Lwin Tun Travel & Tours

Lwin Tun Travel & Tours We are pleased to offer you special and awesome travelling memories.

🎇🎆🎇ဝါလကင်းလွတ် သီတင်းကျွတ်  ချိန်ခါသမယမှာ ချစ်မိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနှင့် စီးပွားရေး လုပ်ငန်းများလ...
20/10/2021

🎇🎆🎇ဝါလကင်းလွတ် သီတင်းကျွတ် ချိန်ခါသမယမှာ ချစ်မိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနှင့် စီးပွားရေး လုပ်ငန်းများလည်းအဆင်ပြေ တိုးတက်ပါစေကြောင်း LWIN TUN TRAVEL မိသားစုမှ
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

# photo crd

✅မြန်မာနိုင်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။✅အလည်passport မှ အလည် Visa နှင့်သွားလို့ရပါမယ် ။✅ကျန်passport ဆို ...
20/10/2021

✅မြန်မာနိုင်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။

✅အလည်passport မှ အလည် Visa နှင့်သွားလို့ရပါမယ် ။

✅ကျန်passport ဆို သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုအပ်ပါလိမ့်မယ်။

✅နိုင်ငံကူးလက် မှတ်ကအမျိုးအစား (၉ )မျိုးပါ

1. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေး

2. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေး

3. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေး

4. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေး

5. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

6. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေး

7. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေး

8. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

9. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

👉အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

1- အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

2- အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

3- အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

4-ပန်းရောင်
ယာယီနိုင်ငံကူးလက် မှတ်...

"နိုင်ငံကူးလက် မှတ် Passport အတိုသင်္ကေတ

PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မှီခိုပတ်စ်ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

👉 PD ပတ်စပို့သည် အပြာရောင်၊
👉PO ပတ်စပို့မှာ အစိမ်းရောင်ပါ။

ချင်းပြည်နယ်သို့ ​လေယဉ်ဖြင့် လည်ပတ်သွားကြမည်ပင်​လယ်ရေမျက်နှာပြင်အမြင့် ပေ ၆၀၀၀ ကျော်လေယာဉ်ပြေးလမ်းအရှည်     ပေ ၆၀၀၀၊    ...
26/06/2020

ချင်းပြည်နယ်သို့ ​လေယဉ်ဖြင့် လည်ပတ်သွားကြမည်

ပင်​လယ်ရေမျက်နှာပြင်အမြင့် ပေ ၆၀၀၀ ကျော်
လေယာဉ်ပြေးလမ်းအရှည် ပေ ၆၀၀၀၊
ပြေးလမ်းအကျယ် ပေ ၁၀၀ ကျယ်

ချင်းပြည်နယ်၏ ပထမဆုံး ​လေယဉ်ကွင်းသစ် (ဖလမ်းမြို့ဆူရ်ဘုန်လေယဉ်ကွင်းသစ်)သို့ ပထမဆုံးအကြိမ် လေယာဉ်စမ်းသပ်ပျံသန်းစဉ်

Photo By
Piang@photography | EDEN STUDIO

ကားမူးခြင်း(motion sickness)အကြောင်း```````````````````````````````````````````````````````````ပွင့်လင်းလွယ်ကူလာတဲ့ ဒီနေ...
17/06/2020

