

09777701703/09266788266
Viber - +959777701703
Glpage - Rent and Go Myanmar Car rental Service Page
No -Sanyeiknyein 6 street. Kamaryaut Tsp , Yangon Myanmar

Company လုပ်ငန်းသုံးရန် အောက်ပါကားများ လချုပ် နှစ်ချုပ် ငှားရမ်းလိုပါသည်၁- Honda Fit GE6 ၂ စီး ၃ လချုပ် ရန်ကုန် ၂- Parad...
24/06/2020

Company လုပ်ငန်းသုံးရန် အောက်ပါကားများ လချုပ် နှစ်ချုပ် ငှားရမ်းလိုပါသည်

၁- Honda Fit GE6 ၂ စီး ၃ လချုပ် ရန်ကုန်

၂- Parado ၂ စီး ၃ လချုပ် ရန်ကုန်

၃- Light Truck 4 wheel ၁၀ စီး ၆ လချုပ်
(နယ်အထိုင်)၁ လခြင်းရှင်း

၄- Hijet auto ၃ လချုပ် ရန်ကုန်

အထက်ဖော်ပြပါ ကားများကို ယာဉ်မောင်းမပါ ကားသီးသန့်သာ ငှားရမ်းလိုပါသည်

စိတ်ပါဝင်စားပီး ပူးပေါင်းလိုသော ယာဉ်ပိုင်ရှင်ကြီးများကို ဖိတ်ခေါ်လိုပါသည်

***Company သုံး ကားအငှားထည့်မယ်ဆို Rent And Go Myanmar ကသာ စိတ်အချရဆုံး ပါတနာပါ ***

📲📱☎️09777701703 📲📲viber +959777701703

28/05/2020

Kluger white color 2004/07 model with driver can speak english
we need to rent 6 month contract
09777701703 viber 09777701703

Light truck ပုဇင်းခေါင်း Manual အမိုးဂိုင်း ဖင်ထိုင်ခုံပါရမည် Company ferry ကြို/ ပို့ ယဉ်မောင်းမပါ ငှားရမ်းလိုပါသည် ၃ လ...
26/05/2020

Light truck ပုဇင်းခေါင်း Manual အမိုးဂိုင်း ဖင်ထိုင်ခုံပါရမည် Company ferry ကြို/ ပို့ ယဉ်မောင်းမပါ ငှားရမ်းလိုပါသည် ၃ လချုပ်မည် လစာ တစ်လ စပေါ်တစ်လ ကြိုရှင်းပေးမည်

09777701703
Viber 09777701703

Address

No 206/A, Waizayantar Road , ThinganKyun Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959777701703

Website

Alerts

Be the first to know and let us send you an email when Rent And Go Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rent And Go Myanmar:

Share