ကားမူးခြင်း(motion sickness)အကြောင်း
```````````````````````````````````````````````````````````
ပွင့်လင်းလွယ်ကူလာတဲ့ ဒီနေ့လိုခေတ်ကြီးမှာ လူတော်တော်များများဟာ ခရီးသွားရတာကို နှစ်သက်လာကြပါတယ်။ဝေးလံတဲ့ နေရာအသစ်အဆန်းတွေ၊ တောတောင်ရေမြေသဘာဝတွေဆီ သွားချင်ကြပေမယ့် လူတစ်ချို့အတွက်ကတော့ ကားစီးရမှာကို အင်မတန်ကြောက်ရွံ့တတ်ကြတယ်။တစ်ချို့ကခါးနာလို့၊ တစ်ချို့ကပင်ပန်းလို့ အမျိုးမျိုးအကြောင်းပြကြပေမယ့် အများအားဖြင့်ကြားရတာက "ကားမူးလို့"တဲ့

ကဲ...သင်ကိုယ်တိုင်ကရော?ကားမူးတတ်တဲ့သူလား???

တကယ်တော့ motion sickness ရှိတဲ့သူတွေဟာ သိပ်သနားဖို့ကောင်းတဲ့သူတွေပါ၊ကားမူးလိုက်တာနဲ့ ဝေဒနာပေါင်းစုံကို တစ်ထိုင်တည်းခံစားလိုက်ရတာပဲ၊ မူးနေတဲ့သူမပြောနဲ့ ဘေးကထိုင်ကြည့်ရတဲ့သူတောင် မသက်သာလှပါဘူး၊ ဒါကြောင့် ကိုယ်တိုင်ကားမူးတတ်လို့ပဲဖြစ်ဖြစ် သူတစ်ပါးကိုဖေးမကူညီနိုင်အောင်ပဲဖြစ်ဖြစ် ကားမူးတာနဲ့ပါတ်သက်လို့ ဗဟုသုတလေးတိုးပွားအောင် လေ့လာထားရအောင်နော်

မေးခွန်း-
1.motion sickness ဆိုတာဘာလဲ?
2.ဘာကြောင့်ကားမူးကြတာလဲ?
3.လက္ခဏာတွေကဘာတွေလဲ?
4.ဘယ်လိုကြိုတင်ကာကွယ်မလဲ?
5.ဘယ်လိုသက်သာအောင်လုပ်မလဲ?

အဖြေ-
1.motion sickness ဆိုတာ ရွေ့လျားနေတဲ့ ဘယ်ယာဉ်မျိုးကိုမဆို စီးနှင်းလိုက်မိတာနဲ့ မူးဝေအော့အန်တာကို ခေါ်ပါတယ်။ ကား၊ရထား၊လေယာဉ်၊သင်္ဘောကစလို့ နောက်ဆုံး ကစားကွင်းမှာချားရဟတ်တို့ ရိုလာကိုစတာတို့စီးလို့ မူးတာအထိ အားလုံးဟာ motion sickness ပါပဲ။

2.လူတွေဘာလို့ကားမူးတာလဲလို့မေးရင် အရှင်းဆုံးအဖြေက အာရုံကြောစနစ် ဟန်ချက်ပျက်သွားလို့ပါပဲ။
ရွေ့လျားမှုကိုခံစားတဲ့အာရုံကြောစနစ်မှာ မျက်စိ၊နား၊ဦးနှောက်တို့အဓိကပါဝင်ပါတယ်။ မျက်စိကအမြင်အာရုံနဲ့ ရွေ့လျားမှုကို ဦးနှောက်ကိုပေးပို့တယ်၊ နားက နားအတွင်းခန်းမှာရှိတဲ့ အရည်တွေရဲ့ လှုပ်ရှားမှုနဲ့ ပေးပို့တယ်၊ ဒီနှစ်ခုမညီညွတ်တော့တဲ့အခါ ဟန်ချက်ပျက်ပြီး ကားမူးတော့တာပါပဲ။
ဥပမာ-သင်ကကားစီးနေပြီး ကားပြတင်းကနေတစ်ဆင့် အပြင်မြင်ကွင်းတွေကိုကြည့်နေတယ်ဆိုပါတော့။ အဲ့ဒီအခါမျိုးမှာ သင့်အမြင်အာရုံက ဦးနှောက်ကို လျင်မြန်တဲ့ရွေ့လျားမှုသတင်းပို့နေပေမယ့် ခန္ဓာကိုယ်လှုပ်ရှားမှုမရှိတဲ့အတွက် သင့်ရဲ့နားတွင်းအရည်တွေက လှုပ်ရှားမှုအားနည်းလှတာကြောင့် တူညီတဲ့ရွေ့လျားမှုကို ပေးပို့နိုင်မှာမဟုတ်ပါဘူး။ဒါဆို မျက်စိ၊နားနဲ့ ဦးနှောက်တို့ ဟန်ချက်ပျက်သွားပါတယ်။ ဒီသဘောပါပဲ။

3.ရှေ့ကပြောခဲ့သလိုပါပဲ၊ ကားမူးတဲ့နေတဲ့သူတွေဟာ ဝေဒနာမျိုးစုံကို တစ်ထိုင်တည်းခံစားနေရတာပါ။ ကားမူးလိုက်တာနဲ့
-မူးဝေ၊
-ခေါင်းကိုက်၊
-ပျို့အန်(တံတွေးထွက်များ၊ခံတွင်းချဉ်)၊
-ချွေးထွက်များ၊
-အသက်ရှူမြန်၊
-ကိုယ်လက်မအီမသာဖြစ်၊
-ဖြူဖတ်ဖြူရော်ဖြစ်လာ၊
-နောက်ဆုံးမေ့မြောသွားတဲ့အထိ ဝေဒနာတွေကိုခံစားရပါတယ်။ တစ်ခုချင်းဖြစ်ရင်တောင် တော်တော်ခံရခက်တာ၊ ဒါတွေအားလုံးကိုတစ်ချိန်တည်းခံစားနေရတဲ့သူတွေဟာ သိပ်ကိုသနားစရာကောင်းပါတယ်။

4. ကားမူးတတ်တယ်ဆိုရင် ကားမစီးခင်မှာ
-အစာကို ဗိုက်ပြည့်အင့်နေအောင် မစားထားပါနဲ့။
-အစာလုံးဝမစားဘဲလည်း ကားမစီးသင့်ပါ။
-မကြေညက်လွယ်တဲ့အစားအစာနဲ့ ဆီများတဲ့အစားအစာ ဥပမာထမင်းကြော်လိုမျိုးကို ရှောင်ပါ။
-ချင်း(ဂျင်း)က ကားမူးတာကို သက်သာစေပါတယ်၊ဒါကြောင့် ginger tea နွေးနွေးလေးတစ်ခွက်လောက် သောက်သွားသင့်ပါတယ်။
ကားစီးနေစဉ်မှာ
-ကားမူးမှာစိုးတဲ့စိတ်နဲ့ အသက်အောင့်ထားမှန်းမသိ အောင့်ထားမိတတ်ပါတယ်၊အသက်ကိုပုံမှန်ရှူပါ။
-ရေလုံးဝမသောက်ဘဲမနေသင့်ပါ။
-နောက်ပြန်ခုံမထိုင်ပါနဲ့။
-သက်သောင့်သက်သာအနေအထားနဲ့ထိုင်ပေးပါ။
-စာဖတ်ခြင်း၊screenကြည့်ခြင်း မပြုသင့်ပါ။
ps.ကားမူးပြေဆေးဆိုပြီး အလွယ်တကူရောင်းနေတဲ့ ဆေးဝါးများကို မသောက်သုံးသင့်ပါ၊ဆေးရုံဆေးခန်းများနှင့် တတ်သိနားလည်သူများကိုမေးမြန်းဝယ်ယူဖို့ အကြံပြုပါရစေ။

5.ကားမူးတာကို ခံစားနေရပြီဆိုရင်တော့
-အသက်ဝအောင် ရှူသွင်းရှူထုတ်လုပ်ပေးပါ(အောက်စီဂျင်ပါဝင်မှုများတဲ့ သဘာဝလေကိုရှူနိုင်ရင် ပိုကောင်းပါတယ်၊ဒါကြောင့်ကားမှန်ချလို့ရရင်ချလိုက်ပါ)
-မျက်လုံးတွေကို မှိတ်ထားလိုက်ပါ။ဖြစ်နိုင်ရင် တစ်ရေးအိပ်လိုက်ပါ။
-ချင်းကိုဝါးပေးပါ။ ချင်းစိမ်းကိုဝါးရခက်သူတွေအဖို့တော့ ချင်းပါဝင်တဲ့ မုန့်တွေ၊ကွတ်ကီးတွေ၊ ginger teaတွေကို ဆောင်သွားသင့်ပါတယ်။

ကဲ...အခုဆိုmotion sicknessအကြောင်း အများကြီးမဟုတ်တောင် ဆောင်ရန်ရှောင်ရန်လေးတွေတော့ သိသွားကြပြီဟုတ်?

ကိုယ်တိုင်ကားမူးလို့ပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုဝင် ဆွေမျိုးမိတ်ဆွေတွေအတွက်ပဲဖစ်ဖြစ်၊ ခရီးသွားရင်းကြုံကြိုက်လို့ သူတစ်ပါးကိုကူညီဖို့ပဲဖြစ်ဖြစ် လက်တွေ့အသုံးချကြည့်လိုက်ပါနော်

ခုနှစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။
🙏🙏🙏🙏🙏

(တစ်ခြား ကားမူးတတ်တဲ့ သူငယ်ချင်းတွေအတွက်လည်း မျှဝေပေးသွားလိုက်ပါအုံးနော်)

Photo Crd #

အဝေးပြေးယာဉ်လိုင်းအချို့ ပြန်လည်ပြေးဆွဲဧရာဝတီ၊ ဇွန် ၁၆ ရက်၊ ၂၀၂၀ပြည်တွင်း ခရီး သွားလာကြမည့် ခရီးသည်များ COVID-19 ကူးစက်မ...
16/06/2020

အဝေးပြေးယာဉ်လိုင်းအချို့ ပြန်လည်ပြေးဆွဲ

ဧရာဝတီ၊ ဇွန် ၁၆ ရက်၊ ၂၀၂၀

ပြည်တွင်း ခရီး သွားလာကြမည့် ခရီးသည်များ COVID-19 ကူးစက်မှု ကင်းဝေးရေးအတွက် ရည်ရွယ်၍ အဝေးပြေးယာဉ်လိုင်း အချို့က အကာအကွယ်များ ပြုလုပ်ကာ ပြန်လည် ပြေးဆွဲနေလျက်ရှိကြသည်။

ဇွန် ၁၅ ရက်က စတင်ပြေးဆွဲသည့် ယာဉ်လိုင်း ၁ လိုင်းဖြစ်သည့် JJ Express သည် ကားပေါ်တွင် တယောက်ချင်းစီ သီးသန့် ထိုင်နိုင်မည့် ထိုင်ခုံပါ အခန်းငယ်များ ပြုလုပ်ထားပြီး ထိုင်ခုံတွင် တခါသုံး ကျောမှီ၊ တခါသုံးလိုက်ကာ ပစ္စည်း သုံးထားသည်။ အခန်းငယ်တိုင်းတွင် ပိုးသတ်သည့် လေသန့်စင်စနစ်နှင့် အရေးပေါ်ခေါ်ဆိုရန် ဘဲလ်ထားရှိပြီး ကားများတွင် အရေးပေါ်ပါက အသုံးပြုသည့် တူငယ်တချောင်းလည်း ထားရှိသည်။

အဆိုပါ မော်တော်ယာဉ်လိုင်းများမှ JJ Express ယာဉ်လိုင်း၏ ကြိုတင်ပြင်ဆင်ထားမှုများကို လူမှုကွန်ရက်များတွင် ပျံနှံ့သွားသဖြင့် လူအများ စိတ်ဝင်စားမှုများဖြစ်ပေါ်ခဲ့ကြသည်။

အဝေးပြေးယာဉ်လိုင်း အသီးသီးမှလည်း အကာအကွယ်များကို နည်းမျိုးစုံဖြင့် ၎င်းတို့ ပြေးဆွဲနေသော မော်တော်ကားများနှင့် ဂိတ်များကိုလည်း ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြသည်။

# Crd Irrawaddy News

(Zawgyi)
အဝေးပြေးယာဉ်လိုင်းအချို့ ပြန်လည်ပြေးဆွဲ

ဧရာဝတီ၊ ဇွန် ၁၆ ရက်၊ ၂၀၂၀

ပြည်တွင်း ခရီး သွားလာကြမည့် ခရီးသည်များ COVID-19 ကူးစက်မှု ကင်းဝေးရေးအတွက် ရည်ရွယ်၍ အဝေးပြေးယာဉ်လိုင်း အချို့က အကာအကွယ်များ ပြုလုပ်ကာ ပြန်လည် ပြေးဆွဲနေလျက်ရှိကြသည်။

ဇွန် ၁၅ ရက်က စတင်ပြေးဆွဲသည့် ယာဉ်လိုင်း ၁ လိုင်းဖြစ်သည့် JJ Express သည် ကားပေါ်တွင် တယောက်ချင်းစီ သီးသန့် ထိုင်နိုင်မည့် ထိုင်ခုံပါ အခန်းငယ်များ ပြုလုပ်ထားပြီး ထိုင်ခုံတွင် တခါသုံး ကျောမှီ၊ တခါသုံးလိုက်ကာ ပစ္စည်း သုံးထားသည်။ အခန်းငယ်တိုင်းတွင် ပိုးသတ်သည့် လေသန့်စင်စနစ်နှင့် အရေးပေါ်ခေါ်ဆိုရန် ဘဲလ်ထားရှိပြီး ကားများတွင် အရေးပေါ်ပါက အသုံးပြုသည့် တူငယ်တချောင်းလည်း ထားရှိသည်။

အဆိုပါ မော်တော်ယာဉ်လိုင်းများမှ JJ Express ယာဉ်လိုင်း၏ ကြိုတင်ပြင်ဆင်ထားမှုများကို လူမှုကွန်ရက်များတွင် ပျံနှံ့သွားသဖြင့် လူအများ စိတ်ဝင်စားမှုများဖြစ်ပေါ်ခဲ့ကြသည်။

အဝေးပြေးယာဉ်လိုင်း အသီးသီးမှလည်း အကာအကွယ်များကို နည်းမျိုးစုံဖြင့် ၎င်းတို့ ပြေးဆွဲနေသော မော်တော်ကားများနှင့် ဂိတ်များကိုလည်း ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြသည်။

# Crd IrrawaddyNews

28/03/2020
ဘယ်အရာမဆိုမဖြစ်ခင်က ကာကွယ်တာအကောင်းဆုံးပါနော် COVID-19 သတင်းတွေကလဲမျိုးစုံ ကြားနေရတာဆိုတော့ အမျိုးတွေကို စိတ်ပူလို့ ကြို...
19/03/2020

ဘယ်အရာမဆိုမဖြစ်ခင်က ကာကွယ်တာအကောင်းဆုံးပါနော်

COVID-19 သတင်းတွေကလဲမျိုးစုံ ကြားနေရတာဆိုတော့ အမျိုးတွေကို စိတ်ပူလို့ ကြိုတင်ကာကွယ်ရမည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်

မိမိလက်ကို ဆပ်ပြာနှင့်ရေ (သို့) အရက်ပြန်ပါဝင်သော လက်သန့်ဆေးရည်နှင့် မကြာခဏဆေးကြော
ပေးပါ (Alcohol Hand Gel လဲအမြဲသွားလေရာဆောင်ထားပါနော်)

မိမိလက်နှင့် မျက်လုံး၊နှာခေါင်း၊ပါးစပ်တို့ကို မကိုင်မိစေရန်ဂရုစိုက်ပါ။ (ယောင်ပြီးမပွတ်မိဖို့ဂရုစိုက်ပါနော်)

တတ်နိုင်သမျှ လူစုလူဝေးကိုရှောင်ကြဉ်ပါ။

ချောင်းဆိုး၊နှာချေ ပြုလုပ်သူများနှင့် (၂) မီတာအကွာ တွင်နေပါ။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း နှင့် အသက်ရှုရခက်ခဲသော အခြေအနေဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူပါ။

မိမိချစ်သူခင်သူများလဲ ဂရုစိုက်ဖို့မမေ့အောင် မျှဝေပေးပါဦးနော်

ခရီးသွားမိဘပြည်သူအပေါင်း ရောဂါဘယတွေမှ ကင်းဝေး၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြဖို့ ကျွန်တော်တို့ Lwin Tun မိသားစုမှ ဆုမွန်ကောင်းပေးလိုက်ပါတယ်

ရန်ကုန်မြို့ကြီးရဲ့ မွန်းကျပ် ရှုပ်ထွေးမှုတွေ အကုန်ထားခဲ့ပြီး ​နွေနေပူကိုရှောင်ရှားရင်း သဲဖြူဖြူရေကြည်ကြည်နဲ့ အာရှရဲ့ အလှဆ...
16/03/2020

ရန်ကုန်မြို့ကြီးရဲ့ မွန်းကျပ် ရှုပ်ထွေးမှုတွေ အကုန်ထားခဲ့ပြီး ​နွေနေပူကိုရှောင်ရှားရင်း သဲဖြူဖြူရေကြည်ကြည်နဲ့ အာရှရဲ့ အလှဆုံး ငပလီကမ်းခြေမှာ သန့်ရှင်းတဲ့ ပင်လယ်လေကို ရှုရှိုက်ကာ မောပန်းခဲ့သမျှ အပန်းဖြေကြရအောင် 🏖🏖

🏰 ရန်ကုန် မှ ငပလီ သို့ 🏝🏝

🏫 ရန်ကုန် - ငပလီ - ဟိုတယ်၂ညအိပ် ခရီးစဉ် 🏝

📅 ခရီးသွားလို့ရတဲ့ Date ကတော့ 2020 Aprilလ 9ရက်နေ့ထိပါ

အနည်းဆုံး ၂ ဦး ✌️ ရှိရုံနှင့် သွားချင်တဲ့ရက်ကို အသက်သာဆုံးနဲ့ စိတ်တိုင်းကျ စီစဉ်ပေးပါတယ်နော် 🥰

အသွားအပြန်ကားလက်မှတ်၊ အဆင့်မြင့် ဟိုတယ်တွင် ၂ ညတည်းခိုခြင်း၊ International Buffet မနက်စာ၊ ဟိုတယ် အကြိုအပို့ အပြီးအစီး စီစဉ်ပေးထားပါတယ်...

🏤 Season Hotel

Garden view - 170,000MMK

Junior Suite - 240,000MMK

Ocean Suite (sea view) - 340,000 MMK

🤟🤟ပါဝင်သော ၀န်ဆောင်မှုများ🤟🤟

🏝 ရန်ကုန် - ငပလီ အသွားအပြန် ကားလက်မှတ်

🏝 ဟိုတယ်တွင် ၂ ည တည်းခိုခြင်း

🏝 ဟိုတယ် အကြိုအပို့

🏝 ဘူဖေး မနက်စာ

္မ🚍 ထိုင်ခုံနေရာကောင်းလေးရဖို့အတွက်ဆို ကြိုတင် Booking ယူထားမှ စိတ်ချရမယ်နော်

👉📅 ရုံးပိတ်ရက်နှင့် အခါကြီးရက်ကြီးများတွင်သွားလိုပါက ဈေးနှုန်းအပြောင်းအလဲရှ်နိုင်ပါသည်

🤟 မိမိကြိုက်နှစ်သက်ရာ Hotel,သွားချင်တဲ့ရက်, Honeymoon package,Anniversary ရက် တွေကိုစိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးပါတယ်ရှင့်

🚐 ကုမ္ပဏီ အဖွဲ့အစည်း အသင်းအဖွဲ့များအတွက်ကိုလဲဈေးနှုန်းချိုသာစွာနဲ့ဆောင်ရွက်ပေးနေပါတယ်နော်

ခရီးစဉ်အ သေးစိတ်စုံစမ်းရန်နှင့် လက်မှတ်ဝယ်ယူရန်

အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကိုဆက်လိုက်ရုံနဲ့ 👇👇

အိမ်တိုင်ရာရောက် လက်မှတ်ပို့ ဆောင်ပေးမှာဖြစ်ပါတယ်

📞📞 - 09-442139772

📞📞 - 09 -251051152

📞📞 - 09-795239590

Office Address - No(561),Eaindra(2) street, (za) Quarter,North Oakalapa Township,Yangon

📆 March 13 ရက်နေ့မှာထွက်ရှိခဲ့တဲ့ နမ့်မွန်ကြီးရေတံခွန် 🚣‍♀️🌊 ခရီးစဉ် မှ ဧည့်သည်တော်များရဲ့ အမှတ်တရပုံရိပ်များကို မျှဝေပေ...
16/03/2020

📆 March 13 ရက်နေ့မှာထွက်ရှိခဲ့တဲ့ နမ့်မွန်ကြီးရေတံခွန် 🚣‍♀️🌊 ခရီးစဉ် မှ ဧည့်သည်တော်များရဲ့ အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်😍

တစ်လမ်းလုံး ပင်ပန်းသမျှ မငြီးမငြူပဲလိုက်ပါပေးခဲ့တဲ့အတွက်ရော... ပိုစ့် လှလှ လေးတွေနဲ့ဓာတ်ပုံရိုက်ပေးတဲ့အတွက်ရော ကျွန်တော်တို့ Lwin Tun မှ အထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ 🙏

Address

Eaindra 2 Street
Yangon
11031

Telephone

+959251051152

Website

Alerts

Be the first to know and let us send you an email when Lwin Tun Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lwin Tun Travel & Tours:

Shortcuts

Share

Category